အင်း မမ၀ါ ကတက်ဂ်ထားသေးတယ် အခုတလော တက်ဂ်ကြွေးတွေ ပိနေပါ့။ အခုတော့လဲ ရေး၇ဦးမှာပေါ့ ဒါပေမမဲ့ မမ၀ါ တက်ဂ်တဲံ့ ခေါင်းစဉ်က ဗရုတ်သုတ်ခအကျဆုံးနေ့တစ်နေ့ တဲ့။ သွားပြီ ကျနော် ဗရုတ်သုတ်ခအကျဆုံးနေ့တစ်နေ့ ကို သိဘူးဗျ ဒီစင်ကာပူမှာတော့ ဗရုတ်သုတ်ခအကျဆုံးနေ့တစ်နေ့ ဆိုတာရှိသေးဘူးလားလို့ ဟဲဟဲ ကိုယ့်ဟာကို ထင်တာလေ..
ဒီတော့ ကျနော်စဉ်းစားလိုက်ရတာ ဘာတွေလဲပေါ့ ငါရဲ့ဗရုတ်သုတ်ခအကျဆုံးက.. ဒါပေမဲ့ စဉ်းစားလဲ ဦးနှောက်က မမှတ်မိတော့ဘူးဗျ နောက်ဆုံး တစ်ခုတည်းသော အရာလေးကို ပြန်အမှတ်ရမိတယ်။ ကိုယ်ပေါင်ကို ပြန်လှန်းထောင်းနေသလိုတော့ ဖြစ်နေပြီ မမ၀ါ ရေ.. ဒုက္ခ ဒုက္ခ...
ကျနော် တောင်ကြီးကနေ အထက်တန်းအောင်လို့ ရန်ကုန်ကိုတက်လာပြီး အများတကာလို ကွန်ပြူတာတွေ ခေတ်စားနေတဲ့ ခေတ်မှာ အဲဒီသင်တန်းလေးကို တက်ဖြစ်ပါတယ်။ ပြီးတော့ ကျနော် ကေအမ်ဒီမှာ အလုပ်ဝင်လုပ်ဖြစ်ပါတယ်။ အဲမှာ ကျနော်က တောင်ပေါ်သားဆိုတော့ ကျနော်တို့စီမှာ လွယ်အိတ်တွေလွယ်ရင် (ကချင် လွယ်အိတ်)ကြိုးကို ထုံးပြီးလွယ်တတ်ကြပါတယ်။ အရင်က တက္ကသိုလ်ကျောင်းသားကြီးတွေ အတိုင်းပေါ့။ ကျနော်ပုံစံကလည်း ကြည့်ပါဦး ပုဆိုးကခပ်တိုတို လွယ်အိတ်ကတခြမ်းစောင်း ကြိုးထုံးလေးနဲ့ ဒီတော့ သင်တန်းက စီနီယာဆရာမက ပြောပါလေကော “စိုးမင်းထိုက် နင်ဆရာလုပ်မယ်လဲ ဆိုသေး လုပ်လာတဲ့ပုံစံလဲ ကြည့်ဦးတဲ့“ ကျနော်ကတော့ ဆရာမရှေ့ဆို ဟုတ်ဟုတ်နဲ့ ပုဆိုးတွေ ပြန်ပြင်ဝတ် လွယ်အိတ်လေးကို အထုံးလေးဖြေပေါ့.. ဆရာမကွယ်ရာရောက်ယင်တော့ နဂိုအတိုင်းပြင်လုပ်ပြီးနေတာပါပဲ.. အကျင့်ဖြစ်နေတာကိုဗျ...
ကျနော်ရဲ့ ဗရုတ်သုတ်ခအကျဆုံးနေ့တစ်နေ့ဖြစ်ခဲ့တာကတော့ အလုပ်ကို မနက်ပိုင်း ဆင်းရတဲ့ အချိန်ပါ။ မနက်ဆို ၆နာရီလောက်ထရတာကိုး။ လူကမနက်ဆို မထချင် အပျင်းကတက်သေး။ တရက်ကျတော့ ဒုက္ခစတွေ့ပါလေရော ဘာဖြစ်လဲဆိုတော့ ကျနော်တို့ အလုပ်က ယောပုဆိုး ၀တ်ရတယ်လေ.. အဲဒီပုဆိုးတွေမှာ ဘေးမှာ လိုင်းဖြူတလိုင်းပါတယ်။ အဲဒီယောပုဆိုးက ပုံစံမျိုးစုံပါပဲ ပထမတစ်ခါကတော့ ကျနော်လဲ အိပ်ချင်မူးတူးနဲ့ ထပြီး ရေချိုးပြီး အ၀တ်အစားလဲပြီး ထွက်လာတာပေါ့ ဖြစ်ချင်တော့ ယောပုဆိုးမှာ ပါတဲ့ အကွက်တွေက ငှက်ပုံလေးတွေဗျ ကျနော်က အဲဒီပုဆိုးကို အထက်အောက်မှားဝတ်မိရော ဒီတော့ ငှက်လေးတွေက ဇောက်ထိုးဖြစ်သွားရောပေါ့ ဟီး ရှက်လိုက်တာမပြောပါနဲ့ လိုင်းကားပေါ်ရောက်မှ သိတာဗျ.. ဒီလိုနဲ့ ဘယ်သူမှတော့ မသိပါဘူး ကျနော်တစ်ယောက်ထဲသိတာ အခုမှ ဘလော့ညီအကို၊မောင်နှမတွေ သိသွားပြီး အဲဒါ မမ၀ါကြောင့်ပေါ့နော့်။
ဒုတိယဗရုတ်သုတ်ခအကျဆုံးနောက်တခါလဲ ဒီအလုပ်ပါပဲ။ ဘယ်လောက်တောင် မဆင်ခြင်မိလဲဆိုတော့ ကျနော်မှာ ရှိတဲ့ ပုဆိုးက နှစ်ဖက်လှပုံစံလေးပါ။ ဒါပေမဲ့ ဘေးကပါတဲ့ အဖြူစင်းလိုင်းလေးက တော့ တဖက်လှပါပဲ။ ဒီတော့ ကျနော်မှ ပုဆိုးကို ဗြောင်းဗျန်ကြီး ၀တ်သွားမိပါတယ်။ အဲဒီတော့ ဘေးကအစင်းအဖြူက ချည်တွေက ထွက်လို့ပေါ့ ကျနော်လဲ မသိပါဘူး ကားမှတ်တိုင်ရောက်မှ ပိုဆိုးကို သတိထားမိတာ ကံကောင်းတာက ပုဆိုးကို လှည့်ဝတ်လို့ရလိုက်လို့ပေါ့။တော်ကြာ အရှက်တွေ ဟက်တက်ကွဲတော့မလို့ အလုပ်ရောက်မှ အပေါ့သွားတဲ့ အခန်းလေးထဲသွားပြီး အမြန်လဲရတယ် ဟီး ဘယ်သူမှ သိဘူး အခုမှ သိတာတွေ ဒါတွေကတော့ ကျနော်ရဲ့ ဗရုတ်သုတ်ခအကျဆုံးနေ့တွေပါ။ အမှတ်တရဖြစ်အောင်လို့ ရေးလိုက်တာပါ မမ၀ါ ရေ ကျေနပ်တော့နော် ကျနော်တော့ ဘယ်သူကိုမှ မတက်ဂ်တော့ပါဘူး။ အားလုံးလဲ တက်ဂ် ကြွေးတွေ ပိနေလောက်ပြီး ဟီးးးးးးးးးးးးးး (ကိုကြယ်စင်သွေး စကားလုံး ယူသုံးကြည့်တာပါ စိတ်ဆိုးနဲ့နော့် အကိုကြီးရေ)
အားလုံးမင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေဗျာ...
