မနေ့ညက အိမ်အပြန် ရထားပေါ်တွင် နေရာလွတ်တခုတွေ့၍ ၀င်ထိုင်ဖြစ်သည်။ ဘေးတွင် မြန်မာ အမျိုးသမီးကောင်မလေး နှစ်ယောက် စကားပြောနေသည်ကို ကြားနေရသည်။ သူတို့ စကားတွေကို ကြားရတော့ ရင်ထဲမှာ မကောင်းပေ။ မသိသလိုနဲ့ မျက်လုံးအစုံကို ပိတ်ပြီး အိပ်ချင်ဟန်ဆောင်နေလိုက်ပါသည်။ တယောက်မှာ အသက်အရွယ်အားဖြင့် ကျနော်နှင့် ရွယ်တူလောက်တာ ရှိပေဦးမည်။ နောက်တယောက်မှ ကျနော်ထက်ပင် ငယ်ဦးမည်ဟု ထင်မိပါသည်။ ဘ၀ကို ဖြတ်သန်းနေပုံများ ချီးကျူးစရာပင်ဖြစ်သည်။ ကိုယ့်ဟာကို ပြန်သုံးသပ်မိပါတယ်။ တနေ့တနေ့ ဘာမှ မတိုးတက်လာပဲ အလုပ်ကပြန် ပင်ပန်းသည်ဟုဆိုကာ အချိန်တွေကို အလကားဖြုန်းနေမိသည်။ သူတို့လိုများ လုပ်ရလျှင်ဖြင့် သေဖို့တာ ရှိပေမည်။ သြော် ခက်ခဲလှကြမ်းတမ်းလှတဲ့ ကျနော်တို့ မြန်မာတွေ ဘ၀ပါလား… ဘယ်သူ့ကို အပြစ်တင်ရမှန်း မသိဖြစ်နေသည်။ ထိုသူနှစ်ယောက် ဆိုသည်ကား ကျောင်းသူလေး နှစ်ယောက်ပင်ဖြစ်သည်။
ကျနော် Bugis MRT ကနေ အပြန် ကြားခဲ့ရတဲ့ အဖြစ်လေးပါ။ သူတို့နှစ်ယောက်လုံး ကျောင်းတက်နေကြသည်။ မိဘဆီက ငွေကို ပြန်မတောင်းချင်တော့ အလုပ်တွေ အချိန်ပိုင်း အလုပ်တွေ လုပ်နေကြရသည်။ ဘယ်လောက် ပင်ပန်းမည်နည်း။ ဘယ်သူမှ သူတို့ကို စာနာသနားပေးမည်သူ မရှိကြဘူးလား မသိ။ သူတို့ရဲ့ ပင်ပန်းမူတွေ စိတ်ဆင်းရဲမူတွေကို တယောက်နှင့် တယောက် ရင့်ဖွင့်နေသည်ကို ဘေးက ကျနော် ကြားနေရသည်။ ဒီမှာ အတွေးတခု ၀င်လာသည်။ ပညာရေး…………
ပညာရေး………. ကျနော်တို့တိုင်းပြည်မှာ ပညာတတ်လူတန်းစားတွေ များသည်။ ကျနော်နားလည်သလောက် ပညာဆိုသည်မှာ အတန်းပညာ၊ လက်မူပညာဆိုပြီး (၂) ခု ရှိသည်ဟု နားလည်ပါတယ်။ ဒီမှာ ကျနော်တို့ တိုင်းပြည်ကလူတွေက အတန်းပညာထက် လက်မူပညာကို ပိုမိုအောင်မြင်တတ်မြောက်ကြသည်ဟု ထင်ပါသည်။ အတန်းပညာဆိုတာ တကယ်တန်း တတ်မြောက်လျှင် သေချာကျွမ်းကျင်လျှင် ဘ၀အတွက် အာမခံချက်ပေးသော ပညာရပ်တခုဖြစ်ပါသည်။ အတန်းပညာတန်းမြောက်ပြီး လက်မူပညာ၊စီမံမူတွေ တတ်သူတယောက်အနေနဲ့ ဘ၀မှာရုန်းကန်ရတာ ပိုမိုအဆင်ပြေ ချောမွေ့မည်ဟု ယုံကြည်ပါသည်။ ဒီအတွက် ကျနော်တို့ ပညာကို ကြိုးစားသင်ယူလာကြရတာပါ။ ကျနော်တို့ကော သင်သလောက် တတ်သလား…….
