Labels

မအားလပ်သော ကျနော်အားလပ်ရက်လေးများ

မအားလပ်သော ကျနော်အားလပ်ရက်လေးများ

ကျနော်ရဲ့ Title လေးကို ဖတ်ပြီး တော်တော်ခေါင်းရှုပ် သွားတယ်ထင်ပ

တကယ်ပြောတာဗျ… ကျနော်မှာ လူများတကာ အားလပ်ရက်လေးရနေတဲ့ အချိန်မှာ ကျနော်မှာ မအားလပ်နိုင်ပါဘူး.. ဒီလို (စနေ၊တနင်္ဂနွေ) နေ့လေးတွေမှာ များသောအားဖြင့် လျှောက်သွားလည် တတ်ကြပါတယ်.. ကျနော်အဖို့တော့ ဒီတပတ် အိမ်တွင်းအောင်းပြီး မရှင်းရတာကြာပြီ ဖြစ်တဲ့ အရာတွေကို ရှင်းရပါတယ်.. မရှင်းလို့လဲ မရတော့ဘူးဗျ.. ဟဲဟဲ.. ကျနော်တို့ ယောက်ျားလေးတွေ နေတဲ့ အခန်းဆိုတော့ ယောက်ျားလေးများ သိက္ခာကို ဆက်လက်ထိန်းသိမ်း ထားတဲ့ အနေနဲ့ ကျနော်တို့ အခန်းလေးကို မရှင်းတာကြာပြီဗျ….

Photobucket

Photobucket

ဒါလေးကတော့ ကျနော်တို့ နေတဲ့ အခန်းလေးပေါ့ဗျာ.. ဟဲ.. ဟဲသန့်ရှင်းတယ်နော်… ယောက်ျားလေးတွေကြီး နေပါတယ်ဆိုမှ ဒီလောက်တော့ ရှိမှာပေါ့နော့်…

Photobucket

ဒါလေးကတော့ ကျနော်တို့ အခန်းမှာ ရှိတဲ့တစ်ခုတည်းသော ထမင်းစား စားပွဲလေးပေါ့ဗျာ.. ၁၂ပေ ပတ်လည်လောက်ရှိတဲ့ အခန်းမှာ ဒီစားပွဲလေး ကို ထားပေးတဲ့ အိမ်ရှင် အမကြီးကို ပဲ ကျိတ်ကျေးဇူးတင် ရပါတယ်.. ရှိသမျှ စားစရာ၊ သောက်စရာ လေးတွေကို ဒီစားပွဲလေးက မညီးမညူ လက်ခံပေးတယ်လေ.. ဒီတော့ ကျနေ
ာ်တို့ရဲ့ ပစ္စည်းမှန်သမျှ အဲဒီ့ စားပွဲလေးပေါ်ပဲ ရောက်ကြရတာပေါ့ဗျာ..

ဒါကတော့ ကျနော်တို့တွေ အိပ်တဲ့ အိပ်စင်လေးတွေပေါ့ဗျာ.. အထက်က ပြောခဲ့သလို ၁၂ ပေလောက်ရှိတဲ့ အခန်းကျဉ်းလေးထဲမှာ ၆ပေ ကုတင်ကြီး (၃) လုံးလောက် ထားတတ်တဲ့ အခန်းရှင်ရဲ့ စီမန်ခန့်ခွဲမူကိုလည်း လေးစားမိပါရဲ့…ချီးလည်း ကျူးမိပါရဲ့ဗျာ..

Photobucket

ဒီဘက်ကတော့ ကျနော်တို့တွေရဲ့ အ၀တ်ဗီရိုကြီးပေါ့ဗျာ.. အ၀တ်ဗီရိုကိုတော့ မဖွင့်ပြတော့ပါဘူး.. တော်ကြာ ဖွင့်ပြလိုက်ရင် ကျနော့် စာဖတ်သူတွေဆီ မကောင်းတဲ့ အနံ့တွေ ရောက်လာမှာဆိုလို့ဗျ..

