Labels

စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၁)

အောက်တိုဘာရဲ့ လလယ်လောက်မှာ မျှော်လင့်တောင့်တ ဖြစ်ချင်နေတဲ့ အရာလေး တစ်ခု ဖြစ်လာခဲ့ပါတယ်.. အဲဒါကတော့ ကျနော်တို့လို ပညာမတတ်တခေါက် လူငယ်တိုင်း စိတ်ကူးယဉ်မိကြတဲ့ တခြားတိုင်းပြည်မှာ အလုပ်သွားလုပ်မယ်ဆိုတဲ့ ရည်ရွှယ်ချက်လေးဟာ အထမြောက်ခဲ့ပါတယ်..

ဘယ်လိုမှမမျှော်လင့်ထားတဲ့ နေ့တစ်နေ့ရဲ့ ကောင်းခြင်းလေးပါ.. အဲဒီနေ့ကကျနော်ရဲ့ မွေးနေ့လေးပေါ့ မွေးနေ့လေးကို လူမသိသူမသိနဲ့ အထီးကျန်စွာ တစ်ဦးတည်း ကုန်ဆုံးခဲ့ပြီးနောက် ညနေပိုင်းလေးကို ကျော်ဖြတ်လို့ မှောင်မိုက်တဲ့ ညအချိန်လေးကို ရောက်လာပါတယ်.. မှတ်မှတ်ရရ အဲဒီနေ့က မီးကလည်းမလာ မြေနီကုန်းတစ်ခုလုံး မှောင်မိုက်လို့ပေါ့..

အိမ်မှာရှိတဲ့ ခြင်းဖုန်းလေးက ဂလင်ဂလင်နဲ့ အသံမြည်လာပါတယ်.. ဖုန်းလေးကို ကောက်ကိုင်လိုက်တော့ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းဆီက ဖုန်းပါပဲ.. “မင်း စင်ကာပူသွားမယ်ဆိုရင် မနက်ဖြန် ဓါတ်ပုံ ၂ပုံ၊Passport Copy နဲ့ ငွေတစ်သိန်း ယူပြီး Moon and Bakery ကို နေ့လယ် ၁၁ နာရီလောက် လာခဲ့ပါတဲ့” ကျနော်မှာ ယောင်တောင်တောင်နဲ့ ပြန်ပြောမလို့ပဲ ရှိသေးတယ်ဗျာ.. ကိုရွှေတော် ခြင်းဖုန်းက ဘက်ထရီ ဒေါင်းသွားရော..

ဒီလိုနဲ့ နောက်နေ့(၁၁)နာရီလောက်မှာ Moon and Bakery ကိုရောက်သွားတယ် အဲမှာ သူငယ်ချင်းတွေနဲ့ တွေ့တော့ သူတို့ပြောတာက ပုံမှန် စင်ကာပူကိုလာချင်ရင် ကျနော်တို့နိုင်ငံမှာရှိတဲ့ စင်ကာပူသံရုံးမှာ Visa ၀င်ရတယ်တဲ့. အဲလို Visa (ပြည်ဝင်ခွင့်) ၀င်ရင် စင်ကာပူသံရုံးမှာ Deposit $650 လောက်သွင်းရတယ်တဲ့... အခုဟာက စင်ကာပူမှာ ရှိတဲ့ သူတို့ရဲ့ လူက Calling Visa အနေနဲ့ လုပ်ပေးမှာ ဖြစ်တဲ့ အတွက် ကျပ် ၁ သိန်းလောက်ပဲ ကုန်မယ် လို့ပြောပြပါတယ်… အဲဒီ Calling Visa ရတာနဲ့ လေယာဉ်လက်မှတ်ဝယ်ပြီး စင်ကာပူကို လာလို့ရတယ်လို့ပြောတယ်ဗျာ….ကျနော်လည်း ဘာမှမသိ သူတို့ပြောတာကို နားထောင်ပြီး လုပ်မယ်လို့ ပြောလိုက်တယ်…. အမှန်အတိုင်းဝန်ခံရရင် စိတ်ထဲမှာတော့ တစ်ထစ်ထစ်နဲ့ပေါ့..

ကျနော်တို့လို IT (မြန်မာလိုဆို ငအပေါ့ဗျာ) သမားတွေအတွက် စွန့်စားမယ်ဆိုလည်း စင်ကာပူလို နိုင်ငံလေးကအကောင်းဆုံးပေါ့ဗျာ…. အနောက်နိုင်ငံကို တိုက်ရိုက်သွားဖို့ ဆိုတာကလည်း ငွေလည်း တတ်နိုင်မှဗျ… ငွေတတ်နိုင်ရင်တောင် သူတို့ရဲ့ ဓလေ့တွေနဲ့ အထိုင်ကျဖို့ မနဲလိုက်လုပ်ရမှာ ပညာကလည်း ကျွမ်းမှလေ.. ဒီတော့ ကျနော်တို့ နိုင်ငံမှာ ရှိတဲ့ IT (ဟဲဟဲ ငအ) အများစုက စင်ကာပူလို နိုင်ငံမျိုးမှာ အရင်ဆုံး Experience ယူကြတာကို တွေ့ရတယ်လေ…. ဒီတော့ အစ်ကိုနောင်တော်တွေရဲ့ ခြေရာကို လိုက်နင်းပြီးတော့ စင်ကာပူသွားဖို့ ပြင်ဆင်နေတဲ့လူတွေလည်း ဒုနဲ့ဒေးပါပဲ… ဒီလိုနဲ့ ကျနော်တို့ လုပ်ထားတဲ့ Calling Visa လည်းရရော ကျနော်တို့ စင်ကာပူကို လာဖို့ သုတ်ခြေတင် လုပ်ရတယ်ဗျ… အချိန်ကမရှိတော့ဘူးလေ… ကျနော်သူငယ်ချင်းတွေက Cisco လို့ခေါ်တဲ့ ဘာသာရပ်တစ်ခုကို စာမေးပွဲဖြေရင် သွားမှာဆိုတော့ အမြန်လုပ်ကြတာပေါ့..

