Labels

ဖယောင်းတိုင်.....




အမှောင်ကိုခွင်း အလင်းရဖို့ ငါစတေးခံခဲ့တယ်
ဒါပေမဲ့ ငါတယောက်ထဲတော့
မတောက်ပနိုင်ခဲ့ပါ
ငါရဲ့ဘေးမှာ ငါ့ရဲ့ ရဲဖော်ရဲဖက်
သေဖော်သေဖက်တွေနဲ့ပေါ့
တချိန်ချိန်မှာ ငါတို့တွေ ပျောက်ဆုံးကုန်ကြမှာလဲ
ငါတို့တွေ သိတယ် ဒါပေမဲ့ ငါတို့အားလုံးအတွက်
အလင်းရောင်တွေ ပေးဝံ့တယ်။
အဖြူ၊ အ၀ါ၊ အနီ ကာလာစုံလို့ နေရာတကာ သုံးနေကြတယ်
တချို့က ဆီးမီးပူဇော်ကြတယ်
ငါ့ကို အသုံးပြုပြီး ကုသိုလ်ယူကြတယ် ပညာတတ်ဖြစ်အောင် လုပ်ကြတယ်
လူတချို့ကတော့ ငါတို့ကို ထိတ်လန့်နေတတ်ကြတယ်
ငါဟာ လောင်တာ လောင်မြိုက်နေမယ်
ဒါပေမဲ့ ဒုက္ခ မပေးတတ်တဲ့
အမှောင်ကို ခွင်းမဲ့ အလင်းသေးသေးလေးတွေပါ


တခြား နေအလင်းရောင်လို
တိုးတက်နေတဲ့ တိုင်းပြည်တွေက လျှပ်စစ်မီးတွေလို
ငါဘ၀မှာ အဲလောက် မတောက်ပနိုင်ပေမဲ့
ဆင်းရဲတဲ့ တိုင်းပြည်တွေအတွက်
ဘုရားတရား ကိုင်းရှိုင်းတဲ့ လူတွေအတွက်
ငါအလင်းရောင်ဟာ လိုအပ်နေဆဲပါ
ငါသူတို့ကို အလင်းပေးနိုင်တဲ့အတွက်
ငါပျော်တယ် ဂုဏ်ယူနေတယ်




လေးစားလျက် တောင်ပေါ်သား


8 comments:

  1. လင်းသာလင်းတယ်
    မလောင်ဘူးဆိုတဲ့
    အလင်းတိုင်သက်သက်ကလေးတွေ အကြောင်းပေါ့နော်
    ကဗျာလေးကောင်းလိုက်တာ

    ReplyDelete
  2. ဖယောင်းတိုင် လေးကို လာရောက်ခံစားသွားပါတယ်။ အလင်းရောင်ရဖို့ အတွက် အပူခံ ကာ အရည်ပျော်ရတဲ့ ဖယောင်းတိုင်လေး ကို ခံစား သွားပါတယ်

    ReplyDelete
  3. :D ကဗျာအစပ်ကောင်းတယ် မျက်စိ စစ်သင့်တယ် .... လွဲပြန်ပြီ ... :D

    ReplyDelete
  4. ကဗျာကကောင်းလိုက်တာနော်
    လေးလေးနက်နက်ရှိတယ်
    သဘာဝလဲဆန်တယ်
    ဖယောင်းတိုင်ကို ကဗျာဖွဲ့တဲ့ ကိုတောင်ပေါ်သားကိုလည်း လေးစားပါတယ်
    အားလဲပေးပါတယ် :)

    ReplyDelete
  5. ဖယောင်းတိုင်ငယ်ကို မှောင်စဉ်မှာ ယူလာပေးသူ ရောင်စုံညအလင်းတွေထက် ပိုတန်ဖိုးထားပါတယ်

    ReplyDelete
  6. ကဗျာလေးကို ခံစားပြီး ကောမန့်ပေးသွားတဲ့ ညီအကိုမောင်နှမ အားလုံးကို ကျေးဇူးတင်ပါတယ်

    ReplyDelete
  7. ကဗျာလေးကိုလာခံစားပေးသွားတယ်အကို
    ငယ်ငယ်တုန်းကသင်ခဲ့တာမေ့နေပြီ
    ခုပြန်ဖတ်ကြည့်တော့ပိုမှတ်မိသွားပြီ
    ကျေးဇူး

    ReplyDelete
  8. ရှယ်ကဗျာပဲဗျို့ ကောင်း၏

    ReplyDelete

Blogger Template by Clairvo