Labels

တောင်ကြီးမြို့ (၁၁၄) နှစ်မြောက်အထိမ်းအမှတ်

ကျနော်တို့ တောင်ကြီးမြို့လေးဖြစ်တည်မူ (၁၁၄)နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ စင်ကာပူမှာရှိတဲ့ တောင်ကြီးသူ၊တောင်ကြီးသားများက ဦးစီးပြီး စတိတ်ရှိုးပွဲလေးတစ်ခုကို ကျင်းပဖြစ်ပါတယ်.အဲဒီရှိုးပွဲလေးကိုအဆိုများဖြစ်တဲ့ ကိုဘိုဖြူ၊ဟန်ထွန်း၊မောင်မောင်ဇော်လတ်၊အစိုင်း(BlackHole)တို့ပါဝင်အားဖြည့်ထားပါတယ်.. စိတ်ပါဝင်စားသူများရှိုးပွဲလက်မှတ်လေးများကို အောက်ဖော်ပြပါလိပ်စာဖြစ်စေ၊ ကျနော် စိုးမင်းထိုက် ကိုတိုက်ရိုက်ဖြစ်စေ ဆက်သွယ်ပြီး ၀ယ်ယူနိုင်ကြပါတယ်.. အားလုံးဝိုင်းပြီး ကူညီအားဖြည့်ကြမယ်လို့ ကျနော် မျှော်လင့်ပါတယ်..

လက်မှတ်အရောင်းငှါနာများ

လွိုင်ဟိန်း(Loi Hein)
#04-66 Peninsula Plaza

ကောင်းစံ(Kaung San)
#02-17 Peninsula Plaza
----------------------

ခွန်ကျော်မျိုးမင်း - 9799 3192
နန်းယုလေးနွယ် - 9181 4917
ချမ်းငြိမ်းထွန်း - 9062 7892

Photobucket
Photobucket

ကျနော်တို့ ရှိုးပွဲလက်မှတ်လေးများကို (၃)မျိုးခွဲခြားထားပါတယ်.. ဈေးနှုန်းလေးများကတော့ S$25,35 နှင့် S$50 ဆိုပြီးခွဲခြားထားပါတယ်.. ရှိုးပွဲလုပ်မဲ့နေ့ရက်လေးနဲ့ နေရာလေးကတော့ ဒီမှာပါ

Date - 5th October 2008
Time - 6:30pm - 10:00 pm
Venue - NTUC Business Center
1 Marine Boulevard
Leval 7 OMB Singapore.
(Near Raffles Place MRT Exit J)

အမေ့အိမ်

အိမ်

အူဝဲဆိုပြီး ထွက်လာခဲ့တည်းက
မပျက်မေတ္တာတွေနဲ့
အမေ…

လူဘ၀အစ ကလေးအရွယ်
လူတွေနားလည်တဲ့ ဘာသာစကားသင်ကြားပေးတဲ့
အမေ…

မူကြိုအရွယ် ကလေးဘဝ
လူများတန်း တန်းတူထားပေးခဲ့တဲ့
အမေ….

ကျောင်းပညာအတွက် မပူရအောင်
ဒုက္ခထမ်းပိုး ရဲရဲထမ်းခဲ့တဲ့
အမေ…

ဆယ်တန်းလေး အောင်တာကို
လူပုံအလယ် ၀ံ့ကြွားခဲ့တဲ့
အမေ…

ဘွဲ့ဓါတ်ပုံလေးနဲ့ သားကို
ဝမ်းသာမျက်ရည်တွေနဲ့ ကြည့်နေတဲ့
အမေ…

ဝေးတော့မှ မိဘမေတ္တာကြီးမှန်း
သား အခုသိနေရပြီ
အမေ…

ဘ၀ရဲ့ ခိုနားရာ နေရာလေး
အမေ့အိမ်လေးကို
သားသတိရနေတယ် အမေ….

စိုးမင်းထိုက်

ငါ့အတ္တ

ငါ
ငါ့ မိသားစုအတွက်
လူတစ်ချို့ စတေးခံလိုက်ရတယ်..
ငါ့ မိန်းမအတွက်
လူတစ်ချို့ စတေးခံလိုက်ရတယ်..