ကြားထဲမှာ မွေးရပ်မြေလေးကို ၄ ရက်လောက်ပြန်ပြီး ချစ်သောအမေနဲ့ သွားတွေ့ဖြစ်ပါတယ်.. အမေကတော့ ငါ့သားလေးကို မခွဲနိုင်ဘူးပေါ့… ဆွေမျိုးတွေကတော့ ဘာမှသိတာမဟုတ် နိုင်ငံခြားသွားပြီး အလုပ်လုပ်မှာဆိုတော့ အထင်တွေဇွတ်ကြီးလို့ပေါ့.. ကျနော်မှာတော့ ဘာမှ ရေရေရာရာ မသိသေးတဲ့ တိုင်းပြည်ကိုသွားပြီး မိဘ၊ဆွေမျိုးတွေနဲ့ ခွဲပြီးအလုပ်ရှာရမှာဆိုတဲ့ အသိနဲ့ အိပ်ကောင်းချင်မအိပ်ရ ၊ စားကောင်းချင် မစားရနဲ့ပေါ့ဗျာ.. ဒီလိုနဲ့ အမေနဲ့ ၄ ရက်လောက်နေပြီး ရန်ကုန်ကို ပြန်လာပါတယ်. တကယ်တမ်း (၄) ရက်တာပြောတာ တောင်ကြီးနဲ့ ရန်ကုန်ဆိုတာ သိတဲ့အတိုင်း အသွားအပြန် (၂) ရက်လောက်က လမ်းမှာပဲ ကုန်သွားတာဗျ.. ကိုယ်ချစ်တဲ့ မွေးရပ်မြေလေးကို ကြည့်ပြီး ယောကျာ်းဖြစ်ရက်နဲက မျက်ရည်တွေကျခဲ့ပါတယ်.. ဒါပေမဲ့ ၀မ်းနည်းမူတွေက

စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၁)

အောက်တိုဘာရဲ့ လလယ်လောက်မှာ မျှော်လင့်တောင့်တ ဖြစ်ချင်နေတဲ့ အရာလေး တစ်ခု ဖြစ်လာခဲ့ပါတယ်.. အဲဒါကတော့ ကျနော်တို့လို ပညာမတတ်တခေါက် လူငယ်တိုင်း စိတ်ကူးယဉ်မိကြတဲ့ တခြားတိုင်းပြည်မှာ အလုပ်သွားလုပ်မယ်ဆိုတဲ့ ရည်ရွှယ်ချက်လေးဟာ အထမြောက်ခဲ့ပါတယ်..

ဘယ်လိုမှမမျှော်လင့်ထားတဲ့ နေ့တစ်နေ့ရဲ့ ကောင်းခြင်းလေးပါ.. အဲဒီနေ့ကကျနော်ရဲ့ မွေးနေ့လေးပေါ့ မွေးနေ့လေးကို လူမသိသူမသိနဲ့ အထီးကျန်စွာ တစ်ဦးတည်း ကုန်ဆုံးခဲ့ပြီးနောက် ညနေပိုင်းလေးကို ကျော်ဖြတ်လို့ မှောင်မိုက်တဲ့ ညအချိန်လေးကို ရောက်လာပါတယ်.. မှတ်မှတ်ရရ အဲဒီနေ့က မီးကလည်းမလာ မြေနီကုန်းတစ်ခုလုံး မှောင်မိုက်လို့ပေါ့..

အိမ်မှာရှိတဲ့ ခြင်းဖုန်းလေးက ဂလင်ဂလင်နဲ့ အသံမြည်လာပါတယ်.. ဖုန်းလေးကို ကောက်ကိုင်လိုက်တော့ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းဆီက ဖုန်းပါပဲ.. “မင်း စင်ကာပူသွားမယ်ဆိုရင် မနက်ဖြန် ဓါတ်ပုံ ၂ပုံ၊Passport Copy နဲ့ ငွေတစ်သိန်း ယူပြီး Moon and Bakery ကို နေ့လယ် ၁၁ နာရီလောက် လာခဲ့ပါတဲ့” ကျနော်မှာ ယောင်တောင်တောင်နဲ့ ပြန်ပြောမလို့ပဲ ရှိသေးတယ်ဗျာ.. ကိုရွှေတော် ခြင်းဖုန်းက ဘက်ထရီ ဒေါင်းသွားရော..

