Labels

D O O M S D A Y



ကျနော်သည် တခါတရံ စိတ်တို့၏ ခေါ်ဆောင်မူနောက်ကို လိုက်ပါသွားတတ်သည်။ တခါတရံတွင် မတွေးသင့်သော အရာများကိုတွေးတော တတ်ပြန်သည်။ လူတွေ ဟုတ်သည် သည်လူတွေ သေသွားလျှင် ဘယ်ကိုရောက်ကုန်သလဲ... ဥပမာ ကျနော်... ကျနော် သေဆုံးသွားလျှင်ကော ဘယ်နေရာကိုရောက်၍ ဘာတွေဖြစ်နေမည်လဲ ကျနော်စဉ်းစားကြည့်ဖူးသည်။ ဘာသာတရားတွေ ကွဲပြားကြသည့်အလျောက် အယူအဆတွေလဲ မျိုးစုံရှိကြပေမည်။ ကျနော်သိချင်တာတခုက ကျနော် သေသွားသည် ရှိသော် ကျန်ရှိနေသည့် ကျနော်မိသားစုတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေကို ကျနော် ပြန်သိနိုင်ဦးမည်လား၊ ဘယ်သူပြောနိုင်မည်နည်း ဘယ်သူ့မှ အတတ်မပြောနိုင်ပါ အဘယ်ကြောင့်ဆိုသော် သေသွားသူများသည် အစမ်းသေဖူးကြသူများ မဟုတ်သည်ဖြစ်နေ၍ပင် ဖြစ်ပေမည်။

ဘယ်ဘာသာတရားတွင်မဆို ကောင်းတာလုပ်လျှင် ကောင်းသည့်အကျိုးကိုခံစားကြရပေမည်။ မကောင်းတာလုပ်လျှင် မကောင်းသည့် အကျိုးကို ခံစားကြရပေမည်။ ဟုတ်ပြီ ကောင်းသည့်အရာတွေ လုပ်မိပြီဆိုလျှင် နတ်ပြည်ဟုခေါ်ကြသော နေရာတွေကိုရောက်နိုင်သည်ဟု ပြောကြသည်။ မကောင်းသည့်အရာတွေ လုပ်လျှင် ငရဲပြည်ဟုခေါ်သော နေရာရောက်၍ ဒုက္ခတွေ ခံကြရပေမည်ဟု ပြောကြသည်။ ဒါဆို အဲ့လိုနေရာမျိုးတွေမှာကော သူတို့သည် ဘာဘာသာစကားနဲ့ပြောကြလဲ ကျနော်တို့ကကော သူတို့ပြောတာနားလည်ပါ့မလား။ ဒါကိုဘယ်သူမှ သေချာမသိနိုင် အဘယ်ကြောင့်ဆိုသော် လူတိုင်းသည် နတ်ပြည်၊ ငရဲပြည်ကိုရောက်ဖူးပြီး ပြန်လာ၍ပြောပြကြသည်ဟု မကြားဖူးပေ။ ငယ်စဉ်က သေခါနီးလူတယောက်က ငရဲပြည်ကိုရောက်သွားသည် ထိုနေရာ၏ဆိုးကွက်များကိုမြင်ခဲ့ရသည်ဟု ပြန်ပြောဖူးသည့် စသည့်စာအုပ်များ ဖတ်ဖူးခဲ့သည်။ ထိုသို့သော စာအုပ်များကို အသက်ကြီးလာသော သိပ်ပြီးမယုံချင်တော့ပေ ထိုသူသည် သူ့၏အစွဲနှင့်သူ ပြောတာကော မဖြစ်နိုင်ဘူးလား.. ဒီလို လား... လား.. မျိုးများစွာနှင့် ကျနော်တွေးကြည့်ဖူးပေသည်။ နောက်ဆုံးအဖြေသာ ကျနော်ရသည်။ ဤသည်ကား လူတွေ၏ ယုံကြည်ချက်ပင်ဖြစ်သည်။

