Labels

Showing posts with label ကျနော်မြို့လေး. Show all posts

ဖိတ်ခေါ်ပါတယ်

အောက်တိုဘာ 25 ရက်နေ့ဆို ကျနော်တို့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကြီး စတော့မှာပါ။ အခုချိန်လောက်ဆို တောင်ကြီးမြို့လေးမှာပဲ စည်ကားနေလောက်ပါပြီ။ ညပိုင်းဆိုလဲ အပျော်တမ်းလွှတ်တဲ့ မီးပုံပျံလေးတွေနဲ့ ကောင်းကင်မှာ အလင်းစက်ကလေးတွေ များနေလောက်ရောပေါ့။ ကျနော်တို့လို အဝေးရောက် မြို့သူ၊မြို့သားတွေအတွက်ကတော့ လွမ်းရပြန်ပြီ နောက်တနှစ်ပါပဲ။ ဒါပေမဲ့ လူကိုယ်တိုင် မကဲနိုင်ပေမဲ့ ကျနော်တို့အားလုံး အဆင်ပြေအောင် အကုန်မပြည့်စုံပေမဲ့ အလွမ်းတွေအနဲငယ်ပြေပျောက်စေအောင် ရည်ရွယ်ပြီး တောင်ကြီးမြို့သူ၊မြို့သားများက အင်တာနက်ပေါ်ကနေပြီးတော့ Live လွှင့်တင်ပေးပါမယ်။ ဒီအတွက် အရမ်းကို ကျေနပ်အားရမိပါတယ်။ ဘယ်သူတွေ ဘာပြောပြော ကျနော်တို့ တောင်ပေါ်သားတွေအတွက် ဂုဏ်ယူရပါတယ်။

ဒီလို Live လွှင့်နိုင်ဖို့အတွက် များစွာသော အခက်အခဲတွေ ရှိပါတယ်။ ဒီအခက်အခဲတွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး အဝေးရောက်လူတွေအတွက် ဖြစ်မြောက်အောင် စီစဉ်ပေးတဲ့ တောင်ကြီးချယ်ရီမြေ မှ တာဝန်ရှိသူများကို ကျေးဇူးအရမ်းတင်ပါတယ်။ ပြီးတော့ Studio 35 နဲ့တကွ ရှမ်းပြည်နယ်ကွန်ပျူတာ ပညာရှင်အသင်း၊ အင်တာနက်လိုင်းကို ချပေးတဲ့ လူကြီးဆိုသူတွေကိုလဲ ကျေးဇူးတင်ပါတယ်လို့ (ပွဲမပြီးသေးလို့ ကျေးဇူးပါ အဟီး) ပြောလိုပါတယ်။ ကျနော်ချစ်တဲ့ သူငယ်ချင်းများ၊ ဘလော့ညီအကို၊မောင်နှမများလဲ အပျင်းပြေဖြစ်စေ၊ မမြင်ဖူးတဲ့လူတွေဖြစ်စေ ဒီနေရာမှာ တူတူလာကြည့်နိုင်ပါတယ်။ ပျော်ရွှင်စရာ တောင်ကြီးချယ်ရီမြေ ရဲ့ ဒီနေရာမှာ 25 ရက်နေ့က စပြီး ဆုံတွေ့ကြပါစို့လားဗျာ

*** ပုံကို တောင်ကြီးချယ်ရီမြေမှ ယူထားပါသည်။ ***

လေးစားလျက် တောင်ပေါ်သား

အမှတ်တရ တန်ဆောင်တိုင်

ဒီအချိန်ဆို ကျနော်ရဲ့မွေးရပ်မြေမှာ မနက်ခင်းဆိုမြူခိုးတွေ ဝေနေလောက်ပြီ။ ဒီအောက်တိုဘာလကုန်လောက်ဆို ကျနော်တို့ တောင်ပေါ်သားတွေ အရူးထလေ့ရှိသော၊ တနည်းအားဖြင့် အမက်ဆုံး၊ အပျော်ဆုံး ပွဲတော်ဖြစ်သော တန်ဆောင်တိုင်ပွဲတော်ကြီး ရောက်လာပေဦးမည်။ ဘာလိုလိုနဲ့ တန်ဆောင်တိုင်ပွဲတော်နဲ့ တစိမ်းလိုနေခဲ့ရတာ နှစ်အတော်ပင်ကြာနေခဲ့ပြီ။ ဒါပေမဲ့ တချိန်တခါမှ မေ့လို့မရပဲ ရင်ထဲမှာ ဒီပွဲတော်လေးက ဆက်လက်တည်ရှိနေဦးမည်။ ကျနော်တို့တန်ဆောင်တိုင်က တခြားမြန်မာပြည်ရှိ မြို့များနှင့် လုံးဝမတူ ခြားနားမူတွေနဲ့အပြည့် ဖြစ်သည်။ တခြားမြို့မှ နယ်သူ၊နယ်သားတွေအနေဖြင့် တောင်ကြီး တန်ဆောင်တိုင်ကို နှစ်သက်တယ်ဆိုတာ ကျနော်တို့မြို့သူမြို့သားတွေရဲ့ သွေးထဲကချစ်တဲ့ မြတ်နိုးတဲ့စိတ်လေးကို မှီနိုင်မယ်မထင်ဘူးလို့ ပြောမယ်ဆိုရင် မလွန်ပါဘူး...

မြို့အများစုကတော့ သီတင်းကျွတ်၊တန်ဆောင်တိုင်ရောက်ရင် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ကိုယ့်ရဲ့မိဘ၊ ဆရာသမား၊ ကိုယ့်ထက်အသက်ကြီးတဲ့လူတွေကို ကန်တော့မယ် ဒီလောက်ပါပဲ။ ဒါပေမဲ့ ကျနော်တို့တောင်ကြီးမြို့လေးကတော့ သီတင်းကျွတ်ပြီဆိုတာနဲ့ နှစ်စဉ်ထတတ်တဲ့ ပိုးတွေကတခါပြန်ထလာတတ်ပါတယ်။ အဲ့အချိန်ကတည်းက မီးပုံပျံလုပ်ဖို့အတွက် လူတွေ စု၊ လိုအပ်တာတွေ စုဆောင်းပြီး တာစူနေကြပါပြီ။ ငယ်တုန်းက ကျောင်းသားဘ၀တွေ ပြန်မှတ်မိတယ်။ တန်ဆောင်တိုင်ပွဲတော်ရောက်လာရင် ကျောင်းအခန်းတိုင်းမှာ လူက အယောက် ၁၅၊၂၀ ထက်မပိုပါဘူး။ ဒါတောင်မှ ကျောင်းသူတွေကပိုများပါတယ်။ ကျောင်းသားဆို လက်ချိုးရေတွက်လို့ ရအောင် ကျောင်းလစ်ပြီးတော့ ပွဲတော်ကိုသွားကြတာပါ။ ဆရာဆရာမတွေက ကျောင်းသူကျောင်းသားများကို အမြဲဆုံးမတတ်ပါတယ်။ ကျောင်းမပြေးဖို့ စာကို ကြိုးစားသင်ဖို့ပါ။ တခါတလေများ နေ့လည်ထမင်းစားချိန်လေး ပွဲထဲကို မပြေးလိုက်နဲ့ ဆရာမတွေပါ ၀ယ်ချင်တာတွေဝယ်ပြီး သောင်းကျန်းနေတတ်ပါတယ် အဲ့လိုမျိုး သံယောဇဉ်ကြီးတာပါ။

တန်ဆောင်တိုင်ရောက်ပြီဆို ညဖက်ကောင်းကင်ကိုမော့ကြည့်လိုက်တာနဲ့ မီးစုံးလေးတွေအလား နေရာအနှံ့ မီးပုံပျံတွေ ရှိနေတတ်ပါတယ်။ ဟိုအရင်က မီးပုံပျံတလုံး လုပ်ဖို့ဆိုတာတော်ယုံမလွယ်ပါဘူး။ အဓိက စက္ကူရှားပါးမူပေါ့။ နောက်ပိုင်းမှာ တရုတ်ပြည်က စီးပွားဖြစ်သွင်းလာတဲ့ ပလစ်စတစ် မီးပုံပျံတွေ ၀င်လာပါတယ်။အဲ့နောက်ပိုင်း ပိုပြီးလွယ်တာကတော့ ကျနော်တို့ ဆန်အိတ်တွေထဲမှာ အထဲကခံထည့်လေ့ရှိတဲ့ ကျွတ်ကျွတ်အိတ်အဖြူပါးလေးတွေကို ရောင်းလာပါတယ်။ မှတ်မိသေးတယ် တလုံးမှ ၁၅ကျပ် ၂၀ပါ။ အောက်ခြေအ၀ကို သွပ်ကြိုး ဒါမှမဟုတ် ၀ါးနဲ့ အ၀ိုင်းလိုက်ခတ်လိုက်ရင် မီးပုံပျံ ဖြစ်သွားပါတယ်။ ဒီလိုနဲ့ကျနော်တို့ အဲ့ဒါလေးတွေကို အမှတ်တရလွတ်ခဲ့ပါတယ်။ ကျနော် (၉)တန်းလောက်က ကျောင်းမှာ မီးပုံပျံပြိုင်ပွဲလုပ်ပေးဖူးပါတယ်။ ပျော်ရွှင်စရာပါ။ ကျနော်တို့မီးပုံပျံက ပိန်ရှည်ရှည်နဲ့ ဘေးမှာလဲ မီးလောင်ထားတော့ ပလစ်စတစ်က ကျုံ့ဝင်နေတာပါ။ တော်တော်လေးကို အချိုးအစားမကျပါဘူး။ ဒါပေမဲ့ ကျနော်တို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။

တကယ်တော့ ကျနော်တို့ တောင်ကြီးတန်ဆောင်တိုင်ပွဲလေးဟာ ပျော်ရွှင်မူတွေကိုချည်း အသာပေးတာမဟုတ်ပါဘူး။ ဒီပွဲလေးက ဘာကိုပြသနေသလဲဆိုတော့ တိုင်းပြည်တခုလုံးမှာ တနေရာပဲရှိတဲ့ ကျနော်တို့ရဲ့ရိုးရာ၊ ကျနော်တို့ ညီအကိုတွေရဲ့ ပေါင်းစည်းမူအင်အား၊ လုပ်ဆောင်နိုင်စွမ်းကို ပြသတာပါ။ မီးပုံပျံတလုံးဖြစ်တည်လာဖို့ တယော
က်ထဲမပြီးပါဘူး။ လူအများကြီး စုပေါင်းလုပ်ဆောင်ရတာပါ။ တဖွဲ့က ယမ်းပိုင်းတာဝန်ယူမယ်၊ နောက်တဖွဲ့က မီးပုံပျံအပိုင်း၊ နောက်တဖွဲ့က မီးပုံပျံအပေါ်မှာ လှပအောင်ဆေးခြယ်တဲ့အပိုင်း စသည်ဖြင့် အပိုင်းပေါင်းများစွာကို တာဝန်ယူဆောင်ရတာပါ။ ကိုယ့်ယူတဲ့ တာဝန်လစ်ဟင်းသွားရင် အားလုံးမျှော်လင့်ခဲ့တဲ့ မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားရတာပါ။ တချို့ဆို ယမ်းတွေ မတော်တဆဖြစ်လို့ အသက်ပေးလို့ တာဝန်တွေ ယူခဲ့ရတာရှိပါတယ်။ ဒါပေမဲ့ တောင်ကြီးသားတွေ စိတ်ထဲမှာ ဘယ်မီးအဖွဲ့တော့ ယမ်းသမားတွေ ယမ်းထကွဲလို့ ဒဏ်ရာ ရကြတယ်ဆိုတာနဲ့ မေတ္တာစိတ်ထားပြီး သနားတတ်ပါတယ်။ ပြီးတော့ မကြောက်မရွှံ့ပဲ ကိုယ့်တာဝန်ကိုလဲ ထမ်းဆောင်ရတာပါပဲ

မီးပုံပျံမှာလဲ အမျိုးအစား အများကြီးရှိပါတယ်။ နေ့လွှတ်တဲ့ အရုပ်တွေရှိမယ်။ အရုပ်မှာကို အမျိုးအစားက ထပ်ခွဲထုတ်ထားတာပါ။ ဥပမာ ခြေလေးချောင်း၊ ခြေနှစ်ချောင်း၊ အုပ်စုအဖွဲ့ (ငါးအုပ်စု၊ ငှက်အုပ်စု) စသည်ဖြင့်ပေါ့။ ညပိုင်းမှာဆိုလဲ မီးပုံပျံကိုယ်ထည်မှာ မီးပုံလေးတွေ ဆင်လို့ အလှလွှတ်တာရှိမယ်၊ မီးရှူးမီးပန်းတွေနဲ့ လွှတ်တာတွေ စသည်ဖြင့် များပြားလှပါတယ်။ တန်ဆောင်တိုင်ပွဲတော် ရောက်ပြီးဆိုတာနဲ့ အနယ်နယ်အရပ်ရပ်ကရှိတဲ့ နယ်လှည့်ဈေးသည်တွေ ရောက်လာပါတယ်။ လောင်းကစားနည်းမျိုးစုံ ရှိတတ်ပါတယ်။ လေးကောင်ဂျင်၊ ရွှေဘောလုံး၊ မြှားပစ် စသည်ဖြင့် စုံနေတာပါပဲ။ ကျနော်ကတော့ တခါမှ မနိုင်ဖူးပါဘူး အမြဲရှုံးပဲ၊ စားစရာဆိုလဲ ရှမ်းပြည်ဒေသထွက်တွေ များတတ်ပါတယ်။ ရှမ်းထမင်းချဉ်၊ ဟင်းထုပ်၊ ကောက်ညှင်းကျည်းတောက်( ခြေထောက်) စသည်ဖြင့် အမျိုးစုံလင်ပါတယ်။ မန္တလေး၊ ရန်ကုန်ကလာရောင်းတဲ့ ပျားအုံမုန့်လေးတွေလဲ ရှိပါသေးတယ်။

နောက်ကျနော်မြို့လေးမှာ တန်ဆောင်တိုင်ရောက်ရင် ချစ်စရာဓလေ့လေးတွေရှိပါတယ်။ ဒါကတော့ ကျနော်တို့မြို့ခံတွေ ဘယ်လောက်ပဲ မူးမူး ဘယ်လောက်ပဲသောင်းကျန်းသောင်းကျန်း မောင်နှမစိတ်ဓါတ်အပြည့်ရှိတတ်တာပါ။ မိန်းကလေးတွေကို အိနြေ္ဒသိက္ခာကျအောင် ဘယ်တော့မှ မလုပ်ပါဘူး နာမည်ကြီးပွဲတော်ဖြစ်တဲ့အလျှောက် လူကလဲအတော်ကိုများပြားလှပါတယ်။ လူအုပ်ကြီးကိုကြည့်လိုက်ရင် အချိုတခုကို ပုရွက်ဆိတ်အုံတခုလုံး ၀ိုင်းခဲနေသလိုပါပဲ။ ဒီကြားထဲမှာ နယ်က ပေါက်တတ်ကရကောင်လေးတွေရဲ့ လက်သရမ်းမူတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ ကျနော်တို့ မြို့သားတွေ အဲ့လို လုပ်တာမရှိတာကို ဂုဏ်ယူစွာတွေ့ရတတ်ပါတယ်။ တောင်ကြီးမြို့က လူတွေဟာ ပွဲနဲ့ပတ်သက်ရင် အရမ်းကို အစွဲကြီးတတ်ပါတယ်။ ဥပမာ အဆိုတော်တွေ လာဆိုတယ်ဆိုရင် ကိုယ့်မြို့ကအဆိုတော်တွေကိုပဲ အားပေးတတ်ပါတယ်။ ဆိုလိုတာက အိုင်းရင်းခရော့စ်လာရင် လေးဖြူ၊အငဲ ဒါပဲ ပါးစပ်ကအော်နေတတ်တာပါ၊ အာဇာနည်ဆို ဘေးထိုင်ပါပဲ၊ မျိုးကြီးဆို လက်ခံပါသေးတယ်။ အဲ့လိုပဲ အစွဲအလမ်းကြီးပြီး မြို့ချစ်စိတ်ပြင်းထန်တတ်ပါတယ်။

