Labels

ကျနော်ခံယူသော ယုံကြည်ချက်တစ်ခု…

ကျနော်ခံယူသော ယုံကြည်ချက်တစ်ခု…

တကယ်တမ်း လူဘ၀မှာ ဘာအရေးကြီးဆုံးလဲလို့ လူတိုင်းကို မေးကြည့်ကြပါ… သူတို့ရဲ့မိဘက ဘ၀မှာ အရေးအကြီးဆုံးလို့ လူတစ်ရာမှာအယောက်ကိုးဆယ်ကျော်ကတော့ အရေးအကြီးဆုံးလို့ ပြောကြမှာပါ..မိဘကျေးဇူးကို သိတတ်တဲ့လူမျိုးတွေထဲမှာ ကျနော်တို့ မြန်မာလူမျိုးတွေက အကောင်းဆုံးလို့ ကျနော်ထင်ပါတယ်.. ဒါဟာလည်း သံယောဇဉ် တစ်ခုပါပဲ..လူတော်တော်များများဟာ သူတို့ရဲ့ မိဘစိတ်ဆင်းရဲမဲ့အရာကို မလုပ်ချင်ကြပါဘူး.. ကျနော်အပါအ၀င်ပေါ့ဗျာ.. ကျနော်တို့လူရယ်လို့ ဖြစ်လာတာဟာလည်း ဒီမိဘတွေရဲ့ကျေးဇူးကြောင့်ပါပဲ.. မိဘမရှိပဲနဲ့ ကျနော်တို့လို သားသမီးဆိုတာ ဖြစ်လာဖို့ အကြောင်းမရှိပါဘူး..အဲဒီတော့ မိဘတွေရဲ့စကားကို နားထောင်ကြတယ် ရိုသေကြတယ် ဒါဟာ ကျနော်တို့ မြန်မာတွေရဲ့ထုံးတမ်းစဉ်လာတရပ်ပါပဲ..ဒါကို မိသားစုသံယောဇဉ် (၅၂၈) လို့ခေါ်ရရပါလိမ့်မယ်…. နောက်တစ်ခုကတော့ (၁၅၀၀)လို့အများကခေါ်တဲ့ ရယူလိုတဲ့ သံယောဇဉ် အချစ်ပါပဲ……

Photobucket

လူရယ်လို့ဖြစ်လာရင် သံယောဇဉ်ဆိုတာဟာ လူတိုင်းရဲ့နှလုံးသားမှာ ခံစားဖူးတတ်ကြတာပါပဲ..အဲဒီလို သံယောဇဉ် (အချစ်လို့ပြောရင် ပိုမှန်မယ်ထင်ပါတယ်.) ဟာ လူတဦးနဲ့တဦး မြင်တွေ့သည်ဖြစ်စေ.. မမြင်တွေ့ရသည်ဖြစ်စေ ဝေးနေသည်ဖြစ်စေ.. ဘယ်လို့မှပျောက်ပျက်သွားမှာ မဟုတ်ပါဘူး.. တခါတလေ ကျနော် စဉ်းစားကြည့်မိတယ်…ဒီလိုအချစ်ကို လူတွေက ဘာလို့ခွဲခြားနေရတာလဲ.. တခါတလေ ကျတော့ တော်တော်ကို ခံရခက်တဲ့ ကိစ္စတစ်ရပ်ပါပဲ.. ကျနော့်ရဲ့ ခံယူချက်ဟာ လူရယ်လို့ဖြစ်လာရင် ဘာသာရေးတွေ၊ လူမျိုးရေးမုန်းတီးမူတွေဟာ တစ်ကယ်တမ်း မရှိသင့်ဘူးလို့ ကျနော်ယူဆတယ်ဗျာ.. ကျနော်လည်း ဒီအယူအဆတွေကို ရှောင်ကြဉ်ပါတယ်..ကျနော်ထင်တယ် ကျနော်တို့နိုင်ငံမှာဗုဒ္ဓဘာသာဝင်တွေဟာ နိုင်ငံရဲ့ ၇၀ ရာခိုင်နှုနုးလောက်တော့ရှိမယ်ထင်တယ်.. ကျန်တဲ့ရာခိုင်နှုန်း ၃၀ မှာတော့ တိုင်းရင်းသားလူမျိုးတွေ၊ အစ္စလာမ်တွေ၊ ခရစ်ယာန်တွေ ပါဝင်နိုင်ပါတယ်..ဒီလိုကိုးကွယ်တဲ့ ဘာသာမတူညီကြပေမဲ့ အားလုံးဟာ မြန်မာ ပြည်မှာမွေးတဲ့ မြန်မာပြည်သားတွေပါပဲ…ဒီဘာသာရေးဆိုတာဟာ အချို့နေရာမှာ ကိုယ်ပိုင်ခံယူချက်လေးတွေ ပေါ်မှာ မူတည်ပြီး ကွာခြားနေတာပါ.. ဘယ်ဘာသာမဆို တစ်ချို့က အစွန်းရောက်ရင် ရောက်မယ်.. တစ်ချို့က တယူသန်မယ်.. တစ်ချို့က အတ္တကြီးတယ်.. ဒါပေမဲ့ ဒါဟာလူတိုင်းတော့ မဟုတ်ပါဘူး.. တဦးတယောက်ရဲ့ စိတ်၊လူနေမူပေါ်မှာ မူတည်ပြီးတော့ ဖြစ်လာတာပါ.. ဒါကို လူအချို့က နားမလည်ကြဘူးဗျာ… ဗုဒ္ဓဘာသာ ဆိုရင်လည်း ဗုဒ္ဓဘာသာ မို့လို့။ အစ္စလာမ်ဆိုရင်လည်း ဒီကောင်တွေ အလားကားကောင်တွေပါဆိုတဲ့ စကားတွေ.. ခရစ်ယာန်ဆိုရင်လည်း ဒီကောင်တွေ အားနေရင် တရားချတတ်တဲ့ ကောင်တွေဆိုပြီး ပြောဆိုနေ ကြတာတွေကို မြင်နေ၊ တွေ့နေ (ကိုယ်တိုင် ခံစားနေရပါတယ်) ရတတ်တယ်. တော်တော်ကို စိတ်မကောင်းစရာ တွေပါပဲဗျာ.. ကျနော်ဟာ တစ်ကယ်ဆို ဗုဒ္ဓဘာသာဝင် တစ်ယောက်မဟုတ်ပါဘူး.. ဒါပေမဲ့ ကျနော်ရဲ့ သူငယ်ချင်းတော်တော် များများက ဗုဒ္ဓဘာသာဝင်တွေပါပဲ.. ကျနော်ခံယူထားတဲ့ ခံယူချက်လေးက လူရယ်လို့ ဖြစ်လာရင် လူသားတိုင်းမှာ ကိုယ်ပိုင်အခွင့်အရေး Right ဆိုတာ ရှိကြစမြဲပါပဲ… ဒါကိုတော့ ဘယ်သူမှငြင်းဆန် လို့မရပါဘူး.. ဒီလိုပဲ ကျနော်စဉ်းစားကြည့်တယ်… ဘာသာရေးဆိုတာ ဘာလည်းပေါ့.. လူတိုင

