မိုးခြိမ်းသံတွေ တ၀ုန်းဝုန်းနဲ့
ဟိုအဝေးက ကောင်းကင်ကြီးဆီက
လျှက်ရောင်တချို့ ငါမြင်လိုက်တဲ့ အခိုက်အတန့်ပေါ့
လက်ထဲက ၀ိုင်တခွက်ကို
နှစ်ခြိုက်စွာ ငါသောက်သုံးနေရင်း
မင်းအပြန်လာကို မျှော်နေမိပြန်ပေါ့......
ငါ့ကိုယ်ငါ ထင်မြင်မိခဲ့တယ်
ဖြူ၊နီ၊ပြာ အရောင်စုံတွေကြားထဲမှာ
အလိုက်သင့်မျောလွှင့်တတ်တဲ့ အဖြူရောင်လေး တခုပဲလို့
ဒါပေမဲ့ ငါသေချာသိလိုက်ချိန်မှာ
ငါဟာ အတ္တတွေဖုံးလွှမ်းနေတဲ့၊
မှောင်မိုက်မူတွေကို ပိုင်ဆိုင်နေတဲ့
အနက်ရောင် တခုဆိုတာကိုပေါ့ ..............
အမြုပ်တွေထနေတဲ့ ဒီဘီယာခွက်တွေကြားမှာ
ငါဝိုင်တခွက်ကိုပဲ ရစ်မူးနေခဲ့တာလေ
မင်းဆီက မျှော်လင့်မထားတဲ့ မထင်ထားတဲ့
ဆီးကြိုမူလေးတွေကို ငါရခဲ့ပါတယ်..
ဒီအတွက် ၀မ်းမနဲခဲ့ပါဘူး နောင်တလဲ မရခဲ့ပါဘူး
ငါ့လက်ထဲမှာ မင်းကိုမေ့နိုင်မဲ့ အဆိပ်တွေ ရှိနေပါပြီ
ငါအရာရာကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီးသားပါ.....
လေးစားလျက် တောင်ပေါ်သား
ဟိုက် ကောင်ကြီးရ ရင်ဆိုင်ဖို့ အစိက် ရှိနေပြီပေါ့ သုံးဆယ်ပြည့်အောင် စုလိုက်ကွာ ဆွဲလိုက်မယ်
ReplyDeleteဝိုင်ချစ်သူမို့ ဝိုင်ကဗျာလေးလဲ ကြိုက်မိပါရဲ့
ReplyDeleteကောင်းလိုက်တာ ညီလေးတောင်ပေါ်သားရေ.. ကိုယ်တွေ့ ခံစားချက်တွေ ထင်ပါ့.. :)
ReplyDeleteသောက်နေတဲ့ဝိုင်ကဘာဝိုင်တုန်း
ReplyDeleteအနီလား
အဖြူလား
ရိုစေးလားးးးး
ကဗျာအတိုင်းဆိုရင်တော့
သေချာတယ်
ဝိုင်ဖြူဖြူတစ်ခွက်ပဲနေမှာပါ
ဟုတ်တယ်
း)
ဝိုင်တခွက်နဲ့ အရာရာကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားတာ ကောင်းပါတယ် တောင်ပေါ်သားရေ
ReplyDeleteကဲ.. မေ့နိုင်တဲ့အဆိပ်တွေရှိနေပြီဆိုတော့
ReplyDeleteသောက်လိုက်တော့.... မမေ့သေးရင်လဲ ပြော
ကျနော့်ဆီမှာ မက်သနောလဲရှိတယ်၊ ပိုးသတ်ဆေးလဲရှိတယ်၊ ဓာတ်မြေသြဇာ အရည်လဲရှိတယ်၊ ဓာတ်ဆီ၊ ဒီဇယ်၊ အရက်ပျံ၊
ကြွက်သတ်ဆေး၊ ကြိုက်တာပြော အလကားပေးမယ် ကိုယ့်ဆရာ ခံစားနေရတာ
မကြည့်ရက်လို့ပါနော်.......
ဘာမှ ကောင်မလေးကို တရာခံမမရှာနဲ့ ကိုယ့်ပါသာ သောက်ချင်ရင် သောက်ချင်တယ်ပြေား) ဒါမျိုးတွေရိုးနေပြီး :P
ReplyDeleteဒီကျောင်းဆရာကလည်း တယ်မိုက်လုံးကြီးပေသကိုး။ တပည့် တွေကို ဘာအတတ်ကောင်းတွေ သင်ပေးအုံးမလို့ လဲ ..အဆိပ်သောက်တဲ့ ကျောင်းဆရာ ရေ .. သတိထားအုံးလေ ။ သိပ်သောက်ချင်ရင်တော့ အမြည်းလုပ်ဖို့  အဆိပ်ပါတဲ့ငပိ ယူလာပေးမယ်နော့ ။။ အဟိ ။။ ပျော်ရွှင်ပါစေ ။။
ReplyDeleteကွန်မင့်ပေးမလို့ပဲ.. အထက်ကကွန်းမင့်တွေ ကြည့်ပီး ပြုံး မိပါတယ်.. ၀ိုင်းတွယ်နေကြသလိုပဲ.. နာ့ညီလေး တနားပါတယ်.... (ရှိတဲ့ အဆိပ်နဲနဲမျှပါ)
ReplyDeleteကဗျာလေးကကောင်းတယ် သူများတွေမန့်သွားတာကိုလည်းဖတ်ပြီး ပြုံးမိပါတယ်ရှင်
ReplyDelete