အမှတ်မထင် တွေ့ခဲ့ကြတယ်
ဒီလောကမှာ ပျော်ရွှင်စရာအတိနဲ့
ညီရင်းအကို စေတနာတွေ
အမြဲကူညီ ဒီဘလော့ရောင်းရင်းများ သတိရနေမှာ
ဘလော့ဒေးလေး အမှတ်ရလို့ ပျော်ရွှင်ခဲ့တယ်
အားလုံးငြိမ်လို့ ဆုတောင်းခဲ့တယ် ဘလော့ဂါတယောက်အတွက်
ဒီလိုနဲ့ပဲ ဘလော့ပိုးလေးတွေ ထကြွခဲ့တယ်
ရှေ့ကိုတိုးလို့ ချီတက်ခဲ့တယ်
ဆိုး၊ကောင်း မသိ ပိုစ့်တွေရေးခဲ့ကြတယ်
စိတ်ညစ်တာတွေ ဖွင့်ဟခဲ့တယ်
အားပေးမူတွေ အများကြီးရခဲ့တယ်
ယုံကြည်မူတွေ ပိုမိုခိုင်မြဲစေခဲ့တယ်
အားလုံးအတွက် ကျေးဇူးအထူးပါ
ကျနော် ဘလော့ဂ် ရေးခြင်းကို နားပါဦးမည်။ အားလုံးကို အနူးအညွတ်တောင်းပန်ပါတယ်။ ပြန်ရေးဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
ဝါသနာကတော့ မသေ သေးဘူးဗျာ... လူလဲစိတ်တွေ မောနေပြီ ပြန်လာပါမယ်..........
လေးစားလျက်
တောင်ပေါ်သား
Labels
- Blog (470)
နားပါဦးမည်
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
ဒီကမ္ဘာလောကမှာ လူရယ်လို ဖြစ်လာရင် လူတိုင်းမှာ လွတ်လပ်ပိုင်ခွင့် တနည်းအားဖြင့် ရွှေးချယ်ပိုင်ခွင့်တွေ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီရွှေးချယ်ပိုင်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မမျှော်လင့်တဲ့ ဒေါင့်ချိုးတကွေ့ မင်းနဲ့ငါနဲ့ ဆုံတွေ့ခဲ့ကြတယ် ပျော်ရွှင်မှုကို မျှဝေစားလို့ ဒုက္ခတွေကို လည်စင်းခံရင်းပေါ့ ကံကြမ္မာလှိုင်းတံပိုးအော...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ဒီမိုကရေစီ ဒီမိုကရေစီတဲ့ ကျနော်တို့ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာ ဒီစကားလုံးလေးက အရမ်းကို ခေတ်စားပါတယ်။ တခါတလေ ကျနော်တို့ သူငယ်ချင်းတွေ စကား...
-
အကြင်နာတွေကို မင်းမမြင် ခံစားချက်တွေကို ဖယ်ထုတ်လို့ မုန်းချင်ရယ်ဟန်ဆောင် လမ်းခွဲဖို့ စတင်ခဲ့တယ် သံသရာတလျှောက် လက်တွဲဖို့ဆိုတာ မိုးနဲ့မြေ...
-
ကျနော်ဘလော့လေးကို Blogspot မှ WordPress ကို ပြောင်းထားပါတယ်။ အားလုံးပဲ အလည်လာမယ်ဆို အရင်အတိုင်း http://www.soeminhtike.com ကို လာလို့ရပါတယ်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မြန်မာ Chatter များအတွက် အထူးသတိပေးချက် Myanmar Online ဟုတ်ခေါ်သော Network တစ်ခုမှ ပြုလုပ်ထားသော #ygnchat ဆိုသည့် Chatting Server တစ်ခုသည် s...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Blog Archive
-
▼
2009
(236)
-
▼
May
(32)
- နားပါဦးမည်
- နားပါဦးမည်
- နိုင်ဂံဂျားပြန်တစ်ယောက်ရဲ့ ငြီးချင်း
- နိုင်ဂံဂျားပြန်တစ်ယောက်ရဲ့ ငြီးချင်း
- ခြင်္သေ့
- အမှတ်တရ နာမည်လေး
- ခြင်္သေ့
- အမှတ်တရ နာမည်လေး
- ဥပဒေ
- ဥပဒေ
- ထားခဲ့ဖူးသော ရည်းစားများ
- ထားခဲ့ဖူးသော ရည်းစားများ
- ChAmPiOns
- ChAmPiOns
- ဇင်ဘာဘွေ
- ဇင်ဘာဘွေ
- လိုအပ်ချက် နဲ့ အလိုအပ်ဆုံး
- လိုအပ်ချက် နဲ့ အလိုအပ်ဆုံး
- အမှတ်တရ တနင်္ဂနွေ
- အမှတ်တရ တနင်္ဂနွေ
- အမေ
- အမေ
- ရင်ထဲက တက္ကသိုလ်
- ရင်ထဲက တက္ကသိုလ်
- အတန်းပညာ
- အတန်းပညာ
- တို့ဟူးနွေး
- ဒါက..ဒီလိုရှိတယ်
- တို့ဟူးနွေး
- ဒါက..ဒီလိုရှိတယ်
- ၀ိုင်တခွက်
- ၀ိုင်တခွက်
-
▼
May
(32)
Powered by Blogger.
