ဘာလိုလိုနဲ့ ကျနော်ဘလော့လေး ရှင်သန်နေတာ ၁ နှစ်ဆိုတဲ့ အတိုင်းအတာကို ကျော်လွန်လာခဲ့ပါပြီ။ ဒီတနှစ်ဆိုတဲ့ အကန့်အသတ်လေးကြားထဲမှာ အရာတွေ အားလုံး မဟုတ်ခဲ့ပေမဲ့ တချို့အရာတော်တော်များများလဲ ပြောင်းလဲခဲ့ပါတယ်။ ဒီဘလော့လေးကို စတင်စိတ်ဝင်စားအောင် လုပ်ခဲ့တဲ့ ကျေးဇူးရှင်အကို ကိုဈာန် နှင့် ဘလော့လောကက ချစ်စရာမောင်နှမများအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော်ဘလော့လေးကို အမြဲလာဖတ်နေတဲ့ ဘလော့စာဖတ်ဝါသနာအိုးတွေ၊ ဝေဖန်အကြံပြုပေးတဲ့ အကို၊မောင်နှမတွေအားလုံးကို ကျေးဇူးတင်ပါတယ်။
တကယ်တမ်း ကျနော်ဘလော့စလုပ်ခါစက ရေးတဲ့နာမည်က ကျနော်နာမည်အတိုင်းပါ။ ဒါပေမဲ့နောက်ပိုင်းပိုစ့်လေးတွေမှာ ကျနော် တောင်ပေါ်သား ဆိုတဲ့ နာမည်လေးကို သုံးခဲ့ပါတယ်။ ဒီနာမည်ဖြစ်တည်လာရတဲ့ အကြောင်းအရင်းကတော့ ထွေထွေထူးထူးမရှိပါဘူး။ ကျနော်ရဲ့ မွေးရပ်တောင်ကြီးမြို့လေးကို အရမ်းသတိရတာကြောင့် ဒီ တောင်ပေါ်သား ဆိုတဲ့ နာမည်လေးကို ပေးဖြစ်သွားတာပါ။ အခုဆို ကျနော်နာမည်လဲ အမေမွေးတုန်းက နာမည်လေးတောင် ပျောက်နေပါပြီ ဟဲဟဲ.. ဘာလို့လဲဆိုတော့ အဝေးတနေရာမှာ ရောက်နေတဲ့အတွက် သူငယ်ချင်းအပေါင်းအသင်းကလဲ သိပ်မရှိပါဘူး။ ရှိတဲ့ သူငယ်ချင်းအပေါင်းအသင်းတွေကလဲ ကျနော်ကို တောင်ပေါ်သား နာမည်နဲ့ပဲ ခေါ်ကြပါတယ်။
နာမည်ဆိုလို့ ကျနော်မှာ သူငယ်ချင်းတွေက ခေါ်တဲ့ ချစ်စရာ နာမည်လေးတွေတော့ ရှိပါတယ်။ ကျနော် ရန်ကုန်ရောက်တော့ သင်တန်းတက်တော့ သူငယ်ချင်းတွေ ခေါ်တာက တောင်ကြီးသား တဲ့။ အဲ အလုပ်လုပ်တော့ သူငယ်ချင်းတွေ ခေါ်တာ ရှမ်းစုတ် တဲ့၊ အဲ အရမ်းခင်တဲ့ ညီအကိုတွေ ချစ်စနိုးခေါ်တာကတော့ စောက်ရှမ်း တဲ့၊ ခု ဘလော့လောက ရောက်မှ ကျနော်လဲ နာမည်မျိုးစုံ ရပါတော့တယ်။ အောက်မှာ ကြည့်ပေးတော့ဗျာ.. ကျနော်ကို ခေါ်တဲ့ နာမည်တွေပေါ့။ လူလဲ သူတို့လုပ်မှ ပေါ်တာတွေကော တောင်တာတွေကော (တမျိုးမထင်လေနဲ့ နာမည်ပြောတာပါ) အစုံပါပဲ။
တယ်ပေါ်သောင်၊ ကိုတောင်၊ ပေါ်ပေါ်၊ သားပေါ်တောင် ၊ ကိုတောင်ပေါ်၊ ငတောင်၊ တောင်တောင်၊ ရှပ်ပြာစိန် အစုံကိုရှုပ်နေတာပဲ.. ဒါပေမဲ့ ကျနော် ဒီတောင်ကြီးသား ဖြစ်ရတာ ရှမ်းတယောက် မဟုတ်ပေမဲ့ ရှမ်းမြေမှာ ကြီးပြင်းလာခဲ့ရတာကို ကျနော် တကယ် ဂုဏ်ယူမဆုံးပါဘူး။
ဒီတောင်ပေါ်သား ဆိုတဲ့ နာမည်လေးဟာလဲ ကျနော်ရဲ့ နှလုံးသားထဲမှာ ထာဝစဉ် ရှိနေမှာပါ။
ကဲ ကိုရီနို ရေ၊ မအားတဲ့ ကြားက ရေးလိုက်တယ်ဗျာ.. နောက်ကျသွားတာ တောင်းပန်ပါတယ်။
