ကောင်းကင်ထပ်ကိုမော့ကြည့်လိုက်တော့
ညိုမှိုင်းနေတဲ့ တိမ်သားတွေနဲ့အတူ
အလင်းရောင်က ပေါ်လိုက်ပျောက်လိုက်
အရာရာတည်မြဲမူမရှိ ဘ၀ရဲ့ နမိတ်ပြကောင်းကင်တွေလား...
စိတ်အစဉ်ကိုလွှင့်လို့ ဒီပင်လယ်ထဲ
လှော်တက်၊ ရွက်မပါပဲ ငါ မျောလွှင့်ခဲ့ဖူးတယ်
အချိန်တန်တော့လဲ ဘာမှမပါ ငါ့အတွက်တော့
လက်ပန်းကျ မောဟိုက်ခဲ့ရတာပါပဲ.....
မမျှော်လင့် မကြားချင်တဲ့ စကားလုံးတွေ
သံရည်ပူတွေအလား ငါ့နားထဲ တိုးဝင်ရောက်လာတယ်
ပိုင်ဆိုင်မူကို မမက်မောခဲ့ပေမဲ့
ဆုံးရှုံးသွားမှာကို ငါကြောက်ရွံ့နေဆဲပါလေ........
အခြေမခိုင် နှလုံးသားအတွက်
အရာရာကို တောင်းဆိုခွင့်မလုပ်ချင်ပါဘူး
ဝေးနေပေမဲ့ နှလုံးသားဆီက ရိုက်ခတ်လာမဲ့
သံစဉ်မဲ့ တေးသွားတပုဒ်
မင်းကြားနေရဆဲဖြစ်မှာပါ ချစ်သူ..........
လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။
လေးစားလျက် တောင်ပေါ်သား
တောင်ပေါ်သားရေ ကဗျာလာဖတ်သွားပါတယ်။ အဆင်ပြေပါစေ။ "လူသားတိုင်းဟာ လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်" ဆိုတာ လူသားတိုင်း ငြင်းလို့မရတဲ့အချက်ပဲ။
ReplyDeleteတောင်ပေါ်သားရဲ့ ကဗျာလေးက ခံစားချက်လေးတွေနဲ့ ဖွဲ့သီထားသလိုပဲ။ အဆင်ပြေ ပျော်ရွှင်ပါစေ တောင်ပေါ်သားရေ..။
ReplyDeleteခင်မင်လေးစားလျှက်
ကဗျာလေးလာဖတ်ပါတယ် ကိုတောင်ပေါ်ရေ
ReplyDeleteဒါမျိုးလဲရတယ်ပေါ့.... ခံစားရပါတယ်ဗျာ..... အရာအားလုံးကို ဖြတ်ကျော်နိုင်ပါစေလို့ပဲ ဆုတောင်းပေးသွားပါတယ်.။
ReplyDeleteဪ..
ReplyDeleteတောင်ပေါ်သားမှာလည်း အသည်း နှလုံးနဲ့ ပါလားကွယ် ..
သူလည်းလေ လောကီသားပေမို့ လွမ်းနေရရှာပြီင်္ပဲ ။
ဆက်လွမ်း ပါ ဆရာပေါ် ..း))
အပေါ်က ရေးသူ ဖွားကိပါ ..
ReplyDeleteသူများ ဆီက ဝင်မိလို့  ..ဟိဟိ
ဆက်လွမ်း ဆရာ ပေါ်ပေါ် ရေ..
