Labels

လျှာ




လျှာ
တခုထဲပါပဲ ဒါပေမဲ့ ရှုပ်တယ်
စကားတွေ များကြတယ်
ရန်တွေ ပွားကြမယ်
ချိုခြင်း၊ ခါးခြင်းကို ဖန်တီးတယ်
အရသာကို ခံစားတတ်တယ်

လျှာ
သာယာတဲ့ အသံတွေ ထွက်တတ်တယ်
နားဝင်ပီယံ အသံတွေ ပြောတတ်တယ်
ဆုတောင်းသံတွေ အော်ကြတယ်
ရိုင်းစိုင်းမူတွေကို ဖော်ပြတယ်
ညစ်ညမ်းမူတွေနဲ့ ပြည့်နေတတ်တယ်


လျှာ
ဟန်ဆောင်မူတွေ လုပ်ကြတယ်
မူရင်းစိတ်ကို ဖုံးကွယ်ဖို့ သုံးတတ်ကြတယ်
နောက်ဆုံး အဖြေကတော့
လုပ်ငန်းတွေ အများကြီးထမ်းဆောင်ရပေမဲ့
လူတွေမှာတခုထဲရှိတယ်
တခုထဲပါပဲ ဒါပေမဲ့ လျှာ

*** ပုံကို Googleမှ ယူထားပါသည်။ ***



လေးစားလျက် တောင်ပေါ်သား

22 comments:

  1. လျှာ လျှာ ဒီလျှာ မကောင်းဘူးးး

    ReplyDelete
  2. လျှာလေးရှိမှလဲအရာရာမှာအဆင်ပြေမှာပါ။
    စကားများရန်ပွားတာကလည်း ဦးနှောက်နေ
    တစ်ဆင့်မက်ဆေ့ခ်ျပို့လိုက်လို့ လျှာကလုပ်ဆောင်ရတာ...သာယာမှုကိုဖန်တီး
    တဲ့လျှာ၊ နားဝင်ပီစေတဲ့လျှာ....လျှာ...လျှာ...
    ကိုတောင်ပေါ်လည်း လျှာကောင်းလေးပိုင်ဆိုင်
    နိုင်ပါစေ :)

    ReplyDelete
  3. လျှာတစ်ချောင်းနဲ့ ကောင်းသောစကားတွေရော.. မကောင်းသောစကားတွေရော..
    ပြောမိတတ်ပါ၏။

    ReplyDelete
  4. အင်း ဝစီ ကနေ ရတဲ့ အကျိုး ကျေးဇူးတွေ အပြစ် တွေကလည်း အမျှပါပဲလား .... ကဗျာ လေးက အဓိပ္ပါယ်သိပ်ကောင်းပါတယ် မှတ်သား သွားတယ် ကိုတောင်ပေါ်သားရေ
    ခင်တဲ့
    ရန်ကုန်သား :)

    ReplyDelete
  5. အသိဥာဏ်နဲ့ထိန်းပေါ့...
    ခုတလော အိန္ဒိယမှာတော့ လျှာဖြတ်တဲ့ဖက်ရှင်သိပ်ခေတ်စားနေတယ်... :)

    ReplyDelete
  6. အဟတ်..... မိုက်လှချည်လားးးးးးးးး :)

    ကိုတောင်ပေါ်ရေ ဒီလျှာ ဒီလောက်မကောင်းတာ မလိုချင် မေသူ့ ပြော....

    မေသူ ကူပြီး ဖြတ်ပေးမယ်.... ဟိဟိ :D

    ဒါမဲ့ သူ့ ချည်းပဲတော့ အပြစ်မတင်ပါနဲ့ ... သနားပါတယ်.. သူ့ တယောက်ထဲဆို အပြစ်မရှိရှာပါဘူး... အပေါင်းအဖော်နဲ့ လုပ်မှ သာသာယာယာ အသံ၊ ညစ်ညမ်းယုတ်ယမ်းမှုတွေ ထွက်လာမှာပေါ့....

    အဲတော့ အပေါင်းအဖော်လေးလဲ ဂရုစိုက် ဒါပဲ ပြောမယ်..

    အဟဲ ဆရာထပ်လုပ်ပြန်ပြီ...... :)

    ReplyDelete
  7. လျှာတင်မဟုတ်ပါဘူး.. အခုကွန်ယက်မှာဆို လက်တွေလည်းကြောက်ဖို့ကောင်းတယ်.. စကားကိုလျှာနဲ့မပြောဘဲ လက်နဲ့ရိုက်ကြလို့လေ

    ReplyDelete
  8. လျှာ shae tot woo naww
    Paw Paw

    ;-)

    ReplyDelete
  9. လျှာ တစ်ခုပေမဲ့ ရှုပ်တယ် ..... ဟုတ်တော့ဟုတ်ပါရဲ့ ။
    အကောင်းနှင့်အဆိုး တော့ နေရာတိုင်းမှာ ရောထွေးနေတာပါပဲလေ။။။။


    ခင်လျက်
    တလနွန်

    ReplyDelete
  10. လျှာမရှည်နဲ့ ဒါဗြဲ
    သူ့ဘာသာနေနေတဲ့ လျှာကို လူတွေက ခလုတ်လိုက်လိုက်တိုက်နေတာ.ဟွန်းးး

    ReplyDelete
  11. ဟုတ်တော့ ဟုတ်တယ် တောင်ပေါ်သားရေ..