စနေနေ့ ဘောလုံးကန်သွားရင်

ဒါကတော့ ကျနော်တို့ စနေနေ့(၂၈၊၆၊၂၀၀၈) က ဘောလုံးသွားကန်တုန်းက အမှတ်တရ ရိုက်ထားတဲ့ပုံလေးတွေပါ.. ကျနော်ပုံတော့ မတင်ပေးတော့ဘူးဗျာ… တော်ကြာ… :P

Photobucket

Photobucket
Photobucket

ဘောလုံးကန်ပြီး အနားယူနေစဉ်လေးတွေပေါ့ဗျာ...

ကျနော်ခံယူသော ယုံကြည်ချက်တစ်ခု…

ကျနော်ခံယူသော ယုံကြည်ချက်တစ်ခု…

တကယ်တမ်း လူဘ၀မှာ ဘာအရေးကြီးဆုံးလဲလို့ လူတိုင်းကို မေးကြည့်ကြပါ… သူတို့ရဲ့မိဘက ဘ၀မှာ အရေးအကြီးဆုံးလို့ လူတစ်ရာမှာအယောက်ကိုးဆယ်ကျော်ကတော့ အရေးအကြီးဆုံးလို့ ပြောကြမှာပါ..မိဘကျေးဇူးကို သိတတ်တဲ့လူမျိုးတွေထဲမှာ ကျနော်တို့ မြန်မာလူမျိုးတွေက အကောင်းဆုံးလို့ ကျနော်ထင်ပါတယ်.. ဒါဟာလည်း သံယောဇဉ် တစ်ခုပါပဲ..လူတော်တော်များများဟာ သူတို့ရဲ့ မိဘစိတ်ဆင်းရဲမဲ့အရာကို မလုပ်ချင်ကြပါဘူး.. ကျနော်အပါအ၀င်ပေါ့ဗျာ.. ကျနော်တို့လူရယ်လို့ ဖြစ်လာတာဟာလည်း ဒီမိဘတွေရဲ့ကျေးဇူးကြောင့်ပါပဲ.. မိဘမရှိပဲနဲ့ ကျနော်တို့လို သားသမီးဆိုတာ ဖြစ်လာဖို့ အကြောင်းမရှိပါဘူး..အဲဒီတော့ မိဘတွေရဲ့စကားကို နားထောင်ကြတယ် ရိုသေကြတယ် ဒါဟာ ကျနော်တို့ မြန်မာတွေရဲ့ထုံးတမ်းစဉ်လာတရပ်ပါပဲ..ဒါကို မိသားစုသံယောဇဉ် (၅၂၈) လို့ခေါ်ရရပါလိမ့်မယ်…. နောက်တစ်ခုကတော့ (၁၅၀၀)လို့အများကခေါ်တဲ့ ရယူလိုတဲ့ သံယောဇဉ် အချစ်ပါပဲ……

