Labels
- Blog (470)
-------
ဒီ ပိုစ့်လေးကိုတော့ ကျနော်ရဲ့ အခင်မင်ရဆုံးသော အကို Rooneyzar က လူတိုင်းချစ်ရသော အမေများအတွက် ပေးပို့ထားတာပါ…
………………………………………………………
"လေလွှင့်သူတစ်ယောက်၏ လွမ်းဆွေမှု"
ခြေသလုံးအိမ်တိုင်ဘ၀နှင့် ကမ္ဘာအရှေ့မှ အနောက် တောင်မှမြောက်သို့ ကျနော်လေလွှင့် နေခဲ့သည်မှာ နှစ်ပေါင်း မနည်းတော့ပါ.. တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးလာသလို အကြားအမြင် ဗဟုသုတလည်း တိုးတက်ခဲ့ပါတယ်.. ကမ္ဘာ့ ရွာလည်း တဖြည်းဖြည်းကျဉ်းလာ တယ်လေဗျာ… မွေးရပ်မြေကအမေကတော့ တစ်နေ့ ထက်တစ်နေ့ အိုစာလာခဲ့ပါတယ်….
လွန်ခဲ့သော ၂၀ နှစ်တွင် မွေးရပ်မြေ ရထားဘူတာမှ အစပြုလို့ ကမ္ဘာကြီးကို စူးစမ်းဖို့ ကျနော် ခြေလှမ်းစခဲ့ပါတယ်.. နှစ်ပေါင်း ၂၀ အတွင်း ပီကင်းမှ ရှန်ဟိုင်း၊ ကွမ်တုန်မှ ဟောင်ကောင်၊ နယူးယောက်မှ ၀ါရှင်တန်၊ တောင်အမေရိကားမှ တောင်အာဖရိကအထိ၊ ထိုမှတဆင့် လန်ဒန်မှ ဆစ်ဒ်နီ အလုပ်လုပ်ရင်း လှည့်လည်ရင်း ကျနော်ရောက်ခဲ့ဖူးသော နိုင်ငံများ ၂၀ ကျော်ခဲ့တယ်… နေရာသစ်တစ်ခုရောက်တိုင်း စိတ်သစ်လူသစ် ပတ်ဝန်းကျင်အသစ်ဖြင့် ကျနော် ပြောင်းလဲနိုင်ခဲ့ဖူးတယ်..သို့သော် စိတ်ထဲတွင် အမေ့ကို လွမ်းဆွတ်မှုက ဘယ်တော့မှ မပြောင်းလဲနိုင်ခဲ့ပါဘူး… IP ဖုန်းကဒ်လေးတွေ ပေါ်လာမှ အမေ့ကို မကြာခဏ ကျနော်ဖုန်းဆက်နိုင်ခဲ့တယ်.. ဖုန်းထဲမှာ အမေ၏ အေးချမ်းသောအသံသည် ဘ၀၏စိန်ခေါ်မူ တွေကို ရင်ဆိုင်ဖို့ ကျနော်အတွက် အင်အား ပိုဖြစ်စေခဲ့တယ်.. အမေ့ရဲ့အသံမှာ တစ်နှစ်ထက် တစ်နှစ်အရမ်း အိုစာသွားခဲ့ပါတယ်..အမေ့နဲ့ ဖုန်းပြောတိုင်း ကျန်းမာရေးကို ဂရုစိုက်ဖို့ အမေ့ကို စိတ်မပူဖို့ ၊ နေရာတကာ သတိနဲ့သွားလာဖို့၊ ခွင့်ယူပြီး ပြန်မလာဖို့ ၊ ပြန်လာရင် ငွေကြေး ကုန်ကျများပြီး အလုပ်အကိုင် ပျက်မှာဖြစ်ကြောင်း ထပ်တလဲလဲ ပြောပါတယ်.. ကျနော် စိတ်မကောင်းဖြစ်မိတယ်.. အမေကျနော်ကို လွမ်းနေပြီ တွေ့ချင်နေပြီ ဆိုတာ ကျနော် သိလိုက်ပါတယ်….
အမေ(၇၅) နှစ်ရှိပါပြီ။ ကျနော် လက်ဘေးက အလုပ်တွေကိုချ စိတ်ထဲက အစီအစဉ်တွေ ကို ဖျက်ပြီး အမေဆီ တစ်လပြန်ဖို့ ကျနော် ဆုံးဖြတ်လိုက်ပါတယ်.. ထိုတစ်လအတွင်း ဘာမှမလုပ် ဘာမှမတွေးပဲ အမေအနားမှာ နေမယ်… ကျနော် ပြန်လာခဲ့မည့်အကြောင်း အမေ့ကို ဖုန်းဆက် အကြောင်းကြားပြီးနောက် အမေစတင် အစီအစဉ် ဆွဲပါတော့တယ်.. မှတ်စုစာအုပ် တစ်အုပ်ဖြင့် ကျနော်ကြိုက်သော အစားအစာများမှတ်၊ ကျနော် ငယ်ငယ်ကကြိုက်သော အိပ်ရာခင်းလေးကို ပြန်ပြင်ချုပ်၊ ကျနော်ရောက်တုန်း အဆင်သင့် ၀တ်ဖို့အ၀တ်အစားတွေ ပြင်ဆင်ရင်း အမေအလုပ်တွေ ရှုပ်နေခဲ့တယ် ဆိုတာကို နောက်မှ ကျနော် သိခဲ့ရပါတယ်.. အသက် (၇၅) နှစ် ရှိနေပြီဖြစ်သော အမေ လှုပ်လှုပ်ရှားရှားလုပ်နေရင် မောတတ်တဲ့အမေ.. ကျနော်ပြန်လာမယ်ဆိုတာကို သိပြီးနောက် ကျနော်အတွက် ပြင်ဆင်ရင်း မောဖို့ မေ့နေပြီ ဖြစ်ကြောင်း ကျနော် ခံစားမိတယ်ဗျာ…
လေယာဉ်ပေါ်တွင် အမေနှင့်တွေ့တဲ့အခါ အမေ့ကိုပြေးပြီး ဖက်လိုက်မည်ဟု စိတ်ကူးနှင့် ကြည်နူးနေမိတယ်.. တကယ်တမ်း အမေနှင့် တွေ့တဲ့အခါတွင် ကျနော် ပြေးမဖက်မိ၊ အိမ်ပေါက်ဝတွင်ကြိုနေသော အမေသည် သစ်ခြောက်ပင်အိုနှင့် တူနေသည်… မျက်နှာပေါ်က အရစ်အစင်းများကြောင့် အမေသည် အရင်ပုံရိပ်နှင့် မတူတော့
၊ အမေ တော်တော် အိုစာသွားခဲ့ ပါလား အမေ…..
အိမ်ပြန်ရောက်လျှင် ရောက်ခြင်း အရင်က ကျနော်ကြိုက်ခဲ့သော ဟင်းများကို အမေစတင် ချက်ပြုတ်တော့သည်.. သို့သော် ထိုဟင်းများကို ကျနော် မကြိုက်တော့ကြောင်း အမေကို မပြောဖြစ်ခဲ့၊ မျက်စိမှုန်လားပြီး ဖြစ်သောကြောင့် ဟင်းများက ငန်တစ်ခွက် ပေါ့တစ်ခွက်ဖြင့် အရသာများ အရင်နှင့် မတူတော့၊ ကျနော်အတွက် ပြင်ဆင်ထားသော အိပ်ရာခင်းမှာလဲ ဂွမ်းစစ်စစ် စောင်ထူကြီး ဖြစ်သည်.. ထိုစောင်ထူထူကြီးများကို ခြုံအိပ်ရတဲ့ အကျင့်ကျနော်မှာ မရှိတော့ ၊ဂွမ်းစောင်အစား သိုးမွေးနုနုလေးပဲ သုံးတော့ကြောင်း အမေ့ကို ကျနော်မပြောဖြစ်ခဲ့။ ပြောဖြစ်ပြန်တော့လည်း လူဖြစ်အင်များ လူဘ၀ကြောင်းများကို ထပ်တစ်လဲလဲ ပြောဖြစ်နေ တော့တယ်..ထိုအကြောင်းအရာများသည် လွန်ခဲ့သော ၁၀နှစ်ခန့်က အမေ အပ်ကြောင်းထပ်အောင် ပြောခဲ့သော စကားများဖြစ်သည်။ ထိုအကြောင်းအရာနှင့် ကျနော်၏ ဘ၀အကြောင်းများကို ခိုင်းနှိုင်းပြီး ပြောတော့တယ်.. ကျနော် စိတ်နှောက်အယှက် ဖြစ်လာလျှင် ထိုအကြောင်းအရာများသည် ခေတ်နောက်ကျနေပြီ ဖြစ်ကြောင်း ပြောမိလျှင် အမေသည် တွေတွေလေး တစ်နေရာရာကို ငေးကြည့်နေတတ်တယ်….
