
ခုတလော မြင်ရတွေ့ရတာတွေက သိပ်မကောင်း။ ကျနော် မမြင်ချင်ဆုံးသော အရာတွေ။ လူတယောက်ရဲ့ လုပ်ပိုင်ခွင့်၊ ရယူခွင့်တွေကို အတင်းအဓ္ဓမ လိုက်ပိတ်ဆို့နေကြသည်။ လူတယောက်ရဲ့ ယုံကြည်မူကို လူသားအချင်းချင်းကအလွဲသုံးစား လုပ်နေကြသည်။ အားနာချင်းဆိုတာကို ထောက်ထားပြီး မပြောသ၍ သိနိုင်မည်မဟုတ်ပေ။
ဘလော့လောကရပ်ဝန်းပေါ် လှမ်းတက်ကြည့်လိုက်တော့ ပေါက်တတ်ကရ အခြေအမြစ်မရှိ တွေးတောစဉ်းစားနိုင်စွမ်းမရှိတဲ့ လူတွေရဲ့ တဖတ်သတ်စောင်းနင်းကဲ့ရဲ့မူတွေကို မြင်တွေ့နေရသည်။ မိန်းကလေးတွေ အတင်းပြောသည် အပုတ်ချသည်သာ ကြားဖူးသည်။ ယောကျာ်းများ ကဲ့ရဲ့တာသည် မိန်းမသားများ ကဲ့ရဲ့သည်ထက် ပိုမိုအစွမ်းထက်ကြောင်း မြင်တွေ့ရပြန်သည်။ ဘလော့ရေးသည်ဆိုသည်ကာ ဘာမှမဟုတ်ပေ အလကားရသော အကောင့်တခုဖွဲ့၊ ပြီးလျှင် ရေးချင်တာရေး ဒီလိုများတွေးပြီး အနှီပုဂ္ဂိုလ်များ ထင်နေသလားမသိ။ တကယ်တော့ ဘလော့ဂါအမည်ခံ ကျနော်တို့သည် အလဟဿ စာများရေးနေခြင်းမဟုတ်။ ကိုယ့်ဝါသနာ တနည်းအားဖြင့် ကိုယ့်ရဲ့မိသားစုကြောင်း၊ ကိုယ့်အကြောင်းကို ကိုယ်ရေးသားခြင်းသာများသည်။ ဘလော့ရေးပြီဆိုသည်ဟူကတည်းက ကိုယ့်ကိုယ်ပိုင် စာမျက်နှာဖြစ်သဖြင့် ကိုယ်ကြိုက်တာလုပ်ခွင့်ရှိသည် ဆိုသည်ကိုးကား အထူးပြောစရာမလိုတော့ပေ။
ဘလော့ဂါဆိုသည့်အပိုင်းတွင်လဲ သက်ဆိုင်ရာအလိုက်၊ အားသန်ရာအလိုက် အမျိုးမျိုးခွဲထွက်သွားနိုင်ပေသည်။ အချစ်ဖက်အားသန်လျှင် အချစ်အကြောင်းရေးမည်၊ ကဗျာအားသန်လျှင် ကဗျာတွေချည်းရေးနိုင်သည်၊ ရသအားသန်လျှင် ရသစာပေတွေ ရေးမည်။ ဒါကို လိုက်ဝေဖန်စရာလိုအပ်သည်ဟု ဆိုလာပါက ကျနော် လဲဝေဖန်သင့်သည်ဟုမြင်မိပေသည်။ ယုတ်စွအဆုံး နိုင်ငံရေးလုပ်ချင်လုပ်မည် တိုင်းပြည်ကိုကြည့်၍ မချင့်မရဲဖြစ်ကာ ရေးချင်တာ ရေးမည်။ ဒါပေမဲ့ လူဆိုတာက အမှားအယွင်းရှိနိုင်ပေသည် ဝေဖန်ထောက်ပြမှသာ ကျနော်တို့ ပြုပြင်နိုင်ပေလိမ့်မည်။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ၊ တနည်းအားဖြင့် ဘလော့လောကက စာမျက်နာအများစုကိုကား ဝေဖန်ရန်ပင် မလိုအပ်တော့ပေ။ အဘယ်ကြောင့်ဟု သင်ထင်သလဲ.......
