လူတွေလူတွေ တော်တော်ကို တရားကျဖို့ ကောင်းလှပါလားနော့်.. လူတွေဟာ ဘာလို့ ကိုယ်ဖက်ကို ယှက်တဲ့ လိပ်လို အမျိုးအစားထဲမှာ ပါနေတယ်မသိဘူး..လူတစ်ချို့ဟာ တကိုယ်ကောင်း ဆန်ကြတယ်.. လူတစ်ချို့ဟာ ငါဆိုတဲ့ အတ္တကိုရှေ့တန်း တင်ကြတယ်… လူတစ်ချို့ဟာ ကိုယ်ထက် အဆင့်နိမ့်တဲ့လူတွေကို မညှာမတာ ခိုင်းကြတယ်..လူတစ်ချို့ဟာ ငါမိသားစု ကောင်းစားရင်ပြီးရော ဆိုတဲ့ အတ္တစိတ်တွေထားကြတယ်… လူတစ်ချို့ဟာ သူငယ်ချင်းမပီသကြဘူး.. လူတစ်ချို့ဟာ စိတ်ဓါတ်တွေ ပြိုလဲ အောက်ကျနေတယ်.. ဒီလူတစ်ချို့ထဲမှာ ကျနော်ကော ပါနေပြီးလား.. တခါတလေ စဉ်းစားမိတယ်ဗျာ..
သူတပါးတိုင်းပြည်ကို ရောက်လာမှ လူတွေရဲ့ ဘ၀အပေါ် ဖြတ်သန်းကြပုံတွေကို ကြည့်ပြီး စိတ်တော်တော်ပျက်မိပါတယ်… ကိုယ်တိုင်းပြည်မှာတုန်းက သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး အချိန်ဖြုန်းခဲ့တာလေးတွေကို သတိရမိပါတယ်… လူတွေဟာ လိုအပ်ရင်တမျိုး မလိုရင်တမျိုးနဲ့ ဆက်ဆံတတ်ကြပါတယ်.. ဒီလိုလူမျိုးတွေကို ဘယ်လိုခေါ်မလဲ… လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့စကားဟာ အရမ်းကိုမှန်ပါတယ်.. ဒီလိုလူတွေကို ဘယ်လိုပေါင်းစပ်ကြမလဲ…ဘယ်လို ဒီစိတ်ဓါတ်တွေကို ပြုပြင်မလဲ.. ကဲ ကျနော် တောင်ပေါ်သားလည်း မေတ္တာလေး ခံယူတော်မူမယ်ဗျာ.. အခုရေးသားလေးက ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုတဲ့ စိတ်နဲ့ရေးတာ မဟုတ်ပါဘူး.. ဖြစ်နေကြ တွေ့နေကြ အဖြစ်လေးတွေကို ရေးလိုက်တာပါ..
ကျနော်ဟာ ဘလော့စ်ဂါဆိုတဲ့ အရာကို စိတ်ဝင်စားတာမကြာသေးပါဘူး.. အလွန်ဆုံးရှိလှ (၆) လလောက်ပဲ ရှိပါသေးတယ်.. ဒါပေမဲ့ ဘလော့စ်က ပေးတဲ့ သင်ခန်းစာတွေ ၊ အတုယူစရာ ၊ မှတ်သားစရာတွေအများကြီးရလိုက်ပါတယ်.. တကယ်တမ်း မှန်တာကို ၀န်ခံရရင် ဘလော့စ်ကာဆိုတာကြီးကို ကျနော် အထင်မကြီးပါဘူး.. ကျနော်လည်း ဘလော့စ်ကာဆိုတဲ့ နာမည်ကြီးကို မကြိုက်နှစ်သက်ပါဘူး.. တစ်ကယ်ကျနော် ကြိုက်မိတဲ့ အရာလေးဟာ ကိုယ်ရဲ့ ကိုယ်ပိုင် ခံစားချက်တွေကို ဒီဘလော့စ်စာမျက်နှာလေးပေါ်မှာ တင်ခွင့်ရတယ်.. ကိုယ်ရဲ့ ၀ါသနာပါတဲ့ စာပေ၊ ကဗျာတွေကို တင်ခွင့်ရတယ်.. ဒါလေးကို ကျနော် အရမ်းသဘောကျပါတယ်…