ဟုတ်သည် ယုံကြည်ချက်။ ဘယ်အရာမဆို ယုံကြည်ချက်ရှိလျှင်အောင်မြင်သည်။ ထို့အတူ ဘာသာတရားဆိုသည်မှာလဲ ယုံကြည်ချက်ရှိသူများအဖို့ ပိုမိုအစွမ်းရောက်ပေသည်ဟု ကျနော်ယုံကြည်သည်။ ယုံကြည်ချက်တခုကို တည်ဆောက်ဖို့ အခြေခံအကျဆုံးအရာသည် လူတွေ၏ စိတ်ဓါတ်ပင်ဖြစ်သည်။ တချို့သည် ယုံကြည်ချက်ရှိပေမဲ့ စိတ်ဓါတ်ကမခိုင်မာတတ်ပေ၊ စိတ်ဓါတ်မကောင်းသူတယောက်၏ ယုံကြည်ချက်သည်လဲ မှန်ကန်သော ယုံကြည်ချက်မဟုတ်နိုင်ပေ။ တယူသန်သော၊ တဇောက်ကန်းနိုင်သော ယုံကြည်ချက်သာ ဖြစ်လာပေမည်။ ဥပမာ တရားမျှတမူမရှိသော၊ စိတ်ဓါတ်မကောင်းသော ဘုရင်အုပ်ချုပ်သော တိုင်းပြည်သည် သူ၏ယုံကြည်ချက် (မှားယွင်းသော)ကြောင့် အကျိုးဆက်က ပြည်သူတွေသာ ခံကြရပေမည်။ အထက်က ပြုမူသော အချက်တို့သည် အောက်ကလက်အောက်ငယ်သားများကို ဒဏ်ခံရစေသည်။

ဤကမ္ဘာပေါ်တွင် ထိုသို့သော တရားမျှတမူ မရှိတဲ့လူတွေ များသထက်များလာလျှင် ခိုးဆိုး၊ လုယက်မူတွေများလာမည်။ ထိုသူတို့၏စိတ်ထဲတွင်လဲ ဘာသာတရားလဲမရှိတော့ပေ၊ လူကျင့်ဝတ်ဆိုတာလဲ နားမလည်။ အရာရာကို နိုင်ထက်စီးနင်းလုပ်လာပေမည်။ ထိုသို့သော လူမျိုးတွေများလာလျှင် ကမ္ဘာလောကကြီးသည်လဲ သာယာပျော်ရွှင်ဖွယ်တွေ ပျောက်ဆုံးသွားပေမည်။ မကောင်းတာတွေလုပ်တာများလာလျှင် ကမ္ဘာပေါ်တွင်ရှိသည့် ဂေဟ စနစ်သည်လျှင် အနှေးနဲ့အမြန် ပျက်သုန်းသွားပေမည်။ ယခုတောင် မကြားချင်တာတွေ ကြားနေရသည်။ ကလေးသာသာအရွယ်က နောက်ထပ် ကလေးတယောက်မွေးဖွားတာ၊ ဆူနာမီလို သဘာဝဘေးအန္တာရယ်တွေ ဖြစ်ပေါ်မူတွေ၊ ငလျင်လို အရာတွေ ဖြစ်ပေါ်မူ စိပ်တထက် စိပ်လာတာ သေချာသည် ကမ္ဘာကြီးသည် အနှေးနဲ့ အမြန်ပျက်သုန်းချေပေမည်။ လာမည့် ၂၀၁၂ တွင် ကမ္ဘာကြီး ပျက်တော့မည်ဆိုလျှင် သင်ဘာလုပ်မည်နည်း။ ကျနော်ကတော့.......

၁။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..

