Labels

ကျနော် ကျောင်းဆရာ (၅)


ဒီကမ္ဘာလောကမှာ လူရယ်လို ဖြစ်လာရင် လူတိုင်းမှာ လွတ်လပ်ပိုင်ခွင့် တနည်းအားဖြင့် ရွှေးချယ်ပိုင်ခွင့်တွေ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီရွှေးချယ်ပိုင်ခွင့်တွေကို စည်းကမ်းမဲ့စွာ၊ တနည်းအားဖြင့် တရားမျှတစွာ မယူတတ်၊ မကျင့်ကြံတတ်ရင်ကော အဲ့ဒီလူကို ဘာပြောမလဲ။ ဒီလူရဲ့ ရွေးချယ်ပိုင်ခွင့်ဆိုတာကိုကော လူတိုင်းလက်ခံပါ့မလား။ ဒါဟာလဲ လူလောက၊ လူဘောင်အတွင်းမှာ နေထိုင်နေတဲ့ ကျနော်တို့တွေအားလုံး သေချာချင့်ချိန် ဆုံးဖြတ်သင့်တဲ့ အရာလေးတွေထဲက အခြေခံကျတဲ့ ဆွေးနွေးသင့်တဲ့ အရာလေးတခုပဲလို့ ကျနော်ကတော့ ယူဆပါတယ်။ ဥပမာ တရားမျှမူမရှိတဲ့ ခေါင်းဆောင်တယောက်ရဲ့ ပြုမူပုံကို အောက်ခြေက လက်အောက်ငယ်သားတွေကကော မျက်စိစုံမှိတ်လိုက်ပြီး လက်ခံကြရမှာလား။ ခေါင်းဆောင်သည်လဲ သူ့ရဲ့ရွေးချယ်ပိုင်ခွင့်ကို သူလုပ်ခြင်းသာဖြစ်ပေမည်။ အောက်ခြေကလူတွေသည်လဲ သူတို့ရွေးချယ်ပိုင်ခွင့်ကို သူတို့လုပ်ပေမည်။ သေချာသည်ကား ဤသို့သော ခေါင်းဆောင်မျိုးကို အောက်ခြေကလူအများစုက လက်ခံနိုင်မည်မဟုတ်ပေ.....

ဝေဖန်သည်ဆိုသည်မှာ ဝေဖန်တတ် (အကြံပေးတတ်)လျှင် အကောင်းဖက်ကကြည့်မည်ဆိုလျှင် ပိုမိုကောင်းမွန်ခြင်းကို ရောက်နိုင်သလို အဆိုးဖက်ကကြည့်လျှင်လဲ အခန့်မသင့်လျှင် မလိုလားအပ်တဲ့ လူတဦးတယောက်၏ ဘ၀၊ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေချင်တွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒီအတွက် ကျနော်တို့တတွေ ဝေဖန်ခြင်းကို သေချာကျွမ်းကျင်တတ်ဖို့တော့ လိုပါဦးမည်။ အခုတလော ဘလော့လောကပေါ်မှာ အခြေခံ ဂယက်ရိုက်ချက်တွေ တခုပြီးတခု ဖြစ်ပေါ်နေပြန်သည်။

၁) မရောက်လာ မသေချာသေးသော အနာဂတ် ၂၀၁၂ ကိုကြိုတင်မှန်းဆ၍ အားသန်ရာတွေ ဆွဲတွေးနေကြခြင်းပင်။ တကယ်တော့ ၂၀၁၂ ဆိုတာ ကျနော်တို့နဲ့ အဝေးကြီးလိုပါသေးတယ်။ နှစ်အားဖြင့် ကြည့်မည်ဆိုလျှင် ၃ နှစ်၊ လအားဖြင့် ကြည့်မိဆိုလျှင် လပေါင်း ၃၀ လောက် ကျန်နေသေးသည်။ ထို့အတွက် ဤအချိန်အတောအတွင်း ကျနော်တို့တွေ ဘာဖြစ်ဦးမည်၊ ဘာတွေဖြစ်လာမည်ဆိုသည်မှာ အတပ်မပြောနိုင်။ ယုတ်စွအဆုံး ကျနော်ပင်သည် မနက်ဖြန် ဘာဖြစ်လာမည်ကို ကြိုတင်တွေးတောမရနိုင်ပေ။ ဒါပေမဲ့ ဒီ Tag ပိုစ့်လေးကြောင့် လူတိုင်းကောင်းတာတခုတော့ ရလိုက်ပေမည်။ လူတိုင်းသေခြင်းတရားကို ကြောက်တတ်သလို မသေခင်ဘာလုပ်သင့်သည်ဆိုခြင်းကို အနဲနှင့်အများ ခံစားတတ်လိုက်ရပေသည်။