ပထမဆုံး ကျနော်ဒီရောက်တော့ အင်တာနက်ကို ကောင်းကောင်းမွှေဖြစ်ပါတယ်. ဒီမှာ ကျနော် အစ်ကိုကိုဈာန် နဲ့ စတွေ့ပါတယ်.. သူနဲ့ Online ပေါ်မှာ ခင်မင်မိရာကနေ သူရဲ့ အရေးအသားလေးတွေကို တော်တော်ကို ကြိုက်နှစ်သက်မိပါတယ်... ဒီလိုနဲ့ ကျနော် ဒီဘလော့စ်လောကကြီးထဲကို ရောက်လာတာပါ… အစစ အရာရာ ကိုဈာန်က လိုက်လုပ်ပေးပါတယ်.. ကျနော်ရဲ့ ဘလော့စ် အသွင်အပြင်လေးကောပေါ့.. တကယ်တမ်း စီနီယာ ဘလော့စ်ဂါတွေရဲ့ စိတ်ဓါတ်တွေကို ကျနော် အရမ်းလေးစားပါတယ်.. ဘယ်လိုအချိန်မှာပဲ ဖြစ်ဖြစ် သူတို့ရဲ့ အားပေးတဲ့ အသံ၊ သူတို့ရဲ့ အရေးအသားတွေဟာ ကျနော်တို့လို ဂျူနီယာသမားတွေ အတွက် အားဆေးတခွက်လို့ ပြောရင် မှားမယ်မထင်ပါဘူး… သူတို့ရဲ့ ရင့်ကျက်တဲ့ အတွေးးအခေါ်တွေဟာ ကျနော်တို့ လိုက်နာသင့်တဲ့ အချက်တွေပါပဲ..
အခုကျနော်မြင်မိသလောက်ကတော့ ကျနော်တို့ ဂျူနီယာတွေက အားနေရင် တစ်ယောက်နဲ့ တစ်ယောက် ရန်စောင်နေကြသလိုပါပဲ..အားလုံး စည်းစည်းလုံးလုံးလေးနဲ့ လက်တွဲသွားကြရင် ကျနော်တို့ ရည်မှန်းတဲ့ မျှော်မှန်းချက်လေးတွေ ပြည့်လာမှာပဲလို့ ကျနော် ခံယူပါတယ်… အခုဟာက နဲနဲမကြားလိုက်နဲ့ သွားကြည့်လိုက်ရင် ကျနော်တို့လူငယ်တွေပဲ ဖြစ်နေပါတယ်.. တကယ်တမ်း ကျနော်တို့ အများကြီး လုပ်စရာတွေ လိုအပ်နေပါသေးတယ်.. ဘလော့စ်ဆိုတာ ကိုယ်ရဲ့ ခံစားချက် ၊ စိတ်ခံစားမူလေးကို အစစ်အဆေး မရှိ တင်ခွင့်ရတယ် ဆိုတာ ရာခိုင်နှုန်းအပြည့်မှန်ပါတယ်.. ဒါပေမဲ့ ဒီခံစားချက်လေးတွေကို ဖော်ပြလိုက်မိရင် ကိုယ်အတွက် စိတ်ဖိစီးမူတွေ အထိုက်အလျှောက် ပျောက်သွားပေမဲ့ အခြားဘက်မှာ ဒီလိုလုပ်လို
Labels
- Blog (470)
Pages
Popular Posts
-
ဒီကမ္ဘာလောကမှာ လူရယ်လို ဖြစ်လာရင် လူတိုင်းမှာ လွတ်လပ်ပိုင်ခွင့် တနည်းအားဖြင့် ရွှေးချယ်ပိုင်ခွင့်တွေ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီရွှေးချယ်ပိုင်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မမျှော်လင့်တဲ့ ဒေါင့်ချိုးတကွေ့ မင်းနဲ့ငါနဲ့ ဆုံတွေ့ခဲ့ကြတယ် ပျော်ရွှင်မှုကို မျှဝေစားလို့ ဒုက္ခတွေကို လည်စင်းခံရင်းပေါ့ ကံကြမ္မာလှိုင်းတံပိုးအော...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ဒီမိုကရေစီ ဒီမိုကရေစီတဲ့ ကျနော်တို့ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာ ဒီစကားလုံးလေးက အရမ်းကို ခေတ်စားပါတယ်။ တခါတလေ ကျနော်တို့ သူငယ်ချင်းတွေ စကား...
