Labels

Showing posts with label Tag ပိုစ့်လေး. Show all posts

ခုတလော

လက်တွေ့ဘ၀ဟာ စိတ်ကူးယဉ် အိပ်မက်ထဲက ဘ၀တွေနဲ့ အတော့်ကို ကွာခြားနေရင် လူတယောက်အဖို့ ရုန်းကန် လှုပ်ရှားရတာတွေ မလွယ်ကူလှပါဘူး ဒီလိုပဲ လက်ရှိအချိန်ထိ ဘာမှရေရေရာရာ မဖြစ်လာသေးတဲ့ ဘ၀ကြီးကိုကြည့်ပြီး တခါတရံမှာ စိတ်ပျက်အားငယ်နေမိတတ်တယ်။ ကိုယ့်တယောက်ထဲ ဘ၀အတွက်တော့ မဟုတ်ပါဘူး နောင်ဖြစ်လာမဲ့ ရှေ့ရေးတွေကို တွေးပြီး တခါတလေ စိတ်ပျက်နေမိတတ်တဲ့ အကျင့်တွေ ဘယ်က ဘယ်လိုရောက်လာမှန်းလဲ မသိပါဘူး။ လူအများအမြင်မှာတော့ ကျနော်ဟာ ပျော်ပျော်နေတတ်တဲ့ အစအနောက်သန်တဲ့ လူငယ်တယောက်အဖြစ်ပေါ့... မှန်ပါတယ် ကျနော် အစအနောက် သန်ပါတယ်။ ဒါပေမဲ့ ကျနော်ကြောင့် တဦးတယောက် စိတ်ညစ်သွားရလောက်တဲ့ထိ ကျနော်မစနောက်ခဲ့ပါဘူး။ ဘယ်သူ့ကိုမှလဲ နာပါစေဆိုပြီး ကျနော်ပြောဆိုခဲ့ခြင်း မရှိခဲ့ဖူးပါဘူး..... ခုတလောပေါ့ စဉ်းစားနေမိတာတွေ ချရေးလိုက်ပါတယ်။

တွေးမိနေတာက

ခုတလော တွေးနေမိတာကတော့ အစုံပါပဲ။ ဒါပေမဲ့ တခုမှတော့ လက်တွေ့ အကောင်အထည် မဖော်နိုင်သေးပါဘူး။ တချိန်ပေါ့ အကောင်အထည်ပေါ်လာအောင်တော့ ကြိုးစားနေရမှာပါပဲ။ ဒီတော့ စိတ်ကူးထဲက တွေးနေတာလေးတွေ မပျောက်ပျက်အောင်တော့ တွေးနေမိပါတယ်

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက

ကိုယ့်ဟာကိုယ် တခါတလေ ပြန်သုံးသပ်ကြည့်မိပါတယ်။ တကယ့်ကို ပေါ့ပေါ့နေ ပေါ့ပေါ့စား လူတယောက်မျိုးဖြစ်နေလား မသိပါဘူး။ လိုအပ်ချက်တွေ ပြုပြင်ရမဲ့ အချက်တွေ များနေပါတယ်။

ကျန်းမာရေး

ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပါတယ်။ အံ့သြော်ဖို့ကောင်းတာတခုကတော့ ဒီကိုရောက်လာပြီးကတည်းက တော်ယုံတန်ရုံ ဖျားနာတာတောင် မရှိသလောက်ပါပဲ။ ရန်ကုန်မှာတုန်းကဆို ခဏခဏ နေမကောင်းချင်သလိုလို ဖြစ်တတ်ပါတယ်။ ကိုယ့်ဘာသာ တယောက်ထဲ နေတော့ သိပ်ပြီး ရောဂါမဖြစ်တတ်ပါဘူး။ တယောက်ထဲနေလို့ ဂရုစိုက်လားဆိုတော့လဲ ဂရုမစိုက်ဖြစ်ပါဘူး။ :P ဂျီကျစရာ မိဘ ဆွေမျိုးမရှိလို့နဲ့ တူပါတယ်။း)

ဖတ်ဖြစ်နေတာက

ဖတ်ဖြစ်တာကတော့ အွန်လိုင်းက ဘလော့စာပေအစုံပါပဲ။ ဒါပေမဲ့ ခုတလော စိတ်က နုနုလေးတွေ ရေးတဲ့ စာတွေဆို သိပ်စိတ်မ၀င်စားဘူး။ ပုံမှန်သွားဖတ်ဖြစ်နေတာက မြန်မာဘောလုံး ကိုလူထွေးဦးကျောက်ကိုပီတာကိုနစ်နေမန်းအာဇာနည်ဧရာဝတီ ဒါလောက်ပါပဲ။ အင်္ဂါနဲ့ သောကြာဆိုရင်တော့ First-11 ကိုဝင်ဖတ်ဖြစ်ပါတယ်။ ဘောလုံးကလဲ ၀ါသနာပါတယ်ဗျ..

ရောက်နေတဲ့နေရာက

ပုံမှန်သွားနေတာက အလုပ်ကိုလေ။ မနက်အိပ်ရာထ ရေချိုးပြီး အလုပ်ကိုသွားတယ်။ ညနေ မိုးချုပ်ပြန်လာတယ်။ ဒါက ပုံမှန်ပေါ့။ အလုပ်ပိတ်ရက်တွေကတော့ ညီအကိုမောင်နှမတွေ စုစည်းရာ မိသားစုအိမ်လေးမှာ သွားအနားယူပါတယ်။ အဲ့မှာ သူတို့ ချက်ကျွေးတဲ့ ထမင်းကိုအလကားစားတယ် သူတို့ ဖျော်တိုက်တဲ့ ကော်ဖီကို ပါးစပ်စိုက်ပြီး သောက်တယ်။ သူတို့နဲ့ ဂိမ်းတွေ တူတူဆော့တယ်။

မုန်းနေမိတာက

မုန်းနေမိတာက ဘာမှမရှိပါဘူး။ လူတယောက်ကို အကြောင်းမဲ့ စကားမပြောပဲ မနေတတ်သလို လူတွေကိုလဲ မမုန်းတတ်ပါဘူး။ တခါတလေ စိတ်ထဲမှာ အမြင်မတူရင်လဲ ခဏလေး စကားမပြောပဲနေလိုက်တယ် ပြီးရင်တော့ စကားတွေ ဖောင်ဖွဲ့ပြီး ပြန်ပြောဖြစ်တာပါပဲ။ အားလုံးကို မမုန်းတတ်ပါဘူး

ချစ်နေတာက

ချစ်နေတာက မိသားစုလေးနဲ့ တဦးတည်းသော ချစ်ရတဲ့သူပေါ့း)

စိတ်ပျက်နေမိတာက

စိတ်ပျက်စရာ မရှိသေးပါ။ ရှိနေခဲ့တယ်ဆိုရင်လဲ ကိုယ့်ဟာကိုယ်ပဲ စိတ်ပျက်နေမိမယ်နဲ့ တူတယ်

စိတ်ပျက်စရာ မရှိသေးပါ။ ရှိနေခဲ့တယ်ဆိုရင်လဲ ကိုယ့်ဟာကိုယ်ပဲ စိတ်ပျက်နေမိမယ်နဲ့ တူတယ်။

နားထောင်နေမိတဲ့သီချင်း

ခုတလော အမေသီချင်းတွေချည်းပဲ နားထောင်ဖြစ်ပါတယ်။ ကျနော်က ဟစ်ဟော့တွေ ဘာတွေ မကြိုက်တတ်ဘူး ကျနော်ကြိုက်တာက သီချင်းအေးလေးတွေ ဥပမာ လွှမ်းမိုးတို့ ၊ စိုင်းထီးဆိုင်၊ စိုင်းဆိုင်မောဝ် တို့ပေါ့ ဒါလေးတွေကတော့ အမြဲအားရင် နားထောင်ဖြစ်တတ်ပါတယ်။

တမ်းတနေမိတာက

တမ်းတနေမိလောက်အောင်လဲ တယောက်မှ မရှိပါဘူး။ စိတ်ထဲမှာ တမ်းတတာဆိုလို့ ဘယ်သူမှ မရှိဘူး ဖြစ်နိုင်ရင်တော့ အိမ်ကိုပဲ တမ်းတနေမိတယ် ညီအကိုမောင်နှမတွေ ချက်ကျွေးတဲ့ ထမင်းဟင်း စားရတော့ အမေ့ရဲ့ လက်ရာတွေကို ပိုလို့တောင် တမ်းတနေမိတယ်.

လိုအပ်နေတာက

လောကမှာ အလိုအပ်ဆုံးက ဘာလဲ.. အဲ့ဒီအရာတွေ အားလုံး ကျနော် လိုအပ်နေပါတယ်။

စားဖြစ်နေတာက

ရုံးဖွင့်ရက် နေ့လည်စာ စားဖြစ်နေတာက သူများရောင်းတဲ့ အစားအစာတွေ။ ချိုချိုပေါ့ပေါ့ တွေ
ရုံးဖွင့်ရက် ညစာကတော့ သူငယ်ချင်း ချက်ကျွေးတဲ့ ထမင်းဟင်း (ရှယ်ပဲ)
ရုံးပိတ်ရက် စားဖြစ်နေတာက ညီအကိုမောင်နှမတွေ ချက်ကျွေးတဲ့ ထမင်းဟင်း

လွမ်းနေမိတာက

မိသားစုပါပဲ။ မတွေ့တာ ကြာပြီဖြစ်တဲ့ မြန်မာပြည်က မိသားစုနဲ့ သူငယ်ချင်း ညီအကိုမောင်နှမတွေ

သနားနေမိတာက

သနားနေမိတာထက် စိတ်မကောင်းဖြစ်မိတာတွေတော့ ရှိပါတယ်။ တခါတလေ သူတို့တွေကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်။ တခါတလေတော့လဲ အားမရပြန်ဘူး။

တောင်းမိတဲ့ဆု

အားလုံးကို အဆင်ပြေစေချင်ပါတယ်။ ကျနော်အပါအ၀င်ပေါ့း)

ကြိတ်ပြီး ချီးကျုးနေတာက

ကြိတ်ပြီးကော မကြိတ်ပြီးကော ချီးကျူးနေမိတာ မွေးမိခင် ကျေးဇူးရှင်ကိုပါး)
ပြီးတော့ ကျေးဇူးရှိတဲ့ ဦးလေးရဲ့ ဘ၀လေးကိုလဲ အားကျတယ်

ကြိတ်ပြီးအထင်သေးနေမိတာက

အထင်သေးတယ်ဆိုတာ မရှိပါဘူး။ တခါမှ လူတယောက်ကို အထင်သေးတဲ့ စိတ်မဖြစ်ဖူးဘူး။ တခါတလေတော့ စိတ်ပျက်စရာကြုံရင်တော့ သူ့တို့ကိုကြည့်ပြီး စိတ်ညစ်ဖူးပါတယ်။ ဒါပေမဲ့ အထင်ဘယ်တော့မှ မသေးပါ။ လူတိုင်း လူတိုင်း ကိုယ်တတ်နိုင်သလောက် အားအင်ရှိပါတယ်။ တကယ်တော့ အဲ့အားအင်တွေကို အပြည့်အ၀ မထုတ်သုံးတတ်သေးတာပါ။

ဝန်ခံချင်တာက

ဒီစာကို မရေးချင်သေးပါဘူးး) ကိုဖိုးစိန် က လာလာအော်နေလို့ ရေးလိုက်တာ
တော်ကြာ သူချက်ကျွေးတဲ့ ထမင်းဟင်းကောင်းကောင်းလေးတွေ မစားရပဲ နေမှာစိုးလို့ပါး)))))

လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။

လေးစားလျက် တောင်ပေါ်သား

စိတ်ကူးများနဲ့ ကျနော်

ကျနော်ယုံကြည်တာက လောကမှာလူရယ်လို ဖြစ်လာရင် မရှိမဖြစ်လိုအပ်တာတခု မိသားစုပါ။ မိသားစုလို ပြောလိုက်ရင် မိဘ၊မောင်နှမတွေနဲ့ သာယာဖွယ် ကောင်းတဲ့ မိသားစုလဲဖြစ်နိုင်သလို မိမိချစ်သူ၊အိမ်ထောင်ဖက်နဲ့ အတူတကွ ပေါင်းစပ်ထားတဲ့ ကြည်နူးဖွယ်အိမ်ထောင်လေးတခုလဲ ဖြစ်နိုင်ပါတယ်။ လူတိုင်းဟာ တယောက်ထဲ နေရတာကို ငြီးငွေ့တတ်သလို တကယ့်အပြင်မှာလဲ တယောက်ထဲနေရသူအဖို့ အရာတော်တော်များများဟာ မပြည့်မစုံဖြစ်တတ်နေပြန်ပါတယ်။ ဒီလိုမျိုး မိသားစုဘ၀တခုကို ထူထောင်ဖို့အခြေခံလိုအပ်ချက်တွေလဲ အများအပြားရှိနေတတ်ပြန်ပါတယ်။ ပထမဆုံးမရှိမဖြစ်လိုအပ်တာက ငွေကြေးပါ။ ငွေကြေးမရှိပဲ ပြည့်စုံတဲ့ မိသားစုဘ၀တခုကို တည်ထောင်ဖို့ဆိုတာ အလွန်ကိုခဲယဉ်းလှပါတယ်။ ဒါကြောင့်ပဲ လူဆိုတဲ့သတ္တ၀ါတွေဟာ ငွေကြေးနောက်လိုက်နေကြတာလို့မြင်မိပါတယ်။ ငွေကြေးနောက်လိုက်ရင်း အစွဲတွေ ပါလာရသလို ငါချမ်းသာဖို့ဆိုတဲ့ အတ္တတွေပါလာခဲ့တော့ အာဏာရူး၊ သူဌေးရူးတွေ ဖြစ်တဲ့လူက ဖြစ်၊ လောကဒါဏ်ရဲ့ ရိုက်ချက်တွေကို မခံနိုင်ပဲ တိမ်မြုပ်ပျောက်ကွယ်သွားတဲ့ လူတွေကလဲ အများသား........

ကျနော်လား...... ကျနော်လဲ လူသားဖြစ်တဲ့အလျောက် ငွေမက်ပါတယ်။ ငွေမရှိရင် လောကမှာ ဖြစ်ချင်တိုင်း မဖြစ်ဘူးမလား ဒီတော့ ကျနော်လဲ ငွေကို ခုံမင်ပါတယ်။ ရှေ့ဆက်ရမဲ့ လှေကားထစ်တွေက အများသား ဒီလှေကားထစ်တွေကို အောင်မြင်စွာနဲ့ ကျနော် ကြိုးစားပြီး ကျော်ဖြတ်ချင်ပါတယ်။ တခါတရံမှာ ဒီလှေကားထစ်တွေကနေ ချော်လဲပြီး အပေါ်ကို မတက်နိုင်ပဲ အောက်အထစ်ကို ရောက်သွားခဲ့တာလဲ အကြိမ်ကြိမ်အခါခါ.. ဒါပေမဲ့ ကျနော်စိတ်မပျက်မိပါဘူး.. ကျနော်ဘ၀အတွက် ကျနော်ချစ်တဲ့ လူတွေအတွက် ကျနော်ဆက်ပြီး တက်နိုင်သလောက် တက်သွားချင်နေတုန်းပါပဲ။ တကယ်၍များ နောင် ၅ နှစ်အတွင်း ကျနော်ရည်မှန်းထားတဲ့ အချက်တွေပြည့်စုံတဲ့ တချိန်ကြရင်တော့ ကျနော် လုပ်ချင်တာလေးတွေ လုပ်ပါဦးမယ် အကယ်၍များ ဖြစ်လာမယ်ဆိုရင်ပေါ့.....

ကျနော်ဟာ ကျနော့်မွေးရပ်မြေကို အရမ်းချစ်တတ်ပါတယ်။ ဘာကြောင့်ချစ်လဲ လာမမေးနဲ့ ကျနော်မဖြေတတ်ပါဘူး။ သာယာတဲ့ ရှုခင်းကြောင့်လား.... မွေးဖွားကြီးပြင်းခဲ့လို့လား.... မိသားစုလေးကျန်ခဲ့လို့လား.... ဒါတွေ ကျနော်မဖြေတတ်ပါဘူး။ ဒါပေမဲ့ ကျနော်သိတာ ကျနော်မွေးရပ်မြေကို ကျနော်ချစ်တယ် ကျနော်ကြောင့် အားလုံးအတွက် တခုခုကို ကျန်ခဲ့စေချင်တယ်။ တခုခုကို ဖြစ်မြောက်သွားချင်တယ်။ ပထမဆုံး ကျနော့်စိတ်ကူးလေးက ကျနော့်မွေးရပ်မြေမှာ အင်တာနက်ဆိုင်လေးတခုကို တည်ထောင်ချင်ပါတယ်။ ကွန်ပြူတာအလုံးရေ ၂၀လောက်နဲ့ အင်တာနက်ဆိုင်လေး တည်ဆောက်မယ် ပြီးရင် အပေါ်ထပ်မှာ ကျနော်နားလည်တတ်ကျွမ်းထားသလောက်လေး သင်တန်းလေးတွေ ပြန်ဖွင့်ချင်ပါတယ်.... ကျနော်ပြန်ရောက်ပြီး ဆိုင်ဖွင့်တဲ့ အချိန်ဆို အင်တာနက်လိုင်းတွေလဲ ကောင်းလောက်ပါပြီ :P ။

ကျနော် ဒီကိုမလာခင် အရင်ထဲက ဒီလိုစိတ်ကူးလေးတွေနဲ့ ရူးခဲ့ဖူးပါတယ်။ ကျနော်တို့ သူငယ်ချင်းတွေ (ဏီကင်း)အပါအ၀င် ကျနော်တို့ ကွန်ပြူတာလိုက်ပြင်တဲ့လုပ်ငန်းလေးလုပ်ဖို့ စိတ်ကူးခဲ့ဖူးပါတယ်။ CNS (Complete Network Service) ဆိုတဲ့နာမည်တောင် ကျနော်တို့ ပေးခဲ့ကြပြီး လိပ်စာကတ်တွေ လုပ်လို့ အစီအစဉ်ဆွဲခဲ့ဖူးပါတယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် ကျနော်တို့လုပ်ငန်းမစခင်မှာပဲ ကျနော်တို့တတွေ တယောက်ပြီးတယောက် နိုင်ငံရပ်ခြားကို ထွက်လာဖြစ်ပါတယ်။ ကံကြမ္မာပေါ့ အားလုံး ဒီမှာပြန်ဆုံတွေ့ရလိမ့်မယ်လို့ ကျနော်တခါမှ မတွေးထင်ထားခဲ့ဖူးပါဘူး။ တကယ်လို့ ကျနော်မွေးရပ်မြေမှာ အင်တာနက်ဆိုင်လေးနဲ့ Training သင်တန်းကျောင်းလေး ဖွင့်ဖြစ်ပြီး ကျနော့်ဒီလုပ်ငန်းလေးကို တယောက်ယောက်ကို လက်လွှဲနိုင်ပြီးဆိုရင်တော့ ကျနော် နိုင်ငံခြားတု
ိင်းပြည်တခုခုကို ကျနော် ပြန်ထွက်ချင်ပါတယ်။ (လက်ရှိ ကျနော်စိတ်ကူးက ကျနော် အမိမြေကို မအောင်မြင်ပဲ မပြန်သေးပါဘူး။ ကျနော် တခြားတိုင်းပြည်တွေကို သွားပြီး အလုပ်တွေ လုပ်ချင်ပါသေးတယ် လမ်းကြောင်းရှိသူများ ဆက်သွယ်ပါ :P)

နောက်တခုက အိမ်ထောင်ရေးပါ။ အမှန်ပြောရရင်တော့ ကျနော်လက်ရှိ အိမ်ထောင်ရေးကို စိတ်မ၀င်စားသေးပါဘူး။ လက်ရှိအချိန်မှာ ကျနော်ရဲ့မိသားစုသာ ကျနော့်ဘ၀မှာ အရေးကြီးဆုံးပါပဲ။ အဓိက ကျနော်ရဲ့ အမေပေါ့.. ကျနော့်အမေကို ကျနော် မသေခင်ထိ တတ်နိုင်သလောက် ပြုစုချင်ပါသေးတယ်။ အိမ်ထောင်ကျသွားပြီဆိုရင် ဘာမှပြောလို့ရတာမဟုတ်ပါဘူး မိဘကို ဒီလိုထောက်ပံ့နိုင်ရင်လဲ ထောက်ပံ့နိုင်မယ် ဒါမှမဟုတ် ကိုယ်တည်ထောင်တဲ့ မိသားစုလေးကို ပိုပြီးခင်တွယ်လို့ တဖက်မှာ လစ်ဟင်းသွားတာလဲ ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဒီတော့ ကျနော့်အမေကို စိတ်ကျေနပ်လောက်ထိ မပြုစုနိုင်သေးတရွှေ့ ကျနော် အိမ်ထောင်ပြုဖို့ကို မစဉ်းစားသေးပါဘူး..... တချိန်မှာ ကျနော်လက်ထပ်ရမဲ့သူအတွက် ကျနော်ဖက်က ပြည့်စုံစေချင်ပါတယ်။ ကျနော်လက်ထပ်ရမဲ့သူအတွက် အရာရာ လိုလေတယ်မရှိ ကျနော် ဖြည့်ဆည်းပေးချင်မိပါတယ်။

အချစ်ဆိုတာ ဆန်းကြယ် နက်နဲလှပါတယ်။ ဘယ်လောက်ပဲ သံယောဇဉ်တွေရှိရှိ တချိန်မှာအကြောင်းကြောင်းကြောင့် ဝေးခဲ့ရတာတွေလဲ ရှိပါတယ်။ စိုင်းထီးဆိုင် သီချင်းလေးအတိုင်း "ချစ်တိုင်းလဲမညား" ဆိုသလိုပေါ့ လူတိုင်းဟာ ချစ်တိုင်းသာ ညားတိုင်းဆိုရင် ဒီကမ္ဘာပေါ်မှာ ဒဿဂီရိတို့၊ ဗီလိန်ဆိုတဲ့ စကာလုံးတွေ ပေါ်ပေါက်လာမှာမဟုတ်ပါဘူး။ ကျနော်ကတော့ တချိန်မှာ ကျနော်လက်ထပ်ရမဲ့ သူနဲ့ ချစ်ရတဲ့လူ တထပ်ထဲ ဖြစ်စေချင်ပါတယ်။ လက်ရှိအချိန်မှာ ဟိုအရင်ကျောင်းသားဘ၀လို ရူးမိုက်တတ်တဲ့ အချစ်တွေ မရှိတော့တာတော့အမှန်လို့ ထင်တာပဲ။ အရာရာကို ဖြစ်သင့် မဖြစ်သင့်ဆိုတာတွေးတောတတ်နေပြီလို့ ကိုယ့်ဟာကိုယ်တော့ ထင်မြင်မိတာပါပဲ။ နေ့မြင်ညပျောက်ဆိုသလို ကျနော်တို့ရဲ့ မနက်ဖြန်ကို ဘုရားသခင်မှ လွဲပြီး ဘယ်သူမှာ ကြိုတင်မသိရှိနိုင်ပါဘူး ဒီတော့ မလာသေးတဲ့ နေ့ရက်တွေကို ကြိုတွေးပြီး မပင်ပန်းချင်တော့ပါဘူး။ နေခွင့်ရတဲ့ ရက်လေးတွေမှာ ကိုယ့်ချစ်တဲ့ လူတွေအားလုံးအတွက် တတ်နိုင်သလောက် အပျော်တွေ မျှဝေချင်ပါတယ်။

ဒါကတော့ တီဝါ ရဲ့ Tag ပိုစ့်လေးပါပဲ။ ရေးမလို့စဉ်းစားနေတာ ကြာပါပြီ စလုံးရောက် ဘလော့ဂါတွေ တွေ့လိုက် ကဲလိုက်ဖြစ်နေတာမို့ စာမရေးဖြစ်တာပါ။ တောင်းပန်ပါတယ် တီဝါ ရေ.... ပိုစ့်ခေါင်းစဉ်ကို ဘာပေးရမှန်းမသိလို့ ဒီလိုပဲ ပေးလိုက်တယ် အဟီးး

နောက်ဆုံးပိတ် အနှစ်ချုပ်ကို ပြန်ယူရသော်
၁.ဘာအလုပ်လုပ်ဖို့ ရည်ရွယ်ထားပါသလဲ.