မျက်စိတွေ မှုန်ဝါးလာပြီ ဖြစ်သောကြောင့် အမေဟင်းချက်ရာတွင် သန့်ရှင်းမူကို ဦးစားမပေးတော့ကြောင်း ကျနော် သတိပြုလာမိတယ်.. အမေချက်သော ဟင်းများတွင် တစ်ခါတရံ ပိုးကောင်များ ၊ ယင်ကောင်များ ပါလာတတ်သလို ၊ ထမင်းဟင်းများ ကြမ်းပြင်ပေါ် သို့ ကျလျှင်လဲ ပြန်ကောက်ထည့်လာတတ်တယ်.. အခြေအနေများသည် ယခင်ကနှင့် မတူတော့.. အိမ်တွင် မချက်စားပဲ ဆိုငတွင် မှာစားရန်ပြောသောအခါ အပြင်စာများသည် ညစ်ပတ်ကြောင်း ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ပြောပြန်တယ်.. ထမင်းချက် အဖော်တစ်ယောက် ရှာထားခဲ့မည်ဟုပြောပြန်လျှင် အမေသည် ငါလှုပ်ရှားနိုင်သေးတယ်.. ငါမအိုသေးဟု ကျနော်ကို စိတ်ဆိုးလေသည်…
နောက်ပိုင်း အမေနှင့် ပြောဖြစ်သော စကားဝိုင်းတွင် ကျနော်သည် စိတ်အနှောက်အယှက် ဖြစ်ပြီး စကားလမ်းကြောင်းလွဲခြင်းများကို လုပ်လာမိသည်.. ကျနော် စိတ်မရှည်သောအချိန် စကားသံကို အကျယ်ကြီးပြောမိခြင်း ၊ စကားဖြတ်ခြင်းများ ပြုလုပ်မိသောအခါ အမေသည် ပြောလက်စ စကားကိုရပ်ပြီး တွေတွေလေး နှင့် နုတ်ဆိတ်နေတတ်သည်..
ခွင့်တစ်လပြည့်၍ ကျနော်ပြန်ခါနီးအချိန်တွင် အမေသည် ကုတင်အောက်က သေတ္တာဟောင်း တစ်ခုဖြင့် နှစ်ရှည်လများ သိမ်းထားသော သတင်းစာဖြတ်ပိုင်းများကို ကျနော်အားပေး လေသည်။ ထိုသတင်းစာဖြတ်ပိုင်းများမှာ ကျနော်ပြည်ပရောက်နေစဉ် ကျနော်ရောက်ခဲ့ဖူးသမျှ နိုင်ငံတွင် ဖြစ်ပျက်ခဲ့ဖူးသော သတင်းများပင်ဖြစ်သည်.. ကျနော်ကို ပြရန် ထိုဖြတ်ပိုင်းလေးများကို ဂရုတစိုက်ညှပ်ပြီး အမေသိမ်းထားခြင်း ဖြစ်သည်.. ကျနော် လက်ထဲသို့ အပ်ပြီး ကျနော်နှင့် အတူတူ ယူဆောင်သွားစေလိုသည်.
မျက်မှန်ထူကိုတပ် စာဖတ်တိုင်း အားစိုက်ရတဲ့ အမေ.. သတင်းစာ တစ်မျက်နှာချင်းကို ကုန်အောင်ဖတ်ပြီး ထိုဖြတ်ပိုင်းများကို မည်မျှ ခက်ခက်ခဲခဲ ညှပ်ခဲ့သည်ဆိုတာကို ကျနော်အသိ သို့သော် အသုံးမ၀င်တော့သော ထိုသတင်းစာများကို ကျနော်ယူမသွားချင်ပေ။ ကျနော် တွေဝေနေသည့်အခိုက်တွင် အမေ့လက်ထဲမှ ဖြတ်ပိုင်းလေးတစ်ခု လွှင့်ကျလာတယ်.. ကျနော်ထက်ဦးအောင် အမေက ကောက်ယူလိုက်ပြီး အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။ “ဘာဖြတ်ပိုင်းလေးလဲ
-------
ဒီ ပိုစ့်လေးကိုတော့ ကျနော်ရဲ့ အခင်မင်ရဆုံးသော အကို Rooneyzar က လူတိုင်းချစ်ရသော အမေများအတွက် ပေးပို့ထားတာပါ…
………………………………………………………
"လေလွှင့်သူတစ်ယောက်၏ လွမ်းဆွေမှု"
ခြေသလုံးအိမ်တိုင်ဘ၀နှင့် ကမ္ဘာအရှေ့မှ အနောက် တောင်မှမြောက်သို့ ကျနော်လေလွှင့် နေခဲ့သည်မှာ နှစ်ပေါင်း မနည်းတော့ပါ.. တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးလာသလို အကြားအမြင် ဗဟုသုတလည်း တိုးတက်ခဲ့ပါတယ်.. ကမ္ဘာ့ ရွာလည်း တဖြည်းဖြည်းကျဉ်းလာ တယ်လေဗျာ… မွေးရပ်မြေကအမေကတော့ တစ်နေ့ ထက်တစ်နေ့ အိုစာလာခဲ့ပါတယ်….
လွန်ခဲ့သော ၂၀ နှစ်တွင် မွေးရပ်မြေ ရထားဘူတာမှ အစပြုလို့ ကမ္ဘာကြီးကို စူးစမ်းဖို့ ကျနော် ခြေလှမ်းစခဲ့ပါတယ်.. နှစ်ပေါင်း ၂၀ အတွင်း ပီကင်းမှ ရှန်ဟိုင်း၊ ကွမ်တုန်မှ ဟောင်ကောင်၊ နယူးယောက်မှ ၀ါရှင်တန်၊ တောင်အမေရိကားမှ တောင်အာဖရိကအထိ၊ ထိုမှတဆင့် လန်ဒန်မှ ဆစ်ဒ်နီ အလုပ်လုပ်ရင်း လှည့်လည်ရင်း ကျနော်ရောက်ခဲ့ဖူးသော နိုင်ငံများ ၂၀ ကျော်ခဲ့တယ်… နေရာသစ်တစ်ခုရောက်တိုင်း စိတ်သစ်လူသစ် ပတ်ဝန်းကျင်အသစ်ဖြင့် ကျနော် ပြောင်းလဲနိုင်ခဲ့ဖူးတယ်..သို့သော် စိတ်ထဲတွင် အမေ့ကို လွမ်းဆွတ်မှုက ဘယ်တော့မှ မပြောင်းလဲနိုင်ခဲ့ပါဘူး… IP ဖုန်းကဒ်လေးတွေ ပေါ်လာမှ အမေ့ကို မကြာခဏ ကျနော်ဖုန်းဆက်နိုင်ခဲ့တယ်.. ဖုန်းထဲမှာ အမေ၏ အေးချမ်းသောအသံသည် ဘ၀၏စိန်ခေါ်မူ တွေကို ရင်ဆိုင်ဖို့ ကျနော်အတွက် အင်အား ပိုဖြစ်စေခဲ့တယ်.. အမေ့ရဲ့အသံမှာ တစ်နှစ်ထက် တစ်နှစ်အရမ်း အိုစာသွားခဲ့ပါတယ်..အမေ့နဲ့ ဖုန်းပြောတိုင်း ကျန်းမာရေးကို ဂရုစိုက်ဖို့ အမေ့ကို စိတ်မပူဖို့ ၊ နေရာတကာ သတိနဲ့သွားလာဖို့၊ ခွင့်ယူပြီး ပြန်မလာဖို့ ၊ ပြန်လာရင် ငွေကြေး ကုန်ကျများပြီး အလုပ်အကိုင် ပျက်မှာဖြစ်ကြောင်း ထပ်တလဲလဲ ပြောပါတယ်.. ကျနော် စိတ်မကောင်းဖြစ်မိတယ်.. အမေကျနော်ကို လွမ်းနေပြီ တွေ့ချင်နေပြီ ဆိုတာ ကျနော် သိလိုက်ပါတယ်….