Labels
- Blog (470)
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
ဒီကမ္ဘာလောကမှာ လူရယ်လို ဖြစ်လာရင် လူတိုင်းမှာ လွတ်လပ်ပိုင်ခွင့် တနည်းအားဖြင့် ရွှေးချယ်ပိုင်ခွင့်တွေ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီရွှေးချယ်ပိုင်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မမျှော်လင့်တဲ့ ဒေါင့်ချိုးတကွေ့ မင်းနဲ့ငါနဲ့ ဆုံတွေ့ခဲ့ကြတယ် ပျော်ရွှင်မှုကို မျှဝေစားလို့ ဒုက္ခတွေကို လည်စင်းခံရင်းပေါ့ ကံကြမ္မာလှိုင်းတံပိုးအော...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ဒီမိုကရေစီ ဒီမိုကရေစီတဲ့ ကျနော်တို့ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာ ဒီစကားလုံးလေးက အရမ်းကို ခေတ်စားပါတယ်။ တခါတလေ ကျနော်တို့ သူငယ်ချင်းတွေ စကား...
-
အကြင်နာတွေကို မင်းမမြင် ခံစားချက်တွေကို ဖယ်ထုတ်လို့ မုန်းချင်ရယ်ဟန်ဆောင် လမ်းခွဲဖို့ စတင်ခဲ့တယ် သံသရာတလျှောက် လက်တွဲဖို့ဆိုတာ မိုးနဲ့မြေ...
-
ကျနော်ဘလော့လေးကို Blogspot မှ WordPress ကို ပြောင်းထားပါတယ်။ အားလုံးပဲ အလည်လာမယ်ဆို အရင်အတိုင်း http://www.soeminhtike.com ကို လာလို့ရပါတယ်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မြန်မာ Chatter များအတွက် အထူးသတိပေးချက် Myanmar Online ဟုတ်ခေါ်သော Network တစ်ခုမှ ပြုလုပ်ထားသော #ygnchat ဆိုသည့် Chatting Server တစ်ခုသည် s...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Blog Archive
-
▼
2008
(190)
-
▼
October
(32)
- ကျနော်ချစ်သော သူလေး
- ကျနော်ချစ်သော သူလေး
- တောင်းပန်စား)
- တောင်းပန်စား)
- :)
- :)
- ကဲ ဘာလုပ်ကြမလဲ
- ကဲ ဘာလုပ်ကြမလဲ
- လမိုက်ည
- လမိုက်ည
- ကျနော်ရဲ့ မွေးနေ့
- ကျနော်ရဲ့ မွေးနေ့
- ဗရုတ်သုတ်ခအကျဆုံးနေ့တစ်နေ့
- ဗရုတ်သုတ်ခအကျဆုံးနေ့တစ်နေ့
- အချစ်ဆိုသည်မှာ Tag
- ညီမလေးအဂျား မွေးနေ့
- အချစ်ဆိုသည်မှာ Tag
- ညီမလေးအဂျား မွေးနေ့
- သီတင်းကျွတ် အမှတ်တရ Tag
- သီတင်းကျွတ် အမှတ်တရ Tag
- မသေခင် ၁၀ ရက်အလို
- မသေခင် ၁၀ ရက်အလို
- ဖြစ်သလိုစားသော ကျနော်
- တောင်ကြီးပွဲ အမှတ်တရ ဓါတ်ပုံများ
- ဖြစ်သလိုစားသော ကျနော်
- တောင်ကြီးပွဲ အမှတ်တရ ဓါတ်ပုံများ
- တောင်ကြီးပွဲလေး အမှတ်တရ
- တောင်ကြီးပွဲလေး အမှတ်တရ
- ကျနော်မြင်မိသော အပိုင်းအစများ
- အပန်းပြေသော ဟာသလေးများ (၃)
- ကျနော်မြင်မိသော အပိုင်းအစများ
- အပန်းပြေသော ဟာသလေးများ (၃)
-
▼
October
(32)
Powered by Blogger.