လုပ်ငန်းအတွက် မွေးရပ်မြေမှာ ကွန်ပြူတာဆိုင်လေးနဲ့ Training သင်တန်းကျောင်းလေး ဖွင့်ချင်တယ်

၂.မိမိရဲ့စိတ်ကူးထဲက အိမ်ထောင်ဖက် (သို့)စိတ်ကူးထဲက အိမ်ထောင်ရေး

အိမ်ထောင်ပြုဖို့ကို စိတ်မ၀င်စားသေးပါ။ (ချစ်သူနဲ့အိမ်ထောင်ဖက်ကို တယောက်ထဲ ဖြစ်စေချင်ပါတယ်).......
ဆက်ပြီး မ Tag တော့ပါဘူး။ :)

လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။

လေးစားလျက် တောင်ပေါ်သား

စိတ်ကူးများနဲ့ ကျနော်

ကျနော်ယုံကြည်တာက လောကမှာလူရယ်လို ဖြစ်လာရင် မရှိမဖြစ်လိုအပ်တာတခု မိသားစုပါ။ မိသားစုလို ပြောလိုက်ရင် မိဘ၊မောင်နှမတွေနဲ့ သာယာဖွယ် ကောင်းတဲ့ မိသားစုလဲဖြစ်နိုင်သလို မိမိချစ်သူ၊အိမ်ထောင်ဖက်နဲ့ အတူတကွ ပေါင်းစပ်ထားတဲ့ ကြည်နူးဖွယ်အိမ်ထောင်လေးတခုလဲ ဖြစ်နိုင်ပါတယ်။ လူတိုင်းဟာ တယောက်ထဲ နေရတာကို ငြီးငွေ့တတ်သလို တကယ့်အပြင်မှာလဲ တယောက်ထဲနေရသူအဖို့ အရာတော်တော်များများဟာ မပြည့်မစုံဖြစ်တတ်နေပြန်ပါတယ်။ ဒီလိုမျိုး မိသားစုဘ၀တခုကို ထူထောင်ဖို့အခြေခံလိုအပ်ချက်တွေလဲ အများအပြားရှိနေတတ်ပြန်ပါတယ်။ ပထမဆုံးမရှိမဖြစ်လိုအပ်တာက ငွေကြေးပါ။ ငွေကြေးမရှိပဲ ပြည့်စုံတဲ့ မိသားစုဘ၀တခုကို တည်ထောင်ဖို့ဆိုတာ အလွန်ကိုခဲယဉ်းလှပါတယ်။ ဒါကြောင့်ပဲ လူဆိုတဲ့သတ္တ၀ါတွေဟာ ငွေကြေးနောက်လိုက်နေကြတာလို့မြင်မိပါတယ်။ ငွေကြေးနောက်လိုက်ရင်း အစွဲတွေ ပါလာရသလို ငါချမ်းသာဖို့ဆိုတဲ့ အတ္တတွေပါလာခဲ့တော့ အာဏာရူး၊ သူဌေးရူးတွေ ဖြစ်တဲ့လူက ဖြစ်၊ လောကဒါဏ်ရဲ့ ရိုက်ချက်တွေကို မခံနိုင်ပဲ တိမ်မြုပ်ပျောက်ကွယ်သွားတဲ့ လူတွေကလဲ အများသား........

ကျနော်လား...... ကျနော်လဲ လူသားဖြစ်တဲ့အလျောက် ငွေမက်ပါတယ်။ ငွေမရှိရင် လောကမှာ ဖြစ်ချင်တိုင်း မဖြစ်ဘူးမလား ဒီတော့ ကျနော်လဲ ငွေကို ခုံမင်ပါတယ်။ ရှေ့ဆက်ရမဲ့ လှေကားထစ်တွေက အများသား ဒီလှေကားထစ်တွေကို အောင်မြင်စွာနဲ့ ကျနော် ကြိုးစားပြီး ကျော်ဖြတ်ချင်ပါတယ်။ တခါတရံမှာ ဒီလှေကားထစ်တွေကနေ ချော်လဲပြီး အပေါ်ကို မတက်နိုင်ပဲ အောက်အထစ်ကို ရောက်သွားခဲ့တာလဲ အကြိမ်ကြိမ်အခါခါ.. ဒါပေမဲ့ ကျနော်စိတ်မပျက်မိပါဘူး.. ကျနော်ဘ၀အတွက် ကျနော်ချစ်တဲ့ လူတွေအတွက် ကျနော်ဆက်ပြီး တက်နိုင်သလောက် တက်သွားချင်နေတုန်းပါပဲ။ တကယ်၍များ နောင် ၅ နှစ်အတွင်း ကျနော်ရည်မှန်းထားတဲ့ အချက်တွေပြည့်စုံတဲ့ တချိန်ကြရင်တော့ ကျနော် လုပ်ချင်တာလေးတွေ လုပ်ပါဦးမယ် အကယ်၍များ ဖြစ်လာမယ်ဆိုရင်ပေါ့.....

ကျနော်ဟာ ကျနော့်မွေးရပ်မြေကို အရမ်းချစ်တတ်ပါတယ်။ ဘာကြောင့်ချစ်လဲ လာမမေးနဲ့ ကျနော်မဖြေတတ်ပါဘူး။ သာယာတဲ့ ရှုခင်းကြောင့်လား.... မွေးဖွားကြီးပြင်းခဲ့လို့လား.... မိသားစုလေးကျန်ခဲ့လို့လား.... ဒါတွေ ကျနော်မဖြေတတ်ပါဘူး။ ဒါပေမဲ့ ကျနော်သိတာ ကျနော်မွေးရပ်မြေကို ကျနော်ချစ်တယ် ကျနော်ကြောင့် အားလုံးအတွက် တခုခုကို ကျန်ခဲ့စေချင်တယ်။ တခုခုကို ဖြစ်မြောက်သွားချင်တယ်။ ပထမဆုံး ကျနော့်စိတ်ကူးလေးက ကျနော့်မွေးရပ်မြေမှာ အင်တာနက်ဆိုင်လေးတခုကို တည်ထောင်ချင်ပါတယ်။ ကွန်ပြူတာအလုံးရေ ၂၀လောက်နဲ့ အင်တာနက်ဆိုင်လေး တည်ဆောက်မယ် ပြီးရင် အပေါ်ထပ်မှာ ကျနော်နားလည်တတ်ကျွမ်းထားသလောက်လေး သင်တန်းလေးတွေ ပြန်ဖွင့်ချင်ပါတယ်.... ကျနော်ပြန်ရောက်ပြီး ဆိုင်ဖွင့်တဲ့ အချိန်ဆို အင်တာနက်လိုင်းတွေလဲ ကောင်းလောက်ပါပြီ :P ။

ကျနော် ဒီကိုမလာခင် အရင်ထဲက ဒီလိုစိတ်ကူးလေးတွေနဲ့ ရူးခဲ့ဖူးပါတယ်။ ကျနော်တို့ သူငယ်ချင်းတွေ (ဏီကင်း)အပါအ၀င် ကျနော်တို့ ကွန်ပြူတာလိုက်ပြင်တဲ့လုပ်ငန်းလေးလုပ်ဖို့ စိတ်ကူးခဲ့ဖူးပါတယ်။ CNS (Complete Network Service) ဆိုတဲ့နာမည်တောင် ကျနော်တို့ ပေးခဲ့ကြပြီး လိပ်စာကတ်တွေ လုပ်လို့ အစီအစဉ်ဆွဲခဲ့ဖူးပါတယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် ကျနော်တို့လုပ်ငန်းမစခင်မှာပဲ ကျနော်တို့တတွေ တယောက်ပြီးတယောက် နိုင်ငံရပ်ခြားကို ထွက်လာဖြစ်ပါတယ်။ ကံကြမ္မာပေါ့ အားလုံး ဒီမှာပြန်ဆုံတွေ့ရလိမ့်မယ်လို့ ကျနော်တခါမှ မတွေးထင်ထားခဲ့ဖူးပါဘူး။ တကယ်လို့ ကျနော်မွေးရပ်မြေမှာ အင်တာနက်ဆိုင်လေးနဲ့ Training သင်တန်းကျောင်းလေး ဖွင့်ဖြစ်ပြီး ကျနော့်ဒီလုပ်ငန်းလေးကို တယောက်ယောက်ကို လက်လွှဲနိုင်ပြီးဆိုရင်တော့ ကျနော် နိုင်ငံခြားတိုင်းပြည်တခုခုကို ကျနော် ပြန်ထွက်ချင်ပါတယ်။ (လက်ရှိ ကျနော်စိတ်ကူးက ကျနော် အမိမြေကို မအောင်မြင်ပဲ မပြန်သေးပါဘူး။ ကျနော် တခြားတိုင်းပြည်တွေကို သွားပြီး အလုပ်တွေ လုပ်ချင်ပါသေးတယ် လမ်းကြောင်းရှိသူများ ဆက်သွယ်ပါ :P)

နောက်တခုက အိမ်ထောင်ရေးပါ။ အမှန်ပြောရရင်တော့ ကျနော်လက်ရှိ အိမ်ထောင်ရေးကို စိတ်မ၀င်စားသေးပါဘူး။ လက်ရှိအချိန်မှာ ကျနော်ရဲ့မိသားစုသာ ကျနော့်ဘ၀မှာ အရေးကြီးဆုံးပါပဲ။ အဓိက ကျနော်ရဲ့ အမေပေါ့.. ကျနော့်အမေကို ကျနော် မသေခင်ထိ တတ်နိုင်သလောက် ပြုစုချင်ပါသေးတယ်။ အိမ်ထောင်ကျသွားပြီဆိုရင် ဘာမှပြောလို့ရတာမဟုတ်ပါဘူး မိဘကို ဒီလိုထောက်ပံ့နိုင်ရင်လဲ ထောက်ပံ့နိုင်မယ် ဒါမှမဟုတ် ကိုယ်တည်ထောင်တဲ့ မိသားစုလေးကို ပိုပြီးခင်တွယ်လို့ တဖက်မှာ လစ်ဟင်းသွားတာလဲ ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဒီတော့ ကျနော့်အမေကို စိတ်ကျေနပ်လောက်ထိ မပြုစုနိုင်သေးတရွှေ့ ကျနော် အိမ်ထောင်ပြုဖို့ကို မစဉ်းစားသေးပါဘူး..... တချိန်မှာ ကျနော်လက်ထပ်ရမဲ့သူအတွက် ကျနော်ဖက်က ပြည့်စုံစေချင်ပါတယ်။ ကျနော်လက်ထပ်ရမဲ့သူအတွက် အရာရာ လိုလေတယ်မရှိ ကျနော် ဖြည့်ဆည်းပေးချင်မိပါတယ်။

အချစ်ဆိုတာ ဆန်းကြယ် နက်နဲလှပါတယ်။ ဘယ်လောက်ပဲ သံယောဇဉ်တွေရှိရှိ တချိန်မှာအကြောင်းကြောင်းကြောင့် ဝေးခဲ့ရတာတွေလဲ ရှိပါတယ်။ စိုင်းထီးဆိုင် သီချင်းလေးအတိုင်း "ချစ်တိုင်းလဲမညား" ဆိုသလိုပေါ့ လူတိုင်းဟာ ချစ်တိုင်းသာ ညားတိုင်းဆိုရင် ဒီကမ္ဘာပေါ်မှာ ဒဿဂီရိတို့၊ ဗီလိန်ဆိုတဲ့ စကာလုံးတွေ ပေါ်ပေါက်လာမှာမဟုတ်ပါဘူး။ ကျနော်ကတော့ တချိန်မှာ ကျနော်လက်ထပ်ရမဲ့ သူနဲ့ ချစ်ရတဲ့လူ တထပ်ထဲ ဖြစ်စေချင်ပါတယ်။ လက်ရှိအချိန်မှာ ဟိုအရင်ကျောင်းသားဘ၀လို ရူးမိုက်တတ်တဲ့ အချစ်တွေ မရှိတော့တာတော့အမှန်လို့ ထင်တာပဲ။ အရာရာကို ဖြစ်သင့် မဖြစ်သင့်ဆိုတာတွေးတောတတ်နေပြီလို့ ကိုယ့်ဟာကိုယ်တော့ ထင်မြင်မိတာပါပဲ။ နေ့မြင်ညပျောက်ဆိုသလို ကျနော်တို့ရဲ့ မနက်ဖြန်ကို ဘုရားသခင်မှ လွဲပြီး ဘယ်သူမှာ ကြိုတင်မသိရှိနိုင်ပါဘူး ဒီတော့ မလာသေးတဲ့ နေ့ရက်တွေကို ကြိုတွေးပြီး မပင်ပန်းချင်တော့ပါဘူး။ နေခွင့်ရတဲ့ ရက်လေးတွေမှာ ကိုယ့်ချစ်တဲ့ လူတွေအားလုံးအတွက် တတ်နိုင်သလောက် အပျော်တွေ မျှဝေချင်ပါတယ်။

ဒါကတော့ တီဝါ ရဲ့ Tag ပိုစ့်လေးပါပဲ။ ရေးမလို့စဉ်းစားနေတာ ကြာပါပြီ စလုံးရောက် ဘလော့ဂါတွေ တွေ့လိုက် ကဲလိုက်ဖြစ်နေတာမို့ စာမရေးဖြစ်တာပါ။ တောင်းပန်ပါတယ် တီဝါ ရေ.... ပိုစ့်ခေါင်းစဉ်ကို ဘာပေးရမှန်းမသိလို့ ဒီလိုပဲ ပေးလိုက်တယ် အဟီးး

နောက်ဆုံးပိတ် အနှစ်ချုပ်ကို ပြန်ယူရသော်
၁.ဘာအလုပ်လုပ်ဖို့ ရည်ရွယ်ထားပါသလဲ.

လုပ်ငန်းအတွက် မွေးရပ်မြေမှာ ကွန်ပြူတာဆိုင်လေးနဲ့ Training သင်တန်းကျောင်းလေး ဖွင့်ချင်တယ်

၂.မိမိရဲ့စိတ်ကူးထဲက အိမ်ထောင်ဖက် (သို့)စိတ်ကူးထဲက အိမ်ထောင်ရေး

အိမ်ထောင်ပြုဖို့ကို စိတ်မ၀င်စားသေးပါ။ (ချစ်သူနဲ့အိမ်ထောင်ဖက်ကို တယောက်ထဲ ဖြစ်စေချင်ပါတယ်).......
ဆက်ပြီး မ Tag တော့ပါဘူး။ :)

လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။

လေးစားလျက် တောင်ပေါ်သား

ကလေးဘဝ အမှတ်တရလေးများ

ကိုအိမ် က ငယ်စဉ်ကလေးဘ၀ဆိုတာကို ရေးခိုင်းပါတယ်။ ကျနော်ရဲ့ ကလေးဘ၀မှာ ထွေထွေထူးထူး ထူးထူးဆန်းဆန်းရယ်လို့တော့ သေချာမရှိခဲ့ဖူးပါဘူး။ ဒါပေမဲ့ အမှတ်တရတခုခုဖြစ်စေ ကျနော်ကြိုက်နှစ်သက်တဲ့ ကစားနည်းတွေဆိုရင်တော့ ခုချိန်ထိ စိတ်ထဲက စွဲလန်းတတ်တဲ့ အကျင့်တခုရှိပါတယ်။ ကျနော်တို့ မိသားစုမှာ မောင်နှမဆိုလို့ ကျနော်နဲ့ ကျနော်အမ နှစ်ယောက်ထဲ ရှိတာပါ။ ဒီအတွက် အမေက ငယ်စဉ်ကတည်းက မိန်းကလေးဖြစ်တဲ့ အမကို အစစအရာရာ ပိုအလိုလိုက်ခဲ့မယ်ထင်ပါတယ်။ ကျနော်ဦးလေးတွေကလဲ ကျနော့်အမကို ကျနော့်ထက်ပိုပြီး ဂရုစိုက်အချစ်ပိုခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်တို့မိသားစုမှာ မိန်းကလေးအဒေါ်တွေက ပိုများပါတယ်။ အဒေါ်တွေအားလုံးက ကျနော့်ကို အသဲပေါက်မတတ်ချစ်ကြပါတယ်...း)

ကျနော်တို့ အမေမိသားစုမှာ မောင်နှမတော်တော်များပါတယ်။ အားလုံးပေါင်း (၁၃)ယောက်လောက်ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ တောင်ကြီးမှာ နေထိုင်တဲ့ အမျိုးတွေက ပိုများပါတယ်။ ပြီးတော့ကျနော်တယောက်သာ ယောကျာ်းလေးလဲဖြစ်တယ်။ တူတူနေလဲ နေကြတဲ့ အတွက် ကျနော့်ကို အရမ်းအချစ်ပိုကြပါတယ်။ ကျနော်က အဒေါ်တွေဆီ မပူဆာလိုက်နဲ့ သူတို့က ရအောင်လုပ်ပေးတတ်ပါတယ်။ ဒီတော့ ကလေးဘ၀မှာ ပျော်ရွှင်ခဲ့ရပါတယ်။ တရက်ကို အဒေါ် နှစ်ယောက်ဆီမှာ မုန့်ဖိုးတောင်း နောက်ရက်ကျရင် နောက်အဒေါ်နှစ်ယောက်ဆီမှာ မုန့်ဖိုးတောင်းနဲ့ တပတ်ကို အဒေါ်တွေဆီ တောင်းလိုက်တာနဲ့ အဆင်ပြေနေပါကောပဲး) ခုတော့ တချို့အဒေါ်တွေလဲ အိမ်ထောင်ကျကုန်တော့ ကလေးတွေရကုန်ပြီ ကျနော်လဲ အဝေးရောက်နေတော့ အချစ်တွေ ပျောက်နေလောက်ပါပြီ....

ငယ်စဉ်က ကျနော်တို့ မောင်နှမ နှစ်ယောက်သာရှိသာ မတည့်ကြပါဘူး ကြောင်နဲ့ကြွက်ကြနေတာပါပဲ။ ကျနော်က ငယ်ငယ်ကတည်းက စတတ်နောက်တတ်ပါတယ်။ အမြဲတမ်းရန်ဖြစ်နေကြပါ ဒါဆို အမေ့ရဲ့တုတ်စာ မိတော့တာပါပဲ။ ကျနော်တို့နယ်တွေမှာ များသောအားဖြင့် မိဘတွေက သားသမီးတွေကို ရိုက်ပြီး ဆုံးမတတ်ပါတယ်။ ကျနော် (၉)တန်းလောက်ထိ ရိုက်ခံရဖူးပါတယ်။ ဒီတော့ ငယ်တုန်းက တပတ်မှာ အနဲဆုံး သုံးခါလောက်တော့ ရိုက်ခံထိတတ်ပါတယ်။ ငယ်တုန်းက ကျနော်တို့ မောင်နှမတွေ ထမင်းစားပြီးဆို လူလည်ကြတာလေးရှိပါတယ်။ ကျနော့်အမက အသားငါးအရမ်းကြိုက်တာပါ သူက ထမင်းစားပြီးဆို အသားကိုများများ စားပြီး ထမင်းကိုနဲနဲပဲ စားတတ်ပါတယ်။ ဒီတော့ နောက်ပိုင်းကျ ထမင်းပဲ ကျန်တော့တယ် အသားကမရှိတော့ပါဘူး။ ကျနော်က အသားကို နဲနဲ ထမင်းကိုများများစားတတ်ပါတယ်။ ဒီတော့ သူက ကျနော့်အသားကိုလာလာပြီး တောင်းပါတယ်။ ဒါဆို ကျနော်ပြောနေကြစကားအတိုင်း သူလုပ်ပေးရပါတယ်။ ကျနော်က သူ့ကိုအသားပေးတယ် ပြီးရင် သူက ကျနော်စားပြီးသား ပန်းကန်ဆေးရပါတယ် အဟဲ အဲ့လိုလေးတွေ လူလည်ကျတာပါ။ :P

ကစားနည်းအနေနဲ့က ကျနော်က စွန်(ခ)လေတံခွန် လွှတ်အရမ်းဝါသနာပါတာပါ။ စွန်လွှတ်တဲ့ ရာသီရောက်ရင် ကျနော့်ကိုလိုက်ဖမ်းလို့ကိုမရတော့ပါဘူး မနက်မိုးလင်းရင် ရစ်ဘီးလေးကိုင်ပြီး စွန်တွေယူပြီး အိမ်ကထွက်သွားပါတယ် နေ့လည်ထမင်းစားချိန်ဆို ကျနော်ရဲ့အဖွားအိမ်မှာသွားပြီး စားပါတယ်။ ပြီးရင် လမ်းတလျှောက်စွန်လိုက်လွှတ်ပါတယ်။ ညနေ နေ၀င်လို့မှောင်မှ ပြန်လာတာပါ။ စွန်လွှတ်တဲ့ရာသီဆို အစကတည်းက မဖြူတဲ့အသားက နီဂရိုးအလားပါပဲ အဟဲ.....
တခြားကစားတဲ့ရာသီဆိုရင်တော့ ဓလေ့အလိုက် ကစားတာပါပဲ... ဂျင်ပေါက်မယ် ဂေါ်လီပစ်တယ်။ ဘောလုံးကန်တယ် ဘောလုံးကန်တာလဲ ၀ါသနာပါ။ ကျနော်တို့သူငယ်ချင်းတွေ ဖွဲ့ထားတဲ့ ဘောလုံးအသင်းတောင် ရှိပါသေးတယ် ဘယ်ရပ်ကွက်ကပဲ ချိန်းချိန်းလိုက်ကန်တာပါပဲ ကန်တာက အုတ်ကွင်းပါ အောက်မှာခင်းထားတာက အုတ်တွေပါ။ အနိုင်ရတဲ့ ပိုက်ဆံက အနာဂတ်ပလာစတာဝယ်ဖို့တောင် မလောက်ပါဘူး အဲ့လ
ိုဝါသနာပါတာပါ။ ပြန်လာရင်တော့ ဒူးတွေပြဲ၊ လက်တွေပွန်းပေါ့ တခါတလေ ရန်ဖြစ်တာကပါသေးတယ်။ ကလေးဘ၀ဆိုတော့ ထိထိမိမိတခါမှ မထိုးဖူးပါဘူး မိုက်လားဘာညာပေါ့ အော်နေတာနဲ့ပဲ ပြီးသွားတာပါပဲ....