အခုလို အဝေးရောက်နေတဲ့ တောင်ကြီးဒေသခံတွေအတွက် တောင်ကြီးက ရှိတဲ့လူတွေကလဲ အတတ်နိုင်ဆုံး လုပ်ပေးနေပါတယ်။ ကျနော်တို့ တန်ဆောင်တိုင်ပွဲကြီးကို အပြင်မှာတကယ်မမြင်ရပေမဲ့ အင်တာနက်ပေါ်ကနေ Live အနေနဲ့ပြသနိုင်အောင် ကြိုးစားနေကြပါတယ်။ အဲ့ဒီအချိန်ဆို အဝေးရောက်တောင်ကြီးသူ၊သားတွေရဲ့ အလွမ်းကို စီပုံးလေးတွေမှာ ချပြတတ်ပါတယ်။ ပုံမှန်ဆို ကိုယ်စီအလုပ်များ
နေပေမဲ့ အဲ့ချိန်ရောက်ရင် အားလုံး စုံစည်းနိုင်အောင် ကြိုးစားကြပါတယ်။ဒါဟာ တောင်ကြီးမြို့အတွက် ဂုဏ်ယူစရာပါပဲ။ အခုဆို တဖြေးဖြေးတောင်ကြီးမြို့လေးဟာ ခေတ်မီလာပြီး လူငယ်တိုင်းဟာလဲ ကြိုးစားချင်စိတ်တွေအပြည့်နဲ့ပါ၊ ဒီလိုမျိုးလေးတွေမြင်နေရတော့ ကိုယ်တိုင်ဘာမှ မလုပ်ပေးနိုင်ပေမဲ့ ဘေးကနေ ကြည့်ပြီး ရင်ထဲမှာ အတိုင်းမသိ ၀မ်းသာပီတိတွေ ဖြစ်နေမိပါတယ်။ ကျနော့်ရဲ့ ရင်ထဲမှာလဲ တောင်ကြီးမြို့နဲ့တကွ ချစ်စရာ မြို့သူမြို့သားတွေရဲ့ စရိုက်၊ လူနေမူတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး၊ ဘယ်နေရာရောက်ရောက် ဘယ်လောက်ပဲ လူနေမူတွေ ပြောင်းလဲပြောင်းလဲ ကျနော်ဟာ တောင်ကြီးသားတယောက်အဖြစ် ရပ်တည်နေဦးမှာပါ။

တောင်ကြီးမြို့လေးနဲ့ တန်ဆောင်တိုင်ပွဲတော်လေးကို သတိတရ ရှိလို့ ရေးလိုက်တာပါ။

မှတ်ချက်။ ။ပုံများကို Google က ယူထားပါတယ်။

လေးစားလျက် တောင်ပေါ်သား

အမှတ်တရ တန်ဆောင်တိုင်

ဒီအချိန်ဆို ကျနော်ရဲ့မွေးရပ်မြေမှာ မနက်ခင်းဆိုမြူခိုးတွေ ဝေနေလောက်ပြီ။ ဒီအောက်တိုဘာလကုန်လောက်ဆို ကျနော်တို့ တောင်ပေါ်သားတွေ အရူးထလေ့ရှိသော၊ တနည်းအားဖြင့် အမက်ဆုံး၊ အပျော်ဆုံး ပွဲတော်ဖြစ်သော တန်ဆောင်တိုင်ပွဲတော်ကြီး ရောက်လာပေဦးမည်။ ဘာလိုလိုနဲ့ တန်ဆောင်တိုင်ပွဲတော်နဲ့ တစိမ်းလိုနေခဲ့ရတာ နှစ်အတော်ပင်ကြာနေခဲ့ပြီ။ ဒါပေမဲ့ တချိန်တခါမှ မေ့လို့မရပဲ ရင်ထဲမှာ ဒီပွဲတော်လေးက ဆက်လက်တည်ရှိနေဦးမည်။ ကျနော်တို့တန်ဆောင်တိုင်က တခြားမြန်မာပြည်ရှိ မြို့များနှင့် လုံးဝမတူ ခြားနားမူတွေနဲ့အပြည့် ဖြစ်သည်။ တခြားမြို့မှ နယ်သူ၊နယ်သားတွေအနေဖြင့် တောင်ကြီး တန်ဆောင်တိုင်ကို နှစ်သက်တယ်ဆိုတာ ကျနော်တို့မြို့သူမြို့သားတွေရဲ့ သွေးထဲကချစ်တဲ့ မြတ်နိုးတဲ့စိတ်လေးကို မှီနိုင်မယ်မထင်ဘူးလို့ ပြောမယ်ဆိုရင် မလွန်ပါဘူး...

မြို့အများစုကတော့ သီတင်းကျွတ်၊တန်ဆောင်တိုင်ရောက်ရင် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ကိုယ့်ရဲ့မိဘ၊ ဆရာသမား၊ ကိုယ့်ထက်အသက်ကြီးတဲ့လူတွေကို ကန်တော့မယ် ဒီလောက်ပါပဲ။ ဒါပေမဲ့ ကျနော်တို့တောင်ကြီးမြို့လေးကတော့ သီတင်းကျွတ်ပြီဆိုတာနဲ့ နှစ်စဉ်ထတတ်တဲ့ ပိုးတွေကတခါပြန်ထလာတတ်ပါတယ်။ အဲ့အချိန်ကတည်းက မီးပုံပျံလုပ်ဖို့အတွက် လူတွေ စု၊ လိုအပ်တာတွေ စုဆောင်းပြီး တာစူနေကြပါပြီ။ ငယ်တုန်းက ကျောင်းသားဘ၀တွေ ပြန်မှတ်မိတယ်။ တန်ဆောင်တိုင်ပွဲတော်ရောက်လာရင် ကျောင်းအခန်းတိုင်းမှာ လူက အယောက် ၁၅၊၂၀ ထက်မပိုပါဘူး။ ဒါတောင်မှ ကျောင်းသူတွေကပိုများပါတယ်။ ကျောင်းသားဆို လက်ချိုးရေတွက်လို့ ရအောင် ကျောင်းလစ်ပြီးတော့ ပွဲတော်ကိုသွားကြတာပါ။ ဆရာဆရာမတွေက ကျောင်းသူကျောင်းသားများကို အမြဲဆုံးမတတ်ပါတယ်။ ကျောင်းမပြေးဖို့ စာကို ကြိုးစားသင်ဖို့ပါ။ တခါတလေများ နေ့လည်ထမင်းစားချိန်လေး ပွဲထဲကို မပြေးလိုက်နဲ့ ဆရာမတွေပါ ၀ယ်ချင်တာတွေဝယ်ပြီး သောင်းကျန်းနေတတ်ပါတယ် အဲ့လိုမျိုး သံယောဇဉ်ကြီးတာပါ။

တန်ဆောင်တိုင်ရောက်ပြီဆို ညဖက်ကောင်းကင်ကိုမော့ကြည့်လိုက်တာနဲ့ မီးစုံးလေးတွေအလား နေရာအနှံ့ မီးပုံပျံတွေ ရှိနေတတ်ပါတယ်။ ဟိုအရင်က မီးပုံပျံတလုံး လုပ်ဖို့ဆိုတာတော်ယုံမလွယ်ပါဘူး။ အဓိက စက္ကူရှားပါးမူပေါ့။ နောက်ပိုင်းမှာ တရုတ်ပြည်က စီးပွားဖြစ်သွင်းလာတဲ့ ပလစ်စတစ် မီးပုံပျံတွေ ၀င်လာပါတယ်။အဲ့နောက်ပိုင်း ပိုပြီးလွယ်တာကတော့ ကျနော်တို့ ဆန်အိတ်တွေထဲမှာ အထဲကခံထည့်လေ့ရှိတဲ့ ကျွတ်ကျွတ်အိတ်အဖြူပါးလေးတွေကို ရောင်းလာပါတယ်။ မှတ်မိသေးတယ် တလုံးမှ ၁၅ကျပ် ၂၀ပါ။ အောက်ခြေအ၀ကို သွပ်ကြိုး ဒါမှမဟုတ် ၀ါးနဲ့ အ၀ိုင်းလိုက်ခတ်လိုက်ရင် မီးပုံပျံ ဖြစ်သွားပါတယ်။ ဒီလိုနဲ့ကျနော်တို့ အဲ့ဒါလေးတွေကို အမှတ်တရလွတ်ခဲ့ပါတယ်။ ကျနော် (၉)တန်းလောက်က ကျောင်းမှာ မီးပုံပျံပြိုင်ပွဲလုပ်ပေးဖူးပါတယ်။ ပျော်ရွှင်စရာပါ။ ကျနော်တို့မီးပုံပျံက ပိန်ရှည်ရှည်နဲ့ ဘေးမှာလဲ မီးလောင်ထားတော့ ပလစ်စတစ်က ကျုံ့ဝင်နေတာပါ။ တော်တော်လေးကို အချိုးအစားမကျပါဘူး။ ဒါပေမဲ့ ကျနော်တို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။

တကယ်တော့ ကျနော်တို့ တောင်ကြီးတန်ဆောင်တိုင်ပွဲလေးဟာ ပျော်ရွှင်မူတွေကိုချည်း အသာပေးတာမဟုတ်ပါဘူး။ ဒီပွဲလေးက ဘာကိုပြသနေသလဲဆိုတော့ တိုင်းပြည်တခုလုံးမှာ တနေရာပဲရှိတဲ့ ကျနော်တို့ရဲ့ရိုးရာ၊ ကျနော်တို့ ညီအကိုတွေရဲ့ ပေါင်းစည်းမူအင်အား၊ လုပ်ဆောင်နိုင်စွမ်းကို ပြသတာပါ။ မီးပုံပျံတလုံးဖြစ်တည်လာဖို့ တယောက်ထဲမပြီးပါဘူး။ လူအများကြီး စုပေါင်းလုပ်ဆောင်ရတာပါ။ တဖွဲ့က ယမ်းပိုင်းတာဝန်ယူမယ်၊ နောက်တဖွဲ့က မီးပုံပျံအပိုင်း၊ နောက်တဖွဲ့က မီးပုံပျံအပေါ်မှာ လှပအောင်ဆေးခြယ်တဲ့အပိုင်း စသည်ဖြင့် အပိုင်းပေါင်းများစွာကို တာဝန်ယူဆောင်ရတာပါ။ ကိုယ့်ယူတဲ့ တာဝန်လစ်ဟင်းသွားရင် အားလုံးမျှော်လင့်ခဲ့တဲ့ မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားရတာပါ။ တချို့ဆို ယမ်းတွေ မတော်တဆဖြစ်လို့ အသက်ပေးလို့ တာဝန်တွေ ယူခဲ့ရတာရှိပါတယ်။ ဒါပေမဲ့ တောင်ကြီးသားတွေ စိတ်ထဲမှာ ဘယ်မီးအဖွဲ့တော့ ယမ်းသမားတွေ ယမ်းထကွဲလို့ ဒဏ်ရာ ရကြတယ်ဆိုတာနဲ့ မေတ္တာစိတ်ထားပြီး သနားတတ်ပါတယ်။ ပြီးတော့ မကြောက်မရွှံ့ပဲ ကိုယ့်တာဝန်ကိုလဲ ထမ်းဆောင်ရတာပါပဲ

မီးပုံပျံမှာလဲ အမျိုးအစား အများကြီးရှိပါတယ်။ နေ့လွှတ်တဲ့ အရုပ်တွေရှိမယ်။ အရုပ်မှာကို အမျိုးအစားက ထပ်ခွဲထုတ်ထားတာပါ။ ဥပမာ ခြေလေးချောင်း၊ ခြေနှစ်ချောင်း၊ အုပ်စုအဖွဲ့ (ငါးအုပ်စု၊ ငှက်အုပ်စု) စသည်ဖြင့်ပေါ့။ ညပိုင်းမှာဆိုလဲ မီးပုံပျံကိုယ်ထည်မှာ မီးပုံလေးတွေ ဆင်လို့ အလှလွှတ်တာရှိမယ်၊ မီးရှူးမီးပန်းတွေနဲ့ လွှတ်တာတွေ စသည်ဖြင့် များပြားလှပါတယ်။ တန်ဆောင်တိုင်ပွဲတော် ရောက်ပြီးဆိုတာနဲ့ အနယ်နယ်အရပ်ရပ်ကရှိတဲ့ နယ်လှည့်ဈေးသည်တွေ ရောက်လာပါတယ်။ လောင်းကစားနည်းမျိုးစုံ ရှိတတ်ပါတယ်။ လေးကောင်ဂျင်၊ ရွှေဘောလုံး၊ မြှားပစ် စသည်ဖြင့် စုံနေတာပါပဲ။ ကျနော်ကတော့ တခါမှ မနိုင်ဖူးပါဘူး အမြဲရှုံးပဲ၊ စားစရာဆိုလဲ ရှမ်းပြည်ဒေသထွက်တွေ များတတ်ပါတယ်။ ရှမ်းထမင်းချဉ်၊ ဟင်းထုပ်၊ ကောက်ညှင်းကျည်းတောက်( ခြေထောက်) စသည်ဖြင့် အမျိုးစုံလင်ပါတယ်။ မန္တလေး၊ ရန်ကုန်ကလာရောင်းတဲ့ ပျားအုံမုန့်လေးတွေလဲ ရှိပါသေးတယ်။

နောက်ကျနော်မြို့လေးမှာ တန်ဆောင်တိုင်ရောက်ရင် ချစ်စရာဓလေ့လေးတွေရှိပါတယ်။ ဒါကတော့ ကျနော်တို့မြို့ခံတွေ ဘယ်လောက်ပဲ မူးမူး ဘယ်လောက်ပဲသောင်းကျန်းသောင်းကျန်း မောင်နှမစိတ်ဓါတ်အပြည့်ရှိတတ်တာပါ။ မိန်းကလေးတွေကို အိနြေ္ဒသိက္ခာကျအောင် ဘယ်တော့မှ မလုပ်ပါဘူး နာမည်ကြီးပွဲတော်ဖြစ်တဲ့အလျှောက် လူကလဲအတော်ကိုများပြားလှပါတယ်။ လူအုပ်ကြီးကိုကြည့်လိုက်ရင် အချိုတခုကို ပုရွက်ဆိတ်အုံတခုလုံး ၀ိုင်းခဲနေသလိုပါပဲ။ ဒီကြားထဲမှာ နယ်က ပေါက်တတ်ကရကောင်လေးတွေရဲ့ လက်သရမ်းမူတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ ကျနော်တို့ မြို့သားတွေ အဲ့လို လုပ်တာမရှိတာကို ဂုဏ်ယူစွာတွေ့ရတတ်ပါတယ်။ တောင်ကြီးမြို့က လူတွေဟာ ပွဲနဲ့ပတ်သက်ရင် အရမ်းကို အစွဲကြီးတတ်ပါတယ်။ ဥပမာ အဆိုတော်တွေ လာဆိုတယ်ဆိုရင် ကိုယ့်မြို့ကအဆိုတော်တွေကိုပဲ အားပေးတတ်ပါတယ်။ ဆိုလိုတာက အိုင်းရင်းခရော့စ်လာရင် လေးဖြူ၊အငဲ ဒါပဲ ပါးစပ်ကအော်နေတတ်တာပါ၊ အာဇာနည်ဆို ဘေးထိုင်ပါပဲ၊ မျိုးကြီးဆို လက်ခံပါသေးတယ်။ အဲ့လိုပဲ အစွဲအလမ်းကြီးပြီး မြို့ချစ်စိတ်ပြင်းထန်တတ်ပါတယ်။