ဒီလိုနဲ့ နောက်နေ့(၁၁)နာရီလောက်မှာ Moon and Bakery ကိုရောက်သွားတယ် အဲမှာ သူငယ်ချင်းတွေနဲ့ တွေ့တော့ သူတို့ပြောတာက ပုံမှန် စင်ကာပူကိုလာချင်ရင် ကျနော်တို့နိုင်ငံမှာရှိတဲ့ စင်ကာပူသံရုံးမှာ Visa ၀င်ရတယ်တဲ့. အဲလို Visa (ပြည်ဝင်ခွင့်) ၀င်ရင် စင်ကာပူသံရုံးမှာ Deposit $650 လောက်သွင်းရတယ်တဲ့... အခုဟာက စင်ကာပူမှာ ရှိတဲ့ သူတို့ရဲ့ လူက Calling Visa အနေနဲ့ လုပ်ပေးမှာ ဖြစ်တဲ့ အတွက် ကျပ် ၁ သိန်းလောက်ပဲ ကုန်မယ် လို့ပြောပြပါတယ်… အဲဒီ Calling Visa ရတာနဲ့ လေယာဉ်လက်မှတ်ဝယ်ပြီး စင်ကာပူကို လာလို့ရတယ်လို့ပြောတယ်ဗျာ….ကျနော်လည်း ဘာမှမသိ သူတို့ပြောတာကို နားထောင်ပြီး လုပ်မယ်လို့ ပြောလိုက်တယ်…. အမှန်အတိုင်းဝန်ခံရရင် စိတ်ထဲမှာတော့ တစ်ထစ်ထစ်နဲ့ပေါ့..

ကျနော်တို့လို IT (မြန်မာလိုဆို ငအပေါ့ဗျာ) သမားတွေအတွက် စွန့်စားမယ်ဆိုလည်း စင်ကာပူလို နိုင်ငံလေးကအကောင်းဆုံးပေါ့ဗျာ…. အနောက်နိုင်ငံကို တိုက်ရိုက်သွားဖို့ ဆိုတာကလည်း ငွေလည်း တတ်နိုင်မှဗျ… ငွေတတ်နိုင်ရင်တောင် သူတို့ရဲ့ ဓလေ့တွေနဲ့ အထိုင်ကျဖို့ မနဲလိုက်လုပ်ရမှာ ပညာကလည်း ကျွမ်းမှလေ.. ဒီတော့ ကျနော်တို့ နိုင်ငံမှာ ရှိတဲ့ IT (ဟဲဟဲ ငအ) အများစုက စင်ကာပူလို နိုင်ငံမျိုးမှာ အရင်ဆုံး Experience ယူကြတာကို တွေ့ရတယ်လေ…. ဒီတော့ အစ်ကိုနောင်တော်တွေရဲ့ ခြေရာကို လိုက်နင်းပြီးတော့ စင်ကာပူသွားဖို့ ပြင်ဆင်နေတဲ့လူတွေလည်း ဒုနဲ့ဒေးပါပဲ… ဒီလိုနဲ့ ကျနော်တို့ လုပ်ထားတဲ့ Calling Visa လည်းရရော ကျနော်တို့ စင်ကာပူကို လာဖို့ သုတ်ခြေတင် လုပ်ရတယ်ဗျ… အချိန်ကမရှိတော့ဘူးလေ… ကျနော်သူငယ်ချင်းတွေက Cisco လို့ခေါ်တဲ့ ဘာသာရပ်တစ်ခုကို စာမေးပွဲဖြေရင် သွားမှာဆိုတော့ အမြန်လုပ်ကြတာပေါ့..

ကြားထဲမှာ မွေးရပ်မြေလေးကို ၄ ရက်လောက်ပြန်ပြီး ချစ်သောအမေနဲ့ သွားတွေ့ဖြစ်ပါတယ်.. အမေကတော့ ငါ့သားလေးကို မခွဲနိုင်ဘူးပေါ့… ဆွေမျိုးတွေကတော့ ဘာမှသိတာမဟုတ် နိုင်ငံခြားသွားပြီး အလုပ်လုပ်မှာဆိုတော့ အထင်တွေဇွတ်ကြီးလို့ပေါ့.. ကျနော်မှာတော့ ဘာမှ ရေရေရာရာ မသိသေးတဲ့ တိုင်းပြည်ကိုသွားပြီး မိဘ၊ဆွေမျိုးတွေနဲ့ ခွဲပြီးအလုပ်ရှာရမှာဆိုတဲ့ အသိနဲ့ အိပ်ကောင်းချင်မအိပ်ရ ၊ စားကောင်းချင် မစားရနဲ့ပေါ့ဗျာ.. ဒီလိုနဲ့ အမေနဲ့ ၄ ရက်လောက်နေပြီး ရန်ကုန်ကို ပြန်လာပါတယ်. တကယ်တမ်း (၄) ရက်တာပြောတာ တောင်ကြီးနဲ့ ရန်ကုန်ဆိုတာ သိတဲ့အတိုင်း အသွားအပြန် (၂) ရက်လောက်က လမ်းမှာပဲ ကုန်သွားတာဗျ.. ကိုယ်ချစ်တဲ့ မွေးရပ်မြေလေးကို ကြည့်ပြီး ယောကျာ်းဖြစ်ရက်နဲက မျက်ရည်တွေကျခဲ့ပါတယ်.. ဒါပေမဲ့ ၀မ်းနည်းမူတွေကို မိသားစုအတွက် ပေးဆပ်မယ်ဆိုတဲ့ အားတစ်ခုအဖြစ်နဲ့ ကျနော်ကြိုးစားဖြေသိမ့်ခဲ့ပါတယ်…