Photobucket

လူရယ်လို့ဖြစ်လာရင် သံယောဇဉ်ဆိုတာဟာ လူတိုင်းရဲ့နှလုံးသားမှာ ခံစားဖူးတတ်ကြတာပါပဲ..အဲဒီလို သံယောဇဉ် (အချစ်လို့ပြောရင် ပိုမှန်မယ်ထင်ပါတယ်.) ဟာ လူတဦးနဲ့တဦး မြင်တွေ့သည်ဖြစ်စေ.. မမြင်တွေ့ရသည်ဖြစ်စေ ဝေးနေသည်ဖြစ်စေ.. ဘယ်လို့မှပျောက်ပျက်သွားမှာ မဟုတ်ပါဘူး.. တခါတလေ ကျနော် စဉ်းစားကြည့်မိတယ်…ဒီလိုအချစ်ကို လူတွေက ဘာလို့ခွဲခြားနေရတာလဲ.. တခါတလေ ကျတော့ တော်တော်ကို ခံရခက်တဲ့ ကိစ္စတစ်ရပ်ပါပဲ.. ကျနော့်ရဲ့ ခံယူချက်ဟာ လူရယ်လို့ဖြစ်လာရင် ဘာသာရေးတွေ၊ လူမျိုးရေးမုန်းတီးမူတွေဟာ တစ်ကယ်တမ်း မရှိသင့်ဘူးလို့ ကျနော်ယူဆတယ်ဗျာ.. ကျနော်လည်း ဒီအယူအဆတွေကို ရှောင်ကြဉ်ပါတယ်..ကျနော်ထင်တယ် ကျနော်တို့နိုင်ငံမှာဗုဒ္ဓဘာသာဝင်တွေဟာ နိုင်ငံရဲ့ ၇၀ ရာခိုင်နှုနုးလောက်တော့ရှိမယ်ထင်တယ်.. ကျန်တဲ့ရာခိုင်နှုန်း ၃၀ မှာတော့ တိုင်းရင်းသားလူမျိုးတွေ၊ အစ္စလာမ်တွေ၊ ခရစ်ယာန်တွေ ပါဝင်နိုင်ပါတယ်..ဒီလိုကိုးကွယ်တဲ့ ဘာသာမတူညီကြပေမဲ့ အားလုံးဟာ မြန်မာ ပြည်မှာမွေးတဲ့ မြန်မာပြည်သားတွေပါပဲ…ဒီဘာသာရေးဆိုတာဟာ အချို့နေရာမှာ ကိုယ်ပိုင်ခံယူချက်လေးတွေ ပေါ်မှာ မူတည်ပြီး ကွာခြားနေတာပါ.. ဘယ်ဘာသာမဆို တစ်ချို့က အစွန်းရောက်ရင် ရောက်မယ်.. တစ်ချို့က တယူသန်မယ်.. တစ်ချို့က အတ္တကြီးတယ်.. ဒါပေမဲ့ ဒါဟာလူတိုင်းတော့ မဟုတ်ပါဘူး.. တဦးတယောက်ရဲ့ စိတ်၊လူနေမူပေါ်မှာ မူတည်ပြီးတော့ ဖြစ်လာတာပါ.. ဒါကို လူအချို့က နားမလည်ကြဘူးဗျာ… ဗုဒ္ဓဘာသာ ဆိုရင်လည်း ဗုဒ္ဓဘာသာ မို့လို့။ အစ္စလာမ်ဆိုရင်လည်း ဒီကောင်တွေ အလားကားကောင်တွေပါဆိုတဲ့ စကားတွေ.. ခရစ်ယာန်ဆိုရင်လည်း ဒီကောင်တွေ အားနေရင် တရားချတတ်တဲ့ ကောင်တွေဆိုပြီး ပြောဆိုနေ ကြတာတွေကို မြင်နေ၊ တွေ့နေ (ကိုယ်တိုင် ခံစားနေရပါတယ်) ရတတ်တယ်. တော်တော်ကို စိတ်မကောင်းစရာ တွေပါပဲဗျာ.. ကျနော်ဟာ တစ်ကယ်ဆို ဗုဒ္ဓဘာသာဝင် တစ်ယောက်မဟုတ်ပါဘူး.. ဒါပေမဲ့ ကျနော်ရဲ့ သူငယ်ချင်းတော်တော် များများက ဗုဒ္ဓဘာသာဝင်တွေပါပဲ.. ကျနော်ခံယူထားတဲ့ ခံယူချက်လေးက လူရယ်လို့ ဖြစ်လာရင် လူသားတိုင်းမှာ ကိုယ်ပိုင်အခွင့်အရေး Right ဆိုတာ ရှိကြစမြဲပါပဲ… ဒါကိုတော့ ဘယ်သူမှငြင်းဆန် လို့မရပါဘူး.. ဒီလိုပဲ ကျနော်စဉ်းစားကြည့်တယ်… ဘာသာရေးဆိုတာ ဘာလည်းပေါ့.. လူတိုင်းမှာ ဘာသာရေး မရှိရင် ဘာဖြစ်နိုင်သလဲ ပေါ့.. သေချာတာကတော့ အားလုံးဟာ အရိုင်းအစိုင်း၊ ငတေမာရင် ပြီးရောဆိုတဲ့ လူစားမျိုးတွေ၊ ကြီးနိုင်ငယ်ညုင်းဝါဒကို စွဲကိုင်တဲ့လူတွေ ဖြစ်သွားမယ်လို့ ကျနော်ထင်မိတယ်ဗျာ.. အဲဒီတော့ ဘာသာတရားဟာ အဲလိုလူရိုင်းစိတ်တွေ မဖြစ်ရလေအောင် ကာကွယ်ပေးတဲ့ အကောင်းဆုံးသော နည်းလမ်း တွေထဲကတစ်ခုလို့ ကျနော်ထင်တယ် .. ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့ဗျာ..ဘယ်ဘာသာမှာမှ သူတစ်ပါးအသက်ကို အလကား မသတ်ခိုင်းဘူးဗျာ.. ရှင်းရှင်းပြောရရင် လူလိုတွေးရင် လူလိုမြင်မှာပါ…