မိမိကိုယ့်ကို ဘလော့ဂါ တနည်းအားဖြင့် အင်တာနက်ပေါ်က စာမျက်နှာပေါ်တွင် စာရေးသားတော့မည်ဆိုပါက ကျနော်တို့၏ စိတ်ထဲတွင် မည်သူမှ လှုံ့ဆော်ပေးမူမရှိပဲ ကျနော်တို့ကိုယ်တိုင် ခံယူသည့်အချက်တချက်ရှိပါသည်။ ဤကား မိမိရေးသားသော စာ ဖြစ်စေ၊ ပုံတပုံ ဖြစ်စေ ပြဿနာတခုဖြစ်လာလျှင် မိမိကိုယ်တိုင်တာဝန်ယူရမည် ဟူသောခံယူချက်ဖြစ်ပေသည်။ ထို့အတွက် ကျနော်တို့ ဘလော့ဂါရပ်ဝန်းတွင် ပြဿနာဟူသည် မရှိလောက်အောင် နည်းပါးခဲ့ပါသည်။ အင်တာနက်အသုံးပြုသည့်လူတိုင်း သိကြပေမည်။ အင်တာနက်သည် ကောင်းကျိုးပေးတဲ့ အရာဖြစ်သလို ဆိုးကျိုးကိုလဲ ဖြစ်ထွန်းစေသည်။ ထို့အတွက် အင်တာနက်ပေါ်တွင် အရေမရအဖတ်မရ စာတွေ မြောက်များစွာ ရှိပေသည်။ ဒါပေမဲ့ အင်တာနက်ပေါ်တွင် ရေးသားသော စာမျက်နှာ တနည်းအားဖြင့် ဘလော့ပေါ်တွင် စာပေစစ်ဆေးရေးကဲ့သို့သော ဌာနမရှိပေ။ ဤအတွက် ဘလော့ဂါအများစုသည် မိမိရေးသားသော စာပေ၊ ပုံများကို မိမိ၏အသိစိတ်ဓါတ်ဖြင့် မိမိကိုယ်တိုင် တာဝန်ယူတတ်ကြပါသည်။ ဒါသည် ဘလော့လောကအတွက်သာဖြစ်ပေမည်။
အခုနောက်ပိုင်း ဝေဖန်ထောက်ပြချက်တချို့သည် လူပုဂ္ဂိုလ်တဦးတယောက်၏ ပါစင်နယ်ကို ထိခိုက်ရေးသားထောက်ပြမူတွေကို တွေ့ရတာတော်တော်ဝမ်းနဲဖွယ်ကောင်းသည်။ အမှန်ဖြစ်သင့်သည်မှာ ဘယ်နေရာတွင် လိုအပ်ချက်ရှိသလဲ သေချာ အကျိုးအကြောင်းခိုင်လုံစွာ ထောက်ပြပါမှ အားလုံးအတွက် ကောင်းကျိုးကိုရစေနိုင်ပေသည်။ ထို့သို့မဟုတ်ပဲ ယောကျာ်းသားများဖြစ်ရက်နဲ့ မိန်းကလေးများလို ထမိန်ကြားက လက်သီးထောင်ပြနေသည်မှာ အလွန်ကို ရွံ့ရှာဖွယ်ကောင်းပေသည်။ ပို၍ ဆိုးသည်ကား ယခုဝေဖန်ရေးသားနေသော လူများသည် မြန်မာနိုင်ငံသားများဖြစ်နေသောကြောင့် ဖြစ်သည်။ ထိုသူတို့တွင် ဌင်းတို့၏ မိဘ၊ မောင်နှမများ မရှိသည့်အလား ရိုင်းစိုင်းသော အသုံးအနှုန်းများကို သုံးသပ်ထားသည်ကိုလဲ တွေ့ရပါသည်။ ဝေဖန်ခြင်းသည် ကောင်းမွန်ခြင်းကို ရောက်စေနိုင်သည်ဆိုသည်မှာ ကျနော်ကိုယ်တိုင် လက်ခံပါသည်။ ဒါပေမဲ့ ဝေဖန်တတ်ဖို့ တနည်းအားဖြင့် မှန်ကန်သော ထောက်ပြပေးနိုင်မူတွေ လိုအပ်ပါသည်။