ငယ်ဘ၀အကြောင်းကို ပြောမယ်ဆို ကျနော်အဖိုးကိုလဲ မေ့ထားလို့မရပါဘူး။ ခုဆိုအဖိုးဆုံးသွားတာ နှစ်ပေါင်းအတော်ကြာပေါ့။ ဒါပေမဲ့ အခုချိန်ထိ သတိတရ ရှိနေဆဲပါ။ အိမ်မက်ထဲမှာတော့ အဖိုးဟာ ကျနော်နဲ့ စကားတွေ ပြောနေတတ်တုန်းပါ။ အဖိုးဟာ သူရဲ့ အချစ်တွေကို အပြင်မထုတ်ပြတတ်တဲ့ လူစားမျိုးပါ။ အမြဲတမ်းကျနော်တို့မောင်နှမတွေ၊ သူ့ရဲ့သားသမီးတွေကို ဆူတယ် ဟောက်နေကြပါ။ ဒါပေမဲ့ သူ့မှာ နုညံ့တဲ့ နှလုံးသားရှိပါတယ်။ လမ်းဘေးမှာ ဒုက္ခရောက်နေတဲ့လူတယောက်တွေ့ရင် အိမ်ကိုခေါ်လာပြီး ထမင်းကျွေး၊ အ၀တ်အစားပေး သုံးဖို့ပိုက်ဆံပေးတတ်ပါတယ်။ တိရစ္ဆာန်တွေကိုလဲ အရမ်းချစ်တတ်ပါတယ်။ မှတ်မိသေးတယ် တခါက အဖိုးလက်သဲခြေသဲ ညှပ်နေတုန်း အဖိုးခေါင်းပေါ်မှာ စာကလေးငှက်လေးတွေ လာနားတာကို တွေ့ဖူးပါတယ်။ အဖိုးတို့ မျိုးရိုးက စိတ်အရမ်းကြီးပါတယ်။ ဒါပေမဲ့ လူဖြောင့်စိတ်တိုလို့ပဲ ပြောရမလားမသိဘူး စိတ်တို စိတ်ဆိုးစရာတွေရှိရင် ချက်ချင်းပြောတယ် ဆူတယ် ပြီးရင်တော့ အဲ့ကိစ္စကို နောက်ကြောင်းတောင် တခါမှ ပြန်မလှည့်ဖူးပါဘူး။ ကျနော်တို့တမျိုးလုံးက အဖိုးကို အရမ်းကြောက်ကြပါတယ်။ ကျနော်လဲ အရမ်းကြောက်ရတာပေါ့။ ဒါပေမဲ့ အဖိုးဆုံးသွားတဲ့ထိ ကျနော့်အဖိုးရဲ့ အရိုက်ကို ကျနော် မခံခဲ့ဖူးပါဘူး။း)

နွေရောက်ပြီဆို သူငယ်ချင်းတွေစုပြီး တောထဲသွားတယ်။ တောင်သူတွေစိုက်ထားတဲ့ ယာတွေထဲက သစ်တောသီးတွေ ခိုးစားတယ်.. ငါးလိုက်ပက်တယ် ငှက်လိုက်ပစ်ဖူးပါတယ်။ ပင်စိမ်းသီးတွေခူးပြီး အိမ်ကယူလာတဲ့ ပဲပုတ်ထောင်းနဲ့ စားကြတယ်။ ကျနော်တို့ဒေသမှာ တောထဲထွက်ရင်၊ တောင်ပေါ်တက်ရင် စကားပုံလေးတခုရှိတယ် ရှေ့ခြောက်နောက်လေး တဲ့။ ဆိုလိုတာက အရှေ့ဖက်ကိုသွားရင် ခြောက်ယောက်၊ အနောက်ဖက်ကိုသွားရင် ၄ယောက်ထဲမသွားရဘူးပေါ့။ တခုခုဖြစ်တတ်ပါတယ်။ ကျနော်တို့ဒေသက အယူအဆပါ တကယ်လဲဖြစ်တတ်ပါတယ်။ ကျနော်တို့ အရှေ့ဖက်က တောင်တက်တုန်းက သွားဖူးနေကြကို လျှာရှည်ပြီးလမ်းသစ်ရှာပြီးတက်တာ လမ်းပျောက်ပြီး မျက်စေ့လည်ဖူးပါတယ်။ ဒါနဲ့ လူတွက်လိုက်တော့ ၆ ယောက်ဖြစ်နေပါတယ်။ ဒါနဲ့ မောင်ကျောက်ခဲကို အဖော်ခေါ်ပြီး ထပ်တက်ရတာပေါ့။ မောင်ကျောက်ခဲဆိုတာ သရဲအကြောင်းတွေ ရေးနေတဲ့ ဦးကျောက် ကိုပြောတာမဟုတ် ကျောက်ခဲအနေတော်တခုကိုယူပြီး မောင်ကျောက်ခဲရေ ငါတို့နဲ့လိုက်ခဲ့ဆိုပြီး အိတ်ထဲထည့်ပြီး ခေါ်သွားရတာပါ...

အခုလို တယောက်ထဲအဝေးရောက်နေတဲ့အချိန်မှာ ကျနော်တို့တွေ မိသားစုကိုလွမ်းတတ်ပါတယ်။ ခင်မင်ခဲ့တဲ့လူတိုင်းကိုလွမ်းတတ်ပါတယ်။ ဒီလိုချိန်မျိုးမှာကိုယ်ငယ်စဉ်က ကလေးဘ၀ကိုပြန်တွေးကြည့်ရင်လဲ ပျော်စရာတွေအပြည့်နဲ့ဖြစ်နေမှာပါပဲ.. ထပ်ပြီး Tag ချင်ပါတယ်။ ကံစမ်းမဲပေါက်သူများကတော့

၁) ကိုဖိုးစိန်
၂) ကိုမိုးကုတ်သား
၃) ရေတမာ
၎) ခီလောက်

(၄)ယောက်ပဲ Tag တော့မယ် အညာမြေက ကလေးဘ၀တွေကို ခံစားချင်လို့ ဒီ ၃ယောက်ကို ရွေးချယ်ပါတယ်း)

လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။

လေးစားလျက် တောင်ပေါ်သား

ကလေးဘဝ အမှတ်တရလေးများ

ကိုအိမ် က ငယ်စဉ်ကလေးဘ၀ဆိုတာကို ရေးခိုင်းပါတယ်။ ကျနော်ရဲ့ ကလေးဘ၀မှာ ထွေထွေထူးထူး ထူးထူးဆန်းဆန်းရယ်လို့တော့ သေချာမရှိခဲ့ဖူးပါဘူး။ ဒါပေမဲ့ အမှတ်တရတခုခုဖြစ်စေ ကျနော်ကြိုက်နှစ်သက်တဲ့ ကစားနည်းတွေဆိုရင်တော့ ခုချိန်ထိ စိတ်ထဲက စွဲလန်းတတ်တဲ့ အကျင့်တခုရှိပါတယ်။ ကျနော်တို့ မိသားစုမှာ မောင်နှမဆိုလို့ ကျနော်နဲ့ ကျနော်အမ နှစ်ယောက်ထဲ ရှိတာပါ။ ဒီအတွက် အမေက ငယ်စဉ်ကတည်းက မိန်းကလေးဖြစ်တဲ့ အမကို အစစအရာရာ ပိုအလိုလိုက်ခဲ့မယ်ထင်ပါတယ်။ ကျနော်ဦးလေးတွေကလဲ ကျနော့်အမကို ကျနော့်ထက်ပိုပြီး ဂရုစိုက်အချစ်ပိုခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်တို့မိသားစုမှာ မိန်းကလေးအဒေါ်တွေက ပိုများပါတယ်။ အဒေါ်တွေအားလုံးက ကျနော့်ကို အသဲပေါက်မတတ်ချစ်ကြပါတယ်...း)

ကျနော်တို့ အမေမိသားစုမှာ မောင်နှမတော်တော်များပါတယ်။ အားလုံးပေါင်း (၁၃)ယောက်လောက်ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ တောင်ကြီးမှာ နေထိုင်တဲ့ အမျိုးတွေက ပိုများပါတယ်။ ပြီးတော့ကျနော်တယောက်သာ ယောကျာ်းလေးလဲဖြစ်တယ်။ တူတူနေလဲ နေကြတဲ့ အတွက် ကျနော့်ကို အရမ်းအချစ်ပိုကြပါတယ်။ ကျနော်က အဒေါ်တွေဆီ မပူဆာလိုက်နဲ့ သူတို့က ရအောင်လုပ်ပေးတတ်ပါတယ်။ ဒီတော့ ကလေးဘ၀မှာ ပျော်ရွှင်ခဲ့ရပါတယ်။ တရက်ကို အဒေါ် နှစ်ယောက်ဆီမှာ မုန့်ဖိုးတောင်း နောက်ရက်ကျရင် နောက်အဒေါ်နှစ်ယောက်ဆီမှာ မုန့်ဖိုးတောင်းနဲ့ တပတ်ကို အဒေါ်တွေဆီ တောင်းလိုက်တာနဲ့ အဆင်ပြေနေပါကောပဲး) ခုတော့ တချို့အဒေါ်တွေလဲ အိမ်ထောင်ကျကုန်တော့ ကလေးတွေရကုန်ပြီ ကျနော်လဲ အဝေးရောက်နေတော့ အချစ်တွေ ပျောက်နေလောက်ပါပြီ....

ငယ်စဉ်က ကျနော်တို့ မောင်နှမ နှစ်ယောက်သာရှိသာ မတည့်ကြပါဘူး ကြောင်နဲ့ကြွက်ကြနေတာပါပဲ။ ကျနော်က ငယ်ငယ်ကတည်းက စတတ်နောက်တတ်ပါတယ်။ အမြဲတမ်းရန်ဖြစ်နေကြပါ ဒါဆို အမေ့ရဲ့တုတ်စာ မိတော့တာပါပဲ။ ကျနော်တို့နယ်တွေမှာ များသောအားဖြင့် မိဘတွေက သားသမီးတွေကို ရိုက်ပြီး ဆုံးမတတ်ပါတယ်။ ကျနော် (၉)တန်းလောက်ထိ ရိုက်ခံရဖူးပါတယ်။ ဒီတော့ ငယ်တုန်းက တပတ်မှာ အနဲဆုံး သုံးခါလောက်တော့ ရိုက်ခံထိတတ်ပါတယ်။ ငယ်တုန်းက ကျနော်တို့ မောင်နှမတွေ ထမင်းစားပြီးဆို လူလည်ကြတာလေးရှိပါတယ်။ ကျနော့်အမက အသားငါးအရမ်းကြိုက်တာပါ သူက ထမင်းစားပြီးဆို အသားကိုများများ စားပြီး ထမင်းကိုနဲနဲပဲ စားတတ်ပါတယ်။ ဒီတော့ နောက်ပိုင်းကျ ထမင်းပဲ ကျန်တော့တယ် အသားကမရှိတော့ပါဘူး။ ကျနော်က အသားကို နဲနဲ ထမင်းကိုများများစားတတ်ပါတယ်။ ဒီတော့ သူက ကျနော့်အသားကိုလာလာပြီး တောင်းပါတယ်။ ဒါဆို ကျနော်ပြောနေကြစကားအတိုင်း သူလုပ်ပေးရပါတယ်။ ကျနော်က သူ့ကိုအသားပေးတယ် ပြီးရင် သူက ကျနော်စားပြီးသား ပန်းကန်ဆေးရပါတယ် အဟဲ အဲ့လိုလေးတွေ လူလည်ကျတာပါ။ :P

ကစားနည်းအနေနဲ့က ကျနော်က စွန်(ခ)လေတံခွန် လွှတ်အရမ်းဝါသနာပါတာပါ။ စွန်လွှတ်တဲ့ ရာသီရောက်ရင် ကျနော့်ကိုလိုက်ဖမ်းလို့ကိုမရတော့ပါဘူး မနက်မိုးလင်းရင် ရစ်ဘီးလေးကိုင်ပြီး စွန်တွေယူပြီး အိမ်ကထွက်သွားပါတယ် နေ့လည်ထမင်းစားချိန်ဆို ကျနော်ရဲ့အဖွားအိမ်မှာသွားပြီး စားပါတယ်။ ပြီးရင် လမ်းတလျှောက်စွန်လိုက်လွှတ်ပါတယ်။ ညနေ နေ၀င်လို့မှောင်မှ ပြန်လာတာပါ။ စွန်လွှတ်တဲ့ရာသီဆို အစကတည်းက မဖြူတဲ့အသားက နီဂရိုးအလားပါပဲ အဟဲ.....
တခြားကစားတဲ့ရာသီဆိုရင်တော့ ဓလေ့အလိုက် ကစားတာပါပဲ... ဂျင်ပေါက်မယ် ဂေါ်လီပစ်တယ်။ ဘောလုံးကန်တယ် ဘောလုံးကန်တာလဲ ၀ါသနာပါ။ ကျနော်တို့သူငယ်ချင်းတွေ ဖွဲ့ထားတဲ့ ဘောလုံးအသင်းတောင် ရှိပါသေးတယ် ဘယ်ရပ်ကွက်ကပဲ ချိန်းချိန်းလိုက်ကန်တာပါပဲ ကန်တာက အုတ်ကွင်းပါ အောက်မှာခင်းထားတာက အုတ်တွေပါ။ အနိုင်ရတဲ့ ပိုက်ဆံက အနာဂတ်ပလာစတာဝယ်ဖို့တောင် မလောက်ပါဘူး အဲ့လိုဝါသနာပါတာပါ။ ပြန်လာရင်တော့ ဒူးတွေပြဲ၊ လက်တွေပွန်းပေါ့ တခါတလေ ရန်ဖြစ်တာကပါသေးတယ်။ ကလေးဘ၀ဆိုတော့ ထိထိမိမိတခါမှ မထိုးဖူးပါဘူး မိုက်လားဘာညာပေါ့ အော်နေတာနဲ့ပဲ ပြီးသွားတာပါပဲ....

ငယ်ဘ၀အကြောင်းကို ပြောမယ်ဆို ကျနော်အဖိုးကိုလဲ မေ့ထားလို့မရပါဘူး။ ခုဆိုအဖိုးဆုံးသွားတာ နှစ်ပေါင်းအတော်ကြာပေါ့။ ဒါပေမဲ့ အခုချိန်ထိ သတိတရ ရှိနေဆဲပါ။ အိမ်မက်ထဲမှာတော့ အဖိုးဟာ ကျနော်နဲ့ စကားတွေ ပြောနေတတ်တုန်းပါ။ အဖိုးဟာ သူရဲ့ အချစ်တွေကို အပြင်မထုတ်ပြတတ်တဲ့ လူစားမျိုးပါ။ အမြဲတမ်းကျနော်တို့မောင်နှမတွေ၊ သူ့ရဲ့သားသမီးတွေကို ဆူတယ် ဟောက်နေကြပါ။ ဒါပေမဲ့ သူ့မှာ နုညံ့တဲ့ နှလုံးသားရှိပါတယ်။ လမ်းဘေးမှာ ဒုက္ခရောက်နေတဲ့လူတယောက်တွေ့ရင် အိမ်ကိုခေါ်လာပြီး ထမင်းကျွေး၊ အ၀တ်အစားပေး သုံးဖို့ပိုက်ဆံပေးတတ်ပါတယ်။ တိရစ္ဆာန်တွေကိုလဲ အရမ်းချစ်တတ်ပါတယ်။ မှတ်မိသေးတယ် တခါက အဖိုးလက်သဲခြေသဲ ညှပ်နေတုန်း အဖိုးခေါင်းပေါ်မှာ စာကလေးငှက်လေးတွေ လာနားတာကို တွေ့ဖူးပါတယ်။ အဖိုးတို့ မျိုးရိုးက စိတ်အရမ်းကြီးပါတယ်။ ဒါပေမဲ့ လူဖြောင့်စိတ်တိုလို့ပဲ ပြောရမလားမသိဘူး စိတ်တို စိတ်ဆိုးစရာတွေရှိရင် ချက်ချင်းပြောတယ် ဆူတယ် ပြီးရင်တော့ အဲ့ကိစ္စကို နောက်ကြောင်းတောင် တခါမှ ပြန်မလှည့်ဖူးပါဘူး။ ကျနော်တို့တမျိုးလုံးက အဖိုးကို အရမ်းကြောက်ကြပါတယ်။ ကျနော်လဲ အရမ်းကြောက်ရတာပေါ့။ ဒါပေမဲ့ အဖိုးဆုံးသွားတဲ့ထိ ကျနော့်အဖိုးရဲ့ အရိုက်ကို ကျနော် မခံခဲ့ဖူးပါဘူး။း)

နွေရောက်ပြီဆို သူငယ်ချင်းတွေစုပြီး တောထဲသွားတယ်။ တောင်သူတွေစိုက်ထားတဲ့ ယာတွေထဲက သစ်တောသီးတွေ ခိုးစားတယ်.. ငါးလိုက်ပက်တယ် ငှက်လိုက်ပစ်ဖူးပါတယ်။ ပင်စိမ်းသီးတွေခူးပြီး အိမ်ကယူလာတဲ့ ပဲပုတ်ထောင်းနဲ့ စားကြတယ်။ ကျနော်တို့ဒေသမှာ တောထဲထွက်ရင်၊ တောင်ပေါ်တက်ရင် စကားပုံလေးတခုရှိတယ် ရှေ့ခြောက်နောက်လေး တဲ့။ ဆိုလိုတာက အရှေ့ဖက်ကိုသွားရင် ခြောက်ယောက်၊ အနောက်ဖက်ကိုသွားရင် ၄ယောက်ထဲမသွားရဘူးပေါ့။ တခုခုဖြစ်တတ်ပါတယ်။ ကျနော်တို့ဒေသက အယူအဆပါ တကယ်လဲဖြစ်တတ်ပါတယ်။ ကျနော်တို့ အရှေ့ဖက်က တောင်တက်တုန်းက သွားဖူးနေကြကို လျှာရှည်ပြီးလမ်းသစ်ရှာပြီးတက်တာ လမ်းပျောက်ပြီး မျက်စေ့လည်ဖူးပါတယ်။ ဒါနဲ့ လူတွက်လိုက်တော့ ၆ ယောက်ဖြစ်နေပါတယ်။ ဒါနဲ့ မောင်ကျောက်ခဲကို အဖော်ခေါ်ပြီး ထပ်တက်ရတာပေါ့။ မောင်ကျောက်ခဲဆိုတာ သရဲအကြောင်းတွေ ရေးနေတဲ့ ဦးကျောက် ကိုပြောတာမဟုတ် ကျောက်ခဲအနေတော်တခုကိုယူပြီး မောင်ကျောက်ခဲရေ ငါတို့နဲ့လိုက်ခဲ့ဆိုပြီး အိတ်ထဲထည့်ပြီး ခေါ်သွားရတာပါ...

အခုလို တယောက်ထဲအဝေးရောက်နေတဲ့အချိန်မှာ ကျနော်တို့တွေ မိသားစုကိုလွမ်းတတ်ပါတယ်။ ခင်မင်ခဲ့တဲ့လူတိုင်းကိုလွမ်းတတ်ပါတယ်။ ဒီလိုချိန်မျိုးမှာကိုယ်ငယ်စဉ်က ကလေးဘ၀ကိုပြန်တွေးကြည့်ရင်လဲ ပျော်စရာတွေအပြည့်နဲ့ဖြစ်နေမှာပါပဲ.. ထပ်ပြီး Tag ချင်ပါတယ်။ ကံစမ်းမဲပေါက်သူများကတော့

၁) ကိုဖိုးစိန်
၂) ကိုမိုးကုတ်သား
၃) ရေတမာ
၎) ခီလောက်

(၄)ယောက်ပဲ Tag တော့မယ် အညာမြေက ကလေးဘ၀တွေကို ခံစားချင်လို့ ဒီ ၃ယောက်ကို ရွေးချယ်ပါတယ်း)

လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။

လေးစားလျက် တောင်ပေါ်သား

အိမ်လွမ်းသူ

ကျနော့်ရင်တွေအရမ်းခုန်နေသည် မခုန်ပဲနေပါ့မလား မွေးရပ်မြေကို မပြန်ဖြစ်သည်မှာ နှစ်ပေါင်းမနဲတော့ပေ။ ခုတော့ ကျနော်ခင်တွယ်သော မွေးရပ်မြေ၊ ချစ်သောအမေ၊ မိသားစုတို့နှင့် တွေ့ရတော့မည်။ ညအမှောင်အောက်မှာ တရိပ်ရိပ်ပြေးနေသော အဝေးပြေးကားကြီးပေါ်မှာ နားကြပ်လေးတပ်ပြီး ဘိုဖြူရဲ့ မွေးရပ်မြေ သီချင်းလေးကို ထပ်တလဲလဲ နားထောင်ပြီး ပျော်ရွှင်နေမိသည်။ မနက်ဖြန်မနက်ဆိုလျှင် ကျနော်နေသော အရပ်သို့ရောက်တော့မည်။ အတွေးများနဲ့ တကိုယ်တည်း စိတ်ကူးယဉ်နေစဉ် ကားဆရာ၏ အော်သံကိုကြားလိုက်ရသည်။ အပေါ့အပါးသွားရန်ခဏနားခြင်း ဖြစ်ပေသည်။ ကားထဲက ဆင်းလိုက်သည်နှင့်တပြိုင်တည်း ညအမှောင်မှာ အေးမြသောလေတို့သည် မောပန်းနေသော လူရဲ့စိတ်ကို အတော်အတန်တော့ လန်းဆန်းစေသည်မှာ အမှန်ပင်.... ဒီလိုနဲ့ ကားပေါ်ပြန်တက် နားကြပ်လေး နားထဲထိုးထည့် မျက်လုံးလေး မှိန်းပြီးလိုက်လာခဲ့တော့သည်။ ပစ္စည်းတွေ သေချာကြည့်နော် ကိုယ့်ပစ္စည်းသေချာပါမပါကြည့် ပျောက်ရင်တာဝန်မယူဘူး..... ဟူသော စပါယ်ယာ၏အော်သံကြောင့် ကျနော်နိုးလာခဲ့သည်။ အချိန်ကိုကြည့်လိုက်တော့ မနက်လင်းအားကြီးချိန် လမ်းခုလတ်မှာ ခရီးသည်တယောက် ဆင်းနေခြင်းဖြစ်ကြောင်းစိတ်က အလိုလိုသိလိုက်သည်။ ဘေးမှာထိုင်နေသော အကိုကြီးကို ဘယ်နေရာရောက်နေပြီးလဲမေးတော့ နောက် ၃၊၄ နာရီလောက်ဆို ကျနော်နေတဲ့ မြို့လေးကိုရောက်တော့မည်ဟု သိလိုက်သည်...

