Labels

:(


ဒီနေ့ မနက်စောစော အိပ်ရာကထတော့ အရင်နေ့တွေကနဲ့ မတူ အရမ်းအေးတယ်ဗျာ..
ဘာရယ်မဟုတ် ကိုယ့်မွေးရပ်မြေလေးကို အရမ်းသတိရနေမိတယ် ခုချိန်ဆို တောင်ပေါ်မှာလဲ အရမ်းအေးနေလောက်ပေါ့ ။ အလုပ်သွားဖို့ အိမ်ပြင်ထွက်လိုက်တာနဲ့ လေအေးအေးတွေ တိုက်နေတာ အတော်ကို ချမ်းနေမိတယ်။ တောင်ပေါ်သား တယောက်ဖြစ်ပြီး ဒီလောက် လေအေးတွေကိုတောင် မခံနိုင်တော့ပါလားဆိုတဲ့ အတွေးတွေဝင်လာပြီး ကိုယ့်ဟာကိုယ် ပြန်ရ်ီနေမိတယ်ဗျ

အော် အခုပဲနေ့လယ်စာ စားထွက်တာ အေးတုန်းဗျ။ ဘယ်လိုရာသီဥတုလဲ မသိပါဘူးဗျာ

တကယ်တမ်း တောင်ပေါ်ကိုပြန်ရောက်ရင်တော့ အဲလို ဖြစ်နေမှာပဲ။ ရေအေးအေးလေးတွေကို မထိရဲလောက်အောင် ချမ်းနေမှာ မြင်ယောင်နေသေး။ သူများတွေကတော့ ပြန်နေကြတာ ကိုနေးတစ်ကြီးကလဲ ပြန်သွားတယ်။ ကိုစနေသားလဲ ပြန်သွားတယ်။ အော် အခု ကိုပုလုကွေးလဲ ပြန်ဦးမယ် အားလုံးက ပြန်နေကြတာပဲ။ ကျနော်လဲ ပြန်ချင်တယ်ဗျာ



လေးစားလျက် တောင်ပေါ်သား


13 comments:

  1. ပြန်ချင်ရင် ပြန်ပေါ့ဗျ။ တစ်ယောက်သော သူက ပြန်ရသေးဘူးတဲ့လား။ တူတူပြန်မယ်ပြောလား။ ပြန်တာလဲ မလွယ်ဘူးဗျ။ အခွန်ဆောင်၊ လက်ဆောင်ဝယ်၊ လက်မှတ်ခနဲ့ နှစ်လစာလောက်ကို ပြောင်တီးတီး ပြောင်ပေါ့ဗျာ။( ဒီးကြားထဲ ဘောနပ်က အခုထိရသေးဘူးဗျ...ဗြဲ..ဗြဲ..(သံလွင်ဟီးရိုလို့ ငိုကြည်တာ))

    ReplyDelete
  2. သားသားတို့လည်း ပြန်ဂျင်တာပေါ့လို့..။း(

    ReplyDelete
  3. မီးမီးလဲပြန်ချင်တယ်

    ဒါမယ့်ပြန်လာတာလဲ ၈ရက်ဘဲရှိသေးတယ်
း(

    အိမ်ပြန်ချင်တယ် ၀ူး..........နွေးထွေးဆုံးမေ့အိမ်
း)

