Labels

မဆုံနိုင်တဲ့




ဘေးချင်းကပ်လျှက်
နီးရက်နဲ့ဝေးးးးး

မဆုံနိုင်တဲ့ မြစ်၂စင်း
သံဟဇာတ တည့်အောင်
တယောက်ကို တယောက် ဖေးထူလို့
ကူညီမူတွေအလျှံပယ်နဲ့

သေချာပြန်သုံးသပ်တော့
ဒီမျက်နှာတွေ ဘ၀တသက်မှာ
ဆုံနိုင်ဖို့ကဝေးးးးးး
ငါတို့ဘ၀က သုံးနဲ့လေး


လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။





လေးစားလျက် တောင်ပေါ်သား

14 comments:

  1. ၃ နဲ့ ၄ တဲ့ ခံစားချက်တွေ တူတယ် တိုတိုလေးနဲ့ လိုရင်းမိပါတယ် ကိုတောင်ပေါ်ရေ

    ReplyDelete
  2. တော်တော် Heart ထိပါတယ်...မိုက်ဧ။်

    ReplyDelete
  3. ၃နဲ့၎ ဆိုတော့ Lucky 7 ပေါ့လေ...း)

    ReplyDelete
  4. ၄ နဲ့ ၃ ဆိုရင်ရော .. မျက်နှာချင်းဆိုင်လို့ရတယ်နော် ..း))

    ReplyDelete
  5. ၄ နဲ့ ၃ ပဲဖြစ်စေချင်ပါတယ် ဖြစ်အောင် ကြိုးစားပါ

    ReplyDelete
  6. နီးလျက်နဲ့ဆွေးးး

    မဆုံနိုင်အောင်ဝေး..

    ဆိုတဲ့ သီချင်းလေး နားထဲ ကြားမိတယ်...

    ညီလေးရေ....

    အားလုံးပြောသလို ၄ နဲ့ ၃ လိုက်ပါဗျာ....

    လူ့ဘဝလမ်းဟာ စက်ဝိုင်းတစ်ခုဆိုရင်တော့ ကျောခိုင်းလျှောက်လဲ တစ်နေ့တော့ မျက်နှာချင်းဆိုင် ပြန်ဆုံတွေ့ကြမှာပါ...

    ချစ်သောသူတိုင်း နီးစပ်နိုင်ကြပါစေ...။

    ခင်မင်လျက်

    ReplyDelete
  7. ဆယ်တန်းတောင် ပြန်သတိရတယ် ပုံကြည့်ပြီး
    Bio တွေ ဖတ်ခဲ့တာ များလို့ထင်ပါရဲ့

    ReplyDelete
  8. နီး၇က်နဲ့ဝေး မမြင်ချင်လို့ ကျောခိုင်းထားတဲ့ သုံးနဲ့လေး ဘ၀ ကဗျာကို ဖတ်သွားတယ်။

    ReplyDelete
  9. မြစ်၂စင်းဆိုတော့ ပင်လယ်မှာ သွားဆုံကြမှာပါ.. တောင့်ထားကိုယ့်ဆရာ...

    ReplyDelete
  10. အလဲ့
    ကဗျာရော ပုံရော လန်းသဟ

    ReplyDelete
  11. aww ကဗျာလေးကလဲ အလန်းပါလား
    မိုက်တယ်ဂျေ

    ReplyDelete
  12. ဆုံချင်တဲ့ စိတ်ကလေးတကယ်ပြင်းပြနေရင်ဆုံနိုင်မှာပါ။
    ခံစားချက်အမှန်တကယ်ပြင်းထန်ရင် ပြည့် တတ်တယ်တဲ့
    ၂ နဲ့ ၈ လုပ်လိုက်လေ မကောင်းဖူးလား ၅ ဖြစ်သွားပြီ

    မောင်လေးရေခံစားမနေနဲ့  ဇွဲနဲ့ ကြိုးစားလိုက် ဆုံမှာပါ
    ဆုံချင်ရင်အနီးလေး တဲ့ မဆုံချင်မှဝေးတာ
    ဆုံချင်သူနဲ့ မဝေးပဲ သာယာချမ်းမြေ့ တဲ့ဘ၀ကိုပိုင်ပါစေ။
    မိုး

    ReplyDelete
  13. This article is Interesting ... Thank you so much

    ReplyDelete
  14. Hey thanks for the post. I found it doing a search online for list of home based businesses. It's always wonderful to read a site with good substance. Thanks. looking forward to your next post

    ReplyDelete

Blogger Template by Clairvo