တရိပ်ရိပ်နဲ့ လေအလျင်လား ပြေးလွှားနေသောကားလေးသည် ကျနော်တို့မြို့လေးပေါ်ကိုတက်ရန် တောင်ခြေအောက်နားရောက်တောင်လာပြီ။ ကျနော်စိတ်တို့ကားအငြိမ်မနေနိုင် ကျနော်ချစ်သော တောင်တန်းတွေကို ကြည့်ချင်လာသည်။ ဒါနဲ့ရှေ့ခေါင်းခန်းက ကားစပါယ်ရာထိုင်နေသော နေရာနားသွားထိုင်ပြီး အရှေ့တည့်တည့်ကနေ တောင်တန်းတွေကို တ၀ကြီးကြည့်လိုက်သည်။ဖွင့်ထားသော တံခါးမှသည် ရှမ်းပြည်ရဲ့လေအေးအေးလေးကို ရှူရှိုက်ရသည်ကိုကား ကျနော်လို တောင်ပေါ်သားတယောက်အတွက် ရသတခုပင်မဟုတ်ပါလား... တောင်ပတ်လမ်းလေးအတိုင်း တဖြည်းဖြည်းကားလေးကတက်လာသည်။ ခုဆို အမေလည်းအိမ်ပေါက်ဝက သားပြန်အလာကို မျှော်နေတော့မည်။ သူငယ်ချင်းတွေကတော့ လာကြိုမည်ဟု ပြောထားသည်။ ဒီကောင်တွေတောင် မိန်းမတွေရလို့ ဘာတွေ ပြောင်းလဲကုန်ပြီလဲမသိ..... ပြန်တွေ့မှ အရင်အကြောင်းတွေ ပြောကြရင်း ညှင်းဆဲရဦးမည် အနိုင်ကျင့်ရဦးမည်.......

ကားဂိတ်ကို ကျနော်တို့ကားကြီး ဆိုက်ကပ်လိုက်သည်နှင့်တပြိုင်တည်း မျက်လုံးကဘေးဘီကို လျှောက်ကြည့်နေမိသည်။ Taxi ငှားမလားဟု ဟန်ဆောင်မူကင်းတဲ့ စကားသံဝဲ၀ဲနဲ့ ဦးလေးကြီးများ၏ အသံကိုလဲ ကြားနေရသည်။ စိတ်ထဲမှာတော့ ငိုချင်သလိုလိုဖြစ်မိသည် ဟန်ဆောင်မှုများပြီး အပေါ်ယံပေါင်းတတ်တဲ့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံနေရတာ ဒီလိုရိုးသားတဲ့ လူတွေကိုတွေ့ရတော့ ဘ၀ကိုအားမလိုအားမရဖြစ်မိပြန်သည်။ ထိုစဉ် ကျနော့်ခေါ်သံကို ကြား၍ နောက်လှည့်ကြည့်လိုက်တော့ ဦးထုပ်၊အနွေးထည်အပြည့်အစုံနဲ့ ကျနော်ရဲ့ အခင်ဆုံး သူငယ်ချင်းတွေကို တွေ့ရသည်။ တယောက်နဲ့ တယောက် ပခုံးချင်းဖက်ပြီး ပေါင်းလာသည် ပြောမနာဆိုမနာသူငယ်ချင်းတွေ ယခုတော့လဲ မိန်းမတွေရလို့ လူကြီးစတိုင်တွေနဲ့တောင် ဖြစ်နေပါကောလား...... ထို့နောက် တယောက် အိတ်တလုံးစီ ထမ်းပြီးကားပေါ်တက် အမေ့အိမ်ရှိရာသို့.........

ကားလေးဖြတ်သန်းရာ လမ်းတလျှောက်ကိုကြည့်လိုက်မိတော့ တိုက်တာအဆောက်အဦးတွေက အရင်ကထက် ပိုမိုတိုးတက

ကားလေးဖြတ်သန်းရာ လမ်းတလျှောက်ကိုကြည့်လိုက်မိတော့ တိုက်တာအဆောက်အဦးတွေက အရင်ကထက် ပိုမိုတိုးတက်လာခဲ့သည်ကို သတိထားမိသည်။ ခေတ်စနစ်ရဲ့ တိုးတက်မူတွေနောက်လိုက်ပြီး ပြောင်းလဲခဲ့ရပေမဲ့ အရင်ရှိခဲ့တဲ့ ရိုးသားတဲ့ စာရိတ္တလေးတွေကိုတော့ ကျနော်မပြောင်းလဲစေချင်ပေ... ရိုးသားတဲ့ ၀တ်စားဆင်ယင်မှုတွေကိုလည်း အရင်အတိုင်းရှိနေစေချင်သည်။ ဈေးကိုဖြတ်သွားတော့ ချစ်စရာတိုင်းရင်းသူတွေရဲ့ ဖြူစင်တဲ့အပြုံးတွေကိုလဲ ကားပေါ်မှ ဖြတ်ခနဲ တွေ့လိုက်ရသေးသည်.... အိမ်ရှေ့မှာ ကားရပ်လိုက်သည်နှင့် တဦးတည်းသော အမနဲ့ကလေးတသိုက်ထွက်လာသည်။ အော် ကလေးတွေကိုမြင်မှ ငါလဲ ဦးလေးဘ၀ကို အလိုလိုနေရင်းရောက်နေပါ့လားလို့ တွေးမိသား..... ဘာလိုလိုနဲ့ အမေတောင်မှ အဖွားအဖြစ် တဆင့်တိုး တာဝန်တွေ ယူနေရပါ့လား... အိမ်ရှေ့ခြံတံခါးကနေအထဲကို လှမ်းကြည့်လိုက်တော့ အိမ်တံခါးဘေးမှာ မတ်တပ်ရပ်နေသော အမေ့ကိုတွေ့ရသည်..... ပါးပြင်မှာ မျက်ရည်စတွေနဲ့ ၀မ်းသာလွန်းလို့ အမေငိုနေပြီ အော် အမေရယ် အရင်တုန်းလို စိတ်ကငိုလွယ်ရီလွယ်ပါပဲလား... လူအများရှေ့ရောက်ရင် ပြတ်သားတတ်သလောက် တကယ့်နှလုံးသားက ပျော့ပြောင်းနေဆဲပါ့လား အမေ.....

အိတ်တွေကိုချ အိမ်ရှေ့ခန်းမှာ သူငယ်ချင်းတွေနဲ့ ထွေရာလေးပါးစကားတွေ ပြောနေကြတာ မောတာတွေလဲ ဘယ်ဆီပျောက်မှန်းမသိတော့ အမေကတော့ ကုလားထိုင်လေးပေါ်မှာထိုင်ပြီး ချစ်သားရဲ့ခေါင်းလေးကို ကိုင်ရင်း သားပြောသမျှကို ပြုံးရွှင်စွာနဲ့ နားထောင်နေတာပဲ... ချစ်စရာ တူလေးတွေနဲ့ပျော်ရွှင်ဖွယ်အမတို့ မိသားစုရဲ့ဘ၀ကိုကြည့်ပြီးလဲ အဝေးရောက်လူတယောက်အနေနဲ့ ထူးဆန်းနေမိသလိုလို... ဒီလို ပျော်ရွှင်ဖွယ်မိသားစုလေးနဲ့ မဆုံဆည်းဖြစ်တာ နှစ်တွေလဲ မနဲတော့ဘူးလေ.... ဒီလိုနဲ့စကားတွေ ပြောပြီး ခဏနားတရေးအိပ်ပြီး ညနေရောက်တော့ အမေရဲ့ မစားရတာကြာပြီဖြစ်သော ငါးခေါင်းဟင်းချိုလေးနဲ့ ထမင်းကိုစား... လူစုံစွာနဲ့ ပျော်ရွှင်ဖွယ် ထမင်းဝိုင်းလေးမှာ အပျော်ဆုံးလူသားကတော့ အမေပဲဖြစ်ပါလိမ့်မယ်... ထမင်းစားပြီးတော့ သူငယ်ချင်းတွေလာခေါ်လို့ ကျနော်တို့မြို့ရဲ့ ညအလှဆည်းဆာကို ခံစားဖို့ထွက်ခဲ့ပြန်သည်... ရောင်စုံမီးတွေကြားထဲက မြို့ငယ်လေးတခု သာမာန်လူတွေအတွက် ဘာမှ အနှစ်သာရမရှိတဲ့ မြို့ငယ်လေးဖြစ်ပေမဲ့ ကျနော်တို့တောင်ပေါ်လူတွေ ရင်ထဲမှာတော့ ဒီမြို့လေးသည် ကျနော်တို့ဘ၀.... ကျနော်တို့အားမာန်တွေကို မွေးဖွားပေးခဲ့သည့်မြို့လေး....

ညဈေးရဲ့ လမ်းဘေးလက်ဖက်ရည်ဆိုင်လေးရဲ့ ထောင့်တနေရာကိုယူပြီး ခေါပုတ်ကင်လေးကိုစားလို့ လက်ဖက်ရည်လေးရဲ့ အရသာကို ဇိမ်ခံရင်းသူငယ်ချင်းတွေ ဟိုအရင်ကအကြောင်းတွေ ပြောလိုက် ကိုယ်တွေဘ၀ရဲ့ အတွေ့အကြုံတွေကို ပြန်ပြောလိုက် ငယ်စဉ်က ချစ်သူတွေအကြောင်းပြောလိုက်နဲ့ ပျော်ရွှင်စရာလေးတွေနဲ့ အချိန်ကိုကြည့်တော့ ညမိုးချုပ်နေပြီ အိမ်အပြန်လမ်းတွင်တော့ အရင်တုန်းကအတိုင်း မှောင်အတိလမ်းလေးမှာ သူငယ်ချင်းတသိုက် စလိုက်နောက်လိုက်နဲ့ ပျော်ရွှင်ခဲ့ကြသည်.. အိမ်ရှေ့တံခါးကို ခေါက်မလို့ရှိသေး အမေ့ရဲ့အပြုံးတွေနဲ့အတူ တံခါးဖွင့်ပေးမှုက ဆီးကြိုနေသည်။ တညလုံး အမေ့ရဲ့ကုတင်လေးပေါ်မှာ သားအမိနှစ်ယောက်တူတူ အိပ်လို့ဘ၀ရဲ့အကြောင်းတွေ ပြောရင်းအမေ့ရဲ့ ရင်ခွင်ထဲမှာ ကလေးလေးတယောက်လို့ နွေးထွေးမှုတွေယူရင်းအိပ်မောကြခဲ့သည်။ တူတော်မောင်တွေကတော့ သူတို့အဖွားနားကပ်နေသော ကျနော့်ကို စိတ်ဆိုးနေရော့မည်.....

မကြားရတာကြာပြီဖြစ်သော အမေ့၏အော်သံလေးကြောင့် ကျနော်အိပ်ချင်မူးတူးဖြစ်နေရာကနေ နိုးထလာခဲ့သည်။ နာရီကိုကြည့်လိုက်တော့ မနက် ၇ နာရီပင်ကျော်ကျော်လေးပင်ရှိသေးသည်။ နောက်ထပ် ၁၅မိနစ်လောက် ပြန်အိပ်ဦးမှဟုတွေးကာ စောင်ကို ခေါင်းမြီးခြုံပြီး ကွေးနေမိသည်။ သားကြိုက်တဲ့ တို့ဟူးနွေး ၀ယ်ထားတယ် ဆိုသော အမေ့စကားသံကြောင့် ကျနော်မထချင် ထချင်နဲ့ထလာရသည်။ မျက်နှာသစ်ရန် အိမ်ပြင်ထွက်လိုက်တာနဲ့ အေးမြတဲ့ ဆောင်းလေတွေက လူကိုလာကျီစယ်နေပြန်သည်။ အေးမြတဲ့လေနှင့်အတူ မြေရနံ့သင်းသင်းလေးကိုလဲ ခံစားမိသလိုလို.. ရေပီပါထဲက ရေကိုလှမ်းခပ်လိုက်တော့ ရေခဲတမျှအေးနေသည်ကို သတိထားမိသည်။ ဒီလိုအထိအတွေ့ကို ကျနော်မခံစားခဲ့ရသည်မှာ ၅ နှစ်လောက်တောင် ရှိခဲ့ပါ့လားဟု တွေးနေမိပြန်သည်။ သွားတိုက် မျက်နှာကို အမြန်သစ်ပြီး အိမ်ထဲဝင်လာတော့ အမေပြင်ပေးထားသည့် မနက်စာက အဆင့်သင့် ကျနော်ကြိုက်တတ်သော အချိုရည်မပါသည့် တို့ဟူးနွေးနှင့် ပဲပြုတ်ထမင်းကြော်... ပြီးတော့ တောင်ပေါ်လက်ဖက်ခြောက်နဲ့ ငါးရံ့ခြောက်ဖုတ်မွှေးမွှေးလေး.....

တီ...တီ... တီ..တီ...တီ တီ...တီ... တီ..တီ...တီ..တီ..တီ..တီ.. တီ...တီ... တီ..တီ...တီ တီ...တီ... တီ..တီ...တီ..တီ..တီ..တီ..

စူးရှသော အသံကြောင့် လူက ၀ုန်းခနဲ ထထိုင်မိလေသည်... ဘေးဘီကိုကြည့်မိလိုက်သော မျက်စိထဲ အသားကျနေသော မမြင်ချင်သည် မြင်ကွင်းတွေ... ကျဉ်းမြောင်းလှသည့် ထောင်သာသာ အခန်းကျဉ်းလေးထဲ မဆံ့မပြဲထည့်ထားသော လူတွေနဲ့ အ၀တ်တွေ၊ ပွစိကျဲနေသာ စာရွက်၊စာအုပ်တွေနဲ့ ကွန်ပြူတာတွေ... သြော်.... ငါအိပ်မက် မက်နေတာပါ့လား.... နာရီကိုကြည့်လိုက်တော့ မနက် ၈း၄၅... သြော် စင်ကာပူရောက် လူသားတယောက်ရဲ့ဘ၀တွေပါ့လား..... အိပ်မက်တို့ကို မပျောက်ပျက်စေလို ဒီလိုအိပ်မက်မျိုးဘယ်တော့မှ အကောင်အထည်ဖော်နိုင်မည်မသိ... ဤအိပ်မက်ကို သိမ်းထားလို့ရရင် သိမ်းထားလိုက်ချင်သည်... ဆုံးဖြတ်လိုက်သည်... ဖုန်းကိုကောက်ကိုင် မက်ဆေ့တစောင်ရေးပြီး ပို့လိုက်သည် အလုပ်က မန်နေဂျာဆီသို. ....... စောင်ကို ခေါင်းအထိလွှမ်းခြုံပြီး အိပ်မက်ကို ဆက်လက်မက်နိုင်စေရန် ကျနော် အကောင်အထည်ဖော်တော့သည်.... သည်လိုနဲ့ ကျနော်ရဲ့ ခွင့်ရက်တွေလဲ တရက်ပြီး..တရက် ကုန်ဆုံးခဲ့ပြန်သည်... ဒါပေမဲ့ ကျနော် ကျေနပ်ပါသည်.....

စာကြွင်း။ ။ နေ့အိပ်မက် ရဲ့ အိမ်လွမ်းသူဆိုတဲ့ Tag ပိုစ့်လေးဖြစ်ပါသည်။ သူရေးစေချင်တာက ဘာကိုလဲတော့ ကျနော်မသိပါဘူး.. ကျနော်လွမ်းသော ကျနော်ချစ်သော မြို့လေးကိုပဲ ရေးသားလိုက်ပါတယ်။ အားလုံး နားလည်ပေးကြပါလို့ တောင်းဆိုပါတယ်။ Tag တွေ များနေပါတယ် အကြွေးပိနေပါတယ် နောက်ထပ် ၃ ခုလောက် ကျန်ပါသေးတယ် တဖြည်းဖြည်းရေးပါ့မယ်လို့ နောက်ကျရင် ခွင့်လွှတ်ပါလို့.... ပြန်မ Tag တော့ပါဘူးး)

ပုံကို Google မှ ယူထားပါတယ်။

လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။

လေးစားလျက် တောင်ပေါ်သား

D O O M S D A Y

ကျနော်သည် တခါတရံ စိတ်တို့၏ ခေါ်ဆောင်မူနောက်ကို လိုက်ပါသွားတတ်သည်။ တခါတရံတွင် မတွေးသင့်သော အရာများကိုတွေးတော တတ်ပြန်သည်။ လူတွေ ဟုတ်သည် သည်လူတွေ သေသွားလျှင် ဘယ်ကိုရောက်ကုန်သလဲ... ဥပမာ ကျနော်... ကျနော် သေဆုံးသွားလျှင်ကော ဘယ်နေရာကိုရောက်၍ ဘာတွေဖြစ်နေမည်လဲ ကျနော်စဉ်းစားကြည့်ဖူးသည်။ ဘာသာတရားတွေ ကွဲပြားကြသည့်အလျောက် အယူအဆတွေလဲ မျိုးစုံရှိကြပေမည်။ ကျနော်သိချင်တာတခုက ကျနော် သေသွားသည် ရှိသော် ကျန်ရှိနေသည့် ကျနော်မိသားစုတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေကို ကျနော် ပြန်သိနိုင်ဦးမည်လား၊ ဘယ်သူပြောနိုင်မည်နည်း ဘယ်သူ့မှ အတတ်မပြောနိုင်ပါ အဘယ်ကြောင့်ဆိုသော် သေသွားသူများသည် အစမ်းသေဖူးကြသူများ မဟုတ်သည်ဖြစ်နေ၍ပင် ဖြစ်ပေမည်။

ဘယ်ဘာသာတရားတွင်မဆို ကောင်းတာလုပ်လျှင် ကောင်းသည့်အကျိုးကိုခံစားကြရပေမည်။ မကောင်းတာလုပ်လျှင် မကောင်းသည့် အကျိုးကို ခံစားကြရပေမည်။ ဟုတ်ပြီ ကောင်းသည့်အရာတွေ လုပ်မိပြီဆိုလျှင် နတ်ပြည်ဟုခေါ်ကြသော နေရာတွေကိုရောက်နိုင်သည်ဟု ပြောကြသည်။ မကောင်းသည့်အရာတွေ လုပ်လျှင် ငရဲပြည်ဟုခေါ်သော နေရာရောက်၍ ဒုက္ခတွေ ခံကြရပေမည်ဟု ပြောကြသည်။ ဒါဆို အဲ့လိုနေရာမျိုးတွေမှာကော သူတို့သည် ဘာဘာသာစကားနဲ့ပြောကြလဲ ကျနော်တို့ကကော သူတို့ပြောတာနားလည်ပါ့မလား။ ဒါကိုဘယ်သူမှ သေချာမသိနိုင် အဘယ်ကြောင့်ဆိုသော် လူတိုင်းသည် နတ်ပြည်၊ ငရဲပြည်ကိုရောက်ဖူးပြီး ပြန်လာ၍ပြောပြကြသည်ဟု မကြားဖူးပေ။ ငယ်စဉ်က သေခါနီးလူတယောက်က ငရဲပြည်ကိုရောက်သွားသည် ထိုနေရာ၏ဆိုးကွက်များကိုမြင်ခဲ့ရသည်ဟု ပြန်ပြောဖူးသည့် စသည့်စာအုပ်များ ဖတ်ဖူးခဲ့သည်။ ထိုသို့သော စာအုပ်များကို အသက်ကြီးလာသော သိပ်ပြီးမယုံချင်တော့ပေ ထိုသူသည် သူ့၏အစွဲနှင့်သူ ပြောတာကော မဖြစ်နိုင်ဘူးလား.. ဒီလို လား... လား.. မျိုးများစွာနှင့် ကျနော်တွေးကြည့်ဖူးပေသည်။ နောက်ဆုံးအဖြေသာ ကျနော်ရသည်။ ဤသည်ကား လူတွေ၏ ယုံကြည်ချက်ပင်ဖြစ်သည်။

ဟုတ်သည် ယုံကြည်ချက်။ ဘယ်အရာမဆို ယုံကြည်ချက်ရှိလျှင်အောင်မြင်သည်။ ထို့အတူ ဘာသာတရားဆိုသည်မှာလဲ ယုံကြည်ချက်ရှိသူများအဖို့ ပိုမိုအစွမ်းရောက်ပေသည်ဟု ကျနော်ယုံကြည်သည်။ ယုံကြည်ချက်တခုကို တည်ဆောက်ဖို့ အခြေခံအကျဆုံးအရာသည် လူတွေ၏ စိတ်ဓါတ်ပင်ဖြစ်သည်။ တချို့သည် ယုံကြည်ချက်ရှိပေမဲ့ စိတ်ဓါတ်ကမခိုင်မာတတ်ပေ၊ စိတ်ဓါတ်မကောင်းသူတယောက်၏ ယုံကြည်ချက်သည်လဲ မှန်ကန်သော ယုံကြည်ချက်မဟုတ်နိုင်ပေ။ တယူသန်သော၊ တဇောက်ကန်းနိုင်သော ယုံကြည်ချက်သာ ဖြစ်လာပေမည်။ ဥပမာ တရားမျှတမူမရှိသော၊ စိတ်ဓါတ်မကောင်းသော ဘုရင်အုပ်ချုပ်သော တိုင်းပြည်သည် သူ၏ယုံကြည်ချက် (မှားယွင်းသော)ကြောင့် အကျိုးဆက်က ပြည်သူတွေသာ ခံကြရပေမည်။ အထက်က ပြုမူသော အချက်တို့သည် အောက်ကလက်အောက်ငယ်သားများကို ဒဏ်ခံရစေသည်။

ဤကမ္ဘာပေါ်တွင် ထိုသို့သော တရားမျှတမူ မရှိတဲ့လူတွေ များသထက်များလာလျှင် ခိုးဆိုး၊ လုယက်မူတွေများလာမည်။ ထိုသူတို့၏စိတ်ထဲတွင်လဲ ဘာသာတရားလဲမရှိတော့ပေ၊ လူကျင့်ဝတ်ဆိုတာလဲ နားမလည်။ အရာရာကို နိုင်ထက်စီးနင်းလုပ်လာပေမည်။ ထိုသို့သော လူမျိုးတွေများလာလျှင် ကမ္ဘာလောကကြီးသည်လဲ သာယာပျော်ရွှင်ဖွယ်တွေ ပျောက်ဆုံးသွားပေမည်။ မကောင်းတာတွေလုပ်တာများလာလျှင် ကမ္ဘာပေါ်တွင်ရှိသည့် ဂေဟ စနစ်သည်လျှင် အနှေးနဲ့အမြန် ပျက်သုန်းသွားပေမည်။ ယခုတောင် မကြားချင်တာတွေ ကြားနေရသည်။ ကလေးသာသာအရွယ်က နောက်ထပ် ကလေးတယောက်မွေးဖွားတာ၊ ဆူနာမီလို သ
ဘာဝဘေးအန္တာရယ်တွေ ဖြစ်ပေါ်မူတွေ၊ ငလျင်လို အရာတွေ ဖြစ်ပေါ်မူ စိပ်တထက် စိပ်လာတာ သေချာသည် ကမ္ဘာကြီးသည် အနှေးနဲ့ အမြန်ပျက်သုန်းချေပေမည်။ လာမည့် ၂၀၁၂ တွင် ကမ္ဘာကြီး ပျက်တော့မည်ဆိုလျှင် သင်ဘာလုပ်မည်နည်း။ ကျနော်ကတော့.......