အခုလို အဝေးရောက်နေတဲ့ တောင်ကြီးဒေသခံတွေအတွက် တောင်ကြီးက ရှိတဲ့လူတွေကလဲ အတတ်နိုင်ဆုံး လုပ်ပေးနေပါတယ်။ ကျနော်တို့ တန်ဆောင်တိုင်ပွဲကြီးကို အပြင်မှာတကယ်မမြင်ရပေမဲ့ အင်တာနက်ပေါ်ကနေ Live အနေနဲ့ပြသနိုင်အောင် ကြိုးစားနေကြပါတယ်။ အဲ့ဒီအချိန်ဆို အဝေးရောက်တောင်ကြီးသူ၊သားတွေရဲ့ အလွမ်းကို စီပုံးလေးတွေမှာ ချပြတတ်ပါတယ်။ ပုံမှန်ဆို ကိုယ်စီအလုပ်များနေပေမဲ့ အဲ့ချိန်ရောက်ရင် အားလုံး စုံစည်းနိုင်အောင် ကြိုးစားကြပါတယ်။ဒါဟာ တောင်ကြီးမြို့အတွက် ဂုဏ်ယူစရာပါပဲ။ အခုဆို တဖြေးဖြေးတောင်ကြီးမြို့လေးဟာ ခေတ်မီလာပြီး လူငယ်တိုင်းဟာလဲ ကြိုးစားချင်စိတ်တွေအပြည့်နဲ့ပါ၊ ဒီလိုမျိုးလေးတွေမြင်နေရတော့ ကိုယ်တိုင်ဘာမှ မလုပ်ပေးနိုင်ပေမဲ့ ဘေးကနေ ကြည့်ပြီး ရင်ထဲမှာ အတိုင်းမသိ ၀မ်းသာပီတိတွေ ဖြစ်နေမိပါတယ်။ ကျနော့်ရဲ့ ရင်ထဲမှာလဲ တောင်ကြီးမြို့နဲ့တကွ ချစ်စရာ မြို့သူမြို့သားတွေရဲ့ စရိုက်၊ လူနေမူတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး၊ ဘယ်နေရာရောက်ရောက် ဘယ်လောက်ပဲ လူနေမူတွေ ပြောင်းလဲပြောင်းလဲ ကျနော်ဟာ တောင်ကြီးသားတယောက်အဖြစ် ရပ်တည်နေဦးမှာပါ။

တောင်ကြီးမြို့လေးနဲ့ တန်ဆောင်တိုင်ပွဲတော်လေးကို သတိတရ ရှိလို့ ရေးလိုက်တာပါ။

မှတ်ချက်။ ။ပုံများကို Google က ယူထားပါတယ်။

လေးစားလျက် တောင်ပေါ်သား

အနေချင်ဆုံး မြို့လေး တမြို့

မနက်ခင်းစူးရှတဲ့နေရောင်ရဲ့အလင်းရောင်ဟာ ပြတင်းပေါက်လေးကတဆင့် ကျနော်အခန်းလေးထဲ ရောက်ရှိလာပါတယ်။ မနက်ခင်းစောစောထလိုက်တာနဲ့ အေးမြတဲ့လေထုရဲ့ တိုက်ခတ်မူကိုခံစားလိုက်ရပါတယ်။ သာမန်လူတယောက်အတွက် ဒီအအေးတွေဟာ အနွေးထည်တွေ များစွာ ၀တ်ထားရပေမဲ့ ကျနော်အတွက်တော့ ဒီအအေးထုကြီးကို နှစ်သက်စွာခံယူရင်း မနက်ခင်းအိပ်ရာကို နိုးထလာပါတယ်။ ကျနော်နေတဲ့ မြို့လေးပေါ့။ ကျနော်နေတဲ့မြို့လေးက လေးဖက်လေးရံ တောင်တန်းတွေနဲ့ ကာရန်ထားပါတယ်။ စိမ်းလန်းနေတဲ့ တောင်ကုန်းတွေ၊ တောင်တန်းတွေနဲ့ နေချင်စရာအပြည့်ပေါ့။ ကျနော်နေတဲ့ မြို့လေးက မြို့ကြီးလို့လဲ မဆိုတာသလို တောကျတယ်လဲ မဆိုသာပါဘူး။ ချင်းတောင်တန်းတွေလို အမြင့်ပေ မများပါဘူး။ ဒါပေမဲ့ နွေးထွေးမူအပြည့်နဲ့ စိတ်ရင်းသဘောထားပြည့်စုံတဲ့ လူအများစု နေထိုင်ကြပါတယ်။

ချယ်ရီပန်းတို့ဖူးပွင့်ရာ ကျနော်တို့မြို့လေးမှာ ချယ်ရီပွင့်ချိန်ဆို တောင်တွေများ ပန်းရောင်ကောဇောကြီးခင်းထားသလို လှပနေတာပေါ့။ မနက်စောစော အိပ်ရာကထလိုက်ရင် တ၀ုန်းဝုန်းနဲ့ မောင်းနေတဲ့ ထော်လာဂျီပေါ်မှာ ကုန်တွေ လူတွေ အပြည့်နဲ့ဈေးရောင်းတဲ့ လူတွေကိုလဲ တွေ့ရတတ်ပါတယ်။ ရှမ်း၊ ပအိုဝ့်၊ ပလောင်၊ ဗမာ၊ ခရစ်ယာန်၊ အစ္စလာမ် စသည်ဖြင့် လူမျိုးပေါင်းစုံတို့ စည်းလုံးစွာ နေထိုင်ကြတာပါ။ အိမ်နီးချင်းအချင်းချင်း လူမျိုးခွဲစိတ်ဓါတ်မရှိ တအိမ်မှာ ဟင်းကောင်းလေးများချက်ရင် တဖက်အိမ်ကို လှမ်းပေးတတ်တဲ့ ချစ်စရာ ဓလေ့လေးတွေနဲ့ ကျနော်တို့မြို့လေးပါ။ အပေါ်ယံမဟုတ်ပဲ ရင်ထဲကနေပေါင်းကြတဲ့ သူငယ်ချင်းတွေနဲ့ ပျော်စရာကောင်းတဲ့ မြို့လေးပါ။

ကျနော်တို့မြို့လေးဟာ ကလောမြေလို အရမ်းမအေးပါဘူး။ မေမြို့လိုမျိုး ပန်းခင်းလေးတွေနဲ့ မပြည့်စုံပါဘူး။ ဒါပေမဲ့ ကျနော်တို့မြို့လေးကို လာလည်ရင် ဧည့်ဝတ်ကျေပွန်တဲ့ တိုင်းရင်းသားလူမျိုးတွေ ကိုတွေ့ရပါလိမ့်မယ်။ ကျနော်တို့မြို့လေးက လူတွေဟာ ပွဲလမ်းသဘင်ကို အရမ်းခုံမင်တတ်ကြပါတယ်။ ကျနော်တို့မြို့လေးမှာ ဘယ်တိုင်းပြည် ဘယ်မြို့မှာမှ မလုပ်တဲ့ တန်ဆောင်တိုင်ပွဲတော်ကြီး ရှိတယ်။ စက္ကူနဲ့လုပ်တဲ့ မီးပုံပျံတွေ ရှိတယ်။ တိရစ္ဆာန်မျိုးစုံရဲ့ အရုပ်ပုံစံတူလေးတွေလွှတ်ပြီး ပျော်ကြတယ်။ ခင်မင်မူတွေ တည်ဆောက်ကြတယ်။ လူမျိုးတွေ ကွဲပြားပေမဲ့ ဒီတန်ဆောင်တိုင်ပွဲလေးက တောင်ပေါ်သူ၊တောင်ပေါ်သား အချင်းချင်းစည်းလုံး ညီညွတ်စွာ ပျော်ရွှင်စွာတူတူ ဆင်နွှဲကြတယ်... ကျနော်တို့မြို့လေးမှာ ပင်းတယလို အထင်ကရ နာမည်ကြီး ဘုရားစေတီတွေ မရှိသလို နာမည်ကြီးနေရာတွေလဲ မရှိပါဘူး။ ဒါပေမဲ့ ကျနော်တို့ တောင်ချွန်းဆိုတဲ့ တောင်ကြီးတခုရှိတယ် တောင်ဘက်ကို မိုင်အနဲငယ် ထွက်လိုက်တာနဲ့ ချစ်စရာ ပအိုဝ့်လူမျိုးတွေ နေတဲ့ ရွာလေးတွေ ရှိတယ်။ အဲ့ဘက်ကမှ ဆက်သွားလိုက်ရင် အခုနောက်ပိုင်းမှာ နာမည်ကြီးလာတဲ့ မွေတော်က္ကူဘုရားပုထိုးတွေ ရှိတယ်။ ဧကအနဲငယ်အတွင်းမှာ ဘုရားစေတီတွေ တန်းစီပြီး ဆောက်ထားတာပါ။

ဒီလိုပဲ ကျနော်တို့မြို့လေးကနေ အောက်ဖက်ကိုဆင်းသွားမယ်ဆို နာမည်ကျော် အေးသာယာ စက်မူဇုံကြီးရှိပါသေးတယ်။ မြန်မာပြည် လက်ရာကားတွေ ထုတ်တာပေါ့။ တကယ
့်မြန်မာပြည်စစ်စစ်ထုတ်တွေပါ။ ဖြတ်ညှပ်ကပ် မဟုတ်ရပါဘူး။ အဲကနေ ဆက်သွားရင်တော့ စော်ဘွားတွေ နေတဲ့ ညောင်ရွှေကို သွားလို့ရပါတယ်။ အင်မတန်မှ ဧည့်ဝတ်ကျေပွန်တတ်တဲ့ အင်းသားများစုဝေးရာ အင်းလေးကန်ကိုရောက်ပါတယ်။ ရီစရာလေး တခုပြောပြပါဦးမယ် ကျနော်တို့တောင်ပေါ်ဒေသတွေကို မရောက်ဖူးတဲ့ သူငယ်ချင်းတယောက်ပြောဖူးတာလေးပါ။ တောင်ပေါ်မှာ ဘောလုံးကန်တော့ ဘယ်လို ကန်မတုန်းတဲ့ သူတို့အထင်တွေကတော့ ဘောလုံးကန်လိုက်ရင် တောင်အောက်များ ကျသွားတယ် ထင်တာလား မပြောတတ်ပါဘူးး)

တနေ့နေ့ပေါ့ အဝေးတနေရာမှာ ရောက်နေတဲ့ ကျနော်တို့နိုင်ငံကလူတွေ အားလုံး အဆင်ပြေရင် နိုင်ငံအတွက် တိုင်းပြည်အတွက် ကိုယ့်မွေးရပ်မြေလေးအတွက် ပြန်ကြမှာပါပဲ။ ဒီလိုပဲ ခုချိန်မှာ ချစ်တဲ့ မွေးရပ်မြေလေးနဲ့ ဝေးနေပေမဲ့ ကျနော်ရဲ့ ရင်ထဲမှာ အချိန်တိုင်းနီးပါးကတော့ ချစ်တဲ့ မိသားစု၊ သူငယ်ချင်းတွေ၊ ကျနော်ကိုမွေးဖွားပေးခဲ့တဲ့ ကျနော်ရဲ့မြို့လေးကို တမ်းတနေဆဲပါ။ ကျနော်တို့တောင်ကြီးသားတွေလို ဆိုတာနဲ့ စကားသံဝဲ၀ဲ ရိုးသားပွင့်လင်းတဲ့ လူတွေအဖြစ် အများစုက တွေးထင်မိကြပါတယ်။ ဒီလိုမျိုး အထင်ခံရတာကိုက ကျနော်မြို့လေးအတွက် အဖိုးမဖြတ်နိုင်တဲ့ ဂုဏ်ပုဒ်လေးတခုပါပဲ။ ဒီအတွက် ကျနော်တောင်ကြီးသားဖြစ်ရတာ အမြဲ ဂုဏ်ယူလျက်ပါ။ ကျနော်တို့ တောင်ကြီးသားတွေလဲ အခုဆို အရင်တုန်းကလို ခေတ်နောက်မကျအောင် တိုးတက်နေတာကိုတွေ့နေရပါတယ်။ ရိုးရာမီးပုံပျံပွဲတွေကို တိုက်ရိုက် လွှင့်လာနိုင်ပြီ။ ဒီလို အဝေးတနေရာမှ ကိုယ့်အစွမ်းအစနဲ့ ကိုယ်ခြေထောက်ပေါ်ကိုယ်တိုင် ရပ်တည်နေကြပါပြီ။ အရမ်းကို ကြည်နူး ဂုဏ်ယူစရာပါပဲ။ တနေ့တချိန်ချိန်မှာတော့ အသက်တွေ ကြီးလို့ ပြည့်စုံသည်ဖြစ်စေ မပြည့်စုံသည်ဖြစ်စေ ချစ်သော မွေးရပ်မြေလေးမှာပဲ ခေါင်းချ ချင်ပါတယ်။ ဒါကျနော်ရဲ့ ဆန္ဒလေးပါပဲ။

ကိုရီနို ရဲ့တက်ဂ်ပိုစ့်လေးပါ။ ဒီပိုစ့်လေးကို ရေးရတာ အရမ်းခံစားရပါတယ်။ မွေးရပ်မြေနဲ့ ဝေးကွာနေတဲ့လူတိုင်း ခံစားကြရမယ်လို့ ကျနော် ယူဆမိပါတယ်။ လူသားတိုင်းဟာ ကိုယ့်မွေးတဲ့ မြေကိုချစ်သလို သေရင်တောင် ကိုယ့်မွေးမြေလေးမှာ သေချင်တာ အများစုပါ။ ကျနော် ထပ် မတက်ဂ်တော့ပါဘူး ကိုရီနို တက်ဂ်တာ ဆိုင်မဆိုင်တော့ မသိဘူးဗျာ ရေးတော့ ရေးလိုက်ပါတယ်။

