Labels

ကျားတကောင်ရဲ့ ဖြစ်တည်မူ



အော်ဟစ်သံတွေဆူညံလို့ ချောက်ခြားစရာအတိနဲ့
ဟိုမြေအောက်ဆုံးထပ်က ငရဲပြည်လား အောက်မေ့ရတယ်
အာခေါင်တွေ ခြောက်ကပ်လို့အားအင်တွေကုန်ဆုံးပေါ့
လေးထောင့်ကျကျ လှောင်အိမ်လေးတခုထဲမှာ

ငါနားမလည်တဲ့ ဘာသာစကားတွေနဲ့ သူတို့တွေ ပြောနေကြတယ်
အော်ဟစ်ခြောက်လန့် ခြိမ်းခြောက်နေပုံတွေများ
ငါကိုတာ ခြောက်လန့်နေကြတာ သူတို့ရဲ့အသွေးအသားတွေ
သူတို့ရဲ့ နှလုံးသားတွေထဲမှာလဲ ငါ့ကို လန့်နေလေရဲ့

မူးယစ်ယစ်မျက်နှာ ရီဝေေ၀မျက်လုံးတွေနဲ့
ငါ့ကို စားတော့မဲ့ဟန် ၀ါးတော့မဲ့ဟန် ကြည့်နေကြတယ်
ငါဆိုတဲ့ကောင်ကလဲ အကြောက်မရှိ တရားမရှိ
ဒီတောနက်မှာ ကြီးပြင်းခဲ့တဲ့ကောင်

အစွယ်တွေထုတ်ပြလို့ လုပ်ပြနေပုံများ
မကိုက်ခင် ခြိမ်းခြောက်နေလေရဲ့
အစားကျူးတဲ့ သားရဲတိရစ္ဆာန် ခွေးအတွေလို
ငါဟာလဲရင်ဆိုင်ဝံ့တယ် တောဘုရင် ခြင်္သေ့တကောင်အလား

အချိန်တန်ရင် ငါ့ကို သူတို့ သတ်ချင်သတ်မယ်
ဒါမှမဟုတ် တပါးတိုင်းပြည် ရောင်းထုတ်ကြမယ်
ဒါပေမဲ့လဲ ငါဆိုတဲ့ကောင် သေတာတောင်မှ
ငါ့အရိုး အရေ လူသားတွေအတွက် အသုံးဝင်တယ်







လေးစားလျက် တောင်ပေါ်သား


16 comments:

  1. ကျား... ဆိုတာ အကြောက်တရားမရှိဘူး။ သူက သူရဲ့ ရဲရင့်မှုနဲ့ ဘ၀ကိုရပ်တည်ထားတာ။ ကဗျာရဲ့ အတွင်းပိုင်းအထိ ရသလောက်ချဉ်းကပ်ခဲ့တယ် ငါ့ညီ။ ရဲရင့်မှုတွေနဲ့သာ လက်ရှိအနေအထားမှာ ဆက်လက်ရပ်တည်နိုင်ပါစေ။

    ReplyDelete
  2. တောင်ပေါ်သားရေ..
    ကဗျာလေး ကောင်းတယ်..

    ((မူးယစ်ယစ်မျက်နှာ ရီဝေေ၀မျက်လုံးတွေနဲ့
    ငါ့ကို စားတော့မဲ့ဟန် ၀ါးတော့မဲ့ဟန် ကြည့်နေကြတယ်)).....ဆိုတာ

    အပေါ်ကရေးသွားတဲ့ ကိုမိုးကြီးတို့ ဒင်းးကြီး(ဦးနော်)တို့ ကိုများ စောင်းရေးထားသလားလို့ပါ...
    တီငယ်တော့ သူတို့ မျက်နှာကြီးတွေ သွားမြင်တယ်...ဟီးးးး

