Labels

ကဲ ဘာလုပ်ကြမလဲ

စားစရာမဲ့ ဘ၀တွေပျက်သုန်း
ဒီအတိုင်း လက်ပိုက်
ကြည့်နေ၀ံ့သလား
ကဲ ကျွန်ုပ်တို့ ဘာလုပ်ကြမလဲ

သနားစရာ ဒီလူမမယ်ကလေးတွေ
မျှော်လင့်လို့ တမ်းတ
ဘယ်မှာလဲ သူတို့မိဘ
ကဲ ကျွန်ုပ် တို့ ဘာလုပ်ကြမလဲ

အဖိုးအဖွား သက်ကြီးရွယ်အိုတွေ
နေစရာမရှိလမ်းဘေးမှာ ဒုက္ခရောက်စွာ
ဝမ်းမီးငြိမ်းအောင် တောင်းစားရရှာ
ကဲ ကျွန်ုပ်တို့ ဘာလုပ်ကြမလဲ


ပြည်သူတွေ တောင့်တ
သာယာတဲ့ မိသားစုဘဝ
ဘယ်မှာလဲ အခုတော့
ကဲ ကျွန်ုပ်တို့ ဘာလုပ်ကြမလဲ

သက်လတ်လူငယ် စိတ်ဓါတ်ပျက်ပြား
ခိုးယူလုယှက် လမ်းဘေးအိပ်ရ
ပညာမတတ် ဆိုးကောင်းတွေကို ဒွန်တွဲမရ
ကဲ ကျွန်ုပ်တို့ ဘာလုပ်ကြမလဲ

တောင်ပေါ်သား

7 comments:

  1. ကိုတောင်ပေါ်ရေ့ ဘာလုပ်ကြမလဲဆိုတော့ စူပါမင်းဖြစ်ဖြစ် လင်းနို့ လူသားဖြစ်ဖြစ် လူုပ်ပြီး ဟိုဘဘကြီးတွေကို လည်ပင်းသွားဖြတ်စို့း) ဘယ်လိုလဲ ကျနော့်အကြံကောင်းရဲ့လားး ဟားဟား

    ReplyDelete
  2. ကိုမျိုး ပြောတာ ထောက်ခံတယ် ။။ ဟီးဟီး

    ReplyDelete
  3. မင်္ဂလာပါ ကိုတောင်ပေါ်က လူ

    ဘယ်လိုလုပ်မလဲ။ ဒီလိုပေါ့ ဟဲဟဲ။ ကိုယ်ဘယ်လောက် လုပ်နိုင်သလဲ တဲ့။ သူများကို မေးတာထက် ကိုယ့်ကိုကိုယ် အရင်မေးတာ အကောင်းဆုံးပေါ့ဗျာ။
    ဟဲဟဲ စ တယ်ဗျ။ စိတ်မဆိုးနဲ့။
    အကောင်းဆုံးက ဘေးထိုင် ဘလောင်္ဂရေးပေါ့ ဟ ဟ။ ကောင်းတယ်နော် ခင်မင်လို့ အကြံပေးတာ။
    just kid..

    ရွှင်လန်းချမ်းမြေ့ပါစေ...

    ReplyDelete
  4. ကဗျာကောင်းလေးပါပဲဗျာ
    ဘာပြောရမှန်းတောင် မသိတော့ဘူး ..
    ပျော်ရွှင်ချမ်းမြေ့ပါစေ တောင်ပေါ်သားရေ

    ReplyDelete
  5. ဘာလုပ်ကြမလဲဆိုတော့ ... အဟမ်း..အဟမ်...မပျောပျဖူး.. ကန်တော့ရင်ကန်တော့လိုက်.. ဒါဖဲ..
    ဟဲဟဲ...နောက်တာနော်.. ချိတ်ချိုးနဲ့..ချိတ်ချိုးရင် ရုပ်ဆိုးတတ်တယ်..ဟီးဟီး... :P :P :P
    မက်မက်တို့ကတော့ ဘလော့ဂင်းမယ်... ဘာမှ မလုပ်ဘူး... ဟီးဟီး..

    မက်မက်ဘာမှ လုပ်ဖူးနော်... မက်မက်ဘာမှ လုပ်ဖူးနော်... ဟီးဟီး.... :P :P

    ReplyDelete
  6. ဘာလုပ်ရင်ကောင်းမလဲဆိုတော့ကာ...
    ကိုမျိုးကစူပါမင်း.ကိုတောင်ပေါ်သားကလင်းနို့လူသား.မမခေါင်ကပါဝါရိန်းဂျား.ကိုမိုးသောက်က ပင့်ကူလူသား.
    မမအိမ်မက်က ကြောင်သူရဲကောင်းမ...ကျနော်က စူပါဟီးရိုးလုပ်ပီး
    တိတ်တိတ်ကလေးဝင်ပြီး...ဘာသွားလုပ်ရင်ကောင်းမလဲ...

    ReplyDelete
  7. ပျော်ရွှင်ပါစေ မောင်လေးရေ ။

    ReplyDelete

Blogger Template by Clairvo