Photobucket

ကျနော် ပြောချင်တာကတော့ ကျနော်တို့ရဲ့ နှလုံးသားထဲကလာတဲ့ ခံစားချက်လေးတွေကို ရေးပြချင်တာပါ.. ဒီလိုရေးလိုက်ရင် ကျနော် မြိုသိပ်ခဲ့ရတဲ့ အချိန်တွေကို အတော်အသင့် ကုစားနိုင်မယ်လို့ ယူဆမိသလို ဒီဘလောစ့်လေးကို လာဖတ်တဲ့ စာဖတ်ပရိသတ်ကြီးလည်း နဲနဲလေးဖြစ်ဖြစ် ဒီအကြောင်းတရားနဲ့ ပတ်သက်ပြီး စဉ်းစားမိမယ်လို့ ခံယူလို့ရေးလိုက်တာပါ… အဲဒီတော့ ကျနော်စကားလေး ပြန်ဆက်ကြည့်ရအောင်ဗျာ.. လူသားတွေရဲ့ အချစ် (သံယောဇဉ်) ကို တစ်ချို့လူတွေကဘာလို့ နားမလည်ကြတာလဲ.. ဒါဟာကျနော်တို့ကို ငယ်စဉ်ကတည်းက ရိုက်ထည့်ပေးလိုက်တဲ့ ဘာသာရေးဆိုတဲ့ အသိတရားရဲ့ လှုံ့ဆော်မူကြောင့်ပါပဲ.. အဲဒါဟာ မကောင်းဘူးလို့ ဆိုမလားဆိုတော့ မဟုတ်ဘူး ကောင်းတယ်လို့ပဲ ပြောရမယ်နဲ့တူတယ်.. ဘာလို့လဲဆိုတော့ အထက်ကပြောခဲ့သလို လူတိုင်း အရိုင်းအစိုင်းတွေ မဖြစ်တော့ဘူးပေါ့ဗျာ… နိုင်ငံတိုင်းမှာ ဘာသာရေးစစ်ပွဲ ဆိုတာတွေရှိပါတယ်.. ဒါဟာလည်း ကိုယ်ခံယူချက်တစ်ခုကို အကောင်အထည်ဖော်နေကြတာ ဖြစ်တဲ့အတွက် ဘယ်သူမှန်တယ်.. ဘယ်ဟာမှားတယ်..လို့ တစ်ထစ်ချ ပြောလို့မရပါဘူး..

တစ်ကယ်တမ်း ဗုဒ္ဓဘာသာဝင်တွေ အများစုနေတဲ့ မြန်မာနိုင်ငံမှာ ကြီးပြင်းလာတဲ့ အခြားဘာသာဝင်တစ်ဦးဟာ မြန်မာဗုဒ္ဓဘာသာဝင် တစ်ဦးနဲ့ ချစ်ကြိုက်မိပြီးဆိုရင်ကော ဒါအပြစ်ရှိမလား။ အားလုံးကတော့ ကျနော်စာကို ဖတ်ပြီး ကျနော်ကို ထုချင်၊ သတ်ချင်စိတ်တွေပေါ် နေလောက်ပြီးထင်တယ်.. ကျနော်ကတော့ အပြစ်တစ်ခုကို မမြင်မိပါဘူး.. ဘာလို့လဲဆိုတော့ လူတစ်ဦးနဲ့ တစ်ဦးချင်း ကြိုက်မိတယ်ဆိုတာဟာ နှစ်ဦးသဘောတူမှ ဖြစ်မဲ့အရာ မဟုတ်လား ကျနော်တို့ မြန်မာမှာတောင် စကားပုံ ရှိတယ်လေး.. လက်ခုပ်ဆိုတာ လက်တစ်ဖက်ထဲ တီးယုံနဲ့ မမြည်ဘူးဆိုတာလေး… အဲဒီတော့က ဘာသာမတူတာကို အပြစ်ဖို့ပြီး လိုက်ခွဲနေရင် အဲဒီချစ်သူနှစ်ဦး လုံးရဲ့ နှလုံးသားထဲမှာ ဒဏ်ရာအနာတရတွေပဲ ကျန်ခဲ့မှာပါ.. လူတစ်ယောက်ရဲ့ စိတ်ဒဏ်ရာဆိုတာ တော်တော်ရှင်းပြရ ခက်ပါတယ်.. တော်ယုံတန်ယုံ လွယ်လွယ်နဲ့ မေ့ပျောက်လို့ မရနိုင်ပါဘူး… အဲဒီတော့ နောက်ဆုံးမှာ တစ်ကယ်တမ်းနစ်နာသူတွေက ဘယ်သူတွေလဲဗျာ…