ကျနော်ယခုပြောဆိုနေသော အရာများကို တဖက်စောင်းနင်းပြန်လဲဝေဖန်မည်ဆိုလျှင်လဲ ရပေသည်။ သူများကိုမဝေဖန်နဲ့ဟု ပြောပြီ ကျနော်ခု အနှီပုဂ္ဂိုလ်များ၏ ဝေဖန်ချက်ကို ပြန်လဲဝေဖန်နေမိသောကြောင့် ဖြစ်သည်။ ကျနော် ရေးခဲ့ဖူးပါသည် နာမည်ကြီး ဘလော့ဂါတယောက်၏ အဆိုလေးပါ။ ကိုယ့်ဘလော့မှာ ကြိုက်တာရေးမယ် သင်မကြိုက်လျှင် လာဖတ်စရာမလို ဟူသဖြင့် ဘလော့ဂါတယောက်ပြောဖူးသည်ကို ကျနော်ကြားခဲ့ဖူးပါသည်။ ကျနော် ဝေဖန်ခဲ့ဖူးပါသည်။ ကျနော်တို့ဘလော့ဂါဆိုတာ စာဖတ်သူပရိသတ်က ပေးသော ကောမန့်များ၊ ခင်မင်ရင်းနှီးသော မိတ်ဆွေ အပေါင်းအသင်းများ၏ ကောမန့်များကို နှစ်ခြိုက်ခုံမင်စွာ စောင့်မျှော်လေ့ရှိပေသည်။ ထိုသို့မဟုတ်လျှင် ကျနော်တို့အနေနဲ့ ဘလော့စာမျက်နှာပေါ် တက်၍ စာရေးသားရန်မလို၊ ကျနော်တို့ အင်တာနက်ခ အကုန်ခံပြီး ရေးစရာမလို ကျနော်တို့၏ အပြင်ဒိုင်ယာရီမှတ်စုများတွင်သာ ရေးပြီးသိမ်းထားယုံပါ စသည်ဖြင့် ကျနော်ဝေဖန်ခဲ့ဖူးပါသည်။
ဘလော့လောကမှာ အပြင်က လူတိုင်းမသိနိုင်သော နားမလည်နိုင်သော အချင်းချင်းတယောက်ကို တယောက် လူသားဆန်သော အပြုအမူများစွာ ရှိပါသည်။ တခုခြင်းရေးချပြလျှင် သာမန်လူတယောက်အနေဖြင့် ကျနော်တို့ ဘလော့ဂါများကို နားလည်နိုင်စွမ်းမရှိလောက်ပေ။ သေချာတာတခုကတော့ ဘလော့လောကမှာ တယူသန် အယူအဆမရှိပေ၊ ရှေးရိုးစွဲ ဘာသာရေး အယူအဆတွေ မရှိ၊ အစွန်းရောက်သည့် အပြုအမူ အယူအဆတွေမရှိ၊ ရိုင်းဆန်ပြုမူတတ်သော အကျင့်အမူ အပြုအမူများ မရှိပေ၊ မောင်နှမသားသမီးများကို ထိခိုက်စေမည့် အသုံးအနှုန်းများ သုံးလေ့ မရှိပေ။ ထို့အပြင်ဘလော့လောကတွင် အပြင်မှာမတွေ့ဖူးသော ညီအကိုမောင်နှမစိတ်ဓါတ်များကိုလဲ တွေ့ရှိနိုင်ပေသည်။ ယခုနောက်ပိုင်းတွင် ဘလော့ရေးသူများ များပြားလာသလို စာဖတ်သူပရိသတ်များလဲ တဖြည်းဖြည်းများလာပါတယ်။ ဘယ်လောက်ပဲ ဝေဖန်မူပြုသည့်ဖြစ်စေ ကောင်းတဲ့ အပြုသဘောဝေဖန်မူလား၊ တမင်ကို တဖက်သား နိမ့်ပါး စိတ်ဓါတ်ကျအောင် သို့တည်းမဟုတ် တဖက်လူသာယာပျော်ရွှင်နေသည်ကို မနာလိုမရှုစိမ့်သောကြောင့် ဝေဖန်သည်လားဆိုသည်ကို ကျနော်တို့၏ စာဖတ်ပရိသတ်များက ဆုံးဖြတ်ပေလိမ့်မည်။ အသင်အနှီပုဂ္ဂိုလ် သိထားသည့်သည်မှာ ကျနော်တို့၏ ဘလော့ဂါ အသိုင်းအ၀ိုင်းကို ဘယ်လိုသဘောပဲ ဖြစ်စေဖြစ်စေ အသင်နှောက်ယှက်ဖျက်ဆီးနိုင်မည်မဟုတ်ပေ... အသေချာဆုံးကတော့ ကျနော်တို့ ဘလော့ဂါဆိုသည်မှာ ကိုယ့်ရေးသည့်စာပေါ်မှာ အပြည့်အ၀ တာဝန်ယူတတ်သည်ဆိုသည်ပါ။ အသင်သည် ဘလော့ဂါဟု မိမိကိုယ်ကို ခံယူသည်ဖြစ်စေ မခံယူသည်ဖြစ်စေ အသင်စိတ်နဲ့ အသင်စာရေးသည်ဆိုသည်ဟု ဆိုကတည်းက အသင်ကော ကိုယ့်ရေးသည့်စာပေါ်တွင် တာဝန်ယူရဲပါသလား..........
လေးစားလျက် တောင်ပေါ်သား
ကြားနေတယ်...သီတင်းတွေကို တဖက်စောင်းနင်းဆိုတာထက် ရင့်ရင့်သီးသီးနဲ့အဆင့်အတန်းနှိမ့်တယ်လို့သာပြောလိုက်ချင် ပါတယ်ဗျာ။သတိထားနော်.. ခင်ဗျားလဲပါနေဦးမယ် .. ဟဲဟဲ..
ReplyDeleteThis comment has been removed by a blog administrator.
ReplyDeleteလာဖတ်တယ် တောင်ပေါ်သားရေ။ :D
ReplyDeleteကွန်ယက်ကြီးကို တလွဲသုံး
ReplyDeleteငါလုပ်တာ လူမသိဘူးဆိုတဲ့
ခွေး မစားတဲ့ စိတ်ဓာတ်တွေ
ငါ့အန်ချင်စိတ်ကို မထိန်းတတ်တော့ဘူး
တောင်ပေါ်သားရေ စာလာဖတ်တယ်။
ReplyDeleteဘယ်သူတွေ ဘယ်လိုဘယ်လိုဖြစ်နေလဲတော့ မသိဘူး ဘလော့ လျှောက်မလည်ဖြစ်တာလဲကြာပီ။ တောင်ပေါ်သားရဲ့ လူသားတွေအပေါ်ထားတဲ့ စေတနာကို လေးစားပါတယ်။ အားပေးလျှက်ပါ။
ဆန်းဝင်း (ကျောက်ပန်းတောင်း)
ညီရေ ဟုတ်တယ်။
ReplyDeleteခုပဲ ကြည့်လေ။ မရောင် ရဲ့ ပိုစ့်ကို လာရေးသွားပြန်ပြီ။
ဟုတ်သည် ဖြစ်စေ မဟုတ်သည်ဖြစ်စေပေါ့
ဘာဖြစ်ဖြစ် အရေး သင့်ဘူးလို့တော့ ထင်တယ်။
ခင်တဲ့ ကိုရီနို
သူများဝေဖန်ချင်ရင် ကိုယ့်ကိုယ်ကိုအရင် ဝေဖန်ကြည့်ကြပေါ့...ကိုယ့်မျက်ချေးမှမစင် သူများမျက်ချေး အပြစ်မမြင်ပါနဲ့ ...
