Labels

တောင်းပန်စား)

ကဲကျနော် အခုဘလော့ ပြန်လုပ်ချင်စိတ်တွေ ပေါက်လာပါပြန်ပြီ။ လူတွေ လူတွေ စိတ်ခံစားချက်များတာတော့ မပြောတော့ပါဘူးနော့်။ ကျနော်လဲမသွန်းသွန်းပြောသလို ဘလော့ကို စိတ်ကုန်တဲ့ အချိန်တွေနဲ့ ကြုံတွေ့ခဲ့ပါတယ်။ ဘာကြောင့်လဲမသိ ဒီဘလော့ကို ရေးချင်စိတ်ကုန်သွားတယ်ဗျာ.. ဒါကြောင့်အလုပ်ကို အကြောင်းပြ မဘလော့ပဲနေကြည့်တာ ဟီး ဒါပေမဲ့ နေလို့ မရပါဘူးဗျာ.. ဘလော့မလုပ်ပေမဲ့ မောင်နှမ ဘလော့ဂါတွေနားတောင် ခိုးကြောင်ခိုးဝှက်နဲ့ အမြဲရောက်ပါတယ်.. အခုတော့ ပြန်ဘလော့ပါမယ်.. ကျနော်ရဲ့ညီအကိုလို ခင်ရတဲ့ ကိုညီသွေးလဲ ပြန်ရောက်လာပြီဆိုတော့ ကျနော်လဲ ဘလော့ကို ပြန်လာချင်စိတ်တွေ ဖြစ်လာပါတယ်။

ပထမဆုံး ကျနော်ဘလော့ကို စွန့်ခွါဖို့ လုပ်မိတဲ့အတွက်လဲ ချစ်ဘလော့ဂါ ညီအကိုမောင်နှမများကို တောင်းပန်ပါတယ်နော့်။ နောက်တစ်ခုက ကျနော်ဒီဘလော့မလုပ်တဲ့ အချိန်မှာ အချိန်ပေးလာလည်တဲ့ ဘလော့ဂါမောင်နှမတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။


အခုတော့ ကျနော်တို့ အမှတ်တရ ဓါတ်ပုံတွေတင်လိုက်ပါတယ်။
ဘာလိုလိုနဲ့ ကျနော်တို့ စင်ကာပူကိုရောက်လာတာ (၁) နှစ်ဆိုတဲ့ အချိန်တောင် ရောက်လာခဲ့ပါပြီ။ ဒီ (၁) နှစ်ဆိုတဲ့ အချိန်တွင်းမှာ သေချာပြန်စဉ်းစားကြည့်တော့ ဘာတွေလုပ်ဖြစ်လဲဆိုတော့ ဘာမှ မလုပ်ဖြစ်ခဲ့ပါဘူး။ အလုပ်နဲ့ အိမ် ဒါနဲ့ပဲ နှစ်ပါးသွားနေပါတယ်။ (၂၄.၁၀.၂၀၀၈) ဒီရက်လေးကတော့ ကျနော်တို့ စင်ကာပူကိုရောက်တဲ့ တနှစ်ပြည့်လေးပေါ့။ ဒါနဲ့ အမှတ်တရ ဓါတ်ပုံလေးတွေ တင်ထားပါတယ်..

ဒါလေးကတော့ ကျနော်ရဲ့ လက်ဆောင်ထုပ်လေးပေါ့.......







12 comments:

  1. နောက်တာလား အဲ့လိုပဲဖြစ်တက်တယ် ကျနော်ဆို တစ်လတစ်ခါနားမယ်ဆိုပြီးပို့ စ်တစ်ပုဒ်တင်တင်ဖြစ်ကေား) နေမနိုင်လို့ ပြန်ရေးမိတယ် ဟဲဟဲ အဲ့တာ ဘလော့ရောဂါ.... ဓာတ်ပုံထဲကဘယ်တစ်ယောက်လဲ လျှိုမထားနဲ့  ဘယ်သူမှလာမသတ်ဘူးနော် :P ၄ ယောက်ပုံက ဘယ်ဘက်အစွန်ဆုံးလား ရမ်းတုတ်တာ ဟုတ်မဟုတ်အကြောင်းပြန် ။

    ReplyDelete
  2. ကျနော်က Hang Ten ကြော်ငြာများလားလို့ပါဂျ...ဟားဟား
    အခုလိုဘော်ဒါတွေနဲ့ အဲဗားယူနိုက်တက်ခ်ဖြစ်နေတာမိုက်တယ်ဗျို့...
    အားလုံးအဆင်ပြေအောင်မြင်ကြပြီး များများဘလော့ခ်နိုင်ကြပါစေဗျား

    ReplyDelete
  3. ကိုတောင်ပေါ်သားကြီး... ပြန်လာလို့တော်ပါသေးရဲ့..
    ခေါင်ခေါင် တို့လဲ အဲလိုပဲ... အလုပ်တွေ ရှုပ်တဲ့ အခါ...
    တော်ပါပြီ ဆိုပြီး... ထားလိုက်ပေမယ့်... ပြီးရင်လဲ မနေနိုင်ပါဘူး....
    ပြန်လာတာပါပဲ...
    ကိုတောင်ပေါ်သားက ဘယ်တစ်ယောက်လဲ....
    သူငယ်ချင်းတွေ ပျော်စရာကြီးနော်...