အမေ(၇၅) နှစ်ရှိပါပြီ။ ကျနော် လက်ဘေးက အလုပ်တွေကိုချ စိတ်ထဲက အစီအစဉ်တွေ ကို ဖျက်ပြီး အမေဆီ တစ်လပြန်ဖို့ ကျနော် ဆုံးဖြတ်လိုက်ပါတယ်.. ထိုတစ်လအတွင်း ဘာမှမလုပ် ဘာမှမတွေးပဲ အမေအနားမှာ နေမယ်… ကျနော် ပြန်လာခဲ့မည့်အကြောင်း အမေ့ကို ဖုန်းဆက် အကြောင်းကြားပြီးနောက် အမေစတင် အစီအစဉ် ဆွဲပါတော့တယ်.. မှတ်စုစာအုပ် တစ်အုပ်ဖြင့် ကျနော်ကြိုက်သော အစားအစာများမှတ်၊ ကျနော် ငယ်ငယ်ကကြိုက်သော အိပ်ရာခင်းလေးကို ပြန်ပြင်ချုပ်၊ ကျနော်ရောက်တုန်း အဆင်သင့် ၀တ်ဖို့အ၀တ်အစားတွေ ပြင်ဆင်ရင်း အမေအလုပ်တွေ ရှုပ်နေခဲ့တယ် ဆိုတာကို နောက်မှ ကျနော် သိခဲ့ရပါတယ်.. အသက် (၇၅) နှစ် ရှိနေပြီဖြစ်သော အမေ လှုပ်လှုပ်ရှားရှားလုပ်နေရင် မောတတ်တဲ့အမေ.. ကျနော်ပြန်လာမယ်ဆိုတာကို သိပြီးနောက် ကျနော်အတွက် ပြင်ဆင်ရင်း မောဖို့ မေ့နေပြီ ဖြစ်ကြောင်း ကျနော် ခံစားမိတယ်ဗျာ…
လေယာဉ်ပေါ်တွင် အမေနှင့်တွေ့တဲ့အခါ အမေ့ကိုပြေးပြီး ဖက်လိုက်မည်ဟု စိတ်ကူးနှင့် ကြည်နူးနေမိတယ်.. တကယ်တမ်း အမေနှင့် တွေ့တဲ့အခါတွင် ကျနော် ပြေးမဖက်မိ၊ အိမ်ပေါက်ဝတွင်ကြိုနေသော အမေသည် သစ်ခြောက်ပင်အိုနှင့် တူနေသည်… မျက်နှာပေါ်က အရစ်အစင်းများကြောင့် အမေသည် အရင်ပုံရိပ်နှင့် မတူတော့၊ အမေ တော်တော် အိုစာသွားခဲ့ ပါလား အမေ…..
အိမ်ပြန်ရောက်လျှင် ရောက်ခြင်း အရင်က ကျနော်ကြိုက်ခဲ့သော ဟင်းများကို အမေစတင် ချက်ပြုတ်တော့သည်.. သို့သော် ထိုဟင်းများကို ကျနော် မကြိုက်တော့ကြောင်း အမေကို မပြောဖြစ်ခဲ့၊ မျက်စိမှုန်လားပြီး ဖြစ်သောကြောင့် ဟင်းများက ငန်တစ်ခွက် ပေါ့တစ်ခွက်ဖြင့် အရသာများ အရင်နှင့် မတူတော့၊ ကျနော်အတွက် ပြင်ဆင်ထားသော အိပ်ရာခင်းမှာလဲ ဂွမ်းစစ်စစ် စောင်ထူကြီး ဖြစ်သည်.. ထိုစောင်ထူထူကြီးများကို ခြုံအိပ်ရတဲ့ အကျင့်ကျနော်မှာ မရှိတော့ ၊ဂွမ်းစောင်အစား သိုးမွေးနုနုလေးပဲ သုံးတော့ကြောင်း အမေ့ကို ကျနော်မပြောဖြစ်ခဲ့။ ပြောဖြစ်ပြန်တော့လည်း လူဖြစ်အင်များ လူဘ၀ကြောင်းများကို ထပ်တစ်လဲလဲ ပြောဖြစ်နေ တော့တယ်..ထိုအကြောင်းအရာများသည် လွန်ခဲ့သော ၁၀နှစ်ခန့်က အမေ အပ်ကြောင်းထပ်အောင် ပြောခဲ့သော စကားများဖြစ်သည်။ ထိုအကြောင်းအရာနှင့် ကျနော်၏ ဘ၀အကြောင်းများကို ခိုင်းနှိုင်းပြီး ပြောတော့တယ်.. ကျနော် စိတ်နှောက်အယှက် ဖြစ်လာလျှင် ထိုအကြောင်းအရာများသည် ခေတ်နောက်ကျနေပြီ ဖြစ်ကြောင်း ပြောမိလျှင် အမေသည် တွေတွေလေး တစ်နေရာရာကို ငေးကြည့်နေတတ်တယ်….
မျက်စိတွေ မှုန်ဝါးလာပြီ ဖြစ်သောကြောင့် အမေဟင်းချက်ရာတွင် သန့်ရှင်းမူကို ဦးစားမပေးတော့ကြောင်း ကျနော် သတိပြုလာမိတယ်.. အမေချက်သော ဟင်းများတွင် တစ်ခါတရံ ပိုးကောင်များ ၊ ယင်ကောင်များ ပါလာတတ်သလို ၊ ထမင်းဟင်းများ ကြမ်းပြင်ပေါ် သို့ ကျလျှင်လဲ ပြန်ကောက်ထည့်လာတတ်တယ်.. အခြေအနေများသည် ယခင်ကနှင့် မတူတော့.. အိမ်တွင် မချက်စားပဲ ဆိုငတွင် မှာစားရန်ပြောသောအခါ အပြင်စာများသည် ညစ်ပတ်ကြောင်း ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ပြောပြန်တယ်.. ထမင်းချက် အဖော်တစ်ယောက် ရှာထားခဲ့မည်ဟုပြောပြန်လျှင် အမေသည် ငါလှုပ်ရှားနိုင်သေးတယ်.. ငါမအိုသေးဟု ကျနော်ကို စိတ်ဆိုးလေသည်…
နောက်ပိုင်း အမေနှင့် ပြောဖြစ်သော စကားဝိုင်းတွင် ကျနော်သည် စိတ်အနှောက်အယှက် ဖြစ်ပြီး စကားလမ်းကြောင်းလွဲခြင်းများကို လုပ်လာမိသည်.. ကျနော် စိတ်မရှည်သောအချိန် စကားသံကို အကျယ်ကြီးပြောမိခြင်း ၊ စကားဖြတ်ခြင်းများ ပြုလုပ်မိသောအခါ အမေသည် ပြောလက်စ စကားကိုရပ်ပြီး တွေတွေလေး နှင့် နုတ်ဆိတ်နေတတ်သည်..
ခွင့်တစ်လပြည့်၍ ကျနော်ပြန်ခါနီးအချိန်တွင် အမေသည် ကုတင်အောက်က သေတ္တာဟောင်း တစ်ခုဖြင့် နှစ်ရှည်လများ သိမ်းထားသော သတင်းစာဖြတ်ပိုင်းများကို ကျနော်အားပေး လေသည်။ ထိုသတင်းစာဖြတ်ပိုင်းများမှာ ကျနော်ပြည်ပရောက်နေစဉ် ကျနော်ရောက်ခဲ့ဖူးသမျှ နိုင်ငံတွင် ဖြစ်ပျက်ခဲ့ဖူးသော သတင်းများပင်ဖြစ်သည်.. ကျနော်ကို ပြရန် ထိုဖြတ်ပိုင်းလေးများကို ဂရုတစိုက်ညှပ်ပြီး အမေသိမ်းထားခြင်း ဖြစ်သည်.. ကျနော် လက်ထဲသို့ အပ်ပြီး ကျနော်နှင့် အတူတူ ယူဆောင်သွားစေလိုသည်.
