Labels

Showing posts with label မွေးနေ့. Show all posts

ဖေဖော်ဝါရီ ၁၃ ရက်

ဖေဖော်ဝါရီ (၁၃)ရက်က ငါတို့ဖခင်
ဒို့ဗိုလ်ချုပ်ရဲ့ (၉၄နှစ်) မွေးနေ့ဖြစ်လဲ
ဒို့များပြည်သူ စိတ်မကောင်းဖွယ် မေ့နေကြသလား
မေ့ချင်ယောင်များ ဆောင်နေရသလား

ဗယ်လင်တိုင်းဒေးကိုတော့ လူတိုင်းနီးပါး မှတ်မိနေကြ
အချစ်အတွက် အသက်ပေးခဲ့ လူတယောက်ကို
သူတို့အတွေး သူရဲကောင်းဖြစ်ကာ ယုံကြည်မှတ်စွဲ ကိုးကွယ်ခဲ့တာ
(၁၄)ရက်နေ့ပျော်ရွှင်ကြတယ် ယစ်မူးကြတယ်

တို့ဗိုလ်ချုပ်ရဲ့ မွေးနေ့ရက်ကို မေ့နေခဲ့ကြတယ် ရှက်မိပါတယ် ဖခင်။
သတိရတော့ ဘာထူးမှာတုန်း ပြောနေကြတာ
မြန်မာဖြစ်ပြီး ရင်နာမိတယ် ဘာမှမထူး ရင်ထဲမှာထား
အမှတ်ရနေ ဆုတောင်းသင့်တယ် ပူဆွေးသင့်တယ်။

ငါတို့ဖခင် ကျေးဇူးရှင်ကား ပြည်သူတွေနဲ့ တသွေးတသား ရပ်တည်ခဲ့တာ
တိုင်းပြည်အတွက် အစွန့်လွှတ်ခံ စတေးခဲ့တာ
အာဏာရူး လူမိုက်တသိုက် မသမာလုပ်ရပ်တွေကြောင့်
ဆုံးရှုံးခဲ့တဲ့ ဒီအသက်အတွက် နှမျောမိတယ် အိုဖခင်။

အမှန်ကိုင်စွဲ မကြောက်မ၀ံ့ ရှေ့ကိုလှမ်းလို့
မဟုတ်မခံ ရဲဝံ့တဲ့စိတ်တွေက
တချို့စိတ်မှာ မျက်စိဆူးရှ မကြည်ပေမဲ့
ကျနော်တို့နှလုံးသားမှာ ထာဝရ မှတ်မိနေဆဲပါ အိုဖခင်။

လူကိုယ်တိုင် မမ်ီပေမဲ့ အတိတ်ပုံရိပ် သူလုပ်ရပ်တွေ
ဒို့ပြည်သူတွေရဲ့ နှလုံးသားဆီ ထာဝရမမေ့
တိုင်းပြည်ကိုကြည့် အမြဲလွမ်းဆွတ်
ဝမ်းနဲမူနဲ့ သတိရ ခိုလှုံနေဆဲပါ အို…ဖခင်။

တောင်တန်းနဲ့ ပြည်မ မခွဲခြားရလေအောင် ကြိုးစားခဲ့တဲ့
ဒီဖေဖော်ဝါရီ ၁၂ ရက်နေ့ သတ်မှတ်ခဲ့ကြ ပြည်ထောင်စုနေ့
(၆၂) နှစ်ပြည့်ခဲ့လေပြီ ဒုက္ခဆင်းရဲ အခက်ခက်ကို ရဲဝင့်ရင်ဆိုင်
ညီညွတ်အောင်လဲ လုပ်ဆောင်ခဲ့တယ် အိုဖခင်

ခုချိန်မှာများ နောင်လာမျိုးဆက် ဒီရက်တွေကို
ဝံ့ကြွားဂုဏ်ယူပြောလိုက်ရင်ဖြင့် သူတို့တွေက
ဟားတိုက်ရယ်မယ် သူတို့သိတာ
ချစ်သူများနေ့ ဗယ်လင်တိုင်းတဲ့

ဒို့များတာဝန် မကျေပွန်လို့ သူတို့မေ့တာ
အပြစ်ဆိုဖွယ် စိုးစေ့မရှိ တရားခံက ကျွန်ပ်တို့သာ
လွဲမှားယူဆ အမှားမိုက်လို့
ဒို့ညီနောင်ဖွား တို့မျိုးဆက်အတွက် ရှက်မိပါတယ် အိုဖခင်...

ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ကဗျာလေးပါ။ အားလုံး အမှတ်ရစေဖို့ ရည်ရွယ်ပါတယ်။

ဖေဖော်ဝါရီ တစ်ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား ….
တစ်ထောင့် ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့ မမေ့အား
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား…။

စာကြွင်း။ ။ ကျနော်ရင်ထဲက ခံစားချက်တခုတာ ဖြစ်ပါတယ်။

လေးစားလျက် တောင်ပေါ်သား

မွေးနေ့ဆုတောင်း

လေးစားလျက် တောင်ပေါ်သား

မွေးနေ့ဆုတောင်း

လေးစားလျက် တောင်ပေါ်သား

ကျနော်ရဲ့ မွေးနေ့

၁၆.၁၀.၂၀၀၈ ဆိုရင် ကျနော်ရဲ့ ကမ္ဘာမြေကြီးပေါ် လူသားရယ်လို့ဖြစ်လာတဲ့ အသက် ၂၄ နှစ်မြောက်မွေးနေ့လေးပါ။ ဘာလိုလိုနဲ့ အသက်တွေကြီးလာလိုက်တာ ကိုယ်ဟာကိုယ်တောင် မယုံနိုင်ဘူးဖြစ်နေပါ့။ ဘာမှအရာမရောက်ပဲ နှစ်ပေါင်း ၂၄ နှစ်ကိုတောင် ကျော်ဖြတ်လာခဲ့ပါလားလို့ တခါတလေ တွေးမိပါရဲ့။ ဒီလို ၂၄ နှစ်တာအတွင်းမှာ ကျနော် ချစ်တဲ့ တိုင်းပြည်အတွက်၊ ကျနော်ချစ်တဲ့ မြို့လေးအတွက် ပြီးတော့ မိသားစုအတွက် ကျနော်ဘာတွေ လုပ်နိုင်ခဲ့သလဲ ပြန်စဉ်းစားမိတယ် အမေးအားလုံးအတွက် အဖြေကတော့ တစ်ခုတည်းပါပဲ NO တဲ့။ ဒီလိုအဝေးရောက်နေတဲ့ လူတစ်ယောက်ရဲ့ မွေးနေ့လေးမှာ ပထမဆုံး သတိရမိတာကတော့ အမေပါပဲ။ သြော် အမေတောင် ဘာလိုလိုနဲ့ အသက်တွေကြီးလာပါကောလို့ စဉ်းစားမိသေးတယ်ဗျာ..

ပထမဆုံး ကျေးဇူးတင်ရမှာတော့ အမေပါပဲ။ အမေကတော့ ဒီအချိန် ကျနော်မရှိတဲ့ မြို့လေးမှာ ကျနော်အတွက် ဆုတောင်းမူ တစ်ခုခုလုပ်ပေးနေလောက်ပြီပေါ့။ ကျနော်ကတော့ အမေအတွက် ဒီအရွှယ်ရောက်ထိတိုင်အောင် ဘာဆိုဘာမှ မယ်မယ်ရရမလုပ်ပေးနိုင်ခဲ့သေးပါဘူး။ မိဘမေတ္တာဟာ တော်တော်ကို ကြီးမားနက်ရှိုင်းမှန်း သိလိုက်ရတဲ့ အချိန်မှာ လူဆိုတဲ့အမျိုးဟာ နောင်တတွေကို ရင်ဝယ်ပိုက် ထွေးပွေ့ပြီးသား ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်လဲ ရှေးလူကြီးတွေပြောခဲ့တာပေါ့ ခလုတ်ထိမှ အမေ့ကို တကြတယ်တဲ့လေ.. ဒါဟာ အမှန်ပါပဲ