ရင်နှင့် ခံစားပြီ ဖတ်သွားတယ်။
ReplyDeleteကဗျာဖတ်လိုက်ရတာ တကယ်ခံစားလိုက်ရတယ်။
ဖတ်ရတာလဲ ကောင်းတယ်။
အော် ဒါကြောင့်ပြောတာ မလွမ်းရအောင်
ReplyDeleteငါ့လို့ အမြန်ယူပါဆိုတော့လည်းအင်တင်တင်နဲ့ ဟဟ
ခုတော့ ခံစားလို့ ကိုမပြီးတော့ဘူး ဒီချီးထူ တစ်ယောက်နဲ့ တော့ ဟဟ
တော်တော်ခံစားရတယ်ထင်တယ်
စကားလုံးလေးတွေက လှနေတယ် ကတောင်ပေါ်
အချစ်နဲ့တွေ့ပြီးမှ ကဗျာဆရာ ဖြစ်တာလား
ReplyDeleteကဗျာဆရာဖြစ်ပြီးမှ အချစ်နဲ့တွေ့တာလား..။
ပြီးတော့ ဆက်စဉ်းစားရအုံးမယ်။
အင်း.. မမက်မောတာပဲကောင်းပါတယ်ကွာ..
တောင့်တမိတဲ့စိတ်ဖြစ်လာရင် အတော်ဒုက္ခရောက်တယ်ကွ..
အင်း.. မင်းတော့ လူပျိုကြီးဖြစ်အုံးမှာပဲ .. ။
အင်း.. လူပျိုကြီး တော့ ဖြစ်မယ် မထင်ပါဘူး
ReplyDeleteခုတောင် အိမ်ထောင်ကျခါနီးပြီမို့လား
:)
ကိုသီဟပြောလိုက်မှ မျက်စိထဲမြင်သွားတယ်
ReplyDeleteချစ်စိန်ရှိတယ်လေ :D
တကယ်အချိန်တန်ရင်တော့ နားခိုဖို့ နေရာတခုဆီ ရောက်မှာပါ ..း)) ဖိုက်တင်း :D
ReplyDeleteအဟမ်းးး ကိုဖိုးစိန် သိရင် ငိုတော့မှာပဲ ချော့နိုင်ဘူးနော်....
ReplyDeleteပိုင်ဆိုင်မှုကို မမက်မောခဲ့ပေမဲ့
ဆုံးရှုံးသွားမှာကို ငါကြောက်ရွံ့ နေဆဲပါလေ....
ဆိုတာလေး သဘောကျတယ်...
ကျားယို........ =)
ရည်ရွယ်သူ သိပါစေ တောင်ပေါ်သားရေ...
ReplyDeleteးဝ)
ကောင်ကလေး..တော်တော်လွမ်းနေပြီလား..
ReplyDeleteဘကျောက်လဲ..မင်းဂျီတော်ကြီးလွမ်းရကောင်းမလားစဉ်းစားနေတယ်..
(လွတ်လပ်စွာသဘောမတူနိုင်ခွင့်ရှိပါသည်)
မိန်းမမယူဘူး။စိတ်ကုန်တယ်ဆိုတာကို... ကျွန်တော့်ဘလောက်မှာပြောသွားဖူးသလိုပဲ...
ReplyDeleteတွေးစရာပဲ...ဒီကဗျာကြီးထွက်လာတယ်ဆိုတာ့.....
သူဘယ်လိုများ၊....ဘယ်လိုလူနဲ့များခံစားရေးသားပါလိမ့်..
ဘာပဲဖြစ်ဖြစ်ရင်တွင်းဖြစ်တွေဆိုတော့အားပေးနေပါ၏
ကိုတောင်ပေါ် တောင်ပေါ်သူလေးကိုလွမ်းနေပြီလား
ReplyDeleteရေစက်ရှိရင် မလွဲပါဖူး ။
မျှော်မှန်းလွမ်းနေတဲ့ သူလေးနဲ့  ရေစက်အမြန်ဆုံပါစေ
:) အလွမ်းဓာတ်ခံတွေ တွေ့နေရပါတယ်။ ဘယ်လိုဖြစ် တူတော်မောင်..ကြီးဒေါ်ကူညီရမလား???
ReplyDeleteဘာပြောပြော ကဗျာလေးက ကောင်းတယ်။ ခံစားသွားတယ်။