ReplyDelete>>ဟိုဒုတိယကရေးသွားတဲ့တယောက်.. ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အမောင်နဲ့ ဘာဆိုင်သတုန်း.. ရသမြောက်တယ် စာဖတ်သူကို အဆုံးထိဆွဲခေါ်သွားတယ်ဆို စာကောင်းတပိုဒ်ပဲ... စာရေးတာများ ကိုယ့်ဘဝအကြောင်း ဟုတ်တာလဲ ရေးချင်ရေးမယ်၊ စိတ်ကူးယဉ်ရေးချင်ရေးမယ်..
ဝေဖန်ချင်ရင် အကောင်းဖက်က အပြုသဘောဆောင်တာ လက်ခံပါကြောင်းးး
ကိုတောင်ပေါ်ရေ ရေးထားတာကောင်းပါ့...
တောင်ပေါ်ရေ ... ရေးသင့်တဲ့ ပို့စ်လေး ရေးပေးတာ အင်မတန် ကျေနပ်မိပါတယ်။ ဘလော့ဂါ မောင်နှမတွေအပေါ်ထားတဲ့ စေတနာနဲ့ ဘလော့ဂါအများစုရဲ့ စိတ်ဓာတ်ရင်းကို ခုလို ချပြပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်။
ReplyDeleteမြန်မာတွေရဲ့ စိတ်ဓာတ်က မနိမ့်အ်ုးတတ်ကြသလို ယဉ်ကျေးကြပါတယ်။ ဆွန်းဆန်ထဲ ကြွက်ချေးရောသလို ကြွက်ချေးလေးတွေ အတွက်နဲ့ "မင်းတို့ မြန်မာတွေ စိတ်ဓာတ်က" လို့ ကိုယ်တို့တွေ အပြောမခံရအောင် ကိုယ်တိုင်က တာဝန်ယူနိုင်ကြပါတယ်။ အဲဒီလိုပဲ မြန်မာတိုင်း ယဉ်ကျေးစိတ်၊ကူညီလိုစိတ်၊ စေတနာ မေတ္တာစိတ်တွေနဲ့ အပြုသဘော ဆောင်ရွက် ပေးကြမယ် ဆိုရင်တော့ ဘလော့ပေါ်မှာ တိုက်ပွဲတွေ အတော် ငြိမ်သက် အေးချမ်းသွားမှာပါ။
လူအချင်းချင်း စစ်မှန်သော မေတ္တာ ထားနိုင်ကြပါစေ။
ကိုတောင်ပေါ်ရေ. ပြသာနာရဲ့ အရင်းခံကိုမသိပေမဲ့ အစ်ကိုရဲ့ ဘလော့ဂါတစ်ယောက်ရှိသင့်တဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ရေးသားချက်က တစ်ကယ်ကောင်းပါတယ်။
ReplyDeleteခင်မင်လေးစားလျှက်
ညီညီ
ဆရာ ပေါ် ရဲ့  အဆို အမိန့်  များ အား ၉၉ ရာနှုန်း ထောက်ခံပါသည် ...
ReplyDelete၁ ရာနှုန်းကတော့ ကိုတောင်ပေါ်ကို ဝေဖန်ဖို့  ချန်ထားပါသည် ......( ဘာကိုဆိုလိုတာ လည်းဆိုတာ သိတယ်နော် .. .. မသိရင် သိအောင်လုပ်နော် ..း)
ကွန်ယက်ဆိုတာကြီးကို အကောင်းဆုံးမျက်နှာဖုံးလို့ သတ်မှတ်ထားတဲ့သူတွေအတွက်ကတော့ တာဝန်သိမှုတွေ၊ အပြန်အလှန်လေးစားမှုတွေဆိုတာ သူတို့အဘိဓာန်ထဲမှာ ဘယ်ရှိပါ့မလဲ။ ငါးခုံးမသုံးလေးကောင်ကြောင့် ဘလော့ဂါအသစ်လေးတွေ မဘလော့ရဲမှာ၊ ဘလော့ဂါအဟာင်းတွေ စိတ်ပျက်သွားမှာကိုပဲ စိုးရိမ်မိပါတယ်....
ReplyDeleteဒီစာရေးပေးတဲ့အတွက် ကိုတောင်ပေါ်သားကို ကျေးဇူးအများကြီးတင်ပါတယ်
ဘာမှပြန်မပြောတဲ့ အမျိုးသမီး blog တွေကို ဒီကောင်တွေကဝေဖန်တယ်ဆိုပြီး..ဦးတည်တိုက်ခိုက်နေတာ..တကယ်တော့..ဒါဝေဖန်တာမဟုတ်..ပုဂ္ဂိုလ်ရေးစော်ကားတာ..
