ထားခဲ့ဖူးသော ရည်းစားများတဲ့။ ဒီ Tag ပိုစ့်ကို ရေးခိုင်းတာကတော့ ဂျပန်ကောင်လေး ဖြစ်ပါတယ်။ ခုတလော Tag ပိုစ့်တွေက အရမ်းများနေပါတယ်။ ဘာဖြစ်နေကြသလဲတော့ ကျနော်လဲ မပြောတတ်ပါဘူး။ အစတုန်းက ဒီTag ကို မရေးဘူးလို့ ဆုံးဖြတ်ထားတာ ဒါပေမဲ့ Tag ဆိုတော့လဲ ရေးရတာပေါ့။ အားလုံးကတော့ စိတ်ဝင်စားနေတယ်လေ.. တောင်ပေါ်သား ဘယ်အချိန်ကတည်းက ချစ်သူရှိသလဲဆိုတာပေါ့.... ကဲ အမှန်အတိုင်း ၀န်ခံရရင်တော့ ကျနော်ခုချိန်မှာ လူပျိုကြီး ဖြစ်နေဆဲပါပဲဗျာ. အဟား ဟား... အောက်တွင် ရှုစားလေသော်......
ကျနော်ငယ်စဉ်က အချစ်အကြောင်းတော့ သေချာမသိခဲ့ပါဘူး။ ငယ်စဉ်ဆိုတာက သူများတွေလို့ သူငယ်တန်းကတည်းကတော့ ချစ်သူမရှိခဲ့ဘူးလို့ ဆိုလိုတာပါ။ ဒါပေမဲ့ သူများတွေလို့ ရင်ခုန်မူတွေ စခဲ့တာကတော့ (၆)တန်းလောက်က စဖြစ်ခဲ့တာပါ။ ကျနော်ရဲ့ အချစ်စတည်မူပေါ့။ ဒါပေမဲ့ ဒါက ဘယ်လိုခေါ်မလဲ ကျနော်ဖက်က အဖတ်သတ်အချစ်တခုပါ။ ကျနော်ကို သူမ ပြန်မချစ်ခဲ့ပါဘူး ကျနော်က ချစ်မိတယ်ဆို ကျနော် ရင်ထဲမှာ စွဲမြဲစွာ ချစ်တတ်ပါတယ်။ ဒါပေမဲ့ ကျနော် အချစ်တွေကို ထုတ်မပြတတ်တာ ကျနော်ရဲ့ အားနည်းမူလို့ ထင်ပါတယ်။ ကောင်မလေးတော်တော်များများက ချစ်သူရဲ့ အယုအယ စကားလုံးတွေကို လိုချင်တတ်တယ်လိုက ကျနော်ထင်ပါတယ်။ ဒါပေမဲ့ ကျနော် အဲလို မပြောတတ်လို့ ဒုက္ခ ရောက်ခဲ့တာလဲ မနဲပါဘူး.... ခု သူမကို ကျနော် ၈ တန်းလောက်ထိကို ရူးရူးမူးမူး ချစ်ခဲ့ဖူးပါတယ်။
ဒုတိယတယောက်ကတော့ ကျနော် (၉)တန်းကျောင်းသင်တန်းနှစ် ပိတ်ခါနီးမှ စတွေ့ခဲ့ပါတယ်။ သူကတော့ အမှန်ပြောရရင် ကျနော် ဘ၀အတွက်ထားပြီး ချစ်ခဲ့ဖူးတဲ့ သူတယောက်ပါ။ ကျနော်ရဲ့ အချစ်ဦးဆုံး ဆိုသူပါပဲ။ သူမကိုလဲ အရင်လိုပါပဲ ကျနော် အသဲအသန်လိုက်ရပါတယ်။ ကျနော်ထင်တယ် ကျနော်တို့က သူငယ်ချင်းသံယောဇဉ်တော့ ရှိပါတယ်။ ဒါပေမဲ့ သူမဆီက အဖြေကို ကျနော် တိတိကျကျမရခဲ့ပါဘူး။ဒါပေမဲ့ ကျနော် ရန်ကုန်ကိုလာခါနီးမှာတော့ သူမဆီက အဖြေကိုရခဲ့ပါတယ်။ အချစ်တခုကို ရဖူးတဲ့ ကလေးတယောက်လိုပါပဲ။ ပျော်ရွှင်မူတွေနဲ့ ပြည့်စုံနေတာ ပြန်မြင်ယောင်နေမိပါသေးတယ်။ ရန်ကုန်ရောက်တဲ့ အချိန်ထိ ကျနော်သူ့တယောက်ကိုပဲ ရူးမိုက်ခုန်မင်စွာ ချစ်နေခဲ့တာပါ။ ဒါပေမဲ့ သူမနဲ့လဲ အကြောင်းကြောင်းကြောင့် ပျက်သွားပြန်ပါတယ်။ ဘယ်သူ့အမှားလဲဆိုတာ ပြောရတော့ ခက်ပါတယ်။
ရန်ကုန်ရောက်တော့ အမတယောက်နဲ့ ထပ်တွေ့ဖြစ်ပါသေးတယ်။ သူမဟာ ကျနော်ကို မောင်လေးတယောက်လို ဂရုစိုက်သလို ချစ်သူတယောက်လို ကြင်နာမူတွေပေးတတ်ပါတယ်။ အားကိုးတတ်ပါတယ်။ ကျနော်အပေါ် အရမ်းချစ်တဲ့ လူတယောက်ပါပဲ။ သူမကို ကျနော်တကယ်တမ်း ချစ်မိတယ်လို့ ထင်လိုက်တဲ့ အချိန်ကကျနော် အပေါ်က ကောင်မလေးနဲ့ စိတ်အခန့်မသင့်ဖြစ်သွားတဲ့ အချိန်လေးမှာပါ။ ဒီအတွက် ကျနော် အချစ်ကိုသေချာမစဉ်းစားပဲ ဦးနှောက်ကို အလွယ်လိုက်မိလိုက်လို့ ကျနော်တို့ ချစ်သူဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျနော် ဒီအမကို သံယောဇဉ် ရှိပါတယ်။ ကျနော့် သူမနဲ့ ချစ်မိပြီကတည်းက အပေါ်က ချစ်သူကိုတော့ အဆက်အသွယ် မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ သူမနဲ့လဲ ကျနော်အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲခဲ့ရပြန်ပါတယ်။ ဒါပေမဲ့ ဒီတခါ ကျနော် အမှားပါ။ ကျနော်ဖက်ကစပြီး လမ်းခွဲဖို့စခဲ့တာပါ။ ဒါပေမဲ့ ခုချိန်ထိ ကျနော်တို့ မောင်နှမလို စကားတွေပြော၊ တွေ့ဖြစ်နေပါသေးတယ်။
နောက်ဆုံး ချစ်သူအဖြစ် ထားခဲ့ဖူးပါသေးတယ်။ သူမကတော့ စင်ကာပူမှာ ထားဖြစ်ခဲ့တာပါ။ အမှတ်မထင် စုံတွေ့ဖြစ်ခဲ့တာကနေ ချစ်သူအဖြစ် ရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူမနဲ့လဲ အကြောင်းကြောင်းကြောင့် လမ်းခွဲခဲ့ပါတယ်။ ကျနော်ဖက်ကပဲ စပြီးလမ်းခွဲခဲ့ရတာပါ။ ကျနော်သူမကို ချစ်ပါတယ်။ ဒါပေမဲ့ လောကမှာ အချစ်ထက် ဦးစားပေးရမဲ့ အရာတွေ အများကြီးရှိတယ်ဆိုတာ လူတိုင်းနားလည်ခံစားတတ်မှာပါ။ ဘ၀မှာ မပြည့်စုံသူတယောက်အဖို့ တာဝန်တွေက အများကြီးပါ။ ကျနော်တို့ နှစ်ယောက်ထဲ သာယာနေလို့ ဘ၀တခုလုံး ပြီးပြည့်စုံမှာမဟုတ်ပါဘူး။ တကယ်တမ်း အချစ်ဆိုတာ ပြောရခက်ပါတယ်။ ဘ၀တခု တည်ဆောက်ဖို့ဆိုတာ နှစ်ဖက် မိဘအသိုင်းအ၀ိုင်း၊ ပတ်ဝန်းကျင် ဒါတွေကို ကြည့်နေရပါသေးတယ်။ ဒါတွေကို လူသားတွေ ဖြစ်တဲ့ ကျနော်တို့ မရင်ဆိုင်ပဲ နှစ်ဦးသဘောတူ အိမ်ထောင်တခု တည်မယ်ဆိုရင်တော့ နှစ်ယောက်ထဲအဖို့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ကျနော်တို့ နှစ်ယောက်အတွက်နဲ့ ကျနော်တို့ မိသားစုတွေ စိတ်ဆင်းရဲနေကြမယ်ဆိုတာ သိနေတောူ့ ကျနော်တို့ လမ်းခွဲခဲ့ကြတာပါ။
ဒီအပေါ်က ကျနော် စတင်ချစ်မိပြီး ချစ်သူဖြစ်ခဲ့တာတွေကော ၊ ချစ်သူအဆင့်မရောက်ခဲ့တာတွေကောပါပဲ။ ကျနော်ကို ချစ်တဲ့ သူတယောက်ကိုလဲ ကျနော်တွေ့ဖူးပါတယ်။ ကျနော်တို့ (၁၀)တန်းကျောင်းသားဘ၀က ညကျရင် ကျနော်တို့ ဆရာမအိမ်မှာ သွားအိပ်ပြီး စာကျက်ရပါတယ်။ ဒီမှာ ဆရာမအိမ်သွားမယ်ဆို သူမတို့ အိမ်ဘေးက ဖြတ်သွားရတာကိုး။ ကျနော်တို့ သူငယ်ချင်းလေးယောက် တူတူသွားနေတော့ အဲ့အိမ်ရှေ့ဖြတ်ပြီဆို ကောင်မလေးက လက်ကလေးပြတတ်ပါတယ်။ ကျနော်က ကျနော့်သူငယ်ချင်းတယောက်နဲ့ ကြိုက်နေတယ်ထင်တာပါ။ ဒီကောင်တွေက လူလည်ပါ။ တကယ်တမ်း ကျနော်က ရည်းစား စာပေးပါတယ်ဆိုပြီး သူတို့လက်ရေးနဲ့ ရေးပြီး သူမကိုပေးလိုက်တာပါ။ ကျနော် လုံးဝမသိခဲ့တာပါ။ သူတို့လုပ်နေတာကတော့ ဟုတ်နေတာပဲ စာအုပ်လေး တအုပ်ထဲမှာ အပြန်အလှန် စာရေးပါတယ်။ ကောင်မလေးက ရေးလိုက်၊ ကျနော်သူငယ်ချင်းက ရေးလိုက်နဲ့ ဒီလိုနဲ့ လူချင်းတွေ့ကျတော့မှ ကျနော်သိတာပါ။ ကျနော်လဲ ဘာလုပ်ရမှန်းမသိဘူးလေ.. ဒီတော့ သူတို့ပြောတဲ့အတိုင်း ငြိမ်ပြီးလုပ်လိုက်တာပဲ။ ဒါပေမဲ့ သူမလဲ ကျနော်ရဲ့အချစ်ဆုံးလေးနဲ့ တွဲနေမှန်းသိသွားပါတယ်။ ဒီလိုနဲ့ပဲ ပြတ်သွားတယ်ဆိုပါစို့.... ပြန်တွေးမိရင် အဲအချိန်က သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာ နေခဲ့တာလေးတွေကို သတိတရ ရှိနေဆဲပါ။