မျက်မှန်ထူကိုတပ် စာဖတ်တိုင်း အားစိုက်ရတဲ့ အမေ.. သတင်းစာ တစ်မျက်နှာချင်းကို ကုန်အောင်ဖတ်ပြီး ထိုဖြတ်ပိုင်းများကို မည်မျှ ခက်ခက်ခဲခဲ ညှပ်ခဲ့သည်ဆိုတာကို ကျနော်အသိ သို့သော် အသုံးမ၀င်တော့သော ထိုသတင်းစာများကို ကျနော်ယူမသွားချင်ပေ။ ကျနော် တွေဝေနေသည့်အခိုက်တွင် အမေ့လက်ထဲမှ ဖြတ်ပိုင်းလေးတစ်ခု လွှင့်ကျလာတယ်.. ကျနော်ထက်ဦးအောင် အမေက ကောက်ယူလိုက်ပြီး အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။ “ဘာဖြတ်ပိုင်းလေးလဲ မေမေ ကျနော်ကို ပြပါလား” ဟုကျနော် ပြောသောအခါ အမေ တွေတွေလေးနှင့် ကမ်းပေးပြီး ထမင်းစားခန်းသို့ ထွက်သွားလိုက်သည်…
ကျနော် ချက်ချင်း ဖတ်ကြည့်လိုက်မိတယ်… “ငါ အိုသွားသောအခါ” ဟု ခေါင်းစဉ်တပ်ထားသော ၂၀၀၄-၁၂ လပိုင်း ၆ ရက်နေ့က ဆောင်းပါးလေး ဖြစ်သည်.. ဆောင်းပါးလေးမှာ
“ငါ အိုသွားသောအခါ”
ငါ အိုသွားသောအခါ ငါဟာအရင်က ငါမဟုတ်တော့ဘူး၊ ငါကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ…
ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အကျီင်္ပေါ် လောင်းမိတဲ့အခါ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့ ၊ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ….
အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ပဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ၊ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ…
မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ချောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ…
ခေတ်သစ် နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကို မလှောင်ပါနဲ့ ငယ်ငယ်တုန်းက “ဘာကြောင့်” ဆိုတဲ့မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ…
စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့ အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးပါ လမ်းလျှောက်သင်စ အရွယ်တုန်းက တလှမ်းချင်း လှမ်းလျှောက် ကျင့်ပေးခဲ့ တာကို ကျေးဇူးပြုပြီး သတိရပေးပါ…
အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီပဲ အကြောင်းအရာတွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ. စကားကြောင်းအရာတွေက ငါ့ အတွက်အရေး မကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။
တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့ ၊ နားလည်ပေးပါ အားပေးပါ အရင်တုန်းက လူဘ၀တက်လမ်းအတွက် ငါလမ်းညွန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံး အချိန်အတွက် အဖော်ပြပေးပါ။ အချစ်နဲ့ အေးမြမူတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ.. အဲဒီ အပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ…
ကျနော် မျက်ရည်မကျအောင် ထိန်းထားရင်း မနားတမ်းဆုံးအောင် ဖတ်လိုက်မိတယ်… ကျနော်သေတ္တာထဲက အကောင်းဆုံး အ၀တ်တစ်စုံကို ထားခဲ့ပြီး ထိုဖြတ်ပိုင်းများကို ထည့်လိုက်တယ်.. ကျန်သော ဖြတ်ပိုင်းများက ကျနော်အတွက် သိပ်အသုံးမ၀င်သော်လည်း ထို ဆောင်းပါးပါသော ဖြတ်ပိုင်းလေးမှာ ကျနော် ဘယ်နေရာရောက်ရောက် ကျနော် အပါး အမြဲမခွာတော့ပါဘူးဗျာ……
ဒီစာလေးကို ပေးပို့တဲ့ Rooney Zar ကို အရမ်းကျေးဇူးတင်ပါတယ်ဗျာ… ကျနော်တို့လည်း တချိန်မှာ ကြုံတွေ့ရမှာပါ…..
ကျွန်တော်တို့ရဲ့ အကဲလွန်ပုံများ….
ကျနော်တို့လို လခစားအလုပ်သမားတွေ အတွက်ကတော့ စနေ၊ တနင်္ဂနွေဆိုတာ ကျနော်တို့ရဲ့ အပျော်ဆုံးနေ့ရက်တွေထဲမှာ အပါအ၀င်ပေါ့ဗျာ..ဘာလို့လဲဆိုတော့ အလုပ်လုပ်နေတဲ့ ရက်တွေမှာ များတော့ အားဖြင့် ငါးရက်မှာ နှစ်ရက်လောက်ကတော့ pressure အောက်ရောက်နေတတ်ကြတော့ ဒီလိုပိတ်ရက်လေး တွေကို မျှော်ရတာပေါ့ဗျာ..လူတစ်ကိုယ် စိတ်တစ်မျိုးဆိုတဲ့ စကားအတိုင်း ဒီလိုပိတ်ရက်လေးတွေမှာ လူတိုင်းဟာ သူတို့စိတ်ပျော်မယ်ထင်တဲ့ အလုပ်၊ အနားယူမူတွေနဲ့ အချိန်ကုန်တတ်ကြပါတယ်..တစ်ချို့က Santosa လို့ခေါ်တဲ့အပန်းဖြေကျွန်းမှာ သွားပြီး အပန်းဖြေကြတယ်.. တစ်ချို့ကြတော့လဲ ကမ်းခြေလိုနေရာ မျိုးမှာသူငယ်ချင်းတွေနဲ့ ဂီတာတစ်လက်နဲ့ ညလုံးပေါက်အချိန်ကုန်တတ်ပါတယ်… တစ်ချို့ကြတော့လဲ သူရဲ့ တပည့်မလေးတွေနားသွားပြီး စက်ပြင်ပေးရတာပေါ့ဗျာ.. ဟဲဟဲ..း)
အကြိတ်အနယ် အပြိုင်ကြဲနေကြတဲ့မြင်ကွင်းလေး....
ကျနော်လည်း ဒီတစ်ပတ်တော့ မလုပ်ဖြစ်တာကြာပြီးဖြစ်တဲ့ ကိစ္စတစ်ခုကို လုပ်လိုက်တယ်.. ဟဲဟဲ တစ်မျိုးမထင်နဲ့နော်.. ကျနော်နဲ့ ညီအကိုလို ခင်မင်ရတဲ့ သူငယ်ချင်းတွေ ဒီတစ်ပတ်တော့ စင်ကာပူဆိုတဲ့ နိုင်ငံမှာ ဘောလုံးသွားကန်ဖြစ်တယ်ဗျာ..မြန်မာနိုင်ငံမှာ ရှိတဲ့ကျနော်သူငယ်ချင်းတွေကတော့ ပြောနေတော့မှာပဲ ဒီကောင် အရမ်းကိုကဲတယ်လို့ပေါ့.. ကဲတာတော့ မဟုတ်ပါဘူးဗျာ.. အထက်ကပြောသလို ပင်ပန်းနေတဲ့ စိတ်ကလေးကို လန်းဆန်းအောင်လုပ်ကြည့်တာပါ.. J
အားပေးတဲ့ လူတွေကလည်း ရှိတယ်ဗျို့....
တစ်ကယ်တမ်း ဘောလုံးသွားကန်တော့ ညနေ (၅း၃၀) လောက်ပဲ ရှိဦးမယ်နဲ့တူတယ်ဗျ… ဘောလုံးကွင်းတာဆိုတယ် တစ်ကယ်တမ်းတော့ ဖူဆယ်ကွင်းပါပဲဗျာ… သူငယ်ချင်းတွေနဲ့ ဘောလုံးမကန်ဖြစ်တာ အနဲဆုံး ၈ လလောက်တော့ ရှိမယ်ထင်တာပါပဲ..ကျွန်တော်ထင်တယ် ကျနော်တို့ မြန်မာတွေရဲ့ ကောင်းမူကြောင့်ထင်တယ်.. ဘောလုံးကွင်း ပတ်ပတ်လည်မှာ ကာပေးထားတဲ့ သံဇကာတွေ တော်တော်များများဟာ ပျက်စီးနေတာ တွေ့ရတယ်ဗျာ.. ဘောလုံးကန်တော့ ကျနော်တို့ သူငယ်ချင်းတွေပဲလို့ ထင်နေတာ နောက်တော့မှ မလေးတွေကော၊ တရုတ်တွေကော ရောက်လာတယ်..ပျော်စရာတော့ အကောင်းသားဗျ..နောက်ပြီး ဘယ်ကမှန်းမသိတဲ့ ရွှေတွေလည်း ထပ်ရောက်လာတာပဲ..
တစ်ယောက်ထဲ ပဲများတာလဲ ရှိတာပေါ့ဗျာ...သူများတွေက ဘောလုံးကွင်းထဲမှာ အကြိတ်အနယ်...
သူတို့ကတော့ ကွင်းပြင်မှာ အကြိတ်အနယ်ဗျ...