၁။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..

ကျနော်ကတော့ တဦးတယောက်ထဲ မနေချင်ပါဘူး။ ကျနော်ရဲ့သေဆုံးရတော့မဲ့အချိန်မှာ ကျနော်ချစ်တဲ့ မိသားစု၊ချစ်သူ၊သူငယ်ချင်းတွေ အားလုံးနဲ့ တနေရာထဲမှာ စုစုဝေးဝေးနေပြီး ဘာသာတရားလေး လုပ်ပြီး ကောင်းမွန်စွာ အသက်သေဆုံးချင်ပါတယ်။

၂။ ဘာတွေခံစားနေရမလဲ..

ထွေထွေထူးထူးသော ခံစားရမယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ လာမဲ့ ၂၀၁၂ ဆိုတာ ကျနော်တို့အတွက် သိပ်ကိုတိုတောင်းလွန်းတဲ့ အချိန်တခုဖြစ်နေလေတော့ ကျနော်ဘာဆို ဘာမှ လုပ်ဖြစ်မယ်မထင်ဘူး။ ပြီးတော့ အားလုံးကို တူတူသေကြရမယ်ဆိုတော့ မိဘအတွက်မလုပ်ပေးနိုင်သေးတာတွေ တွေးပြီးမခံစားချင်တော့ဘူးလေ။ ဖြစ်နိုင်မယ်ဆိုရင် ၂၀၁၂ မတိုင်ခင်အချိန်အတွင်း မိသားစုကို လိုလေသည့်မရှိ ထားချင်ပါတယ်။ ဒါဟာလဲ သာမာန်လူတယောက်အတွက် မလွယ်ကူလှပါဘူး။ ၂၀၁၂ ဆိုတော့ ပေးတဲ့အချိန်က အရမ်းတိုနေပါတယ်။း) ထို့အတွက် ဘာမှလဲ ခံစားမိမယ် မထင်ပါဘူး။

၃။ ဘာတွေပြင်ဆင်ထားမလဲ..

နံပါတ်(၁)က ပြောသလိုပါပဲ။ ချစ်တဲ့လူတွေ၊ခင်မင်ခွင့်ရတဲ့လူတွေ အားလုံးကို တနေရာထဲမှာ စုဝေးလို့ ရအောင်တော့ ပြင်ဆင်ချင်ပါသေးတယ်။ အဆင်ပြေမယ်ဆိုရင်တော့ တခုတောင်းဆိုချင်ပါသေးတယ်။ ရိုးသားတဲ့၊ ပွင့်လင်းတဲ့ လူကို လူချင်းစာနာတတ်တဲ့ ကျနော်ချစ်တဲ့ ဘလော့ဂါဆိုတဲ့ ညီအကိုမောင်နှမတွေကို အပြင်မှာမသေခင် တွေ့ဆုံချင်ပါသေးတယ်

၎။ ၀မ်းနည်းမိမှာက..

ဝမ်းနည်းစရာကလဲ ဘာမှကြီး ရှိမယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ အပေါ်ကပြောခဲ့သလို သေမှာက ကိုယ်တယောက်ထဲမှ မဟုတ်တာ။ အားလုံးသေကြရမှာပါပဲ။ တခုပဲ ၂၀၁၂ မှာမွေးဖွားလာတဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ ဘာဆိုဘာမှမသိသေးတဲ့ အပြစ်ကင်းစင်တဲ့ ကလေးငယ်တွေ သူတို့တွေ ကမ္ဘာလောကကြီး အရသာတွေကို (ကောင်းခြင်း၊ဆိုးခြင်း) မခံစားဖူးပဲ ပျောက်ဆုံးကြရမှာကိုတော့ ၀မ်းနည်းမိပါတယ်။

၅။ ကြောက်လန့်မိတာက..

ကြောက်လန့်မိတာကတော့ ရှိပါတယ်။ လူတိုင်းသေသွားရင် အသက်သာဆုံးသေဆုံးချင်ကြပါတယ်။ ခုဟာက ကမ္ဘာကပျက်မှာဆိုတော့ အနာတရတွေ ရှိမှာ။ လူတွေအော်ဟစ်နေမှာ တချို့တွေက သွေးသံတရဲရဲနဲ့ ဖြစ်နေမှာ၊ သားပျောက်တဲ့ အမိလို တငိုငို တရီရီ ဖြစ်နေမှာတွေ ဆိုးရွားတဲ့ ခံစားမူတွေရပြီး သေဆုံးနေကြရမှာ ဒါတွေကို တွေးပြီး ကြောက်နေမိပါတယ်။ အားလုံးလဲ သေဆုံးမယ်ဆို နာကျင်မူတွေ မရှိပဲ အမြန်ဆုံး သေကြပါစေ :P

၆။ ဆောင်ထားချင်တာ..

ဆောင်ထားချင်တာကတော့ ဘ၀မှာအရေးအကြီးဆုံး ဘုရားစာအုပ်တွေပါပဲ။ အဲ့ဒီအချိန်လေးမှာ မိသားစုနဲ့ တူတူ ရသမျှ ဘုရားစာတွေ ရွတ်မယ်လေ။ ကုသိုလ်ကောင်းမူလိုချင်တာ၊ နတ်ပြည်ဆိုတဲ့နေရာကိုရောက်ချင်တာဆိုတာထက် အပေါ်ကပြောခဲ့တဲ့ အတိုင်း လူတိုင်းယုံကြည်မူလေးတွေနဲ့ ကိုယ်နဲ့သက်ဆိုင်တဲ့ ဘာသာတရားကို စိတ်ထဲက ယုံကြည်စွာနဲ့ လုပ်နိုင်ကြပါစေ။

၇။ ဘာတွေရေးမိမလဲ..

ဘာမှတော့ မရေးဖြစ်လောက်ပါဘူး။ ရေးတော့လဲ ဒီစာတွေက ကျန်ခဲ့ပါဦးမလား။ အင်တာနက် သုံးနေရင်လဲ ရမှာမဟုတ်လောက်ဘူးလေ ကံထူးတဲ့အရာတွေ ကျန်ခဲ့မယ်ဆိုရင်တော့ Hard disk အလုံး ၁ သောင်းလောက်ကို ဤကမ္ဘာပေါ်ရဲ့ အကြောင်းတွေ၊ ကျနော်တို့မြန်မာပြည်ရဲ့ အကြောင်းတွေ ရေးပြီး ထားခဲ့ချင်ပါတယ်။ နောင်လာမဲ့ ကမ္ဘာသစ်က လူဆိုတဲ့ သတ္တ၀ါတွေအတွက် (လူလို့ကော သူတို့က ခေါ်ပါ့မလား)ပေါ့။ ဒါပေမဲ့ သူတို့ကကော အထက်ကပြောသလို ကျနော်ရေးခဲ့တဲ့ စာတွေကို ဖတ
်တတ်ပါ့မလား ကျနော်ဆိုလိုချက်တွေကို နားလည်ပ့ါမလားး)

ဂ။ တွေးမိတွေးရာ အတွေး..

အတွေးတွေကလဲ မရှိပါဘူး။ တခုပဲ တွေးနေမိမှာပဲ။ နောင်ဖြစ်လာမဲ့ ကမ္ဘာသစ်ကလူဆိုတဲ့ သတ္တ၀ါ (လူလို့ကော သူတို့က ခေါ်ပါ့မလားမသိ)မှာလဲ လက်ရှိကမ္ဘာကလူတွေလို မတရားစိုးမိုး၊ အနိုင်ကျင့်တတ်တဲ့ လူသားမပီသတဲ့ အကျင့်တွေ ပါလာမလားပေါ့ ဘုရားသခင်က ဖြူစင်တဲ့ လူဆိုတဲ့ သတ္တ၀ါတွေကိုကြီးပဲ ဖန်ဆင်းပေးလိုက်မယ်ဆို ပိုကောင်းမယ်လို့ တွေးမိမယ်။ အကျဉ်းထောင်ကလူတွေ၊ မတရား အပြစ်ဒဏ်ခံနေရတဲ့ လူတွေ၊ သေဒဏ်ချခံရတဲ့ လူတွေ အားလုံးအားလုံး သေကြရမှာဆိုတော့ သူတို့လဲ ကမ္ဘာမြေပေါ်မှာ လွတ်လပ်စွာနဲ့ သေဆုံးကြပါစေလို့ တွေးနေမိပါတယ်။

၉။ ဂုဏ်ယူချင်တာက..

ဂုဏ်ယူချင်တာကတော့ လုံးဝမရှိပါ။ ကျနော့်ဘ၀မှာ ဂုဏ်ယူချင်တဲ့ အရာဆိုတာမရှိသလောက်ပါပဲ။ တတ်စွမ်းသလောက် လုပ်ခဲ့တယ်။ ဖြစ်ခဲ့တယ် အောင်မြင်ခဲ့တယ် ဒါဆိုလျှင် ပျော်သည်၊ မဖြစ်ခဲ့ ကျရှုံးခဲ့လျှင် ၀မ်းနည်းမည်။ ဂုဏ်ယူစရာရှိလောက်အောင်လဲ ကျနော် ဂန္ဓီတို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့လို တိုင်းပြည်အတွက် မလုပ်ပေးနိုင်ခဲ့ပေ။ လူသားတွေအချင်းချင်းအပေါ်မှာလဲ အမှားတွေ သိရက်နှင့်ဖြစ်စေ မသိပဲနှင့်ဖြစ်စေ ကျူးလွန်ကောင်း ကျူးလွန်ခဲ့ဖူးမည်။ ထိုအတွက် ဂုဏ်ဆိုတဲ့ စကားလုံးက ကျနော့်အတွက်တော့ မဟုတ်ပေ။

၁၀။ ရှာကြံဖြေသိမ့်မိတာက..

တကယ်၍ အပေါ်မှာ ပြောခဲ့သလို ကျနော်ချစ်တဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ဘလော့ဂါညီအကိုမောင်နှမတွေ အားလုံး တစုတဝေးထဲ နေပြီး သေကြရမယ်ဆို ကျနော် ရှာကြ့ ဖြေသိမ့်နေမိမှာပဲ။ သေတာတောင် ချစ်ခင်တဲ့လူတွေနဲ့ တူတူသေကြေရတယ်လို့ပေါ့....

၁၁။ ကျူးရင့်ချင်တဲ့ ဥဒါန်း..

ဥဒါန်းဆိုတာထက် တောင်းပန်ချင်တာလေးတွေပါ။ ကျနော်ကြောင့် စိတ်ဆင်းရဲခဲ့တဲ့ လူတွေ၊ လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ လူတွေအတွက် ကျနော် တောင်းပန်ချင်ပါတယ်။

အချိန်
တိုတောင်းလှတဲ့အချိန်
တူတူဆုံတွေ့ ရင်းနှီးခဲ့သည်။
မျိုးတော်ခဲ့သည် တချိန်မှာတော့
တူတူသွားမည် နောက်ကမ္ဘာသို့
မကြောက်မရွံ့ တရားမှတ်လျှင်
ကောင်းရာသုကတိ လားစေ၏

လေးစားရသော ကဗျာဆရာအကိုအောင်သာငယ် Tag တဲ့ တကယ်လို့ ကမ္ဘာပျက်မယ် ဆိုရင်ပေါ့ ဆိုတဲ့ Tag Post လေးပါ။ ထပ်ပြီး မTag တော့ပါဘူး။ အနိစ္စအာရုံ မြင်ကွင်းတွေ ထပ်ပြီး ဖတ်နေရမှာဆိုးလို့ အဟေးဟေးးးးးးးး ရေးချင်သပါ့ဆိုလဲ ကျနော့်ကိုခင်တဲ့လူတွေ အကုန်သာရေး Tag တယ်ဗျို့ တကယ်တော့ ဘာမှလဲမသိ၊ ဟုတ်တာလဲမဟုတ် လောက်ပါဘူး။ ကြည့်ဖူးတဲ့ စူပါမင်းလိုဖြစ်ရင်ကောင်းမယ် ပြေးလို့လွတ်မယ်နော့်။ ကျနော်ကတော့ လုံးဝမယုံပါ :)) ဘာပဲပြောပြော ၂၀၁၂ ဆိုတော့ နီးနေပြီနော့် မိန်းမမရသေးတော့ ရဖူးတယ်ရှိအောင် ယူထားရင်ကောင်းမယ် အဟား ဟားးးး :)

မှတ်ချက်။ ။ ပုံကို Google မှ ယူပါသည်။

လေးစားလျက် တောင်ပေါ်သား

D O O M S D A Y

ကျနော်သည် တခါတရံ စိတ်တို့၏ ခေါ်ဆောင်မူနောက်ကို လိုက်ပါသွားတတ်သည်။ တခါတရံတွင် မတွေးသင့်သော အရာများကိုတွေးတော တတ်ပြန်သည်။ လူတွေ ဟုတ်သည် သည်လူတွေ သေသွားလျှင် ဘယ်ကိုရောက်ကုန်သလဲ... ဥပမာ ကျနော်... ကျနော် သေဆုံးသွားလျှင်ကော ဘယ်နေရာကိုရောက်၍ ဘာတွေဖြစ်နေမည်လဲ ကျနော်စဉ်းစားကြည့်ဖူးသည်။ ဘာသာတရားတွေ ကွဲပြားကြသည့်အလျောက် အယူအဆတွေလဲ မျိုးစုံရှိကြပေမည်။ ကျနော်သိချင်တာတခုက ကျနော် သေသွားသည် ရှိသော် ကျန်ရှိနေသည့် ကျနော်မိသားစုတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေကို ကျနော် ပြန်သိနိုင်ဦးမည်လား၊ ဘယ်သူပြောနိုင်မည်နည်း ဘယ်သူ့မှ အတတ်မပြောနိုင်ပါ အဘယ်ကြောင့်ဆိုသော် သေသွားသူများသည် အစမ်းသေဖူးကြသူများ မဟုတ်သည်ဖြစ်နေ၍ပင် ဖြစ်ပေမည်။

ဘယ်ဘာသာတရားတွင်မဆို ကောင်းတာလုပ်လျှင် ကောင်းသည့်အကျိုးကိုခံစားကြရပေမည်။ မကောင်းတာလုပ်လျှင် မကောင်းသည့် အကျိုးကို ခံစားကြရပေမည်။ ဟုတ်ပြီ ကောင်းသည့်အရာတွေ လုပ်မိပြီဆိုလျှင် နတ်ပြည်ဟုခေါ်ကြသော နေရာတွေကိုရောက်နိုင်သည်ဟု ပြောကြသည်။ မကောင်းသည့်အရာတွေ လုပ်လျှင် ငရဲပြည်ဟုခေါ်သော နေရာရောက်၍ ဒုက္ခတွေ ခံကြရပေမည်ဟု ပြောကြသည်။ ဒါဆို အဲ့လိုနေရာမျိုးတွေမှာကော သူတို့သည် ဘာဘာသာစကားနဲ့ပြောကြလဲ ကျနော်တို့ကကော သူတို့ပြောတာနားလည်ပါ့မလား။ ဒါကိုဘယ်သူမှ သေချာမသိနိုင် အဘယ်ကြောင့်ဆိုသော် လူတိုင်းသည် နတ်ပြည်၊ ငရဲပြည်ကိုရောက်ဖူးပြီး ပြန်လာ၍ပြောပြကြသည်ဟု မကြားဖူးပေ။ ငယ်စဉ်က သေခါနီးလူတယောက်က ငရဲပြည်ကိုရောက်သွားသည် ထိုနေရာ၏ဆိုးကွက်များကိုမြင်ခဲ့ရသည်ဟု ပြန်ပြောဖူးသည့် စသည့်စာအုပ်များ ဖတ်ဖူးခဲ့သည်။ ထိုသို့သော စာအုပ်များကို အသက်ကြီးလာသော သိပ်ပြီးမယုံချင်တော့ပေ ထိုသူသည် သူ့၏အစွဲနှင့်သူ ပြောတာကော မဖြစ်နိုင်ဘူးလား.. ဒီလို လား... လား.. မျိုးများစွာနှင့် ကျနော်တွေးကြည့်ဖူးပေသည်။ နောက်ဆုံးအဖြေသာ ကျနော်ရသည်။ ဤသည်ကား လူတွေ၏ ယုံကြည်ချက်ပင်ဖြစ်သည်။

ဟုတ်သည် ယုံကြည်ချက်။ ဘယ်အရာမဆို ယုံကြည်ချက်ရှိလျှင်အောင်မြင်သည်။ ထို့အတူ ဘာသာတရားဆိုသည်မှာလဲ ယုံကြည်ချက်ရှိသူများအဖို့ ပိုမိုအစွမ်းရောက်ပေသည်ဟု ကျနော်ယုံကြည်သည်။ ယုံကြည်ချက်တခုကို တည်ဆောက်ဖို့ အခြေခံအကျဆုံးအရာသည် လူတွေ၏ စိတ်ဓါတ်ပင်ဖြစ်သည်။ တချို့သည် ယုံကြည်ချက်ရှိပေမဲ့ စိတ်ဓါတ်ကမခိုင်မာတတ်ပေ၊ စိတ်ဓါတ်မကောင်းသူတယောက်၏ ယုံကြည်ချက်သည်လဲ မှန်ကန်သော ယုံကြည်ချက်မဟုတ်နိုင်ပေ။ တယူသန်သော၊ တဇောက်ကန်းနိုင်သော ယုံကြည်ချက်သာ ဖြစ်လာပေမည်။ ဥပမာ တရားမျှတမူမရှိသော၊ စိတ်ဓါတ်မကောင်းသော ဘုရင်အုပ်ချုပ်သော တိုင်းပြည်သည် သူ၏ယုံကြည်ချက် (မှားယွင်းသော)ကြောင့် အကျိုးဆက်က ပြည်သူတွေသာ ခံကြရပေမည်။ အထက်က ပြုမူသော အချက်တို့သည် အောက်ကလက်အောက်ငယ်သားများကို ဒဏ်ခံရစေသည်။

ဤကမ္ဘာပေါ်တွင် ထိုသို့သော တရားမျှတမူ မရှိတဲ့လူတွေ များသထက်များလာလျှင် ခိုးဆိုး၊ လုယက်မူတွေများလာမည်။ ထိုသူတို့၏စိတ်ထဲတွင်လဲ ဘာသာတရားလဲမရှိတော့ပေ၊ လူကျင့်ဝတ်ဆိုတာလဲ နားမလည်။ အရာရာကို နိုင်ထက်စီးနင်းလုပ်လာပေမည်။ ထိုသို့သော လူမျိုးတွေများလာလျှင် ကမ္ဘာလောကကြီးသည်လဲ သာယာပျော်ရွှင်ဖွယ်တွေ ပျောက်ဆုံးသွားပေမည်။ မကောင်းတာတွေလုပ်တာများလာလျှင် ကမ္ဘာပေါ်တွင်ရှိသည့် ဂေဟ စနစ်သည်လျှင် အနှေးနဲ့အမြန် ပျက်သုန်းသွားပေမည်။ ယခုတောင် မကြားချင်တာတွေ ကြားနေရသည်။ ကလေးသာသာအရွယ်က နောက်ထပ် ကလေးတယောက်မွေးဖွားတာ၊ ဆူနာမီလို သဘာဝဘေးအန္တာရယ်တွေ ဖြစ်ပေါ်မူတွေ၊ ငလျင်လို အရာတွေ ဖြစ်ပေါ်မူ စိပ်တထက် စိပ်လာတာ သေချာသည် ကမ္ဘာကြီးသည် အနှေးနဲ့ အမြန်ပျက်သုန်းချေပေမည်။ လာမည့် ၂၀၁၂ တွင် ကမ္ဘာကြီး ပျက်တော့မည်ဆိုလျှင် သင်ဘာလုပ်မည်နည်း။ ကျနော်ကတော့.......

၁။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..

ကျနော်ကတော့ တဦးတယောက်ထဲ မနေချင်ပါဘူး။ ကျနော်ရဲ့သေဆုံးရတော့မဲ့အချိန်မှာ ကျနော်ချစ်တဲ့ မိသားစု၊ချစ်သူ၊သူငယ်ချင်းတွေ အားလုံးနဲ့ တနေရာထဲမှာ စုစုဝေးဝေးနေပြီး ဘာသာတရားလေး လုပ်ပြီး ကောင်းမွန်စွာ အသက်သေဆုံးချင်ပါတယ်။

၂။ ဘာတွေခံစားနေရမလဲ..

ထွေထွေထူးထူးသော ခံစားရမယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ လာမဲ့ ၂၀၁၂ ဆိုတာ ကျနော်တို့အတွက် သိပ်ကိုတိုတောင်းလွန်းတဲ့ အချိန်တခုဖြစ်နေလေတော့ ကျနော်ဘာဆို ဘာမှ လုပ်ဖြစ်မယ်မထင်ဘူး။ ပြီးတော့ အားလုံးကို တူတူသေကြရမယ်ဆိုတော့ မိဘအတွက်မလုပ်ပေးနိုင်သေးတာတွေ တွေးပြီးမခံစားချင်တော့ဘူးလေ။ ဖြစ်နိုင်မယ်ဆိုရင် ၂၀၁၂ မတိုင်ခင်အချိန်အတွင်း မိသားစုကို လိုလေသည့်မရှိ ထားချင်ပါတယ်။ ဒါဟာလဲ သာမာန်လူတယောက်အတွက် မလွယ်ကူလှပါဘူး။ ၂၀၁၂ ဆိုတော့ ပေးတဲ့အချိန်က အရမ်းတိုနေပါတယ်။း) ထို့အတွက် ဘာမှလဲ ခံစားမိမယ် မထင်ပါဘူး။

၃။ ဘာတွေပြင်ဆင်ထားမလဲ..