This comment has been removed by the author.
ReplyDeleteဘယ်လိုဖြစ်ရပြန်တာလဲဗျာ။ ရှင်နဲရာ အက်ဂ လူထွက်ဆိုသလို လူဟောင်းတွေ သိပ်မရှိတော့
ReplyDeleteတာ ကိုယ့်ဆ၇ာကပါ ညောင်းပြီးဆိုတော့ အားတောင် မရှိတော့ဘူးဗျာ။
အဲ ..အသင် လောကကြီး ဘာတွေ ဖြစ်ကြပြန်သနည်း
ReplyDeleteဘယ်လို ဖြစ်ကုန်ကြပါလိမ့်ဗျာ
ReplyDeleteဟယ် .. ဘယ်လိုဖြစ်တာလဲ ... အဲလိုမလုပ်နဲ့လေ
ReplyDeleteမြန်မြန်ပြန်လာပါ
ReplyDeleteဟွန်း...ဒါကဘာအချိုးလဲ ဆရာ။ ဘာကိစ္စတွေရှုပ်နေလို့တုန်း. ပြောပါဦး။
ReplyDeleteအင်း ခဏနားရင်နားလိုက်...
ReplyDeleteပြီးတော့ပြန်လာပေါ့... တီဝါတို့ စလုံးလာမှာမို့ ခဏ
ရှောင်တာတော့ မဟုတ်ပါဘူးနော်..း)))
တီဝါလည်း အခုတလောအိပ်ရေးပျက်ခံပြီး ပို့စ်အရှည်ကြီးတွေရေးနေလို့ ဦးဥာဏ်ဆူနေတယ်..း))
နားဦးမှပဲခဏလောက် ..အဟတ်.း))
ကိုတောင်ပေါ်သား
ReplyDeleteပြန်လာမည့်အချိန်တွေ အမြန်ဆုံးဖြစ်ပါစေရှင်
အားလုံးအဆင်ပြေပါစေ..
မဖြစ်သင့်ဘူး
ReplyDeleteမဖြစ်ရဘူး
မဖြစ်စေချင်ဘူး
ပြန်လာခဲ့ပါ
ချစ်ခင်စွာဖြင့်
ဖိုးစိန်
တူမောင် တောင်တောင်ရေ...
ReplyDeleteနားကွဲ့ အမောပြေလောက်တော့ ပြန်လာပေါ့.. ဦးနော်တို့လည်း ဒီလိုပဲ နားနားပြီး သွားနေရတယ်.. ဝါသနာအရင်းခံက ရှိပြီးသားလေ.. မရေးမနေနိုင်စိတ်ကလေးနဲ့ ပေါင်းလိုက်တော့ ပြန်ရေးဖြစ်ရော.. တူမောင်လည်း စိတ်ညစ်စရာတွေ ရှိရင် အားရပါးရညစ်.. ပြီးတော့ ပြန်ရေ.. နော်..
ချစ်ခင်ခြင်းများစွာနဲ့
ဦးနော်
ကိုယ်ချင်းစာတယ် နားလည်တယ် စာနာတယ်
ReplyDeleteထက်တူခံစားလို့ရတယ် အားရပါးရနားပြီးမှပြန်လာ ဒါနဲ့ လိုင်းပေါ်မှာတွေ့တာ စိတ်ညစ်နေတဲ့ပုံလည်းမပေါက်ပါဘူး တောင်ပေါ် ဘာတွေဖြစ် ရေမချိုးတဲ့သူတွေကိုတောင် စစ်တမ်းကောက်နေပြီးတော့း)
ညီရေ.. အကိုလဲ ဘလော့တွေ မဖတ်ဖြစ်တာ ကြာပါပီ။ ဒါပေမယ့် ရေးချင်တာလေးတွေတော့ ရေးတာပဲ။ ရေးနေဦးမှာပဲ..ပြန်စုံဖို့ မျှော်နေပါမယ်
ReplyDeleteဟင်...