-
အကြင်နာတွေကို မင်းမမြင် ခံစားချက်တွေကို ဖယ်ထုတ်လို့ မုန်းချင်ရယ်ဟန်ဆောင် လမ်းခွဲဖို့ စတင်ခဲ့တယ် သံသရာတလျှောက် လက်တွဲဖို့ဆိုတာ မိုးနဲ့မြေ...
-
ကျနော်ဘလော့လေးကို Blogspot မှ WordPress ကို ပြောင်းထားပါတယ်။ အားလုံးပဲ အလည်လာမယ်ဆို အရင်အတိုင်း http://www.soeminhtike.com ကို လာလို့ရပါတယ်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မြန်မာ Chatter များအတွက် အထူးသတိပေးချက် Myanmar Online ဟုတ်ခေါ်သော Network တစ်ခုမှ ပြုလုပ်ထားသော #ygnchat ဆိုသည့် Chatting Server တစ်ခုသည် s...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Blog Archive
-
▼
2008
(190)
-
▼
September
(40)
- ဖြစ်တတ်တဲ့ သဘောလေး
- ဖြစ်တတ်တဲ့ သဘောလေး
- ကျနော့်ရဲ့ ပထမဆုံးများ
- ကျနော့်ရဲ့ ပထမဆုံးများ
- အပန်းပြေသော ဟာသလေးများ (၂)
- အပန်းပြေသော ဟာသလေးများ (၂)
- အရိပ်မဲ့ပန်း မနွမ်းစေချင်…၊
- အရိပ်မဲ့ပန်း မနွမ်းစေချင်…၊
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၄)
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၄)
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၃)
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၃)
- လေဖြတ်ဝေဒနာအတွက် ဆေးကောင်းတလက်
- လေဖြတ်ဝေဒနာအတွက် ဆေးကောင်းတလက်
- Spyware Doctor Software
- Spyware Doctor Software
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၂)
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၂)
- တာဝန်
- တောင်ကြီးမြို့ (၁၁၄) နှစ်မြောက်အထိမ်းအမှတ်
- တာဝန်
- တောင်ကြီးမြို့ (၁၁၄) နှစ်မြောက်အထိမ်းအမှတ်
- အမေ့အိမ်
- ငါ့အတ္တ
- အမေ့အိမ်
- ငါ့အတ္တ
- ရထား
- ရထား
- ညမီးကျီး အပိုင်း (၂)
- ညမီးကျီး အပိုင်း (၁)
- ညမီးကျီး အပိုင်း (၂)
- ညမီးကျီး အပိုင်း (၁)
- ဘလော့စ်ဒေး အမှတ်တရ လိုဂို
- ဘလော့စ်ဒေး အမှတ်တရ လိုဂို
- ဘလော့စ်ဒေး အမှတ်တရ စင်ကာပူ
- ဘလော့စ်ဒေး အမှတ်တရ စင်ကာပူ
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၁)
- စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၁)
- ကျေးဇူးပါမေမေ....
- ကျေးဇူးပါမေမေ....
-
▼
September
(40)
Powered by Blogger.
ကိုတောင်ပေါ်သားရေ၊ တောင်ကြီးသားချင်းတွေ့ရတာဝမ်းသာတယ်ဗျာ။ အခုမှရောက်ဖူးတာပါ။ အတွေးအခေါ်တွေအရမ်းမြင့်တယ်။ ဒီပို့စ်လေးကို
ReplyDeleteကျွန်တော့်ဘလော့မှာ တင်ပြပေးချင်လို့ တင်ခွင့်ပြုနိုင်ပါမလားခင်ဗျား။
မောင်လေး စိုးမင်းထိုက်..
