ခုတလော စိတ်ထဲမှာ မွေးရပ်မြေက ရှမ်းအစားအစာလေးတွေ အရမ်းစားချင်နေပါတယ်။ အထူးသဖြင့် ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေး၊ တို့ဟူးသုတ်တွေ အရမ်းစားချင်ပါတယ်။ ဒါနဲ့ ဦးရှင်ကြီး ကို ဖုန်းဆက်တော့ ဦးရှင်ကြီးက အားရက်ကြရင် လုပ်ကျွေးမယ်တဲ့.. စားရပါဦးမယ် အဟဲ စားချင်သူများ မောင်တောင်ပေါ်သားကို ဆက်သွယ်ကြဗျို့.. တီဝါ အိမ်ကိုလဲ သွားလည်ပြီးရင် အော်ပြီး ချက်ကျွေးခိုင်းရတာ အမောပါပဲ။ အပြင်မှာ မစားရတော့ တီဝါ တို့ကိုသွားအော်တာပါ။ မနေ့ကတော ဦးရှင်ကြီးကို ဖုန်းဆက်ပြီး တို့ဟူးလုပ်နည်းတွေ တို့ဟူးနွေး လုပ်နည်းတွေ သေချာမေးပါတယ်။ သူကလဲ သေချာ ပြောပြပါတယ်။ ဒါပေမဲ့ သိတဲ့အတိုင်း တောင်ပေါ်သား ငပျင်းက အဆင့်တွေ များလို့ မလုပ်ဖြစ်ပါဘူး။ ဒီနေ့ညတော့ အာသာဖြေတဲ့အနေနဲ့ ရှမ်းအစားအစာတွေ ရောင်းတဲ့ ပနဆူလာ ပလာဇာအောက်က အင်းလေးကို ရောက်ခဲ့ပါတယ်။
အင်းလေးက နေရာထိုင်ခင်းလေးတွေက မဆိုးပါဘူး။ တော်တော်ကို သပ်ရပ်ပြီး အဆင်ပြေပါတယ်။ အဲ့က အကိုအမတွေကလဲ တော်တော်ကို ဖော်ရွှေတာတွေ့ရပါတယ်။ ၀င်ဝင်ခြင်း ရေအေးတခွက်လာချပေးပါတယ်။ နောက်ပြီး menu လေးလာပေးပါတယ်။ အစစအရာအရာ အဆင်ပြေပါတယ်။ ဒါနဲ့ အစားချင်ဆုံးဖြစ်တဲ့ တို့ဟူးနွေး တပွဲ မှာလိုက်တယ်။ တို့ဟူးကြော်ပါ မှာမလို့လုပ်တော့ အဲ့ကအမကြီးက သိနေတယ်ထင်ပါ့။ တို့ဟူးနွေးထဲမှာ တို့ဟူးကြော်ပါ ထည့်ပေးတယ်ဆိုတာနဲ့ တောင်ပေါ်သားလဲ ကတ်စေးနဲနဲ နဲ့မှာလိုက်တော့ဘူးပေါ့ အအေးကတော့ ပင်မှည့်ဖျော်ရည်တခွက် မှာလိုက်တယ်။ ဈေးကတော့ သူများဆိုင်ထက်စာရင် အနည်းငယ်ကြီးတာကို တွေ့ရပါတယ်။ တို့ဟူးနွေးက မှာတုန်းက အချိုရည်မထည့်ခိုင်းဖို့ပါပဲ ဒါပေမဲ့ မေ့သွားတယ်ဗျာ.. ကျနော်က အချိုရည်နဲ့ဆို မစားတတ်ဘူးရယ်...ဒါပေမဲ့ မတတ်နိုင်ပါဘူး စားချင်တော့လဲ ကိုယ်တိုင်တယောက်ထဲ အေးဆေး သွားထိုင်စားရတာပေါ့ဗျာ.. ကဲ စားဦးမလား တို့ဟူးနွေး...