အဲအလယ်မှာ ရှိတဲ့ စားပွဲအနီလေးကတော့ ကျနော်တို့မှာ ရှိတဲ့ ကွန်ပျူတာလေးတွေကို ထားတဲ့နေရာလေးပေါ့ဗျာ.. စားပွဲလေးက ကျဉ်းတော့ တစ်ယောက်ပဲကောင်းကောင်း သုံးလို့ရတယ်ဗျ.. အဲလူတွေစုံလို့ ကွန်ပျူတာလေးများ သုံးချင်ရင် ဒီလိုသုံးရတယ်ဗျ… ဟဲ .. ဟဲ

Photobucket

ဒီနေ့တော့ ကျနော် မလျှော်ရတာကြာပြီဖြစ်တဲ့ အ၀တ်တွေကို လျှော်ရပါတယ်.. အပျင်းကြီးလို့ မလျှော်တာ မဟုတ်ဘူးနော် ဟဲ..ဟဲ အလုပ်တွေများနေလို့ အချိန်မရလို့ပါဗျာ.. ကျနော်ဘ၀မှာ အ၀တ်လျှော် ၊ မီးပူတိုက်ရတာလောက် စိတ်ညစ်ရတဲ့ အလုပ်မျိုးမရှိဘူးဗျ.. ငယ်စဉ်ကတည်းက အလေ့အထ မလုပ်ခဲ့တဲ့ အပြစ်တွေပေါ့ဗျာ.. ဒီအတွက် ကျနော်မှာ တော်တော်ကို စိတ်ဒုက္ခရောက်ရပါတယ်..

အဲအခုလက်ရှိကတော့ အ၀တ်လျှော်ရတာ တော်တော်ကို အဆင်ပြေပါတယ်.. အဆင်ပြေတယ်ဆိုလို့ ကျနော်ကို အထင်မကြီးနဲ့ဦးနော်.. လျှော်မဲ့ အ၀တ်တွေကို စုပြီး အိမ်ရှင်က ပေးသနားထားတဲ့ ဒီအ၀တ်လျှော် စက်ထဲကို စုပြီး ထည့်လိုက်တာပဲ.. နောက်မှ ကိုယ်လိုချင်တဲ့ အတိုင်း နှိပ်လိုက်တာနဲ့ ကျနော် အ၀တ်တွေကို လျှော်ပြီးသွားရောပေါ့..

Photobucket

ဟဲဟဲ ဒါတောင်မှ အ၀တ်တွေကို ထုပ်ပြီး လှန်းရသေးတယ်ဗျာ… တော်တော်ပင်ပန်းမှာ ပဲလို့စာဖတ်သူတွေတွေးပြီး သနားနေတယ်ထင်ပ (အပျင်းကြီးတယ်လို့တော့ မယူဆနဲ့နော်)

ကျနော်ကို အဓိကဒုက္ခအပေးဆုံးကတော့ မီးပူတိုက်တာပဲဗျာ.. တော်တော်ကို စိတ်ညစ်စရာကောင်းတယ်ဗျာ.. ငယ်ငယ်ကတည်းက မီးပူမတိုက်ခဲ့ရတဲ့ ဒုက္ခတွေပေါ့ဗျာ.. အ၀တ်လျှော်စက်လို မီးပူအလိုအလျောက် တိုက်ပေးတဲ့ စက်များရှိရင် ဘယ်လောက်ကောင်းပါမလဲလို့ မီးပူတိုက်တိုင်း တမ်းတမိတယ်ဗျာ.. အဆိုးဆုံးကတော့ မီးပူတိုက်နေရင်း အကျီင်္လေးတွေ တွန့်တွန့်သွားတာကိုဗျာ.. ခေါက်ကြောင်းကလည်း မညီမညာ..

rget="_blank">Photobucket

လူကလည်း ရုပ်တာမချောတာ အ၀တ်ကတော့ သန့်မှ ကြိုက်တဲ့လူစားမျိုးဆိုတော့ ဒုက္ခတွေ ရောက်တာပါပဲဗျာ.. တစ်ခါတလေ မီးပူတိုက်နေရင်းနဲ့ စိတ်တိုလာပြီး အ၀တ်တွေကို ပစ်ထုတ်ပြီး ပြန်တိုက်ရတဲ့ အခါပေါင်းလည်း မရေနိုင်တော့ဘူးဗျာ.. ဒီနေ့ တနင်္ဂနွေ တနေကုန် ဒါတွေနဲ့ နပမ်းလုံးနေရတယ်ဗျာ..