ငါ့ ချစ်သူအတွက်
လူတစ်ချို့ စတေးခံလိုက်ရတယ်..
ငါ့ ဘ၀အတွက်
လူတစ်ချို့ စတေးခံလိုက်ရတယ်..

ငါ့ ကောင်းစားဖို့
လူတစ်ချို့ စတေးခံလိုက်ရတယ်..
ငါ့ ကြီးပွါးဖို့
လူတစ်ချို့ စတေးခံလိုက်ရတယ်..

ငါ နာမည်ကြီးဖို့
လူတစ်ချို့ စတေးခံလိုက်ရတယ်..
ငါ လူအထင်ကြီးခံရဖို့
လူတစ်ချို့ စတေးခံလိုက်ရတယ်..

ငါ ဂုဏ်ပကာသနတွေရဖို့
လူတစ်ချို့ စတေးခံလိုက်ရတယ်..
ငါ ကိုယ်နဲ့ မထိုက်တန်တဲ့ နေရမှာမြဲဖို့
လူတစ်ချို့ စတေးခံလိုက်ရတယ်..

ငါ မတရားတာလုပ်ဖို့
လူတစ်ချို့ စတေးခံလိုက်ရတယ်..
ဒီလိုနဲ့ ငါ နဲ့ လူတစ်ချို့……
ငါဆိုတဲ့ အတ္တကို ရှေ့တန်းတင်လို့
လူတစ်ချို့ ဒုက္ခရောက်ခဲ့ရပြန်တယ်
စိုးမင်းထိုက်


အမေ့အိမ်

အိမ်

အူဝဲဆိုပြီး ထွက်လာခဲ့တည်းက
မပျက်မေတ္တာတွေနဲ့
အမေ…

လူဘ၀အစ ကလေးအရွယ်
လူတွေနားလည်တဲ့ ဘာသာစကားသင်ကြားပေးတဲ့
အမေ…

မူကြိုအရွယ် ကလေးဘဝ
လူများတန်း တန်းတူထားပေးခဲ့တဲ့
အမေ….

ကျောင်းပညာအတွက် မပူရအောင်
ဒုက္ခထမ်းပိုး ရဲရဲထမ်းခဲ့တဲ့
အမေ…

ဆယ်တန်းလေး အောင်တာကို
လူပုံအလယ် ၀ံ့ကြွားခဲ့တဲ့
အမေ…

ဘွဲ့ဓါတ်ပုံလေးနဲ့ သားကို
ဝမ်းသာမျက်ရည်တွေနဲ့ ကြည့်နေတဲ့
အမေ…

ဝေးတော့မှ မိဘမေတ္တာကြီးမှန်း
သား အခုသိနေရပြီ
အမေ…

ဘ၀ရဲ့ ခိုနားရာ နေရာလေး
အမေ့အိမ်လေးကို
သားသတိရနေတယ် အမေ….

စိုးမင်းထိုက်

ငါ့အတ္တ

ငါ
ငါ့ မိသားစုအတွက်
လူတစ်ချို့ စတေးခံလိုက်ရတယ်..
ငါ့ မိန်းမအတွက်
လူတစ်ချို့ စတေးခံလိုက်ရတယ်..

ငါ့ ချစ်သူအတွက်
လူတစ်ချို့ စတေးခံလိုက်ရတယ်..
ငါ့ ဘ၀အတွက်
လူတစ်ချို့ စတေးခံလိုက်ရတယ်..

ငါ့ ကောင်းစားဖို့
လူတစ်ချို့ စတေးခံလိုက်ရတယ်..
ငါ့ ကြီးပွါးဖို့
လူတစ်ချို့ စတေးခံလိုက်ရတယ်..

ငါ နာမည်ကြီးဖို့
လူတစ်ချို့ စတေးခံလိုက်ရတယ်..
ငါ လူအထင်ကြီးခံရဖို့
လူတစ်ချို့ စတေးခံလိုက်ရတယ်..

ငါ ဂုဏ်ပကာသနတွေရဖို့
လူတစ်ချို့ စတေးခံလိုက်ရတယ်..
ငါ ကိုယ်နဲ့ မထိုက်တန်တဲ့ နေရမှာမြဲဖို့
လူတစ်ချို့ စတေးခံလိုက်ရတယ်..