    ခင်တဲ့...
    တီငယ်

    ReplyDelete
  3. ဖတ်သွားပါတယ်။
    ကျားရဲ့မာန်ကို သွင်းသွားပါတယ်။

    ReplyDelete
  4. အရမ်းကောင်းတဲ့
    ခံယူချက် ကဗျာလေးကို ဖက်ပြီး
    ကျားတစ်ကောင်လောက် အိမ်မှာ မွေးရင်ကောင်းမလား
    စဉ်းစားမိတယ်

    ReplyDelete
  5. ဒါမှ တို့တောင်ပေါ်ကျားကြီး ကွ .... " ဝေါင်း" :P

    ReplyDelete
  6. ကျားတစ်ကောင်ရဲ့ ဖြစ်တည်မှု ဆိုတဲ့ခေါင်းစဉ်နဲ့
    သူတို့ရဲ့ အသွေးအသားတွေ နှလုံးသားတွေထဲမှာလဲ
    ငါ့ကိုလန့်လေလေရဲ့ .. ဆိုတဲ့ စားသားကို ပူကပ်လို့
    ကြိုက်မိတယ် ..
    ကဗျာကောင်း တစ်ပုဒ်ပါ ..
    ကဗျာရဲ့ဖြစ်တည်မှုကို ရဲရင့်မှုနဲ့ ဖေါ်ကျူးထားလို့
    ကြိုက်တယ် ..။
    ဆက်လက် ရေးဖွဲ့နိုင်ပါစေ ..။

    ReplyDelete
  7. ဒီနေ့ကစပြီး ကိုကျားကြီးလို့ ခေါ်တော့မယ်ဗျာ နော
    ကဗျာလေးကို ခံစားသွားပါတယ်။တွေးစရာတွေ ပေးတယ်ဗျာ ဘာကိုဆိုလိုချင်မှန်းသိပ်နားမလည်ဘူး
    ဖြစ်နေလို့ဗျ ဟီး

    ReplyDelete
  8. ဘယ်တော့ ကျားဖြစ်သွားတာတုန်း ဒရယ် ထင်နေတား) ကဗျာက မာန်ပါတယ် တောင်ကြီးကျားရေ့ ဆက်ရေး ဒါမျိုးလေးတွေ

    ကျားကြောက်လို့ပြေးပြီးးး

    ReplyDelete
  9. ကဗျာလေးက ကောင်းလှချည်းလား ကျားလေးရေ။

    ReplyDelete
  10. ကောင်းတယ်လို့ပဲပြောတော့မယ်ဗျာ။

    မိုးကြယ်

    ReplyDelete
  11. ဘယ်လိုဖြစ်တာတုံး.. မာန်အပြည့်နဲ့ကို ရေးထားပါလား..
    မိုက်တယ်... အာပေးနေတယ်ဗျို့

    ReplyDelete
  12. တောင်ကြီးက ရွှေကျားပျံ မရွှေဝါနဲ့ အမျိုးတော်ထားလားမသိဘူး? ကျားမာန်ဟုန် တောင်ကိုလွှားပါလို့ သားရဲတောထဲမှာ လေဟုန်ခွင်းမဲ့သူ။

    ReplyDelete
  13. ကျားရဲ.ဖြစ်တည်မှု.က အကုန်အစုံစားတယ် .....
    ကိုတောင်ပေါ်သားက ဘာတွေစားလဲ :P

    ReplyDelete
  14. တကယ်ကိုကောင်းတယ်..။ ဆက်ရေးဖို့အားပေးနေပါတယ်..။

    ReplyDelete
  15. ကြောက်စရာကြီး အဲဒီဒေသမှာ ကြီးပျင်းခဲ့လို့ အဲဒီလိုတော့ မဖြစ်နဲ့နော် :P :D :)

    ReplyDelete
  16. ကျားတစ်ကောင်ရဲ့ဖြစ်တည်မှုပေါ့
    ကောင်းတယ် ကိုတောင်ပေါ်ကျားရေ

    ReplyDelete

Blogger Template by Clairvo