အဲနောက်တစ်ခု ရှိသေးတယ်ဗျ.. ဒါကအမျိုးဂုဏ်မက်တဲ့ ကိစ္စ ၊ ငါတို့က ဘယ်မျိုးရိုးကတော့ဖြင့် ဆင်းသက်လာတာ.. ဒီလူနဲ့တော့ဖြင့် မတန်ဘူး ၊ မတန်ဘူး ဘာညာနဲ့ ၊ ဒါဟာလဲ မသိစိတ်က ရူးသွပ်မူ တစ်ခုပဲဗျာ…အဲဒီတော့ အဲလို ချစ်သူတွေကို လိုက်ခွဲနေမဲ့အစား ကမ္ဘာကြီးပေါ်မှာ လူတွေဘာယ်လို မှီတင်းနေထိုင် နေကြတယ်၊ ကမ္ဘာကြီးဟာ အရင်ကလို အကျယ်ကြီးမဟုတ်တော့ဘူး ရွာကြီးတစ်ရွာလို ဖြစ်နေပြီးဆိုတာ အရင်ဆုံး လေ့လာစေချင်တယ်ဗျာ…

စာကြွင်း။ ။ ဒီပိုစ့်နဲ့ ပတ်သက်ပြီး ကျနော်ကို တိုင်ရိုက်အကြံများ ပေးချင်တယ်ဆိုရင် soeminhtike@gmail.com ကို မေးလ်များပေးပို့နိုင်ပါတယ်…

စနေနေ့ ဘောလုံးကန်သွားရင်

ဒါကတော့ ကျနော်တို့ စနေနေ့(၂၈၊၆၊၂၀၀၈) က ဘောလုံးသွားကန်တုန်းက အမှတ်တရ ရိုက်ထားတဲ့ပုံလေးတွေပါ.. ကျနော်ပုံတော့ မတင်ပေးတော့ဘူးဗျာ… တော်ကြာ… :P

Photobucket

Photobucket
Photobucket

ဘောလုံးကန်ပြီး အနားယူနေစဉ်လေးတွေပေါ့ဗျာ...

အဖေမေတ္တာ

ကျနော်ဒီPost ကို ရေးရခြင်းအကြောင်းလေး ပထမဦးဆုံးပြောပါရစေ…

ကျနော့်ညီလေးSMH က အမေ့ကိုလွမ်းတဲ့ရင်ထဲကအသံလေးကို ကိုRonney Zar ကအားဖြည့်ပေးလိုက်တော့ အရမ်းကိုပီပြင်ပြီး ကျနော်တို့လိုအမေ့ရင်ခွင်နဲ့ ဝေးနေကြသူတွေအားလုံးခံစားကြရပါတယ်။

ကျေးဇူးတင်ပါတယ် ကိုRonney Zar နဲ့ SMH ခင်ဗျား။

အခု အကိုတို့ရဲ့ ရင်ထဲကစကားသံလေးတွေကို ပိုပြီးပီပြင်သွားစေဖို့ ကျနော်ရဲ့ ``ပီတု မေတ္တာ´´စာတမ်းလေးနဲ့ အားဖြည့်ခွင့်ပြုပါခင်ဗျာ..။

------------------------------------------------------------------------------------------------------

``ပီတု မေတ္တာ´´

ကျနော်တို့ အရွယ်ရောက်စအချိန်မှာ ကွယ်လွန်သူ ဘဘဦးသုခရဲ့ အမေ့မေတ္တာ ဖော်ကျူးတဲ့အသံတွေဟာ အမေဆိုတာဘယ်လောက်ထိ အလေးထားရကောင်းမှန်း၊ တန်ဖိုးထားရကောင်းမှန်း၊ လူတိုင်းလူတိုင်းအသိ တရားလေးလေး နက်နက်ရသွားစေခဲ့ပါတယ်။ ဘဘရဲ့ အသိပေးနှိုးဆော်မှု၊ စာပေ-အနုပညာအသိုင်းတခုလုံးရဲ့ ၀ိုင်းဝန်းမှုကြောင့် သီချင်းတွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေ မြန်မာပြည် တနံတလျား ပေါ်ထွက်ခဲ့ပြီး အမေဆိုတာ ချစ်ရကောင်းမှန်းအသိတွေနိုးကြားခဲ့စေပါတယ်။ မြန်မာတွင်မကပါဘူး ကမ္ဘာတစ်ခွင်လုံးမှာလည်း ရှေးရှေးကနေ ယနေ့အချိန်ထိ အမေ့ဂုဏ်ကျေးဇူးဖော်ညွှန်းမှုများ မရိုးနိုင်အောင် ထွက်ပေါ်ခဲ့၊ ထွက်ပေါ်နေစဲပါ။အကြောင်းကတော့ လူသားမှန်သရွေ့ အမေဆိုသူကမွေးထုတ်ခဲ့ရတာကိုး …………။

လူတိုင်းသည် မွေးသောအမေရှိ့်၍ လူဖြစ်ခဲ့ရခြင်းဖြစ်သည်၊ ၀မ်းနဲ့လွယ်၊ အသက်နဲ့ရင်းပြီး မွေးခဲ့ရခြင်းဖြစ်၍ အမေ့မေတ္တာသည်တုနှိုင်းမရခြင်းဖြစ်သည်ကို မည်သူမျှမငြင်းနိုင်ပါ။

မှန်ပါသည်၊ထို့ထက်ပို၍မှန်သော အမှန်တရားသည်ကား လူသားတစ်ဦးဖြစ်တည်မှုတွင် အမေသည်အဓိကကျသည်ဟုဆိုပါက အဖေသည်လည်းပဓါနကျသည်ကို ကျနော်တို့မငြင်းနိုင်ပါ။