လက်ရှိတော့ အချစ်ကို မသိတလို နှလုံးသားမရှိသလို နေနိုင်အောင် ကျနော် ကြိုးစားနေပါတယ်။ အချစ်ထက် အရေးကြီးတဲ့ မိသားစုဘ၀ရဲ့ လိုအပ်ချက်တွေကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးချင်ပါသေးတယ်။ အချစ်ဆိုတာ အချိန်တန်ရင်တော့ ပြန်ရမယ်လို့ ယုံကြည်ပါတယ်။ ခုလက်ရှိကတော့ ဘ၀မှာ ချစ်သော မိသားစု၊ သူငယ်ချင်းတွေနဲ့ နှလုံးသားတစုံကို ဖုံးကွယ်ပြီး တောင်ပေါ်သား ကျနော် ပျော်ရွှင်စွာ ဖြတ်သန်းနေဆဲပါ။ ကဲ ဂျပန်ကောင်လေးရေ ငါ တခုခုဖြစ်ရင် တရားခံက နင်ပဲနော့် နင်လုပ်လို့ ငါ အကုန် ရေးလိုက်မိပြီ အဟား ဟား လမ်းသွား သတိထားသွားမှ ချောင်းရိုက်မဲ့သူတွေ များလာမယ်ထင်တာပဲ...
တောင်းပန်ခြင်း။ ။ ကျနော့်ဒီပိုစ့်လေးကြောင့် အကြောင်းကြောင်းကြောင့် စိတ်ဆင်းရဲသွားမဲ့ လူများရှိရင် ကျနော်တောင်းပန်ပါတယ်.
လေးစားလျက် တောင်ပေါ်သား
Labels
- Blog (470)
ထားခဲ့ဖူးသော ရည်းစားများ
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
ဒီကမ္ဘာလောကမှာ လူရယ်လို ဖြစ်လာရင် လူတိုင်းမှာ လွတ်လပ်ပိုင်ခွင့် တနည်းအားဖြင့် ရွှေးချယ်ပိုင်ခွင့်တွေ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီရွှေးချယ်ပိုင်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မမျှော်လင့်တဲ့ ဒေါင့်ချိုးတကွေ့ မင်းနဲ့ငါနဲ့ ဆုံတွေ့ခဲ့ကြတယ် ပျော်ရွှင်မှုကို မျှဝေစားလို့ ဒုက္ခတွေကို လည်စင်းခံရင်းပေါ့ ကံကြမ္မာလှိုင်းတံပိုးအော...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ဒီမိုကရေစီ ဒီမိုကရေစီတဲ့ ကျနော်တို့ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာ ဒီစကားလုံးလေးက အရမ်းကို ခေတ်စားပါတယ်။ တခါတလေ ကျနော်တို့ သူငယ်ချင်းတွေ စကား...
-
အကြင်နာတွေကို မင်းမမြင် ခံစားချက်တွေကို ဖယ်ထုတ်လို့ မုန်းချင်ရယ်ဟန်ဆောင် လမ်းခွဲဖို့ စတင်ခဲ့တယ် သံသရာတလျှောက် လက်တွဲဖို့ဆိုတာ မိုးနဲ့မြေ...
