Labels

နှစ်ကူးမင်္ဂလာ



HAPPY NEW YEAR

ဘာလိုလိုနဲ့ နှစ်တနှစ်ကို ကူးတော့မယ်။ ဒီနေ့ညပြီးရင် ၂၀၁၀ ဆိုတာကြီးက ၀င်ရောက်လာတော့မယ်.. လူကလဲ အသက်တွေ တနှစ်ပြီး တနှစ် ကြီးလာ.... ဘာမှမသေချာ မရေရာသေးတဲ့ ဘ၀ကို ဒီအတိုင်းဖြတ်သန်းစီးဆင်းတုန်း ဒီပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်တခုလုံးကို မိမိတွေ့မိသလောက် ပြန်သုံးတတ်ကြည့်မိပြန်သည်။ ဘာမှတိုးတက်မှုမရှိတာကတော့ စိတ်ပျက်စရာ... စလုံးကိုရောက်လာတာ ၂ နှစ်ကျော်လာပြီ ဘာတိုးတက်လာသလဲဆိုတော့ ဘာမှ တိုးတက်မူမရှိလို့ ကိုယ့်ဟာကို တွေးမိသည်။ မိသားစုအတွက် ပြန်ကြည့်လျှင်လဲ ဘာမှ သေချာရေရာစွာ ပံ့ပိုးနိုင်မှုမရှိသေး..

ကမ္ဘာ့စီးပွားရေးပျက်ကွက်မှုတွေက တနည်းမဟုတ် တနည်းလူကို ထိခိုက်စေသည်တော့အမှန်။ ဤကိစ္စကြောင့် လူလဲ ရသင့်သလောက်အခွင့်အရေးတွေ မရခဲ့။ အလုပ်လဲ လုပ်စရာမရှိ ထိုင်နေသည်ကများခဲ့သည်။ ကံကောင်း၍ အလုပ်မပြုတ်သေးပဲ ဒီကျွန်းသေးလေးပေါ်မှာ ဆက်လက်သောင်တင်နေတုန်းပင်ဖြစ်သည်။ တခါတလေတော့ ဒီကျွန်းက အမြန်ထွက်ပြေးချင်စိတ်တွေ ရှိခဲ့သည်။ ဘာပဲပြောပြောအလုပ်မှာ နေသားကျလာတော့ အားလုံးနဲ့ သံဟဇာတဖြစ်လာသည်ကားတော့ အမှန်...

သူငယ်ချင်းအသိုင်းအ၀ိုင်းကတော့ အရင်လိုဘာမှမထူးခြားခဲ့။ ဒီနှစ်အတွင်း သူငယ်ချင်းတွေ အသစ်ပိုရလာသည်။ ခုမှ သိကြပေမဲ့ တကယ့် သူငယ်ချင်းကောင်းတွေလို စိတ်ထဲကတော့ ခင်မင်မိတာအမှန်။ စိတ်ထဲမှာ မွန်းကျပ်မှုတွေများတိုင်း သူငယ်ချင်းတွေဆီက အားပေးစကားကြရသည်။ မိသားစုကိုလွမ်းတိုင်း သူတို့ဆီက ဖြေသိမ့်ပေးမူတွေ ရတတ်သည်။ ဘလော့ဆိုတာပေါ်မှာ တွေ့ခဲ့ရသည်ထက်ပိုမိုပြီး ခင်တွယ်မူတွေရခဲ့သည်။

ဘာမှအရေမရ အဖတ်မရ စာတွေကိုဆက်ရေးသားနေမိသေးသည်။ ကိုယ့်ဟာကို ဘယ်တော့မှ ဘလော့ဂါတယောက်အဖြစ်သို့ခံယူမိသည်ဟု မစဉ်းစား။ မိမိဘာသာရေးသားချင်တာ ရေးသားမိသည်။ ဘာကိုမှမရည်ရွယ် စိတ်ထဲက ရေးသားချင်တာတွေ ရေးသည်။ ဒီတနှစ်ထဲတွင် အရေးအသားကောင်းသော ဘလော့ဂါတွေလဲ များလာသည်။ ၀မ်းသာမိသည်။ ပျော်ရွှင်စရာကောင်းသော ဒီခင်မင်ဖွယ် အသိုင်းအ၀ိုင်းထဲတွင် အသစ်ဝင်လာသူတွေ ရှိသလို မသိမသာ တိမ်မြုပ် ပျောက်ကွယ်သွားပြန်သည်။ ဘ၀ဆိုတာ ဒါပင်ဖြစ်မည် ဘယ်အရာမှ မတည်မြဲသလို ဘလော့လောကသည်လဲ တည်မြဲမှုမရှိခဲ့ပေ..