ဒီမှာပြောစရာရှိတာက ကျနော်တို့ကို သင်ပေးတဲ့ ဆရာ၊ဆရာမတွေကို အပြစ်မဆိုပါ။ သူတို့ကျေးဇူးကြောင့်ကျနော်တို့ ဒီဘ၀ကို ရောက်ခဲ့ရပါသည်။ ဒါပေမဲ့ ကျနော်အမြင် ပညာရေးစနစ်ကို ပြင်ဖို့တော့ လိုအပ်သည်ဟုထင်မြင်မိပါသည်။ ဆိုလိုသည်က ကျနော်တို့ Physic နဲ့ ကျောင်းပြီးသွားလျှင် သူနဲ့ သက်ဆိုင်တဲ့ အလုပ်ကို ၀င်ဖို့ လိုအပ်ပါသည်။ ခုဟာက ကျနော်တို့ ရတဲ့ဘွဲ့နှင့် လုပ်နေရသည့် အလုပ်နှင့်က တခြားဆီ ဖြစ်နေပါသည်။ ဒီအတွက် ကျနော်တို့မှာ သူများတိုင်းတပါးများထက် ပိုမိုရုန်းကန်နေရတာတွေ့ရပါတယ်။ တကယ်တမ်း သူများနိုင်ငံမှာ အလုပ်လာလုပ်မယ်ဆို ဘွဲ့တခုကတော့ မရှိမဖြစ် ယူထားမှ ရမယ်ဆိုတာ အတော်များများ လက်ခံကြပါတယ်။ ဒါပေမဲ့ ကိုယ်လုပ်ငန်းခွင်ဝင်နဲ့ သက်ဆိုင်တဲ့ ဘွဲ့မျိုးဆိုလျှင်ပို အဆင်မပြေဘူးလား…
အထက်ကပြောသွားတဲ့ ကောင်မလေးနှစ်ယောက်မှာ တယောက်က Engineer နဲ့ ကျောင်းပြီးသွားပြီး ခု စင်ကာပူမှာ Account တက်နေသည်တဲ့။ ဘယ်လိုလုပ် အဆင်ပြေနိုင်မလဲလို့ ကျနော်တွေးမိသည်။ သူများနိုင်ငံတွေက လူတွေက တကယ်တတ်ကြသည်။ ဒီလိုဆိုလို့ ကျနော်တို့နိုင်ငံက လူတွေကို မတတ်ဘူးဟု မဆိုလိုပါ။ ကျနော်တို့တွေက လမ်းကို အလွယ်လိုက်ကြတာများသည်။ ကျနော်ကိုယ်တိုင်ပင်ဖြစ်သည်။ ဥပမာ ကျနော်န
Labels
- Blog (470)
အတန်းပညာ
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
ဒီကမ္ဘာလောကမှာ လူရယ်လို ဖြစ်လာရင် လူတိုင်းမှာ လွတ်လပ်ပိုင်ခွင့် တနည်းအားဖြင့် ရွှေးချယ်ပိုင်ခွင့်တွေ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီရွှေးချယ်ပိုင်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မမျှော်လင့်တဲ့ ဒေါင့်ချိုးတကွေ့ မင်းနဲ့ငါနဲ့ ဆုံတွေ့ခဲ့ကြတယ် ပျော်ရွှင်မှုကို မျှဝေစားလို့ ဒုက္ခတွေကို လည်စင်းခံရင်းပေါ့ ကံကြမ္မာလှိုင်းတံပိုးအော...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ဒီမိုကရေစီ ဒီမိုကရေစီတဲ့ ကျနော်တို့ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာ ဒီစကားလုံးလေးက အရမ်းကို ခေတ်စားပါတယ်။ တခါတလေ ကျနော်တို့ သူငယ်ချင်းတွေ စကား...
-
အကြင်နာတွေကို မင်းမမြင် ခံစားချက်တွေကို ဖယ်ထုတ်လို့ မုန်းချင်ရယ်ဟန်ဆောင် လမ်းခွဲဖို့ စတင်ခဲ့တယ် သံသရာတလျှောက် လက်တွဲဖို့ဆိုတာ မိုးနဲ့မြေ...