-
ကျနော်ဘလော့လေးကို Blogspot မှ WordPress ကို ပြောင်းထားပါတယ်။ အားလုံးပဲ အလည်လာမယ်ဆို အရင်အတိုင်း http://www.soeminhtike.com ကို လာလို့ရပါတယ်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မြန်မာ Chatter များအတွက် အထူးသတိပေးချက် Myanmar Online ဟုတ်ခေါ်သော Network တစ်ခုမှ ပြုလုပ်ထားသော #ygnchat ဆိုသည့် Chatting Server တစ်ခုသည် s...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Blog Archive
-
▼
2009
(236)
-
▼
May
(32)
- နားပါဦးမည်
- နားပါဦးမည်
- နိုင်ဂံဂျားပြန်တစ်ယောက်ရဲ့ ငြီးချင်း
- နိုင်ဂံဂျားပြန်တစ်ယောက်ရဲ့ ငြီးချင်း
- ခြင်္သေ့
- အမှတ်တရ နာမည်လေး
- ခြင်္သေ့
- အမှတ်တရ နာမည်လေး
- ဥပဒေ
- ဥပဒေ
- ထားခဲ့ဖူးသော ရည်းစားများ
- ထားခဲ့ဖူးသော ရည်းစားများ
- ChAmPiOns
- ChAmPiOns
- ဇင်ဘာဘွေ
- ဇင်ဘာဘွေ
- လိုအပ်ချက် နဲ့ အလိုအပ်ဆုံး
- လိုအပ်ချက် နဲ့ အလိုအပ်ဆုံး
- အမှတ်တရ တနင်္ဂနွေ
- အမှတ်တရ တနင်္ဂနွေ
- အမေ
- အမေ
- ရင်ထဲက တက္ကသိုလ်
- ရင်ထဲက တက္ကသိုလ်
- အတန်းပညာ
- အတန်းပညာ
- တို့ဟူးနွေး
- ဒါက..ဒီလိုရှိတယ်
- တို့ဟူးနွေး
- ဒါက..ဒီလိုရှိတယ်
- ၀ိုင်တခွက်
- ၀ိုင်တခွက်
-
▼
May
(32)
Powered by Blogger.
နံပတ်မှာ ၁
ReplyDeleteအမှန်တော့ လူပျိုပါ အချုပ်အနှောင်မရှိသေးပါဘူးဆိုပြီး
ReplyDeleteကြော်ငြာဝင်တာ
ဆိုးလိုက်တာ ခြောက်တန်းကတည်းက စိတ်ကစားနေတယ်တဲ့လေ
တဖက်သတ်အချစ်ကဆိုးလှသည်
အသက်မကချစ်တာပိုဆိုးသည်ပေါ့လေ
သူ..ပေါ်ပေါ်ကလည်း မမရဲ့ မောင်လေးဖြစ်ခဲ့ဖူးသေးတယ်လား... မထင်ရဘူးနော်...ရုပ်ကလေးက
အမှတ်မထင်တွေ့ပီးတော့လဲ အမှတ်မထင်ရီးစားထားသေးတယ်လား သြော်..ဖြစ်ရမယ်
အရှေ့ကနေဖြတ်မလျှောက်ကြနဲ့နော်
နောက်တစ်ယောက်ကြတော့လဲ မိဘကိုသိတတ်တဲ့သားလေးလုပ်ပီး
ထားခဲ့တယ်လား..... လူဆိုး
“လက်ရှိတော့ အချစ်ကို မသိတလို နှလုံးသားမရှိသလို နေနိုင်အောင် ကျနော် ကြိုးစားနေပါတယ်”
ကဲကြားတယ်နော်
ပြောချင်ဘူး
ပြောချင်ဘူး
ဂယ်ပဲ..