ကျနော်တို့ ဘောလုံးကန်နေကြပုံတွေကို အမှတ်တရဖြစ်အောင်လို့ ဒီ post နဲ့ အတူ တင်ပေးထားပါတယ်.. ကြိုက်တဲ့ comment လဲဝင်ရေးသွားနိုင်ပါတယ်ဗျာ…

အသဲကွဲသမားတစ်ဦး၏ ဒိုင်ယာယီ
ဒီ ပိုစ့်လေးကို ကျနော်ရဲ့ အစ်ကိုတစ်ဦးဖြစ်တဲ့ ကိုလူပျိုကြီးက ပေးပို့လိုက်တာပါ…
သူရဲ့ ဘ၀ ခံစားချက်လေးကို ဖတ်ရှုပြီး ရင်ထဲမှာ တစ်မျိုးသော စိတ်ခံစားမှု လေး ရမယ်လို့ ယုံကြည်စွာနဲ့ ကျနော်ရဲ့ ဘလောစ့် မှာ တင်ပေးလိုက်ပါတယ်..
(ဒီPost သည် ကျနော်၏ ဆရာ/သူငယ်ချင်း/ညီလေး ဖြစ်သူRonney Zar ၏တောင်းဆိုမှု၊ ဒီBlog ပိုင်ရှင်SMH ၏ခွင့်ပြုမှုဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။)
ယခုကျနော်တင်ပြမည့် အကြောင်းအရာများသည် စိတ်ကူးယဉ်များမဟုတ်ကြောင်း ဦးစွာအစီရင်ခံပါသည်။
ဖြတ်သန်းခဲ့ရသည့် ဘ၀တစ်ကွေ့အတွေ့အကြုံများတွင် သူငယ်ချင်းများ၏ဖြစ်ရပ်မှန်များကို ထည့်သွင်းဖော်ပြ ထားပါသည်။ ကာယကံရှင်များ၏ လက်ရှိဘ၀များတွင် အနှောက်အယှက်မပြုလိုခြင်းငှာ အမည်များပြောင်းလွဲ ထားပါကြောင်းဝန်ခံအပ်ပါသည်။
ကျနော်သည် ဆရာသမားများ၏အားပေးထောက်ခံမှုဖြင့် ရန်ကုန်တွင် (ရန်ကုန်ဟုဆိုက လိုနေပါတယ် မြန်မာပြည်ဟုဆိုမှလုံလောက်မည်ထင်ပါတယ်) နာမည်ကြီးသော ၀န်ထမ်းဦးရေ ၅၀၀ ကျော်ခန့်ဖြင့် လည်ပါတ် နေသော IT company ကြီးတစ်ခု၏ ယောင်္ကျားလေးများ အများဆုံးတက်သော သင်တန်းဘာသာရပ်များတွင် အကူဆရာအဖြစ်အလုပ် လုပ်ခွင့်ရခဲ့စဉ်ကဖြစ်ရပ်များပါ။
ကျနော်လုပ်ကိုင်ရသော Centre သည် Company တစ်ခုလုံး၏ဌာနချုပ်ဟုဆိုရမှာဖြစ်ပါတယ်။ MD နှင့် Director များ ရုံးထိုင်သောကြောင့်ပါ။ သင်တန်းကျောင်းဖြစ်သည်နှင့်အညီ ဆရာ/ဆရာမများ၊ ၀န်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများဖြင့် ပျားပန်းခပ် လှုပ်ရှားနေရာ ရန်ကုန်မြို့လည်ခေါင်မှနေရာဖြစ်သည်။
ဌာနမှူးမှာ ကျနော့်ဆရာအရင်းဖြစ်သည် အလုပ်ဝင်ဖြစ်သည်မှာလည်း သူ၏တိုက်တွန်းမှုကြောင့်ဖြစ်သည်။
လူပုသော်လည်း စိတ်ရှည်သူဖြစ်သည်၊ အရည်အချင်းရှိသူဖြစ်ပြီး အုပ်ချုပ်မှုလည်းကျွမ်းကျင်သူဖြစ်သည်။ သို့သော် ကျနော်အလုပ်ဝင်ပြီး မကြာခင်မှာပင် တပည့်မကောင်းဆရာခေါင်း ဆိုသောရှေးစကားကိုလက်တွေ့ ပြသွားသူဖြစ်သွားခဲ့ရသည်။ ဆရာနဲ့ ကျနော်ဝေးခဲ့ရသည်။
နောက်ထပ်ကျနော့်ဆရာတစ်ဦးတော့ ကျန်ခဲ့သေးသည်၊ သူသည် ကိုယ်လုံးကိုယ်ထည် သေးသေးညှက်ညှက် မျက်မှန်လေးတ၀င့်ဝင့် ပြုံးစိစိနှင့်နေတတ်သူတစ်ဦး။ ကျနော်သည် သူ၏အကူအညီဖြင့် များစွာသော လုပ်ငန်းခွင်အသိများကိုရခဲ့ပါသည်။ သူသည် Ronney Zar ပင်ဖြစ်ပါတော့သည်။
စိတ်သဘောထားကောင်းမွန်ပြီး အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်သော ကျနော့်ဆရာ Ronney Zar တွင် အဲဒီ အချိန်က ချောမောပြေပြစ်လှပပြီး စကားပြောရှင်းလင်းပြတ်သားသော ချစ်သူတစ်ဦးရှိခဲ့ပါသည်။ (နောင်တွင် အဲသည့်မိန်းကလေးနှင့် ကျနော်ဌာနတစ်ခုတည်းတွင်
အသဲကွဲသမားတစ်ဦး၏ ဒိုင်ယာယီ
ဒီ ပိုစ့်လေးကို ကျနော်ရဲ့ အစ်ကိုတစ်ဦးဖြစ်တဲ့ ကိုလူပျိုကြီးက ပေးပို့လိုက်တာပါ…
သူရဲ့ ဘ၀ ခံစားချက်လေးကို ဖတ်ရှုပြီး ရင်ထဲမှာ တစ်မျိုးသော စိတ်ခံစားမှု လေး ရမယ်လို့ ယုံကြည်စွာနဲ့ ကျနော်ရဲ့ ဘလောစ့် မှာ တင်ပေးလိုက်ပါတယ်..
(ဒီPost သည် ကျနော်၏ ဆရာ/သူငယ်ချင်း/ညီလေး ဖြစ်သူRonney Zar ၏တောင်းဆိုမှု၊ ဒီBlog ပိုင်ရှင်SMH ၏ခွင့်ပြုမှုဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။)
ယခုကျနော်တင်ပြမည့် အကြောင်းအရာများသည် စိတ်ကူးယဉ်များမဟုတ်ကြောင်း ဦးစွာအစီရင်ခံပါသည်။
ဖြတ်သန်းခဲ့ရသည့် ဘ၀တစ်ကွေ့အတွေ့အကြုံများတွင် သူငယ်ချင်းများ၏ဖြစ်ရပ်မှန်များကို ထည့်သွင်းဖော်ပြ ထားပါသည်။ ကာယကံရှင်များ၏ လက်ရှိဘ၀များတွင် အနှောက်အယှက်မပြုလိုခြင်းငှာ အမည်များပြောင်းလွဲ ထားပါကြောင်းဝန်ခံအပ်ပါသည်။
ကျနော်သည် ဆရာသမားများ၏အားပေးထောက်ခံမှုဖြင့် ရန်ကုန်တွင် (ရန်ကုန်ဟုဆိုက လိုနေပါတယ် မြန်မာပြည်ဟုဆိုမှလုံလောက်မည်ထင်ပါတယ်) နာမည်ကြီးသော ၀န်ထမ်းဦးရေ ၅၀၀ ကျော်ခန့်ဖြင့် လည်ပါတ် နေသော IT company ကြီးတစ်ခု၏ ယောင်္ကျားလေးများ အများဆုံးတက်သော သင်တန်းဘာသာရပ်များတွင် အကူဆရာအဖြစ်အလုပ် လုပ်ခွင့်ရခဲ့စဉ်ကဖြစ်ရပ်များပါ။