ညပိုင်းရောက်တော့ ဗိုက်ကလည်း ဆာလာတာနဲ့ အောက်ထပ်မှာရှိတဲ့ တရုတ် မလေးဆိုင်တွေစီ ပြေးရပြန်ပါတယ်.. ထမင်းဟင်းချက်ခွင့်မပေးတဲ့ အိမ်ရှင်မမကျေးဇူးကြောင့် ရသမျှ လစာနဲနဲလေးထဲကမှ ဒီဆိုင်လေးကို လုပ်ကျွေးတာလည်းမနဲ တော့ပါဘူး.. ဆိုင်ရောက်တော့ သူတော့ပြောတဲ့ မလေးစကား ကိုယ်ကလည်း နားမလည်ဆိုတော့ နောက်ဆုံး ဒုံးရင်းကဒုံးရင်း အတိုင်း ကြက်ဆီထမင်းနဲ့ နှစ်ပါးသွားလိုက်ရပါတယ်..

Photobucket

တနေ့ တနေ့ ဒီလို ကြက်ဆီထမင်း၊ ထမင်းကြော် တွေနဲ့ နပမ်းလုံးနေရတဲ့ ကျနော်ဘ၀လေး ဘယ်တော့မှ ကျွတ်လွတ်မလဲ မသိပါဘူး.. ဒါတွေကတော့ ကျနော့် ရဲ့ မအားလပ်တော့ ကျနော် အားလပ်ရက်လေးများပါပဲ.. ဒီစာကို ဖတ်တဲ့ ကျနော် မိတ်ဆွေများ ကျနော်ကို သနားပြီး ထမင်းများ ဖိတ်ကျွေးမယ်ဆိုရင်တော့ တကယ်ကို လာစားမှာနော်. ဟဲ.. ဟဲ..

မအားလပ်သော ကျနော်အားလပ်ရက်လေးများ

မအားလပ်သော ကျနော်အားလပ်ရက်လေးများ

ကျနော်ရဲ့ Title လေးကို ဖတ်ပြီး တော်တော်ခေါင်းရှုပ် သွားတယ်ထင်ပ

တကယ်ပြောတာဗျ… ကျနော်မှာ လူများတကာ အားလပ်ရက်လေးရနေတဲ့ အချိန်မှာ ကျနော်မှာ မအားလပ်နိုင်ပါဘူး.. ဒီလို (စနေ၊တနင်္ဂနွေ) နေ့လေးတွေမှာ များသောအားဖြင့် လျှောက်သွားလည် တတ်ကြပါတယ်.. ကျနော်အဖို့တော့ ဒီတပတ် အိမ်တွင်းအောင်းပြီး မရှင်းရတာကြာပြီ ဖြစ်တဲ့ အရာတွေကို ရှင်းရပါတယ်.. မရှင်းလို့လဲ မရတော့ဘူးဗျ.. ဟဲဟဲ.. ကျနော်တို့ ယောက်ျားလေးတွေ နေတဲ့ အခန်းဆိုတော့ ယောက်ျားလေးများ သိက္ခာကို ဆက်လက်ထိန်းသိမ်း ထားတဲ့ အနေနဲ့ ကျနော်တို့ အခန်းလေးကို မရှင်းတာကြာပြီဗျ….

Photobucket

Photobucket

ဒါလေးကတော့ ကျနော်တို့ နေတဲ့ အခန်းလေးပေါ့ဗျာ.. ဟဲ.. ဟဲသန့်ရှင်းတယ်နော်… ယောက်ျားလေးတွေကြီး နေပါတယ်ဆိုမှ ဒီလောက်တော့ ရှိမှာပေါ့နော့်…

Photobucket

ဒါလေးကတော့ ကျနော်တို့ အခန်းမှာ ရှိတဲ့တစ်ခုတည်းသော ထမင်းစား စားပွဲလေးပေါ့ဗျာ.. ၁၂ပေ ပတ်လည်လောက်ရှိတဲ့ အခန်းမှာ ဒီစားပွဲလေး ကို ထားပေးတဲ့ အိမ်ရှင် အမကြီးကို ပဲ ကျိတ်ကျေးဇူးတင် ရပါတယ်.. ရှိသမျှ စားစရာ၊ သောက်စရာ လေးတွေကို ဒီစားပွဲလေးက မညီးမညူ လက်ခံပေးတယ်လေ.. ဒီတော့ ကျနော်တို့ရဲ့ ပစ္စည်းမှန်သမျှ အဲဒီ့ စားပွဲလေးပေါ်ပဲ ရောက်ကြရတာပေါ့ဗျာ..