၂) ဘလော့ပေါ်တွင် အရည်မရ၊ အဖတ်မရ စာပေများစွာရှိသည်။ ဟာသတွေ ရှိသည်။ ရသတွေရှိသည်။ မော်ဒန်စာပေတွေရှိသည်။ ထိုအတွက် ဘလော့ လောကသည် အကျိုးရှိတဲ့စာပေတွေ နဲ့ အကျိုးမဲ့သောစာပေတွေ များစွာရှိနေပေလိမ့်မည်။ ထိုအတွက် ကျနော်တို့သည် ကိုယ်လိုအပ်ချက်များကို ကိုယ်တိုင်ရှာဖွေတတ်ရပေမည်။ ဘယ်အရာကတော့ဖြင့် ကောင်း၏ ဘယ်အရာကတော့ဖြင့်မကောင်း၏ဟု လိုက်ပြီးဝေဖန်ပိုင်းခြားစရာမလိုအပ်ပေ။ ဤသည်ကား သာမာန်လူတယောက်၏ အတွေးပဲဖြစ်ပေမည်။ ဒါပေမဲ့ ကျနော်တို့ ဘလော့လောကတွင် မကောင်းသည်များ များသထက်များလာခဲ့ရင်ကော သာမာန်ပြည်သူတွေအတွက် ဘလော့ဆိုသည်မှာ မကောင်းသောအရာ စက်ဆုပ်ရွှံ့ရှာဖွယ်သောအရာ အဖြစ်သို့ ဦးတည်လာပေမည်။ တကယ့်ကို မြန်မာဘလော့ဂါဆိုတဲ့ အသိုင်းအ၀ိုင်းလေးအတွက် စိုးရိမ်မိပါသည်.....

၃) ဘလော့ဆိုသော စကားလုံး အသုံးအနှုန်းကို ခေါ်ဝေါ်ခြင်းအနက်အဓိပ္ပါယ် ဖွင့်ဆိုချက် ဖြစ်ပေသည်။ ဘလော့ဆိုသည်မှာ မူရင်းစကား Weblog မှလာပါသည်တဲ့။ Weblog= ပင့်ကူအိမ်မှတ်တမ်း ဖြစ်ပါသည်တဲ့။ ဒီအတွက် ဘလော့ဆိုသည်ကို ဘလော့= ကူမှတ်တမ်း ဟုခေါ်ဆိုသင့်ပါ၏သလော

တကယ်၍များ သင်သည် ကျနော်ကျောင်းဆရာရေးသားသော ယခုစာသားများအားလုံးကို သေချာဖတ်သွားသည်ဆိုလျှင် သင်၏ စိတ်ခံစားချက်ကို ကျနော်သိချင်လှပေသည်။ သို့တည်းမဟုတ် သာမန်လျှံကာဖတ်ပြီးသွားသည်ဆိုပါက......

မှတ်ချက်... လွတ်လပ်စွာ ငြင်းဆိုနိုင်ခွင့်၊ ပြောဆိုနိုင်ခွင့် ရှိပါသည်။ ဒါသည်လဲ လူသားတိုင်းရသင့်သော အခွင့်အရေးတခုပင် ဖြစ်ပေသည်။




လေးစားလျက် တောင်ပေါ်သား

12 comments:

  1. အင်း ဘယ်လိုပြောရမလဲ....

    ဝေဖန်တယ်ဆိုတာဘာဆိုတာ ဝေဖန်သူတွေ သေချာနားလည်ဖို့ လိုပါတယ်။
    သေချာစဉ်းစားကြည့်ရင် ဝေဖန်သူတွေရှိသင့်တယ်။ ဥပမာ...စာတပုဒ်ရေးမယ်ဆိုရင် ကိုယ်ကိုယ်တိုင်မဟုတ်တဲ့ တခြားတယောက်က သေချာဖတ်ကြည့် သုံးသပ်ပြီး ပြင်ဆင်လိုက်ရင် ပိုကောင်းတဲ့ စာတပုဒ်ဖြစ်လာသလိုပေါ့...