ကျနော်ကတော့ တဦးတယောက်ထဲ မနေချင်ပါဘူး။ ကျနော်ရဲ့သေဆုံးရတော့မဲ့အချိန်မှာ ကျနော်ချစ်တဲ့ မိသားစု၊ချစ်သူ၊သူငယ်ချင်းတွေ အားလုံးနဲ့ တနေရာထဲမှာ စုစုဝေးဝေးနေပြီး ဘာသာတရားလေး လုပ်ပြီး ကောင်းမွန်စွာ အသက်သေဆုံးချင်ပါတယ်။

၂။ ဘာတွေခံစားနေရမလဲ..

ထွေထွေထူးထူးသော ခံစားရမယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ လာမဲ့ ၂၀၁၂ ဆိုတာ ကျနော်တို့အတွက် သိပ်ကိုတိုတောင်းလွန်းတဲ့ အချိန်တခုဖြစ်နေလေတော့ ကျနော်ဘာဆို ဘာမှ လုပ်ဖြစ်မယ်မထင်ဘူး။ ပြီးတော့ အားလုံးကို တူတူသေကြရမယ်ဆိုတော့ မိဘအတွက်မလုပ်ပေးနိုင်သေးတာတွေ တွေးပြီးမခံစားချင်တော့ဘူးလေ။ ဖြစ်နိုင်မယ်ဆိုရင် ၂၀၁၂ မတိုင်ခင်အချိန်အတွင်း မိသားစုကို လိုလေသည့်မရှိ ထားချင်ပါတယ်။ ဒါဟာလဲ သာမာန်လူတယောက်အတွက် မလွယ်ကူလှပါဘူး။ ၂၀၁၂ ဆိုတော့ ပေးတဲ့အချိန်က အရမ်းတိုနေပါတယ်။း) ထို့အတွက် ဘာမှလဲ ခံစားမိမယ် မထင်ပါဘူး။

၃။ ဘာတွေပြင်ဆင်ထားမလဲ..

နံပါတ်(၁)က ပြောသလိုပါပဲ။ ချစ်တဲ့လူတွေ၊ခင်မင်ခွင့်ရတဲ့လူတွေ အားလုံးကို တနေရာထဲမှာ စုဝေးလို့ ရအောင်တော့ ပြင်ဆင်ချင်ပါသေးတယ်။ အဆင်ပြေမယ်ဆိုရင်တော့ တခုတောင်းဆိုချင်ပါသေးတယ်။ ရိုးသားတဲ့၊ ပွင့်လင်းတဲ့ လူကို လူချင်းစာနာတတ်တဲ့ ကျနော်ချစ်တဲ့ ဘလော့ဂါဆိုတဲ့ ညီအကိုမောင်နှမတွေကို အပြင်မှာမသေခင် တွေ့ဆုံချင်ပါသေးတယ်

၎။ ၀မ်းနည်းမိမှာက..

ဝမ်းနည်းစရာကလဲ ဘာမှကြီး ရှိမယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ အပေါ်ကပြောခဲ့သလို သေမှာက ကိုယ်တယောက်ထဲမှ မဟုတ်တာ။ အားလုံးသေကြရမှာပါပဲ။ တခုပဲ ၂၀၁၂ မှာမွေးဖွားလာတဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ ဘာဆိုဘာမှမသိသေးတဲ့ အပြစ်ကင်းစင်တဲ့ ကလေးငယ်တွေ သူတို့တွေ ကမ္ဘာလောကကြီး အရသာတွေကို (ကောင်းခြင်း၊ဆိုးခြင်း) မခံစားဖူးပဲ ပျောက်ဆုံးကြရမှာကိုတော့ ၀မ်းနည်းမိပါတယ်။

၅။ ကြောက်လန့်မိတာက..