ဒီလိုနဲ့ ကျနော် ရန်ကုန်ကို Oct 21 မှာပြန်ရောက်ပါတယ်… ရန်ကုန်ရောက်တော့လည်း လုပ်စရာတွေရှိတာ အကုန်လုပ်ရပါတယ်… ကံကောင်းတာကတော့ ကိုယ်လိုအပ်မဲ့ ပစ္စည်းတွေ၊ စားစရာတွေအားလုံးကို ချစ်လှစွာသော အဒေါ်ကအဆင့်သင့်လုပ်ပေးပြီးသားပါ.. ဒီကြားရက် ၂ ရက်လေးကျနော်မှာ အိပ်လို့လဲမရ.. စားလို့လဲမရနဲ့ ဟိုတွေးဒီအတွေးတွေနဲ့ အချိန်ကုန်ခဲ့ပါတယ်… ငါတတ်တဲ့ပညာနဲ့ ဟိုရောက်ရင်လုပ်စားလို့မှ ရပါ့မလား… သူတို့ရဲ့ အင်္ဂလိပ်စာကို ငါနားလည်ပါ့မလားနဲ့ပေါ့… ကျနော်ဆိုတဲ့ ကောင်ကလည်း အင်္ဂလိပ်စာဆို ဘာဆိုဘာမှ မရတဲ့ ငပျင်းတစ်ကောင်ပေါ့ဗျာ..

ဆက်ရန် အပိုင်း (၂)

ကျေးဇူးပါမေမေ....

မွေးဖွားပြီးချိန်မှစပြီး နို့ချိုတိုက်ကျွေး
အသက်ဆက်ပေးခဲ့တဲ့အတွက်....ကျေးဇူးပါမေမေ

ငယ်ငယ်က ချော့တစ်ခါခြောက်တစ်လှည့် စိတ်ရှည်ရှည်နဲ့
သင်ကြားပေးခဲ့တဲ့အတွက်....ကျေးဇူးပါမေမေ

မူလတန်းမှစ အထက်တန်းဆုံးသည်ထိ
အမြဲကျောင်းကြိုပို့ပေးခဲ့တဲ့အတွက်....ကျေးဇူးပါမေမေ
လာမကြိုနိုင်တဲ့နေ့တွေမှာ..အမေဟာနေမကောင်းဖြစ်နေခဲ့တာပါ....

ဟင်းဂျီးများတဲ့ကျွန်တော့်အတွက်..တစ်နေ့တစ်မျိုး
မရိုးရအောင်ချက်ကျွေးခဲ့တဲ့အတွက်....ကျေးဇူးပါမေမေ

ဖျားနာတဲ့အခါတိုင်းလည်း..ဂရုတစိုက်
ပြုစုစောင့်ရှောက်ပေးတဲ့အတွက်.....ကျေးဇူးပါမေမေ
ကျွန်တော်နေမကောင်းဖြစ်တဲ့ညတွေဟာ..အမေ့ရဲ့အိပ်မပျော်တဲ့ညများပါ....

ဘ၀မှာထူးချွန်ဖို့ရာအတွက်..ပညာအမွေပေး
သင်ကြားပျိုးထောင်ပေးတဲ့အတွက်..ကျေးဇူးပါမေမေ

အမေ့ကြောင့်သာ..ကျွန်တော့်ဘ၀ဖြစ်တည်လာတာပါ...

ဘာတွေဘယ်လိုဘဲပြောပြော..
ဒီလောကကြီးမှာ..ကျွန်တော့်ဘ၀အတွက်
အားကိုးအားထားရာ၊ချစ်မြတ်နိုးရာ
အနှိုင်းမဲ့..မိခင်ဖြစ်ပေးတဲ့အတွက်
ကျေးဇူးပါမေမေ......။

ကိုဖြိုးဘလောစ့်မှ ကူးယူတင်ပြပါတယ်..

