Labels

တနေ့တာ ဘဝ


ကောင်းကင်ကြီးကို ကြည့်လိုက်တော့
အနီရောင်၊ အပြာရောင်၊ အဖြူရောင်တွေနဲ့
နေမင်းကြီးရဲ့ အလင်းရောင်အောက်မှာ
ထာဝစဉ် တောက်ပနေမဲ့ ဒီအလင်းတန်းကြီးပေါ့
ငှက်ကလေးတွေ တေးဆိုနေသံလဲ ကြားခဲ့ရပြန်

ပိတောက်ပင်ကြီးအောက်က ထိုင်ခုံတန်းလေးတခု
ထိုင်သူမရှိ ကျိုးပဲ့နေခဲ့ အပိုင်းတစတချို့နဲ့
တက္ကသိုလ်ဆိုတာ မသိခဲ့တဲ့ ဒီဘဝ
ပညာကျောင်းဆိုတာ ပျောက်ဆုံးခဲ့ပေါ့

တနေကုန် လှုပ်ရှားခဲ့ ဒီသံသရာ
ဒီခေတ်ကြီးမှာ တနပ်ဝမ်းစာ ခက်လှတာမို့
ရိုးသားဟန်ဆောင် မုသားသုံး၍ ပြောဆိုမိတယ်
ငါမှမဟုတ် လူသားအားလုံး လိမ်လည်ပြောဆို
မုသားမပါ လင်္ကာမချော

အသံတွေ ဆူညံလို့နေ
မူးရူးအော်ဟစ်သံတွေ အတိဖုံးလွှမ်းနေတဲ့
ကာရာအိုကေဆိုတာ နဲနဲ
ဝမ်းစာအတွက် လုပ်စားရတဲ့
ဒီအမျိုးကောင်း သမီးပျိုတွေကို
ရမ္မက်အခိုးအငွေ့ အပြည့်နဲ့ကြည့်နေခဲ့တာ
ယမကာ ချစ်တဲ့လူချမ်းသာများရဲ့ အကြည့်

မရှိဆင်းရဲ လမ်းဘေးဆိုင်ထိုင်
အရက်ဖြူနဲ့ မြေပဲလှော်ဝါး
ထွေရာလေးပါး ပြောဆိုကြသည် စိတ်အားမငယ်
မျက်လုံးအစုံ လမ်းဘေးရောက်၏
လောကအလှ ရှုစားကြသည်

သြော် ဘ၀….ဘ၀………


လေးစားလျက် တောင်ပေါ်သား


6 comments:

  1. လူတွေရဲ့ဘ၀ကို ကြည့်ပြီးရေးထားတဲ့ကဗျာကောင်းလေး ပါ
    ကောင်းသောနေ့ဖြစ်ပါစေ.ကိုတောင်ပေါ်သား

    ReplyDelete
  2. ငါးပါးသီလကို လုံအောင်တော့ ထိန်းချင်ပါတယ်
    ဒါပေမယ့် ဘလောဂ့်ပေါ်ရောက်ရင်
    လေးပါးပဲ ကျန်တော့တယ်
    ဘာကြောင့်လဲနော် .. ..

    ReplyDelete
  3. မှန်တိုင်းလည်းမကောင်းဘူးကိုးဗျ....။
    မုသားလေးတော့ရှိမှဖြစ်မယ်..။
    ကဗျာကောင်းလေးခံစားသွားပါတယ်....။

    ReplyDelete
  4. မှန်တာပေါ့..အမကတော့အမှန်အတိုင်းသိပ်မပြောဘူး
    ဟီးးးးးးးးမုသားမပါလင်္ကာမချောလေ....ကဗျာလေးကဖွဲ့ထားတာ
    ဖတ်ရင်းနဲ့တောင်မြင်ယောင်မိတယ်..တော်တယ်နာ့မောင်လေးက
    နာ့နဲ့တူလို့..ဟိဟိ

    ReplyDelete
  5. ဘ ကုံးနဲ့ ၀ ဘဲလေ.. တောင်ပေါ်သားရဲ့ :D

    ReplyDelete
  6. တောင်ပေါ်သားရေ----
    နေမကောင်းဖြစ်နေလို့ အခုမှ လာလည်နိုင်တယ်--
    စာတွေဖတ်သွားတယ်--အားပေးပါတယ်---
    အစစအရာရာ အဆင်ပြေပါစေ--

    ReplyDelete

Blogger Template by Clairvo