လေးစားလျက် တောင်ပေါ်သား

အနေချင်ဆုံး မြို့လေး တမြို့

မနက်ခင်းစူးရှတဲ့နေရောင်ရဲ့အလင်းရောင်ဟာ ပြတင်းပေါက်လေးကတဆင့် ကျနော်အခန်းလေးထဲ ရောက်ရှိလာပါတယ်။ မနက်ခင်းစောစောထလိုက်တာနဲ့ အေးမြတဲ့လေထုရဲ့ တိုက်ခတ်မူကိုခံစားလိုက်ရပါတယ်။ သာမန်လူတယောက်အတွက် ဒီအအေးတွေဟာ အနွေးထည်တွေ များစွာ ၀တ်ထားရပေမဲ့ ကျနော်အတွက်တော့ ဒီအအေးထုကြီးကို နှစ်သက်စွာခံယူရင်း မနက်ခင်းအိပ်ရာကို နိုးထလာပါတယ်။ ကျနော်နေတဲ့ မြို့လေးပေါ့။ ကျနော်နေတဲ့မြို့လေးက လေးဖက်လေးရံ တောင်တန်းတွေနဲ့ ကာရန်ထားပါတယ်။ စိမ်းလန်းနေတဲ့ တောင်ကုန်းတွေ၊ တောင်တန်းတွေနဲ့ နေချင်စရာအပြည့်ပေါ့။ ကျနော်နေတဲ့ မြို့လေးက မြို့ကြီးလို့လဲ မဆိုတာသလို တောကျတယ်လဲ မဆိုသာပါဘူး။ ချင်းတောင်တန်းတွေလို အမြင့်ပေ မများပါဘူး။ ဒါပေမဲ့ နွေးထွေးမူအပြည့်နဲ့ စိတ်ရင်းသဘောထားပြည့်စုံတဲ့ လူအများစု နေထိုင်ကြပါတယ်။

ချယ်ရီပန်းတို့ဖူးပွင့်ရာ ကျနော်တို့မြို့လေးမှာ ချယ်ရီပွင့်ချိန်ဆို တောင်တွေများ ပန်းရောင်ကောဇောကြီးခင်းထားသလို လှပနေတာပေါ့။ မနက်စောစော အိပ်ရာကထလိုက်ရင် တ၀ုန်းဝုန်းနဲ့ မောင်းနေတဲ့ ထော်လာဂျီပေါ်မှာ ကုန်တွေ လူတွေ အပြည့်နဲ့ဈေးရောင်းတဲ့ လူတွေကိုလဲ တွေ့ရတတ်ပါတယ်။ ရှမ်း၊ ပအိုဝ့်၊ ပလောင်၊ ဗမာ၊ ခရစ်ယာန်၊ အစ္စလာမ် စသည်ဖြင့် လူမျိုးပေါင်းစုံတို့ စည်းလုံးစွာ နေထိုင်ကြတာပါ။ အိမ်နီးချင်းအချင်းချင်း လူမျိုးခွဲစိတ်ဓါတ်မရှိ တအိမ်မှာ ဟင်းကောင်းလေးများချက်ရင် တဖက်အိမ်ကို လှမ်းပေးတတ်တဲ့ ချစ်စရာ ဓလေ့လေးတွေနဲ့ ကျနော်တို့မြို့လေးပါ။ အပေါ်ယံမဟုတ်ပဲ ရင်ထဲကနေပေါင်းကြတဲ့ သူငယ်ချင်းတွေနဲ့ ပျော်စရာကောင်းတဲ့ မြို့လေးပါ။

ကျနော်တို့မြို့လေးဟာ ကလောမြေလို အရမ်းမအေးပါဘူး။ မေမြို့လိုမျိုး ပန်းခင်းလေးတွေနဲ့ မပြည့်စုံပါဘူး။ ဒါပေမဲ့ ကျနော်တို့မြို့လေးကို လာလည်ရင် ဧည့်ဝတ်ကျေပွန်တဲ့ တိုင်းရင်းသားလူမျိုးတွေ ကိုတွေ့ရပါလိမ့်မယ်။ ကျနော်တို့မြို့လေးက လူတွေဟာ ပွဲလမ်းသဘင်ကို အရမ်းခုံမင်တတ်ကြပါတယ်။ ကျနော်တို့မြို့လေးမှာ ဘယ်တိုင်းပြည် ဘယ်မြို့မှာမှ မလုပ်တဲ့ တန်ဆောင်တိုင်ပွဲတော်ကြီး ရှိတယ်။ စက္ကူနဲ့လုပ်တဲ့ မီးပုံပျံတွေ ရှိတယ်။ တိရစ္ဆာန်မျိုးစုံရဲ့ အရုပ်ပုံစံတူလေးတွေလွှတ်ပြီး ပျော်ကြတယ်။ ခင်မင်မူတွေ တည်ဆောက်ကြတယ်။ လူမျိုးတွေ ကွဲပြားပေမဲ့ ဒီတန်ဆောင်တိုင်ပွဲလေးက တောင်ပေါ်သူ၊တောင်ပေါ်သား အချင်းချင်းစည်းလုံး ညီညွတ်စွာ ပျော်ရွှင်စွာတူတူ ဆင်နွှဲကြတယ်... ကျနော်တို့မြို့လေးမှာ ပင်းတယလို အထင်ကရ နာမည်ကြီး ဘုရားစေတီတွေ မရှိသလို နာမည်ကြီးနေရာတွေလဲ မရှိပါဘူး။ ဒါပေမဲ့ ကျနော်တို့ တောင်ချွန်းဆိုတဲ့ တောင်ကြီးတခုရှိတယ် တောင်ဘက်ကို မိုင်အနဲငယ် ထွက်လိုက်တာနဲ့ ချစ်စရာ ပအိုဝ့်လူမျိုးတွေ နေတဲ့ ရွာလေးတွေ ရှိတယ်။ အဲ့ဘက်ကမှ ဆက်သွားလိုက်ရင် အခုနောက်ပိုင်းမှာ နာမည်ကြီးလာတဲ့ မွေတော်က္ကူဘုရားပုထိုးတွေ ရှိတယ်။ ဧကအနဲငယ်အတွင်းမှာ ဘုရားစေတီတွေ တန်းစီပြီး ဆောက်ထားတာပါ။

ဒီလိုပဲ ကျနော်တို့မြို့လေးကနေ အောက်ဖက်ကိုဆင်းသွားမယ်ဆို နာမည်ကျော် အေးသာယာ စက်မူဇုံကြီးရှိပါသေးတယ်။ မြန်မာပြည် လက်ရာကားတွေ ထုတ်တာပေါ့။ တကယ့်မြန်မာပြည်စစ်စစ်ထုတ်တွေပါ။ ဖြတ်ညှပ်ကပ် မဟုတ်ရပါဘူး။ အဲကနေ ဆက်သွားရင်တော့ စော်ဘွားတွေ နေတဲ့ ညောင်ရွှေကို သွားလို့ရပါတယ်။ အင်မတန်မှ ဧည့်ဝတ်ကျေပွန်တတ်တဲ့ အင်းသားများစုဝေးရာ အင်းလေးကန်ကိုရောက်ပါတယ်။ ရီစရာလေး တခုပြောပြပါဦးမယ် ကျနော်တို့တောင်ပေါ်ဒေသတွေကို မရောက်ဖူးတဲ့ သူငယ်ချင်းတယောက်ပြောဖူးတာလေးပါ။ တောင်ပေါ်မှာ ဘောလုံးကန်တော့ ဘယ်လို ကန်မတုန်းတဲ့ သူတို့အထင်တွေကတော့ ဘောလုံးကန်လိုက်ရင် တောင်အောက်များ ကျသွားတယ် ထင်တာလား မပြောတတ်ပါဘူးး)

တနေ့နေ့ပေါ့ အဝေးတနေရာမှာ ရောက်နေတဲ့ ကျနော်တို့နိုင်ငံကလူတွေ အားလုံး အဆင်ပြေရင် နိုင်ငံအတွက် တိုင်းပြည်အတွက် ကိုယ့်မွေးရပ်မြေလေးအတွက် ပြန်ကြမှာပါပဲ။ ဒီလိုပဲ ခုချိန်မှာ ချစ်တဲ့ မွေးရပ်မြေလေးနဲ့ ဝေးနေပေမဲ့ ကျနော်ရဲ့ ရင်ထဲမှာ အချိန်တိုင်းနီးပါးကတော့ ချစ်တဲ့ မိသားစု၊ သူငယ်ချင်းတွေ၊ ကျနော်ကိုမွေးဖွားပေးခဲ့တဲ့ ကျနော်ရဲ့မြို့လေးကို တမ်းတနေဆဲပါ။ ကျနော်တို့တောင်ကြီးသားတွေလို ဆိုတာနဲ့ စကားသံဝဲ၀ဲ ရိုးသားပွင့်လင်းတဲ့ လူတွေအဖြစ် အများစုက တွေးထင်မိကြပါတယ်။ ဒီလိုမျိုး အထင်ခံရတာကိုက ကျနော်မြို့လေးအတွက် အဖိုးမဖြတ်နိုင်တဲ့ ဂုဏ်ပုဒ်လေးတခုပါပဲ။ ဒီအတွက် ကျနော်တောင်ကြီးသားဖြစ်ရတာ အမြဲ ဂုဏ်ယူလျက်ပါ။ ကျနော်တို့ တောင်ကြီးသားတွေလဲ အခုဆို အရင်တုန်းကလို ခေတ်နောက်မကျအောင် တိုးတက်နေတာကိုတွေ့နေရပါတယ်။ ရိုးရာမီးပုံပျံပွဲတွေကို တိုက်ရိုက် လွှင့်လာနိုင်ပြီ။ ဒီလို အဝေးတနေရာမှ ကိုယ့်အစွမ်းအစနဲ့ ကိုယ်ခြေထောက်ပေါ်ကိုယ်တိုင် ရပ်တည်နေကြပါပြီ။ အရမ်းကို ကြည်နူး ဂုဏ်ယူစရာပါပဲ။ တနေ့တချိန်ချိန်မှာတော့ အသက်တွေ ကြီးလို့ ပြည့်စုံသည်ဖြစ်စေ မပြည့်စုံသည်ဖြစ်စေ ချစ်သော မွေးရပ်မြေလေးမှာပဲ ခေါင်းချ ချင်ပါတယ်။ ဒါကျနော်ရဲ့ ဆန္ဒလေးပါပဲ။

ကိုရီနို ရဲ့တက်ဂ်ပိုစ့်လေးပါ။ ဒီပိုစ့်လေးကို ရေးရတာ အရမ်းခံစားရပါတယ်။ မွေးရပ်မြေနဲ့ ဝေးကွာနေတဲ့လူတိုင်း ခံစားကြရမယ်လို့ ကျနော် ယူဆမိပါတယ်။ လူသားတိုင်းဟာ ကိုယ့်မွေးတဲ့ မြေကိုချစ်သလို သေရင်တောင် ကိုယ့်မွေးမြေလေးမှာ သေချင်တာ အများစုပါ။ ကျနော် ထပ် မတက်ဂ်တော့ပါဘူး ကိုရီနို တက်ဂ်တာ ဆိုင်မဆိုင်တော့ မသိဘူးဗျာ ရေးတော့ ရေးလိုက်ပါတယ်။

လေးစားလျက် တောင်ပေါ်သား

ကျေးဇူး တောင်ကြီးချယ်ရီမြေ

ကျနော်တို့ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲလေး စတင်နေပြီဗျာ... ပြန်ချင်စိတ်ကလဲ အရမ်းများနေတယ်... ဒါပေမဲ့ တောင်ကြီး ချယ်ရီမြေရဲ့ ကောင်းမှုကြောင့် ကျနော်ရဲ့ စိတ်လေးတွေ အတော်အတင့်ကို အပန်းပြေပါတယ်... တောင်ကြီးချယ်ရီမြေ ရဲ့ ကြိုးစားမူကြောင့် ကျနော်တို့ တောင်ကြီး တန်ဆောင်တိုင်ကို Live အနေနဲ့ ကြည့်ရှုခံစားရပါတယ် အဲဒီအတွက် ကျေးဇူးပါ... ကျနော်တို့တွေရဲ့ အနီးကပ်အော်ဟစ်သံလေးတွေကို သူငယ်ချင်းတွေ မကြားရပေမဲ့ စီပုံးလေး ထားပေးတဲ့ အတွက် တော်တော်ကို ပျော်စရာကောင်းပါတယ် ကျနော်တို့ရင်ထဲက ခံစားချက်တွေကိုလဲ သူငယ်ချင်းတွေ ကြားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ အင်တာနက်ကော်နေရှင်းပေါ်မှာ စိတ်ဓါတ်မကျပဲ ဇွဲလုံလနဲ့ ကြိုးစားတင်ပေးတဲ့ အတွက် တောင်ကြီးသား၊သူ ကိုယ်စား အတော်ကို ၀မ်းသာပီတိဖြစ်ရပါတယ်။

အင်တာနက်ကော်နေရှင်က သိပ်မကောင်းတော့ ရုပ်တွေက ထစ်လိုက် စီပုံးက ပရိသတ်တွေက အော်ဟစ်ပြီး အားမလို အားမရ အော်ဟစ်လိုက်နဲ့ အတော်ကို ပျော်စရာကောင်းပါတယ်။ ကျနော် တကယ်ကို တောင်ကြီးက လူတွေအတွက် ၀မ်းသာပါတယ် ဘာလိုပဲပြောပြော ကျနော်တို့ တောင်ပေါ်သားတွေ လူတိုင်းနဲ့ ယှဉ်ပေါင်တန်းပြီး လိုက်လုပ်နိုင်ပါတယ်။ သူများတွေရဲ့ နောက်မှာ မကျန်ရစ်ဖူးဆိုတာ ကျနော်မြင်ခဲ့ရတဲ့ စီပုံးက သက်သေခံနေပါတယ်။ နိုင်ငံပေါင်းစုံကလူတွေ သူတို့ရဲ့ မွေးရပ်မြေမှာ နှစ်စဉ်ကျင်းပနေတဲ့ ဒီတန်ဆောင်တိုင်ပွဲလေးကို လာရောက် ဆင်နွှဲကြနေတာ တော်တော်ကို ၀မ်းသာစရာကောင်းပါတယ်...