လွမ်းတယ်…

လွမ်းတယ်…

မေမေကို အရမ်းလွမ်းတယ်
အေးချမ်းတဲ့ မွေးရပ်မြေလေးကို လွမ်းတယ်
ငယ်စဉ်က သူငယ်ချင်းတွေကို လွမ်းတယ်
တောင်ကြီးမြို့က ကျောင်းတော်ကြီးကို လွမ်းတယ်
လေတံခွန် လွှတ်ခဲ့တဲ့ အချိန်တွေကို လွမ်းတယ်
အမေရဲ့ ငါးခေါင်းဟင်းချိုလေးကို လွမ်းတယ်
အမေ့ရဲ့ ချဉ်ပေါင်ရွှက်ကြော်ကို လွမ်းတယ်
မြူတွေအုံ့ဆိုင်းနေတဲ့ တောင်ချွန်းကြီးကို လွမ်းတယ်
တောင်ကြီးတန်ဆောင်တိုင်ပွဲကို လွမ်းတယ်
မီးပုံပျံတွေကို လွမ်းတယ်
မနက်စောစော ရေချိုးရတာကို လွမ်းတယ်
သီချင်းသံလေးတွေနဲ့ လက်ဖက်ရည်ဆိုင်ကို
ဘာမှန်းမသိ လွမ်းကို လွမ်းနေတယ်ဗျာ..

အရုပ်ဆိုး အကျင့်တန်သော လုပ်ရပ်

အောက်ကပိုစ့်လေးကို ကျနော်ရဲ့ သူငယ်ချင်း တစ်ယောက် မေးလ်ပို့ပေးလာလို့ ထပ်ဆင့်ဖော်ပြလိုက်ပါတယ်...

သတိ… ၁၂ ဒေါ်လာ

မြန်မာတွေကိုပဲ ရွေးလုပ်သည် ဆိုတော့ အတော် ခံပြင်း ဒေါသ ထွက်သွားသည်။ အဲဒီလို ကလိန်ကကျစ်နည်းဖြင့် မသိနားမလည်သော သူတွေဆီက ခေါင်းပုံဖြတ် စီးပွားရှာတာတော့ အတော် ရုပ်ဆိုးလွန်းသည်။

ဖြစ်ပုံက ဒီလိုပါ။ ကျွန်မအိမ်မှာ တည်းပြီး အလုပ်ရှာနေသည့် မိတ်ဆွေညီမလေး ဟိုတနေ့ က အင်တာဗျူးခေါ်သည့် အီးမေးလ် ရတော့ အတော်ပျော်သွားသည်။ ပထမဆုံး အင်တာဗျူးဆိုတော့ ပျော်ပေမပေါ့။ ခဏကြာတော့ သူနဲ့ အတူ အလုပ်ရှာနေသည့် သူ့ မောင်လေးပါ ဆင်တူ အင်တာဗျူးခေါ်သည့် အီးမေးလ် ရတော့ နဲနဲတော့ သံသယ ၀င်သွားသည်။ သိပ်မပျော်နေနဲ့  ဒါအေးဂျင့် ဖြစ်ဖို့ များတယ်လို့  သတိပေးရသည်။ နောက် နာရီဝက်လောက်ကြာတော့ သူတို့ နှင့် မရှေးမနှောင်းလာသည့် သူငယ်ချင်းပါ တနေရာထဲမှ ဆင်တူ အီးမေးလ် ရသည်ဟု ဖုန်းဆက်လာပြန်သည်။ သံသယက ပိုပို ကြီးလာပေမယ့် သူတို့  စိတ်ဓါတ်မကျအောင် သွားကြည့်လိုက်ပေါ့လို့  တိုက်တွန်းလိုက်ရသည်။

အိမ်က ညီမလေးက ကံဆိုးစွာ အရင်ဆုံး သွားရသည်။ သပ်သပ်ရပ်ရပ် ၀တ်ဆင်ပြီး သေချာ ပြင်ဆင်သွားသည်။ သွားခါနီး မြန်မာပြည်က အမေတောင် ဖုန်းဆက်ပြီး လှမ်းကန်တော့ကာ ဆုတောင်းပေးဖို့  မှာလိုက်သေးသည်။ သူ့ ခမျာ အမေအိုကြီး လုပ်ကျွေးချင်လို့  ထွက်လာတာ အလုပ်မြန်မြန် ရပါစေလို့  ကိုယ်တောင် ၀င်ဆုတောင်းပေးလိုက် သေးသည်။

နေ့ လည်ကျတော့ ဖုန်းဆက်လာသည်။ တကယ့် အင်တာဗျူး မဟုတ်။ ၀န်ထမ်းဆိုလို့  မိန်းမ နှစ်ယောက်သာ ရှိသည့် အခန်းကျဉ်းလေး။ ရောက်ရောက်ချင်း form ဖြည့်ခိုင်းပြီး သူတို့ ဆီမှာ အလုပ်နှစ်ခု ရှိကြောင်း ပြောပြီး ပိုက်ဆံ ၁၂ ဒေါ်လာ တောင်းသည်။ သူကလဲ ပထမဆုံး အတွေ့ အကြုံ အလုပ်ကလဲ လိုချင်တော့ ပိုက်ဆံပေးခဲ့သည်တဲ့။ မှားသွားလားလို့ မေးတော့ ကျွန်မ ဘာပြောရမှန်းမသိ။ အလုပ်လိုချင်သူတွေ အတွက် ၀န်ဆောင်ခ ယူ၍ လုပ်ပေးသော တရားဝင် ၀န်ဆောင်မှုလုပ်ငန်း (အေးဂျင့်) တွေ ရှိသော်လည်း ခုလို မရိုးသား အင်တာဗျူး အယောင်ဆောင်ပြီး ပိုက်ဆံတောင်းတာတော့ ခုမှ ကြားဖူးသည်။

