Labels

စိတ်



ပညာတွေတတ် အမိုက်မှောင်ဖုံး
ပြင်ရန်ခက်ခဲ မိုက်တွင်းနက်သည်

တဇောက်ကန်းမြင် ငါလုပ်ငါမှန်
လွဲမှားယူဆ ပြင်ရန်ခက်သည်

တိုင်းပြည်မချစ် မစောင့်ထိန်းတော့
သူ့ကျွန်ဘ၀ အမြန်ရောက်သည်

အရှက်မရှိ အကုန်ဖော်ထုတ်
နွားဇာတ်ခင်းတော့ လူကြည့်များသည်



လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။




လေးစားလျက် တောင်ပေါ်သား

25 comments:

  1. တောင်ပေါ် သေအုန်းမယ် စာတွေအများကြီးဆိုလို့
    အဟုတ်မှတ်ပီးပြေးလာတာ ခလုတ်တောင်တိုက်ဒယ်
    နေအုန်း စာပြန်ဖတ်လိုက်အုန်းမယ်
    အရင်ဆဲချင်လို့

    ReplyDelete
  2. အောက် ဆုံးအပိုဒ်လေး အရမ်းကြိုက်တယ်ကွယ်.....

    ReplyDelete
  3. ဒေါက် ဂေါက်..အင်းဟာ...
    ပြာ

    ReplyDelete
  4. ဒုတိယပိုဒ်အကြိုက်ဆုံးဘဲ
    ပြင်ရန်ခက်ပါ့

    မမပြာ တယောက်ထဲဖြစ်နေမှာစိုးလို့
    ဒေါင် တိန်
    ကဲဟယ်

    ReplyDelete
  5. ဟိ ၂ ခါဖြစ်သွားလို့ ပြန်ဖျက်လိုက်တာ ချောတီးးး

    ReplyDelete
  6. ရေအိုင်ထဲက ဖားသငယ်
    လသာရာ သူ့နယ်ဝယ်
    သူသာလျှင်ဘုရင်ထင်လို့
    တဇောက်ကန်း တလွဲချော်
    စိတ်ပျက်ဖွယ် ဖားသငယ်။။

    အကြံအဖန် အမှန်အကန်
    ဟိုမကျန် ဒီမကျန်
    ထင်ယောင်ထင်မှား
    ရင်မှာမထားပေမယ့်
    ထင်ရာစော်ကားနေတာတော့
    နွားပလာတာကျွေးဖို့
    တို့များတော့ ဆီအိုးမတည်နိုင်ပေါင်..။


    ဒီမှာ ပေါ်ပေါ်


    မင်းဖဲ့ချင်တိုင်း ဖဲ့လို့ရမယ် မထင်ပါနဲ့...။

    မင်းနားလည်ထားဖို့က မင်းဘာကောင်လဲ ဆိုတာကိုပါ...

    ဘာမှ မပြောတာ မပြောချင်လို့ မဟုတ်ဘူး..

    စိတ်ပျက်တာ... စိတ်ကုန်တာ.. နားလည်သင့်တယ်

    ReplyDelete
  7. ခွိ.. ကောမန့်ပေးမလို့ဟာ ကိုဖိုးစိန်ရေးပေးထားတဲ့ဟာ ဖတ်လိုက်ရတော့ ရေးတော့ဘူး သူ့ကဗျာအတိုင်းသာ မှတ်လိုက်တော့ :P

    ReplyDelete
  8. အမယ်ငှီးနော်... နာ့နှယ် မမေလေးလိုပဲ လာတာ စာတွေအများကြီးဆိုလို့ ... ရောက်လဲရောက်ကော... ဟွင်းးးးးးးး

    အင်း ရေးထားတာလေးက ကောင်းတယ်... ကဗျာလေး... ဖတ်လို့ ကောင်းတယ်...

    နောက်ဆုံးတပိုဒ်ကြိုက်တယ်... လူကြည့်များ ထင်ပေါ်ချင်လို့ နေမှာပေါ့ =)

    ReplyDelete
  9. နှလုံးသားလှမြတ်
    စိတ်ဖြူသန့်လို့
    မောဟစိတ်တွေ
    တွေးသင့်မနေပဲ
    သဘောထားကြီးစွာ
    လွှတ်ပေးလိုက်ပါ။

    ReplyDelete
  10. ညီတောင်ပေါ်

    အကို့ကို ရည်ရွယ်တာ မဟုတ်ဘူးဆိုတာ

    အကိုသိတယ်။ သူ့တို့လည်း အကို့လိုမျိုး

    ထင်သွားကြမလား မသိဘူးနော်။

    ReplyDelete
  11. ခက်တယ်..
    သူများဖဲ့စရာမရှိတော့ ကဗျာရေးပြီး..
    ကိုယ့်ကိုယ်ကို ပြန်ဖဲ့နေတယ်..
    သနားတယ်ကွာ..