မီးပုံပျံတစ်ခု လွှင့်တင်လိုက်ရင် လူတိုင်းပျော်နေတဲ့ အသံတွေဟာ ကျနော်တို့ Online ပေါ်က လူတွေဆီကိုပါ ကူးစက်ပျော်ဝင်စေပါတယ်။ နောက်တစ်ခုပျော်ရွှင်စရာတစ်ခုက စီပုံးမှာ ရှိတဲ့ လူတိုင်းဟာ ယဉ်ကျေးစွာ စကြနောက်ကြနဲ့ တကယ်ကို အပြင်မှာမတွေ့ဘူးပေမဲ့လို့ တကယ် ညီအစ်ကိုမောင်နှမတွေလိုပါပဲ တကယ်ကို တောင်ကြီးသား၊သူတွေ ပီသကြပါတယ်ဗျာ... ကြော်ငြာလေးတွေလာရင် ပြိုင်တူ ရှမ်းသီချင်းတွေကို တောင်းဆိုရတာလဲ အမော။ ဟီး ကျနော်တော့ ကံကောင်းတယ်ဗျာ အိမ်မှာ အင်တာနက်က မရသေးဘူး။ ဘေးက အင်တာနက်ကို ခိုးသုံးလို့ရတော့ ကျနော်ရဲ့ ပထမဆုံး တောင်ကြီးသားတွေနဲ့ အပြန်အလှန်စကားပြောရတာ အရမ်း အားရမိတယ် ကိုယ်ဟာကို တောင်ကြီးသားဖြစ်ရတာ ဂုဏ်ယူတယ်ဗျာ... ဘယ်သူတွေ ဘာပြောပြော ကျနော်တို့ အရိုးထိအောင် စွဲနေတဲ့ တန်ဆောင်တိုင်ပိုးကတော့ ဘယ်ဒေသတွေ ရောက်ရောက် မပျောက်ပျက်နိုင်ပါဘူး

နောက်တစ်ခုပျော်စရာလေး တစ်ခုက ကြော်ငြာလေးတွေပါ.. ကျနော်လည်း လူတွေ ဘာတွေ သိပ်မမှတ်မိတော့ဘူး အားလုံးက Nick Name တွေနဲ့ ၀င်ပြောကြတာကိုး။ မနိုင်းနိုင်း၊ကိုဗီလိန်၊ကိုစနေ၊ကိုNativeLand တို့နဲ့လည်း ပျော်ရွှင်စွာ တွေ့ရပါတယ်. Black ဆိုတဲ့ အကိုကတော့ ငုံးဥပြုတ်တွေ ရောင်းနေလေရဲ့။ ကျနော်တောင် စီပုံးကနေ တစ်ထုပ်အားပေးလိုက်သေးတယ် ဈေးတော့ကြီးသား တထုပ် ၁၀၀၀ တဲ့ဗျာ။ ငါးထမင်းချဉ်သည်နဲ့ ရှမ်းခေါက်စွဲရောင်းတယ်သူတောင် ရှိသေး။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော် ဒီည အရမ်းပျော်နေတယ်ဗျာ.. မနက်ဖြန် မနက် အစောအလုပ်သွားရမှာ ဒါပေမဲ့ ကျနော် ဒီညမအိပ်နိုင်ဘူးဗျာ တွေးလေတွေးလေ ပျော်နေတယ်။ ကဲ နောက်နေ့မှ ကြုံတာတွေ ဆက်တင်ပေးမယ်ဗျာ.... တောင်ကြီးချယ်ရီမြေ ရေ ကျေးဇူးအထူးတင်ပါတယ်လို့ ထပ်ပြောပါရစေ .... ကဲ ကျနော်ဘလော့ဂါ ညီအကိုမောင်နှမများ အားလုံးလဲ အဆင်ပြေရင် လာလည်စေချင်ပါတယ်.. တောင်ကြီးသားတွေ စုစည်းပြီး ပျော်ကြတဲ့ပွဲလေးကို တဆင့် ဖိတ်ခေါ်ပါတယ်နော့်တောင်ကြီးချယ်ရီမြေ မှာ ညနေ ၆း၀၀ (မြန်မာ စံတော်ချိန်) လောက်က စပြီး ပြသနေပါတယ်။

တောင်ကြီးပွဲ အမှတ်တရ ဓါတ်ပုံများ

ကျနော် တောင်ကြီးနှစ် ၁၁၄ နှစ်မြောက် အထိမ်းအမှတ် ဓါတ်ပုံတွေ တင်မယ်လုပ်တော့ ပုံတွေက မကောင်းဘူးဗျာ.. စိတ်ညစ်သွားတယ်.. ကျနော်လဲ ပွဲမှာ ဖုန်းကင်မရာလေးနဲ့ ရိုက်ထားရတော့ ပုံတွေက ၀ါးတားတားတွေနဲ့ဗျာ.. နောက်မှ တောင်ကြီး family ကပုံတွေ ထွက်လာတော့မှ ကောင်းကောင်းလေးတွေ တင်ပေးပါမယ်နော့် အခုတော့ အားလုံး သီးခံပေးကြပါလို့ တောင်းပန်ပါတယ်.. :)

ဒီလင့်လေးကို သွားကြည့်ပေးကြပါနော့်

ဒါကတော့ ပွဲမသွားခင် ၀ါးတီးဆွဲလိုက်တာ

ဒါလေးကတော့ ရှိုးပွဲ အ၀င်မှာ ရောင်းတဲ့ အမှတ်တရ လက်ဆောင်လေးတွေပေါ့ အကျီင်္င်္တထည်ကို ၁၅ ဒေါ်လာတဲ့ ဈေးများတာ များလဲ ၀ယ်ရတာပါပဲ

ဒါလေးကတော့ ကျနော်တို့ တောင်ကြီးသူ/သားတွေ ကနေတဲ့ movie လေးပါ.. ကျနော်လဲ ဖုန်းကင်မရာနဲ့ ရိုက်လိုက်ရတော့ မကောင်းဘူးဗျာ.. စာဖတ်ပရိသတ်တွေကို တောင်းပန်ပါတယ် နောက်မှပဲ တောင်ကြီး Family ကပုံတွေရမှ ကောင်းကောင်းလေး တင်ပေးတော့မယ်နော့်

တောင်ကြီးပွဲလေး အမှတ်တရ

ဒီနေ့ တနင်္ဂနွေ နေ့ ညနေ ၆း၃၀ မှာကျနော်တို့ စင်ကာပူရောက် တောင်ကြီးသူ/သားများ ဦးစီးကျင်းပတဲ့ တောင်ကြီးမြို့ ဖြစ်တည်မူ နှစ် ၁၁၄ နှစ်မြောက် အထိမ်းအမှတ် စတိတ်ရှိုးပွဲလေး ကျင်းပဖြစ်ပါတယ်.. မကျင်းပမီ နေ့လယ် ၁ နာရီကတည်းက ကျနော်ကတော့ ပင်နဆူလာ ပလာဇာမှာ လက်မှတ်ရောင်းလို့ နေပါတယ်.. ညနေ ၅း၀၀ နာရီလောက်ကြတော့ အဖွဲ့တွေအားလုံး ရှိုးပွဲကျင်းပရာ နေရာကို ရောက်နေပါတယ်. ပင်နဆူလာပလာဇာမှာတော့ ကျနော်နဲ့ ကိုစည်သူ နှစ်ယောက်ထဲ ကျန်ခဲ့ပြီး လက်မှတ်တွေ ဆက်ရောင်းကြပါတယ်.. ကျနော်တို့ ရောင်းပုံရောင်းတာကတော့ မပြောပါနဲ့တော့ဗျာ.. တစောင်မှ မရောင်းရပါဘူး ဟဲဟဲ…

ည ၆နာရီလောက်ကြတော့ ကျနော်ရဲ့ သူငယ်ချင်းတွေပါ ရောက်လာပါတယ်.. ကျနော်တို့ သူငယ်ချင်း ၆ ယောက် Under Ground မှာ ဖွင့်ထားတဲ့ မြနန္ဒာမှာ ထမင်းစားကြပါတယ်… ပြီးတာနဲ့ ကျနော်တို့ ပွဲကျင်းပရာ Raffle Place ကို MRT နဲ့ ထွက်လာခဲ့ပါတယ်.. ပွဲရှိတဲ့နေရာကို ရောက်တော့ ၆း၄၅ လောက် ရှိနေပါပြီး။ ပွဲလေးဟာ မထင်မှတ်ထားလောက်အောင် အောင်မြင်ခဲ့ပါတယ် သီချင်းတွေနဲ့ ပျော်ပျော်ပါးပါး တောင်ကြီးသူ/သား တွေ ကကြပါတယ်.. ဒီပွဲလေး ကို မေတ္တာနဲ့ လာသီဆိုပေးတဲ့ အဆိုတော်များကတော့ ကိုဘိုဖြူ ၊ ကိုဟန်ထွန်း ၊ ကိုမောင်မောင်ဇော်လတ် ၊ ကိုအစိုင်း (BlackHole) တို့ပဲဖြစ်ပါတယ်..

ပထမဆုံး သီဆိုဖျော်ဖြေပေးတာကတော့ ကိုဟန်ထွန်းဖြစ်ပါတယ်.. ကျနော်လည်း သီချင်းတွေများတော့ သိပ်မမှတ်မိလိုက်ဘူး။ သူရဲ့ "လွယ်လွယ်မမေ့ပစ်နိုင်သေးဘူး ငါနဲ့ မင်းကထပ်တူ ရင်ခုန်မဲ့သူ” ဆိုတဲ့ သီချင်းလေးကတော့ ကျနော်တို့ တောင်ကြီးသူ/သား တွေတာမက ရောက်လာတဲ့ ပရိသတ်အားလုံးကို စွဲဆောင်သွားပါတယ်.. ပထမဆုံး သူရဲ့ သီချင်း ၄ ပုဒ်သီဆိုပေးပြီး နောက်တစ်ယောက် တက်လာပါတယ်. သူကတော့ အစိုင်း(BlackHole) ပဲဖြစ်ပါတယ်.. သူရဲ့ သီချင်းအေးတွေကော မြူးကြွတဲ့ သီချင်းတွေကြားမှာ ပရိသတ်တွေ မျောပါခံစားကြရပါတယ်.. “ပါးပြင်မှာ သနပ်ခါးလေးတွေနဲ့ ချစ်စရာကောင်းလိုက်တာကွာ” ဆိုတဲ့ သီချင်းလေးကတော့ လာအားပေးတဲ့ ပရိသတ်ကြီးတွေ အရမ်းကြိုက်နှစ်သက်တဲ့ သီချင်းလေးပါ… အစိုင်းလဲ သူ့ရဲ့ အကောင်းဆုံး သီချင်း (၄)ပုဒ်ကို ပျော်ရွှင်စွာ ဖျော်ဖြေသွားပါတယ်...

အစိုင်းသီဆိုပြီး နောက်တစ်ယောက်ကတော့ Rocker သမားကြီး မောင်မောင်ဇော်လတ်ပါ.. မောင်မောင်ဇော်လတ်ရဲ့ အဖွင့်စကားလေး “ကျနော်က တောင်ကြီး အထက (၄)ထွက်ပါ၊ အင်းစာကူး(အင်းသာ)ပါ” ဆိုတဲ့ စကားလေးကတော့ ပရိသတ်ကြီးရဲ့ လက်ခုပ်သံလေးကို ဆွဲယူသွားပါတယ်.. သူရဲ့ Rock သီချင်းတွေကို ဖျော်ဖြေပါတယ်.. “ငပျင်း၊ စားဖို့ပျင်း သောက်ဖို့ပျင်း ရည်းစားထားရမှာတောင်ပျင်း ပျင်းရမှာတောင်ပျင်း” တဲ့ တော်တော်ကို အပျင်းများတဲ့ ကိုဇော်လတ်ပါပဲ.. သူလဲ သူရဲ့ ပထမပိုင်းအနေနဲ့ ပရိသတ်ကို သီချင်း (၄) ပုဒ် ဆိုပြီး ပျော်ရွှင်စေပါတယ်.. နောက်တစ်ယောက်ကတော့ ကျနော်ရဲ့ အကြိုက်ပေါ့ ကိုဘိုဖြူပါ.. သူကလည်း “ကျနော် တောင်ကြီးသား စစ်စစ်ပါ မြို့မမှာနေပါတယ်” ဆိုတဲ့စကားလေးနဲ့ စင်ကာပူရောက် တောင်ကြီးသူ/သား တွေရဲ့ အချစ်တွေကို သိမ်းပိုက်သွားပါတယ်.. သူကတော့ သူရဲ့ဆရာ ဘိုထီး(စိုင်းထီးဆိုင်)ရဲ့ သီချင်းလေးတွေ တောင်ပေါ်သီချင်းလေးတွေနဲ့ သီဆိုဖျော်ဖြေသွားပါတယ်.. ဟဲဟဲ “မြေပြန့်သူလေး တို့ရဲ့အရပ်မှာပျော်ပါစေ တသက်လုံးပဲငေးကာနေချင်လှတယ် မပြန်နဲ့လား” တဲ့ ကဲကျတော်တို့ တောင်ပေါ်သားကတော့ လုပ်ချလိုက်ပြီး မြေပြန့်သူလေးရဲ့ အသဲကိုပါ ယူသွားတယ်ဗျာ.. ဒီလိုနဲ့ ဘိုဖြူရဲ့ သီချင်း ၄ ပုဒ် ပြီးဆုံးသွားတော့ ပွဲကို ပထမပိုင်း ခဏ ရပ်နားပါတယ်..

ဒုတိယပိုင်း ပွဲထွက်လာတာကတော့ အစိုင်း နဲ့ ဟန်ထွန်း နှစ်ယောက် သီဆိုတာပါ.. ဟန်ထွန်းရဲ့ “ကျနော်ဒီကို ရောက်တာ ၃ ရက်ရှိပါပြ
ီး ဒီရက်လေးအတွင်းမှာ ကျနော်အိမ်ကို လွမ်းပါတယ်.. ဒီတော့ ကျနော်စင်ကာပူရောက် တောင်ကြီးသူ/သား တွေဘယ်လောက် အိမ်ကိုလွမ်းမယ်ဆိုတာ ကိုယ်ချင်းစာပါတယ်”
ဆိုတဲ့စကားလေးကို ကြားတော့ ကျနော်တောင်ပေါ်သားလဲ မျက်ရည်ဝဲခဲ့ရပါတယ်.. ပြီးတော့ သူတို့တွေ “နွေးထွေးတဲ့ အမေ့အိမ်လေးပဲ အိမ်ပြန်ချင်တယ်” ဆိုတဲ့ သီချင်းလေးကို ပရိသတ်နဲ့ အတူတူတွဲဆိုခဲ့ကြပါတယ်.. ကျနော်ထင်တယ် ကျနော့်လိုပဲ တောင်ကြီးသူ/သားတွေ အာလုံး ဒီသီချင်းလေးမှာ စီးမျောရင်း မျက်ရည်တွေ ၀ဲနေကြမယ်လို့..... ဒီသီချင်းလေးပြီးတော့ ကိုဟန်ထွန်းရဲ့ သီချင်း ၄ ပုဒ်နဲ့ထပ် သီဆိုပါတယ်… ကျနော်တော့ သီချင်းတွေ ရတော့ဘူးဗျ..

ကိုမောင်မောင်ဇော်လတ်ကလည်း သီချင်း ၄ပုဒ်နဲ့ ထပ်ဖျော်ဖြေပါတယ်.. သူရဲ့ အကောင်းဆုံးသီချင်းတွေ ဖြစ်တဲ့ “ငပျင်း၊” ပြီးတော့ ရိုးရာတေးလေးဖြစ်တဲ့ သီချင်းလေးဖြစ်တဲ့ “တောင်ချွန်းပေါ်မှာ ဘုရားတစ်ဆူ ဟေး ၊ ဆူသည် ရေနွေးအိုး ဟေး ၊ အိုးသည် အိုးလုပ်ငန်း ဟေး ငန်းသည် ငန်းမြွေ ” စတဲ့ သီချင်းတွေ နဲ့ဖျော်ဖြေသွားပါတယ်.. သူရဲ့ သီချင်းသံစဉ်လေး ပြီးတိုင်းမှာ ပရိတ်သတ်ရဲ့ ဟေး ဟေး ဆိုတဲ့အော်သံတွေကတော့ ရင်မှာ ပြောမပြတတ်အောင် ၀မ်းသာပီတိဖြစ်ရပါတယ်.. သူလဲ သူရဲ့အကောင်းဆုံး သီချင်း ၄ ပုဒ်ကို ပရိသတ်ကြီးနဲ့ အတိုင်းအဖြောက်ညီစွာ ဖျော်ဖြေသွားပါတယ်..