ကြောက်လန့်မိတာကတော့ ရှိပါတယ်။ လူတိုင်းသေသွားရင် အသက်သာဆုံးသေဆုံးချင်ကြပါတယ်။ ခုဟာက ကမ္ဘာကပျက်မှာဆိုတော့ အနာတရတွေ ရှိမှာ။ လူတွေအော်ဟစ်နေမှာ တချို့တွေက သွေးသံတရဲရဲနဲ့ ဖြစ်နေမှာ၊ သားပျောက်တဲ့ အမိလို တငိုငို တရီရီ ဖြစ်နေမှာတွေ ဆိုးရွားတဲ့ ခံစားမူတွေရပြီး သေဆုံးနေကြရမှာ ဒါတွေကို တွေးပြီး ကြောက်နေမိပါတယ်။ အားလုံးလဲ သေဆုံးမယ်ဆို နာကျင်မူတွေ မရှိပဲ အမြန်ဆုံး သေကြပါစေ :P

၆။ ဆောင်ထားချင်တာ..

ဆောင်ထားချင်တာကတော့ ဘ၀မှာအရေးအကြီးဆုံး ဘုရားစာအုပ်တွေပါပဲ။ အဲ့ဒီအချိန်လေးမှာ မိသားစုနဲ့ တူတူ ရသမျှ ဘုရားစာတွေ ရွတ်မယ်လေ။ ကုသိုလ်ကောင်းမူလိုချင်တာ၊ နတ်ပြည်ဆိုတဲ့နေရာကိုရောက်ချင်တာဆိုတာထက် အပေါ်ကပြောခဲ့တဲ့ အတိုင်း လူတိုင်းယုံကြည်မူလေးတွေနဲ့ ကိုယ်နဲ့သက်ဆိုင်တဲ့ ဘာသာတရားကို စိတ်ထဲက ယုံကြည်စွာနဲ့ လုပ်နိုင်ကြပါစေ။

၇။ ဘာတွေရေးမိမလဲ..

ဘာမှတော့ မရေးဖြစ်လောက်ပါဘူး။ ရေးတော့လဲ ဒီစာတွေက ကျန်ခဲ့ပါဦးမလား။ အင်တာနက် သုံးနေရင်လဲ ရမှာမဟုတ်လောက်ဘူးလေ ကံထူးတဲ့အရာတွေ ကျန်ခဲ့မယ်ဆိုရင်တော့ Hard disk အလုံး ၁ သောင်းလောက်ကို ဤကမ္ဘာပေါ်ရဲ့ အကြောင်းတွေ၊ ကျနော်တို့မြန်မာပြည်ရဲ့ အကြောင်းတွေ ရေးပြီး ထားခဲ့ချင်ပါတယ်။ နောင်လာမဲ့ ကမ္ဘာသစ်က လူဆိုတဲ့ သတ္တ၀ါတွေအတွက် (လူလို့ကော သူတို့က ခေါ်ပါ့မလား)ပေါ့။ ဒါပေမဲ့ သူတို့ကကော အထက်ကပြောသလို ကျနော်ရေးခဲ့တဲ့ စာတွေကို ဖတ်တတ်ပါ့မလား ကျနော်ဆိုလိုချက်တွေကို နားလည်ပ့ါမလားး)

ဂ။ တွေးမိတွေးရာ အတွေး..

အတွေးတွေကလဲ မရှိပါဘူး။ တခုပဲ တွေးနေမိမှာပဲ။ နောင်ဖြစ်လာမဲ့ ကမ္ဘာသစ်ကလူဆိုတဲ့ သတ္တ၀ါ (လူလို့ကော သူတို့က ခေါ်ပါ့မလားမသိ)မှာလဲ လက်ရှိကမ္ဘာကလူတွေလို မတရားစိုးမိုး၊ အနိုင်ကျင့်တတ်တဲ့ လူသားမပီသတဲ့ အကျင့်တွေ ပါလာမလားပေါ့ ဘုရားသခင်က ဖြူစင်တဲ့ လူဆိုတဲ့ သတ္တ၀ါတွေကိုကြီးပဲ ဖန်ဆင်းပေးလိုက်မယ်ဆို ပိုကောင်းမယ်လို့ တွေးမိမယ်။ အကျဉ်းထောင်ကလူတွေ၊ မတရား အပြစ်ဒဏ်ခံနေရတဲ့ လူတွေ၊ သေဒဏ်ချခံရတဲ့ လူတွေ အားလုံးအားလုံး သေကြရမှာဆိုတော့ သူတို့လဲ ကမ္ဘာမြေပေါ်မှာ လွတ်လပ်စွာနဲ့ သေဆုံးကြပါစေလို့ တွေးနေမိပါတယ်။