လိမ်တာ ဖြစ်ဖို့ များတယ်လို့  ပြောလို့ မှ မဆုံးသေး၊ ခုတင် အင်တာဗျူးက ပြန်လာရုံ ရှိသေး အရင်နေ့ က အီးမေးလ် အတိုင်း စာသား တထပ်ထဲနှင့် နောက်တကြိမ် ရောက်လာပြန်သည်။ ပထမတော့ ဒုတိယအကြိမ် အင်တာဗျူးခေါ်သည် အထင်နှင့် ပျော်နေကြသည်။ သူ့ မောင်လေး အီးမေးလ်ကို စစ်လိုက်တော့ သူ့ အတိုင်း အီးမေးလ် တခု ထပ်ရပြန်သည်။ လောဘတက်ပြီး ပို့ ပြီးသားလူလား၊ လာပြီးသားလူလား မသိပဲနှင့် အသဲအသန် ပို့ နေခြင်းပင်။

နောက်တနေ့  သူ့ မောင်လေးက လိမ်တာ သေချာအောင် သွားလေ့လာသည်။ သူ့ အမတုန်းက လိုပဲ သူတို့ မှာ အလုပ် နှစ်နေရာ ရှိသည်ဟု လိမ်ပြန်သည်။ မောင်နှမမှန်း မသိ။ ဒီတခါတော့ ကောင်လေးက ဟန်မပျက် form ဖြည့်ပြီး ပိုက်ဆံ ၁၂ ဒေါ်လာ တောင်းသော အခါ မပါလာကြောင်းပြောပြီး မပေးခဲ့။ ဒီတော့ ပိုက်ဆံ မပေးရင် သူတို့  အလုပ်ရှာ မပေးနို်င်လို့  ခပ်တင်းတင်း ပြန်ပြောသည်တဲ့။ ကောင်လေးနဲ့  အ၀င်အထွက် လာသမျှ မြန်မာတွေ ချည်းပဲ ဆိုပဲ။

မနေ့ ညက ဒီအကြောင်းကို အလုပ်ရှာနေသည့် အသိအမကြီး တယောက်အား ပြောပြ သတိပေးတော့ လွန်ခဲ့တဲ့နှစ်လလောက်က သူ့ သူငယ်ချင်းတယောက်လဲ အဲဒီလို ခံခဲ့ရသည်တဲ့။ company နာမည်က အတူတူ။ သတင်းစာထဲမှာ ဟုတ်တိပတ်တိ တလက်မ ပတ်လည်လောက်နှင့် ကြေငြာတာလဲ အတူတူ။ သူ့ တုန်းက ဒေါ်လာ ၂၀ ပေးခဲ့ရသည်တဲ့။ မြန်မာတွေကိုသာ ရွေးလိမ်သည်။ အလုပ်လဲ တကယ်ရှာမပေးပါတဲ့။

ခုတလော မြန်မာပြည်က အလုပ်လာရှာ သူတွေ လှိမ့်ဝင်လာတော့ သူတို့ လို လိမ်စားနေသူတွေ အတွက်တော့ အကွက်။ တယောက်ကို ၁၂ ဒေါ်လာ။ တနေ့  အယောက် ၂၀ ဆို ဒေါ်လာ
၂၄၀။ တလဆို ဒေါ်လာ ၄၈၀၀။ အင်း… အတော်ကို အကြံပက်စက်ပါပေ့။
နေရာက China Town ပတ်ဝန်းကျင်မှာ လှည့်ပတ် ကျက်စားနေသည်။ မဟုတ်တာ လုပ်သူဆိုတော့ တနေရာထဲမှာ အခြေမကျရဲ။

တကယ်လို့  အသိတွေထဲမှာ အလုပ်ရှာနေသူများ ရှိခဲ့ရင် လက်တို့  သတိပေးဖို့  ဒီpostလေးကို ရေးလိုက်ရတာပါ။ မြန်မာတွေကို လူလည်ကျ စီးပွားရှာနေသူတွေ အတွက် သင်ခန်းစာပေးဖို့  ရည်ရွယ်ချက်နဲ့ ပါ။ အလုပ်ရှာနေသော မြန်မာ အပေါင်း လိမ်ညာသူတွေနဲ့  ကင်းဝေးပြီး ကောင်းမွန်သောအလုပ် အမြန်ဆုံး ရကြပါစေလို့ ….။

တန်ခူး
10:30am 21-Aug-2008

အထက်ပါ အကြောင်းအရာမှ အေးဂျင့်ဆိုသူ ၏ အီးမေးလိပ်စာမှာ jssjs@singnet.com.sg ဖြစ်ပြီး..လိပ်စာမှာ....

151 Chin Swee Road #14-09 Manhattan House.
Previously from 101A Upper Cross Street #08-07 People's Park Centre From: jssjs@singnet.com.sg

၎င်းအေးဂျင့်၏ အီးမေးဖော်ပြချက်မှာ..အောက်ပါအတိုင်းဖြစ်ကြောင်း။
To: xxxxxx@hotmail.com
Subject: RE: Application of YOUR NAME xxxx Post
Date: Mon, 3 Mar 2008 17:25:45 +0800

Hi

Thanks for your application. In this case, can we see u for an interview onWed 5/3/08 9.30 am? Please advice.