သူပြီးတော့ အစိုင်းက သီချင်း ၄ပုဒ်ကို ဖျော်ဖြေပြန်ပါတယ်.. သူရဲ့ “ဒီတသက်စာ ချစ်လေးမေတ္တာ ကမ္ဘာကျော်တောင် မမီနိုင်ဘူးကွာ” ဆိုတဲ့ သီချင်းလေးကတော့ ကျနော်တို့ အားလုံးကို ကစေတော့တာပဲ စင်ရှေ့မှာ ကျနော်တို့တွေ ကွေးနေအောင်ကကြတာပါပဲ… ပြီးတာနဲ့ ကိုဘိုဖြူကဆက်လက် ဖျော်ဖြေပါတယ်.. ဘိုဖြူက နောက်ဆုံးဖျော်ဖြေတာ ဖြစ်တဲ့အတွက် သီချင်းတွေ ၈ ပုဒ်လောက်ကို သီဆိုသွားပါတယ်.. သူရဲ့ တကိုယ်တော် စီးရီးထဲက “ပြည်စုံပါစေ”“မြေနီလမ်း” လေးကတော့ တော်တော်ကို ကောင်းပါတယ်..ပြီးတော့ သူရဲ့ အဖေမေတ္တာဂုဏ်ပြုတေးလေးကိုလဲ သီဆိုသွားပါတယ်.. အဆိုတော် ကိုလွမ်းမိုးရဲ့ အဖေ သီချင်းလေးပါ “တံငါရွာမှာ ၀မ်းစာ ရှာနေတဲ့ အဖေရဲ့ဒုက္ခ ကို ဖော်ပြထားတဲ့ သီချင်းလေးပါ” ကျနော်တို့ တောင်ကြီးရိုးရာသီချင်းလေးကတော့ ဒီပွဲလေးမှာ အကောင်းဆုံးပါပဲ ဘာတဲ့ “ပေစိမ်းသီး ပိုးထိုး တောင်ကြီးသူမ ရအောင်ပိုးဟေ့ ရအောင်ပိုး ပေစိမ်းသီး အညှာခြွေချ တောင်ကြီးသူမှ ငါနဲ့ရဟေ့ ငါနဲ့ရ ပေစိမ်းသီး နေဆာလောင် မိန်းမ လက်ဆောင်ပေးရအောင်ဟေ့ ပေးရအောင်” ဆိုတဲ့သီးချင်းလေးကို ပရိတ်သတ်နဲ့ အတူတူဖျော်ဖြေတော့ပါပဲ ကျနော်လည်း အောင့်ထားရတဲ့ ပိုးတွေထကြွပြီး ကွေးနေအောင် ကတော့တာပါပဲဗျာ.. ဒီသီချင်းလေးကို မဆိုခင် ကိုဘိုဖြူက ပြောသေးတယ် ဘာတဲ့ “ကျနော် ဒီလိုတမြို့ထဲသားတွေနဲ့ စုံရတာ အရမ်းဝမ်းသာပါတယ်.. ဖြစ်နိုင်ရင်ကိုယ်မြို့သူ/သားတွေပဲ ယူစေချင်တယ်ဗျ။ ကျနော်တောင် တောင်ကြီးသူမယူထားတာတဲ့” ဟဲဟဲ ကျနော်တို့ဝိုင်းရယ်တာပေါ့ ပရိသတ်တစ်ယောက်အော်တာတော့ ကြားမိသား ဘိုဖြူတို့ ကလေးယူတော့တဲ့ ကဲကိုဘိုဖြူရေ လိုနေပြီးထင်တယ်နော့် ဟား ဟား

ကျနော်ကို ဒီပွဲလေးမှာ မျက်ရည်ကျအောင်လုပ်သွားတယ် သူကတော့ ကိုဘိုဖြူပါပဲ သူရဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲသီချင်းလေးဖြစ်တဲ့ “ကုန်းက ကုန်းက သီချင်းသံကြားမှာ ကနေမယ် နှစ်ကိုယ်သူ ယှဉ်ကာ ကနေ ကုန်းကလွမ်းမုန်းကဟန် တောင်ပေါ်ရှမ်းရဲ့ ဓလေ့ရိုးရာ တောင်ပေါ်ရှမ်းရဲ့ ဓလေ့ရိုးရာ” ဆိုတဲ့ သီချင်းလေးကို ကြားတော့ ဘယ်လိုမှ မျက်ရည်မဆယ်နိုင်ဘူးဗျာ.. ဒီလို တောင်ကြီးသူ/သားတွေနဲ့ ဒီလိုပွဲလေးကို ဆုံဖြစ်မယ်တောင်မထင်ဘူး ကျနော်တို့လဲ ဒီသီချင်းလေး အောက်မှာ အားလုံး ကွေးကောက်နေအောင် ကကြပါတယ်…. ကိုဘိုဖြူလည်း ဒီသီချင်းလေးကို ၃ ခါထက်မ

တောင်ကြီးပွဲလေး အမှတ်တရ

ဒီနေ့ တနင်္ဂနွေ နေ့ ညနေ ၆း၃၀ မှာကျနော်တို့ စင်ကာပူရောက် တောင်ကြီးသူ/သားများ ဦးစီးကျင်းပတဲ့ တောင်ကြီးမြို့ ဖြစ်တည်မူ နှစ် ၁၁၄ နှစ်မြောက် အထိမ်းအမှတ် စတိတ်ရှိုးပွဲလေး ကျင်းပဖြစ်ပါတယ်.. မကျင်းပမီ နေ့လယ် ၁ နာရီကတည်းက ကျနော်ကတော့ ပင်နဆူလာ ပလာဇာမှာ လက်မှတ်ရောင်းလို့ နေပါတယ်.. ညနေ ၅း၀၀ နာရီလောက်ကြတော့ အဖွဲ့တွေအားလုံး ရှိုးပွဲကျင်းပရာ နေရာကို ရောက်နေပါတယ်. ပင်နဆူလာပလာဇာမှာတော့ ကျနော်နဲ့ ကိုစည်သူ နှစ်ယောက်ထဲ ကျန်ခဲ့ပြီး လက်မှတ်တွေ ဆက်ရောင်းကြပါတယ်.. ကျနော်တို့ ရောင်းပုံရောင်းတာကတော့ မပြောပါနဲ့တော့ဗျာ.. တစောင်မှ မရောင်းရပါဘူး ဟဲဟဲ…

ည ၆နာရီလောက်ကြတော့ ကျနော်ရဲ့ သူငယ်ချင်းတွေပါ ရောက်လာပါတယ်.. ကျနော်တို့ သူငယ်ချင်း ၆ ယောက် Under Ground မှာ ဖွင့်ထားတဲ့ မြနန္ဒာမှာ ထမင်းစားကြပါတယ်… ပြီးတာနဲ့ ကျနော်တို့ ပွဲကျင်းပရာ Raffle Place ကို MRT နဲ့ ထွက်လာခဲ့ပါတယ်.. ပွဲရှိတဲ့နေရာကို ရောက်တော့ ၆း၄၅ လောက် ရှိနေပါပြီး။ ပွဲလေးဟာ မထင်မှတ်ထားလောက်အောင် အောင်မြင်ခဲ့ပါတယ် သီချင်းတွေနဲ့ ပျော်ပျော်ပါးပါး တောင်ကြီးသူ/သား တွေ ကကြပါတယ်.. ဒီပွဲလေး ကို မေတ္တာနဲ့ လာသီဆိုပေးတဲ့ အဆိုတော်များကတော့ ကိုဘိုဖြူ ၊ ကိုဟန်ထွန်း ၊ ကိုမောင်မောင်ဇော်လတ် ၊ ကိုအစိုင်း (BlackHole) တို့ပဲဖြစ်ပါတယ်..

ပထမဆုံး သီဆိုဖျော်ဖြေပေးတာကတော့ ကိုဟန်ထွန်းဖြစ်ပါတယ်.. ကျနော်လည်း သီချင်းတွေများတော့ သိပ်မမှတ်မိလိုက်ဘူး။ သူရဲ့ "လွယ်လွယ်မမေ့ပစ်နိုင်သေးဘူး ငါနဲ့ မင်းကထပ်တူ ရင်ခုန်မဲ့သူ” ဆိုတဲ့ သီချင်းလေးကတော့ ကျနော်တို့ တောင်ကြီးသူ/သား တွေတာမက ရောက်လာတဲ့ ပရိသတ်အားလုံးကို စွဲဆောင်သွားပါတယ်.. ပထမဆုံး သူရဲ့ သီချင်း ၄ ပုဒ်သီဆိုပေးပြီး နောက်တစ်ယောက် တက်လာပါတယ်. သူကတော့ အစိုင်း(BlackHole) ပဲဖြစ်ပါတယ်.. သူရဲ့ သီချင်းအေးတွေကော မြူးကြွတဲ့ သီချင်းတွေကြားမှာ ပရိသတ်တွေ မျောပါခံစားကြရပါတယ်.. “ပါးပြင်မှာ သနပ်ခါးလေးတွေနဲ့ ချစ်စရာကောင်းလိုက်တာကွာ” ဆိုတဲ့ သီချင်းလေးကတော့ လာအားပေးတဲ့ ပရိသတ်ကြီးတွေ အရမ်းကြိုက်နှစ်သက်တဲ့ သီချင်းလေးပါ… အစိုင်းလဲ သူ့ရဲ့ အကောင်းဆုံး သီချင်း (၄)ပုဒ်ကို ပျော်ရွှင်စွာ ဖျော်ဖြေသွားပါတယ်...

အစိုင်းသီဆိုပြီး နောက်တစ်ယောက်ကတော့ Rocker သမားကြီး မောင်မောင်ဇော်လတ်ပါ.. မောင်မောင်ဇော်လတ်ရဲ့ အဖွင့်စကားလေး “ကျနော်က တောင်ကြီး အထက (၄)ထွက်ပါ၊ အင်းစာကူး(အင်းသာ)ပါ” ဆိုတဲ့ စကားလေးကတော့ ပရိသတ်ကြီးရဲ့ လက်ခုပ်သံလေးကို ဆွဲယူသွားပါတယ်.. သူရဲ့ Rock သီချင်းတွေကို ဖျော်ဖြေပါတယ်.. “ငပျင်း၊ စားဖို့ပျင်း သောက်ဖို့ပျင်း ရည်းစားထားရမှာတောင်ပျင်း ပျင်းရမှာတောင်ပျင်း” တဲ့ တော်တော်ကို အပျင်းများတဲ့ ကိုဇော်လတ်ပါပဲ.. သူလဲ သူရဲ့ ပထမပိုင်းအနေနဲ့ ပရိသတ်ကို သီချင်း (၄) ပုဒ် ဆိုပြီး ပျော်ရွှင်စေပါတယ်.. နောက်တစ်ယောက်ကတော့ ကျနော်ရဲ့ အကြိုက်ပေါ့ ကိုဘိုဖြူပါ.. သူကလည်း “ကျနော် တောင်ကြီးသား စစ်စစ်ပါ မြို့မမှာနေပါတယ်” ဆိုတဲ့စကားလေးနဲ့ စင်ကာပူရောက် တောင်ကြီးသူ/သား တွေရဲ့ အချစ်တွေကို သိမ်းပိုက်သွားပါတယ်.. သူကတော့ သူရဲ့ဆရာ ဘိုထီး(စိုင်းထီးဆိုင်)ရဲ့ သီချင်းလေးတွေ တောင်ပေါ်သီချင်းလေးတွေနဲ့ သီဆိုဖျော်ဖြေသွားပါတယ်.. ဟဲဟဲ “မြေပြန့်သူလေး တို့ရဲ့အရပ်မှာပျော်ပါစေ တသက်လုံးပဲငေးကာနေချင်လှတယ် မပြန်နဲ့လား” တဲ့ ကဲကျတော်တို့ တောင်ပေါ်သားကတော့ လုပ်ချလိုက်ပြီး မြေပြန့်သူလေးရဲ့ အသဲကိုပါ ယူသွားတယ်ဗျာ.. ဒီလိုနဲ့ ဘိုဖြူရဲ့ သီချင်း ၄ ပုဒ် ပြီးဆုံးသွားတော့ ပွဲကို ပထမပိုင်း ခဏ ရပ်နားပါတယ်..

ဒုတိယပိုင်း ပွဲထွက်လာတာကတော့ အစိုင်း နဲ့ ဟန်ထွန်း နှစ်ယောက် သီဆိုတာပါ.. ဟန်ထွန်းရဲ့ “ကျနော်ဒီကို ရောက်တာ ၃ ရက်ရှိပါပြီး ဒီရက်လေးအတွင်းမှာ ကျနော်အိမ်ကို လွမ်းပါတယ်.. ဒီတော့ ကျနော်စင်ကာပူရောက် တောင်ကြီးသူ/သား တွေဘယ်လောက် အိမ်ကိုလွမ်းမယ်ဆိုတာ ကိုယ်ချင်းစာပါတယ်” ဆိုတဲ့စကားလေးကို ကြားတော့ ကျနော်တောင်ပေါ်သားလဲ မျက်ရည်ဝဲခဲ့ရပါတယ်.. ပြီးတော့ သူတို့တွေ “နွေးထွေးတဲ့ အမေ့အိမ်လေးပဲ အိမ်ပြန်ချင်တယ်” ဆိုတဲ့ သီချင်းလေးကို ပရိသတ်နဲ့ အတူတူတွဲဆိုခဲ့ကြပါတယ်.. ကျနော်ထင်တယ် ကျနော့်လိုပဲ တောင်ကြီးသူ/သားတွေ အာလုံး ဒီသီချင်းလေးမှာ စီးမျောရင်း မျက်ရည်တွေ ၀ဲနေကြမယ်လို့..... ဒီသီချင်းလေးပြီးတော့ ကိုဟန်ထွန်းရဲ့ သီချင်း ၄ ပုဒ်နဲ့ထပ် သီဆိုပါတယ်… ကျနော်တော့ သီချင်းတွေ ရတော့ဘူးဗျ..

ကိုမောင်မောင်ဇော်လတ်ကလည်း သီချင်း ၄ပုဒ်နဲ့ ထပ်ဖျော်ဖြေပါတယ်.. သူရဲ့ အကောင်းဆုံးသီချင်းတွေ ဖြစ်တဲ့ “ငပျင်း၊” ပြီးတော့ ရိုးရာတေးလေးဖြစ်တဲ့ သီချင်းလေးဖြစ်တဲ့ “တောင်ချွန်းပေါ်မှာ ဘုရားတစ်ဆူ ဟေး ၊ ဆူသည် ရေနွေးအိုး ဟေး ၊ အိုးသည် အိုးလုပ်ငန်း ဟေး ငန်းသည် ငန်းမြွေ ” စတဲ့ သီချင်းတွေ နဲ့ဖျော်ဖြေသွားပါတယ်.. သူရဲ့ သီချင်းသံစဉ်လေး ပြီးတိုင်းမှာ ပရိတ်သတ်ရဲ့ ဟေး ဟေး ဆိုတဲ့အော်သံတွေကတော့ ရင်မှာ ပြောမပြတတ်အောင် ၀မ်းသာပီတိဖြစ်ရပါတယ်.. သူလဲ သူရဲ့အကောင်းဆုံး သီချင်း ၄ ပုဒ်ကို ပရိသတ်ကြီးနဲ့ အတိုင်းအဖြောက်ညီစွာ ဖျော်ဖြေသွားပါတယ်..

