Labels

မဆုံနိုင်တဲ့




ဘေးချင်းကပ်လျှက်
နီးရက်နဲ့ဝေးးးးး

မဆုံနိုင်တဲ့ မြစ်၂စင်း
သံဟဇာတ တည့်အောင်
တယောက်ကို တယောက် ဖေးထူလို့
ကူညီမူတွေအလျှံပယ်နဲ့

သေချာပြန်သုံးသပ်တော့
ဒီမျက်နှာတွေ ဘ၀တသက်မှာ
ဆုံနိုင်ဖို့ကဝေးးးးးး
ငါတို့ဘ၀က သုံးနဲ့လေး


လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။





လေးစားလျက် တောင်ပေါ်သား

19 comments:

  1. ၃ နဲ့ ၄ တဲ့ ခံစားချက်တွေ တူတယ် တိုတိုလေးနဲ့ လိုရင်းမိပါတယ် ကိုတောင်ပေါ်ရေ

    ReplyDelete
  2. တော်တော် Heart ထိပါတယ်...မိုက်ဧ။်

    ReplyDelete
  3. ၃နဲ့၎ ဆိုတော့ Lucky 7 ပေါ့လေ...း)

    ReplyDelete
  4. မဆုံနိုင်တဲ့ အကြောင်းလေး ရှိခဲ့ကြတော့....တနေ့နေ့ အသင့်ဖြစ်အောင် ပြင်ဆင်ပါ့မယ်..အကြင်နာ ဇာတ်လမ်းလေး အလွမ်း ပြောင်းရေးဖို့..သွေးနည်းနည်း အေးအောင် အချိန်ပေးပါဦးကွယ်.....ဟိဟိ ကောင်းတယ် နော် သီချင်းလေးးးး

    စတာ တောင်ပေါ့် ကဗျာလေး ဖတ်မိပြီး သီချင်းလေး သတိရသွားလို့...၃ နဲ့ ၄ မဖြစ်စေချင်ဘူး..

    မမပြာ

    ReplyDelete
  5. ၄ နဲ့ ၃ ဆိုရင်ရော .. မျက်နှာချင်းဆိုင်လို့ရတယ်နော် ..း))

    ReplyDelete
  6. ၃ နှင့် ၄ မလုပ်နဲ့ လေ
    ၄ နှင့် ၃ လုပ်လိုက်
    မျက်နှာချင်းဆိုင်ရော....

    ဘေးချင်းကပ်လျက် ဝေးနေခဲ့တယ်ဆိုရင်
    အဝေးကြီးဝေးမှ မကြေကွဲနဲ့ ဗျို့ 

    ခင်မင်စွာဖြင့် စနောက်သွား၏


    ခင်မင်ခြင်းများနှင့်
    တလနွန်

    ReplyDelete
  7. ၄ နဲ့ ၃ ပဲဖြစ်စေချင်ပါတယ် ဖြစ်အောင် ကြိုးစားပါ

    ReplyDelete
  8. နီးလျက်နဲ့ဆွေးးး

    မဆုံနိုင်အောင်ဝေး..

    ဆိုတဲ့ သီချင်းလေး နားထဲ ကြားမိတယ်...

    ညီလေးရေ....

    အားလုံးပြောသလို ၄ နဲ့ ၃ လိုက်ပါဗျာ....

    လူ့ဘဝလမ်းဟာ စက်ဝိုင်းတစ်ခုဆိုရင်တော့ ကျောခိုင်းလျှောက်လဲ တစ်နေ့တော့ မျက်နှာချင်းဆိုင် ပြန်ဆုံတွေ့ကြမှာပါ...