ဒါကတော့ ကျနော်တို့တွေ အိပ်တဲ့ အိပ်စင်လေးတွေပေါ့ဗျာ.. အထက်က ပြောခဲ့သလို ၁၂ ပေလောက်ရှိတဲ့ အခန်းကျဉ်းလေးထဲမှာ ၆ပေ ကုတင်ကြီး (၃) လုံးလောက် ထားတတ်တဲ့ အခန်းရှင်ရဲ့ စီမန်ခန့်ခွဲမူကိုလည်း လေးစားမိပါရဲ့…ချီးလည်း ကျူးမိပါရဲ့ဗျာ..

Photobucket

ဒီဘက်ကတော့ ကျနော်တို့တွေရဲ့ အ၀တ်ဗီရိုကြီးပေါ့ဗျာ.. အ၀တ်ဗီရိုကိုတော့ မဖွင့်ပြတော့ပါဘူး.. တော်ကြာ ဖွင့်ပြလိုက်ရင် ကျနော့် စာဖတ်သူတွေဆီ မကောင်းတဲ့ အနံ့တွေ ရောက်လာမှာဆိုလို့ဗျ..

အဲအလယ်မှာ ရှိတဲ့ စားပွဲအနီလေးကတော့ ကျနော်တို့မှာ ရှိတဲ့ ကွန်ပျူတာလေးတွေကို ထားတဲ့နေရာလေးပေါ့ဗျာ.. စားပွဲလေးက ကျဉ်းတော့ တစ်ယောက်ပဲကောင်းကောင်း သုံးလို့ရတယ်ဗျ.. အဲလူတွေစုံလို့ ကွန်ပျူတာလေးများ သုံးချင်ရင် ဒီလိုသုံးရတယ်ဗျ… ဟဲ .. ဟဲ

Photobucket

ဒီနေ့တော့ ကျနော် မလျှော်ရတာကြာပြီဖြစ်တဲ့ အ၀တ်တွေကို လျှော်ရပါတယ်.. အပျင်းကြီးလို့ မလျှော်တာ မဟုတ်ဘူးနော် ဟဲ..ဟဲ အလုပ်တွေများနေလို့ အချိန်မရလို့ပါဗျာ.. ကျနော်ဘ၀မှာ အ၀တ်လျှော် ၊ မီးပူတိုက်ရတာလောက် စိတ်ညစ်ရတဲ့ အလုပ်မျိုးမရှိဘူးဗျ.. ငယ်စဉ်ကတည်းက အလေ့အထ မလုပ်ခဲ့တဲ့ အပြစ်တွေပေါ့ဗျာ.. ဒီအတွက် ကျနော်မှာ တော်တော်ကို စိတ်ဒုက္ခရောက်ရပါတယ်..

အဲအခုလက်ရှိကတော့ အ၀တ်လျှော်ရတာ တော်တော်ကို အဆင်ပြေပါတယ်.. အဆင်ပြေတယ်ဆိုလို့ ကျနော်ကို အထင်မကြီးနဲ့ဦးနော်.. လျှော်မဲ့ အ၀တ်တွေကို စုပြီး အိမ်ရှင်က ပေးသနားထားတဲ့ ဒီအ၀တ်လျှော် စက်ထဲကို စုပြီး ထည့်လိုက်တာပဲ.. နောက်မှ ကိုယ်လိုချင်တဲ့ အတိုင်း နှိပ်လိုက်တာနဲ့ ကျနော် အ၀တ်တွေကို လျှော်ပြီးသွားရောပေါ့..

Photobucket

ဟဲဟဲ ဒါတောင်မှ အ၀တ်တွေကို ထုပ်ပြီး လှန်းရသေးတယ်ဗျာ… တော်တော်ပင်ပန်းမှာ ပဲလို့စာဖတ်သူတွေတွေးပြီး သနားနေတယ်ထင်ပ (အပျင်းကြီးတယ်လို့တော့ မယူဆနဲ့နော်)

ကျနော်ကို အဓိကဒုက္ခအပေးဆုံးကတော့ မီးပူတိုက်တာပဲဗျာ.. တော်တော်ကို စိတ်ညစ်စရာကောင်းတယ်ဗျာ.. ငယ်ငယ်ကတည်းက မီးပူမတိုက်ခဲ့ရတဲ့ ဒုက္ခတွေပေါ့ဗျာ.. အ၀တ်လျှော်စက်လို မီးပူအလိုအလျောက် တိုက်ပေးတဲ့ စက်များရှိရင် ဘယ်လောက်ကောင်းပါမလဲလို့ မီးပူတိုက်တိုင်း တမ်းတမိတယ်ဗျာ.. အဆိုးဆုံးကတော့ မီးပူတိုက်နေရင်း အကျီင်္လေးတွေ တွန့်တွန့်သွားတာကိုဗျာ.. ခေါက်ကြောင်းကလည်း မညီမညာ..