ဒီတနှစ်အတွင်း ရီမောဖွယ်ဘလော့လောကတွင် ဂရိုက် ရိုက်မှုများလဲ ရှိလှပေသည်။ ဘလော့ဂါဆိုသည်မှာ ပရိသတ်အတွက် အလေးထားရေးသားရမည်။ ပေါ့ပျက်ပျက်မလုပ်သင့်၊ ကိုယ်လုံးဖော်အပြုအမူတွေ၊ ဝေဖန်ရေးစာရေးဆရာတွေလဲ များစွာပေါ်ပေါက်လာခဲ့သည်။ အမှားတခုကို အမှားမှန်းသိပေမဲ့ စကားလုံးများကို -င်ပိတ်ငြင်းတတ်သော ဘလော့ဂါတွေလဲ ရှိခဲ့သည်။ ချွဲနွဲ့ပြောတတ်သော ဘလော့ဂါတချို့ကိုလဲတွေ့ရပြန်သည်။ အားလုံးသည် မိမိပျော်ရွှင်မူအတိုင်းသာ ဖြစ်ပေသည်။ မိမိရေးသားချင်သလိုသာ ရေးသားကြခြင်းသာ.. ကျနော်သည်လဲ ဒီအတိုင်းဆက်သွားနေဦးမည်သာဖြစ်ပါသည်။

၂၀၁၀ သည်ကျနော်တို့တိုင်းပြည်အတွက် သာယာပျော်ရွှင်မူတွေ ပေးနိုင်မည်လား၊ ဘာတွေ ဆက်ဖြစ်လာမည်လားတော့ သေချာမသိ။ မျှတသော ရွေးချယ်မူတွေနဲ့ ခေတ်မီတိုးတက်သော သာယာသော တိုင်းပြည်တခုကို ပြန်လည်တည်ဆောက်မည်ဆိုသော အယူအဆကိုတော့ လက်ခံပါသည်။ လက်တွေ့နဲ့ စိတ်ကူးကို တပုံစံထဲအကောင်အထည် ပေါ်စေချင်သည်။ တိုးတက်နေသော အခြားနိုင်ငံတွေလို ကိုယ့်တိုင်းပြည်ကိုလဲ တိုးတက်ချင်သည်။ ဒါသည် တိုင်းပြည်ကို ချစ်သည်လားဟု လာမေးလျှင်တော့ မဖြေတတ်။ ချစ်သည် မချစ်သည်ထက် တိုင်းပြည်တွင်းက ပြည်သူတွေကို ရသင့်တဲ့ အခွင့်အရေးတွေ ရစေချင်ပါသည်။

ကျနော်မိသားစု၊ သူငယ်ချင်းအပေါင်းအသင်း၊ ဘလော့ဂါ ညီအကိုမောင်နှမတွေအားလုံး လာတော့မဲ့ ၂၀၁၀တွင် ပျော်ရွှင်မှုတွေနဲ့ ပြည့်စုံပါစေ။ လိုအင်ဆန္ဒတွေပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ်။ ၂၀၁၀မှာ ကျနော်လဲ ၂၀၀၉ကထက်မက ကြိုးစားမူတွေ ဆက်လက် လုပ်ဆောင်ချင်ပါသေးတယ်။ အားလုံးလဲ အဆင်ပြေ ပျော်ရွှင်ကြပါစေ



လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။




လေးစားလျက် တောင်ပေါ်သား

19 comments:

  1. ဟဲပီးနယူးရီးရားပါ....ခင်ညာ့
    ငါးစားလျက်
    သံလွင်ဟီးရိုး

    ReplyDelete
  2. ဟက်ပီ နယူးရီးယား...း))

    ခင်မင်လျက်

    ဂျပန်ကောင်လေး

    ReplyDelete
  3. နှစ်သစ်မှာ
    စိတ်၏ချမ်းသာခြင်း
    ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံလို့
    ဘ၀လိုအင်တွေ ဆန္ဒနဲ့ တစ်ထပ်တည်းကျစေဖို့
    ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်

    လေးစားလျက်

    ReplyDelete
  4. နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်နဲ့ အရာရာကိုတွေးတောကြံဆနိုင်ပါစေနော်
    ကတောင်ပေါ် အတွေးသစ်တွေ အမြင်သစ်တွေလည်း လင်းလက်နိုင်ပါစေဗျာ
    ကောင်းသောမင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့ ထပ်တူဆုတောင်းပေးလိုက်ပါတယ်

    ReplyDelete
  5. ၂၀၀၉ကုန်သွားမှ ဖြစ်ပါစေဆုတောင်းရင်လည်း မကုန်ခင်မဖြစ်ပါစေနဲ့ဆိုသလိုမျိုးဖြစ်နေတယ်
    ၂၀၁၀ရောက်ရင် ဖြစ်ပါစေဆိုရင်လည်း ၂၀၁၀မရောက်ရင် မဖြစ်ပါစေနဲ့ဦးဆိုပြီးဖြစ်နေတယ်
    ဒီတော့ ခုကစပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ်လုပ်ချင်တာကို စိတ်ပါလက်ပါလုပ်နိုင်ပါစေ :)
    နှစ်သစ်မှာလည်း ပျော်ရွှင်ပါစေပေါ့.. :D

    ReplyDelete
  6. Happy New Year ပါ ကိုတောင်ပေါ်

    လုပ်ချင်တာတွေလုပ်ရင်း ပျော်ပျော်ရွင်ရွင်ရှိပါစေဗျာ....

    ခင်မင်ခြင်းများနှင့်
    တလနွန်

    ReplyDelete
  7. နှစ်သစ် ၂၀၁၀မှာ အကောင်းဆုံးတွေ


    ဖြစ်လာပါစေလိုကပဲ ဆုတောင်းချင်နေမိတော့မယ်ကွာ။

    ReplyDelete
  8. ကြယ်ပြာDecember 30, 2009 at 8:35 AM

    နှစ်သစ်မှာအဟောင်းတွေနည်းသွားပြီး အကောင်းတွေများလာပါစေ ... ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေဗျိုး ......

    ReplyDelete
  9. နှစ်သစ်အကူးမှာ သွေးမတော်သားမစပ် မောင်နှမတွေနဲ့အတူ ပျော်ရွှင်ကြည်နူးမှုကို အပြည့်အဝရပါစေ... တောင်ပေါ်သားရေ...

းဝ)

    ReplyDelete
  10. ပေးတဲ့ ဆုနဲ့ ပြည့်ရပါစေ တောင်ပေါ်သားရေ။
    မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော စိတ်ချမ်းသားဖွယ် ၂၀၁၀ ဖြစ်ပါစေ။

    ခင်မင်စွာဖြင့်

    မအယ်

    ReplyDelete
  11. Happy new year to you and your family

    ReplyDelete
  12. ကဲ..တူတော်မောင်
    ကျန်းမာပါစေ..ချမ်းသာပါစေဗျာ...

    ReplyDelete
  13. အပေါ်ကပြောသွားတဲ့လူတွေအတိုင်းဘဲး))))

    ReplyDelete
  14. Happy New Year ပါ ကိုတောင်ပေါ်
    ကိုတောင်ပေါ်တောင်းပေးတဲ့ ဆုနဲ့ ပြည့်ရပါစေသားရှင်

    ReplyDelete
  15. နှစ်သစ်မှာ ပျော်ရွှင်ပါစေ ကိုတောင်ပေါ်ရေ......

    ReplyDelete
  16. အကြီးအကျယ်အော်သွားပါသည်။

    အမည်မဖော်လို သူ ဦးသီဟသစ်

    ဗီလိန်

    ဖိုးသင်္ကြန်

    ငချမ်းကောင်

    တလနွန်
    ရေတမာ

    တောင်ပေါ်သား(မစ်စ် အက်စ်ဂျီ)
    မျိုးထက်ဇော်

    သံလွင်ဟီးရိုး

    မိုးကုတ်သား

    ရီနိုမာန်

    ဆောင်းချမ်းမိုး

    ဖိုးစိန်

    (ဖဲဝိုင်းမှ ထအော်ကြသည်)

    Happy new year playing card game!!!!!

    ReplyDelete
  17. Hap Hap Hap Happy Newww Yearrrr..!!!

    With Love..

    Unaw, Tnge, Kalaylay

    ReplyDelete
  18. တစ်နှစ်တာ သုံးသပ်ချက်ကလေး လာဖတ်တယ် ကိုတောင်ပေါ်ရေ .... မတွေ့ တာကြာလို့  အဆင်ပြေတယ်ဟုတ် ......
    လူတွေရော သူတို့ ပတ်ဝန်းကျင်ကပါ ပြောင်းလဲ မှု ပုံစံအမျိုးမျိုးနဲ့ ပြောင်းလဲ နေကြတယ်မဟုတ်လား .... ဘာမှ တိုးတက်မလာဘူးဆိုတာ ကိုယ့်ဘေးကလူ တွေကလည်း တစ်ပြိုင်နက်တိုးတက်နေကြလို့ သတိမထားမိတာဖြစ်မယ်ထင်ပါရဲ့  လူဟောင်းတွေနဲ့ ပြန်တွေ့  နေရာဟောင်းကို ပြန် ရောက်တဲ့အခါ ကိုတောင်ပေါ်သား တိုးတက်ပြောင်းလဲလာတာတွေ တွေ့ ရမယ် ထင်မိပါတယ် ....
    ခင်တဲ့
    ရန်ကုန်သား :))

    ReplyDelete
  19. မြစ်ကျိုးအင်းJanuary 1, 2010 at 3:44 PM

    တောင်ပေါ်သားရေ နှစ်သစ်မှာပျော်ရွှင်အဆင်ပြေပါစေဗျာ

    ReplyDelete

Blogger Template by Clairvo