နောက်ဆို ကိုစိုးမင်းထိုက်ကိုတွေ့ရင် ဘောင်းဘီကို အရင်ကြည့်မယ်.. ဗြောင်းပြန်ဝတ်လာလားလို့.. ဘလော့ဒေး ဗွီဒီယိုမှာသေချာကြည့်လိုက်အုံးမယ်.. ဗြောင်းပြန်များဖြစ်နေလားလို့.. ဟဲ.. ဟဲ.. မဗေဒါကိုလဲ ကိုပုလုကွေး တက်ခ်ထားတယ်.. ဘာရေးရင်ကောင်းမလဲ စဉ်းစားတုန်း.. ကိုယ့်ကိုကိုယ်ဆိုတော့ သက်သက်သာသာလေးရေးမှထင်တယ်.. ဟီး..
ReplyDeleteဟဟဟား ဖြစ်ပုံ..မောင်လေးစိုးမင်းထိုက် ရေ..
ReplyDeleteအမ၀ါ ကြောင့် ရှက်စရာတွေ ပေါ်ကုန်ရှာပါပြီ။ အဟီး
ဒါနဲ့ ပုဆိုးတိုတို ကချင်လွယ်အိတ်လေး ထုံးလွယ်တာက ကျော်သူခေတ်
တုန်းက ကျော်သူ စတိုင်လ်ပါ မောင်လေးရဲ့။ ခေတ်တောင်မှီသေး။
ပုဆိုးဇောက်ထိုးဝတ်တာတော့ အဟီး ငှက်ကလေးတွေပက်လက်တွေ
ဖြစ်ကုန်မှာပေါ့ သနားပါတယ်. ခွီး ခွီး
နောက်ဆို ပုဆိုးဝတ်ရင် သတိထားနော်။ တော်ကြာမင်္ဂလာဆောင်လို့ ပုဆိုး နဲ့တိုက်ပုံဝတ်ရတဲ့ အချိန်ကျရင် ဇောက်ထိုးတွေ ၊ပြောင်းပြန်တွေဖြစ်နေဦး
မယ်.. သတိထားဝတ်နော်။း)
ဒါနဲ့ ငါ့မောင်လေး အမ၀ါ ရဲ့နာမည်တွေတိုင်းနေရာမှာ လင့်တွေထည့်ထား
ပေးရှာတော တော် တော် အလုပ်များသွားရှာမှာပဲနော့။ ကျေးဇူးထပ်တင်
ပါတယ် မောင်လေး။
ရေးပေးတဲ့ အတွက်ကြောင့် လှပချောမောပြီး ချစ်စရာကောင်း လိမ္မာတဲ့
ညီမလေးနဲ့ အမြန်ဆုံး ဖူးစာဆုံနိုင်ပါစေ။
ကျေးဇူးပါမောင်လေး။
ခင်မင်လျှက်
မမ၀ါ
အကိုကလဲလှည့်ဝတ်နေလိုက်သေးတယ် ဘာဖြစ်လဲစတိုင်ပေါ့...ဟီး
ReplyDeleteဟား..ဟား.. နည်းနည်းပဲရီသွားတယ်။ ကိုယ်ချင်းစာလို့
ReplyDeleteတောင်ပေါ်သားလေးရေ----
ReplyDeleteအခုတလော တာ့တွေဖတ်ရတယ်နော်---
ခေါင်းစဉ်တွေအမျိုးမျိုးနဲ့ပေါ့---
မအားတာနဲ့ ကိုယ့်ကိုတာ့ကြတာတွေလည်းမရေးနိုင်--
တပတ်တခါ တင်ပေးနေတဲ့ နှင်းဆီနီ အဆက်ကိုလည်း
ဆက်ဖို့ လာလာပြော---
ဘာပဲဖြစ်ဖြစ်--တောင်ပေါ်သားလေးတို့ဆီတော့---
မရောက်ရောက်အောင် လာလည်ပါတယ်ရှင်----
ခင်မင်လျက်