    ဒါပေမဲ့...... ဝေဖန်ရေးဆိုတာ နားမလည်ပဲ ပုဂ္ဂိုလ်ရေးထိခိုက်မှုအတွက်ပဲသာဆိုရင် ဝေဖန်တာမဟုတ်ပဲ တိုက်ခိုက်တာ ဖြစ်သွားပြန်တယ်။

    နောက်တစ်ခုက ဘလော့ပေါ်မှာရေးထားတဲ့ စာတပုဒ် ကောင်း၏၊ မကောင်း၏ ဆိုတာ ဖတ်တဲ့သူရဲ့ Knowledge ပေါ်မှာသာ အခြေတည်တယ်ထင်ပါရဲ့။ လူတိုင်း Knowledge ရဲ့ ဘောင်ခတ်ခြင်းခံထားရတဲ့ သူတွေချည်းပဲ။
    ဥပမာ...... မြင်သာအောင်... ကိုယ်သင်ယူနေတဲ့၊ ကိုယ့်စိတ်ထဲမှာ သံမှိုစွဲလာတဲ့ ခံယူချက်တွေနဲ့ ကိုက်ညီနေရင် ဒီစာကောင်းတယ်လို့ မှတ်ချက်ချမိကြမယ်ထင်တယ်။
    အဲတော့ သူတို့ ရဲ့ သိမှု၊ တတ်မှုပေါ်မူတည်ပြီး ကောင်း၏၊ ဆိုး၏ ဆိုတာ ပေါ်လာတယ်လို့ ထင်ပါတယ်။

    ဒါကြောင့်မို ရေးသာရေးကြပါလို့ ..... :D

    နောက်ဆုံးတစ်ခုအနေနဲ့ က..... ဘာလဲဆိုတာ စဉ်းစားမနေတော့ဘူး......

    Weblog = We Blog....... ကဲ တို့ တွေ ဘလော့များများရေးကြစို့ .......... ဒန့် ဒန်.........

    ဆရာကို ဆရာပြန်လုပ်သွားပါတယ်....... တိန်...... :)

    ReplyDelete
  2. တူမောင် ပြောချင်တာကို ကြီးဒေါ် သဘောပေါက်တယ်။

    ReplyDelete
  3. ဆရာကောင်း တပည့် ပန်းကောင်းပန် ဆိုတာရှိသလို ။ဆရာထက် တပည့် လက်စောင်းထက်တာတွေလည်း ရှိသေးတယ် ကိုပေါ်ပေါ်ရေ ..
    ဘယ်လို ပဲ ရှိရှိ စေတနာ တရားလေးတွေထားပြီး ရေးနေကြတဲ့ ဘလောဂ်တွေကို စာဖတ်သူတွေ ခွဲခြား ပိုင်းခြား တတ်မှာပါ ။
    တဂ်ပို့ စ်လေးတွေ ဟာလည်း ပျော်စရာကောင်းသလို အတွေးအခေါ် မတူတာလေးတွေ တွေ့ နိုင်တဲ့ စာလေးတွေ ပါဘဲ ။
    ဆရာပေါ်ရေ ။ ကောင်းတဲ့ ရည်ရွယ်ချက်တွေ နဲ့ ရေးနေတဲ့ စာတွေ ကို အခြေအနေပေးသလောက် ဆက်ပြီး ရေးသားနိုင်ပါစေ လို့  ဆန္ဒပြုပါတယ် ။
    ဘာလို့လည်းဆိုတော့ အစ်မတို့ တတွေဟာ ပရော်ဖက်ရှင်နယ် စာရေးဆရာကြီးများ မဟုတ်လို့  စေတနာလေးတခုတည်း နဲ့ အရင်းခံထားပြီး ချစ်တဲ့ ဘလောဂ် ရွာသံယောဇဉ် မှာ ခံစားချက်တွေ မျှဝေနေကြရတာ မဟုတ်လား ။
    အားပေးလျှက် ..
    မကြီး ကိ

    ReplyDelete
  4. သေချာဖတ်သွားတယ် တူမောင်ရေ..

    Weblog ဆိုတာနဲ့ ပိတ်သက်ပြီ်း စာရေးဆရာ ဆူဒိုနင် ရေးထားတာ ဖတ်လိုက်ရပါတယ်..

    MBS ရဲ့ ဆောင်ပုဒ်အတိုင်း We Blog - We Unite ပါပဲလေ..

    ချစ်ခင်စွာဖြင့်..

    ReplyDelete
  5. လွတ်လွတ် လပ်လပ်ရေးသား ထားတဲ့ စာကောင်းလေး
    တပုဒ် လို့ မြင်မိပါတယ် ခင်ဗျာ...

