Labels
ဥပဒေ
တရားရုံးများက ချမှတ်လိုက်သည့် စီရင်ဆုံးဖြတ်ချက်များသည် အဂတိလိုက်စားမူကင်းရှင်းသော စီရင်ဆုံးဖြတ်ချက်များဖြစ်ရန်နှင့် မေတ္တာဖြင့်ယှဉ်သော သွန်သင်ဆုံးမမူ၊ ပညာပေးမူမျိုးဖြစ်စေရန် အမြဲဂရုပြုသင့်ကြောင်း စသည်ဖြင့် မေလ ၁၂ ရက်နေ့ ညနေ ၃နာရီတွင် နေပြည်တော်ရှိ တရားရုံးချုပ်အစည်းအဝေးခန်းမ၌ ကျင်းပသည့် တရားရုံးချုပ်နှင့် ပြည်နယ် / တိုင်းတရားသူကြီးများ၏ လုပ်ငန်းညှိုနှိုင်း အစည်းအဝေး၌ နိုင်ငံတော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ထည့်သွင်းပြောကြားခဲ့ကြောင်း နိုင်ငံပိုင်း သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။
ယင်းလုပ်ငန်းညှိုနှိုင်းအစည်းအဝေး၌ပင် နိုင်ငံတော် ၀န်ကြီးချုပ်က “တရားရုံးများသည် ပြည့်မျက်စိ၊ ပြည့်ကြေးမုံများဖြစ်သည်နှင့် အညီ ပြည်သူများ၏ ဘ၀ကိုမှန်မှန်ကန်ကန်မြင်ရန်၊ စာနာရန်၊ ပြည်သူများ၏ဘ၀ရုပ်သွင်ကို ပီပီပြင်ပြင်မြင်ရန် ထင်ဟပ်နိုင်ရန် ဖြစ်ကြောင်း ၊ ခေတ်သစ်စနစ်ကို အရှိန်အဟုန်ရှိရှိပြောင်းလဲ နေချိန်တွင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ်ငန်းမားကို တဆင့်ပြီးတဆင့် အကောင်အထည်ဖော်နေချိန် ဖြစ်သည့်အတွက် တရားစီရင်ရေး စနစ်ကိုလည်း ပြည်သူများ အားကိုယုံကြည်သောစနစ်ဖြစ် လာအောင် မိမိတို့ ပြုပြင်ထူထောင်သွားရမည်ဖြစ်ကြောင်း၊ အားနည်းချက်၊ ချို့ယွင်းချက်များကို ယေဘုယျအားဖြင့် ခြုံငုံပြီး စိစစ်လျှင် စနစ်၊ ကျင့်ဝတ်၊ လုပ်ထုံးလုပ်နည်းများ၏ မပြည့်စုံအားနည်းမူကြောင့် မဟုတ်ဘဲ လူပုဂ္ဂိုလ်ဆိုင်ရာ အားနည်းမူများကြောင့် ဖြစ်သည်ကို တွေ့ရကြောင်း”
သတင်းအပြည့်အစုံ…….
စာပါအတိုင်း အမှန်တရားအတိုင်း ဆုံးဖြတ်နိုင်ကြပါစေဗျာ…… ဆုံးဖြတ်ချက်အမှားများကြောင့် မတရားသဖြင့် ချုပ်နှောင်ခံနေရတဲ့လူများ၊ချုပ်နှောင်ခံရမဲ့သူများ အမြန်ဆုံး လွတ်မြောက်နိုင်ပါစေ……
လေးစားလျက် တောင်ပေါ်သား
11 comments:
  1. တရားရုံးရှေ့မှာ နံပတ် ၁
    ReplyDelete
  2. စိုင်းစိုင်းလားရှိုးMay 18, 2009 at 3:54 AM
    ဥပဒေ = မှန်ကန်ခြင်း
    ReplyDelete
  3. ဥပဒေ = တရားမျှတခြင်း
    ReplyDelete
  4. မောင်မျိုးMay 18, 2009 at 5:57 AM
    ဥပဒေထက်မှာ ဘဘကြီးတို့ရှိနေသ၍တော့ တရားမမျှတ လွတ်လက်ခြင်းနဲ့ဝေးပဲပေါ့။ ဒါကြောင့်ရွှေပြည်ကြီးမှာ ငွေများတရားနိုင်လို့ ဆိုရိုးတွင်တာ ။
    မတရားသဖြင့် ချုပ်နှောင်ခံနေရတဲ့လူများ၊ချုပ်နှောင်ခံရမဲ့သူများ အမြန်ဆုံး လွတ်မြောက်နိုင်ပါစေ……
    ReplyDelete
  5. တရားရုံးက ဝက်ခြံထဲမှာ တောင်ပေါ်သားပါလား
်အမ် အမှုကလည်း ဘာမှဟုတ်ပါဘူး
    ဘာလို့ များ ဒီလောက်ကြီးလေးတဲ့အပြစ်ချတာပါလိမ့်
    လူသတ်မှုကအများဆုံးဆယ်နှစ်ပါ
    ခုက သောက်ညင်ကပ်ပုဒ်မနဲ့ နှစ်သုံးဆယ်ကျော်ပါလား
    မရှိမဲ့ရှိမဲ့ အမှုတွေ နဲ့ နင့်တော့
    ကိုလေးဖြူဆိုထားသလိုပဲ
    ထားခဲ့အုန်း ထားခဲ့အုန်း ပဲ ငါ့တော့လစ်ပြီ
    ReplyDelete
  6. ဆုတောင်းနေပါတယ် မောင်လေးရေ
    ReplyDelete
  7. ရှမ်းလေးMay 19, 2009 at 8:59 AM
    အပေါ်စာပိုဒ်မှာ မ"လေးတစ်လုံးပိုနေတော့
    အဓိပ္ပါယ်တစ်မျိုး ပေါက်နေတယ်ဗျာ
    ReplyDelete
  8. ဟုတ် ကျေးဇူးပါ ကျနော် ပြန်ပြင်လိုက်ပါပြီ
    ReplyDelete
  9. အင်းးးး ... စဉ်းစားစရာပါပဲ ဆရာပေါ်ရယ်...။
    ReplyDelete
  10. ဟိ.. မှတ်ထားဗျ ကတောင်ရဲ့ သူတို့က ဟိုစကားပုံလိုပဲ ပါးစပ်က ဘုရား ဘုရား လက်က
    ကားယား ကားယား ဆိုတဲ့ အစားထဲကလေဗျာ
    ဆိုတော့ စိတ်ချ......။ သူတို့လက်ထဲက အီး..ပဲ
    ဗျာ ရူလိုကရူ၊ စားလိုကစား လုပ်ချင်တာ လုပ်လို့ရနေတာပဲ... ဟုတ်ဘူးလား...။
    အမှန်က သူတို့က ကန်ထဲကကြာပန်းကို ရေနစ်ပြီး ရေအောက်ထဲရောက်အောင်လုပ်တာပဲဗျ ဒါပေမဲ့
    ရေမြင့်လေ ကြာတင့်လေ ဆိုတာ သူတို့ မသိဘူး
    ဖြစ်နေတယ်ဗျ...။
    ReplyDelete
  11. ကဲ..ကိုတောင်.. ရှောင်ပါဆိုနေမှ.. ဟွန်း..မပြောတော့ဘူး..း)
    ReplyDelete
Blogger Template by Clairvo