သူပြီးတော့ အစိုင်းက သီချင်း ၄ပုဒ်ကို ဖျော်ဖြေပြန်ပါတယ်.. သူရဲ့ “ဒီတသက်စာ ချစ်လေးမေတ္တာ ကမ္ဘာကျော်တောင် မမီနိုင်ဘူးကွာ” ဆိုတဲ့ သီချင်းလေးကတော့ ကျနော်တို့ အားလုံးကို ကစေတော့တာပဲ စင်ရှေ့မှာ ကျနော်တို့တွေ ကွေးနေအောင်ကကြတာပါပဲ… ပြီးတာနဲ့ ကိုဘိုဖြူကဆက်လက် ဖျော်ဖြေပါတယ်.. ဘိုဖြူက နောက်ဆုံးဖျော်ဖြေတာ ဖြစ်တဲ့အတွက် သီချင်းတွေ ၈ ပုဒ်လောက်ကို သီဆိုသွားပါတယ်.. သူရဲ့ တကိုယ်တော် စီးရီးထဲက “ပြည်စုံပါစေ”“မြေနီလမ်း” လေးကတော့ တော်တော်ကို ကောင်းပါတယ်..ပြီးတော့ သူရဲ့ အဖေမေတ္တာဂုဏ်ပြုတေးလေးကိုလဲ သီဆိုသွားပါတယ်.. အဆိုတော် ကိုလွမ်းမိုးရဲ့ အဖေ သီချင်းလေးပါ “တံငါရွာမှာ ၀မ်းစာ ရှာနေတဲ့ အဖေရဲ့ဒုက္ခ ကို ဖော်ပြထားတဲ့ သီချင်းလေးပါ” ကျနော်တို့ တောင်ကြီးရိုးရာသီချင်းလေးကတော့ ဒီပွဲလေးမှာ အကောင်းဆုံးပါပဲ ဘာတဲ့ “ပေစိမ်းသီး ပိုးထိုး တောင်ကြီးသူမ ရအောင်ပိုးဟေ့ ရအောင်ပိုး ပေစိမ်းသီး အညှာခြွေချ တောင်ကြီးသူမှ ငါနဲ့ရဟေ့ ငါနဲ့ရ ပေစိမ်းသီး နေဆာလောင် မိန်းမ လက်ဆောင်ပေးရအောင်ဟေ့ ပေးရအောင်” ဆိုတဲ့သီးချင်းလေးကို ပရိတ်သတ်နဲ့ အတူတူဖျော်ဖြေတော့ပါပဲ ကျနော်လည်း အောင့်ထားရတဲ့ ပိုးတွေထကြွပြီး ကွေးနေအောင် ကတော့တာပါပဲဗျာ.. ဒီသီချင်းလေးကို မဆိုခင် ကိုဘိုဖြူက ပြောသေးတယ် ဘာတဲ့ “ကျနော် ဒီလိုတမြို့ထဲသားတွေနဲ့ စုံရတာ အရမ်းဝမ်းသာပါတယ်.. ဖြစ်နိုင်ရင်ကိုယ်မြို့သူ/သားတွေပဲ ယူစေချင်တယ်ဗျ။ ကျနော်တောင် တောင်ကြီးသူမယူထားတာတဲ့” ဟဲဟဲ ကျနော်တို့ဝိုင်းရယ်တာပေါ့ ပရိသတ်တစ်ယောက်အော်တာတော့ ကြားမိသား ဘိုဖြူတို့ ကလေးယူတော့တဲ့ ကဲကိုဘိုဖြူရေ လိုနေပြီးထင်တယ်နော့် ဟား ဟား

ကျနော်ကို ဒီပွဲလေးမှာ မျက်ရည်ကျအောင်လုပ်သွားတယ် သူကတော့ ကိုဘိုဖြူပါပဲ သူရဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲသီချင်းလေးဖြစ်တဲ့ “ကုန်းက ကုန်းက သီချင်းသံကြားမှာ ကနေမယ် နှစ်ကိုယ်သူ ယှဉ်ကာ ကနေ ကုန်းကလွမ်းမုန်းကဟန် တောင်ပေါ်ရှမ်းရဲ့ ဓလေ့ရိုးရာ တောင်ပေါ်ရှမ်းရဲ့ ဓလေ့ရိုးရာ” ဆိုတဲ့ သီချင်းလေးကို ကြားတော့ ဘယ်လိုမှ မျက်ရည်မဆယ်နိုင်ဘူးဗျာ.. ဒီလို တောင်ကြီးသူ/သားတွေနဲ့ ဒီလိုပွဲလေးကို ဆုံဖြစ်မယ်တောင်မထင်ဘူး ကျနော်တို့လဲ ဒီသီချင်းလေး အောက်မှာ အားလုံး ကွေးကောက်နေအောင် ကကြပါတယ်…. ကိုဘိုဖြူလည်း ဒီသီချင်းလေးကို ၃ ခါထက်မနဲ့ ကျော့နေရပါတယ်.. အရမ်းပျော်ရွှင်စရာကောင်းတဲ့ပွဲလေးပါဗျာ..

ဒီပွဲလေးဖြစ်မြောက်အောင် အစပျိုး စီစဉ်တဲ့ တောင်ကြီး Family (စင်ကာပူ) ကိုလည်းကျေးဇူး အရမ်းတင်မိပါတယ်.. ဒီ Organization ကြောင့် ကျနော်တို့တောင်ပေါ်သူ/သားတွေ ဒီလိုစုစုစည်းစည်းဆုံတွေ့ကြရတာလေ.. ပြီးတော့ ဒီအစီအစဉ်လေးကို အဖက်ဖက်က ပံ့ပိုးပေးတဲ့ ပင်နဆူလာမှ လွိုင်ဟိန်း ၊ အင်းလေးမိသားစု ၊ Heart နှင့် အဖက်ဖက်မှ ပံ့ပိုးကူညီကြတဲ့ တောင်ကြီးသူ/သားတွေကို အလေးအနက်ထား ကျေးဇူးတင်ပါတယ်ဗျာ.. ကျနော်ကတော့ ဘာဆိုဘာမှ မကူညီလိုက်နိုင်ပါဘူး ဒီတော့ ကျနော်ဒီပိုစ့်လေးပဲ တင်လိုက်ပါတယ်.. အဲမေ့တော့မလို့ ဒီပွဲလေးကို မေတ္တာနဲ့ လာဆိုပေးတဲ့ အဆိုတော်တွေကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ.. ကျနော်ရဲ့ ဦးနှောက်က မေ့တတ်လို့ အချို့အချို့ မှားယွင်းဖော်ပြမိတာပဲဖြစ်ဖြစ် ကျန်ခဲ့တာပဲဖြစ်ဖြစ် တစ်ခုခု ဖြစ်နေရင် ကျနော် အလေးအနက်နဲ့ တောင်းပန်ပါတယ်လို့ ကဲ စာလာဖတ်တဲ့ ကျနော်ရဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်.. အမေနဲ့ တောင်ကြီးကို လွမ်းတယ်ဗျာ.. အခုတော့ ဒီည ငိုလိုက်ဦးမယ် နောက်နေ့မှ ကျနော်ဓါတ်ပုံတွေ တင်ပေးပါ့မယ်..

တောင်ကြီးမြို့ (၁၁၄) နှစ်မြောက်အထိမ်းအမှတ်

ကျနော်တို့ တောင်ကြီးမြို့လေးဖြစ်တည်မူ (၁၁၄)နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ စင်ကာပူမှာရှိတဲ့ တောင်ကြီးသူ၊တောင်ကြီးသားများက ဦးစီးပြီး စတိတ်ရှိုးပွဲလေးတစ်ခုကို ကျင်းပဖြစ်ပါတယ်.အဲဒီရှိုးပွဲလေးကိုအဆိုများဖြစ်တဲ့ ကိုဘိုဖြူ၊ဟန်ထွန်း၊မောင်မောင်ဇော်လတ်၊အစိုင်း(BlackHole)တို့ပါဝင်အားဖြည့်ထားပါတယ်.. စိတ်ပါဝင်စားသူများရှိုးပွဲလက်မှတ်လေးများကို အောက်ဖော်ပြပါလိပ်စာဖြစ်စေ၊ ကျနော် စိုးမင်းထိုက် ကိုတိုက်ရိုက်ဖြစ်စေ ဆက်သွယ်ပြီး ၀ယ်ယူနိုင်ကြပါတယ်.. အားလုံးဝိုင်းပြီး ကူညီအားဖြည့်ကြမယ်လို့ ကျနော် မျှော်လင့်ပါတယ်..

လက်မှတ်အရောင်းငှါနာများ

လွိုင်ဟိန်း(Loi Hein)
#04-66 Peninsula Plaza

ကောင်းစံ(Kaung San)
#02-17 Peninsula Plaza
----------------------

ခွန်ကျော်မျိုးမင်း - 9799 3192
နန်းယုလေးနွယ် - 9181 4917
ချမ်းငြိမ်းထွန်း - 9062 7892

Photobucket
Photobucket

ကျနော်တို့ ရှိုးပွဲလက်မှတ်လေးများကို (၃)မျိုးခွဲခြားထားပါတယ်.. ဈေးနှုန်းလေးများကတော့ S$25,35 နှင့် S$50 ဆိုပြီးခွဲခြားထားပါတယ်.. ရှိုးပွဲလုပ်မဲ့နေ့ရက်လေးနဲ့ နေရာလေးကတော့ ဒီမှာပါ

Date - 5th October 2008
Time - 6:30pm - 10:00 pm
Venue - NTUC Business Center
1 Marine Boulevard
Leval 7 OMB Singapore.
(Near Raffles Place MRT Exit J)

ကျွန်တော်ရဲ့မြို့လေးအကြောင်း

Photobucket

တစ်ကယ်တော့ကျွန်တော်ကိုမွေးဖွားလာတဲ့နေရာလေးကတော်တော်ကိုနေချင်စရာလေးပါဗျာ.
ကျွန်တော် မွေးဖွားခဲ့ရာ ဇာတိမြေကတော့ ရှမ်းပြည်နယ်က တောင်ကြီးဆိုတဲ့မြို့လေးမှာပါ။ ကျွန်တော်က အဲဒီမြို့လေးကိုလည်း ချစ်တယ်၊ အဲဒီမြို့လေးမှာနေရတာပျော်တယ်..
ကျွန်တော်တို့အိမ်က ရိုးရိုး သာမန်ရပ်ကွက်ထဲမှာ ရှိပါတယ်။ကျွန်တော်တို့မြို့လေးမှာလူတိုင်းနီး
ပါးကရိုးသားပွင့်လင်းကြပါတယ်..တစ်ကယ်တမ်းလည်းပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုအိမ်လေး ပိုင်ဆိုင်ဖို့အတွက်အိမ်တစ်အိမ်မှာစည်းလုံးညီညွတ်မှုနဲ့တစ်ယောက်ကိုတစ်ယောက် ချစ်ခင်၊ သည်းခံဖို့က မရှိမဖြစ်ပဲလိုအပ်သလို ပတ်ဝန်းကျင်ကလည်းအရေးပါ တယ်လို့ကျွန်တော်ထင်ပါတယ်။ ပြောရရင်တော့ လူတစ်ယောက်နဲ့တစ်ယောက်ခင်မင်မူ၊ သံယောဇဉ်ရှိမူ။မေတ္တာတရားက အရေးကြီးဆုံးပေါ့၊အဲဒီလို လိုအင်တွေနဲ့ပြည့်စုံနေတဲ့ ကျွန်တော်တို့မြို့လေးးကိုအရမ်းချစ်မိပါတယ်။ တစ်ကယ်ဆို ကျွန်တော်တို့ မြို့လေးဟာအရမ်းအေးချမ်းတယ်။ ကျွန်တော်တို့ငယ်စဉ်ကဆိုရင် တစ်နှစ်ပတ်လုံး အေးချမ်းနေတာပဲ။ နွေရာသီဆိုရင်လည်းအရမ်းနေလို့ကောင်းလို့ အောက်ပြည်ကလူတွေအမြဲလာလည်ကြပါတယ်။ အရှေ့ဘက်ဆီကနေမင်းကြီးမထွက်လာခင်အုပ်ဆိုင်းနေတဲ့မြူနှင်းတွေကြားမှာ ဘ၀အတွက် ရုန်းကန်လှုပ်ရှားနေတဲ့တောင်ပေါ်သူ၊တောင်ပေါ်သားတွေရဲ့အလှကလည်း တစ်မျိုးချစ်စရာပါ… အားလုံးဟာလူမချမ်းသာပေမဲ့ စိတ်ကတော့ချမ်းသာကြပါတယ်။ အားလုံးရဲ့ မျက်နှာကိုကြည့်လိုက်ရင် ဟန်ဆောင်မူကင်းတဲ့အပြုံးလေးတွေကိုမြင်ရမှာပါ.. မြို့လေးရဲ့ဘေး ပတ်ပတ်လည်မှာလဲမြင့်မားတဲ့ တောင်တန်းတွေနဲ့ကာရံထားပါတယ်။အရှေ့ဘက်ဆီမှာကတော့ ကျွန်တော်တို့မြို့လေးရဲ့နာမည်ကြီးတွေထဲက တစ်ခုဖြစ်တဲ့တောင်ချွန်းဆိုတဲ့တောင်အမြင့်တစ်ခု ရှိပါတယ်။ကျွန်တော်တို့ကျောင်းသားဘ၀ သူငယ်ချင်းတွေနဲ့ပျော်ပွဲစားထွက်တိုင်းအဲဒီ တောင်ချွန်းကိုသွားကြပါတယ်။လူဆိုတာကိုယ်ရည်မှန်းတဲ့ ပန်းတိုင်မရောက် ရောက်အောင်သွားရတယ်ဆိုတာ တောင်ချွန်းဆိုတဲ့တောင်လေးက ကျွန်တော်တို့တောင်ပေါ်သာ်းတွေကို သင်ခန်းစာပေးတဲ့နေရာလေးတစ်ခုပါ။ မိုးရာသီမှာ တောင်ပေါ်တက်ရတာလောက်ပျော်ရွင်စရာမရှိပါဘူး… တောင်ထိပ်ကိုရောက်တော့ အေးမြလတ်ဆတ်တဲ့ လေအထိကြောင့်မောပန်းလာသမျှအားလုံးပျောက်သွားကြစမြဲပါ… ကျွန်တော်တို့မြို့လေးရဲ့အရှေ့ဘက်ဆီမှာ ပတ္တမြားဂူလို့ခေါ်တဲ့သဘာဝထုံးကျောက်တောင် တစ်ခုရှိပါသေးတယ်။ အဲဒီဂူကတော့ ထုံးကျောက်ရည်တွေ ကနေစိမ့်ပြီးစီးလာတဲ့ရေတွေဟာအောက်ခြေထိမရောက်ပဲ ကျောက်ခက်၊ကျောက်ပန်းလိုဖြစ်နေတာလေး တွေပေါ့ဗျာ… အထဲဝင်သွားရင်ကိုလူတိုင်းစိတ်လှုပ်ရှားရတဲ့နေရာတစ်ခုပေါ့ဗျာ…ဆောင်းဝင်လာပြီဆိုရင် တောင်တစ်ခုလုံးဟာလည်း ချယ်ရီပန်းတွေနဲ့လှပတဲ့ပန်းခင်းကြီးတစ်ခုကြနေတာပါပဲ… ကျွန်တော်တို့တောင်ပေါ်သူ၊တောင်ပေါ်သားတွေကတော့ ချယ်ရီပန်းကိုအရမ်းမြတ်နိုးကြတယ်.