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
ဖိုးစိန်တော့ ဒီနေ့လည်း မအိပ်ပဲစောင့်နေတာဖြစ်မယ်။ များပြီနော်။ ဟွန့်
ReplyDeleteလာပြန်ပြီ ၆ တန်းကပဲ စတယ်။ တိုင်ပင်များ ထားကြသလားမသိဘူး။ လောလောဆယ် ရှိဘူဆိုတာကို ကြော်ငြာထားတယ်ပေါ့။ ဟုတ်စ
မိဘကိုသိတတ်တဲ့ သားလိမ္မာလေး ဖြစ်ပါစေရှင်။
ခင်မင်လျှက်
မရောင်
အဲဒီ ကိုဖိုးစိန်ကတော့လေ.. သူချည်းပဲ ထိပ်ဆုံးက.. ကိုတောင်ပေါ် ပိုင်တယ်ဗျာ.. သူချည်းပဲ ခွဲမယ်ဆိုတာ ချည်းပဲ.. နောင် မိတ်ဆွေထဲက ကောင်မလေးတွေကို ကြိုပြောထားဦးမှ.. ဟီးဟီး
ReplyDeleteလမ်းသွားရင် သတိ ထားတော့ ဟုတ်ပြီလား... ကိုတောင်ပေါ် ရဲ့ အချစ်လာတော့မှာပါ.. ဘာလိုလဲဆိုတော့ အသက်လဲရလာပြီလေး အဟဲ...ဟီ...
ReplyDeleteခင်မင်လျှက်
အဆိပ်ခွက်
အားပါးပါး... အားပါးပါး...
ReplyDeleteဒါက တရားဝင်အချစ်ဘဲ ရှိသေးတယ်....
တရားမ၀င်တာတွေလည်း ထည့်ရေးဦးလေ....
ဂယ်ကြီးဆိုးပ....
မမရဲ့ မောင်လေး ပေါ်ပေါ်ပေါ့....
ဟားဟား.... လန်းတယ် တောင်ပေါ်ရေ.... ကြိုက်သွားပြီကွ... အဟဲ
လူပျိုကြီးဖြစ်နေပါသည် ဒါပဲ အက်ကြောင်းထပ်နေတာ
ReplyDeleteရေးလိုက်တိုင်း လူပျိုကြီး ဖြစ်နေပါသည်က များနေတယ်
ကြေငြာ ထားတာလူသိပါတယ်
အဆိပ်ခွက်ပြောသလို တောင်ပေါ်အချစ်လာတော့မယ်
ရှောင်ကျ ရှားကျလော အသက်က ကြီးလာတော့
အရင်လို မဟုတ်တော့ လုပ်ထားပေတော့
လူပျိုကြီးအချစ်တွေလာဖတ်တရ်
ReplyDeleteကိုတောင်ပေါ်သားရေ
ခင်မင်လျက်
ဝသန်မိုး
လူပျိုကြီးလား ၊ လူပြိုကြီးလားဗျ ဟဲဟဲ အချင်းချင်းတွေနော် သားသိတယ်
ReplyDeleteဟွန်း ပြောတော့ ချစ်ချစ်မရှိဘူး ဘာညာနဲ့ ပြောနေပီး တော့ အခုတော့ ပေါ်ပီ။ တီဝါကို သွားပြောမယ်။ အင်း ဘာပဲဖြစ်ဖြစ် သူချစ် ကိုယ်ချစ် ပီး အစအစ အရာရာ အဆင်ပြေမဲ့ ချစ်သူ အသစ်ကလေး အမြန်ဆုံးရပါစေဗျာ...
ReplyDeleteခုလောလော ဆယ်တော့ နံပါတ် မရှိဘူးတဲ့နော်
ReplyDeleteBlogger မမများ တန်းစီလို့ စရင်းပေးသွင်းနိုင်ပါပြီဗျာ။
တောင်ပေါ်သား စတင်လို့ စဉ်းစားရင် ရှေ့ဆုံးက ပါရအောင်လို့
ဝေးးးးးးးးးးးးးးးးးဟေ့ ဟေ့
ခင်မင်လျှက်
ကို ရီနို
ဒီလိုပြောလို့ ယုံမယ်များထင်နေလား h`h` ;P
ReplyDeleteနှလုံးသားတစုံကို ဖုံးကွယ်ထားတဲ့ မောင်လေးရေ မိသားစု အရေးတွေပီးရင် ဘ၀ခရီးလမ်း အတူလျှောက်ဖို့ လက်တွဲဖော်လေးနဲ့ အမြန်ဆုံး ဆုံတွေ့နိုင်ပါစေနော်
ReplyDeleteတောင်ပေါ်သားရေ အချစ်ဆိုသည်မှာ ???????