၉။ ဂုဏ်ယူချင်တာက..

ဂုဏ်ယူချင်တာကတော့ လုံးဝမရှိပါ။ ကျနော့်ဘ၀မှာ ဂုဏ်ယူချင်တဲ့ အရာဆိုတာမရှိသလောက်ပါပဲ။ တတ်စွမ်းသလောက် လုပ်ခဲ့တယ်။ ဖြစ်ခဲ့တယ် အောင်မြင်ခဲ့တယ် ဒါဆိုလျှင် ပျော်သည်၊ မဖြစ်ခဲ့ ကျရှုံးခဲ့လျှင် ၀မ်းနည်းမည်။ ဂုဏ်ယူစရာရှိလောက်အောင်လဲ ကျနော် ဂန္ဓီတို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့လို တိုင်းပြည်အတွက် မလုပ်ပေးနိုင်ခဲ့ပေ။ လူသားတွေအချင်းချင်းအပေါ်မှာလဲ အမှားတွေ သိရက်နှင့်ဖြစ်စေ မသိပဲနှင့်ဖြစ်စေ ကျူးလွန်ကောင်း ကျူးလွန်ခဲ့ဖူးမည်။ ထိုအတွက် ဂုဏ်ဆိုတဲ့ စကားလုံးက ကျနော့်အတွက်တော့ မဟုတ်ပေ။

၁၀။ ရှာကြံဖြေသိမ့်မိတာက..

တကယ်၍ အပေါ်မှာ ပြောခဲ့သလို ကျနော်ချစ်တဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ဘလော့ဂါညီအကိုမောင်နှမတွေ အားလုံး တစုတဝေးထဲ နေပြီး သေကြရမယ်ဆို ကျနော် ရှာကြ့ ဖြေသိမ့်နေမိမှာပဲ။ သေတာတောင် ချစ်ခင်တဲ့လူတွေနဲ့ တူတူသေကြေရတယ်လို့ပေါ့....

၁၁။ ကျူးရင့်ချင်တဲ့ ဥဒါန်း..

ဥဒါန်းဆိုတာထက် တောင်းပန်ချင်တာလေးတွေပါ။ ကျနော်ကြောင့် စိတ်ဆင်းရဲခဲ့တဲ့ လူတွေ၊ လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ လူတွေအတွက် ကျနော် တောင်းပန်ချင်ပါတယ်။

အချိန်
တိုတောင်းလှတဲ့အချိန်
တူတူဆုံတွေ့ ရင်းနှီးခဲ့သည်။
မျိုးတော်ခဲ့သည် တချိန်မှာတော့
တူတူသွားမည် နောက်ကမ္ဘာသို့
မကြောက်မရွံ့ တရားမှတ်လျှင်
ကောင်းရာသုကတိ လားစေ၏


