
လမိုက်ည
မျှော်လင့်ထားတာတွေ ပျောက်ဆုံးတဲ့ ည
အမှောင်တွေထဲမှာ ငါ့ကိုထိုးသိပ်တဲ့ ည
အရာရာမှောင်မိုက် အလင်းကင်းမဲ့တဲ့ ည
ငါ့အသက်ကို တချက်စောင်းလှည့်ကြည့်လိုက်တော့
ဆယ်စုနှစ်တွေ ကိုကျော်လွန်လို့
ငါတောင့်တတဲ့ အလင်းရောင် ခုထိမထွန်းလင်းသေး
အရာရာမှောင်မိုက် အလင်းကင်းမဲ့တဲ့ ည
ည....မှောင်မိုက်တဲ့ ည
စာပေဆိုတာ မရှိ၊ ရသဆိုတာပျောက်ဆုံး
ဒီအမှောင်တွေထဲမှာ င့ါဦးနှောက်ကို ပြန်စမ်းစစ်လိုက်တော့
အသိတရားမရှိ ဘာဆို ဘာမှ မရှိတဲ့.....
ည.... မှောင်မိုက်တဲ့ည
ည.... အလင်းပျောက်တဲ့ည
*** ပုံကို Googleမှ ယူထားပါသည်။ ***
လေးစားလျက် တောင်ပေါ်သား
အမှောင်ထဲမှာ ဖတ်သွားပါတယ်။
ReplyDeleteသန်းခေါင်ကျော်ရင် နံနက်ခင်းကိုရောက်ဖို့ နီးလာပြီလို့ မှတ်ယူလိုက်တော့မယ် ။
မိုးလင်းနိုးနိုးနဲ့ စောင့်နေတာ ကြာလှပေါ့တောင်ပေါ်ရေ။
ReplyDeleteမသူတော်တွေ သေကိုမသေနိုင်ဘူးနော်
ငကန်းသေ ငစွေတက်မှာမို့ ထူးတော့လဲ မထူးပါဘူးဟယ်။
ည ည နဲ့ ညလေးကိုတောင် သတိရလာဘီ။ သူဘာသာနေတဲ့ညကို အပြစ်တင်နေပြန်ပြီ။ မီးထွန်းပေါ့ မမှောင်ချင်ရင် ဒုက္ခပဲ
ReplyDeleteဖယောင်းတိုင်ထွန်းပြီး ဖတ်သွားတယ် .. နေ့ဘက်ရေးတဲ့ ညကဗျာကို :P
ReplyDeleteမီး၂၄နာရီလာတော့မှာတဲ့... ပြောတယ်ပြောတယ်.. :)
ReplyDeleteဘ၀မှာ မီးအိမ်ရှင်လေး ပေါ်လာမှာပါ...
ReplyDeleteအေးခဲမှောင်မိုက်နေတဲ့ ညတွေ ကုန်ဆုံးလွန်မြောက်ပါစေ ကိုတောင်ပေါ်သားရေ နေ့ ဆိုတာ နေအကွယ်မှာ ကုန်ဆုန်းရသလို ညဆိုတာလည်း အရုံတက်မှာ ပျောက်ကွယ်ရ စမြဲပါ ... နေခြည်နုနု အလင်းစိုစိုတွေနဲ့ နွေး ထွေးတဲ့ နေ့ ရက်မှာ မကြာခင် တောက်ပ ထွန်းလင်းနိုင်ပါစေ
ReplyDeleteကဗျာလေး အရမ်းကောင်းတယ်
ခင်မင်လျှက်
ရန်ကုန်သား :))
အမှောင်ခွင်း အလင်းဆောင်ဖို့အတွက် ကြိုးစားခဲ့ တာဆယ်စုနှစ် ကြာပြီဆိုတော့ အမှောင်ထဲ နေသားကျနေလောက်ပါပြီ..။ ဒီတော့ ဆက်သာနေလိုက်ပါတော့........ ......လို့ မပြောပါဘူး... ဆက်လက်ပြီး အမှောင်ထဲမှာ အလင်းတန်းလေး တခု ရရှိဖို့ ဆက်လက် ကြိုးစားကြပါစို့ဗျာ... မသေမချင်း ကျနော်တို့မှာ မျှော်လင့်ချက်တွေ ရှိနေမှာပါ..။
ReplyDeleteအလင်းပျောက်တာများ ကဗျာထဲ ထည့်ရေးနေရသေးတယ် မီးမှမလာတာ ပျောက်မှာပေါ့လို့
ReplyDeleteချိတ်ချိုးနဲ့နော် ခင်လို့ မင်လို့ ဂျစ်လို့ စ သွားဒယ် တိရား ဘိုင် ပြန်ပြီ တာ့တာ
အလင်းပျောက်ညတွေဆွေး...ဘေးနားကအ
ReplyDeleteနွေးဓာတ်လေး...ယူဆောင်လာပါကိုယ့်အနားဆီ
ကိုတောင်ပေါ်က အာရုဏ်တက်ချိန်ကိုရောက်
နေလို့ အမှောင်ဆုံးလို့ထင်နေရတာပါ။
မကြာခင် လက်ဆတ်တဲ့ အလင်းရောင်တွေ
တွေ.တော့မှာ...ကြိုးစားထားနောင်တော်
လမိုက်ညတွေနဲ့ ကြုံတော့လည်း ဘာမှလုပ်စရာမရှိတော့ အေးအေးဆေးဆေးနေရတာပေါ့... မီးအိမ်လေးတွေရှာရင်း လသာညတွေရောက်လာခဲ့ရင် ဘာတွေလုပ်မလဲတွေးရတာလည်း အရသာတစ်မျိုးပဲ
ReplyDelete