နံပါတ်(၁)က ပြောသလိုပါပဲ။ ချစ်တဲ့လူတွေ၊ခင်မင်ခွင့်ရတဲ့လူတွေ အားလုံးကို တနေရာထဲမှာ စုဝေးလို့ ရအောင်တော့ ပြင်ဆင်ချင်ပါသေးတယ်။ အဆင်ပြေမယ်ဆိုရင်တော့ တခုတောင်းဆိုချင်ပါသေးတယ်။ ရိုးသားတဲ့၊ ပွင့်လင်းတဲ့ လူကို လူချင်းစာနာတတ်တဲ့ ကျနော်ချစ်တဲ့ ဘလော့ဂါဆိုတဲ့ ညီအကိုမောင်နှမတွေကို အပြင်မှာမသေခင် တွေ့ဆုံချင်ပါသေးတယ်

၎။ ၀မ်းနည်းမိမှာက..

ဝမ်းနည်းစရာကလဲ ဘာမှကြီး ရှိမယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ အပေါ်ကပြောခဲ့သလို သေမှာက ကိုယ်တယောက်ထဲမှ မဟုတ်တာ။ အားလုံးသေကြရမှာပါပဲ။ တခုပဲ ၂၀၁၂ မှာမွေးဖွားလာတဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ ဘာဆိုဘာမှမသိသေးတဲ့ အပြစ်ကင်းစင်တဲ့ ကလေးငယ်တွေ သူတို့တွေ ကမ္ဘာလောကကြီး အရသာတွေကို (ကောင်းခြင်း၊ဆိုးခြင်း) မခံစားဖူးပဲ ပျောက်ဆုံးကြရမှာကိုတော့ ၀မ်းနည်းမိပါတယ်။

၅။ ကြောက်လန့်မိတာက..

ကြောက်လန့်မိတာကတော့ ရှိပါတယ်။ လူတိုင်းသေသွားရင် အသက်သာဆုံးသေဆုံးချင်ကြပါတယ်။ ခုဟာက ကမ္ဘာကပျက်မှာဆိုတော့ အနာတရတွေ ရှိမှာ။ လူတွေအော်ဟစ်နေမှာ တချို့တွေက သွေးသံတရဲရဲနဲ့ ဖြစ်နေမှာ၊ သားပျောက်တဲ့ အမိလို တငိုငို တရီရီ ဖြစ်နေမှာတွေ ဆိုးရွားတဲ့ ခံစားမူတွေရပြီး သေဆုံးနေကြရမှာ ဒါတွေကို တွေးပြီး ကြောက်နေမိပါတယ်။ အားလုံးလဲ သေဆုံးမယ်ဆို နာကျင်မူတွေ မရှိပဲ အမြန်ဆုံး သေကြပါစေ :P

၆။ ဆောင်ထားချင်တာ..

ဆောင်ထားချင်တာကတော့ ဘ၀မှာအရေးအကြီးဆုံး ဘုရားစာအုပ်တွေပါပဲ။ အဲ့ဒီအချိန်လေးမှာ မိသားစုနဲ့ တူတူ ရသမျှ ဘုရားစာတွေ ရွတ်မယ်လေ။ ကုသိုလ်ကောင်းမူလိုချင်တာ၊ နတ်ပြည်ဆိုတဲ့နေရာကိုရောက်ချင်တာဆိုတာထက် အပေါ်ကပြောခဲ့တဲ့ အတိုင်း လူတိုင်းယုံကြည်မူလေးတွေနဲ့ ကိုယ်နဲ့သက်ဆိုင်တဲ့ ဘာသာတရားကို စိတ်ထဲက ယုံကြည်စွာနဲ့ လုပ်နိုင်ကြပါစေ။

၇။ ဘာတွေရေးမိမလဲ..

ဘာမှတော့ မရေးဖြစ်လောက်ပါဘူး။ ရေးတော့လဲ ဒီစာတွေက ကျန်ခဲ့ပါဦးမလား။ အင်တာနက် သုံးနေရင်လဲ ရမှာမဟုတ်လောက်ဘူးလေ ကံထူးတဲ့အရာတွေ ကျန်ခဲ့မယ်ဆိုရင်တော့ Hard disk အလုံး ၁ သောင်းလောက်ကို ဤကမ္ဘာပေါ်ရဲ့ အကြောင်းတွေ၊ ကျနော်တို့မြန်မာပြည်ရဲ့ အကြောင်းတွေ ရေးပြီး ထားခဲ့ချင်ပါတယ်။ နောင်လာမဲ့ ကမ္ဘာသစ်က လူဆိုတဲ့ သတ္တ၀ါတွေအတွက် (လူလို့ကော သူတို့က ခေါ်ပါ့မလား)ပေါ့။ ဒါပေမဲ့ သူတို့ကကော အထက်ကပြောသလို ကျနော်ရေးခဲ့တဲ့ စာတွေကို ဖတ်တတ်ပါ့မလား ကျနော်ဆိုလိုချက်တွေကို နားလည်ပ့ါမလားး)

ဂ။ တွေးမိတွေးရာ အတွေး..

အတွေးတွေကလဲ မရှိပါဘူး။ တခုပဲ တွေးနေမိမှာပဲ။ နောင်ဖြစ်လာမဲ့ ကမ္ဘာသစ်ကလူဆိုတဲ့ သတ္တ၀ါ (လူလို့ကော သူတို့က ခေါ်ပါ့မလားမသိ)မှာလဲ လက်ရှိကမ္ဘာကလူတွေလို မတရားစိုးမိုး၊ အနိုင်ကျင့်တတ်တဲ့ လူသားမပီသတဲ့ အကျင့်တွေ ပါလာမလားပေါ့ ဘုရားသခင်က ဖြူစင်တဲ့ လူဆိုတဲ့ သတ္တ၀ါတွေကိုကြီးပဲ ဖန်ဆင်းပေးလိုက်မယ်ဆို ပိုကောင်းမယ်လို့ တွေးမိမယ်။ အကျဉ်းထောင်ကလူတွေ၊ မတရား အပြစ်ဒဏ်ခံနေရတဲ့ လူတွေ၊ သေဒဏ်ချခံရတဲ့ လူတွေ အားလုံးအားလုံး သေကြရမှာဆိုတော့ သူတို့လဲ ကမ္ဘာမြေပေါ်မှာ လွတ်လပ်စွာနဲ့ သေဆုံးကြပါစေလို့ တွေးနေမိပါတယ်။

၉။ ဂုဏ်ယူချင်တာက..

ဂုဏ်ယူချင်တာကတော့ လုံးဝမရှိပါ။ ကျနော့်ဘ၀မှာ ဂုဏ်ယူချင်တဲ့ အရာဆိုတာမရှိသလောက်ပါပဲ။ တတ်စွမ်းသလောက် လုပ်ခဲ့တယ်။ ဖြစ်ခဲ့တယ် အောင်မြင်ခဲ့တယ် ဒါဆိုလျှင် ပျော်သည်၊ မဖြစ်ခဲ့ ကျရှုံးခဲ့လျှင် ၀မ်းနည်းမည်။ ဂုဏ်ယူစရာရှိလောက်အောင်လဲ ကျနော် ဂန္ဓီတို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့လို တိုင်းပြည်အတွက် မလုပ်ပေးနိုင်ခဲ့ပေ။ လူသားတွေအချင်းချင်းအပေါ်မှာလဲ အမှားတွေ သိရက်နှင့်ဖြစ်စေ မသိပဲနှင့်ဖြစ်စေ ကျူးလွန်ကောင်း ကျူးလွန်ခဲ့ဖူးမည်။ ထိုအတွက် ဂုဏ်ဆိုတဲ့ စကားလုံးက ကျနော့်အတွက်တော့ မဟုတ်ပေ။

၁၀။ ရှာကြံဖြေသိမ့်မိတာက..

တကယ်၍ အပေါ်မှာ ပြောခဲ့သလို ကျနော်ချစ်တဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ဘလော့ဂါညီအကိုမောင်နှမတွေ အားလုံး တစုတဝေးထဲ နေပြီး သေကြရမယ်ဆို ကျနော် ရှာကြ့ ဖြေသိမ့်နေမိမှာပဲ။ သေတာတောင် ချစ်ခင်တဲ့လူတွေနဲ့ တူတူသေကြေရတယ်လို့ပေါ့....

၁၁။ ကျူးရင့်ချင်တဲ့ ဥဒါန်း..

ဥဒါန်းဆိုတာထက် တောင်းပန်ချင်တာလေးတွေပါ။ ကျနော်ကြောင့် စိတ်ဆင်းရဲခဲ့တဲ့ လူတွေ၊ လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ လူတွေအတွက် ကျနော် တောင်းပန်ချင်ပါတယ်။

အချိန်
တိုတောင်းလှတဲ့အချိန်
တူတူဆုံတွေ့ ရင်းနှီးခဲ့သည်။
မျိုးတော်ခဲ့သည် တချိန်မှာတော့
တူတူသွားမည် နောက်ကမ္ဘာသို့
မကြောက်မရွံ့ တရားမှတ်လျှင်
ကောင်းရာသုကတိ လားစေ၏

လေးစားရသော ကဗျာဆရာအကိုအောင်သာငယ် Tag တဲ့ တကယ်လို့ ကမ္ဘာပျက်မယ် ဆိုရင်ပေါ့ ဆိုတဲ့ Tag Post လေးပါ။ ထပ်ပြီး မTag တော့ပါဘူး။ အနိစ္စအာရုံ မြင်ကွင်းတွေ ထပ်ပြီး ဖတ်နေရမှာဆိုးလို့ အဟေးဟေးးးးးးးး ရေးချင်သပါ့ဆိုလဲ ကျနော့်ကိုခင်တဲ့လူတွေ အကုန်သာရေး Tag တယ်ဗျို့ တကယ်တော့ ဘာမှလဲမသိ၊ ဟုတ်တာလဲမဟုတ် လောက်ပါဘူး။ ကြည့်ဖူးတဲ့ စူပါမင်းလိုဖြစ်ရင်ကောင်းမယ် ပြေးလို့လွတ်မယ်နော့်။ ကျနော်ကတော့ လုံးဝမယုံပါ :)) ဘာပဲပြောပြော ၂၀၁၂ ဆိုတော့ နီးနေပြီနော့် မိန်းမမရသေးတော့ ရဖူးတယ်ရှိအောင် ယူထားရင်ကောင်းမယ် အဟား ဟားးးး :)

မှတ်ချက်။ ။ ပုံကို Google မှ ယူပါသည်။

လေးစားလျက် တောင်ပေါ်သား

T နဲ့ တောင် ~~~ တောင် နဲ့ T

ကဲ မောင်ဆောင်ချမ်းမိုး Tagတဲ့ ဘာမသိ ညာမသိ တက်စ့်ပို့ပါ။

1. What is your name : တောင်ပေါ်သား (ဘူတူလဲ)
2. A four Letter Word : တစ်တီတူးငှက် (သိကြလား)
3. A boy's Name : တာတီး (ရွာက နာမည်လေ)
4. A girl's Name : တာတေမ (ဘယ်သူလဲ သိပါတယ်)
5. An occupation : တောက်တိုမယ်ရ (တကယ်ပြောတာ အကုန်လုပ်တယ် မယုံလာကြည့်)
6. A color : တောက်တောက်ရဲရဲ (ရဲရဲတောက် တို့ဗမာတွေ)
7. Something you'll wear : တီရှပ် (စပို့စ်ရှပ်လဲ ပါတယ်ဝေး)
8. A food : တီကောင်ပြုပ် (စားမှာလား)
9. Something found in the bathroom : တန်းလန်းကြီး (ဒုတ်တန်းကို ပြောပါတယ်)
10. A place : တောင်ကြီး (ခက်မှခက်ပဲ)
11. A reason for being late : တောက်တဲ့တကောင် သောင်းကျန်း၍ ညမအိပ်ရလို့း)
12. Something you'd shout : တောက် (မကျေနပ်မှလုပ်ပါတယ်)
13. A movie title : တိုင်းပြည်အတွက် စွန့်လွတ်သူ (တကယ်ရှိမရှိ မသိဘူး ရေးချင်တာရေးပဲ အဟေးး)
14. Something you drink : တောက်တီတောက်တဲ့ (ဘာမှန်းကို မသိတဲ့ အရည်တွေ)
15. A musical group : တွံတေးသိန်းတန် (ပန်းရယ်မင်းရယ် ပိတောက်ရယ် :P)
16. An animal : တောင်ဆိတ် (မေးစေ့မှာ အမွေးတွေနဲ့)
17. A street name : တောင်ချွန်းလမ်း (တောင်ကြီးမှာ တကယ်ရှိပါတယ်)
18. A type of car : တောင်ဒဂုံ စက်မူဇုံထုတ် ဂျစ်ကား (ဖွားကီအဖေကားတွေလို ဂျစ်တီးဂျစ်ကန်လုပ်လို့ ပြောတာနေမယ်)
19. The title of a song : တောင်တန်းတွေကိုလွမ်း (ဒါလဲ ရှိမရှိမသိဘူး စာသားတော့ ရှိတာပဲ)
20. A verb : တွေး ( တွေးလေ တွေးလေ ပျောက်ဆုံးလေပဲ)

Below is the Tag Post from Mg ThanLwin Hero :P

1. What is your name : Taung Paw Tar
2. A four Letter Word : Town
3. A boy's Name : Tommy
4. A girl's Name : Tacy
5. An occupation : TTMY (tauk to me`ya)
6. A color : Turquoise
7. Something you'll wear : T-Shirt
8. A food : Traditional food
9. Something found in the bathroom : Toothbrush
10. A place : Taunggyi
11. A reason for being late : Time is wrong
12. Something you'd shout : Take care yourself
13. A movie title : To Live
14. Something you drink : Tiger :P
15. A musical group : The Doobie Brothers
16. An animal : Tarantula
17. A street name : Thanlwin Road
18. A type of car : Thunderbird Car
19. The title of a song : Take Me To You Heart
20. A verb : Take it upon yourself

Rules : It's harder than it looks! Copy to your own note, erase my answers ,enter yours.Use the first letter of your name to answer each of the following questions.If the person before you had the same first initial , you must use different answers.You cannot use any word twice and you can't use your name for the boy/girl name question. ( Copy from Mg Thanlwin Hero :P)

ခုတလော ဘလော့တွေမလည်နဲ့ လည်လိုက်ရင် ဒါတွေပဲ တွေ့နေရတယ်။ ဘယ်သူ့အစလုပ်လိုက်တာလဲ မသိပါဘူး နောက်တခါ ဘာတွေလာဦးမလဲ မသိဘူး တော်တော်တော့ ကြံဖန်လုပ်တတ်တဲ့ ဘလော့ဂါတွေပဲလား မသိတော့ပါဘူး။ ကျနော်ပါ ရူးပေါပေါလုပ်သွားတယ် အဟေးဟေးးးးးးးးးးးး

ရင်ထဲက ပန်းလေးတပွင့်

Tag ပိုစ့်တွေကို ဘယ်သူက အစပျိုးခဲ့လဲမသိပါဘူး... တခါတလေ ဒီ Tag ပိုစ့်တွေက အရမ်းကို ခေါင်းစားခက်ခဲပါတယ်။ မရေးတော့လဲ မဖြစ်၊ ရေးလျှင်လဲ ဒုက္ခ ဒီလို Tag ပိုစ့်တွေကို ဖန်တီးတဲ့ ပညာရှင်တွေထဲမှာ တီဝါ၊ ဂျပန် တို့က အရမ်းအားပါပါတယ်။ မရေးလဲ အကြွေးတွေ ခဏခဏတောင်းနေပါတယ်။ ညီငယ် အဆိပ်ခွက် တက်ဂ်ထားတဲ့ အကြောင်းတွေလဲ အများကြီး ရှိနေပါသေးတယ်။ အချိန်ရရင်တော့ တဖြေးဖြေး ရေးပေးပါမယ်။ ခုဟာက အိမ်ရှင့်ဆီလာပြီး အကြွေးတောင်းနေသလို လုပ်နေတော့ အမြန်ဆုံး ရေးပေးလိုက်ပါတယ်။

အချစ်ဆိုတာကို လူတိုင်းထိတွေ့ ခံစားခဲ့ကြဖူးမည်။ ကိုယ့်ကြုံတွေ့ခဲ့ဖူးတဲ့ အချစ်၊သံယောဇဉ်ကိုလိုက်၍ အချစ်သည်ပူပြင်းသည်။ တောက်လောင်သည်၊ အေးမြသည် စသည်ဖြင့် အမျိုးမျိုးခွဲခြား သတ်မှတ်ကြပြန်သည်။ ကျနော်ဖြတ်သန်းခဲ့ဖူးသော အတိတ်တွေထဲမှာလဲ ဒီအချစ်ဆိုတာကို ကြုံတွေ့ခဲ့ဖူးသည်။ ကျနော့်အမြင်အရ အချစ်ဆိုသည်ကို သတ်မှတ်သည့် အတိုင်းအတာ စံအနေအထားတခုတွင် လူတယောက်၏အသက်အရွယ် အပိုင်းအခြားသည်လဲ အဓိကပါဝင်ပတ်သက်နေသည်ဟု မြင်မိသည်။ ကျောင်းသားဘ၀အရွယ်တွင် မဖွံဖြိုးသေးသည့် ဦးနှောက်ရဲ့ စေခိုင်းချက်၊ တဇွတ်ထိုးဆန်သော စိတ်၏စေခိုင်းချက်ကြောင့်လဲ အချစ်ဟုထင်မိသောအရာများကို မက်မောတွယ်တာခဲ့ဖူးမိမည်။

ကိုယ်တိုင် အလုပ်လေးလုပ်လာတော့ ဘ၀ရဲ့ခက်ခဲမူတွေကို ရင်ဆိုင်တတ်လာတဲ့အချိန်မှာ တွေ့သောအချစ်သည် ငယ်စဉ်ကလိုမဟုတ်တော့ပေ။ အရာရာကို ချင်ချိန်စဉ်းစားတတ်လာတော့ ကိုယ်ပိုင်ဘ၀လေးတခုအတွက် ရွေးချယ်တတ်လာခဲ့သည်။ သာယာချမ်းမြေ့သည့်ဘ၀ကို မက်မောတွယ်တာတတ်ပြန်သည်။ ထို့ကြောင့် အသက်အရွယ်လေးရမှ အိမ်ထောင်ပြုလျှင် အမှားများစွာ မကျူးလွန်တတ်ပေ၊ အမှားများစွာလဲ မရှိတတ်၊ အိမ်ထောင်ရေးသည်လဲ သာယာချမ်းမြေ့၍ ပျော်ရွှင်စရာဖြစ်နေပေလိမ့်မည်။ တခါတရံတွင် အချစ်ဟုထင်မိသော အရာများသည်လဲ အချိန်လွန်မှ အချစ်စစ်မဟုတ်မှန်း သိခဲ့ရတတ်သည်။ ကျနော်သည်လဲ ဒီလိုမျိုး ကြုံတွေ့ခဲ့ဖူးပါသည်။

ကျနော်သူကို အမှတ်မထင် စတွေ့ခဲ့မိသည်။ အမှတ်မထင်ဆိုသည်ထက် မမျှော်လင့်သော အနေအထားတခုမှ စတင်ရင်းနှီးခဲ့မိသည်။ ဒီနောက်ပိုင်း ကျနော်တို့ စကားတွေ ပြောဖြစ်ပါတယ်။ အဓိက ကျနော်သူ့ကို ချစ်မိရတဲ့ အချက်အလက်တွေကတော့ သူ့ရဲ့ စိတ်ဓါတ်လေးပါပဲ။ ရိုးသားမူတွေနဲ့ အမှန်ကို အမှန်အတိုင်း ပြောတတ်တဲ့ သူ့ရဲ့စိတ်ဓါတ်၊ မလိမ်မ၀ှက်ပဲ မှန်မယ်ထင်ရင်လုပ်တတ်တဲ့ စိတ်ဓါတ်လေးကိုပါ၊ တကယ်တမ်း ပိုမိုခင်တွယ်ခွင့်ရလာတော့ ပိုပြီးလေးစားရတဲ့ စိတ်ဓါတ်လေးတွေကိုလဲ ထပ်တွေ့ရပါတယ်။ ယုံကြည်ကိုးကွယ်တဲ့ဘာသာတရားကို ရိုသေကိုင်းရှိုင်းမူတွေ ရှိတယ်။ လူမူရေးလုပ်ငန်းများမှာလဲ နာမည်ကောင်းမယူပဲ လုပ်ဆောင်တတ်ပါတယ်။

လူတိုင်းအရာရာဟာ မပြည်စုံသလို ကျနော့်ချစ်သူမှာလဲ အရမ်းဆိုးတဲ့ စိတ်ကလေးတခုတော့ ရှိပါတယ်။ ဒါကတော့ နှစ်ယောက်စကားပြောနေရင်းကို စိတ်တို၊စိတ်ကောက်တတ်တာပါ။ ကျနော့်ရဲ့ အရင်စိတ်နဲ့ဆို မလွယ်ပါဘူး အဟီးးး။ ဒါပေမဲ့ သူကလဲ စိတ်ကောက်ရင် ခဏလေးနေရင် ပြေသွားတတ်ပါတယ်။ ခုတော့ ကျနော့်သူ့ကို အရမ်းချစ်နေမိပါတယ်။ ဒီအတွက် ကျနော်အတတ်နိုင်ဆုံး ခွင့်လွှတ် နားလည်မူတွေ ပေးနေပါတယ်။ အရာရာကို အနိုင်ယူချင်ခဲ့မိတဲ့ ကျနော် ခုတော့ စိတ်ကိုလျော့နေရပါတယ်။ ကျနော့်ရည်မှန်းချက်တွေထဲမှာ သူလဲတစိတ်တဒေသ အဖြစ်နဲ့ ပါဝင်နေပါတယ်။