Photobucket

လူကလည်း ရုပ်တာမချောတာ အ၀တ်ကတော့ သန့်မှ ကြိုက်တဲ့လူစားမျိုးဆိုတော့ ဒုက္ခတွေ ရောက်တာပါပဲဗျာ.. တစ်ခါတလေ မီးပူတိုက်နေရင်းနဲ့ စိတ်တိုလာပြီး အ၀တ်တွေကို ပစ်ထုတ်ပြီး ပြန်တိုက်ရတဲ့ အခါပေါင်းလည်း မရေနိုင်တော့ဘူးဗျာ.. ဒီနေ့ တနင်္ဂနွေ တနေကုန် ဒါတွေနဲ့ နပမ်းလုံးနေရတယ်ဗျာ..

ညပိုင်းရောက်တော့ ဗိုက်ကလည်း ဆာလာတာနဲ့ အောက်ထပ်မှာရှိတဲ့ တရုတ် မလေးဆိုင်တွေစီ ပြေးရပြန်ပါတယ်.. ထမင်းဟင်းချက်ခွင့်မပေးတဲ့ အိမ်ရှင်မမကျေးဇူးကြောင့် ရသမျှ လစာနဲနဲလေးထဲကမှ ဒီဆိုင်လေးကို လုပ်ကျွေးတာလည်းမနဲ တော့ပါဘူး.. ဆိုင်ရောက်တော့ သူတော့ပြောတဲ့ မလေးစကား ကိုယ်ကလည်း နားမလည်ဆိုတော့ နောက်ဆုံး ဒုံးရင်းကဒုံးရင်း အတိုင်း ကြက်ဆီထမင်းနဲ့ နှစ်ပါးသွားလိုက်ရပါတယ်..

Photobucket

တနေ့ တနေ့ ဒီလို ကြက်ဆီထမင်း၊ ထမင်းကြော် တွေနဲ့ နပမ်းလုံးနေရတဲ့ ကျနော်ဘ၀လေး ဘယ်တော့မှ ကျွတ်လွတ်မလဲ မသိပါဘူး.. ဒါတွေကတော့ ကျနော့် ရဲ့ မအားလပ်တော့ ကျနော် အားလပ်ရက်လေးများပါပဲ.. ဒီစာကို ဖတ်တဲ့ ကျနော် မိတ်ဆွေများ ကျနော်ကို သနားပြီး ထမင်းများ ဖိတ်ကျွေးမယ်ဆိုရင်တော့ တကယ်ကို လာစားမှာနော်. ဟဲ.. ဟဲ..

မြန်မာ Chatter များအတွက် အထူးသတိပေးချက်

မြန်မာ Chatter များအတွက် အထူးသတိပေးချက်

Myanmar Online ဟုတ်ခေါ်သော Network တစ်ခုမှ ပြုလုပ်ထားသော #ygnchat ဆိုသည့် Chatting Server တစ်ခုသည် spy module ကို အသုံးပြုပြီး .. Chatter များ၏ Private log များကို ခိုးယူကြည့်ရှု့နေပါသည်။ ထို Chat မှ Admin Oper Op များသည် Chatter များ Private ကိုခိုးကြည့်က မိန်းခလေးများ၏ ဖုန်းနံပါတ်များကို မှတ်သားပြီး ဖုန်းဆက်ခြင်း ၊ Email များကို ခိုးယူ၍ Email များအတင်းပို့ခြင်း ၊ ကိုယ်ရေးကိုယ်တာ ကိစ္စများကို ကြည့်ရှု့၍ အတင်းပြောရည်မောခြင်းများပြုလုပ်နေပါသည်။

ထို့အပြင် Nick register လုပ်ထားသော Password များကို ကြည့်၍ Chatter များ၏ Email များကိုဝင် ရောက်က ကိုယ်ရေးကိုယ်တာ ကိစ္စများကို ခိုးယူကြည့်ရှု့ကြသဖြင့် Nick register Password နှင့် Email Password များကို အတူတူမဖြစ်စေရန် အထူးသတိထားရန် လိုအပ်ပါသည်။ သူတို့အသုံးပြုထားသော IRC Module မျာကို ကြည့်ချင်တယ်ဆိုရင် ဒီ Command လေးကို #ygnchat server တွင်ရိုက်ကြည့်ပါက မြင်တွေ့နိုင်မည်ဖြစ်ပါသည်။ /module ဆိုသော Command ကိုရိုက်ကြည့်ပါက အောက်တွင်ပြထားသော စာများပေါ်လာမည်ဖြစ်ပါသည်။