    ချစ်သောသူတိုင်း နီးစပ်နိုင်ကြပါစေ...။

    ခင်မင်လျက်

    ReplyDelete
  9. ဆယ်တန်းတောင် ပြန်သတိရတယ် ပုံကြည့်ပြီး
    Bio တွေ ဖတ်ခဲ့တာ များလို့ထင်ပါရဲ့

    ReplyDelete
  10. နေချင်ရင် အနီးလေး

    ငိုချင်ရင် မျက်ရည်က ဝဲတတ်စမြဲပါ

    တမ်းတ လွမ်းဆွတ်လို့ ကျိတ်မှိတ်မခံစားနေပါနဲ့


    ဟန်နီ့ အစား ရင်ထဲ မချိဘူးကွယ်

    ပျော်စေချင်ပါတယ်

    ReplyDelete
  11. နီး၇က်နဲ့ဝေး မမြင်ချင်လို့ ကျောခိုင်းထားတဲ့ သုံးနဲ့လေး ဘ၀ ကဗျာကို ဖတ်သွားတယ်။

    ReplyDelete
  12. ၃-၄ တောင်ပေါ်ပြေး
    ၄-၃ ပေါ်ပေါ်ပြုံး

    ၃၃-၄၄ ပြုံးပြုံး လေးပြေး
    ၁၁ -၂၂ ခစ်ခစ် ခစ်ခစ် ..

    အဟဲ ..ဘာရေးရမှန်း မသိလို့  စသွားတယ် ။
    ၃ က ဘယ်သူလဲ ။ ၄ က ဘယ်သူလဲ ။
    နီးချင်ရင် နီးစေသတည်း .....ဆုတောင်းပေးလိုက်တယ် ။။

    ReplyDelete
  13. မြစ်၂စင်းဆိုတော့ ပင်လယ်မှာ သွားဆုံကြမှာပါ.. တောင့်ထားကိုယ့်ဆရာ...

    ReplyDelete
  14. အလဲ့
    ကဗျာရော ပုံရော လန်းသဟ

    ReplyDelete
  15. aww ကဗျာလေးကလဲ အလန်းပါလား
    မိုက်တယ်ဂျေ

    ReplyDelete
  16. သူ ငယ် ချင်း ရယ်....................

    ဆုံစေချင်ပါတယ်

    (ရင်ထဲက စကားအမှန်ပါ)




    ချစ်တဲ့ နင့်သူငယ်ချင်း
    မြ

    ReplyDelete
  17. တံတိုင်းကြီးခြားသွားတဲ့ငါ့ဘဝ မဆုံအောင်ဝေးသထက်ဝေးလွင့်သွား
    အတိုင်းအဆမရှိတဲ့ ငါ့အချစ်တွေ ဆုံးရှုံး

    အဟတ် ဖိုးကျော်သီချင်းကို အမှတ်ရမိတယ် သိလား ကတောင်ပေါ်
    နင့်လည်း အဲ့လိုဖြစ်နေတာလား ဟင်

    ReplyDelete
  18. ဆုံချင်တဲ့ စိတ်ကလေးတကယ်ပြင်းပြနေရင်ဆုံနိုင်မှာပါ။
    ခံစားချက်အမှန်တကယ်ပြင်းထန်ရင် ပြည့် တတ်တယ်တဲ့
    ၂ နဲ့ ၈ လုပ်လိုက်လေ မကောင်းဖူးလား ၅ ဖြစ်သွားပြီ

    မောင်လေးရေခံစားမနေနဲ့  ဇွဲနဲ့ ကြိုးစားလိုက် ဆုံမှာပါ
    ဆုံချင်ရင်အနီးလေး တဲ့ မဆုံချင်မှဝေးတာ
    ဆုံချင်သူနဲ့ မဝေးပဲ သာယာချမ်းမြေ့ တဲ့ဘ၀ကိုပိုင်ပါစေ။
    မိုး

    ReplyDelete
  19. သရုပ်ဖော်ပုံမိုက်တယ်... ကြိုက်တယ်... ဟေးဟေး...

းဝ)

    ReplyDelete

Blogger Template by Clairvo