ကျနော်လုပ်ကိုင်ရသော Centre သည် Company တစ်ခုလုံး၏ဌာနချုပ်ဟုဆိုရမှာဖြစ်ပါတယ်။ MD နှင့် Director များ ရုံးထိုင်သောကြောင့်ပါ။ သင်တန်းကျောင်းဖြစ်သည်နှင့်အညီ ဆရာ/ဆရာမများ၊ ၀န်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများဖြင့် ပျားပန်းခပ် လှုပ်ရှားနေရာ ရန်ကုန်မြို့လည်ခေါင်မှနေရာဖြစ်သည်။
ဌာနမှူးမှာ ကျနော့်ဆရာအရင်းဖြစ်သည် အလုပ်ဝင်ဖြစ်သည်မှာလည်း သူ၏တိုက်တွန်းမှုကြောင့်ဖြစ်သည်။
လူပုသော်လည်း စိတ်ရှည်သူဖြစ်သည်၊ အရည်အချင်းရှိသူဖြစ်ပြီး အုပ်ချုပ်မှုလည်းကျွမ်းကျင်သူဖြစ်သည်။ သို့သော် ကျနော်အလုပ်ဝင်ပြီး မကြာခင်မှာပင် တပည့်မကောင်းဆရာခေါင်း ဆိုသောရှေးစကားကိုလက်တွေ့ ပြသွားသူဖြစ်သွားခဲ့ရသည်။ ဆရာနဲ့ ကျနော်ဝေးခဲ့ရသည်။
နောက်ထပ်ကျနော့်ဆရာတစ်ဦးတော့ ကျန်ခဲ့သေးသည်၊ သူသည် ကိုယ်လုံးကိုယ်ထည် သေးသေးညှက်ညှက် မျက်မှန်လေးတ၀င့်ဝင့် ပြုံးစိစိနှင့်နေတတ်သူတစ်ဦး။ ကျနော်သည် သူ၏အကူအညီဖြင့် များစွာသော လုပ်ငန်းခွင်အသိများကိုရခဲ့ပါသည်။ သူသည် Ronney Zar ပင်ဖြစ်ပါတော့သည်။
စိတ်သဘောထားကောင်းမွန်ပြီး အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်သော ကျနော့်ဆရာ Ronney Zar တွင် အဲဒီ အချိန်က ချောမောပြေပြစ်လှပပြီး စကားပြောရှင်းလင်းပြတ်သားသော ချစ်သူတစ်ဦးရှိခဲ့ပါသည်။ (နောင်တွင် အဲသည့်မိန်းကလေးနှင့် ကျနော်ဌာနတစ်ခုတည်းတွင် အတူအလုပ်လုပ်ကြရ၍ မောင်နှမများ ကဲ့သို့ အလွန်ပင်ရင်းနှီးခဲ့ရပါသည်။) သူ့ကို Simple Zar ဟု နာမ၀ိသေသနပြုပါရစေ။
ကျနော်သည် ထိုအချိန်အထိ တရားဝင် ချစ်သူရည်စားမရှိခဲ့သေးပေ၊ သို့သော် ရင်ထဲမှာချစ်ထားရသော မိန်းကလေးတစ်ဦးတော့ရှိခဲ့သည်၊ အဲဒီအချိန်က သူမကိုကျနော့်ရင်ထဲထည့်ထားခဲ့သည်မှာ (၆)နှစ်ကျော်ခဲ့ ပြီဖြစ်သော်လည်း ကျနော် သူမကိုဖွင့်မပြောခဲ့ရသေးပေ၊ အဘယ်ကြောင့်ဆိုသော် ပါတ်ဝန်း ကျင်သည် နီးစပ်လွန်းနေသည့်အပြင် ကျနော့်ကြောင့် အမှားအယွင်းတစ်ခုခုဖြစ်ခဲ့ပါက လူမှုဆက်ဆံရေးအသိုင်း အ၀န်းကိုပါ ထိခိုက်လာနိုင်သောကြောင့်ဖြစ်သည်၊ ထို့ပြင် ကာယကံရှင် ထိုမိန်းကလေးမှလည်း ကျနော့်ကို ထိန်းထိန်း သိမ်းသိမ်းဖြင့် ဆက်ဆံနေသောကြာင့် စိတ်ထဲတွင် ယတိပြတ်မဝေခွဲနိုင်သောကြောင့်လည်းဖြစ်ပါတယ်။ ဖွင့်ပြောလိုက်၍ အဆင်ပြေနိုင်သည် မပြေနိုင်သည်ကို မခန့်မှန်းနိုင်။
အဆင်ပြေသည်ဆိုပါစို့ ကျနော့်အတွက်စိတ်ချမ်းသာမှုရမည်မှန်သော်လည်း ကျနော်တို့(၂)ယောက်စလုံးအတွက် လွတ်လပ်မည်မဟုတ်၊ မိသားစုအသိုင်းအ၀ိုင်း(၂)ခုကြား လွတ်အောင်မနည်းရှောင်ရမည်၊ ကံမကောင်း ၍ လူမိသွားပါက အားလုံးပြသနာတက်၍အဆုံးသတ်ရမည့်အဖြစ်ပါ။
အကယ်၍ဖွင့်ပြောလိုက်၍အဆင်မပြေဘူးဆိုကြပါစို့၊ အဲသည့်ဒဏ်ကို ကျနော်မခံနိုင်သေးပေ၊
အဲဒီ အတွက် YES or NO အဖြေ(၂)ခုကြား NO ကိုရင်မဆိုင်နိုင်သေးသဖြင့် အဖြေရအောင်မကြိုးစားခဲ့ပါ။
ချစ်တာကတော့ တကယ်ချစ်တာ၊ ဘာကြောင့်ချစ်တာလည်း၊ ဘာလို့ချစ်တာလည်းလို့တော့မသိ။ သူမျက်နှာကြည့်ပြီး သူဘာလိုနေသလဲ၊ စိတ်ထဲဘာဖြစ်နေသလဲဆိုတာကို ကျနော်အလိုလိုသိတဲ့ အတတ်ပညာ တစ်ခုကိုရခဲ့ပါတယ်။ စိတ်ထဲမှာထည့်ထားခဲ့ရတဲ့(၆)နှစ်ဆိုတဲ့ ကာလအတွင်းမှာ ပါတ်ဝန်းကျင်ကနီးစပ်လေတော့ သူ့မျက်နှာအမြဲကြည့်ပြီး သူလိုတာထင်သမျှ လုပ်ပေးချင်နေတော့ ပိုတာလေးတွေတော့ရှိတာပေါ့၊ (ကျနော်ကသာ သတိမထားမိတာ ကျနော်တို့ ၀န်းကျင်က အဲသည့်အချိန်ထဲက သတိထားမိနေကြပါသည်၊)
ကျနော်အဖြစ်က ဆိုခဲ့တဲ့ IT company မှာ အလုပ်ဝင်တဲ့အချိန်မှာ ဟိုမရောက် ဒီမရောက်နဲ့ ရင်ထဲမှာချစ်ခဲ့ရတာ (၆)နှစ်ကျော်ခဲ့တဲ့အချိန်ပေါ့။
အဲဒီမှာ ကျနော့်သူငယ်ချင်း Ronney Zar (သူငယ်ချင်းလို့ပဲသုံးမှဖြစ်တော့မယ်၊ ကျနော်ကသူ့ကိုဆရာလို့ ခေါ်ရင် သူကမကြိုက်လို့ပါ၊ နည်းမျိုးစုံနဲ့ ကန့်ကွက်လို့ပါ)ကို ကျနော်တကယ်ပဲအားကျခဲ့ရပါသည်။ Ronney Zar နဲ့ Simple Zar တို့ချစ်ဇာတ်လမ်းက လည်း တကယ့်ကို အားကျဖွယ်ကောင်းအောင် ချစ်ခြင်းတွေနဲ့ထုံမွှန်းထား ခဲ့တာကိုး။ Simple Zar ကိုနှောက်ယှက် သူတွေကို သူ့ရဲ့အားကောင်းမောင်းသန် ဗလကြီးနဲ့ ကာကွယ်ခဲ့တာတွေ။
Simple Zar စီးမယ့် Bus ကားအတွက်နေရာရအောင် ဂိတ်စကကြိုစီးပေးပြီး နေရာဦးပေးခဲ့ရပုံတွေ (ကျနော် အမှတ်မမှားဘူးဆိုရင် မြောက်ဥကလာအ၀ိုင်းမှတ်တိုင်ထင်ပါတယ်၊ အဲသည့်မှတ်တိုင်က အမြဲလူကြပ်တယ်လေ)
နောက်တစ်ခါ စီးကရက် အရမ်းသောက်တဲ့သူ့ကို Simple Zar ကဆေးလိပ်ဖြတ်ဖို့မတားဘဲ လျှော့သောက်ဖို့ အကြံပေးခဲ့တာတွေ၊ အစရှိသဖြင့်ပေါ့လေ၊ ကြားရသမျှ အားလုံးဟာစိတ်ချမ်းသာစရာတွေဖြစ်ခဲ့ရသလို၊ ထမင်းစားချိန်၊ ရုံးဆင်းလို့အိမ်ပြန်ချိန်တွေမှာ Ronney Zar ကထမင်းချိုင့်လေးကိုင်ပြီးကားမှတ်တိုင်လိုက်ပို့ခဲ့ရ တာတွေကိုမြင်ရသမျှ မြင်ကွင်းတွေဟာလည်းကြည်နူးစရာတွေပါပဲ။