    ReplyDelete
  6. တကယ်ကောင်းလိုက်တဲ့ စာလေး..အစ်ကိုရေ.. ဟုတ်တယ်.. ဘာလို့ အကျိုးမရှိတဲ့စာရေးမှာလဲ.. ကျွန်တာ့်လို အီးသုတေသနတွေ ရေးသင့်တာပေါ့.. ၀င်မလား မင်ဘာ.. ဟိဟိ

    ReplyDelete
  7. တကယ့်ကောင်းဆရာသို့ပါပဲ...း)

    တောင်ပေါ်သားရဲ့ စေတနာကို အတိုင်းသား မြင်နေရတဲ့အတွက် အတိုင်းမသိပါပဲ ညီလေးရေ...

းဝ)

    ReplyDelete
  8. တောင်ပေါ် ရေးထားတာ ကောင်းပါတယ်။ [မြှောက်ပြောတာမဟုတ်ပါ :-)]

    မ, သဘောကို ပြောရရင်... ဝေဖန်ရေး(အကျိုးပြုပေါ့)ကို လက်ခံပါတယ်။ ဒါမှ တိုးတက်မှာ မဟုတ်လား။ ဒါပေမဲ့ ကိုယ့်စိတ်နဲ့ မတိုက်ဆိုင်တိုင်း Personal တွေကို သွားထိခိုက်တာမျိုးကတော့ လူကြီးလူကောင်း မပီသဘူးပေါ့။ ဖြစ်ပျက်နေတာတွေကို ကြည့်ပြီးတော့ မြန်မာတွေဟာ ဒီလိုပါလားလို့ သိမ်းကျုံးအထင်ခံကြရမှာကိုတော့ အရမ်းစိုးရိမ်မိတယ်။

    ReplyDelete
  9. Blog ဆိုတာ
    လွတ်လပ်စွာရေးလို့ရတဲ့
    နေရာလေးဆိုတော့
    တစ်ယောက်နဲ့ တစ်ယောက်
    ခံယူချက် အမြင် နဲ့
    ရေးပုံရေးနည်း ကတော့
    ဘယ်တူမလဲ နော် . . . ။

    ဒါကြောင့်
    တပည့် သဲသဲ ကတော့
    ဘာမှ ပြောမသွားတော့ပါဘူး ဆရာ တောင်ပေါ် ..

    ReplyDelete
  10. လျှောက်လည်ရင်းရောက်လာတယ်

    ReplyDelete
  11. သေချာဖတ်သွားပါတယ် ..
    စာတပုဒ်ကို ရေးတဲ့သူတယောက်က သူ့စာကို တာဝန်ယူရမယ်ဆိုရင် စကားတခွန်းပြောတဲ့သူအတွက်လည်း သူ့စကားကို တာဝန်ယူသင့်ပါတယ် .. စေတနာ မပါပဲ အကြောင်းမဲ့ တိုက်ခိုက်တာမျိုးကတော့ လူမြင်လို့လည်း မကောင်းပါဘူး ..

    ReplyDelete
  12. ဘလော့ဂ်ကို ကူမှတ်တမ်းလို့ပြန်တာတော့ သိပ်ခေါ်လို့မကောင်းဘူးပေါ့လေ.. နေ့အိပ်မက်တစ်ယောက်တည်းရဲ့ အမြင်ကတော့ တချို့စကားလုံးတွေကို တတ်နိုင်ရင် မြန်မာလိုပြန်သင့်ပါတယ်.. ဟုတ်ပါတယ် ဒီတိုင်းသုံးလည်း လူနာလည်းပြီး အဆင်ပြေတာ မှန်ပါတယ်.. ဟိုးတုန်းကလူကြီးတွေလည်း သူတို့ခေတ်ကဆို ဘယ်လိုပြန်ရမှန်းမသိဖြစ်နိုင်ခဲ့တဲ့ air-con, refrigerator, film လိုစာလုံးတွေကို သုံးလို့လွယ်အောင် ပြန်ပေးနိုင်ခဲ့တယ်မဟုတ်လား.. နေ့အိပ်မက်တို့ခေတ်ကျမှသာ လူငယ်တွေအားထုတ်မှုလျော့လာလို့ internetတို့ blogတို့ကို ဘာသာမပြန်တတ်တော့တာ.. ဒီဘာသာပြန်ကိစ္စပြောရင် ငြင်းနေကျ စကားတစ်လုံးရှိပါတယ်.. carကိုဘယ်လိုဘာသာပြန်မလဲတဲ့.. ဟုတ်ကဲ့ နေ့အိပ်မက်ကိုယ်တိုင်လည်း ဘယ်လိုပြန်ရမလဲ မသိပေမဲ့ တရုတ်တို့ ဂျပန်တို့မှာတော့ ကားကိုခေါ်စရာ ကိုယ်ပိုင်စာလုံးရှိတယ်ရှင့်

    ReplyDelete

Blogger Template by Clairvo