Labels
အမှတ်မထင်
မပြည့်စုံတဲ့ဘ၀တခုအတွက် ဒီလိုအရဲစွန့်ထွက်လာမိပေမဲ့ ရင်တွေအရမ်းခုန်နေမိသည်။ ခမ်းနားလှပတဲ့ မြန်မာ အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်တာနဲ့ စိတ်က အလိုလိုဝမ်းနဲနေမိသည်။ ဟုတ်တယ် သူဖြစ်နိုင်ရင် ဒီလိုမိသားစုနဲ့ ခွဲပြီး သူတပါးတိုင်းပြည်မှာ ငွေသွားမရှာချင်။ ဒါပေမဲ့ ကိုယ့်တိုင်းပြည်မှာဆိုရင်ကော ပြောနေကြတာတော့ ကြားလိုက်ပါတယ် အလုပ်ပေါင်း သောင်းခြောက်ထောင် ရှိတယ်တဲ့ အင်း ဖြစ်နိုင်ရင် ဒီမှာပဲ ချစ်တဲ့ မိသားစုနဲ့ တူတူနေ အလုပ်တွေ လုပ်ချင်တာပေါ့။ ဒါပေမဲ့ တယောက်ထဲ လုပ်လို့ မိသားစုတွေ အားလုံး စားလို့ရတဲ့အချိန်အခါတွေက ကျော်လွန်ခဲ့ပြီလေ……
လေယာဉ်ပေါ်တက်လိုက်ရင်ပဲ သူလိုတောမှာကြီးပြင်းလာတဲ့ လူတယောက်အဖို့ အရာရာဟာ ထူးဆန်းနေပါတယ်။ လေယာဉ်ပေါ်ကိုတက်လိုက်တာနဲ့ ပထမဆုံး သတိရမိတာက ဘုရားသခင်ပါ။ လေယာဉ်ကြီးစပျံသန်းတာနဲ့ ကိုယ့်မိသားစု၊ ပတ်ဝန်းကျင် အသိုင်းအ၀န်းတွေနဲ့ ခွဲခွါရမှာပါ့လားဆိုတဲ့ အသိလေးက တယောက်ထဲ ဖြတ်သန်းရမဲ့ ဘ၀ခရီးလေးကို ရင်မောစေပါတယ်။ ဒီလိုတိုးတက်တဲ့ခေတ်ကြီးထဲမှာ စင်ကာပူနဲ့ မြန်မာနိုင်ငံဆိုတာ အိမ်ဦးနဲ့ ကြမ်းပြင်ဆိုတဲ့ အသံတွေဟာ ပိုက်ဆံရှိသားသမီးတွေ အတွက်ကတော့ ဟုတ်နေတာပေါ့။ သူတို့လိုမရှိ ရှိတာလေးစုဆောင်းပြီး အရဲစွန့်လာရတဲ့ လူတွေအဖို့တော့ အဆင်မပြေရင် မိမိဘ၀တခုသာမက မိသားစုဘ၀တခုလုံး အဆင်မပြေ ဒုက္ခရောက်ရမှာပါ……
ဒီတိုင်းပြည်ကို စ၀င်လိုက်တာနဲ့ အစစအရာရာဟာ အထူးအဆန်းဖြစ်နေပါတယ်။ ဒါကြောင့်လဲ သူရဲ့ပတ်ဝန်းကျင်က အသိသူငယ်ချင်းတွေအားလုံးလိုလို ဒီကိုရောက်နေတာနေမှာပေါ့ ။ အရာရာဟာ ငွေရှိနေရင် ပျော်ရွှင်စရာအတိနဲ့ ပြည့်စုံဖန်တီးရယူလို့လွယ်ပါတယ်။ ဒါပေမဲ့ သူလို အလုပ်လာရှာတဲ့ လူတယောက်အတွက်တော့ အလုပ်မရခင်ထိတော့ အရာရာဟာ ပျော်ရွှင်မူတွေ ပျက်တုန်းနေတဲ့ ခရီးတခုကို လျှောက်လမ်းနေရသလိုပါပဲ