ရင်ထဲက ပန်း

ကျနော်တို့ အသက်အရွယ်အနေအထားရ ကျနော်တို့ဘ၀မှာ ပန်းမျိုးစုံကို ကြုံဆုံခဲ့ကြဖူးပေမည်။ ရနံ့မွှေးကြိုင်သောပန်းလေးများကိုလဲ တွေ့ခဲ့ဖူးကြသလို လူအများအလယ်တွင် မတင့်တယ်သော ပန်းတချို့ကိုလဲ မြင်ဖူးခဲ့ကြဖူးပေမည်။ ဘ၀မှာ လူသားတိုင်းသည် အပြည့်စုံဆုံးဆိုသော အရာများကိုသာ ပိုင်ဆိုင်လိုကြတာပါ။ထိုကြောင့် လူတော်များများသည် အနံ့လေးမွှေးကြိုင်သော စံပါယ်ပန်း၊ အဆင်လှပသော နှင်းဆီပန်းလေးများကို ပိုမိုကြိုက်နှစ်သက်ကြကြောင်း တွေ့ရပြန်ပေသည်။ ကျနော်သည်လဲ လူသားဖြစ်သည့်အလျောက် ပန်းပွင့်လေးများနှင့် ထိတွေ့ခဲ့ဖူးပါတယ်။ တကယ်တမ်းကျနော် ပန်းလေးများကို မကြိုက်နှစ်သက်လှပေ.. ကျနော်တို့မြို့လေးမှာ ပွင့်တတ်တဲ့ ပန်းလေးတွေက ပန်းဥယျာဉ်မြို့လို တင်စားထားတဲ့မေမြို့လောက်မဟုတ်ပေမဲ့ ပန်းတော်တော်များများပွင့်တတ်ကြပါတယ်။ အလှသွေးကြွယ်နေတတ်တဲ့ နှင်းဆီပန်းလေးတွေ၊ စံပါယ်ပန်းလေးတွေ၊ တောင်ကြီးမြို့ရဲ့ အထိမ်းအမှတ် ချယ်ရီပန်းလေးတွေဟာ သူရာသီနဲ့သူ အလှပြိုင်နေကြတာပါပဲ။

တကယ်တမ်း ကျောင်းသားဘ၀လေးတုန်းက သင်ခဲ့ဖူးတဲ့ ဇီဝဗေဒပညာရပ်သဘောအရဆို အပင်လေးတွေဟာလဲ အသက်ရှင်နေထိုင်နေကြတာပါပဲ။ သူတို့လေးတွေလဲ အသက်ရှုတဲ့ လုပ်ငန်း၊ ကြီးထွားတယ်၊ မျိုးပွားဖို့လဲ လုပ်ဆောင်ကြတာပါပဲ။ တကယ်လို့များ ကျနော်တို့တွေသာ ပန်းလေးတွေကို ပျိုးထောင်တဲ့ ဥယျာဉ်မှုးတယောက်ဖြစ်ခဲ့ရင် ဘယ်လိုလုပ်ဆောင်ကြမလဲ။ ဘယ်ဥယျာဉ်မှုးတိုင်းကမှတော့ ကိုယ့်ပျိုးခဲ့တဲ့ ပန်းလေးတွေကို တပါးသူအလွယ်တကူ ခူးဆွတ်လို့ရအောင် ဒီအတိုင်းမပစ်ထားပါဘူး။ အကာအကွယ်လေးတွေပေးကြမှာမလွှဲဧကန်ပါပဲ။ ပန်းဆိုတာ သူရဲ့ဂုဏ်ဒြပ်နဲ့ သူရှိခဲ့ကြတာပါ။ နှင်းဆီပန်းလေးတွေဆိုလဲ ကိုယ့်ရဲ့ အဆူးလေးတွေနဲ့ ကိုယ့်ဟာကိုယ်ကာကွယ်တတ်ကြပြန်ပါတယ်။

ပန်းဆိုတဲ့သဘောက အချိန်တန်ရင် ညှိုးနွမ်းသွားကြတာပါပဲ။ ဒါပေမဲ့ အဲ့လိုမညှိုးနွမ်းခင်လေးမှာ အဖူးအပွင့်အခိုင်အမာနဲ့ အလှကြွယ်စုံ ပွင့်ဝေသင့်ပါတယ်။ ပန်းပွင့်လေးတပွင့် ဖြစ်လာဖို့ လုပ်ဆောင်ချက်တွေကလဲ အများသား။ အခြေခံ မြေဆီမြေနှစ်လဲ ကောင်းရမယ် လိုအပ်တဲ့ နေခြည်စွမ်းအင်၊ ရေဓါတ်လေးတွေလဲ ပေးဆောင်နိုင်ရမယ်။ ဒီလိုမှမဟုတ်ပဲ လှောင်ရိပ်အောက်မှာ မိနေတဲ့ ပန်းကလေးတွေဟာ ဘယ်တော့မှ ကောင်းမွန်စွာ ပွင့်လန်းနိုင်မှာမဟုတ်ပါဘူး။ ဒီတော့ ပန်းပွင့်လေးလှလှပပ ဖြစ်လာဖို့ ဘယ်သူမှာ တာဝန်အရှိဆုံးလဲ လက်ညှိုးထိုးပြပါဆိုရင်တော့ ပန်းပျိုးသူ ဥယျာဉ်ဆရာမှာသာ တာဝန်ရှိပါတယ်။ တကယ်၍များ ပန်းပျိုးသူ ဥယျာဉ်မှုးက ဘိန်းလိုအပင်များကို စိုက်ပျိုးမိတယ်ဆိုရင်တော့ အဆင်လှပေမဲ့ အန္တရာယ်များလှတဲ့ ပန်းခင်းသာ ဖြစ်လာဖွယ်ရှိပါတယ်။ ပန်းပျိုးသူ ဥယျာဉ်မှုးရဲ့ ဂရုမစိုက်တတ်မူကြောင်ပန်းကလေးတွေ ညှိုးနွမ်းနေကြပါတယ်။ ပွင့်အံ့ဆဲဆဲ ပန်းကလေးတွေကို ပြုစုယုယမဲ့ ပန်းတွေကိုချစ်တတ်တဲ့ ပန်းဥယျာဉ်မှုးမရှိပါဘူး။ ဒီအတွက်ပန်းကလေးတွေ မျက်နှာငယ်နေကြရှာပါတယ်။ တကယ်၍ ဒီပန်းကလေးတွေဟာ တချိန်ချိန်မှာ တန်ဖိုးမဖြတ်နိုင်တဲ့ ပန်းပွင့်တပွင့်ဖြစ်လာမယ်လို့ ဘယ်သူပြောနိုင်မလဲ....

တခါတရံမှာ ကျနော်တို့လဲ ဥယျာဉ်မှုးတယောက်အနေနဲ့ ဆင်တူလှပါတယ်။ ကျနော်တို့လုပ်ရပ်လေးတွေမှာ အမှားအယွင်းများစွာနဲ့ ရှိနေတတ်ပါတယ်။ ကျနော်တို့စိတ်ထဲမှာ လိုချင်နေတာက အကောင်းမွန်ဆုံးပန်းလေးတွေပါ။ ဒါပေမဲ့ ကျနော်တို့လုပ်ဆောင်မိတာက အပျိုးမတတ်တဲ့ ဥယျာဉ်မှုးတယောက်လိုပါပဲ။ ကျနော်တို့တွေ အဆိပ်ပင်ကို ပိုမိုရှင်သန်လာအောင် ရေလောင်းပေးနေမိသလိုပါပဲ။ ဒီအတွက် တခါတရံ ကိုယ့်ရွေးချယ်တဲ့လမ်းဟာ ဆူးခင်းတဲ့ လမ်းဖြစ်နေတတ်ပါတယ်။ ဒီလိုမျိုးအချိန်မျိုးမှာ စိတ်အားမငယ်ပဲ
ဆူးခင်းတဲ့လမ်းကိုလဲ ရဲဝံ့စွာ လျှောက်လမ်းနိုင်ဖို့ လိုအပ်ပါတယ်။ ပန်းလေးတွေ ခင်းထားပေးတဲ့ လှပတဲ့ ပန်းခင်းလမ်းလေးဆိုလဲ သာသာယာယာ ကျေကျေနပ်နပ်ကို ဖြတ်လျှောက်သွားရမှာပါပဲ။ ကျနော်တို့လူသားတိုင်း လှပတဲ့ပန်းခင်းလေးတွေ ပျိုးပေးနိုင်တဲ့ ဥယျာဉ်မှုးကောင်းလေး ဖြစ်ပါစေလို့ ကျနော်ဆုတောင်းပေးပါတယ်။

*** ကိုရွာသားလေး Tag တဲ့ပိုစ့်လေးပါ။ သူကရေးခိုင်းစေချင်တာက တမျိုးထင်ပါရဲ့။ ခုတလော အာရုံက ဘယ်တွေရောက်ရောက်သွားလဲ မသိပါဘူး။ ပြန်ပြီး သေချာဆင်ခြင်ရဦးမယ် အဟီးးး အကိုရေ ရေးတော့ ရေးလိုက်တယ်ဗျာ... မှားသွားရင် ခွင့်လွတ်တော့ဗျို့

လေးစားလျက် တောင်ပေါ်သား

ရင်ထဲက ပန်း

ကျနော်တို့ အသက်အရွယ်အနေအထားရ ကျနော်တို့ဘ၀မှာ ပန်းမျိုးစုံကို ကြုံဆုံခဲ့ကြဖူးပေမည်။ ရနံ့မွှေးကြိုင်သောပန်းလေးများကိုလဲ တွေ့ခဲ့ဖူးကြသလို လူအများအလယ်တွင် မတင့်တယ်သော ပန်းတချို့ကိုလဲ မြင်ဖူးခဲ့ကြဖူးပေမည်။ ဘ၀မှာ လူသားတိုင်းသည် အပြည့်စုံဆုံးဆိုသော အရာများကိုသာ ပိုင်ဆိုင်လိုကြတာပါ။ထိုကြောင့် လူတော်များများသည် အနံ့လေးမွှေးကြိုင်သော စံပါယ်ပန်း၊ အဆင်လှပသော နှင်းဆီပန်းလေးများကို ပိုမိုကြိုက်နှစ်သက်ကြကြောင်း တွေ့ရပြန်ပေသည်။ ကျနော်သည်လဲ လူသားဖြစ်သည့်အလျောက် ပန်းပွင့်လေးများနှင့် ထိတွေ့ခဲ့ဖူးပါတယ်။ တကယ်တမ်းကျနော် ပန်းလေးများကို မကြိုက်နှစ်သက်လှပေ.. ကျနော်တို့မြို့လေးမှာ ပွင့်တတ်တဲ့ ပန်းလေးတွေက ပန်းဥယျာဉ်မြို့လို တင်စားထားတဲ့မေမြို့လောက်မဟုတ်ပေမဲ့ ပန်းတော်တော်များများပွင့်တတ်ကြပါတယ်။ အလှသွေးကြွယ်နေတတ်တဲ့ နှင်းဆီပန်းလေးတွေ၊ စံပါယ်ပန်းလေးတွေ၊ တောင်ကြီးမြို့ရဲ့ အထိမ်းအမှတ် ချယ်ရီပန်းလေးတွေဟာ သူရာသီနဲ့သူ အလှပြိုင်နေကြတာပါပဲ။

တကယ်တမ်း ကျောင်းသားဘ၀လေးတုန်းက သင်ခဲ့ဖူးတဲ့ ဇီဝဗေဒပညာရပ်သဘောအရဆို အပင်လေးတွေဟာလဲ အသက်ရှင်နေထိုင်နေကြတာပါပဲ။ သူတို့လေးတွေလဲ အသက်ရှုတဲ့ လုပ်ငန်း၊ ကြီးထွားတယ်၊ မျိုးပွားဖို့လဲ လုပ်ဆောင်ကြတာပါပဲ။ တကယ်လို့များ ကျနော်တို့တွေသာ ပန်းလေးတွေကို ပျိုးထောင်တဲ့ ဥယျာဉ်မှုးတယောက်ဖြစ်ခဲ့ရင် ဘယ်လိုလုပ်ဆောင်ကြမလဲ။ ဘယ်ဥယျာဉ်မှုးတိုင်းကမှတော့ ကိုယ့်ပျိုးခဲ့တဲ့ ပန်းလေးတွေကို တပါးသူအလွယ်တကူ ခူးဆွတ်လို့ရအောင် ဒီအတိုင်းမပစ်ထားပါဘူး။ အကာအကွယ်လေးတွေပေးကြမှာမလွှဲဧကန်ပါပဲ။ ပန်းဆိုတာ သူရဲ့ဂုဏ်ဒြပ်နဲ့ သူရှိခဲ့ကြတာပါ။ နှင်းဆီပန်းလေးတွေဆိုလဲ ကိုယ့်ရဲ့ အဆူးလေးတွေနဲ့ ကိုယ့်ဟာကိုယ်ကာကွယ်တတ်ကြပြန်ပါတယ်။

ပန်းဆိုတဲ့သဘောက အချိန်တန်ရင် ညှိုးနွမ်းသွားကြတာပါပဲ။ ဒါပေမဲ့ အဲ့လိုမညှိုးနွမ်းခင်လေးမှာ အဖူးအပွင့်အခိုင်အမာနဲ့ အလှကြွယ်စုံ ပွင့်ဝေသင့်ပါတယ်။ ပန်းပွင့်လေးတပွင့် ဖြစ်လာဖို့ လုပ်ဆောင်ချက်တွေကလဲ အများသား။ အခြေခံ မြေဆီမြေနှစ်လဲ ကောင်းရမယ် လိုအပ်တဲ့ နေခြည်စွမ်းအင်၊ ရေဓါတ်လေးတွေလဲ ပေးဆောင်နိုင်ရမယ်။ ဒီလိုမှမဟုတ်ပဲ လှောင်ရိပ်အောက်မှာ မိနေတဲ့ ပန်းကလေးတွေဟာ ဘယ်တော့မှ ကောင်းမွန်စွာ ပွင့်လန်းနိုင်မှာမဟုတ်ပါဘူး။ ဒီတော့ ပန်းပွင့်လေးလှလှပပ ဖြစ်လာဖို့ ဘယ်သူမှာ တာဝန်အရှိဆုံးလဲ လက်ညှိုးထိုးပြပါဆိုရင်တော့ ပန်းပျိုးသူ ဥယျာဉ်ဆရာမှာသာ တာဝန်ရှိပါတယ်။ တကယ်၍များ ပန်းပျိုးသူ ဥယျာဉ်မှုးက ဘိန်းလိုအပင်များကို စိုက်ပျိုးမိတယ်ဆိုရင်တော့ အဆင်လှပေမဲ့ အန္တရာယ်များလှတဲ့ ပန်းခင်းသာ ဖြစ်လာဖွယ်ရှိပါတယ်။ ပန်းပျိုးသူ ဥယျာဉ်မှုးရဲ့ ဂရုမစိုက်တတ်မူကြောင်ပန်းကလေးတွေ ညှိုးနွမ်းနေကြပါတယ်။ ပွင့်အံ့ဆဲဆဲ ပန်းကလေးတွေကို ပြုစုယုယမဲ့ ပန်းတွေကိုချစ်တတ်တဲ့ ပန်းဥယျာဉ်မှုးမရှိပါဘူး။ ဒီအတွက်ပန်းကလေးတွေ မျက်နှာငယ်နေကြရှာပါတယ်။ တကယ်၍ ဒီပန်းကလေးတွေဟာ တချိန်ချိန်မှာ တန်ဖိုးမဖြတ်နိုင်တဲ့ ပန်းပွင့်တပွင့်ဖြစ်လာမယ်လို့ ဘယ်သူပြောနိုင်မလဲ....

တခါတရံမှာ ကျနော်တို့လဲ ဥယျာဉ်မှုးတယောက်အနေနဲ့ ဆင်တူလှပါတယ်။ ကျနော်တို့လုပ်ရပ်လေးတွေမှာ အမှားအယွင်းများစွာနဲ့ ရှိနေတတ်ပါတယ်။ ကျနော်တို့စိတ်ထဲမှာ လိုချင်နေတာက အကောင်းမွန်ဆုံးပန်းလေးတွေပါ။ ဒါပေမဲ့ ကျနော်တို့လုပ်ဆောင်မိတာက အပျိုးမတတ်တဲ့ ဥယျာဉ်မှုးတယောက်လိုပါပဲ။ ကျနော်တို့တွေ အဆိပ်ပင်ကို ပိုမိုရှင်သန်လာအောင် ရေလောင်းပေးနေမိသလိုပါပဲ။ ဒီအတွက် တခါတရံ ကိုယ့်ရွေးချယ်တဲ့လမ်းဟာ ဆူးခင်းတဲ့ လမ်းဖြစ်နေတတ်ပါတယ်။ ဒီလိုမျိုးအချိန်မျိုးမှာ စိတ်အားမငယ်ပဲ ဆူးခင်းတဲ့လမ်းကိုလဲ ရဲဝံ့စွာ လျှောက်လမ်းနိုင်ဖို့ လိုအပ်ပါတယ်။ ပန်းလေးတွေ ခင်းထားပေးတဲ့ လှပတဲ့ ပန်းခင်းလမ်းလေးဆိုလဲ သာသာယာယာ ကျေကျေနပ်နပ်ကို ဖြတ်လျှောက်သွားရမှာပါပဲ။ ကျနော်တို့လူသားတိုင်း လှပတဲ့ပန်းခင်းလေးတွေ ပျိုးပေးနိုင်တဲ့ ဥယျာဉ်မှုးကောင်းလေး ဖြစ်ပါစေလို့ ကျနော်ဆုတောင်းပေးပါတယ်။

*** ကိုရွာသားလေး Tag တဲ့ပိုစ့်လေးပါ။ သူကရေးခိုင်းစေချင်တာက တမျိုးထင်ပါရဲ့။ ခုတလော အာရုံက ဘယ်တွေရောက်ရောက်သွားလဲ မသိပါဘူး။ ပြန်ပြီး သေချာဆင်ခြင်ရဦးမယ် အဟီးးး အကိုရေ ရေးတော့ ရေးလိုက်တယ်ဗျာ... မှားသွားရင် ခွင့်လွတ်တော့ဗျို့

လေးစားလျက် တောင်ပေါ်သား

ဆုနဲ့စူး

ကိုရီနို ရဲ့ တက်ဂ်ကြွေးလေးပါ။ ဆုနဲ့ စူး တဲ့..း) ကိုရီနို က သူ့ Tag ကြွေးတွေကို လိုက်တောင်းနေတော့ ရေးစရာမရှိလဲ မရေးချင်လို့ မရအောင် ဘလော့ပေါ်မှာ အကြွေးစာရင်းတင်တော့ ရေးလိုက်ပါတယ်။ ကိုရီနိုရေ အကိုပြောတဲ့ ဆု နဲ့ စူးဆိုတာ ဆိုင်လားမဆိုင်လား၊ ဟုတ်လားမဟုတ်လား ကိုယ်တိုင်တာ စဉ်းစားပေတော့ဗျာ ကျနော်တော့ ရေးချလိုက်ပြီး).....

ကျနော်ဘ၀မှာ သေချာပြန်စဉ်းစားကြည့်မိရလောက်အောင် ငယ်စဉ်က မထူးချွန်ခဲ့ပါဘူး။ ပေါ်ကုန်ပါပြီဗျာ.. တကယ်ပြောတာ ကျနော်ငယ်စဉ်က အတန်းထဲမှာ စာတော်တဲ့ လူစာရင်းထဲမှာ မပါခဲ့ပါဘူး။ စာမတော်လို့ စာအညံ့ကြီးလားဆိုတော့လဲ အဲလောက်ထဲ မညံ့ပါဘူး (ကိုယ့်ဟာကို ပြန်သုံးသပ်တာပါ) အတန်းထဲမှာ စာမေးပွဲဖြေရင်တော့ အောင်နေတာပါပဲ။ တခါတလေ ကျတာကလွဲလို့ပေါ့း).. ဒီတော့ ငယ်စဉ်က ဆုရခဲ့ဖူးတာ မရှိပါဘူး။ ၃ တန်းနှစ်တုန်းလောက်ကထင်တယ် ကျောင်းပွဲတခုမှ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ကဗျာ သီချင်းလေးတွေ ရွတ်ဆိုတဲ့ ပြိုင်ပွဲမှာတော့ ဒုတိယဆု တခါ ချိတ်ဖူးတယ်။ ဒါဟာ ပညာရေးဖက်မှာ အရမ်းထူးချွန်တဲ့ ကျနော့်ရဲ့ဆုတခုပါပဲ။

ပျော်ရွှင်ဖွယ် ကောင်းတဲ့ ဆုရလာဒ်တွေ မရှိသလို ရင်နဲ့ခံစားပြီး နောင်တရနေရမဲ့ စူးဒါဏ်ရာတွေလဲ ကျနော့်ဘ၀မှာ မရှိပါဘူး။ ကျနော့်က အပေါင်းအသင်းကို ခင်မင်တတ်သလို စိတ်လဲ ရှည်တတ်ပါတယ်။ ဒါကြောင့် တော်ရုံတန်ရုံ အပေါင်းအသင်းတွေ ရန်ဖြစ်တယ် ကွဲတယ်ဆိုတာ မရှိသလောက်ပါပဲ။ အချိန်တန်လို့ ခွဲသွားရတာလေးတွေတော့ ရှိစဲမြဲပါ။ ကျနော်ယုံကြည်နေတာ တခုတော့ ရှိတယ်။ ကျနော်တို့ငယ်စဉ်က အတန်းဖော်တွေ အားလုံး အရွယ်ရောက်လာလို့ အားလုံးမဟုတ်ရင်တောင်မှ အတော်များများကတော့ ကိုယ်ပိုင်လုပ်ငန်းတွေ ကိုယ်စီနဲ့ အောင်မြင်နေကြမှာပါ။ ဒါပေမဲ့ ဘယ်သူတွေကတော့ ဘယ်အတန်းတုန်းကအဖော်လဲ ကျနော်မမှတ်မိပါဘူး။ မှတ်ဥာဏ်က အဲလိုကောင်းတာမျိုးပါ။ ကျနော့်ဘ၀မှာ မှတ်မှတ်ရရ အရင်းနှီးဆုံး ခင်မင်ဖူးတဲ့ သူငယ်ချင်းတွေများစွာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်ဦးနှောက်ထဲမှာ လုံးဝမမေ့နိုင်တဲ့ သူငယ်ချင်းတွေကို ရေတွက်ကြည့်မယ်ဆို ကျနော်လက်ချောင်းလေးတွေနဲ့တင် ရေတွက်လို့ ရပါတယ်။

ကျနော်မွေးရပ် တောင်ကြီးမြို့လေးမှာ အထက်တန်းထိနေခဲ့ရပါတယ်။ ကျနော်တို့ အထက်တန်းလောက်ရောက်မှ ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေကိုတော့ ကောင်းကောင်းကြီး မှတ်မိနေပါတယ်။ ကျနော့်ရဲ့ အခင်မင်ရဆုံး သူငယ်ချင်းများကို ဒီမှာ ရေးသားဖူးပါတယ်။ အမြဲတမ်း ဘ၀မှာ မမေ့နိုင်တဲ့ ပျော်ရွှင်စရာ အဖြစ်လေးတွေပါ။ ကျနော်မှာကျောင်းသားဘ၀က ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေနဲ့ ပတ်သက်ပြီးတော့ ရည်မှန်းချက်တခုတော့ ရှိပါတယ်။ ကျနော်တို့ အသက်လေးလဲ ရလာရင် ကျနော်တို့ကျောင်းသား၊ကျောင်းသူ သူငယ်ချင်းဟောင်းလေးတွေ စုံစုံညီညီ ပျော်ပျော်ပါးပါးနဲ့ ကျနော်တို့ကို ပညာသင်ကြားပေးခဲ့တဲ့ ကျနော့်တို့ရဲ့ ကျေးဇူးရှင် ဆရာသမားတွေကို လေးစားစွာနဲ့ ကန်တော့ချင်မိပါတယ်။ ဒီစိတ်ကူးလေးကို အောင်မြင်အောင်လဲ ကျနော်ကြိုးစားပါဦးမည်။