လေးစားရသော ကဗျာဆရာအကိုအောင်သာငယ် Tag တဲ့ တကယ်လို့ ကမ္ဘာပျက်မယ် ဆိုရင်ပေါ့ ဆိုတဲ့ Tag Post လေးပါ။ ထပ်ပြီး မTag တော့ပါဘူး။ အနိစ္စအာရုံ မြင်ကွင်းတွေ ထပ်ပြီး ဖတ်နေရမှာဆိုးလို့ အဟေးဟေးးးးးးးး ရေးချင်သပါ့ဆိုလဲ ကျနော့်ကိုခင်တဲ့လူတွေ အကုန်သာရေး Tag တယ်ဗျို့ တကယ်တော့ ဘာမှလဲမသိ၊ ဟုတ်တာလဲမဟုတ် လောက်ပါဘူး။ ကြည့်ဖူးတဲ့ စူပါမင်းလိုဖြစ်ရင်ကောင်းမယ် ပြေးလို့လွတ်မယ်နော့်။ ကျနော်ကတော့ လုံးဝမယုံပါ :)) ဘာပဲပြောပြော ၂၀၁၂ ဆိုတော့ နီးနေပြီနော့် မိန်းမမရသေးတော့ ရဖူးတယ်ရှိအောင် ယူထားရင်ကောင်းမယ် အဟား ဟားးးး :)

မှတ်ချက်။ ။ ပုံကို Google မှ ယူပါသည်။




လေးစားလျက် တောင်ပေါ်သား

19 comments:

  1. သေရမယ်ဆိုလည်း ကိုယ်ပဲ အရင်သေချင်တယ် .. နောက်ဆုံးမှသေပြီး ရှေ့မှာ ဖြစ်သမျှ မြင်မသွားချင်ဘူး .. ကျန်ခဲ့သူလည်း မဖြစ်ချင်ဘူး .. :D

    hard disk အလုံး ၁သောင်းမှာ စာတွေရေးမယ်လား
    ခုက စရေးရင်တောင် မှီပါ့မလား မသိဘူး :D

    သရုပ်ဖော်ပုံလေးတွေနဲ့ လုပ်ပေးခဲ့ရင်တော့ နားလည်လောက်မယ်ထင်တယ် .. စာကြီးပဲတော့ မပြောတတ်ဘူး :P

    ReplyDelete
  2. ကိုတောင်ပေါ်သားကတော့ လုပ်ချလိုက်ပြန်ပြီ။ မသေခင်လေးတောင် စည်းစိမ်က ခံချင်သေးတယ်။း)
    ကဲ မိန်းမယူရင်လည်း မြန်မြန်သာယူထားတော့ ၀ါလည်းကျွတ်ပြီ ၂၀၁၂ ဆိုတာကလည်း သိပ်မလိုတော့ဘူးနော်။ တကယ်ဖြစ်လာရင်တော့လည်း တွေးတောင်မတွေးရဲဘူး။ ဘာအရေးလဲ ကိုတောင်ပေါ်ရာ အဖော်နဲ့အပေါင်းနဲ့ သေရတာပဲ ပျော်စရာကြီး ဟေဟေးးး

    ခင်မင်လေးစားလျှက်

    ReplyDelete
  3.ှငရဲ နိဗ္ဗာန် မရှိ ရှိ ဆိုတာကတော့ ကျနော်တို့ လည်း ပါရမီ မပါသေးတော့ မဝေဖန်နိုင်သေးပါဘူး။ ဗုဒ္ဓဘာသာတစ်ယောက်အနေနှင့်တော့ ကံကံ၏အကျိုး ကိုတော့ သက်ဝင်ယုံကြည်ပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတဲ့ဘုံ ရောက်လိမ့်မပေါ့ :)

    လူဆိုတာ သေမျိုးချည်းပဲလေ။ တစ်နေ့ မဟုတ် တစ်နေ့ ။ စောတာနဲ့ နောက်ကျတာ။ အကယ်လို့  ၂၀၁၂ မှာ တကယ်ပဲ ပျက်တော့မယ်ဆိုရင် တစ်ချက်ထဲ ထိတာနဲ့  သေချင်တယ် (ကြက်သီးထလိုက်တာ :P )