Direction:- Take MRT down to Chinatown station and exit from D. U can go to OG taxi stand there and walk towards the direction of some HDB at Chin Swee Road . Go straight until u can see Seng Siong ….We are just behind Seng Siong. U can ask people around there ..:)

(If u have been here or applied with us before, please do not reapply again)

Appreciate that.

Regards

Vathi
--------------------------

ခုတလော မြန်မာပြည်က အလုပ်လာရှာ သူတွေ လှိမ့်ဝင်လာတော့ သူတို့ လို လိမ်စားနေသူတွေ အတွက်တော့ အကွက်။ တယောက်ကို ၁၂ ဒေါ်လာ။ တနေ့  အယောက် ၂၀ ဆို ဒေါ်လာ ၂၄၀။ တလဆို ဒေါ်လာ ၄၈၀၀။ အင်း… အတော်ကို အကြံပက်စက်ပါပေ့။
နေရာက China Town ပတ်ဝန်းကျင်မှာ လှည့်ပတ် ကျက်စားနေသည်။ မဟုတ်တာ လုပ်သူဆိုတော့ တနေရာထဲမှာ အခြေမကျရဲ။

တကယ်လို့  အသိတွေထဲမှာ အလုပ်ရှာနေသူများ ရှိခဲ့ရင် လက်တို့  သတိပေးဖို့  ဒီpostလေးကို ရေးလိုက်ရတာပါ။ မြန်မာတွေကို လူလည်ကျ စီးပွားရှာနေသူတွေ အတွက် သင်ခန်းစာပေးဖို့  ရည်ရွယ်ချက်နဲ့ ပါ။ အလုပ်ရှာနေသော မြန်မာ အပေါင်း လိမ်ညာသူတွေနဲ့  ကင်းဝေးပြီး ကောင်းမွန်သောအလုပ် အမြန်ဆုံး ရကြပါစေလို့ ….။

တန်ခူး
10:30am 21-Aug-2008

အထက်ပါ အကြောင်းအရာမှ အေးဂျင့်ဆိုသူ ၏ အီးမေးလိပ်စာမှာ jssjs@singnet.com.sg ဖြစ်ပြီး..လိပ်စာမှာ....

151 Chin Swee Road #14-09 Manhattan House.
Previously from 101A Upper Cross Street #08-07 People's Park Centre From: jssjs@singnet.com.sg

၎င်းအေးဂျင့်၏ အီးမေးဖော်ပြချက်မှာ..အောက်ပါအတိုင်းဖြစ်ကြောင်း။
To: xxxxxx@hotmail.com
Subject: RE: Application of YOUR NAME xxxx Post
Date: Mon, 3 Mar 2008 17:25:45 +0800

Hi

Thanks for your application. In this case, can we see u for an interview onWed 5/3/08 9.30 am? Please advice.

151 Chin Swee Road #14-09 Manhattan House.

Direction:- Take MRT down to Chinatown station and exit from D. U can go to OG taxi stand there and walk towards the direction of some HDB at Chin Swee Road . Go straight until u can see Seng Siong ….We are just behind Seng Siong. U can ask people around there ..:)

(If u have been here or applied with us before, please do not reapply again)

Appreciate that.

Regards

Vathi
--------------------------

အပန်းပြေသော ဟာသလေးများ

အခုတလော ဘလောစ့် မှာ ရေးဖို့ ပိုစ့်လေးတွေ စဉ်းစားနေတာ လောလောဆဲ အပျင်းပြေ
ရယ်ရွှင်ဖွယ်ဟာသလေးများ တင်ပေးလိုက်ပါတယ်နော့်…

ha.jpg

၁။ သတင်းကောင်း

ယောကျာ်းဖြစ်သူ အလုပ်က ပြန်လာသည်။ မိန်းမဖြစ်သူရဲ့ ညိုးငယ်သော မျက်နှာကို ကြည့်ကာ အိမ်တွင် တစ်ခုခုဖြစ်ပြီဟု သိလိုက်သည်..

ယောကျာ်း ။ ။“မကောင်းတဲ့ သတင်းနဲ့ ငါ့ကို မကြိုနဲ့ကွာ၊ ရုံးမှာ စိတ်ညစ်ရတာနဲ့ကိုပဲ ငါ့မှာ လုံလောက်နေပြီ”

မိန်းမ။ ။ကောင်းပြီ ရှင်ကို သတင်းကောင်းနဲ့ အရင်ပြောမယ်၊ ကျွန်မတို့ဆီမှာ ကလေးငါးယောက် ရှိတယ်နော်။
အဲ - လေးယောက်ဟာ ဒီနေ့မှာ ခြေထောက်ရော လက်ရော မကျိုးဘူး”

၂။ ဆက်စပ်နေတာကိုး

လူနာ။ ။“ဒေါက်တာ၊ ကျနော်ကို ကယ်ပါဦး၊ ညတိုင်း ညတိုင်း အိပ်မက်တစ်ခုတည်းကိုပဲ မက်နေတယ်။

