Labels

အပေါ်ယံ


အပေါ်ယံတွေနဲ့ ငါမဟန်ဆောင်ချင်ပါဘူး
ပျော်ရွှင်မူမဲ့တဲ့ နှလုံးတစုံလဲ ငါမမက်မောဘူး
နာကျင်မူတွေ ခံစားရမှန်းသိပေမဲ့
နင်လိုရာ နင်ပျံသန်းနိုင်ပါတယ်
ငါဟာ နင့်ကို တားခွင့်ရှိသူတယောက် မဟုတ်ပါလေ.....

မာယာတွေနဲ့ ရစ်မူးနေတဲ့
ပွက်လောရိုက် ဆူညံသံတွေကြား
မလုံတလုံအ၀တ်တွေနဲ့ အရောင်စုံမီးလုံးတွေအောက်
ပျော်မြူးနေကြတာ ဒါဟာ ဘ၀ပေးအခြေအနေတဲ့လား
ဒါမှမဟုတ် အပေါ်ယံပဲလား.........

ဘီယာတခွက်ကို အဖော်ပြု
လက်ကြားက စီးကရက်လေးထည့်လို့
ရစ်မူးတဲ့ အကြည့်တွေနဲ့
ရမ္မက်ရှိုက်တဲ့ မျက်လုံးတွေနဲ့
ဒီလောက လူတွေကြားမှာ ဒါတွေဟာ အပေါ်ယံတွေတဲ့လား.......

သာယာတဲ့တေးသွား
အေးမြတဲ့ တရားသံတွေ
ကြည်လင်စူးရှတဲ့ မိဘအကြည့်တွေ
ငါတို့တွေမေ့လို့ ပျော်ပါးနေခဲ့ကြတာ
ငါတို့လဲ ဒီလူသားပေမို့ ဒါတွေဟာ အပေါ်ယံတွေတဲ့လား.........


သတိ။ ။ဘာရယ်မဟုတ် စိတ်ထဲရှိတာ ရေးခြင်းသာ ဖြစ်ပါသည်။


လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။



လေးစားလျက် တောင်ပေါ်သား

12 comments:

  1. တားခွင့် ရှိသူ တယောက် မဟုတ်ဘူး ဆိုတာ အပေါ်ယံ တွေ လား..း)

    ReplyDelete
  2. ဟန်မဆောင်ချင်တာ ကောင်းတာပေါ့
    ဟန်လည်း မဆောင်နဲ့
    ဘ၀ပေးအခြေအနေကြောင့် ပျော်တာ ဒီမှာ ခပ်ရှားရှားပါ
    ပျော်ချင်လို့ကို ပျော်နေတာ
    ဘီယာအကြောင်းတော့ မသိဘူး
    အိမ်ကို မေ့နေတဲ့လူ မရှိလောက်ပါဘူး
    အချိန်တန်ရင် အိမ်ပြန်ရတာပဲလေ

    သတိ - စိတ်ထဲရှိတာ ရေးထားခြင်းကို စိတ်ကူးပေါက်သလို ပြန်ရေးသည် :D

    ReplyDelete
  3. ဘဝဆိုတာတိုတိုလေးငါ့တူရေ့...
    နေရတုန်းစိတ်ချမ်းသာဖို့လိုတာပါပဲ

    ReplyDelete
  4. ဘာရယ်မဟုတ်ပဲ စိတ်ထဲရှိတာ ရေးထားတာလဲ ဖတ်လို့ ကောင်းတယ်ဗျ။

    ReplyDelete
  5. တောင်ပေါ်သားရေ လာဖတ်ပါတယ်။ အပေါ်ရန်တွေကို စိတ်ကုန်နေပြီဆိုရင် လေးနက်တာတွေလည်း ရှိသားပဲ။ ရွေးချယ်လို့ ရပါတယ်။ ပျော်ရွှင် ချမ်းမြေ့ပါစေ။

    ReplyDelete
  6. မေ့လောက်မှ တစ်ခါရောက်တော့ အပေါ်ယံများ ဖြစ်မှန်းမသိ ဖြစ်နေမယ်ထင်လို့ မျက်နှာပူတယ်

    ReplyDelete
  7. ဟိုက် ကတောင်ပေါ် သေချာတယ်ဒင်းတော့
    ကလပ်သွားတာကို စားမြုံပြန်နေပြီ ထင်တယ်
    မသွားကောင်းတဲ့ နေရာကိုသွားမိပြီထင်တယ်ဟ
    ကောင်းမကောင်းတော့မသိဘူး အဲ့လိုနေရာဆို လူတွေ များသားဟ
    ငါ့မြင်မိတာလေးတွေပါ
    တောင်ကြီးလည်း အဲ့လိုလေးတွေဖြစ်လာနေပြီ ဟဟ
    ပြန်ပြီးတစ်ခေါက်ပြေးကြည့်အုန်းနော်ကတောင်ပေါ်

    ReplyDelete
  8. ဖြစ်တက်ပါတယ်။
    အပေါ်ယံဆိုပြီး သွားတော့ မခွာကြည့်နဲ့ပေါ့ကွာ...
    တောထွက်ချင်သွားမယ်။

    ReplyDelete
  9. ၂ ရက်နေ့အကြောင်းရေးသားတာဟင်

    ReplyDelete
  10. ဒါမျိုး သားတို့ တွေးဖူးတာ လွန်ခဲ့တဲ့ ၁ နှစ်လောက်
    ကတည်းကပေါ့
    ခုတော့ အပေါ်မယံပါဘူး နားလည်သွားတာ ဟီဟီ =D
    ဟိုအကြောင်း ဒီအကြောင်းကို ဟိုဒီမှာ ထားပါလေ။
    မဖြစ်ဘူး အနေအထိုင် ဆင်ခြင်မှ။ =P

    ReplyDelete
  11. ဘဝပေးအခြေအနေဆိုတာထက်.......... ဟင်း... ကဗျာဖတ်ပြီး စဉ်းစားစရာတွေ အများကြီးရသွားတယ်ဗျာ

    ReplyDelete
  12. တောင်ပေါ်ရေ ကဗျာလေးတအားကောင်းတယ်။ နှစ်ခါဖတ်ပြီးမှ မန့်သွားမယ်နော့။ လုပ်နေသမျှတွေ အပေါ်ယံတွေ ဖြစ်နေတတ်တာ သတိပေးလိုက်သလိုပဲ

    ReplyDelete

Blogger Template by Clairvo