အမေသည် မိန်းမသားဖြစ်၍ ယောင်္ကျားသားများနှင့်ယှဉ်ပါက အားအင်ချို့တဲ့မှု၊ ခွန်အားနည်းပါးမှုများရှိ၍ ပို၍ဂရုစိုက်သင့်၊ ပို၍အလေးထားသင့်သည်မှာမှန်ပါသည်။ သို့သော် သားသမီးအပေါ်ထားရှိသော မိဘ မေတ္တာတွင် အဖေ့မေတ္တာသည် အမေ့မေတ္တာအောက် မရောက်သည်ကိုကျနော်တို့ သတိပြုရန်မမေ့အပ်ပေ။

ကျနော်တို့သည် အမေ့သွေးနဲ့ အဖေ့သွေးပေါင်းစပ်ထားသောလူသားများဖြစ်သောကြောင့်ပေတည်း။

ကျနော့်တို့၏ မြန်မာ့ရာဇ၀င်၊ ကမ္ဘာ့ရာဇ၀င် အသီးသီးတွင်လည်း အဖေဆိုသော လူသားအကြောင်း ဂုဏ်ပြုချက်အမြောက်အမြားရှိခဲ့ပါသည်။အမေသည် သားသမီးတွေအပေါ် ဘယ်လောက်ချစ်ကြောင်း၊ သားသမီး

ချစ်သူကို ပေးသင့်သော ရည်းစားစာ....

ကျနော်ရဲ့ အစ်ကို Rooney Zar ပို့ပေးလာသော ရည်းစား စာလေးပါ..
စာဖတ်သူ အပေါင်း ဒီစာကို ဖတ်ပြီး ပျော်ရွင်မယ်လို့ မျှော်လင့်ပါတယ်...

သို့ /

ပန်းလေးလှတော့ လိပ်ပြာတွေ ဝဲတယ်တဲ့။ သိုးငယ်လေးလို ဖြူစင်ပြီး သမင်မျက်လုံးမှာ ဇင်ယော်တောင် မျက်ခုံးလေးနဲ့ ငါးရံ့ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားတဲ့ သူကလေးကို ချစ်မိသူထဲမှာ ကိုလဲ အပါအဝင်ပေါ့။ သူလေးမိဘတွေရဲ့ ပြည့်စုံမှုကြောင့် တပါးသူတွေ ဆင်ကြံကြံ ဝံပုလွေချောင်း ချောင်းနေကြပေမယ့် ကိုကတော့ ရိုးသားစွာ ချစ်တာပါ။ သူလေးရဲ့ စွန်ရဲလို စူးရှတဲ့ အကြည့်တွေမှာ အကြိမ်ကြိမ် ကျရုံးခဲ့သူလေ။ ပေတစ်သီး ၊ ကျီးတစ်သားလို ပေါက်ဖွားလာတဲ့ ကို့ရဲ့အချစ်ပါ။ ကိုကတော့ ဥစ္စချော ရုပ်ပေါ
ဘဲလိုအသံ ၊ ကျွဲလိုအသား ၊ ဇီးကွက်မျက်လုံး ၊ လိပ်ခါးနဲ့ ဖားဖင် ငါးပါးကြံအင်လက္ခဏာ ပြည့်စုံသူပါ။ ဒါပေမယ့် ခြင်္သေ့လို တည်ကြည်ပြီး ကျားလို ရဲရင့်သူနော်။ ဘဝပေးအခြေအနေကြောင့် ကျီးကန်းနဲ့ ဗျိုင်း တုနှိုင်းလို့ မရနိုင်တာကြောင့် ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ဝံ့ သလိုတော့ ဖြစ်မိသား။ မိချောင်းမင်း ရေခင်းပြတာမဟုတ်ပေမယ့် သူလေးသေချာ စဉ်းစားဆုံးဖြတ်ပါ။ အချိန်အတိုင်းအတာ တစ်ခုရောက်ရင်တော့ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်မယ့် အဖြေလေးပေးပေါ့။ အဖြေမရမချင်း ဝက်အစာတောင်းသလို တကျီကျီ မအီမိအောင် ကျိုးစားထိန်းနိုင်ပေမယ့် ခွေးနေရာမရသလို နေမထိထိုင်မသာတော့ ဖြစ်နေရမှာပါ။ ညည အိမ်မက်ထဲမှာလေ... သူလေးနဲ့ကို လားကြီးစီးလို့ ကမ္ဘာအပြင်ဘက်ကို သွားကြတယ်တဲ့။ သူလေးအတိတ်မှာ မှားခဲ့တာတွေရှိရင်တောင် ကို့ဘဝတစ်ခုလုံး နွားအဖြစ်ခံပြီး သားပိုက်ကောင်လို ကို့ရင်ခွင်ထဲမှာ သူလေးကိုထားပြီး ကြောင်လေးကို ယုယသလို ယုယမှု လေးတွေ ပေးချင်တယ်ကွာ။ သူလေးရဲ့ မေတ္တာတွေနဲ့ တုန့်ပြန်လာမယ့် စာကလေးကို သစ်ကုလားအုပ်လို အမျှော်လင့်ကြီး မျှော်လင့်နေမယ်နော်။ ကိုမျှော်လင့်သလိုလေး ဖြစ်လာရင်တော့ ငါးသလောက်ပြုံးလေးနဲ့ မြင်းတစ်ကောင်လို အပြေးလေးလာခဲ့မယ် သူလေးရယ်....