ထိုပေါ်လာသော စာသားများသည် သူတို့အသုံးပြုထားသော module များဖြစ်ပါသည်။ irc.myanmaronline.net.mm ** spy (real-time spying) [3RD] ဆိုသော module ကိုထိပ်ဆုံးတွင်တွေ့ရမည်ဖြစ်ပါသည်။ ထို module သည် Chatter များ၏ Privacy ကိုတန်ဖိုးထားသော မည်သည့် IRC မှအသုံးပြုခြင်းမရှိပါ။ ထို့ကြောင့် မြန်မာလူမျိုးအချင်းချင်း ကွန်ပြူတာတွင် သူတို့တော်သည်တက်သည်ဆိုတိုင်း အခုလို့ အင်တာနက်ကို အသုံးပြုပြီး အလွဲသုံးစားပြုလုပ် နေသော Myanmar Online #ygnchat Server တွင် အတက်နိုင်ဆုံး Chatting မပြုလုပ်ပဲနေကြပါရန် အထူးသတိပေးအပ်ပါသည်။

ဤသတင်းအား သင်၏သူငယ်ချင်းများကို Forward လုပ်ပေးခြင်းဖြင့် ထိုသူတို့၏ မတရားပြုလုပ်မှု့များကို တားဆီးကြပါရန် .....။

-irc.myanmaronline.net.mm- ** spy (real-time spying) [3RD]

-

-irc.myanmaronline.net.mm- ** operjoin (Join & sajoin override) [3RD]

-

-irc.myanmaronline.net.mm- ** staff (command /staff) [3RD]

-

-irc.myanmaronline.net.mm- ** ircops (command /ircops) [3RD]

-

-irc.myanmaronline.net.mm- ** m_antidccbug (Anti mIRC dcc exploit) [3RD]

-

-irc.myanmaronline.net.mm- ** getinfo (command /getinfo) [3RD]

-

-irc.myanmaronline.net.mm- ** clones (command /clones) [3RD]

-

-irc.myanmaronline.net.mm- ** m_chgswhois (commands /chgswhois & /setswhois) [3RD]

-

-irc.myanmaronline.net.mm- ** cloak (Official cloaking module (md5))

-

-irc.myanmaronline.net.mm- ** commands (Wrapper library for m_ commands)

-

-irc.myanmaronline.net.mm- ** operpasswd (Failed OPER attempts notifier) [3RD]

-

-irc.myanmaronline.net.mm- ** textban (ExtBan ~T (textban) by Syzop) [3RD]

ကျေးဇူးတင်ပါသည်

မြန်မာလူမျိုးကိုချစ်သော မြန်မာလူမျိုးတစ်ယောက်

စာကြွင်း။ ။မယ်လိုဒီမောင် blog မှ ကူးယူ ဖော်ပြပါတယ်..

မေ့မရသော သမိုင်းရက်စွဲတစ်ခု

ကျနော်တို့နိုင်ငံရဲ့ မမေ့နိုင်စရာ ၊ သတိရစရာ နေ့တစ်နေ့ဟာ ဘာလိုလိုနဲ့ ကုန်ဆုံးသွားခဲ့ပြန်ပါပြီ။… ကျနော်တို့ရဲ့ သတ္တိမရှိမူ ၊ မရဲရင့်မူတွေကြောင့် ဘာမှ ထွေထွေထူးထူး ဖြစ်မလာခဲ့ပြန်ပါဘူး.. ဒီလို ရင်နာစရာ အဖြစ်အပျက်ကြီးကို ကိုယ်တိုင် မကြုံခဲ့ရပေမဲ့ ကျနော်တို့ရဲ့နောင်တော်တွေ ပြောပြချက်တွေကြောင့် မျက်စိနဲ့ မမြင်ရပေမဲ့ ကိုယ်တိုင်တွေ့ကြုံခဲ့ ရသလို ခံစားခဲ့ရပါတယ်.. ဒီလို ကြေကွဲဖွယ် အဖြစ်အပျက်ကြီးဟာ ဘယ်တော့မှ ကျနော်တို့ ရင်ထဲမှာ မေ့ပျောက်လို့ မရနိုင်ပါဘူး…