    အားလုံးနာကျင်နေတဲ့ ပုံရိပ်တွေလည်း မမြင်ချင်ဘူး။ အဲဒါကြောင့် ကမ္ဘာပျက်ဆီးလို့ သေရမယ်ဆိုရင် တချက်ထဲနဲ့ ထိပြီး အစောဆုံးသေချင်တယ် :)

    ReplyDelete
  4. ဟုတ်တယ် ဟုတ်တယ် ပုံဆွဲခဲ့ ပြီးတော့ ပျူစာတို့ မွန်စာတို့ ရှမ်းစာတို့နဲ့ရေးခဲ့ (နောက်လာမယ် သူတွေကြ ဘယ်လိုခေါ်လဲ သိချင်လား အိမ်လာခဲ့ ပြောပြမယ်)းP

    ReplyDelete
  5. ဘယ်သွားသွား..ကမ္ဘာပျက်နေတာပဲနော်..

    ReplyDelete
  6. အဟီးးးတကယ်သာဖြစ်လာရင် အစောဆုံးမဂန့် ချင်ဘူး.. ရေတမာ့ဆီမှာလဲရေးခဲ့သေးတယ်...ရေဘူးလေးနဲ့ စူပါမင်းသာရှိမယ်ဆို ရေသောက်စောင့်မယ်...

    နောက်ဆုံးမှ သေမယ်...သူများတွေကို နှစ်သိမ့်ပေးနိုင်လို ပေးနိုင်ငြား...ပြီးမှ ရေဘူးလေးပိုက်သေမယ်ကွာ....... :D

    ReplyDelete
  7. မ,ဒီနေ့လိုက်ဖတ်နေတာတော့ ဒါတွေကြီးပဲ။ မ,ကိုလည်း Tagခံထားရတာ ဘာရေးရမယ်မှန်းမသိလို့။ ဟားဟား

    ReplyDelete
  8. အာာာ လူနောက် သံဝေဂတွေပဲ ရနေသလိုလိုနဲ့ နောက်ဆုံးကျမှ ကြော်ငြာကပ်ဝင်သွားတယ်... :P

    ReplyDelete
  9. တောင်ပေါ် နင်ဟာလေ
    အထင်တကြီးဖတ်လာသမျှ......
    ဟူးးး
    မိန်းမဆိုတာ ရဖူးတယ်ရှိအောင် ယူစရာလားအေ့။
    ဟွန်းးးး

    ReplyDelete
  10. တိုတောင်းလှတဲ့ လူ့လောကကြီးမှာ လူအချင်းချင်း လှည့်ပတ်ခြင်းမှ ကင်းဝေးကြပါစေ
    တရားမျှတမှု ငြိမ်းချမ်းမှုတွေနဲ့ပဲ ကျန်ရှိတဲ့ ရက်တွေကို ဆက်လက်နေထိုင်သွားချင်တာတော့ အမှန်ပဲလေ

    ReplyDelete
  11. ကမ္ဘာက ၂၀၁၂ မှပျက်မလားမပျက်လားတော့သိဘူး ဒီမှာတော့ ရာသီဥတုရော၊လူတွေရဲ့စိတ်ဓာတ်ရော၊ ကိုယ့်ကျင့်တရားတွေအားလုံး ယိုင်နဲ့နေတာ ကလည်း ကမ္ဘာပျက်ခနီးလုလုပါပဲ

    ReplyDelete
  12. တူမောင် တောင်တောင်ရေ..
    တရားသဘောလေးတွေ သေချာမြင်အောင် ကြည့်သွားပါတယ်..

    ကမ္ဘာမပျက်လည်း ဒို့တွေကတော့ ပျက်ရမှာပဲလေ..

    ဒီတော့ သေတတ်ဖို့အတွက် နေတတ်ကြဖို့ပဲ လိုတာမဟုတ်ဘူးလား..