ယခုရည်းစားစာအား ဖတ်ပြီးပါက မိမိချစ်သူထံသို့ အမြန်ဆုံးပေးပို့ပါ။ မပို့မိပါက သင်၏ နောင်ဘဝသည် အနီရောင် စာသားများထဲမှ တစ်ခုခုဖြစ်လိမ့်မည်။ ဟီး :D နောက်တာပါဗျာ။

ကျနော့်တို့၏ မြန်မာ့ရာဇ၀င်၊ ကမ္ဘာ့ရာဇ၀င် အသီးသီးတွင်လည်း အဖေဆိုသော လူသားအကြောင်း ဂုဏ်ပြုချက်အမြောက်အမြားရှိခဲ့ပါသည်။အမေသည် သားသမီးတွေအပေါ် ဘယ်လောက်ချစ်ကြောင်း၊ သားသမီးတိုင်းသိကြ၏။ အကြောင်းမှာ အမေသည် သားသမီးနဲ့ အထိအတွေ့ပိုများသည်၊ ထို့အတွက် သားသမီးတို့အတွက် ဆိုးတိုင်ပင် ကောင်းတိုင်ပင်သည် အမေဖြစ်လာခဲ့သည်။ အဖေသည် ယောင်္ကျားတို့သဘာဝနေရာတကာဝင်မပါတတ် အဓိကကျသောအခန်းမှသာ

နေတတ်သော သဘောရှိ၍ သားသမီးတို့သည် များသောအားဖြင့် အဖေသည် အမေ့လောက်မရင်းနှီးတတ်ကြပေ။ ထိုသို့မရင်းနှီးသဖြင့် အဖေသည် အမေ့လောက် သားသမီးတွေအပေါ်မချစ်တတ်ဟု တချို့ကထင်တတ်ကြသည်။ အရေးကြီးသော နောက်ထပ်အချက်မှာ သားသမီးများက အဖေထက် အမေ့ကိုပိုချစ်ခြင်းကို မည်သည့်အဖေကမျှ

မနာလိုခြင်းမရှိချေ။ ထို့ကြောင့် အဖေ့အခန်းကဏ္ဍသည် အမေ့လောက်အရေးမပါဟု တချို့ကတလွဲတွေးတတ်ကြသည်။သို့သော် သို့သော် အဖေတိုင်း အဖေတိုင်းတွင်လည်း သားသမီးတိုင်းကို ချစ်တတ်သောနှလုံးသားရှိသည်၊သားသမီးတိုင်းကို တောက်ပစေလိုသော စေတနာရည်ရွယ်ချက်ရှိသည်။ ထိုသည်ကို ကျနော်တို့အလေးအနက် သတိပြုရန်လိုပါသည်။

ဘာသာတရားအသီးသီး၏ သွန်သင်ညွန်ပြချက်များတွင် အမေနှင့်အဖေ မေတ္တာကို တွဲလျက်ပင်ဖော်ညွှန်းခဲ့ပါသည်။ အမေ့ကို ရာနှုန်းပြည့်ချစ်တတ်လျင် အဖေ့ကိုလည်း ရာနှုန်းပြည့်ချစ်တတ်စေချင်ပါသည်။ မာတာပီတု ဆိုသည့်ဂုဏ်သည် တွဲလျက်တည်ရှိပါသည်ခင်ဗျာ။

အချုပ်အားဖြင့် ဘဘဦးသုခ၏ စကားသံတချို့ကို အမေမေတ္တာဖွဲ့ သီချင်းစီးရီးတစ်ခု၏ အဖွင့်စကားလုံးအဖြစ်ကြားရသည်မှာ

``…အမေဟာ မိန်းမရွှင်ကြီးဖြစ်နေပါစေ၊ ကျနော့်အတွက်တော့ အမေဟာ အမေပါပဲ………..´´ ဟူသောစကားသံနောက်တွင်

``…အဖေဟာ အရက်သမားကြီးဖြစ်နေပါစေ၊ အဖေဟာ မိန်းမအများကြီးယူထားသူဖြစ်နေပါစေ၊

အဖေဟာ ထောင်ထွက်လူဆိုးကြီးဖြစ်နေပါစေ၊အဖေဟာ သားသမီးအပေါ်တာဝန်မကျေသူဖြစ်နေပါစေ၊

အဖေဟာ …………………ဖြစ်နေပါစေ၊ ကျနော့်အတွက် အဖေဟာ အဖေပါပဲ´´ဟူသော စကားသံလေးများ ဖြည့်စွက်ဖို့ ၀န်လေးနေမည့်သူများ ရှိနေလိမ့်မည်ဟု ထင်ပါသလားခင်ဗျား……။

မောင်စံ

စိုးမင်းထိုက်။ ။ ကျနော် ဘ၀မှာ အဖေဆိုတာ ငယ်စဉ်ကတည်းက ဆုံးပါးခဲ့တာပါ.. ဒါကြောင့်လည်း ကျနော်ဘ၀မှာ အမေသာလျှင် အရေးအကြီးဆုံး ဖြစ်စေခဲ့တာပါ...ဒါကြောင့် ကျနော် blog မှာ အမေ့အကြောင်း တော်တော်များများ တင်ဖြစ်ပါတယ်.. တကယ်တမ်း ဒီ ပိုစ့်လေးကို ဖတ်ပြီး ကျနော် အဖေတစ်ယောက်ရဲ့ မေတ္တာကို နားလည်ပေးနိုင်ပါတယ်..ကျေးဇူးပါပဲ ကိုစံရေ….s

ချစ်သူကို ပေးသင့်သော ရည်းစားစာ....