လေးစားလျက် တောင်ပေါ်သား
Labels
- Blog (470)
အမှတ်တရ နာမည်လေး
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
ဒီကမ္ဘာလောကမှာ လူရယ်လို ဖြစ်လာရင် လူတိုင်းမှာ လွတ်လပ်ပိုင်ခွင့် တနည်းအားဖြင့် ရွှေးချယ်ပိုင်ခွင့်တွေ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီရွှေးချယ်ပိုင်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မမျှော်လင့်တဲ့ ဒေါင့်ချိုးတကွေ့ မင်းနဲ့ငါနဲ့ ဆုံတွေ့ခဲ့ကြတယ် ပျော်ရွှင်မှုကို မျှဝေစားလို့ ဒုက္ခတွေကို လည်စင်းခံရင်းပေါ့ ကံကြမ္မာလှိုင်းတံပိုးအော...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ဒီမိုကရေစီ ဒီမိုကရေစီတဲ့ ကျနော်တို့ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာ ဒီစကားလုံးလေးက အရမ်းကို ခေတ်စားပါတယ်။ တခါတလေ ကျနော်တို့ သူငယ်ချင်းတွေ စကား...
-
အကြင်နာတွေကို မင်းမမြင် ခံစားချက်တွေကို ဖယ်ထုတ်လို့ မုန်းချင်ရယ်ဟန်ဆောင် လမ်းခွဲဖို့ စတင်ခဲ့တယ် သံသရာတလျှောက် လက်တွဲဖို့ဆိုတာ မိုးနဲ့မြေ...
-
ကျနော်ဘလော့လေးကို Blogspot မှ WordPress ကို ပြောင်းထားပါတယ်။ အားလုံးပဲ အလည်လာမယ်ဆို အရင်အတိုင်း http://www.soeminhtike.com ကို လာလို့ရပါတယ်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မြန်မာ Chatter များအတွက် အထူးသတိပေးချက် Myanmar Online ဟုတ်ခေါ်သော Network တစ်ခုမှ ပြုလုပ်ထားသော #ygnchat ဆိုသည့် Chatting Server တစ်ခုသည် s...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Blog Archive
-
▼
2009
(236)
-
▼
May
(32)
- နားပါဦးမည်
- နားပါဦးမည်
- နိုင်ဂံဂျားပြန်တစ်ယောက်ရဲ့ ငြီးချင်း
- နိုင်ဂံဂျားပြန်တစ်ယောက်ရဲ့ ငြီးချင်း
- ခြင်္သေ့
- အမှတ်တရ နာမည်လေး
- ခြင်္သေ့
- အမှတ်တရ နာမည်လေး
- ဥပဒေ
- ဥပဒေ
- ထားခဲ့ဖူးသော ရည်းစားများ
- ထားခဲ့ဖူးသော ရည်းစားများ
- ChAmPiOns
- ChAmPiOns
- ဇင်ဘာဘွေ
- ဇင်ဘာဘွေ
- လိုအပ်ချက် နဲ့ အလိုအပ်ဆုံး
- လိုအပ်ချက် နဲ့ အလိုအပ်ဆုံး
- အမှတ်တရ တနင်္ဂနွေ
- အမှတ်တရ တနင်္ဂနွေ
- အမေ
- အမေ
- ရင်ထဲက တက္ကသိုလ်
- ရင်ထဲက တက္ကသိုလ်
- အတန်းပညာ
- အတန်းပညာ
- တို့ဟူးနွေး
- ဒါက..ဒီလိုရှိတယ်
- တို့ဟူးနွေး
- ဒါက..ဒီလိုရှိတယ်
- ၀ိုင်တခွက်
- ၀ိုင်တခွက်
-
▼
May
(32)
Powered by Blogger.