    ချစ်ခင်စွာဖြင့်
    ကိုရင်နော်

    ReplyDelete
  13. ကမ္ဘာ မပျက်ဘဲ မိန်းမတယောက်ယူပြီး ကျွေးထားရတာ အဖတ်တင်ဦးမယ်။

    ကမ္ဘာပျက်မယ်ထင်လို့  ယူမိတာပါ
    မပျက်ရင် ပြန်ကွာပေးပါလို့ 
    လက်ထပ်ခွင့် တောင်းရင် ထည့် ပြောဖို့  မမေ့ပါနဲ့ နော်
    ha ha ha

    ReplyDelete
  14. ဩော် တောင်ပေါ်တောင်ပေါ်
    မိန်းမကိုပဲ မသေခင်ယူဖူးတယ်ရှိအောင် ယူရဦးမတဲ့

    အတူတူသေကြမှာပဲ ဘာမှအားနာစရာမလိုဘူး၊မျက်နှာပူစရာမလိုဘူးဆိုပြီး

    ခုကတည်းက တွေ့သမျှကောင်မလေးတွေ စာလိုက်ပေးနေလားမသိဘူး..


    ပြောသာပြောတာ နင်ပြောပြလိုက်တော့လည်း
    စဉ်းစားစရာ ရသွားတယ်..။

    မသေခင် နေနည်းလေး ပြောတာပါ
    :D

    ReplyDelete
  15. 2 ယောက်လောက် ယူ လိုက်ပါ...

    ReplyDelete
  16. နေရာတကာ ကမ္ဘာတွေ ပျက်နေကြတာ ..
    သေရမှာတောင် ပျော်စရာကြီးပါလား ကွဲ့  ..

    နောက်ဆုံး ဝါကျ တကြောင်း .... လိုတဲ့ ဆုကြီး အမြန် ဆုံး ပြည့် ဝ ပါစေ ဆရာ ပေါ်ပေါ် ရေ ....
    ( ရဖူးတယ်ရှိအောင် ယူထားးးး )

    ခီလောက် ကတော့ လူဖြစ်ရကျိုး နပ်သွား ပြီ ...း))

    ReplyDelete
  17. ခုမှ လူဖြစ်ခါစ အဖြူထည် ကလေးငယ်တွေ ဒီလိုပဲ စုပုံ ရောနှော သေဆုံးကြမယ်ဆို

    ထောင်ကျနေတဲ့ သူတွေ လည်း နှစ်ရှည်လများ ထောင်ကျနေပြီး လွတ်တောင် မလွတ်သေး အားလုံး သေရမယ် ဆို

    ဒါဟာ ဘယ်နည်းနဲ့မှ လက်ခံနိုင်စရာ မရှိပါဘူး။ ဘယ်တရားပါ့မလဲ။

    မသေခင် မိန်းမ ယူချင်သေးတယ် ဘလော့က မိတ်ဆွေတွေနဲ့လည်း တွေ့ ချင်သေးတယ်လား။
    ဒါကတော့ လုပ်ဖို့မှီသေးတယ်။ :)

    မအယ်

    ReplyDelete
  18. တစ်ကယ်သာပျက်ခဲ့ရင် တော်တော်ဝမ်းနည်းစရာကောင်းတယ်ဗျာ.။
    ကျွန်တော်လည်း မိန်းမမရသေးလို့. အဟဲ.:).။
    အသက်ရှင်ခွင့်ရသလောက်တော့ ကောင်းတာတွေလုပ်ပြီး ပျော်ပျော်နေမယ်ဗျာ.။ ပျက်တော့လည်း အတူတူပေါ့. ပျော်ပျော်ပါပဲ.။

    ခင်မင်လေးစားလျှက်

    ညီညီ(အနာဂါတ်သံစဉ်)

    ReplyDelete
  19. အေးပါ...ခင်ဗျားမသေခင် မိန်းမလေးယူသွားပါဦး... ဟဲဟဲ စေတနာနဲ့နော်...

    ReplyDelete

Blogger Template by Clairvo