Labels

ကျနော့်ရဲ့ ပထမဆုံးများ

ကဲအခုတော့ မခေါင်ခေါင် ရဲ့ ကောင်းမူကြောင့်ရေးကြည့်လိုက်ပါပြီး ပထမဆုံးတဲ့
စဉ်းတော့ စဉ်းစားတာပဲ ဦးနှောက်ကကောင်းတော့ဘူးဗျ.. မမှတ်မိတော့ဘူး ဒီတော့ ဘလောစ့်တွေကို လျှောက်လှည့်ရတာပေါ့ တွေ့ပါပြီး ကိုCrazy site မှာ.. ဟဲဟဲ ကော်ပီ လုပ်လိုက်တယ်..


ပထမဆုံး ကျေးဇူးတင်ရမှာက - အဖေနဲ့ အမေ (အမေမွေးလို့ ဒီလောကကြီးကို ရောက်တာဟုတ်…. အဖေမရှိရင်လည်း အမေက မွေးပေးလို့ ရတာမဟုတ် ဒီတော့ အဖေနဲ့ အမေကို ပထမဆုံး ကျေးဇူးတင်တယ်)


ပထမဆုံး သောက်ရတဲ့အရာ - အမေရဲ့ နို့ပေါ့ (ဟုတ်ဘူးလား)


ပထမဆုံး စားရတဲ့ထမင်းက – အမေ ခွန့်ကျွေးတာပေါ့..


ပထမဆုံး နေခဲ့တဲ့မြို့ က - တောင်ကြီးမြို့


ပထမဆုံး ရောက်ခဲ့တဲ့ အခြားမြို့ကြီးကတော့ - မန္တလေး


ပထမဆုံး အတန်း - သူငယ်တန်းပေါ့ :)


ပထမဆုံး ကျောင်း - အ.မ.က (၆)


ပထမဆုံး သူငယ်ချင်း(ယောကျာ်းလေး) - ဌေးဝင်း


ပထမဆုံး သူငယ်ချင်း(မိန်းကလေး) - နွေးနွေးမြင့်အောင်


ပထမဆုံး ဖတ်တဲ့ကာတွန်း - မြိုင်ရာဇာတွတ်ပီ

ပထမဆုံး အလည်သွားတာက - ခေါင်တိုင် ရေပူစမ်း (သဘာဝကပေးထားတဲ့ အလှတစ်ခုပေါ့ဗျာ… ရေတွေက အရမ်းပူတာဗျ.. ကြက်ဥတောင် ပြုတ်စားလို့ရတယ်.)


ပထမဆုံး ဆိုခဲ့တဲ့သီချင်း - “တို့ငယ်ငယ်တုန်းက ယောင်ပေဆူးလေးတွေနဲ့ရယ် ပုဆိုးကို စလွယ်သိုင်း ရွာဝိုင်းပတ်လည်” ဆိုတဲ့ သီချင်းဗျ…


ပထမဆုံး ရေးတဲ့ ပိုစ့်လေးက - ကျွန်တော့် မေမေ


ပထမဆုံး တင်ဖြစ်တဲ့ ပိုစ့်လေးက - ကျနော်မြို့လေးအကြောင်း


ပထမဆုံး ရောက်ဖြစ်တဲ့ တခြားတိုင်းပြည်က - ဆင့်ကာပူ ဟုတ်ဘူး ယောင်လို့ စင်ကာပူဗျ


ပထမဆုံး ချစ်မိတဲ့သူ - တောင်ကြီးသူ (ဘယ်သူလဲ မေးနဲ့ ပြောပြဘူး) အခုရှိတော့ဘူး ဟဲ ဟဲ ကြော်ငြာဝင်တာ.. :)


ပထမဆုံး အလုပ် - Computer Network


ပထမဆုံး ကျူရှင် - (၆ တန်းမှ စယူတာ မနက်နှင်းတွေ ကျနေတဲ့ အချိန်မှာ သွားရတာ အေးလိုက်တာ)


ပထမဆုံး ခိုးသောက်ဖူးတဲ့ဆေးလိပ် - ၉ တန်းလောက် မှ ခိုးသောက်ကြည့်တာ ( ဘာမှ အရသာလည်း ရှိဘူး အငွေ့ ပဲ လာတယ်… )


ပထမဆုံး ခိုးသောက်တဲ့ အရက် - ၁၀ တန်းတုန်းက တန်ဆောင်တိုင်မှာ သောက်တာ.. (ကောင်မလေးနဲ့ မကြည်တဲ့ အချိန်ပေါ့.. ) အိမ်ကို တိုင်နဲ့နော့် အိမ်ကသိဘူးဗျ..