ဘယ်နေရာ ကြည့်ကြည့် မီးတောက်မီးလျှံတွေကိုပဲ မြင်ရတယ်။ တစ်ကိုယ်လုံး

ပူလောင်အိုက်စပ်နေတယ် ၊ အသက်ရှုလို့လည်း မ၀ဘူး.. ဆိုးဆိုးဝါးဝါး ခံစားရတယ်

ဒေါက်တာရယ် “

ဆရာဝန်။ ။ “နေ့ခင်းမှာ ခင်ဗျား နေပူစာ လှုံတယ်ထင်တယ်”

လူနာ ။ ။ “မလှုံပါဘူး ဆရာ”

ဆရာဝန်။ ။”ဒါမှမဟုတ် မအိပ်ခင် အိပ်ရာကို သန့်ရှင်းအောင် ဖုန်တွေ ဘာတွေမခါဘူးထင်တယ်”

လူနာ ။ ။”ကျနော် အိပ်ခါနီးတိုင်း ခါပါတယ်ဆရာ ”

ဆရာဝန်။ ။”ခေါင်းမြီး ခြုံအိပ်တယ်နဲ့ တူတယ်”

လူနာ။ ။ ”မအိပ်ပါဘူးဆရာ”

ဆရာဝန်။ ။”ပိုက်ဆံကို မီးရှို့ ပစ်သလိုသုံးနေလို့ မိန်းမကခင်ဗျားကို အပြစ်တင်တယ် ထင်တယ်”

လူနာ။ ။”ကျွန်တော် အဲလိုလူ မဟုတ်ပါဘူး ဆရာ”

ဆရာဝန်။ ။”အင်း၊ အကြောင်းရင်းကို ဖော်ထုတ်ရ ခပ်ခက်ခက်ပဲ ဒါနဲ့ စကားမစပ် ခင်ဗျား ဘာလုပ်သလဲ”

လူနာ။ ။ “မီးသတ်သမားပါ”

၃။ သူတို့မသိဘူး

မိမိကိုယ်မိမိ စပါးစေ့ဟု ထင်နေသော စိတ်ဝေဒနာရှင် တစ်ယောက် စိတ်ရောဂါ အထူးကု ဆေးရုံသို့ ရောက်လာသည်။

လအနည်းငယ်ကြာ ကုသမှု ခံယူပြီးနောက် မိမိကိုယ်မိမိ လူဖြစ်သည်ဟု အသိအမှတ်ပြုသောကြောင့် ဆေးရုံမှ

ဆင်းခွင့်ပေးလိုက်သည်။ သို့သော် ဆေးရုံမှ ထွက်ပြီး မိနစ်ပိုင်းအတွင်း ကြောက်လန့်တကြားဖြင့် ဆေးရုံထဲ

ငှင်းပြန်ပြေးဝင်လာသည်။ ဆရာဝန်ကမေးသည်။

“ဘာဖြစ်လာတာလဲဗျ”

“လမ်းပေါ်မှာ ကြက်တွေ တွေ့လို့ဗျ”

“အဲဒါ ဘာဖြစ်လဲ၊ ခင်ဗျား ဘာကို ကြောက်စရာလိုလဲ အခုခင်ဗျားဟာ လူဖြစ်တယ် စပါးစေ့ မဟုတ်ဘူးဆိုတာ ခင်ဗျား

သိနေတာပဲ”

“ဒါပေမဲ့ ကြက်တွေ အဲဒါကို မသိဘူးခင်ဗျ”

၎။ စိုးရိမ်လို့ပါ..

ရောဂါကြီးသဖြင့် လုံးဝ မျှော်လင့်ချက်မရှိတော့သော လူနာအဖြစ် ဆရာဝန်များ လက်လျှော့ထားကြသော ကိုမေတ္တာက

ဇနီးသည်ကို ပြောသည်။

ယောက်ျား။ ။“မင်း ငါ့အပေါ် တစ်သက်လုံး သစ္စာစောင့်ခဲ့တဲ့ မိန်းမ ဖြစ်ကောင်းဖြစ်မယ်။ သစ္စာဖောက်ခဲ့တာလည်း

ဖြစ်ချင်ဖြစ်နိုင်တယ်။ ဘယ်လိုလိုပဲဖြစ်ဖြစ် ငါမသေခင် အမှန်ကို သိသွားချင်တယ်ကွာ.. ငါ့ကို

မှန်မှန်ပြောပါ။ ငါ့ကိုမင်း သစ္စာ ဖောက်ခဲ့ဖူးသလား”

မိန်းမ။ ။“မတော်တဆ ရှင်မသေရင် ဘယ့်နှယ် လုပ်မလဲ”

မှတ်ချက်။ ။ အထက်ပါ ဟာသများကို မောင်ကောင်းထိုက် ဟာသပဒေသာထဲမှ ကူယူဖော်ပြပါတယ်..

နောက်များလည်း အဆင်ပြေရင် တင်ပြသွားပါမယ်။

Blogger Template by Clairvo