ငါ မတရားတာလုပ်ဖို့
လူတစ်ချို့ စတေးခံလိုက်ရတယ်..
ဒီလိုနဲ့ ငါ နဲ့ လူတစ်ချို့……
ငါဆိုတဲ့ အတ္တကို ရှေ့တန်းတင်လို့
လူတစ်ချို့ ဒုက္ခရောက်ခဲ့ရပြန်တယ်
စိုးမင်းထိုက်


ရထား

Photobucket
ရထား


အမြဲတမ်း နောက်ကျသူ နာရီအိုကြီးလို့
အမြဲတမ်း နောက်ကျနေသူ နာရီအိုကြီးကို တင်ဆောင်ကာ
ရထားထွက်ခဲ့ပြီ။

ကုန်းဘောင်ခေတ် ဘူတာကို
ထားခဲ့။
အထီးကျန်ရဲတိုက်ကို
ထားခဲ့။
ချည်မျှင်နဲ့ ရက်ထားတဲ့ အမရပူရမြို့ကို
ထားခဲ့။
လေတွေနဲ့ အိမ်ထောင်ရက်သားကျသူ
တောင်သမန်အင်းကို
ထားခဲ့။
သားပျက်ကျသူ သပြေတန်းကို
ထားခဲ့။
စစ်ပင်ကြီးကိုင်းပြီး တံတားဖြစ်နေတာကို
ထားခဲ့။
ရထားလာခဲ့ပြီ။

လောကီကြောင်းသမားလေး ရထားလေ
ရထားသွားမှာက
မြစ်မောင်နှံ သစ္စာထားတဲ့အရပ်၊

အဲသည်မှာက
နေဟာလည်း မျက်ဖြူလန်လို့ ၊

အဲသည်မှာက
တချို့မြစ်တွေဟာလည်း
အနားယူလို့ပေါ့။

အဲသည်မှာက
တောင်ခိုးနဲ့တိမ်တွေ
လင်ခန်းမယားခန်း အနေအထိုင်တွေကလည်းရှိ၊

အဲသည်မှာက
လဟာပြင်
တောင်တန်းနဲ့မြူတွေ
လူလိုသူလို အနေအထိုင်တွေကလည်းရှိ၊

အဲသည်မှာက
အောင်မြင်စွာ ဆုတ်ခွာခြင်းနဲ့ ကမ္ဘာကျော်ခဲ့
ခုတော့ မုဆိုးမလေးဘ၀ရောက်ရသူ
ကမ္ဘာကျော် လီဒိုလမ်းမလည်းရှိ၊




အဲသည်မှာက
ကမ္ဘာ့မြေ ရင်ဘတ်ထဲက အသည်းနှလုံးဟာ
အစိမ်းရောင် အသွေးအသားရှိ
သခင်ရှာ သခင်ရှားတဲ့ ရတနာတွေ ဘာတွေဖြစ်
အဲသည် ရတနာတွေက
အပျိုဖော်ဝင်ကြ
အပျိုသွေးကြွကြ
ရည်းစားသနာထားကြ
(ကမ္ဘာနဲ့ လူသားနဲ့ပေါ့)
ပြီး-
လင်ယူကြ သားမွေးကြ
မြွေတွေ တွင်းဝင်ဖြောင့်သလို
လျောခနဲ၊
ကြောင်တွေ ပေါ့ပါးသလို ပေါ့ပါးကြ၊
ဆင်တွေလို ခွန်အားဗလ ပြည့်သကြတာလည်း
ရှိသပေါ့၊

အဲသည်မှာ
လောကဓံတရားကလည်း ဂျပ်ခုတ်ပုဆိုးယက်နေသမို့
ရထားဟာ
အဲသည်ကို ချစ်တယ်ပေါ့၊

ရထားက
အဲသည်ကို စွဲလမ်းတယ်ပေါ့၊

ရထားက
အဲသည်မှာ ပျော်တယ်ပေါ့၊

ရထားရင်ခေါင်းထဲ
ဘယ်လို ရာသီဥတု ရောက်နေသလဲ
လူတွေ လူတွေ
မသိကြချေဘူး

ရထားပေါ် ဗိုလ်ကျစိုးမိုးပြီး
ကိုယ်လိုရာခရီး ရောက်ဖို့ပဲ
စိတ်တွေ
စောနေကြ
ရထားလာခဲ့ပြီလေ။