ဒါတွေဟာ အတုအယောင်တွေ မဟုတ်ဘူးဆိုတာ သမိုင်းက သက်တွေခံနေပါတယ်.. တခါတလေ ကျနော်ရဲ့ မရင့်ကျက်သေးတဲ့ အသိလေးနဲ့ စဉ်းစားကြည့်မိတယ်. ဘာလို့ ဒီလောက် နှစ်ပေါင်း များစွာကြာအောင် ကြိုးစားနေပေမဲ့ ကျနော်တို့ လိုချင်တဲ့ မျှော်လင့် တောင့်တနေတဲ့ လွတ်လပ်မူကို ဘာလို့ မရသလဲပေါ့.. နောက်ဆုံး ကျနော် စဉ်းစားလို့ရသလောက် အဖြေကတော့ ကျနော်တို့ရဲ့ မညီညွတ်မူဆိုတာပါပဲ.. ကျနော်သိရသလောက် ကျနော်တို့ မြန်မာတွေဟာ ရဲရင့်ကြတယ်၊ ကြိုးစားကြတယ်.. ဒါပေမဲ့ ညီညွတ်မူအပိုင်းမှာ အားနည်းနေကြတယ်ဗျာ.. ကျနော် အပါအ၀င်ပေါ့ဗျာ.. ဒါဟာလဲ တစ်ယောက်နဲ့ တစ်ယောက် အတွေးခေါ် ၊ ခံယူချက်ချင်း မတူညီကြလို့တော့ ကျနော် ခံယူတယ်.. ဒီလို ခံယူချက်ချင်း မတူပေမဲ့ အားလုံးကို စုစုစည်းစည်း ပေါင်းစည်း နိုင်ခဲ့မယ်ဆိုရင် ကျနော်တို့ လိုချင်တဲ့ လွတ်လပ်မူ (ဒီမိုကရေစီ) ကို ရနိုင်မယ်လို့ ကျနော်ကတော့ မျှော်လင့်ပါတယ်ဗျာ…

ကျနော်တို့ ကျောင်းသားလူထု အရပ်လုံး ပါဝင်ခဲ့တဲ့ ရက်လေးဟာ တစ်နှစ်ဆိုတဲ့ ဂုဏ်ပုဒ်လေးတာ တိုးလာပေမဲ့ အရင်အတိုင်းပဲ ဘာမှ ထူးခြားမလာနိုင်တဲ့ အတွက် ကျနော်တို့ရဲ့ အားနည်းမူတွေကိုပဲ အပြစ်တင်ရပါမယ်.. ဒီလို နေ့လေးဟာ ကျနော်တို့ အတွက် ဘာမှမထူးခြားခဲ့ပေမဲ့ နောက်တစ်နေ့ (၉၊၀၈၊၂၀၀၈) မှာ ပြုလုပ်တဲ့ စင်ကာပူနိုင်ငံရဲ့ လွတ်လပ်ရေးနေ့လေးဟာ တော်တော်ကို ကျေနပ်စရာတွေနဲ့ အောင်မြင်စွာနဲ့ ပြီးဆုံးခဲ့ပါတယ်.. ဒီလိုနိုင်ငံရဲ့လွတ်လပ်ရေးနေ့ကို သူများနိုင်ငံတွေမှာ ဂုဏ်ယူဝင့်ကြွားစွာလုပ်နေတာမြင်ရတော့ တော်တော်ကိုစိတ်မကောင်း ဖြစ်ရပါတယ်ဗျာ.. လွတ်လပ်ရေးနေ့ မတိုင်ခင်ကတည်းက ငွေကြေးများစွာ အကုန်အကျ ခံပြီးပြင်ဆင် လုပ်ဆောင်နေတာကို တွေ့ရတယ်ဗျာ..