-
ကျနော်ဘလော့လေးကို Blogspot မှ WordPress ကို ပြောင်းထားပါတယ်။ အားလုံးပဲ အလည်လာမယ်ဆို အရင်အတိုင်း http://www.soeminhtike.com ကို လာလို့ရပါတယ်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မြန်မာ Chatter များအတွက် အထူးသတိပေးချက် Myanmar Online ဟုတ်ခေါ်သော Network တစ်ခုမှ ပြုလုပ်ထားသော #ygnchat ဆိုသည့် Chatting Server တစ်ခုသည် s...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Blog Archive
-
▼
2009
(236)
-
▼
May
(32)
- နားပါဦးမည်
- နားပါဦးမည်
- နိုင်ဂံဂျားပြန်တစ်ယောက်ရဲ့ ငြီးချင်း
- နိုင်ဂံဂျားပြန်တစ်ယောက်ရဲ့ ငြီးချင်း
- ခြင်္သေ့
- အမှတ်တရ နာမည်လေး
- ခြင်္သေ့
- အမှတ်တရ နာမည်လေး
- ဥပဒေ
- ဥပဒေ
- ထားခဲ့ဖူးသော ရည်းစားများ
- ထားခဲ့ဖူးသော ရည်းစားများ
- ChAmPiOns
- ChAmPiOns
- ဇင်ဘာဘွေ
- ဇင်ဘာဘွေ
- လိုအပ်ချက် နဲ့ အလိုအပ်ဆုံး
- လိုအပ်ချက် နဲ့ အလိုအပ်ဆုံး
- အမှတ်တရ တနင်္ဂနွေ
- အမှတ်တရ တနင်္ဂနွေ
- အမေ
- အမေ
- ရင်ထဲက တက္ကသိုလ်
- ရင်ထဲက တက္ကသိုလ်
- အတန်းပညာ
- အတန်းပညာ
- တို့ဟူးနွေး
- ဒါက..ဒီလိုရှိတယ်
- တို့ဟူးနွေး
- ဒါက..ဒီလိုရှိတယ်
- ၀ိုင်တခွက်
- ၀ိုင်တခွက်
-
▼
May
(32)
Powered by Blogger.
ကိုတောင်ပေါ်သားကတော့ ရန်ကုန်ဘူတာကို ပြန်စိုက်ပြန်ပြီ။ :)
ReplyDeleteMicrosoft Exam ဆိုလို့ တောင်ပေါ်သားကလဲ ပလုံဂလွမ်ဆရာဘဲလား။ ကျွန်တော့် သူငယ်ချင်း ဘီးအီးမိန်းခလေးတစ်ယောက်လဲ ဒီလိုဘဲ အလုပ်လာရှာရင်း မပြန်ချင်လို့ အကောင့်တက်နေရပါသဗျား။
ReplyDeleteအားကျထှာ သူရို့တွေကျတော့ ရုံးကနေ ပို့စ်တင်နိုင်တယ်။
ReplyDeleteကိုတောင်ပေါ်သားရေ သူများနိုင်ငံကတော့ပြောရရင် ပညာရေးမှာ တကယ်တတ်တာများပါတယ်. ကိုယ့်နိုင်ငံကို စော်ကားတာတော့မဟုတ်ပါ ဒါပေမယ့် ..
ReplyDeleteဟုတ်ပါတယ်... ခတ်ခဲတယ်နော် ... ကြားရတာစိတ်မကောင် စရာ.... ငါတို့ မြန်မာ...း)
ReplyDeleteအဆိပ်ခွက်
ကျနော်ကိုယ်တိုင် ကိုယ့်နိုင်ငံမှာဘွဲ့ရထားပါရက်နဲ့
ReplyDeleteဒီနိုင်ငံမှာသင်ထားတဲ့ပညာနဲ့ဘာမှမဆိုင်တဲ့အလုပ်တွေ
လုပ်နေရတာကိုပဲကြည့်တော
အဲလောက်ထိ
ဆက်ပြောနေရင်ရင်မောတယ်
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
ဟုတ်ပါ့ဗျာ။ မြန်မာပြည်က Education System ဆိုတာ...ထမင်းစားရရုံလေးတောင်အနိုင်နိုင်.....
ReplyDeleteဟုတ်ပါ့ ကိုတောင်ပေါ်သားရေ ပြောစရာတွေကတော့ အများကြီးပဲဗျို့ ။ ဒီလိုပို့စ်မျိုးလေးတွေ ကြိုက်တယ်ဗျာ... ဆက်ရေးပါဦးဗျို့
ReplyDeleteဘာမှ မပြောတော့ဘူး ဆိုတဲ့ အကြောင်း လာပြောတာပါ။
ReplyDeleteကျွန်မ Electronics နဲ့ ပြီးပါတယ်။ Civil Work မှာ လုပ်ပါတယ်။ မနေ့က ၀ါယာကြိုး အပြတ်တချောင်း ပလက်ဖောင်းပေါ်မှာ တွေ့တာ လန့်ပြီး ခုန်မိတော့မလို့။
မှန်တာပြောမယ် ရွာကဘွဲ့တွေတော့ လုံးဝ
ReplyDeleteအထင်မကြီးပါ။