ရထားပေါ်မှာ
ဗုံသံတွေထဲ
ကျွံကျခဲ့သူ လူငယ်တစ်ယောက်လည်းပါရှိ၊

အဲသည်သူငယ်က ဖြားယောင်းခဲ့လို့မို့
ဆရာဝန်ဘ၀ မေ့ခဲ့ရသူ
ကောင်မလေးတစ်ယောက်လည်းပါရှိ

ရထားတွဲတစ်တွဲလုံး
ငေါက်ငမ်းသူလည်းပါရှိ၊

နွားပွဲပြန် အရက်မူးတောသား
စကားတဖောင်ဖောင်လည်းပါရှိ၊

မြို့တစ်မြို့လုံး
ဝယ်ချမ်း စားသောက်ခဲ့သူလည်းပါရှိ

ဆယ်ဘ၀ပြောင်းလည်း
သစ္စာမရနိုင်သူလည်းပါရှိ

အရက်မသောက်လိုက်ရတဲ့
မြို့တစ်မြို့လည်းပါရှိ

“ငွေကို ရေချိုးရမှ ရောဂါ ပျောက်တယ်ဗျ”လို့ ပြောပြီး
အမှန်တကယ်
နလန်ထလာသူလည်းပါရှိ၊

ကားလည်းမရှိ အိမ်လည်းမရှိ
အကျီင်္လည်းမရှိ
မရှိသူလည်းပါရှိ

မကောင်းမပြောချင်ပေမယ့်
ပြောလိုက်မိပါရဲ့
သုံးလင်ပြောင်းတဲ့ မိန်းမလည်းပါရှိ
သုံးကျောင်းပြောင်းတဲ့ ရဟန်းလည်း ပါရှိသပေါ့။

ဘယ်တောဝင်ဝင်
ဘယ်တောင်တက်တက်
အရောင်မပြောင်းဘူးဆိုတဲ့
ကင်းလိပ်ချောလည်းပါရှိ

ကိုယ်ကျိုးစွန့်သူ
သူဆင်းရဲသားလေးလည်းပါရှိ
ဒေသထွက် ရာသီစာလေးတွေလည်းပါရှိ

ကမ္ဘာသုံး ဘာသာစကား ပြောတတ်ရုံနဲ့
အနုပညာရပြီလို့
ဘ၀င်မြောက်နေတဲ့လူလည်းပါရှိ

ကြေးစားဘ၀မှာ နူဝဲနေသူနဲ့
သူ့ရဲ့ကိုယ်နံ့လည်းပါရှိ
မုဆိုးခြုံက မယားနဲ့ ကွဲနေသူလည်းပါရှိ

နွားခိုး ဘိန်းစားနဲ့ ဘုရားတကာလည်း
ပါရှိခဲ့တယ်ပေါ့
ရထားလာခဲ့ပြီ။

ရေနစ်နေတဲ့ ကျောက်ခဲရဲ့
တသွင်သွင်မျက်ရည်လည်းပါရှိ
ခါးတောင်းကျိုက်ပြုတ်ကျတဲ့
ချောတိုင်တက်သမားလည်းပါရှိ

ရထားဟာ
ကုန်သည်လေမှန်တွေကိုလည်း
သယ်ဆောင်လာခဲ
့ရ

ရထားဟာ
ရွှေဘိုမြင်းပေါစတွေကိုလည်း
သယ်ဆောင်လာခဲ့ရ

ရထားဟာ
ကြက်ခြင်းနဲ့ ကြက်ခြင်းထဲက ကြက်တွေကိုလည်း
သယ်ဆောင်လာခဲ့ရ

ရထားဟာ
သဲကန္တာရ အသွင်ပြောင်း နေထိုင်တဲ့
ပင်လယ်ကိုလည်း
သယ်ဆောင်လာခဲ့ရ

ရထားဟာ
မြို့အရက် တောအရက်တွေကို
အားပေး သောက်သုံးခဲ့ရ
သယ်ဆောင်လာခဲ့ရ

ရထားဟာ
ညအနေအထိုင်နဲ့ နေ့တွေကို
သယ်ဆောင်လာခဲ့ရ

ရထားဟာ
သူဖြတ်ကျော် နင်းမိသမျှ
တံတားတွေကိုလည်း
သူပြန်တင်ဆောင်လာခဲ့ရ

ရထားဟာ
သူကြည့်မိသမျှ
ရှုမျှော်ခင်းတွေ
အဲသည် ရှုမျှော်ခင်းတွေရဲ့
ကိုယ်ရည်ကိုယ်သွေးတွေကိုပါ
သူပြန်တင်ဆောင်လာခဲ့ရ