ReplyDeleteအမ လာဖတ်သွားပါတယ်နော်။ ဒီပို့စ်လေး က အရေးအသား ရော၊အတွေးအခေါ်ပါ အလွန် ကောင်းပါတယ်။ ဘလောဂါလောကသူတွေအားလုံး ဖတ်သင့်တဲ့ ပို့စ်ကောင်း လေးတစ်ခုပါ မောင်လေး ရေ။ ကျေးဇူးတင်ပါတယ်။
အင်း... ကျနော်ကတော့ ဗီလိန်ပဲ။ သူများကိုဒုက္ခမပေးရရင် ဗီလိန်မပီသတော့ဘူးဖြစ်မှာပေါ့ဗျ။ ဟဲဟဲ။
ReplyDeleteစတာပါဗျာ။
ကျနော် ဟောဒီ ဘလော့ ဆိုတာကြီးကိုစလုပ်ကတည်းက ရေးခဲ့သမျှစာတွေ၊ ကော်မန့်တွေ၊ ဆီဗုံးတွေ အကုန်လုံးက ရိုးသားစွာနဲ့ ပြောခဲ့သလို ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေတဲ့ စိတ်တွေမရှိပါဘူး။ အားလုံးကိုလည်း မရှိစေချင်ပါဘူး။ ကျနော်ပြောမှားဆိုမှားရှိရင်လည်း ပျော်စေချင်ရုံလေးတစ်ခုကြောင့်မလို့ နားလည်ခွင့်လွှတ်ပေးကြပါလို့ ကိုတောင်ပေါ်သားလေးရဲ့ပို့စ်နဲ့ အတူ တောင်းပန်ခွင့်ပေးပါ။
ကိုစိုးမင်းရေဒီပို့စ်လေးက တကယ်ကိုဖတ်သင့်တဲ့ပို့စ်တစ်ခုပါပဲ
ReplyDeleteမီးလေးလဲဘလော့ခ်ရေးတာဘလော့ခ်စည်းမျဉ်း တွေဘာတစ်ခုမှနားမလည်ပါဘူး ကိုယ့်ရဲ့ခံစားချက်လေးတွေချရေးမိတာတစ်ခုပါပဲ မီးလေးရေးတာအမှားများပါခဲ့ရင်လဲ မီးလေးဆီလာလည်တဲ့သူတွေ နားလည်ပေးနိုင်မှာ ပါ...ဟဲဟဲ ခင်မင်လျက်
အတွေးအခေါ်ကောင်းလေးပဲဗျ။ ဘလော့ဂ်တွေညီညွတ်ကျပါစေ။
ReplyDeleteကိုတောင်ပေါ်သားရေ ဘလော့ရေးတဲ့ သူတွေအတွက် ဖတ်သင့်တဲ့  ပို့ စ်လေးပါဗျာ။ စေတနာရှိရှိနဲ့  အခုလို ရေးပေးတာ အားလုံးရဲ့ အကျိုးအတွက်ပါပဲ။ တစ်ဦးနဲ့ တစ်ဦး ဖေးမကူလို့  ဘလော့အချင်းချင်း ညီညွတ်ကြပါစေဗျာ။
ReplyDeletebrother ရေ..
ReplyDeleteကျတော် ဘာမှပြောစရာမလိုအောင် အစ်ကိုတွေ အစ်မတွေ အားလုံးကပြောသွားကြပြီလေ။ အားလုံးက ညီညီညွတ်ညွတ်နဲ့ ရှေဆက်သွားကြမှာပဲလေ။
ညီလေးစိုးမင်းထိုက်ရေ
ReplyDeleteအကိုလာဖတ်သွားပါတယ်။ ဘလော့လောကရဲ့အမြင်မတော်တာလေးကို
မီးမောင်းထိုးပြသွားတဲ့ ဒီပို့စ်လေးကို အကိုလေးစားမိပါတယ်.. တကယ့်
ကိုကြိုက်နှစ်သက်မိပါတယ်.. ဘလော့ဂ်ဂါအားလုံးရဲ့ အတ္တကို ဒီပို့စ်လေး
နဲ့ ခွာချနိုင်ပါစေလို့ ဆုမွန်ခြွေခဲ့ပါတယ် ညီရေ....
အင်း..ရေးသင့်တယ်။ ဒါနဲ့ ဘလော့ကို ဘာလို့ စလုံးသံနဲ့ စာလုံးပေါင်းမှန်းနားမလည်ဘူး။ သတိထားမိတာတော်တော်ကြာပြီ..။ မေးမယ် မေးမယ်နဲ့ မမေးဖြစ်ဘူး။ Blog မှာ စသံ ပါတာလည်း မတွေ့ရပါဘူး။
ReplyDelete