ReplyDelete:)) တယ်ဟုတ်ပါလား..ရှပ်ပြာစိန်ရ..
ReplyDeleteထပ်ကြိုးစားထား။။ အားပေးတယ်။
ဟဟ ..
ReplyDeleteသိပါ့..သိပါ့...
အီစီကလီတွေ ကို ပညာသားပါပါလေး ၀ိနည်းလွတ်အောင်
ချရေးလိုက်ကြတာ..
အဟတ်.. အဟတ်...
သိပါ့.. လုပ်တော့ အခုတော့ မလုပ်လို့မရတော့ဖူး
မဟုတ်ရင် ဘိုးဘွားရိပ်သာကိုသွားရမှာနော့..
အဲမှာ လာကန်ရမယ် ထင်တယ်.. အဟီးး.
ခင်တဲ့ ခီခန့်
သြော်သြော် ရှပ်ပြာစိန်တဲ့ .. နောက်ကနေ နာမည်အသစ် ထပ်ပေးလိုက်ဦးမယ် .. ပွားစိန် .. ဖောစိန် .. :P
ReplyDeleteကိုရီနိုက နံပါတ်၁ ချိတ်သွားပုံရတယ် .. စဉ်းစားပေးလိုက်နော် .. အဟဲ
နောက်တာ
ဒီနှစ် ဒီကာလကစပြီးတော့ စုတ်ကော လာဘ်ကော တရစပ် တရဟော ၀င်ပါစေတော် .. :P
အယ်..... ရည်းစားတွေ များကြီးထားဖူးတယ်ကေား)
ReplyDeleteဆြာကြီးပေါ့ လက်ရှိကော ဘူနဲ့လဲ ???
ဪ .. ဝတ္ထုတွေ ဓါတ်ရှင်တွေ ထဲ က အတိုင်းပါဘဲလားနော် ။ ဘယ်ထဲက ကုးချလိုက်တာလဲ ။
ReplyDeleteသူကချည်းဘဲ ဦးအောင်ဖြတ်ရတယ် ရှိသေး
ဟွန်းး မုန်းဇာဂျီးးး
ခင်တောင်မခင်ရဲပါ
အထင်လွဲ ခံရမှာ စိုး၍ ။။
အမ ကိကီ။
အားပါးပါး
ReplyDeleteလျှို့ဝှက်ချက်တွေ... လျှို့ဝှက်ချက်တွေ။
ပေါ်လာကုန်ပြီ ဆရာပေါ်တို့ကတော့။
အဟိ။
အပါးပါး သူကချည်းဖြတ်နေတယ်ပါလား ကြိုတင်ပြောထားရတော့မယ် သူမလေးကို ဟတ်ဟတ် တိတ်တိတ်လေးကြိတ်ပိုးနေတဲ့သူတွေကရော ရှောင်ကြပါ့မလား ပေါ်ပေါ်ကဒီလောက်ချောတာ (ဖမ်းလို့တောင်မမိဘူး) ခွိခွိ
ReplyDeleteကြော်ငြာနေတာလားဗျ အဟိ
ReplyDeleteခုမှပဲဖတ်ဖြစ်တယ်... ပထမဆုံး အချစ်ဆုံး...သူ့ ကိုငါ ချစ်လို့ မဆုံးပေါ့နော်...
ReplyDeleteနောက်တခေါက် လာဖတ်ပြီး ကြိုက်သွားတဲ့ စာသားကတော့ အောက်ဆုံးက တောင်းပန်ခြင်း ဆိုတာပါပဲကွယ်....အဟေးဟေးးး
ReplyDelete