    ReplyDelete
  4. Bro:
    I also same.
    Sometime I can’t do my job. I am thinking about blogging and wanna see other blogs.
    I very angry myself. But I can’t stop.
    So I decided to blog slowly..

    ReplyDelete
  5. မိုးကြယ်October 27, 2008 at 8:47 AM

    အစ်ကိုရေ အလည်က ဂျပုမလေးကိုပြောလိုက်ပါဗျာ.. ကျွန်တော့် ဘလော့ ကိုမသိလို့တဲ့.. :)

    အစ်ကိုပြန်လာတဲ့ အတွက်ဝမ်းမြောက်စွာကြိုဆိုနေပါတယ်ဗျာ..

    မိုးကြယ်

    ReplyDelete
  6. တောင်ပေါ်သားလေးရေ---
    လူငယ်တွေတပျော်တပါး--ပျော်စရာပါလား-
    သူငယ်ချင်းတွေ--အားလုံးကို ဘလောဂ့်ဖို့ ပြောလေ--
    အားလုံးလိုအင်ဆန္ဒ ပြည့်ကြပါစေ---
    ခင်မင်လျက်
    မသက်ဇင်

    ReplyDelete
  7. ညီရေ..
    မင်းရောဂါ ငါ့ကို ကူးစက်နေလား မသိဘူး။ ငါလဲ ဘာမှ မရေးချင်ဘူး၊ ရေးဖို့ အားတင်းနေတဲ့အချိန် မင်းဆီကို ရောက်လာပြီး ကွန်မန့် ပွတ်သွားတယ်။ စိတ်က တစ်ခါတလေ ညစ်နေတယ်။။။ ညီငယ် အဆင်ပြေပါစေ

    ReplyDelete
  8. အတူတူပဲအကိုရေ ကျတော်လဲ စိတ်ရှုပ်လို. ဘာမှမရေးချင်တာနဲ. အိမ်ပဲလိုက်လည်နေတယ်။ တွေ.လိုက်တိုင်း နားမယ်ဆိုတဲ.သူတွေ.နဲ.ပဲတွေ.နေတော့ တမျိုးကြီးပဲဗျ။ သူငယ်ချင်းတွေနဲ. ပျော်စရာကြီးနော် ကျတော်က hand ten များကြော်ငြာတာလားလို. ဟီးဟီး ပျော်ရွှင်ပါစေလို. ဆုတောင်းပေးပါတယ်။

    ReplyDelete
  9. ဟုတ်ပါတယ် မောင်လေး ရေ..
    တစ်ခါတလေ မကြီးလည်း စာတွေဆက်မရေးချင်တော့ပဲ အနားယူရင်
    ကောင်းမလားလို့ ခဏ ခဏ စဉ်းစားမိသေးတာပဲ. ဒီလိုပါပဲမောင်လေးရယ်.
    ဖြစ်တတ်ပါတယ်။ ပြန်လည်ဆုံတွေ့ရတာ အရမ်းဝမ်းသာမိပါတယ်။
    ဒါနဲ့ ဓါတ်ပုံထဲက အလယ်တစ်ယောက်က မောင်လေးလား.. အဟား
    သူငယ်ချင်းတွေနဲ့ ပျော်စရာပါ။
    မကြီးလည်း မွေးနေ့ကတည်းက အလုပ်တွေများပြီး.ဘယ်အိမ်မှပြန်လိုက်မလည်ရသေးဘူးလေ. စိတ်တော်တော်ပင်ပန်းသွားတယ်. လက်ဆောင်တွေရောက်လာလိုက် ထည့်လိုက်. ပို့စ်တွေကျဲသွားလို့ ပြန်ပြင်ရလိုက်နဲ့ ဟူးးးးးးးးးး တော်တော်..မောသွားတာ. ဘယ်မှ မရောက်သေးဘူး။ အခု ကျေးဇူးတင်လွှာလေး ရေးချင်တာတောင်မှ အားမရှိသေးဘူးဖြစ်နေတယ်. စာရေးဘို့လေ။
    အရှည်ကြီးရေးလိုက်ပြီ မောင်လေး ရေ.
    စိတ်ချမ်းသာ ပျော်ရွှင်ပြီ အဆင်ပြေပါစေကွယ်။

    ခင်မင်စွာနဲ့
    မကြီး
    မ၀ါ

    ReplyDelete
  10. ဘာပြောရမလဲ နော် ... ဆက်ရေး ဒါဘဲ။

    ReplyDelete
  11. အင်း ငါထင်တာမမှားဘူးဆို အဲဒီအထဲမှာ ရုပ်အဆိုးဆုံးကမင်းပဲ ဟား ဟား နောက်တာနော်စိတ်မဆိုးရဘူး ဟဲဟဲ အားလုံးချောနေတော့ မင်းဘယ်သူလဲ မှန်းလို့မရဘူးကွ.. (မင်းရုပ်ဆိုးတာသိထားတယ်လေ :P ) ပြန်လာတယ်ဆိုတော့ ဝမ်းသာပါတယ်ကွာ.... ဆက်ရေးပါဦး။

    ReplyDelete

Blogger Template by Clairvo