ရထားဟာ
သူ့ခေါင်းပေါ်က
ကိလေသတိမ်တိုက်တွေကိုလည်း
တင်ဆောင်လာခဲ့ရ

ရထားဟာ
သူ့အောက်က
သိမ်ငယ်စိတ်မွေးတဲ့ ချောင်းပေါက်စတွေကိုလည်း
တင်ဆောင်လာခဲ့ရ

ရထားဟာ
သူ့ဘေးဝဲယာက
လောကပါလ တောင်တန်းတွေကိုလည်း
တင်ဆောင်လာခဲ့ရ

ရထားဟာ
လောကီကြောင်းသမားဆိုတော့
မိုင်းမနင်းမိအောင်လည်း
ခမျာမှာ သတိကထားရသေးသပေါ့၊

ဒါပေမယ့်
ရထားလာခဲ့ပါတယ်။

သည်လိုနဲ့
ရထားဟာ
ရုပ်ရည် သနားကမားမြို့တွေ
ချိုင်းချွေးစော်နံတဲံ အိုးအိမ်တိုက်တာတွေ
အသံကောင်တဲ့ တောအုပ်တွေ
အမြဲစိမ်းတောနဲ့ ရွက်ကြွေတော
ကိုယ်လက်နှီးနှောကြ ဒေသတွေ
ဖားတို့ရဲ့ သြဂတ်စတာ လယ်ကွင်းတွေ
သစ်ခုတ်သမား လက်စွမ်းပြ
တောပြောင်ပြောင်တွေ
ပေါင်မုန့်မီးကင်ထားသလို
မြို့တွေ
မုန့်လေပွေလို ရွာတွေ
ရထားဟာ
ဘဏ်စာရေးတစ်ယောက် ငွေတွေရေတွက်သလိုက
တစ်မြို့ပြီးတစ်မြို့ ရေတွက်
တစ်ခုပြီးတစ်ခု ရေတွက်
တစ်တောင်ပြီးတစ်တောင် ရေတွက်
အားလုံးကို ရေတွက်
ရထားခရီးဆက်ခဲ့တယ်ပေါ့။

သည်လိုနဲ့
ရထားဟာ
နဘားဆိုတဲ့
အပ်နဖားပေါက်ကလေးတစ်ပေါက်မှာ
မျက်နှာသစ်ပြီးတဲ့နော်က
ရှေ့ဆက်ခရီးဆက်မယ်လို့
ရေထိတဲ့ကြောင် အမွှေးခါသလို
သူ့ကိုယ်ကို လှုပ်ခါလိုက်ချိန်မှာ

နှစ်သုံးဆယ်လုံးလုံး ပျောက်ဆုံးနေတဲ့
မြို့တစ်မြို့
ဘီးလှိမ့်စ ရထားပေါ်
ဖျတ်ခနဲ ခုန်တက်လိုက်ပါ
ရထားပေါ် ရထားပါလာခဲ့တာကိုပဲ
ရထားပေါ် ရထားတင်ခဲ့ရတာကိုပဲ

ရထား
စိတ်ပျက်ခဲ့တယ်
ရထားလာခဲ့ပြီး။ ။

ဆရာ မောင်ချောနွယ်ရဲ့ ၁၉၉၀ ထုတ်ကဗျာလေးပါ.. ကျနော်မိတ်ဆွေများ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်..