ReplyDeleteရင်တစ်ခုလုံး လစ်ဟာ
အရာရာမှောင်အတိ
ဟုတ်မှ ဟုတ်ရဲ့လားလို့ မျက်လုံးကို အသဲအသန်
ပွတ်ရင်း ကြည့်လိုက်တော့
သြော် ...
သူလဲ နားဦးမည်ဆိုပါလား။
မနားပါနဲ့လား ဆရာရယ်လို့လဲ မပြောချင်
ခင်များ ဆက်ရေးရမယ် ဆရာလို့လဲ မပြောရက်
သူလဲလေ လောကီသားပေမို့ဆိုတဲ့အတိုင်း
ကိစ္စများမြောင် လူတို့ဘောင်မှာ လုပ်စရာရှိတာတွေကို မနိုင်မနင်းလုပ်ရင်း
ရှေ့ခရီးကို ချီတက်နေတဲ့ ကျနော့်ရဲ့ဆရာမုတ်ဆိတ် တစ်ယောက်
အဆင်ပြေစွာနဲ့ ပြန်လာနိုင်ပါစေလို့ပဲ
တိုးတိတ်စွာ ဆုတောင်းရင်း
မျှော်လင့်နေရတော့မှာပေါ့
အိုဘယ့်
ဘလော့ဂ်လောကရယ်...။
တောင်ပေါ် ဘယ်လိုဖြစ်တာတုံး ပြောပြပါအုံး။
ReplyDeleteကိုရီနို
ပေါ်ပေါ်ရေ
ReplyDeleteဘလော့ရေးတာနားပြီး လျှောက်လည်တာများတော့မယ် ပေါ့လေ။ နာသိတယ်နော်...
ပိုက်ဆံတွေ လိုက်မချေးနေနဲ့အုံး
ခင်မင်စွာဖြင့်
သီဟသစ်
စိတ်ထိခိုက်တယ်။
ReplyDeleteဘာတွေဖြစ်နေလဲကိုတောင်ပေါ်...ဘာဖြစ်ဖြစ်မျှ ဝေပါဦး..ဒီသူငယ်ချင်းတွေဘဲရှိတာကို..
ReplyDeleteခင်မင်လျှက်
ကြယ်ဖြူစင်
ဟာ.ရှပ်ပြာစိန်..နင်နော်နင်.ဘာလုပ်တာလဲ။ စာဆက်ရေးပါဟ။ ငါတို့ မော(၀်)အတွက်လဲ လုပ်စရာတွေ အများကြီးရှိသေးတယ်လေ။ ပြန်လာခဲ့ပါဟာ။
ReplyDeleteနားအုန်းမယ်ဆိုပါလား
ReplyDeleteဘာဖြစ်ပြန်ပြီလည်း မန်ရူး ဖလားမရလို့ နားတော့မယ်ပေါ့
အဟတ် အားရလိုက်တာ ဘာကာကိုအားပေးလိုက်၇တာ
တန်တယ်ကွာ ဘဲဥလည်းမကွဲဘူး
အေးဆေးနားပါ မျက်ရည်ခမ်းပြီဆိုမှပြန်လာခဲ့နော်
လိုလိုမယ်မယ် ပဝါလေး ယူသွားအုန်း
ကောင်မလေး က မကြိုက်လို့လား... သူ့အကြောင်းများများရေးပေးလိုက်.. အဟီး.. စတာနော် ကိုတော်ပေါ်.. ဘယ်လိုဖြစ်တာလဲဗျ.. နဲနဲ ပြောပြလေ..။
ReplyDeleteလက်မခံကြောင်း အကျိုးအကြောင်းလေး နဲနဲပါးပါးရှင်းပြစေချင်လိုကြောင်း ။
ReplyDeleteညီငယ် (ကိုရဲ)
မောင်တောင် လည် ပြန်မှာလား ဦးရှင်ကြီးနဲ့ အတူ
ReplyDeleteဘယ်လိုဖြစ်တာလဲ တောင်ပေါ်ရာ။ မြန်မြန်ပြန်လာဖို့ မျှော်လင့်ပါတယ်။
ReplyDeleteခင်မင်လျှက်
မရောင်
ဘီလိုဖြစ်ပါသလဲခင်ဗျာ... ညီရေ စိတ်ပါတဲ့ အခါပြန်ရေးပါ...တစ်ခါတလေတော့လဲ ဒီလိုပါပဲ...ချစ်ချစ်ကို အချိန်ပေးနေရလို့လား..(မထင်ပေါင်) နှစ်ယောက်လုံးမစွန်တာ လူတိုင်း အသိ ဟုတ်လား...ကွိကွိ.....
ReplyDelete