    ဒါပေမယ့်..
    ကောင်းတဲ့နေရာမှ အသုံးချမယ်ဆိုရင် ကောင်းတယ်
    ဆိုးတဲ့နေရာမှာ အသုံးချမယ်ဆိုရင်တော့ ဆိုးတာပေါ့လေ

    လျှာအရိုးမရှိတိုင်း ဗလွတ်ရွှတ်တွတ် လိုက်ပြောတာတော့ မကောင်းဘူးပေါ့..

    အောင်မယ်လေ.. သူ့အကြောင်းပြောလို့လား မသိဘူး ပါးစပ်ထဲကနေ ပါးချောင်ကို တစ်ချက်ပြေးကန် လိုက်တာ.. အား.. နာလိုက်ထာ..P

    ခင်မင်စွာဖြင့်
    စည်သူ။

    ReplyDelete
  12. မရှိမကောင်း ရှိမကောင်းပါပဲ
    လျှာတခုထဲ အပြစ်တော့မဟုတ်ဘူး :D
    လျှာမရှိလို့ စကားမပြောနိုင်ရင်တော့ မကောင်းတာလည်း မပြောဖြစ်တော့ဘူးပေါ့ ..
    ကောင်းတာလည်း မပြောနိုင်ပြန်ဘူး
    ဟာ .. ရှုပ်လိုက်တာ .. လူက အူတူတူဖြစ်နေပါတယ်ဆို လာဦးနှောက်ခြောက်ခိုင်းနေတယ် .. :P

    ReplyDelete
  13. အော် ပေါ်ပေါ် ဟိုနေ့က သော့ပျောက်သွားတာ ခုမှ ရှာနေတယ် ကြည့်စမ်း... တွေ့လားးP ရှာ ရှာ

    ReplyDelete
  14. အရသာအားလုံးကို ဒီလျှာတစ်ခုထဲကပဲ ခံစားလို့ရတာလေ တခါတရံတော့ လျှာဟာ အရေးပါဆုံးပေါ့
    ကဗျာလေးက ကောင်းတယ်ဗျို့.....

    ReplyDelete
  15. အင်းးးးးးးး ကိုတောင်ပေါ်....
    အသေးဆုံးအရာ ထိန်းရအခက်ဆုံးအရာ
    ဒီလျှာလေးပါလားနော်။
    တော်သေးတယ်နော် တစ်ခုထဲရှိလို့။
    တစ်ယောက် သုံးလေးခု သာရှိလို့ကတော့။
    ဟိဟိ မတွေးဝံ့စရာပဲ။
    လျှာဆိုတဲ့ ကဗျာလေး လာဖတ်သွား လာမှတ်သွားတယ်။
    လျှာ လျှာ လျှာ

    ReplyDelete
  16. ရှည်တဲ့လျှာကို ဖြတ်ပစ်ရင်ကောင်းမလား ဒါလည်းဖြစ်သေးပါဘူး :P

    ReplyDelete
  17. လျှာရိုးမရှိတိုင်း လာပြီး ညာဖြီးနေတုန်းကတော့

    တိတ်နေပြီးတော့ ခုမှ လျှာအကြောင်းလာရေးနေတယ်..

    ဟင့် ပြောချင်ဘူး

    ချစ်တဲ့

    စိန်

    ReplyDelete
  18. ဟဲ့ သူလုပ်တာနဲ့တင် လျှာတောင် ခလုတ်တိုက်နေပြီရော ဟဟဟ
    ရေးထားတာလေး ကောင်းပါ့ တောင်ပေါ်သားရေ မှန်တယ်နော် သိပ်မှန်တယ် ကွက်တိ

    ဘိုင် တာ့တာ

    ReplyDelete
  19. ဟုတ်တယ်.. ဖြတ်ပစ်လိုက်စမ်းပါ.. အဲဒီလျှာ.. ဟိဟိ..း)

    ReplyDelete
  20. မကတော့ အစား, စားတဲ့နေရာမှာ ကောင်းကောင်းအသုံးချတယ်။ :-)

    ReplyDelete
  21. ဟုတ်ပ့ါဗျာ.။

    ခင်မင်လေးစားလျှက်

    ညီညီ(အနာဂါတ်သံစဉ်)

    ReplyDelete
  22. လျှာ... အဲဒီလျှာက အတော်ဒုက္ခပေးတာဗျ... မှတ်သားလောက်ပါပေတယ်ဗျာ..။

    ReplyDelete

Blogger Template by Clairvo