ကိုယ်ရဲ့ဘ၀မှာ သာယာကြည်နူးဖွယ် အဖြစ်တွေနဲ့ ကြုံကြိုက်နေတဲ့အချိန်မှာ မိဘတွေရဲ့ မေတ္တာကို မေ့နေတတ်ပေမဲ့ တကယ်တမ်း ဘ၀မှာ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့လာတဲ့အခါမှာတော့ ဘုရားနဲ့ မိဘကလွဲရင် ဘယ်အရာကိုမှ မတောင့်တတတ်ကြပါဘူး ဒါဟာလဲ ဘုရားသခင် ဖန်ဆင်းပေးထားတဲ့ အရာတစ်ခုပါပဲ။ ညာဏ်မိသလောက် စဉ်းစားကြည့်ရမိသလောက်ကတော့ အရာရာပြည့်စုံနေရင် ကျနော်တို့ ဘုရားတရား၊မိဘတွေကို ဘယ်တမ်းတမိပါ့မလဲ။ ဒီတော့ ဘုရားသခင်က မမေ့မလျှော့အောင်လို့ ကျနော်တို့ကို ဒုက္ခလေးတွေနဲ့ ပေးတွေ့ဆုံတယ်လို့ မြင်မိပါတယ်။ ဒါမှလဲ လူဘ၀ဟာ ပြည့်စုံမှာပေါ့။ ဒုက္ခရောက်လိုက် ဘုရားတလိုက်၊ မိဘကိုတလိုက် ။ အဆင်ပြေတော့ လူဘ၀ကြီးကို မိန်းပြီးသာယာလိုက်နဲ့ လူဘ၀ဟာ တော်တော်ကို ဆန်းကြယ်ပါတယ်။

ဒုတိယကကျေးဇူးတင်တာကတော့ ကျနော့်နဲ့ အတူတူဘလော့ကင်းကြတဲ့ ညီအကို၊မောင်နှမတွေကို အထူးကျေဇူးတင်ပါတယ်ဗျာ... ကျနော်ကို အရာရာအားပေးကြတဲ့ အကိုတွေ၊ အမတွေ အားလုံး အားလုံးကို ကျေးဇူးတင်ပါတယ်.. ကျနော်ရဲ့ ညီအကို ညီအမတွေဟာ တခါတလေ ကျနော် စိတ်ထဲမှာ ခံစားရသမျှကို ချပြခဲ့ပေမဲ့ ဒေါသမထွက် အားပေးခဲ့ကြပါတယ်။ သူတို့ရဲ့ ကောမန့်(စာမူခ)လေးတွေကြောင့် ကျနော်ဒီဘလော့ကို ပိုတွယ်တာလာတယ်ဆိုရင်လဲ မမှားပါဘူး။ စိတ်ခံစားချက်ချင်း မတူခဲ့ပေမဲ့ အကောင်းမြင်တဲ့ ဝေဖန်စာများကိုလည်း ရခဲ့ပါတယ်။ ဘယ်လိုပြောပြော ဒီဘလော့လေးဟာ ကျနော်အမေအိမ်ရဲ့ ကိုယ်ပွားလေးတစ်ခုပဲလို့ ကျနော်ခံယူထားပါတယ်။ ကျနော်အမေ့ဆီက လောလောဆယ်မရနိုင်သေးတဲ့ အချက်တွေ ကျနော်ဘလော့ညီအကို၊ မောင်နှမတွေဆီက ကျနော်ရပါတယ်။ အရမ်းချစ်တဲ့ အမေနဲ့ ခဏတာဝေးနေတဲ့ အချိန်လေးမှာ ဒီဘလော့လေးမှာ အမေ့ရဲ့ အရိပ်လေးတွေကို ခံစားပြီး ဖွဲ့နဲ့ရေးသားချင်ခဲ့ပါတယ်။

ကဲဗျာ လွမ်းလိုက်တာ နဲနဲရှည်သွားတယ်.. ဟဲဟဲ ကဲကျနော်ရဲ့ ချစ်ညီအကို၊မောင်နှမများ အားလုံးကျနော်နဲ့ အတူတူပျော်ရွှင်စွာ ပါဝင်နွှဲပျော်လိုက်ကြစို့ဗျာ..

ကဲသုံးဆောင်တော်မူကြပါဗျာ...

