Labels

တာဝန်

တာဝန်

လင်းအာရုဏ် ရောင်နီပေါ်လို့
ထပါစို့ သူငယ်ချင်းတို့ရေ

ဒိုတတွေ လုပ်ဆောင်နေကြ
တာဝန်တွေကို ထမ်းရွက်စို့လေ

နေ့တဓူဝင် ဒီအလုပ်တွေပဲ
တခါတရံ ပျင်းရိစမ်းပါဘိ

လုပ်ချင်ပေါင် စိတ်မပါလဲ
သူဌေးရယ် အမြတ်ရှတာကြောင့်
ပျင်းရိစွာ လုပ်ရတယ်လေး.....

နေ၀င်ချိန် အလုပ်သိမ်းပြီပေါ့
ပျော်ရွှင်စွာ ပြန်ကြမယ်လေး

ရွှေအိမ်ရှင် မြန်မာကျေးဇူး
ချက်ခွင့်မရ ဟင်းနဲ့ထမင်း

လုပ်ကျွေးရပြန် ရွှေမလေးဆိုင်ကို
ရတဲလစာ မစို့မပို့ရယ်နှင့်

ပို့နိုင်ပေါင် အမေ့အိမ်ကို
ဒီအတိုင်း ဆက်သွားရင်းဖြင့်
မွဲရချည်းသေး.......

စိုးမင်းထိုက်


ပျင်းပျင်းရှိတာနဲ့ ပေါက်တတ်ကရလေးတွေ စပ်ကြည့်တာပါ..

0 comments:

Blogger Template by Clairvo