ကံကြမာမုန်တိုင်းက တကယ်မွှေရင်နာဂစ်ထက်အဆပေါင်းများစွာပြင်းပါတယ်၊ နှစ်အနည်းငယ် ချစ်ရည်လူးခဲ့ကြ တဲ့ Ronney Zar တို့အတွဲလေး ဘယ်သူ့ ဘယ်သူအပေါ်မှာမှ သစာဖောက်လို့မဟုတ်ကြပဲ အခြေအနေအရပ်ရပ် ကြောင့်လမ်းခွဲခဲ့ကြရပါတော့သည်။
ကျနော့်မျက်စိရှေ့မှာတင်ချစ်နေကြရာက ကျနော့်မျက်စိအောက်မှတင် အချစ်ပျက်စီးသွားရတဲ့သူတို့(၂)ယောက် အတွက်တကယ်ပဲ စိတ်မကောင်းခဲ့ပါဘူး။
Ronney Zar လည်းယူပစ်လိုက်သလို ရုပ်ကကျသွားပါတော့တယ်၊ အကြောင်းသိ သူငယ်ချင်းတွေကစကြ
နောက်ကြ ပေမယ့်သူကတော့ မရီနိုင်တော့ပါဘူး၊ ကျလာတဲ့မျက်ရည်တွေကို မျက်မှန်အောက်ကနေသုတ်ရင်းနဲ့ မစကြပါနဲ့ကွာလို့ပြောရှာပါတယ်။ (သူက အဲဒီ မျက်ရည်ကျတာကို ငိုတာမဟုတ်ဘူးလို့ပြောပါတယ်၊ ကျနော်တို့ကသူရှက်လို့ညာပြောတာထင်ပေမယ့်၊ အခုမှ သဘောပေါက်မိတာက အဲဒါမျက်ရည်မဟုတ်ဘူး အသဲကွဲလို့ကျလာတဲ့ နှလုံးသားရဲ့သွေးတွေ လျှံတက်ပြီး မျက်လုံးအိမ်ကတဆင့်ထွက်လာတယ်ဆိုတာကိုပါ၊ လူတစ်ယောက်မှာ တစ်သက်မှာ တစ်ခါတည်း၊ တစ်ကြိမ်တည်း ကြုံရတတ်ပါတယ်)
Ronney Zar တစ်ယောက်တကယ်ပဲအသဲကွဲခဲ့ရပါတယ်။ ဘာနဲ့မှ အစားမထိုးဘဲ အချိန်နဲ့ကုစားခဲ့လို့ လူဖြစ် မရှုံးခဲ့ဘူးဆိုကြပါတော့ ခင်ဗျာ။
ကျနော့်လို NO ဆိုတဲ့အဖြေတစ်ခုကိုတောင်ရင်မဆိုင်ရဲတဲ့သူအတွက်၊ Ronney Zar ကိုကြည့်ပြီး သနားတာ၊ ကိုယ်ချင်းစာတာထက် အများကြီးချီးကျူးလေးစားခဲ့ရပါတယ်၊ အချစ်ကြောင့် ဖြစ်ခဲ့ရတဲ့ အသဲကွဲဝေဒနာကို အချစ်သစ်၊ အရက်၊ ဘီယာ အစရှိသဖြင့် တခုခုနဲ့အစားမထိုးပဲ တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ဖြတ်သန်းခဲ့တဲ့ သူ့အတွက် မည်မျှ ဦးညွတ်ဖွယ်၊ လေးစားချီးကျူးဖွယ်ကောင်းလိုက်ပါသလဲ။
ကျနော့်အဖြစ်ဘက်တစ်ခါလှည့်ရအောင်၊ ကျနော့်နဲ့ သူမကလည်းဘာမှမဟုတ်တဲ့အနေအထားနဲ့ ဘယ်လောက် ကြာမယ်ဆိုတာ ဘာမှမသိနိုင်တဲ့ဘ၀မှာ ကျနော်ရှိနေခဲ့ရပါတယ်။ တခါတလေ စဉ်းစားမိခဲ့တယ်၊ မရေရာတဲ့ အနေအထားကနေရုန်းထွက်လိုက်ပြီး၊ တခြားတစ်ယောက်နဲ့ အချိန်တွေကိုကြည်ကြည်နူးနူးကုန်ဆုံးလိုက်ရရင် ကောင်းမယ်လို့၊ ဒါပေမယ့် ဘယ်တော့မှ ကျနော့်ရင်ထဲက သူမကိုမှေးမှိန်အောင် ကျနော်ကိုယ်တိုင်မလုပ်နိုင်ခဲ့ ပါဘူး။
အဲဒီ အချိန်မှာ Ronney Zar ကိုကြည့်ပြီး အချစ်ရဲ့သူရဲကောင်းဆိုတာ ဒီလောကမှာတကယ်ရှိတာပဲ၊ ငါလည်း ဘာမှတွေဝေစရာမလိုဘူး၊ လို့ဆုံးဖြတ်ချက်ချပြီး ကျနော်ရဲ့ ချစ်ခြင်းတရားတွေကို မယိုင်းမယိုင်အောင်စောင့်ထိန်း ရင်း ရှေ့ကိုဆက်လက်ချီတက်ခဲ့ပါတယ်။ ရူးတယ်ပဲပြောပြော၊ တစ်ဇောက်ကမ်းသမားလို့ပဲ ဆိုဆို ကျနော်ကတော့ တစ်ယောက်ထဲကိုပဲ မမှိတ်မသုန် ဆက်ချစ်ခဲ့မိပါတယ်၊ ကျနော့်မှာ မျှော်လင့်ချက်မရှိခဲ့ပါဘူး၊ အိပ်မက်တောင်ရဲရဲ မမက်ရဲခဲ့တဲ့ဘ၀ရဲ့ကာလတွေကို ဖြတ်သန်းခဲ့ပါတယ်။
ကျေးဇူးတင်ပါသည် Ronney Zar။ ချစ်ခြင်းတရားအတွက် အသဲကွဲတာကို အရင်းခံပြီး ကျနော်တို့ကိုပညာပေးခဲ့ တဲ့အတွက် ကျနော့်စိတ်ဓါတ်တွေတည့်မတ်မှန်ကန်ခဲ့ပါတယ်၊ ရင်ထဲမှာ တစ်ယောက်ထဲချစ်ခဲ့ရတဲ့(၈)နှစ်လွန်ခဲ့ချိန် မှာ ကျနော်ရဲ့သူမက ``ရှင့်ကို ချစ်မိသွားတာကြာပါပြီ´´ ဆိုပြီး ချစ်စကားစစ်စစ်လေးရသွားခဲ့ရပါတယ်။
ဒီနှစ်ဟာ ကျနော့်အတွက် တစ်ယောက်ထဲချစ်ခဲ့ရတဲ့(၁၀)နှစ်၊ နှစ်ယောက်တွဲချစ်ခဲ့ရတဲ့(၂)နှစ်ပြည့် တဲ့နှစ်လေးပါ……………
ကျနော့်စိတ်ဓါတ်တွေ တည့်မတ်မှန်ကန်အောင် ကိုယ်တွေ့နမူနာပြခဲ့တဲ့ မတွေ့တာကြာလှပြီဖြစ်သော ဆရာ/သူငယ်ချင်း/ညီလေး Ronney Zar ကို အစအနောက်လေးနဲ့နှုတ်ခွန်းဆက်လိုက်ချိန်မှာတော့ ``လာမနောက်နေပါနဲ့ဗျာ၊ နောက်ထပ်ကောင်မလေးတစ်ယောက်က မနေ့ကအသဲခွဲသွားပြန်ပြီဗျ´´တဲ့ဗျာ……………….။ ။
(ဆက်လက်ခွင့်ပြုပါက၊ တားမည့်သူမရှိပါက ``ပြိုင်ဖက်များနဲ့ ချစ်တဲ့သူ´´ ``ရိုးရိုးလေးပဲနှုတ်ဆက်ခဲ့ပါတယ်´´ ``ရန်ကုန်သူမမကြောင့် တောင်ပေါ်ပြန်မရခဲ့သူ´´ Post များဆက်တင်ပေးပါမည်ခင်ဗျာ)
ကျေးဇူးရှင်မေမေ ကို သတိရမိခြင်း
အမေနေကောင်း ကျန်းမာရဲ့လား
ဒီအချိန်ဆိုရင် မေမေရဲ့ ပြီးပြည်စုံတဲ့ ထမင်းစားပွဲလေးကို မြင်ယောင်နေမိတယ်..အသားငါး မပါပေမဲ့ ဟင်းချက်ကောင်းတဲ့ အမေ့ရဲ့ လက်ရာလေးတွေကြောင့် စားမြိန်ခဲ့ရတယ်လေ.. အခုတော့လဲ အမေ့ရဲ့ လက်ရာ ဟင်းထမင်းမစားရတာ ဘာလိုလိုနဲ့ နှစ်နဲ့ချီနေပြီအမေ..