တို့ဟူးနွေး မှာထားတာ မလာတော့ မြင်တာလေးတွေ ရိုက်ထားတာ... ဖုန်းကင်မရာကို လျှောက်ကလိရင်နဲကပေါ့... (ရေအေးတခွက်ပါ)
ဒါက သူတို့ချပေးတဲ့ Menu ပါ။ အစုံပါပဲ ရှမ်းအစားအစာတွေ ရတယ်။ ကြေအိုးခေါက်ဆွဲ စုံနေတာပဲ အအေးမျိုးစုံလဲ ရပါတယ်။
စားတဲ့လူကစား၊ ရောင်းတဲ့လူက ရောင်းနဲ့ ဟုတ်နေတာပဲ ဟန်ကျနေတာ.. စဉ်းစားမိသေး... ဒီလိုဆိုင်လေး ဖွင့်နိုင်ရင်မစိုးဘူးလို့..... ဟီးးးးး
တို့ဟူးနွေးလေး လာပါပြီခင်ဗျာ.....
စားကောင်းကောင်းနဲ့ စားလိုက်တာ အရောက်နောက်ကျတဲ့ အအေးခွက်တောင် မရိုက်ဖြစ်ခဲ့ပါဘူး ဟီးးးးးးး အဲ့လို မေ့တတ်တာ.....
လေးစားလျက် တောင်ပေါ်သား
pan>
Labels
- Blog (470)
တို့ဟူးနွေး
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
ဒီကမ္ဘာလောကမှာ လူရယ်လို ဖြစ်လာရင် လူတိုင်းမှာ လွတ်လပ်ပိုင်ခွင့် တနည်းအားဖြင့် ရွှေးချယ်ပိုင်ခွင့်တွေ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီရွှေးချယ်ပိုင်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မမျှော်လင့်တဲ့ ဒေါင့်ချိုးတကွေ့ မင်းနဲ့ငါနဲ့ ဆုံတွေ့ခဲ့ကြတယ် ပျော်ရွှင်မှုကို မျှဝေစားလို့ ဒုက္ခတွေကို လည်စင်းခံရင်းပေါ့ ကံကြမ္မာလှိုင်းတံပိုးအော...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ဒီမိုကရေစီ ဒီမိုကရေစီတဲ့ ကျနော်တို့ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာ ဒီစကားလုံးလေးက အရမ်းကို ခေတ်စားပါတယ်။ တခါတလေ ကျနော်တို့ သူငယ်ချင်းတွေ စကား...
-
အကြင်နာတွေကို မင်းမမြင် ခံစားချက်တွေကို ဖယ်ထုတ်လို့ မုန်းချင်ရယ်ဟန်ဆောင် လမ်းခွဲဖို့ စတင်ခဲ့တယ် သံသရာတလျှောက် လက်တွဲဖို့ဆိုတာ မိုးနဲ့မြေ...
-
ကျနော်ဘလော့လေးကို Blogspot မှ WordPress ကို ပြောင်းထားပါတယ်။ အားလုံးပဲ အလည်လာမယ်ဆို အရင်အတိုင်း http://www.soeminhtike.com ကို လာလို့ရပါတယ်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မြန်မာ Chatter များအတွက် အထူးသတိပေးချက် Myanmar Online ဟုတ်ခေါ်သော Network တစ်ခုမှ ပြုလုပ်ထားသော #ygnchat ဆိုသည့် Chatting Server တစ်ခုသည် s...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Blog Archive
-
▼
2009
(236)
-
▼
May
(32)
- နားပါဦးမည်
- နားပါဦးမည်
- နိုင်ဂံဂျားပြန်တစ်ယောက်ရဲ့ ငြီးချင်း
- နိုင်ဂံဂျားပြန်တစ်ယောက်ရဲ့ ငြီးချင်း
- ခြင်္သေ့
- အမှတ်တရ နာမည်လေး
- ခြင်္သေ့
- အမှတ်တရ နာမည်လေး
- ဥပဒေ
- ဥပဒေ
- ထားခဲ့ဖူးသော ရည်းစားများ
- ထားခဲ့ဖူးသော ရည်းစားများ
- ChAmPiOns
- ChAmPiOns
- ဇင်ဘာဘွေ
- ဇင်ဘာဘွေ
- လိုအပ်ချက် နဲ့ အလိုအပ်ဆုံး
- လိုအပ်ချက် နဲ့ အလိုအပ်ဆုံး
- အမှတ်တရ တနင်္ဂနွေ
- အမှတ်တရ တနင်္ဂနွေ
- အမေ
- အမေ
- ရင်ထဲက တက္ကသိုလ်
- ရင်ထဲက တက္ကသိုလ်
- အတန်းပညာ
- အတန်းပညာ
- တို့ဟူးနွေး
- ဒါက..ဒီလိုရှိတယ်
- တို့ဟူးနွေး
- ဒါက..ဒီလိုရှိတယ်
- ၀ိုင်တခွက်
- ၀ိုင်တခွက်
-
▼
May
(32)
Powered by Blogger.