ဒီတစ်ပတ်စနေနေ့လေးမှာ တစ်ပတ်လုံး အလုပ်တွေနဲ့ နပမ်းလုံးနေရတဲ့ ကျနော်ဘ၀လေးကို ဘယ်သူမှ မသနားရင်တောင်မှ ကိုယ်ဟာကိုယ် သနားပြီး အေးအေးဆေးဆေးရှိမဲ့ နေရာလေးတစ်ခုကို သွားပြီး အပန်းဖြေမဲ့ ဆိုတဲ့ ကျနော်ရဲ့ စိတ်ကူးလေး ပြည့်ခဲ့ပါတယ်.. ဒီတစ်ပတ်စနေနေ့လေးမှာ ကျနော်တို့ သူငယ်ချင်းတွေ စင်ကာပူရဲ့ ကမ်းခြေလေးတစ်ခုကို သွားခဲ့ပါတယ်.. ပင်လယ်ဘက်က တိုက်လာတဲ့ လေပြေညှင်း လေးတွေကြောင့် တစ်ပတ်လုံး နွမ်းလျနေတဲ့ စိတ်လေးတွေဟာ အားလုံး မဟုတ်ရင်တောင်မှ အတော်အတန်လေး လျော့ကြစေခဲ့ပါတယ်.. ဒါပေမဲ့ ကျနော်တို့ သူငယ်ချင်းတွေမှာ ဂစ်တာမပါလာတာကတော့ အပြည့်အ၀ မပျော်ခဲ့ရပါဘူးဗျာ... ဒါပေမဲ့ ကျနော်တို့ဒီလို ပျော်ရွှင်နေတဲ့ အချိန်မှာ ကျနော်တို့ရဲ့ မြန်မာနိုင်ငံသူ၊သား တွေလည်း ပျော်ရွှင်မူအပေါင်းနဲ့ ပြည့်စုံစေချင်တယ်ဗျာ…

o:p>

IT Joke

ကျနော် အစ်ကို Rooney Zar ပေးပို့လိုက်တဲ့ IT နဲ့ ပတ်သက်ပြီး ပြောထားတဲ့ ဟာသလေးဗျ… ရယ်ရတယ်ဗျာ…

…………………………………………………………………………………………………………………….

ဟုတ်ကဲ့ခင်ဗျာ ..... အခုချိန်မှာ ရာသီဥတုကတော့ net ကစားသမား တွေအကြိုက်ပေါ့ ခင်ဗျာ ...
မီးက တဖွဲဖွဲ လာနေပါတယ် ခင်ဗျ ........ အခု
publlic access centre က စပေ:ပြီခင်ဗျ
data ကိုဒေါင့်ဖြတ်တင်တယ် ခင်ဗျ ...... မရဘူးခင်ဗျာ .. ဒိုင်လူကြီး ကိုပုဂံ က အနီရောင် access denie ပြထားတယ် ခင်ဗျ
ဟုတ်ကဲ့ ကျွန်တော်ကြေညာနေစဉ် အတွင်းမှာပဲ
data ကို tel exchange ကပြန်တင်လိုက်ပြန်ပြီ ခင်ဗျာ
မရပြန်ဘူးခင်ဗျာ ..... အွန်လိုင်:
ups down တယ်တဲ့ခင်ဗျာ ..... data ဟာ လိမ့်ကာလိမ့်ကာနဲ့ ပျက်သွားပြီ ခင်ဗျ
အခု ဂိုးသမား ကို
administrator က ပိုက်ဘောမိထားတယ် ခင်ဗျာ ..... gtalk ကနေတွေ.တာလို. ပြောပါတယ်ခင်ဗျာ
ဟုတ်ကဲ့ အခု တဖတ်အသင်းက ကစားကွက်ကို ပြောင်းကစားမယ်. ပုံစံပဲခင်ဗျ
port forwording နဲ့ပြောင်းချိတ်တယ်ခင်ဗျာ .... ဒါပေမယ်. အတွေ.အကြုံရင့်ကျတ်တဲ့ ဘတ်တန်းကစားတဲ့ epc က
မီးကို ဖြတ်ချတယ် ခင်ဗျာ ..... ဟုတ်ကဲ့ တကယ်.ကို အခတ်အခဲ ပါပဲခင်ဗျာ
ချစ်ခင်လေးစား ရပါသော
netမြင်အသံမကြား သုံးစွဲသူ မိဘပြည်သူ အပေါင်:တို့ ခင်ဗျာ
အခု ကျွန်တော်ကြေညာနေစဉ် အတွင်းမှာပဲ
back bone ဒေါင်းသွာ:ပြီ ဖြစ်တဲ့အတွက် ပွဲကိုရပ်နားလိုက်ရပါကြောင်း
ကြေညာရင်း ကျွန်တော်များ
bagan မှတိုက်ရိုက် ပိတ်စို.မှူ အစီအဆင် ကိုရပ်နားလိုက်ရပါတယ် ခင်ဗျာ

Blogger Template by Clairvo