ကျနော်ရဲ့ အစ်ကို Rooney Zar ပို့ပေးလာသော ရည်းစား စာလေးပါ..
စာဖတ်သူ အပေါင်း ဒီစာကို ဖတ်ပြီး ပျော်ရွင်မယ်လို့ မျှော်လင့်ပါတယ်...

သို့ /

ပန်းလေးလှတော့ လိပ်ပြာတွေ ဝဲတယ်တဲ့။ သိုးငယ်လေးလို ဖြူစင်ပြီး သမင်မျက်လုံးမှာ ဇင်ယော်တောင် မျက်ခုံးလေးနဲ့ ငါးရံ့ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားတဲ့ သူကလေးကို ချစ်မိသူထဲမှာ ကိုလဲ အပါအဝင်ပေါ့။ သူလေးမိဘတွေရဲ့ ပြည့်စုံမှုကြောင့် တပါးသူတွေ ဆင်ကြံကြံ ဝံပုလွေချောင်း ချောင်းနေကြပေမယ့် ကိုကတော့ ရိုးသားစွာ ချစ်တာပါ။ သူလေးရဲ့ စွန်ရဲလို စူးရှတဲ့ အကြည့်တွေမှာ အကြိမ်ကြိမ် ကျရုံးခဲ့သူလေ။ ပေတစ်သီး ၊ ကျီးတစ်သားလို ပေါက်ဖွားလာတဲ့ ကို့ရဲ့အချစ်ပါ။ ကိုကတော့ ဥစ္စချော ရုပ်ပေါ
ဘဲလိုအသံ ၊ ကျွဲလိုအသား ၊ ဇီးကွက်မျက်လုံး ၊ လိပ်ခါးနဲ့ ဖားဖင် ငါးပါးကြံအင်လက္ခဏာ ပြည့်စုံသူပါ။ ဒါပေမယ့် ခြင်္သေ့လို တည်ကြည်ပြီး ကျားလို ရဲရင့်သူနော်။ ဘဝပေးအခြေအနေကြောင့် ကျီးကန်းနဲ့ ဗျိုင်း တုနှိုင်းလို့ မရနိုင်တာကြောင့် ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ဝံ့ သလိုတော့ ဖြစ်မိသား။ မိချောင်းမင်း ရေခင်းပြတာမဟုတ်ပေမယ့် သူလေးသေချာ စဉ်းစားဆုံးဖြတ်ပါ။ အချိန်အတိုင်းအတာ တစ်ခုရောက်ရင်တော့ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်မယ့် အဖြေလေးပေးပေါ့။ အဖြေမရမချင်း ဝက်အစာတောင်းသလို တကျီကျီ မအီမိအောင် ကျိုးစားထိန်းနိုင်ပေမယ့် ခွေးနေရာမရသလို နေမထိထိုင်မသာတော့ ဖြစ်နေရမှာပါ။ ညည အိမ်မက်ထဲမှာလေ... သူလေးနဲ့ကို လားကြီးစီးလို့ ကမ္ဘာအပြင်ဘက်ကို သွားကြတယ်တဲ့။ သူလေးအတိတ်မှာ မှားခဲ့တာတွေရှိရင်တောင် ကို့ဘဝတစ်ခုလုံး နွားအဖြစ်ခံပြီး သားပိုက်ကောင်လို ကို့ရင်ခွင်ထဲမှာ သူလေးကိုထားပြီး ကြောင်လေးကို ယုယသလို ယုယမှု လေးတွေ ပေးချင်တယ်ကွာ။ သူလေးရဲ့ မေတ္တာတွေနဲ့ တုန့်ပြန်လာမယ့် စာကလေးကို သစ်ကုလားအုပ်လို အမျှော်လင့်ကြီး မျှော်လင့်နေမယ်နော်။ ကိုမျှော်လင့်သလိုလေး ဖြစ်လာရင်တော့ ငါးသလောက်ပြုံးလေးနဲ့ မြင်းတစ်ကောင်လို အပြေးလေးလာခဲ့မယ် သူလေးရယ်....

ယခုရည်းစားစာအား ဖတ်ပြီးပါက မိမိချစ်သူထံသို့ အမြန်ဆုံးပေးပို့ပါ။ မပို့မိပါက သင်၏ နောင်ဘဝသည် အနီရောင် စာသားများထဲမှ တစ်ခုခုဖြစ်လိမ့်မည်။ ဟီး :D နောက်တာပါဗျာ။

စဉ်းစားရသော ကဗျာလေးများ

Photobucket

Photobucket

စဉ်းစားရသော ကဗျာလေးများ

Photobucket

Photobucket

Blogger Template by Clairvo