ချယ်ရီတွေပွင့်လန်းလာပြီဆိုရင်ခူးပြီးတော့ကိုယ်ရဲ့ ဆရာ၊မိဘတွေကိုပေးကြတယ်.. ကိုယ်မြတ်နိုးတဲ့ကောင်မလေးလည်းပါတာပေါ့ဗျာ.. ဆောင်းအကုန် နွေဦးအစ ညနေစောင်းတွေမှာ လေတိုက်ရင်း သဘာဝအလျောက် သစ်ပင်တွေ ပွတ်တိုက်ရာက ဖြစ်ပေါ်လာတဲ့ တောမီးဟာလည်း တောင်တန်းကြီးတလျှောက် ပုံစံမျိုးစုံနဲ့ လှပနေတဲ့ တောမီးတန်းကြီးဟာ တမျိုးတဖုံ ကြည့်လို့ကောင်းပါတယ်။

ကျွန်တော်တို့တောင်ပေါ်မြီု့လေးရဲ့ပျော်ရွင်စရာအကောင်းဆုံး၊လူတိုင်းရဲ့ရင်ထဲမှာစိတ်အလှုပ်
ရှားဆုံးပွဲတော်တစ်ခုရှိသေးတယ်ဗျ.. အဲဒါကတော့တန်ဆောင်တိုင်ပွဲတော်ပါပဲ..ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ကျွန်တော်တို့မြို့လေးမှာကတန်ဆောင်တိုင်ပွဲတော်ကို သူများမြို့ များနဲ့မတူ ထူးထူးရှားရှားလုပ်လေ့ရှိပါတယ်။ ဒီစာကိုဖတ်တဲ့လူတိုင်းကြားဖူးမယ်လို့ထင်ပါတယ်. တောင်ကြီးတန်ဆောင်တိုင်မီးပုံပျံပွဲတော်ကြီးပါ။ ကျွန်တော်တို့မြို့လေးရဲ့ရိုးရာပွဲလေးပေါ့ဗျာ.. သီတင်းကျွတ်ရောက်ပြီဆိုတာနဲ့ကျွန်တော်တို့လူငယ်တွေအခြားဘာမှစိတ်ဝင်စားမူမရှိတော့ပါ ဘူး..တန်ဆောင်တိုင်မီးပုံပျံပွဲအတွက်တာစူနေကြပြီလေ… ကျောင်းတွေမှာလည်းကျောင်းသွား တဲ့သူမရှိ..အလုပ်တွေမှာလဲ အလုပ်သမားတွေမရှိနဲ့ အတော်ကိုပျော်စရာကောင်းတဲ့ ရိုးရာပွဲ တစ်ခုလေးတစ်ခုပါ…အားလုံးရဲ့ရင်ထဲမှာ သိသိမသိသိအားလုံးဟာညီအစ်ကိုမောင်နှမစိတ်နဲ့ ၀ိုင်းဝန်းပြီးပွဲတော်ဖြစ်မြောက်အောင်လုပ်ဆောင်ကြပါတယ်။ လူငယ်တွေဟာလည်းကိုယ်စီ အဖွဲ့ကိုယ်စီနဲ့ အလှမီးပုံပျံတွေလုပ်ဆောင်ကြပါတယ်။ လူကြီးပိုင်းတွေကတော့ ကျွန်တော်တို့ အခေါ်မီးကျည်လို့ခေါ်တဲ့ မီးရှုးမီးပန်းတွေနဲ့ မီးပုံးပျံကိုလုပ်ဆောင်ကြပါတယ်..နောက်တစ်ခုရှိ သေးတယ်ဗျ.. စိန်နားပန်လို့ခေါ်တယ်အလှမီးပုံပျံပါပဲ…. သူကတော့စီးပွါးရေးလုပ်ငန်းရှင်တွေ အကြိုက်ပေါ့ဗျာ.သူတို့ရဲ့ကြော်ငြာလေးတွေကို မီးပုံပျံရဲ့ပတ်ပတ်လည်မှာချိတ်ပြီးလွတ်တင်ရတဲ့ အမျိုးအစားပေါ့ဗျာ…ဒါပေမဲ့ကျွန်တော်တို့တောင်ပေါ်သားအများစုကတော့ မီးကျည်လို့ခေါ်တဲ့ အမျိုးအစားကိုပိုသဘောကျကြတယ်။သူကစိတ်ဝင်စားစရာအရမ်းကောင်းသလို အန္တရယ် လည်းအရမ်းများတယ်။အခုဆိုကျွန်တော်တို့ရဲ့ရိုးရာပွဲလေးကိုပြန်မရောက်ဖြစ်တာအတော့်ကို ကြာနေပါပြီဗျာ.. ဒါကြောင့်မို့ဒီလို ရေးလိုက်ရတာပါ…

ကျွန်တော်ရဲ့မြို့လေးအကြောင်း

Photobucket

တစ်ကယ်တော့ကျွန်တော်ကိုမွေးဖွားလာတဲ့နေရာလေးကတော်တော်ကိုနေချင်စရာလေးပါဗျာ.
ကျွန်တော် မွေးဖွားခဲ့ရာ ဇာတိမြေကတော့ ရှမ်းပြည်နယ်က တောင်ကြီးဆိုတဲ့မြို့လေးမှာပါ။ ကျွန်တော်က အဲဒီမြို့လေးကိုလည်း ချစ်တယ်၊ အဲဒီမြို့လေးမှာနေရတာပျော်တယ်..
ကျွန်တော်တို့အိမ်က ရိုးရိုး သာမန်ရပ်ကွက်ထဲမှာ ရှိပါတယ်။ကျွန်တော်တို့မြို့လေးမှာလူတိုင်းနီး
ပါးကရိုးသားပွင့်လင်းကြပါတယ်..တစ်ကယ်တမ်းလည်းပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုအိမ်လေး ပိုင်ဆိုင်ဖို့အတွက်အိမ်တစ်အိမ်မှာစည်းလုံးညီညွတ်မှုနဲ့တစ်ယောက်ကိုတစ်ယောက် ချစ်ခင်၊ သည်းခံဖို့က မရှိမဖြစ်ပဲလိုအပ်သလို ပတ်ဝန်းကျင်ကလည်းအရေးပါ တယ်လို့ကျွန်တော်ထင်ပါတယ်။ ပြောရရင်တော့ လူတစ်ယောက်နဲ့တစ်ယောက်ခင်မင်မူ၊ သံယောဇဉ်ရှိမူ။မေတ္တာတရားက အရေးကြီးဆုံးပေါ့၊အဲဒီလို လိုအင်တွေနဲ့ပြည့်စုံနေတဲ့ ကျွန်တော်တို့မြို့လေးးကိုအရမ်းချစ်မိပါတယ်။ တစ်ကယ်ဆို ကျွန်တော်တို့ မြို့လေးဟာအရမ်းအေးချမ်းတယ်။ ကျွန်တော်တို့ငယ်စဉ်ကဆိုရင် တစ်နှစ်ပတ်လုံး အေးချမ်းနေတာပဲ။ နွေရာသီဆိုရင်လည်းအရမ်းနေလို့ကောင်းလို့ အောက်ပြည်ကလူတွေအမြဲလာလည်ကြပါတယ်။ အရှေ့ဘက်ဆီကနေမင်းကြီးမထွက်လာခင်အုပ်ဆိုင်းနေတဲ့မြူနှင်းတွေကြားမှာ ဘ၀အတွက် ရုန်းကန်လှုပ်ရှားနေတဲ့တောင်ပေါ်သူ၊တောင်ပေါ်သားတွေရဲ့အလှကလည်း တစ်မျိုးချစ်စရာပါ… အားလုံးဟာလူမချမ်းသာပေမဲ့ စိတ်ကတော့ချမ်းသာကြပါတယ်။ အားလုံးရဲ့ မျက်နှာကိုကြည့်လိုက်ရင် ဟန်ဆောင်မူကင်းတဲ့အပြုံးလေးတွေကိုမြင်ရမှာပါ.. မြို့လေးရဲ့ဘေး ပတ်ပတ်လည်မှာလဲမြင့်မားတဲ့ တောင်တန်းတွေနဲ့ကာရံထားပါတယ်။အရှေ့ဘက်ဆီမှာကတော့ ကျွန်တော်တို့မြို့လေးရဲ့နာမည်ကြီးတွေထဲက တစ်ခုဖြစ်တဲ့တောင်ချွန်းဆိုတဲ့တောင်အမြင့်တစ်ခု ရှိပါတယ်။ကျွန်တော်တို့ကျောင်းသားဘ၀ သူငယ်ချင်းတွေနဲ့ပျော်ပွဲစားထွက်တိုင်းအဲဒီ တောင်ချွန်းကိုသွားကြပါတယ်။လူဆိုတာကိုယ်ရည်မှန်းတဲ့ ပန်းတိုင်မရောက် ရောက်အောင်သွားရတယ်ဆိုတာ တောင်ချွန်းဆိုတဲ့တောင်လေးက ကျွန်တော်တို့တောင်ပေါ်သာ်းတွေကို သင်ခန်းစာပေးတဲ့နေရာလေးတစ်ခုပါ။ မိုးရာသီမှာ တောင်ပေါ်တက်ရတာလောက်ပျော်ရွင်စရာမရှိပါဘူး… တောင်ထိပ်ကိုရောက်တော့ အေးမြလတ်ဆတ်တဲ့ လေအထိကြောင့်မောပန်းလာသမျှအားလုံးပျောက်သွားကြစမြဲပါ… ကျွန်တော်တို့မြို့လေးရဲ့အရှေ့ဘက်ဆီမှာ ပတ္တမြားဂူလို့ခေါ်တဲ့သဘာဝထုံးကျောက်တောင် တစ်ခုရှိပါသေးတယ်။ အဲဒီဂူကတော့ ထုံးကျောက်ရည်တွေ ကနေစိမ့်ပြီးစီးလာတဲ့ရေတွေဟာအောက်ခြေထိမရောက်ပဲ ကျောက်ခက်၊ကျောက်ပန်းလိုဖြစ်နေတာလေး တွေပေါ့ဗျာ… အထဲဝင်သွားရင်ကိုလူတိုင်းစိတ်လှုပ်ရှားရတဲ့နေရာတစ်ခုပေါ့ဗျာ…ဆောင်းဝင်လာပြီဆိုရင် တောင်တစ်ခုလုံးဟာလည်း ချယ်ရီပန်းတွေနဲ့လှပတဲ့ပန်းခင်းကြီးတစ်ခုကြနေတာပါပဲ… ကျွန်တော်တို့တောင်ပေါ်သူ၊တောင်ပေါ်သားတွေကတော့ ချယ်ရီပန်းကိုအရမ်းမြတ်နိုးကြတယ်.

ချယ်ရီတွေပွင့်လန်းလာပြီဆိုရင်ခူးပြီးတော့ကိုယ်ရဲ့ ဆရာ၊မိဘတွေကိုပေးကြတယ်.. ကိုယ်မြတ်နိုးတဲ့ကောင်မလေးလည်းပါတာပေါ့ဗျာ.. ဆောင်းအကုန် နွေဦးအစ ညနေစောင်းတွေမှာ လေတိုက်ရင်း သဘာဝအလျောက် သစ်ပင်တွေ ပွတ်တိုက်ရာက ဖြစ်ပေါ်လာတဲ့ တောမီးဟာလည်း တောင်တန်းကြီးတလျှောက် ပုံစံမျိုးစုံနဲ့ လှပနေတဲ့ တောမီးတန်းကြီးဟာ တမျိုးတဖုံ ကြည့်လို့ကောင်းပါတယ်။

ကျွန်တော်တို့တောင်ပေါ်မြီု့လေးရဲ့ပျော်ရွင်စရာအကောင်းဆုံး၊လူတိုင်းရဲ့ရင်ထဲမှာစိတ်အလှုပ် ရှားဆုံးပွဲတော်တစ်ခုရှိသေးတယ်ဗျ.. အဲဒါကတော့တန်ဆောင်တိုင်ပွဲတော်ပါပဲ..ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ကျွန်တော်တို့မြို့လေးမှာကတန်ဆောင်တိုင်ပွဲတော်ကို သူများမြို့ များနဲ့မတူ ထူးထူးရှားရှားလုပ်လေ့ရှိပါတယ်။ ဒီစာကိုဖတ်တဲ့လူတိုင်းကြားဖူးမယ်လို့ထင်ပါတယ်. တောင်ကြီးတန်ဆောင်တိုင်မီးပုံပျံပွဲတော်ကြီးပါ။ ကျွန်တော်တို့မြို့လေးရဲ့ရိုးရာပွဲလေးပေါ့ဗျာ.. သီတင်းကျွတ်ရောက်ပြီဆိုတာနဲ့ကျွန်တော်တို့လူငယ်တွေအခြားဘာမှစိတ်ဝင်စားမူမရှိတော့ပါ ဘူး..တန်ဆောင်တိုင်မီးပုံပျံပွဲအတွက်တာစူနေကြပြီလေ… ကျောင်းတွေမှာလည်းကျောင်းသွား တဲ့သူမရှိ..အလုပ်တွေမှာလဲ အလုပ်သမားတွေမရှိနဲ့ အတော်ကိုပျော်စရာကောင်းတဲ့ ရိုးရာပွဲ တစ်ခုလေးတစ်ခုပါ…အားလုံးရဲ့ရင်ထဲမှာ သိသိမသိသိအားလုံးဟာညီအစ်ကိုမောင်နှမစိတ်နဲ့ ၀ိုင်းဝန်းပြီးပွဲတော်ဖြစ်မြောက်အောင်လုပ်ဆောင်ကြပါတယ်။ လူငယ်တွေဟာလည်းကိုယ်စီ အဖွဲ့ကိုယ်စီနဲ့ အလှမီးပုံပျံတွေလုပ်ဆောင်ကြပါတယ်။ လူကြီးပိုင်းတွေကတော့ ကျွန်တော်တို့ အခေါ်မီးကျည်လို့ခေါ်တဲ့ မီးရှုးမီးပန်းတွေနဲ့ မီးပုံးပျံကိုလုပ်ဆောင်ကြပါတယ်..နောက်တစ်ခုရှိ သေးတယ်ဗျ.. စိန်နားပန်လို့ခေါ်တယ်အလှမီးပုံပျံပါပဲ…. သူကတော့စီးပွါးရေးလုပ်ငန်းရှင်တွေ အကြိုက်ပေါ့ဗျာ.သူတို့ရဲ့ကြော်ငြာလေးတွေကို မီးပုံပျံရဲ့ပတ်ပတ်လည်မှာချိတ်ပြီးလွတ်တင်ရတဲ့ အမျိုးအစားပေါ့ဗျာ…ဒါပေမဲ့ကျွန်တော်တို့တောင်ပေါ်သားအများစုကတော့ မီးကျည်လို့ခေါ်တဲ့ အမျိုးအစားကိုပိုသဘောကျကြတယ်။သူကစိတ်ဝင်စားစရာအရမ်းကောင်းသလို အန္တရယ် လည်းအရမ်းများတယ်။အခုဆိုကျွန်တော်တို့ရဲ့ရိုးရာပွဲလေးကိုပြန်မရောက်ဖြစ်တာအတော့်ကို ကြာနေပါပြီဗျာ.. ဒါကြောင့်မို့ဒီလို ရေးလိုက်ရတာပါ…

Blogger Template by Clairvo