ဒါလေးတွေကတော့ ကိတ်မုန့်အကောင်းစားတွေနော့် ရှားရှားပါးပါး Google ကပို့ထားတာ ဟဲ ဟဲ.. အားမနာနဲ့ စားတာစား

စားရင်နဲ့ နင်နေမှာဆိုလို့ ဒီမှာ အအေးလေးသောက်ဦး

ဒါကတော့ မမတွေ၊ညီမလေးတွေလည်း သောက်လို့ရပါတယ် ၀ိုင်နော့် ဂျာမနီက အော်ဒါမှာထားတာ အများကြီးတော့ မသောက်နဲ့ တော်ကြာမူးနေလို့ မပြန်နိုင်ပဲဖြစ်နေဦးမယ်နော့်...

ဒါလေးကတော့ ချစ်အကိုတွေဖြစ်တဲ့ ကိုကြီးရင်ကိုမိုးမောင်၊ကိုဖိုးမောင်ကိုကြယ်စင်သွေး တို့အတွက် သီးသန့်စပါယ်ရှယ်နော့် အပြင်းလေးတွေပေါ့ ဟီး အကိုတို့ရေ အမြည်းအတွက်တော့ သီးခံဗျာ ကိုမိုးမောင်တို့ကအူကြောင်ကျား ကုန်သွားလို့ မယူလာဘူးတဲ့လေ....

ကဲအားလုံးလဲ စားပြီးသွားပြီ ပြန်ကြတော့ တော်ကြာ စင်ကာပူရဲ တွေလာလို့ ဒုက္ခရောက်နေဦးမယ်နော့် ဟဲဟဲ ကျေးဇူးပါဗျာ..လာရောက်သုံးဆောင်တဲ့အတွက် ဥထမင်း ကတော့ နောက်မှ ချက်ကျွေးတော့မယ်နော့် ဟီး

ညီမလေးအဂျား မွေးနေ့

၁၂ ရက် အောက်တိုဘာလလေးဟာ ကျနော်နဲ့ Online မှာခင်လာတဲ့ အဂျားဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ မွေးနေ့လေးပါ။ သူနဲ့ Online မှာ အမှတ်မထင် မေးလ်မှားပို့ရာကနေပြီးတော့ စတင်ခင်မင်ခဲ့ကြပါတယ်။ ဒီနေ့သူရဲ့မွေးနေ့မှာ ကျနော်က အဝေးတစ်နေရာမှာ ရောက်နေတော့ သူကို မွေးနေ့လက်ဆောင်ပေးလို့ မရခဲ့ပါဘူး ဒါကြောင့် သူ့ကို ဒီ ပိုစ့်လေးနဲ့ သူ့ရဲ့မွေးနေ့လေးကို ဂုဏ်ပြုပါတယ်…. အဂျားရေ ဂျားရဲ့ မွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာ ချစ်သောမိသားစုနဲ့ အတူတူ အေးချမ်းစွာ နေနိုင်ပါစေကြောင်းနော့်

ကျနော်ညီအစ်ကို၊ မောင်နှမတွေလည်း ပျော်ပျော်ရွှင်ရွှင် ၀င်နွှဲသွားကြပါဦးနော့်

ဒါလေးကတော့ သူရဲ့ဘော်ဒါကြီးပေါ့ သူကို Wish လုပ်ပေးမလို့တဲ့ :)

ဒါလေးကတော့ ညီမလေးအတွက် မွေးနေ့ကိတ်

ရှိသေးတယ်ဗျ နောက်ကိတ်တခု

ကိတ်ကြီးပဲဆိုတော့ မကောင်းဘူးနော့် တော်ကြာအစာနင်နေဦးမယ် အအေးလေး သောက်လိုက်ဦး ဟဲဟဲ အပြင်းသောက်ချင်ရင်တော့ ကျနော်ကို ဆက်သွယ်ပေါ့

သောက်လိုက် စားလိုက်ပေါ့ ဟုတ်ဘူးလား

အခုတလော ညီအစ်ကို၊မောင်နှမမွေးနေ့တွေ များနေပါ့ ကျနော့်မွေးနေ့လဲ လာတော့မယ်ဂျ ထပ်တွေ့ကြတာပေါ့

Blogger Template by Clairvo