အမေနဲ့ အဖေ ခုချိန်ဆို သူကို စိုးရိမ်စိတ်တွေနဲ့ သတိရနေလောက်ပြီ။ ဒီလိုသူတပါးတိုင်းပြည်မှာ အလုပ်မရသေးသူ့အတွက် အကောင်းဆုံး ခွန်အားတရပ်က မိဘပဲလေ… ဘယ်အချိန်ချိန်ဖုန်းခေါ်လိုက် ခေါ်လိုက် သာယာအေးချမ်းတဲ့ အမေရဲ့စကား၊ အမြဲတမ်း စိတ်ဓါတ်မကျအောင် အားပေးတတ်တဲ့ အဖေရဲ့ စကားသံတွေကြောင့် တယောက်ထဲ နေရတဲ့ သူအတွက် အားဆေးတွေပါပဲ။ ဒါပေမဲ့ ဒီလူလောကကြီးမှာ အရာတိုင်းဟာ မျှော်လင့်သလို ဖြစ်လာတာဟာ ရှားပါးလှပါတယ်။ သူလဲ ခုချိန်ထိ ဆက်လက် ရုန်းကန်နေတုန်းပေါ့
ဝန်ခံချက်။ ။ “အမေ သမီးကို ယတြာ ချေပေးဦးနော်........”
အသံလာရာဆီကို ကျနော် ခေါင်းလှည့်ကြည့်မိလိုက်သည်။ မျက်နှာပေါ်တွင် ဖြတ်သန်းသွားသော စိုးရိမ်ကြောင့်ကြမူတို့က အထင်းသား။ စိုးရိမ်ထိတ်လန့်မူတွေနှင့်……..
လက်တွေ့ကြားလိုက်ရသော စကားလေးတခုကို ရင်ထဲက ခံစားပြီး ရေးဖွဲ့မိပါတယ်။
သူတပါးတိုင်းပြည်မှာ အလုပ်လာရှာတဲ့ ကျနော်တို့ မြန်မာတွေအားလုံး အဆင်ပြေချောမွေ့ပါစေလို့ ရင်ထဲက ဆုတောင်ပေးပါတယ်ဗျာ
လေးစားလျက် တောင်ပေါ်သား
6 comments:
  1. ပေးတဲ့ဆုနဲ့ လျှံချင်ပါတယ်ရှင်
    ဒါမယ့် လာတဲ့သူတိုင်း ဆုတောင်းမပြည့်ကြဘူး
    ဒီမှာလဲဒီလိုဘဲ
    နောက်ဆုံးရေစုတ်မျောလိုက်သွားတာတွေအများကြီး
    ReplyDelete
  2. ဟုတ်တယ်ဗျာ ကျွန်တော်လဲ ဆုတောင်းပေးချင်တယ်
    ဒီမှာက အလုပ်ရှားနေတယ်လို့ အသံကြားနေတယ်
    ဟုတ်မဟုတ်တော့ မသိ
    ReplyDelete
  3. ရင်နဲ့ရင်း ၍ ခံစား သွားတယ် အကို။ အဆင်ပြေကြပါစေ။ ကျွန်တော်ကိုလည်း ဆုတောင်းပေးကြပါ အလုပ်အမြန်ရပါစေလို့။ :P
    ReplyDelete
  4. အလုပ်ရှာတဲ့သူ အလုပ်ရဖို့... အလုပ်ရှိတဲ့သူလည်း အလုပ်မြဲဖို့... အားလုံးအတွက် ဆုတောင်းပေးပါတယ်။
    ReplyDelete
  5. ဆုတောင်းပါတယ်... ခံစားမှု စာသားလေး အရမ်းကောင်းတယ် ။
    ReplyDelete
  6. သက်တန့်January 29, 2009 at 5:26 AM
    ReplyDelete
Blogger Template by Clairvo