အမေ… မနက်မိုးလင်း အိပ်ရာထနောက်ကျလေ့ ရှိတယ် အမေ့ရဲ့သား အကျင့်ဆိုးတွေ အခုတော့ သူတစ်ပါးတိုင်းပြည်မှာ ကိုလုပ်မှ ကိုယ်ရဆိုတဲ့ ဆိုရိုးအတိုင်း သူဌေးအဆူမခံရလေးအောင် နေမထွက်ခင် ကတည်းက ထတတ်နေပြီး အမေ..
အမေ… အချိန်ရှိသမျှ အိမ်မကပ်ပဲ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အပြင်မှာ အချိန်ကုန်နေတတ်တဲ့ အမေ့ရဲ့ သားဆိုး ကျနော် အခုတော့ အလုပ်တွေရဲ့ ဖိစီးမှုအောက်ကနေ ပြီးတာနဲ့ အချိန်မှန်အိမ်ကိုပြန်ရောက်တတ် နေပြီး အမေ...
အမေ… အ၀တ်ဆိုရင် ကိုယ်တိုင် မလျှော်ခဲ့တဲ့ အမေ့ရဲ့ သားလူပျင်းကျနော် အခုတော့ ကိုယ်တိုင် အ၀တ်လျှော် တတ်နေပြီး အမေ.. အ၀တ်တွေကို မတိုက်တတ် တိုက်တတ်နဲ့ မီးပူလည်း တိုက်တတ်နေပြီး အမေ..
အမေ… အားနေရင် လဘက်ရည်ဆိုင်မှာ အချိန်တွေဖြုန်းခဲ့တဲ့ အမေ့ရဲ့ သားအပေအတေလည်း အခုတော့ ကုန်ဆုံးသွားတဲ့ အလဟာာ တတ်အချိန်တွေကို နှမျောတတ်နေပြီး အမေ..
အမေ… အမေ့ဆီက လက်ဖြန့် တောင်းပြီး ဖြုန်းခဲ့တဲ့ ပိုက်ဆံတွေလည်း အခုတော့ ကိုယ်တိုင်ရှာရမှ ဘယ်လောက် ပင်ပန်းလဲဆိုတာ နောင်တနဲ့ အတူသိနေပါပြီ အမေ..
အမေ… တခါတလေအမေရဲ့ ဆုံးမတဲ့ စကားလုံးတွေကို ဂရုမစိုက်ခဲ့တဲ့ အမေ့ရဲ့ သားကျနော် အခုတော့လည်း အမေ့ရဲ့ ဆုံးမစကားတွေကို လှိုက်လှိုက်လှဲလှဲ ကြားချင်နေမိတယ် အမေ…
အမေ… အမေ့ တစ်ယောက်ထဲရဲ့ စွမ်းအားနဲ့ မိသားစုတစ်ခုလုံးကို ပြုစုစောင့်ရှောက်နိုင်တဲ့ အမေ့ရဲ့ စိတ်ဓာတ် ၊ ရဲစွမ်းသတ္တိမျိုး ကျနော် လိုချင်နေမိတယ် အမေ..
မေမေ
ရင်မှာပိုက်ထွေး ယုယခဲ့ရ
ဒါပေမဲ့လည်း သားဆိုးကျနော်
ဘာမှမသိ ရူးမိုက်ခဲ့မိ
ချိန်လွန်နောင်တ
မိဘမေတ္တာ စွမ်းစကြီးမှန်း
သားဆိုးလူမိုက် သိခဲ့ရပြီး
နောင်တတရား ရင်မှာထွေးပွေ့
ချစ်မေရှိရာ မွေးမြေရပ်ဆီ
ပြန်ရောက်ချင်ပြီ …… အမေ…..

မိဘမေတ္တာ ဖော်ထုတ်ပြခဲ့
ဒါပေမဲ့လည်း သားဆိုးကျနော်
ဘာမှမသိ ရူးမိုက်ခဲ့မိ
ချိန်လွန်နောင်တ
မိဘမေတ္တာ စွမ်းစကြီးမှန်း
သားဆိုးလူမိုက် သိခဲ့ရပြီး
နောင်တတရား ရင်မှာထွေးပွေ့
ချစ်မေရှိရာ မွေးမြေရပ်ဆီ
ပြန်ရောက်ချင်ပြီ …… အမေ…..
Pages
Popular Posts
-
ငါ့ကိုငါ အထင်တွေကြီးခဲ့တာပေါ့ အချစ်ဆိုတာကို ပေါ့သေးသေးလုပ်လို့ နှလုံးသားမရှိတဲ့ လူအဖြစ် ငါနေခဲ့တာ တကယ်တမ်း ချစ်ရသူတွေ့လာတော့ ဖုံးကွယ်ထားတဲ့ ...
-
၁)ဦးထုပ်ရောင်းသမားနှင့် မျောက်ပြဿနာ တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ ဦးထုပ်တွေကိုခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့ လှ...
-
အော်ဟစ်သံတွေဆူညံလို့ ချောက်ခြားစရာအတိနဲ့ ဟိုမြေအောက်ဆုံးထပ်က ငရဲပြည်လား အောက်မေ့ရတယ် အာခေါင်တွေ ခြောက်ကပ်လို့အားအင်တွေကုန်ဆုံးပေါ့ လေးထောင့်...
-
စာဖတ်သူမိတ်ဆွေ ယခုစာကို ဖတ်ပြီး သင်သည် ပျော်ရွှင်လိမ့်မည်ဟု ကျွန်ုပ်အာမ မခံပါ။ ထိုအတူ သင့်အနေနဲ့ အကျိုးမရှိနိုင်ပါ။ ထိုကြောင့် ကျွန်ုပ်ရေးသော...
-
ကျနော်လဲ တီဝါ တို့၊ မkom တို့လို စားစရာလေး တင်ပေးလိုက်ပါတယ်။ တောင်ပေါ်သား ဒီနေ့ စိတ်ကူးပေါက်တာနဲ့ အကြော် ကြော်စားဖြစ်ပါတယ်။ ကျနော်ရဲ့ ချစ်ည...
-
ကျနော်သည် တခါတရံ စိတ်တို့၏ ခေါ်ဆောင်မူနောက်ကို လိုက်ပါသွားတတ်သည်။ တခါတရံတွင် မတွေးသင့်သော အရာများကိုတွေးတော တတ်ပြန်သည်။ လူတွေ ဟုတ်သည် သည်လူတေ...
-
အပြင်မှာ မိုးခြိမ်းသံတွေကို ကျနော်နားထောင်နေမိသည်။ တချက်တချက် မှန်ပြတင်းပေါက်မှ မြင်လိုက်ရသော လျှပ်စီးများကိုကြည့်ပြီး ဟိုအရင်အတိတ်ကို ပြန်ေ...
-
ဘေးချင်းကပ်လျှက် နီးရက်နဲ့ဝေးးးးး မဆုံနိုင်တဲ့ မြစ်၂စင်း သံဟဇာတ တည့်အောင် တယောက်ကို တယောက် ဖေးထူလို့ ကူညီမူတွေအလျှံပယ်နဲ့ သေချာပြန်သုံးသပ်တေ...
-
ယခုတင်ပြမည့် အကြောင်းအရာသည် စင်ကာပူရောက် ကျောင်းဆရာ၏ အမြင်များ ဖြစ်ပေသည်။ လွတ်လပ်စွာ ဝေဖန်ကွဲလွဲနိုင်ခွင့်ရှိပေသည်။ ၁) စင်ကာပူရောက် အမျိုးသာ...
-
ကျွန်ုပ် သူ့ကို အပြင်မှာ မမြင်ဖူးသေးသော အချိန်က ဖြစ်သည်။ နာမည်လေးကပေးထားလိုက်သည်မှာ အနုအရွလေးနဲ့ကဗျာဆန်လှပေသည်။ နာမည်က ဘာတဲ့ ဆောင်းချမ်းမိုး...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)