ရှမ်းစာကြိုက်တယ်
ReplyDeleteအကြိုက်ဆုံးက တို့ဟူးနွေး
အသေကြိုက်
ရှမ်းလက်ဖက်ရည်လဲကြိုက်တယ်
အိုးးး
ကြိုက်တယ်
မြနန္ဓာမှာ စနေနေ့ တို့ဟူးနွေးရတယ်။ Yishun မှာလည်း ရှမ်းအစားအစာရောင်းတဲ့ ဆိုင်မှာသွားစားဖူးတယ်။ အဲဒီဆိုင်လည်းကောင်းတယ်။ ခုအဲဒီဆိုင်က ပင်နီစူလာမှာ လာဖွင့်နေပြီတဲ့
ReplyDeleteအချိုရည်မကြိုက်ဘူးတဲ့ တောသား... အဲ တောင်ပေါ်သား...။ အချိုရည်လေးနဲ့မှကောင်းတာ.. မြေပဲတွေများရင်တော့ မကြိုက်ဘူး..။ သစ်တောရပ်ကွက်က ဆိုင်သိလား.. အရမ်းကောင်းတယ်..အိမ်နဲ့ဝေးပေးမဲ့ အမြဲသွားစားတယ်...။ ဒေါ်ထွမ်းပါ အဆစ်အနေနဲ့ သတိရသွားပြီ..။
ReplyDeleteတောင်ပေါ်သားတို့ကတော့ လုပ်ပြီ ခဏတောင်မစောင့်တော့ဘူး အားရင် ချက်ကျွေးမယ် ဆိုတာကိုလေ။
ReplyDeleteရှမ်းခေါက်ဆွဲ အရည်ဘဲ။ (စိတ်မပြောင်းဘူး)
ReplyDeleteဟုတ်ပါ့ဗျာ ပြောမှပဲ တောင်ကြီးမြို့က ဆိုင်တွေ လွမ်းနေမိတယ်ဗျာ... ကျေးဇူးတင်ပါတယ် အားလုံးကို
ReplyDeleteလေးစားလျက်
တောင်ပေါ်သား
ဟဟ.... သူတို့တောံစားသွားပြီပေါ့..
ReplyDeleteကြည့်နေ..ငါတို့လဲစားမယ်.. ဟွန်း..
ကိုတောင်ပေါ်သား ဟုတ်ပလား အနော့်အတွက် တပွဲပိုမှာလိုက် ၂ပွဲကပါဆယ်ပေါ့.. ဟတ်တယ်မလား..
ဟွန်းအစားဆို ရင်တော့ မကြိုက်စေနဲ့ကြိုက်ရင်မုန်းစားတာ
ဟွန်း.. ကိုတောင်ပေါ်သားကျွေးဖို့ပြင်ထားတော့..။
ဟေ့..တို့အိမ်မှာ Sunday တိုင်း တို့ဟူးနွေးချက်စားတယ်ဟ။ လာမယ့်Sunday လာခဲ့။ တဂျီဂျီပြောနေပြီး မလာရင်တွေမယ် ဒင်း....
ReplyDeleteအဲ.. အချိုရည်ဆိုလို့ ကြွားဦးမယ်။ အိမ်မှာချက်တဲ့ တို့ဟူးနွေးက အချိုရည်တောင် ကိုယ်တိုင်ကျိုတာနော်။
ReplyDeleteဟဲ..ဟဲ
ကယ်.. တိုဖူးနွေးမလာခင်ရိုက်ထားတဲ့ ရေတစ်ခွက်ပဲ သောက်ထားအုံးမယ်.. တိုဖူးနွေးမလာမချင်း မပြန်ဘူး..
ReplyDelete:D
ကျွန်တော်လဲ စားချင်တယ်ဗျိုးးးး။ အိမ်ပြန်ချင်နေပါတယ်ဆိုမှ။ အီးးးး။
ReplyDeleteလာလည်မယ်ဗျာ လိုက်ဝယ်ကျွေးရမယ်
ReplyDelete