    ReplyDelete
  4. ဟဲ...ဟဲ..မနာလိုမရှိနဲ့နော်..ပြောပြချင်လို့။ ဒီနှစ်တောင်ကြီးဆောင်းက အအေးနည်း နည်းပေါ့တယ်ဗျ။ တောင်ကြီးသူလေးတွေ ကတော့ အရင်လို လှတုန်းပဲ။ အမေချက်ကျွေးတဲ့ ဟင်းကတော့ မပြောတော့ဘူး..ကောင်းချက်ကထောင်းချက်ထားတဲ့ အတိုင်းပဲ။ ညောင်ရွှေသွားတဲ့လမ်းက ငါးကန်တွေမှာ ငါးဒုက္ခတို့၊ ငါးပေါင်းတို့၊ ငါးစိမ်းသုပ်တို့ ကောင်းတာတော့ ကိုတောင်ပေါ်သား ကိုပြောပြရင် မျက်ရည်လေး စမ်းတမ်းစမ်းတမ်း ဖြစ်နေမှာမြင်ယောင်သေး..ပြောရင်တော့ နှစ်ညအိပ်လောက်ပြောယူရမယ်။
    တော်ပြီတော်ပြီ..သူများကိုမစတော့ဘူး။ ကိုယ်ချင်းစာလို့..ဟဲ..ဟဲ..

    ReplyDelete
  5. မောင်မျိုးJanuary 14, 2009 at 6:12 AM

    ဒီမှာလည်းဆောင်းကုန်ခံနီးမှ အရမ်းအေးလာတယ် အစ်ကိုရေ့ ဘာလို့လဲမသိ ။ ပြန်ချင်နေတာလား ခဏစောင့်ပါတဲ့ ပြန်ရပါ့မယ်ဆိုလား အိမ်ပြန်အမေ့အတွက်ချွေးမလေးတစ်ယောက်ရှာထားလေ
    သားရွှေအိုးထမ်းလာတဲ့ကိန်းပေါ့ :P

    ReplyDelete
  6. ပြန်ချင်နေပြီလားမောင်လေးရေ အမလဲပြန်ချင်တယ်...ဟင့်
    အမေကတော့ပြန်ဖို့တိုက်တွန်းနေတယ် ဟိုတွေးဒီတွေးနဲ့ မပြန်ဖြစ်သေးပါဘူးဗျာ

    ReplyDelete
  7. ပြန်ချင်ပြန်ပါ စဉ်းစားမနေနဲ့ကိုတောင်ပေါ်သား လောကမှာအချိန်ကတိုတိုလေး ကိုယ်လုပ်ချင်တာတွေကို အကုန်လုပ်သာသွား ဟီး (မြောက်ပေးတာသူများကို) စိတ်ဆိုးနဲ့

    ReplyDelete
  8. ကိုတောင်ပေါ်သားရေ ကျနော်လဲ
    ပြန်ချင်တယ်ဗျာ ဒါပေမဲ့ ပြန်လို့မဖြစ်သေးပါဘူး
    စိတ်လျော့ပေါနော့

    ReplyDelete
  9. သက်တန့်January 15, 2009 at 9:41 AM

    စဉ်းစားနေရင်တော့ ပြန်ဖြစ်မှာ မဟုတ်ဘူး...
    ကဲ ဒီတော့...
    "ပြန်ပေတော့... မစဉ်းစားနဲ့... ပြန်ပေတော့..."
    မေခလာ့သီချင်းပေါ့... သိပ်တော့မဆိုင်ဘူး... :)

    ReplyDelete
  10. တစ်နေ့တော့ အားလုံးကိုယ့် အိမ်ကိုယ့်ယာ ပြန်ကြရမှာပါ... အပြီးပြန်ရမှာ...
    တောင်ပေါ်ကို လွမ်းလိုက်တာနော်.....

    ReplyDelete
  11. သိပ်ပြန်ချင်ရင်လဲ ပြန်လေဗျာ သိပ်လွမ်းမနေနဲ့
    နိုင်ငံခြားဆိုတာ အချိန်မရွေးပြန်သွားလို့ ရတယ်
    ဗျ။

    ReplyDelete
  12. ကျနော်ကို အားပေးကြတဲ့ ချစ်ညီအကို မောင်နှမများ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

    တောင်ပေါ်သား

    ReplyDelete
  13. အမေသီချင်းတွေလာနားထောင်သွားတယ်၊
    တောင်ပေါ်သူပါပဲ

    ReplyDelete

Blogger Template by Clairvo