ပထမဆုံး သောက်ဖြစ်တဲ့ ဘီယာ- တောင်ကြီး Happy New Year မှာ သူငယ်ချင်းတွေနဲ့ သောက်ဖြစ်တာ


ပထမဆုံး ခင်တဲ့ဘလောစ့်ကာအစ်ကို - အစ်ကို ကိုဈာန် (ကျနော့်ကို ဘလော့စ်လောကထဲ ရောက်အောင်လုပ်တာ သူပေါ့ ဟွန်း)


ပထမဆုံး ခင်မိတဲ့ဘလောစ့်ကာအစ်မ - အမ မမီိ


ပထမဆုံး ဆော့ဖူးတဲ့ ကစားနည်း - ဘောလုံးကန်တာ (တောင်ကြီးက ဘောလုံးကန်ကောင်းတယ်ဗျ… ကန်လိုက် သောက်လိုက်ပေါ့ ရေကိုပြောတာနော့်)


ကဲကျနော် မှတ်မိသလောက်တော့ ဒါအကုန်ပဲဗျ... ကျနော့်လည်း သူများတွေ Tag သလိုလိုက် Tag လိုက်ဦးမယ်..

ကိုဆိုးသွမ်း
ကိုကြီးကောက်
ကိုကြီးပုလုကွေး
မမ၀ါ
ချင်းမလေး
မကြီး သက်ဇင်
ဒေါ်ကြီးသက်တန့်
မစ်သွန်းသွန်း

ကဲ Tag ထားတာတွေ ရေးပေးကြနော့်....

5 comments:

  1. အယ် မောင်လေး စိုးမင်းထိုက် ဒီတက်ကြီးက အမတက်ပြီးသွားပြီလေ.
    ဘယ်လိုလုပ်ရပါ့.. ပထမဆုံးများတက်ပို့လေးလေ.. အမ ဆီမှာ လာဖတ်ပေးဦးနော်.. မေးခွန်း မတူတာတွေ ထပ်တက်ပေးစေချင်ရင်တော့
    ကြိုးစားပြီး ထပ်ရေးပေးပါမယ် မောင်လေး ရေ...
    ဘယ်လိုလုပ်ရပါ့.. ဒွတ်ခ.. အကြံလာပေးပါဦး...း)

    ReplyDelete
  2. မေမေချစ်တဲ့ သားကြီးရဲ့ ပထမဆုံး တွေ အကြောင်းသိသွားပြီ...
    တောင်ကြီးသူလေး ဘယ်ရောက်သွားလို့လဲ.. တောင်ကြီးသားကြီးရဲ့...

    ReplyDelete
  3. ပထမဆုံး ဖတ်တဲ့ကာတွန်းက တူတူပဲ ဖိုးဖိုးတောင်ပေါ်သားရေ...
    ပထမဆုံး ရေးတဲ့ ပိုစ့်လေးကိုလည်း တင်ပါဦး... ခေါင်းစဉ်နဲ့တင် စိတ်ဝင်စားနေပြီ... :)

    ReplyDelete
  4. ညီရေ.. နှဲမှုတ်ရတာ မလွယ်ဘူးဟ...း).. ကြိုးစားပြီး စဉ်းစားပါ့မယ်..

    ReplyDelete
  5. မဖတ်ဖြစ်တာကြာတဲ့ပို့စ်ကြွေးတွေလာရှင်းမှ ဒီပို့စ်ထဲမှာ နာပါတာတွေ့သဟ
    တောင်ပေါ်သားရေ ပထမဆုံးလေး အိမ်သစ်မှာ ထမင်းဖိတ်ကျွေးချင်ဘူးလားဝေ ရှမ်းထမင်းဝါလေ အဟိဟိ ဒါမှမဟုတ် ရှမ်းခေါက်ဆွဲပေါ့ နော်..နော် :)

    ReplyDelete

Blogger Template by Clairvo