    ReplyDelete
  12. ချကွ.... ထိုး..ထိုး... သောက်ခွက်ကိုမတ်ခွက်နဲ့ ခြောက်ချက်လောက်ရိုက်ပြီး ကျောက်စက်နဲ့စားပစ်...။ ဖဲ့ကွာ.... ဖဲ့.. ..။

    ReplyDelete
  13. ဖိုးစိန်ရယ် ရီလိုက်ရတာ။ နွားကို ပလာတာ မကျွေးပါနဲ့။ မအယ်ကိုတော့ ကျွေးပါနော်။ :)))

    ReplyDelete
  14. ခုတ်ရာတခြာား ရှရာတလွဲဖြစ်တော့မှာပဲ... နွားဇာတ်ခင်းလို့ လူကြည့်များတယ်ဆိုလို့ပါ... တချို့ ဘလော့ခ်ဂါများ ဇာတ်လမ်းများရေးလို့ လူကြည့်များပြီး ကွန်မန့်တက်တာတွေနဲ့များ.ား.. နည်း... နည်း... တူ... တူ... နေမလားလို့.. ဟိဟိ... (ကိုသီဟသစ်နဲ့ သတ်ရတော့မှာပဲ.. သူ့စောင်းရေးတယ်ဖြစ်ဦးမယ်...)

    ReplyDelete
  15. ဪ....
    ဖဲ့ပြီးလို့  ဆိတ် တာလား ဆရာပေါ်ရယ် ....အဲ့ လေ
    စိတ် ပါလား .. လို့ ။

    အရှက်မရှိ သရက်စိ ဆိုတာတော့ ကြားဖူးတယ် ။
    ဘာသရက် လည်းတော့ မသိဘူး ကွဲ့  ..
    နွား က ဘာဇာတ် ခင်း တာလည်း လို့  ..“ ဟင် ”..
    မသိ လို့  မေးကြည့်တာပါ .. ဖြေပါလား .. “ဟင် ”..
    မဖြေရင် စိတ်ဆိုး မှာ နော် “ဟင် ”

    ဟိတ် ..
    ကိုယ့် သမိုင်း ၊ ကိုယ်ရေး ...ဒါ ပဲ ...
    ( ကိုကျော်သူ လေသံ နှင့် ပွား လိုက်သည် )

    ReplyDelete
  16. ဆော်ပလော် တီးကောင်းတုန်းပဲ

    ချကွ (ဘယ်ဘက်နေရမှန်းမသိဘူး ။။။)

    ပရိသတ် လုပ်တာပဲ ကောင်းမယ်ထင်တယ်။

    ReplyDelete
  17. ဦးတောင်လား ကိုပေါ်လား သားသားလားဟင်

    ReplyDelete
  18. ကဗျာဆိုတာထက် ရှေးခေတ်ကလို ဆုံးမစာ ပုံစံ မျိုးလို့ထင်မိတယ်။ ကြိုက်ရာရှုထောင့်က ယူလို့ ရတဲ့ စာမျိုးပါပဲ။ အမြဲလာဖတ်ဖြစ်ပေမယ့် မမန့် ဖြစ်တာပါ ။

    ReplyDelete
  19. ကဗျာလေးက သဘောကျစရာပဲဗျာ

    ReplyDelete
  20. အမှန်တရားလေးတွေပဲ..
    ဒါပေမယ့် ကဗျာနဲ့တော့ သိပ်မတူဘူး....

    ReplyDelete
  21. ကိုတောင်ပေါ်ရေ အစ်ကိုကဗျာ ဖတ်ပြီးမှ . ကိုယ့်ကိုကိုယ် ဘယ်ဇာတ်ခင်းနေလဲ ပြန်မေးကြည့်ပါဦးမယ်. ။ ကျွန်တော်လည်း လူဇာတ်တော့ ဟုတ်မယ်မထင်ဘူး.။

    ကဗျာကလေးစားစရာ ပါပဲ.။

    ကိုယ်ထင်ရာ ကိုယ်တွေး
    ကိုယ့်အတွေး ကိုအမှန်
    ကိုယ့်အလံကိုယ်ထူ.
    ကိုယ့်သမိုင်းကိုရေး
    ကြပါစို့ဗျာ.။

    ခင်မင်လျှက်

    ညီညီ(အနာဂါတ်သံစဉ်)

    ReplyDelete
  22. အဟိအဟိ..းP

    ပြောတော့ဘူး((((((((((ဟေ့)))))))

    ၂ ကိုလည်း ခုမှပဲ ဖတ်ရတယ်..
    ဘာတဲ့.. ချုံးသလေး အိုင်ဒိန်.. ခိခိခိ..

    ပျော်ရွှင်ပါစေဟေးးးးးးးးးးးးးးးးးးး
    စည်သူ။

    ReplyDelete
  23. ဘာဇါတ်ခင်း...... ?း) ၀င်ပြုံးသွားပါတယ်

    ReplyDelete

Blogger Template by Clairvo