ဦးရှင်ကြီးခေါ်တဲ့နာမည်ကျတော့မပါဘူ..သွား တိုင်မယ်...ရှမ်းခေါက်ဆွဲကျွေးရင်မခေါ်နဲ့လို့.. သွားဖွလိုက်ဦးမယ်..ကိုတောင်ပေါ်..
ReplyDeleteခင်မင်လျှက်
ကြယ်ဖြူစင်..
တောင်ပေါ်သား...ဒီနာမည်က တွေးလေးရှုပ်လေ မောင်တောင်ပေါ် ငါမတွေးသွားတော့ဘူး ဟိဟိ
ReplyDeleteပေါ်ပေါ်ရေ......
ReplyDeleteဒို့ကတော့ မူပိုင်ယူထားတယ်နော် ပေါ်ပေါ်...
ပေါ်ပေါ် ကနာမည်နဲ့လိုက်အောင် အရမ်း ချစ်ဖို့ ခင်ဖို့ကောင်းတဲ့သူပါ (ဘာမှမဆိုင်ဘူး ပြောမလို့လား)
မဆိုင်ဆိုင် ဆိုင် လူဆိုတာ ခင်လာရင် ချစ်လာရင်
တစ်ဖက်လူက တင်းပုတ်နဲ့ထုရင်တောင် ကိုယ်က လျှာလေးတစ်လစ် တစ်လစ် ပြုံးပြနေအုံးမှာ ဟုတ်တယ်မဟုတ်လား....
ဘာပဲပြောပြော
ကိုတောင်ပေါ်သားက ခင်မင်ဖို့ကောင်းတဲ့ ချစ်ဖို့ကောင်းတဲ့ သူတစ်ယောက်ဆိုတာ ကျနော် မငြင်းပါဘူး
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
ဟုတ်ပါ့..
ReplyDeleteတီဝါ့အိမ်ကို လာလည်တာ.. စိုးမင်းထိုက်ဆိုတဲ့နာမည်
နဲ့...း))))) ခုတော့လည်း တောင်ပေါ်သားလေးပေါ့
ကွယ်...း)
ကိုဖိုးစိန်တော့ မဟုတ်တော့ဘူးထင်တယ် .. ????? :P
ReplyDeleteတောင်ကြီးကိုလွမ်းတာလား ရှမ်းမလေးတွေကိုလွမ်းတာလား .. :P
ဒါနဲ့ အလုပ်များတယ်ဆိုပြီး ပုန်းပြီးမချက်နဲ့နော် .. :D
တောင်ပေါ်..ငါပေးထားတဲ့နာမည်လဲ မပါဘူး။ လိုက်အော်လိုက်ရမလား။:)) ရှပ်ပြာစိန်လို့
ReplyDeleteဦးနော်တို့ခေါ်တဲ့ နာမည်လေးပါလို့ ကျေးဇူး..း)
ReplyDeleteတောင်ပေါ်သား နာမည်ပေးထားတာကောင်းပါတယ် .မိုက်တယ်
ReplyDeleteကိုတောင် ကိုတောင် လည်လည်လာရင် ဖတ်သွားတယ်နော့်...
ReplyDeleteခင်မင်လျှက်
အဆိပ်ခွက်
ကို တောင်ပေါ်၊ မြောက်ပေါ် .ပေါ်ချင်ရာပေါ် ။။လာလှန်သွားတယ် ..အဲ ..လာလည်သွားတယ် ဗျိုးး
ReplyDeleteနောက်တခါ နာမယ်ပေး ကင်ပွန်းတပ်ပွဲ ကျွေးပြီးမှ အကျုံး ဝင်မှာနော့ ။
ဆရာပေါ် ကျနော်ခေါ်တဲ့နာမည်ကျ မပါဘူး။ ဟွန်း။
ReplyDeleteအစ်ကို့ နာမည်သမိုင်းလေးကို လာဖတ်သွားတယ်ဗျ...
ReplyDeleteတောင်တောင်
ReplyDelete