ReplyDeleteနောက်နေ့ကစပြီး တောင်ပေါ်သားရေးတဲ့စာတွေကို ကိုလူထွေးစိစစ်ရေးကို လာတင်ပါ...
ReplyDeleteအမိန့်အရ...
းဝ)
ငါထင်နေတာက တမျိုးကွ...
ReplyDeleteမှန်ပါတယ် မောင်လေး..
ReplyDeleteဟေ..
ReplyDeleteအလိုဖစ် တာလဲဟ
တားတားတို့က ဘာမှ အတိဘူး..အဟိ..း)
ဘယ်တိမလဲ ဘယ်တွားနေတာမှ တိပဲ..
ပေါ်ဘာရေးရေး
ReplyDeleteစိန်ချစ်ပြီးသား
စိန်ထောက်ခံပြီးသား
ပေါ် ရပ်တည်ချက်တွေကို စိန်က ကြိုက်ပြီးသားးး
ကုန်ကုန်ပြောမယ် ပေါ်လုပ်တာအကုန်မှန်တယ်
ဒါပဲနော်
ချစ်တဲ့
စိန်
း))
ညီလေးရေ စာတွေလာဖတ်တယ်၊ နေကောင်းလား။
ReplyDeleteတူမောင် ဘာဖြစ်?? ဘာပြောပြော ကိုယ့်ခံစားချက် ၊ အမြင်တွေကို ရေးသားတာပဲ ဆက်သာရေး..
ReplyDeleteတောင်ပေါ်ရေ
ReplyDeleteဒိလိုပို့စ်လေးတင်ပေးတဲ့အတွက်
အားလုံးရဲ့  ကိုယ်စားတကယ်ကျေးဇူးတင်ပါတယ်။
ဟိုနေ့တည်းက ဖတ်ပြီးတည်းက မန့်မလို့ မမန့်ဖြစ်လိုက်တာ
ReplyDeleteခုတော့ အကုန်လုံး ရှေ့ကပြောသွားပြီ ..
စေတနာရှေ့ထားတာထက် တိုက်ခိုက်ချင်တာများနေတဲ့ စာသားတွေ ဖတ်ရတာ စိတ်ပျက်တယ်
အင်..... ဘာတွေဖြစ်ကုန်လာတုန်းဗျို့... အကြောင်းအရင်းတော့ မသိဘူးဗျ.. ဒါပေမဲ့ ဘလော့ဂါတွေဆိုတော့ ကျနော်တို့လဲ ပါတယ်လို့ ထင်တယ်.. ဒီတော့ ဝင်ပြီး လျှာရှည်တယ်ပဲပြောပြော၊ -င်ယားတယ်ပဲဆိုဆို၊ ပြောရဦးမယ်ဗျ... ဒီလိုဗျ... ဘလော့ဆိုတာ ဘာလဲ ကျနော်သေချာနားမလည်တာတော့ အမှန်ပဲ၊ ကျနော်သိတာက ကိုယ်ရေးချင်တာ၊ ကိုယ်ပြချင်တာ (ပုံကိုပြောတာပါနော်) ကိုယ်တင်ချင်တာတင်ဖို့သက်သက်ပဲဗျ။ ရှင်းရှင်းပြောရရင်တော့ အချိန်ဖြုန်းတယ်လို့ပဲ ပြောရမှာပဲ။ ဒါက ကျနော် လက်ရှိကျင့်သုံးနေတာပါ အားလုံးကို မဆိုလိုပါဘူး။ ဒါပေသည့် တချို့ တချို့သော ဘလော့များဟာ စာရေးတာ သားတာတွေဟာ အလွန်ပဲ ကောင်းမွန်လှပါတယ်။ အဲဒီအထဲ ကျနော် မပါပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ မည်သူမဆို ဘလော့ရေးနိုင်ပါတယ် မည်သူမဆို ကိုယ့်ရဲ့ကိုယ်ပိုင်ဘလော့မှာ လွတ်လပ်စွာ ကိုယ်ကြိုက်တာ ကိုယ်ရေးနိုင်ပါတယ်၊ အဲ... လာဖတ်သူများကတော့ မကြိုက်ရင် ထပ်မလာပါနဲ့ ဘယ်သူမှလဲ လာပါ လာပါ အတင်းမခေါ်ပါဘူး ကိုယ့်ဟာကိုယ် လျှာရှည်ပြီး လာတာ အကြောင်း မဟုတ်ပေမဲ့ ဘလော့ပိုင်ရှင်ကို စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်တာတော့ မကောင်းဘူးလို့ ထင်ပါတယ်။ ကျနော်ပြောတာ နဲနဲရိုင်းချင် ရိုင်နေပါလိမ့်မယ် သည်းခံပေးပါ ကျနော်မြင်တာကို ဒဲ့ပြောလိုက်လို့ မချိမခံသာ ဖြစ်ကောင်း ဖြစ်နိုင်လို့ပါ။
ReplyDeleteဆိုတော့ကာ.... မြန်မာတွေရဲ့ စောက်ကျင့်က အဲဒါပဲဗျ.. ကိုယ့်ထမင်း ကိုယ်စားပြီး ဂျီးဒေါ်နွားကျောင်းချင်ကြတယ်။
ဗိုလ်ချုပ်ပြောခဲ့တဲ့ စကား အခုထိ မှတ်မိနေသေးတယ် .. မှတ်မိသလောက်ပြောရရင်တော့.. ဘာတဲ့ ... ဗမာတွေစိတ်ထဲမှာ ဗမာတွေဟာ စိတ်ဓာတ် တက်တယ်ဘာညာနဲ့ တလွဲဆံပင် ကောင်းနေတယ် ဆိုတာနဲ့ အတူတူပဲ။ ဒီစကားဟာ ဒီနေရာမှာ သုံးဘို့ဟာတွေဘဲ၊ ဗမာတွေ စိတ်ဓါတ်က မဟုတ်တဲ့နေရာမှာ သွားပြီး ကောင်းနေတယ်။ တကယ့်နေရာတွေ ကျတော့ အသုံးမချတတ်ဘူး။ ဗမာပြည် လွတ်လပ်ရေးရအောင် ဆိုတာမျိုးမှာလဲ အသုံးမချဘူး။ ဗမာပြည်ပြန်လည် ထူထောင်ရေး လုပ်တဲ့နေရာမျိုးမှာလဲ အသုံးမချဘူး။ ဗမာ၊ ဗမာချင်းချဘို့ပဲ လုပ်ချင်တယ်။
ဒီစကားက ဒီနေ့အထိမှန်တုန်းပဲဗျ ကျနော်တို့ မြန်မာတချို့က ဘယ်လောက်ထိ တော်သလဲဆိုရင် သူတောင်းစား ထမင်းဝတော့ ဘာဖြစ်တတ်သလဲ.. အဲ...ဒါကို သေချာထိုင်ကြည့်ပြီး ပြောတာဗျား ......။ အဲ... တချို့ကျတော့လဲ သူများကောင်းစားတာ၊ သူများ ချမ်းသာတာ၊ သူများ နာမည်ကြီးတာကို မနာလို မရူဆိတ်ကြပြန်ဘူးဗျ... အဲဒါ.. သူ့ကို ဘာမှထိခိုက်တာ မဟုတ်ဘူးနော်.. ဘလိုင်းကြီး မနာလိုနေတာ... ။ ကိုယ်တိုင်ကတော့ ဘာစောက်ဖြစ်မှ မရှိဘူးလေ။ အဲဒါ ကိုပဲနိုင်ငံတကာမှာတောင်ဝေဖန်ရေး တွေရှိတာ ဒီမှာလဲရှိသင့်တယ် ဘာညာနဲ့ လေလုံးက ထွားလိုက်သေးသဗျ။ နိုင်ငံတကာမှာ ဝေဖန်ရေးတွေ လုပ်နေတယ်ဆိုတာက ကျနော်သိသလောက်ပေါ့လေ သူတို့လုပ်တယ်ဆိုတာက တကယ် အေ၇းပါ အရာရောက်တဲ့ ဥပမာ... နိုင်ငံရေး၊ စစ်ရေး၊ အနုပညာနဲ့ ပက်သက်တာတွေ ရုပ်ရှင်၊ ဂီတ၊ စာပေ စသည်ဖြင့်ပေါ့ နိုင်ငံတကာကို ဖြန့်တဲ့ဟာတွေ၊ နိုင်ငံတဝန်းလုံးနဲ့ သက်ဆိုင်တာတွေ၊ နိုင်ငံထဲမှာ ရှိတဲ့ လူတိုင်းနဲ့ သက်ဆိုင်တာတွေကို ဝေဖန်တာပါ။ အခုတော့ဗျာ.... ဒီ ..ဘာမဟုတ်တဲ့ ဘလော့လေးကိုပါ ဝေဖန်ရေး ခေါင်းစဉ်တပ်ပြီး ဘလော့ပိုင်ရှင် တွေဆီမှာ လာပြီးဆဲဆိုတာတွေ ပုတ်ခတ်ပြောဆိုတာတွေတော့ မကောင်းဘူး ထင်တာပဲ။
ကဲကဲ... ထားပါတော့ ကိုတောင်ပေါ်သားရေးထာတာလဲ အတော်လေးပြည့်စုံပါတယ်။ နောက်ဆုံးပြောချင်တာကတော့ ဘလော့ကို ရေးချင်တဲ့သူရေး လုပ်ချင်တာလုပ်၊ တင်ချင်တာတင် ကျုပ်တို့ကတော့ ရှင်းတယ် မကြိုက် အဲဒီဘလော့ထပ်မလာဘူး.. ဒါပဲ..
သြော်.. ဒါနဲ့ အခုနောက်ပိုင်း တချို့ဘလော့တွေ မရောက်တာ မကြိုက်လို့ မဟုတ်ဘူးနော်.. မအားလို့ သိလား.. အဟိ .. တော်ကြာ သို့လော သို့လော ထင်စရာတွေ ဖြစ်မှာစိုးလို့ပါ အဟီးဟီး
အမတို့လဲ သတင်းတွေကြားနေရတယ်။ ဒီလိုလေးရေးလိုက်တာ အင်မတန်သင့်လျော်ပါတယ်။ အစိမ်းရောင်နဲ့ဟာကို တော်တော်ဖတ်လိုက်ရတယ်။
ReplyDelete(ကို)တောင်ပေါ်သားရေ...
ReplyDeleteနောက်ကျမှရောက်လာခဲ့တယ်...
အားလုံးလဲပြီးသွားပါပြီ...
ဒီ post လေးကိုထောက်ခံခဲ့ပါတယ်.
ရန်ညှိုးမရှိ..ပုဂ္ဂိုလ်ရေးမရှိ..သူတို့ကို သိကိုမသိခဲ့တာပါ..
ကျမထင်ထားတာတော့ရှိတယ်..
Blogger တစ်ယောက်ပဲ..(သူ့ကိုတစ်ခါပဲမြင်ဖူးတာ)ကျမရဲ့ပါတ်ဝန်းကျင်မှာ လှည့်လည်သွားလာနေပြီး ကျမရဲ့Blog ကို လုံးဝမလာပဲ..
Singapore ကတစ်ယောက်ကို မြှောက်ပေးတာဖြစ်နိုင်ပါတယ်။ (သူ့ကိုယ်သူတော့ဖျောက်ထားတယ်လေ)။
သူ့blog မှာလည်း သူ့ပုံတွေတင်ထားပါတယ်။ ယောကျာ်းလေးတစ်ယောက် မနာလိုလိုက်ပုံများ..မိန်းကလေးတစ်ယောက်ရဲ့အရှက်နဲ့သိက္ခါကို အသေသတ်သွားခဲ့တယ်။ ရှက်စရာကြီးနော်..သူ့အစား...။ ဒီpost လေးကိုရေးခဲ့တဲ့ (ကို)တောင်ပေါ်သားကို လေးစားပါတယ်ရှင်...။