အနေချင်ဆုံး မြို့လေး တမြို့

မနက်ခင်းစူးရှတဲ့နေရောင်ရဲ့အလင်းရောင်ဟာ ပြတင်းပေါက်လေးကတဆင့် ကျနော်အခန်းလေးထဲ ရောက်ရှိလာပါတယ်။ မနက်ခင်းစောစောထလိုက်တာနဲ့ အေးမြတဲ့လေထုရဲ့ တိုက်ခတ်မူကိုခံစားလိုက်ရပါတယ်။ သာမန်လူတယောက်အတွက် ဒီအအေးတွေဟာ အနွေးထည်တွေ များစွာ ၀တ်ထားရပေမဲ့ ကျနော်အတွက်တော့ ဒီအအေးထုကြီးကို နှစ်သက်စွာခံယူရင်း မနက်ခင်းအိပ်ရာကို နိုးထလာပါတယ်။ ကျနော်နေတဲ့ မြို့လေးပေါ့။ ကျနော်နေတဲ့မြို့လေးက လေးဖက်လေးရံ တောင်တန်းတွေနဲ့ ကာရန်ထားပါတယ်။ စိမ်းလန်းနေတဲ့ တောင်ကုန်းတွေ၊ တောင်တန်းတွေနဲ့ နေချင်စရာအပြည့်ပေါ့။ ကျနော်နေတဲ့ မြို့လေးက မြို့ကြီးလို့လဲ မဆိုတာသလို တောကျတယ်လဲ မဆိုသာပါဘူး။ ချင်းတောင်တန်းတွေလို အမြင့်ပေ မများပါဘူး။ ဒါပေမဲ့ နွေးထွေးမူအပြည့်နဲ့ စိတ်ရင်းသဘောထားပြည့်စုံတဲ့ လူအများစု နေထိုင်ကြပါတယ်။

ချယ်ရီပန်းတို့ဖူးပွင့်ရာ ကျနော်တို့မြို့လေးမှာ ချယ်ရီပွင့်ချိန်ဆို တောင်တွေများ ပန်းရောင်ကောဇောကြီးခင်းထားသလို လှပနေတာပေါ့။ မနက်စောစော အိပ်ရာကထလိုက်ရင် တ၀ုန်းဝုန်းနဲ့ မောင်းနေတဲ့ ထော်လာဂျီပေါ်မှာ ကုန်တွေ လူတွေ အပြည့်နဲ့ဈေးရောင်းတဲ့ လူတွေကိုလဲ တွေ့ရတတ်ပါတယ်။ ရှမ်း၊ ပအိုဝ့်၊ ပလောင်၊ ဗမာ၊ ခရစ်ယာန်၊ အစ္စလာမ် စသည်ဖြင့် လူမျိုးပေါင်းစုံတို့ စည်းလုံးစွာ နေထိုင်ကြတာပါ။ အိမ်နီးချင်းအချင်းချင်း လူမျိုးခွဲစိတ်ဓါတ်မရှိ တအိမ်မှာ ဟင်းကောင်းလေးများချက်ရင် တဖက်အိမ်ကို လှမ်းပေးတတ်တဲ့ ချစ်စရာ ဓလေ့လေးတွေနဲ့ ကျနော်တို့မြို့လေးပါ။ အပေါ်ယံမဟုတ်ပဲ ရင်ထဲကနေပေါင်းကြတဲ့ သူငယ်ချင်းတွေနဲ့ ပျော်စရာကောင်းတဲ့ မြို့လေးပါ။

ကျနော်တို့မြို့လေးဟာ ကလောမြေလို အရမ်းမအေးပါဘူး။ မေမြို့လိုမျိုး ပန်းခင်းလေးတွေနဲ့ မပြည့်စုံပါဘူး။ ဒါပေမဲ့ ကျနော်တို့မြို့လေးကို လာလည်ရင် ဧည့်ဝတ်ကျေပွန်တဲ့ တိုင်းရင်းသားလူမျိုးတွေ ကိုတွေ့ရပါလိမ့်မယ်။ ကျနော်တို့မြို့လေးက လူတွေဟာ ပွဲလမ်းသဘင်ကို အရမ်းခုံမင်တတ်ကြပါတယ်။ ကျနော်တို့မြို့လေးမှာ ဘယ်တိုင်းပြည် ဘယ်မြို့မှာမှ မလုပ်တဲ့ တန်ဆောင်တိုင်ပွဲတော်ကြီး ရှိတယ်။ စက္ကူနဲ့လုပ်တဲ့ မီးပုံပျံတွေ ရှိတယ်။ တိရစ္ဆာန်မျိုးစုံရဲ့ အရုပ်ပုံစံတူလေးတွေလွှတ်ပြီး ပျော်ကြတယ်။ ခင်မင်မူတွေ တည်ဆောက်ကြတယ်။ လူမျိုးတွေ ကွဲပြားပေမဲ့ ဒီတန်ဆောင်တိုင်ပွဲလေးက တောင်ပေါ်သူ၊တောင်ပေါ်သား အချင်းချင်းစည်းလုံး ညီညွတ်စွာ ပျော်ရွှင်စွာတူတူ ဆင်နွှဲကြတယ်... ကျနော်တို့မြို့လေးမှာ ပင်းတယလို အထင်ကရ နာမည်ကြီး ဘုရားစေတီတွေ မရှိသလို နာမည်ကြီးနေရာတွေလဲ မရှိပါဘူး။ ဒါပေမဲ့ ကျနော်တို့ တောင်ချွန်းဆိုတဲ့ တောင်ကြီးတခုရှိတယ် တောင်ဘက်ကို မိုင်အနဲငယ် ထွက်လိုက်တာနဲ့ ချစ်စရာ ပအိုဝ့်လူမျိုးတွေ နေတဲ့ ရွာလေးတွေ ရှိတယ်။ အဲ့ဘက်ကမှ ဆက်သွားလိုက်ရင် အခုနောက်ပိုင်းမှာ နာမည်ကြီးလာတဲ့ မွေတော်က္ကူဘုရားပုထိုးတွေ ရှိတယ်။ ဧကအနဲငယ်အတွင်းမှာ ဘုရားစေတီတွေ တန်းစီပြီး ဆောက်ထားတာပါ။

ဒီလိုပဲ ကျနော်တို့မြို့လေးကနေ အောက်ဖက်ကိုဆင်းသွားမယ်ဆို နာမည်ကျော် အေးသာယာ စက်မူဇုံကြီးရှိပါသေးတယ်။ မြန်မာပြည် လက်ရာကားတွေ ထုတ်တာပေါ့။ တကယ
့်မြန်မာပြည်စစ်စစ်ထုတ်တွေပါ။ ဖြတ်ညှပ်ကပ် မဟုတ်ရပါဘူး။ အဲကနေ ဆက်သွားရင်တော့ စော်ဘွားတွေ နေတဲ့ ညောင်ရွှေကို သွားလို့ရပါတယ်။ အင်မတန်မှ ဧည့်ဝတ်ကျေပွန်တတ်တဲ့ အင်းသားများစုဝေးရာ အင်းလေးကန်ကိုရောက်ပါတယ်။ ရီစရာလေး တခုပြောပြပါဦးမယ် ကျနော်တို့တောင်ပေါ်ဒေသတွေကို မရောက်ဖူးတဲ့ သူငယ်ချင်းတယောက်ပြောဖူးတာလေးပါ။ တောင်ပေါ်မှာ ဘောလုံးကန်တော့ ဘယ်လို ကန်မတုန်းတဲ့ သူတို့အထင်တွေကတော့ ဘောလုံးကန်လိုက်ရင် တောင်အောက်များ ကျသွားတယ် ထင်တာလား မပြောတတ်ပါဘူးး)

တနေ့နေ့ပေါ့ အဝေးတနေရာမှာ ရောက်နေတဲ့ ကျနော်တို့နိုင်ငံကလူတွေ အားလုံး အဆင်ပြေရင် နိုင်ငံအတွက် တိုင်းပြည်အတွက် ကိုယ့်မွေးရပ်မြေလေးအတွက် ပြန်ကြမှာပါပဲ။ ဒီလိုပဲ ခုချိန်မှာ ချစ်တဲ့ မွေးရပ်မြေလေးနဲ့ ဝေးနေပေမဲ့ ကျနော်ရဲ့ ရင်ထဲမှာ အချိန်တိုင်းနီးပါးကတော့ ချစ်တဲ့ မိသားစု၊ သူငယ်ချင်းတွေ၊ ကျနော်ကိုမွေးဖွားပေးခဲ့တဲ့ ကျနော်ရဲ့မြို့လေးကို တမ်းတနေဆဲပါ။ ကျနော်တို့တောင်ကြီးသားတွေလို ဆိုတာနဲ့ စကားသံဝဲ၀ဲ ရိုးသားပွင့်လင်းတဲ့ လူတွေအဖြစ် အများစုက တွေးထင်မိကြပါတယ်။ ဒီလိုမျိုး အထင်ခံရတာကိုက ကျနော်မြို့လေးအတွက် အဖိုးမဖြတ်နိုင်တဲ့ ဂုဏ်ပုဒ်လေးတခုပါပဲ။ ဒီအတွက် ကျနော်တောင်ကြီးသားဖြစ်ရတာ အမြဲ ဂုဏ်ယူလျက်ပါ။ ကျနော်တို့ တောင်ကြီးသားတွေလဲ အခုဆို အရင်တုန်းကလို ခေတ်နောက်မကျအောင် တိုးတက်နေတာကိုတွေ့နေရပါတယ်။ ရိုးရာမီးပုံပျံပွဲတွေကို တိုက်ရိုက် လွှင့်လာနိုင်ပြီ။ ဒီလို အဝေးတနေရာမှ ကိုယ့်အစွမ်းအစနဲ့ ကိုယ်ခြေထောက်ပေါ်ကိုယ်တိုင် ရပ်တည်နေကြပါပြီ။ အရမ်းကို ကြည်နူး ဂုဏ်ယူစရာပါပဲ။ တနေ့တချိန်ချိန်မှာတော့ အသက်တွေ ကြီးလို့ ပြည့်စုံသည်ဖြစ်စေ မပြည့်စုံသည်ဖြစ်စေ ချစ်သော မွေးရပ်မြေလေးမှာပဲ ခေါင်းချ ချင်ပါတယ်။ ဒါကျနော်ရဲ့ ဆန္ဒလေးပါပဲ။

ကိုရီနို ရဲ့တက်ဂ်ပိုစ့်လေးပါ။ ဒီပိုစ့်လေးကို ရေးရတာ အရမ်းခံစားရပါတယ်။ မွေးရပ်မြေနဲ့ ဝေးကွာနေတဲ့လူတိုင်း ခံစားကြရမယ်လို့ ကျနော် ယူဆမိပါတယ်။ လူသားတိုင်းဟာ ကိုယ့်မွေးတဲ့ မြေကိုချစ်သလို သေရင်တောင် ကိုယ့်မွေးမြေလေးမှာ သေချင်တာ အများစုပါ။ ကျနော် ထပ် မတက်ဂ်တော့ပါဘူး ကိုရီနို တက်ဂ်တာ ဆိုင်မဆိုင်တော့ မသိဘူးဗျာ ရေးတော့ ရေးလိုက်ပါတယ်။

လေးစားလျက် တောင်ပေါ်သား

အနေချင်ဆုံး မြို့လေး တမြို့

မနက်ခင်းစူးရှတဲ့နေရောင်ရဲ့အလင်းရောင်ဟာ ပြတင်းပေါက်လေးကတဆင့် ကျနော်အခန်းလေးထဲ ရောက်ရှိလာပါတယ်။ မနက်ခင်းစောစောထလိုက်တာနဲ့ အေးမြတဲ့လေထုရဲ့ တိုက်ခတ်မူကိုခံစားလိုက်ရပါတယ်။ သာမန်လူတယောက်အတွက် ဒီအအေးတွေဟာ အနွေးထည်တွေ များစွာ ၀တ်ထားရပေမဲ့ ကျနော်အတွက်တော့ ဒီအအေးထုကြီးကို နှစ်သက်စွာခံယူရင်း မနက်ခင်းအိပ်ရာကို နိုးထလာပါတယ်။ ကျနော်နေတဲ့ မြို့လေးပေါ့။ ကျနော်နေတဲ့မြို့လေးက လေးဖက်လေးရံ တောင်တန်းတွေနဲ့ ကာရန်ထားပါတယ်။ စိမ်းလန်းနေတဲ့ တောင်ကုန်းတွေ၊ တောင်တန်းတွေနဲ့ နေချင်စရာအပြည့်ပေါ့။ ကျနော်နေတဲ့ မြို့လေးက မြို့ကြီးလို့လဲ မဆိုတာသလို တောကျတယ်လဲ မဆိုသာပါဘူး။ ချင်းတောင်တန်းတွေလို အမြင့်ပေ မများပါဘူး။ ဒါပေမဲ့ နွေးထွေးမူအပြည့်နဲ့ စိတ်ရင်းသဘောထားပြည့်စုံတဲ့ လူအများစု နေထိုင်ကြပါတယ်။

ချယ်ရီပန်းတို့ဖူးပွင့်ရာ ကျနော်တို့မြို့လေးမှာ ချယ်ရီပွင့်ချိန်ဆို တောင်တွေများ ပန်းရောင်ကောဇောကြီးခင်းထားသလို လှပနေတာပေါ့။ မနက်စောစော အိပ်ရာကထလိုက်ရင် တ၀ုန်းဝုန်းနဲ့ မောင်းနေတဲ့ ထော်လာဂျီပေါ်မှာ ကုန်တွေ လူတွေ အပြည့်နဲ့ဈေးရောင်းတဲ့ လူတွေကိုလဲ တွေ့ရတတ်ပါတယ်။ ရှမ်း၊ ပအိုဝ့်၊ ပလောင်၊ ဗမာ၊ ခရစ်ယာန်၊ အစ္စလာမ် စသည်ဖြင့် လူမျိုးပေါင်းစုံတို့ စည်းလုံးစွာ နေထိုင်ကြတာပါ။ အိမ်နီးချင်းအချင်းချင်း လူမျိုးခွဲစိတ်ဓါတ်မရှိ တအိမ်မှာ ဟင်းကောင်းလေးများချက်ရင် တဖက်အိမ်ကို လှမ်းပေးတတ်တဲ့ ချစ်စရာ ဓလေ့လေးတွေနဲ့ ကျနော်တို့မြို့လေးပါ။ အပေါ်ယံမဟုတ်ပဲ ရင်ထဲကနေပေါင်းကြတဲ့ သူငယ်ချင်းတွေနဲ့ ပျော်စရာကောင်းတဲ့ မြို့လေးပါ။

ကျနော်တို့မြို့လေးဟာ ကလောမြေလို အရမ်းမအေးပါဘူး။ မေမြို့လိုမျိုး ပန်းခင်းလေးတွေနဲ့ မပြည့်စုံပါဘူး။ ဒါပေမဲ့ ကျနော်တို့မြို့လေးကို လာလည်ရင် ဧည့်ဝတ်ကျေပွန်တဲ့ တိုင်းရင်းသားလူမျိုးတွေ ကိုတွေ့ရပါလိမ့်မယ်။ ကျနော်တို့မြို့လေးက လူတွေဟာ ပွဲလမ်းသဘင်ကို အရမ်းခုံမင်တတ်ကြပါတယ်။ ကျနော်တို့မြို့လေးမှာ ဘယ်တိုင်းပြည် ဘယ်မြို့မှာမှ မလုပ်တဲ့ တန်ဆောင်တိုင်ပွဲတော်ကြီး ရှိတယ်။ စက္ကူနဲ့လုပ်တဲ့ မီးပုံပျံတွေ ရှိတယ်။ တိရစ္ဆာန်မျိုးစုံရဲ့ အရုပ်ပုံစံတူလေးတွေလွှတ်ပြီး ပျော်ကြတယ်။ ခင်မင်မူတွေ တည်ဆောက်ကြတယ်။ လူမျိုးတွေ ကွဲပြားပေမဲ့ ဒီတန်ဆောင်တိုင်ပွဲလေးက တောင်ပေါ်သူ၊တောင်ပေါ်သား အချင်းချင်းစည်းလုံး ညီညွတ်စွာ ပျော်ရွှင်စွာတူတူ ဆင်နွှဲကြတယ်... ကျနော်တို့မြို့လေးမှာ ပင်းတယလို အထင်ကရ နာမည်ကြီး ဘုရားစေတီတွေ မရှိသလို နာမည်ကြီးနေရာတွေလဲ မရှိပါဘူး။ ဒါပေမဲ့ ကျနော်တို့ တောင်ချွန်းဆိုတဲ့ တောင်ကြီးတခုရှိတယ် တောင်ဘက်ကို မိုင်အနဲငယ် ထွက်လိုက်တာနဲ့ ချစ်စရာ ပအိုဝ့်လူမျိုးတွေ နေတဲ့ ရွာလေးတွေ ရှိတယ်။ အဲ့ဘက်ကမှ ဆက်သွားလိုက်ရင် အခုနောက်ပိုင်းမှာ နာမည်ကြီးလာတဲ့ မွေတော်က္ကူဘုရားပုထိုးတွေ ရှိတယ်။ ဧကအနဲငယ်အတွင်းမှာ ဘုရားစေတီတွေ တန်းစီပြီး ဆောက်ထားတာပါ။

ဒီလိုပဲ ကျနော်တို့မြို့လေးကနေ အောက်ဖက်ကိုဆင်းသွားမယ်ဆို နာမည်ကျော် အေးသာယာ စက်မူဇုံကြီးရှိပါသေးတယ်။ မြန်မာပြည် လက်ရာကားတွေ ထုတ်တာပေါ့။ တကယ့်မြန်မာပြည်စစ်စစ်ထုတ်တွေပါ။ ဖြတ်ညှပ်ကပ် မဟုတ်ရပါဘူး။ အဲကနေ ဆက်သွားရင်တော့ စော်ဘွားတွေ နေတဲ့ ညောင်ရွှေကို သွားလို့ရပါတယ်။ အင်မတန်မှ ဧည့်ဝတ်ကျေပွန်တတ်တဲ့ အင်းသားများစုဝေးရာ အင်းလေးကန်ကိုရောက်ပါတယ်။ ရီစရာလေး တခုပြောပြပါဦးမယ် ကျနော်တို့တောင်ပေါ်ဒေသတွေကို မရောက်ဖူးတဲ့ သူငယ်ချင်းတယောက်ပြောဖူးတာလေးပါ။ တောင်ပေါ်မှာ ဘောလုံးကန်တော့ ဘယ်လို ကန်မတုန်းတဲ့ သူတို့အထင်တွေကတော့ ဘောလုံးကန်လိုက်ရင် တောင်အောက်များ ကျသွားတယ် ထင်တာလား မပြောတတ်ပါဘူးး)

တနေ့နေ့ပေါ့ အဝေးတနေရာမှာ ရောက်နေတဲ့ ကျနော်တို့နိုင်ငံကလူတွေ အားလုံး အဆင်ပြေရင် နိုင်ငံအတွက် တိုင်းပြည်အတွက် ကိုယ့်မွေးရပ်မြေလေးအတွက် ပြန်ကြမှာပါပဲ။ ဒီလိုပဲ ခုချိန်မှာ ချစ်တဲ့ မွေးရပ်မြေလေးနဲ့ ဝေးနေပေမဲ့ ကျနော်ရဲ့ ရင်ထဲမှာ အချိန်တိုင်းနီးပါးကတော့ ချစ်တဲ့ မိသားစု၊ သူငယ်ချင်းတွေ၊ ကျနော်ကိုမွေးဖွားပေးခဲ့တဲ့ ကျနော်ရဲ့မြို့လေးကို တမ်းတနေဆဲပါ။ ကျနော်တို့တောင်ကြီးသားတွေလို ဆိုတာနဲ့ စကားသံဝဲ၀ဲ ရိုးသားပွင့်လင်းတဲ့ လူတွေအဖြစ် အများစုက တွေးထင်မိကြပါတယ်။ ဒီလိုမျိုး အထင်ခံရတာကိုက ကျနော်မြို့လေးအတွက် အဖိုးမဖြတ်နိုင်တဲ့ ဂုဏ်ပုဒ်လေးတခုပါပဲ။ ဒီအတွက် ကျနော်တောင်ကြီးသားဖြစ်ရတာ အမြဲ ဂုဏ်ယူလျက်ပါ။ ကျနော်တို့ တောင်ကြီးသားတွေလဲ အခုဆို အရင်တုန်းကလို ခေတ်နောက်မကျအောင် တိုးတက်နေတာကိုတွေ့နေရပါတယ်။ ရိုးရာမီးပုံပျံပွဲတွေကို တိုက်ရိုက် လွှင့်လာနိုင်ပြီ။ ဒီလို အဝေးတနေရာမှ ကိုယ့်အစွမ်းအစနဲ့ ကိုယ်ခြေထောက်ပေါ်ကိုယ်တိုင် ရပ်တည်နေကြပါပြီ။ အရမ်းကို ကြည်နူး ဂုဏ်ယူစရာပါပဲ။ တနေ့တချိန်ချိန်မှာတော့ အသက်တွေ ကြီးလို့ ပြည့်စုံသည်ဖြစ်စေ မပြည့်စုံသည်ဖြစ်စေ ချစ်သော မွေးရပ်မြေလေးမှာပဲ ခေါင်းချ ချင်ပါတယ်။ ဒါကျနော်ရဲ့ ဆန္ဒလေးပါပဲ။

ကိုရီနို ရဲ့တက်ဂ်ပိုစ့်လေးပါ။ ဒီပိုစ့်လေးကို ရေးရတာ အရမ်းခံစားရပါတယ်။ မွေးရပ်မြေနဲ့ ဝေးကွာနေတဲ့လူတိုင်း ခံစားကြရမယ်လို့ ကျနော် ယူဆမိပါတယ်။ လူသားတိုင်းဟာ ကိုယ့်မွေးတဲ့ မြေကိုချစ်သလို သေရင်တောင် ကိုယ့်မွေးမြေလေးမှာ သေချင်တာ အများစုပါ။ ကျနော် ထပ် မတက်ဂ်တော့ပါဘူး ကိုရီနို တက်ဂ်တာ ဆိုင်မဆိုင်တော့ မသိဘူးဗျာ ရေးတော့ ရေးလိုက်ပါတယ်။

လေးစားလျက် တောင်ပေါ်သား

Blogger Template by Clairvo