ရထား

Photobucket
ရထား


အမြဲတမ်း နောက်ကျသူ နာရီအိုကြီးလို့
အမြဲတမ်း နောက်ကျနေသူ နာရီအိုကြီးကို တင်ဆောင်ကာ
ရထားထွက်ခဲ့ပြီ။

ကုန်းဘောင်ခေတ် ဘူတာကို
ထားခဲ့။
အထီးကျန်ရဲတိုက်ကို
ထားခဲ့။
ချည်မျှင်နဲ့ ရက်ထားတဲ့ အမရပူရမြို့ကို
ထားခဲ့။
လေတွေနဲ့ အိမ်ထောင်ရက်သားကျသူ
တောင်သမန်အင်းကို
ထားခဲ့။
သားပျက်ကျသူ သပြေတန်းကို
ထားခဲ့။
စစ်ပင်ကြီးကိုင်းပြီး တံတားဖြစ်နေတာကို
ထားခဲ့။
ရထားလာခဲ့ပြီ။

လောကီကြောင်းသမားလေး ရထားလေ
ရထားသွားမှာက
မြစ်မောင်နှံ သစ္စာထားတဲ့အရပ်၊

အဲသည်မှာက
နေဟာလည်း မျက်ဖြူလန်လို့ ၊

အဲသည်မှာက
တချို့မြစ်တွေဟာလည်း
အနားယူလို့ပေါ့။

အဲသည်မှာက
တောင်ခိုးနဲ့တိမ်တွေ
လင်ခန်းမယားခန်း အနေအထိုင်တွေကလည်းရှိ၊

အဲသည်မှာက
လဟာပြင်
တောင်တန်းနဲ့မြူတွေ
လူလိုသူလို အနေအထိုင်တွေကလည်းရှိ၊

အဲသည်မှာက
အောင်မြင်စွာ ဆုတ်ခွာခြင်းနဲ့ ကမ္ဘာကျော်ခဲ့
ခုတော့ မုဆိုးမလေးဘ၀ရောက်ရသူ
ကမ္ဘာကျော် လီဒိုလမ်းမလည်းရှိ၊




အဲသည်မှာက
ကမ္ဘာ့မြေ ရင်ဘတ်ထဲက အသည်းနှလုံးဟာ
အစိမ်းရောင် အသွေးအသားရှိ
သခင်ရှာ သခင်ရှားတဲ့ ရတနာတွေ ဘာတွေဖြစ်
အဲသည် ရတနာတွေက
အပျိုဖော်ဝင်ကြ
အပျိုသွေးကြွကြ
ရည်းစားသနာထားကြ
(ကမ္ဘာနဲ့ လူသားနဲ့ပေါ့)
ပြီး-
လင်ယူကြ သားမွေးကြ
မြွေတွေ တွင်းဝင်ဖြောင့်သလို
လျောခနဲ၊
ကြောင်တွေ ပေါ့ပါးသလို ပေါ့ပါးကြ၊
ဆင်တွေလို ခွန်အားဗလ ပြည့်သကြတာလည်း
ရှိသပေါ့၊

အဲသည်မှာ
လောကဓံတရားကလည်း ဂျပ်ခုတ်ပုဆိုးယက်နေသမို့
ရထားဟာ
အဲသည်ကို ချစ်တယ်ပေါ့၊

ရထားက
အဲသည်ကို စွဲလမ်းတယ်ပေါ့၊

ရထားက
အဲသည်မှာ ပျော်တယ်ပေါ့၊

ရထားရင်ခေါင်းထဲ
ဘယ်လို ရာသီဥတု ရောက်နေသလဲ
လူတွေ လူတွေ
မသိကြချေဘူး

ရထားပေါ် ဗိုလ်ကျစိုးမိုးပြီး
ကိုယ်လိုရာခရီး ရောက်ဖို့ပဲ
စိတ်တွေ
စောနေကြ
ရထားလာခဲ့ပြီလေ။

ရထားပေါ်မှာ
ဗုံသံတွေထဲ
ကျွံကျခဲ့သူ လူငယ်တစ်ယောက်လည်းပါရှိ၊

အဲသည်သူငယ်က ဖြားယောင်းခဲ့လို့မို့
ဆရာဝန်ဘ၀ မေ့ခဲ့ရသူ
ကောင်မလေးတစ်ယောက်လည်းပါရှိ

ရထားတွဲတစ်တွဲလုံး
ငေါက်ငမ်းသူလည်းပါရှိ၊

နွားပွဲပြန် အရက်မူးတောသား
စကားတဖောင်ဖောင်လည်းပါရှိ၊

မြို့တစ်မြို့လုံး
ဝယ်ချမ်း စားသောက်ခဲ့သူလည်းပါရှိ

ဆယ်ဘ၀ပြောင်းလည်း
သစ္စာမရနိုင်သူလည်းပါရှိ

အရက်မသောက်လိုက်ရတဲ့
မြို့တစ်မြို့လည်းပါရှိ

“ငွေကို ရေချိုးရမှ ရောဂါ ပျောက်တယ်ဗျ”လို့ ပြောပြီး
အမှန်တကယ်
နလန်ထလာသူလည်းပါရှိ၊

ကားလည်းမရှိ အိမ်လည်းမရှိ
အကျီင်္လည်းမရှိ
မရှိသူလည်းပါရှိ

မကောင်းမပြောချင်ပေမယ့်
ပြောလိုက်မိပါရဲ့
သုံးလင်ပြောင်းတဲ့ မိန်းမလည်းပါရှိ
သုံးကျောင်းပြောင်းတဲ့ ရဟန်းလည်း ပါရှိသပေါ့။

ဘယ်တောဝင်ဝင်
ဘယ်တောင်တက်တက်
အရောင်မပြောင်းဘူးဆိုတဲ့
ကင်းလိပ်ချောလည်းပါရှိ

ကိုယ်ကျိုးစွန့်သူ
သူဆင်းရဲသားလေးလည်းပါရှိ
ဒေသထွက် ရာသီစာလေးတွေလည်းပါရှိ

ကမ္ဘာသုံး ဘာသာစကား ပြောတတ်ရုံနဲ့
အနုပညာရပြီလို့
ဘ၀င်မြောက်နေတဲ့လူလည်းပါရှိ

ကြေးစားဘ၀မှာ နူဝဲနေသူနဲ့
သူ့ရဲ့ကိုယ်နံ့လည်းပါရှိ
မုဆိုးခြုံက မယားနဲ့ ကွဲနေသူလည်းပါရှိ

နွားခိုး ဘိန်းစားနဲ့ ဘုရားတကာလည်း
ပါရှိခဲ့တယ်ပေါ့
ရထားလာခဲ့ပြီ။

ရေနစ်နေတဲ့ ကျောက်ခဲရဲ့
တသွင်သွင်မျက်ရည်လည်းပါရှိ
ခါးတောင်းကျိုက်ပြုတ်ကျတဲ့
ချောတိုင်တက်သမားလည်းပါရှိ

ရထားဟာ
ကုန်သည်လေမှန်တွေကိုလည်း
သယ်ဆောင်လာခဲ့ရ

ရထားဟာ
ရွှေဘိုမြင်းပေါစတွေကိုလည်း
သယ်ဆောင်လာခဲ့ရ

ရထားဟာ
ကြက်ခြင်းနဲ့ ကြက်ခြင်းထဲက ကြက်တွေကိုလည်း
သယ်ဆောင်လာခဲ့ရ

ရထားဟာ
သဲကန္တာရ အသွင်ပြောင်း နေထိုင်တဲ့
ပင်လယ်ကိုလည်း
သယ်ဆောင်လာခဲ့ရ

ရထားဟာ
မြို့အရက် တောအရက်တွေကို
အားပေး သောက်သုံးခဲ့ရ
သယ်ဆောင်လာခဲ့ရ

ရထားဟာ
ညအနေအထိုင်နဲ့ နေ့တွေကို
သယ်ဆောင်လာခဲ့ရ

ရထားဟာ
သူဖြတ်ကျော် နင်းမိသမျှ
တံတားတွေကိုလည်း
သူပြန်တင်ဆောင်လာခဲ့ရ

ရထားဟာ
သူကြည့်မိသမျှ
ရှုမျှော်ခင်းတွေ
အဲသည် ရှုမျှော်ခင်းတွေရဲ့
ကိုယ်ရည်ကိုယ်သွေးတွေကိုပါ
သူပြန်တင်ဆောင်လာခဲ့ရ

ရထားဟာ
သူ့ခေါင်းပေါ်က
ကိလေသတိမ်တိုက်တွေကိုလည်း
တင်ဆောင်လာခဲ့ရ

ရထားဟာ
သူ့အောက်က
သိမ်ငယ်စိတ်မွေးတဲ့ ချောင်းပေါက်စတွေကိုလည်း
တင်ဆောင်လာခဲ့ရ

ရထားဟာ
သူ့ဘေးဝဲယာက
လောကပါလ တောင်တန်းတွေကိုလည်း
တင်ဆောင်လာခဲ့ရ

ရထားဟာ
လောကီကြောင်းသမားဆိုတော့
မိုင်းမနင်းမိအောင်လည်း
ခမျာမှာ သတိကထားရသေးသပေါ့၊

ဒါပေမယ့်
ရထားလာခဲ့ပါတယ်။

သည်လိုနဲ့
ရထားဟာ
ရုပ်ရည် သနားကမားမြို့တွေ
ချိုင်းချွေးစော်နံတဲံ အိုးအိမ်တိုက်တာတွေ
အသံကောင်တဲ့ တောအုပ်တွေ
အမြဲစိမ်းတောနဲ့ ရွက်ကြွေတော
ကိုယ်လက်နှီးနှောကြ ဒေသတွေ
ဖားတို့ရဲ့ သြဂတ်စတာ လယ်ကွင်းတွေ
သစ်ခုတ်သမား လက်စွမ်းပြ
တောပြောင်ပြောင်တွေ
ပေါင်မုန့်မီးကင်ထားသလို
မြို့တွေ
မုန့်လေပွေလို ရွာတွေ
ရထားဟာ
ဘဏ်စာရေးတစ်ယောက် ငွေတွေရေတွက်သလိုက
တစ်မြို့ပြီးတစ်မြို့ ရေတွက်
တစ်ခုပြီးတစ်ခု ရေတွက်
တစ်တောင်ပြီးတစ်တောင် ရေတွက်
အားလုံးကို ရေတွက်
ရထားခရီးဆက်ခဲ့တယ်ပေါ့။

သည်လိုနဲ့
ရထားဟာ
နဘားဆိုတဲ့
အပ်နဖားပေါက်ကလေးတစ်ပေါက်မှာ
မျက်နှာသစ်ပြီးတဲ့နော်က
ရှေ့ဆက်ခရီးဆက်မယ်လို့
ရေထိတဲ့ကြောင် အမွှေးခါသလို
သူ့ကိုယ်ကို လှုပ်ခါလိုက်ချိန်မှာ

နှစ်သုံးဆယ်လုံးလုံး ပျောက်ဆုံးနေတဲ့
မြို့တစ်မြို့
ဘီးလှိမ့်စ ရထားပေါ်
ဖျတ်ခနဲ ခုန်တက်လိုက်ပါ
ရထားပေါ် ရထားပါလာခဲ့တာကိုပဲ
ရထားပေါ် ရထားတင်ခဲ့ရတာကိုပဲ

ရထား
စိတ်ပျက်ခဲ့တယ်
ရထားလာခဲ့ပြီး။ ။

ဆရာ မောင်ချောနွယ်ရဲ့ ၁၉၉၀ ထုတ်ကဗျာလေးပါ.. ကျနော်မိတ်ဆွေများ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်..

ညမီးကျီး အပိုင်း (၂)

ပို၍အန္တရာယ်ကြီးသည်ဟု ဆိုပါစို့။ အခုလွှတ်တင်နေကြသော မီးပုံးပျံများတွင် အမျိုးအစား နှစ်ခုကွဲပြား၏။ တစ်ခုက “စိန်နားပန်” ဟုခေါ်သော အလှချိတ်ဆွဲ တန်ဆာဆင်ရုံသက်သက်မီးပုံးပျံအမျိုးအစား။ နောက်တစ်ခုက “ညမီးကျီး”ဟုခေါ်သော မီးရှုးမီးပန်းဖောက်သည့် အမျိုးအစား။ စော၏ ယခုနှစ်ညသုံးည မီးပုံးပျံကြည့်ရသည့် အတွေ့အကြုံအရပြောလျှင်
“ညမီးကျီး”မီးပုံးပျံက ပို၍စိတ်လှုပ်ရှားစရာကောင်းသည်။ သူကကောင်းကင်အမြင့်သို့ရောက်သောအခါ တစ်ဆင့်ပြီးတစ်ဆင့် အမျိုးအစားကွဲပြားစွာ လှပစွာပေါက်ကွဲပြလေသည်။ ဘေးပတ်ဝန်းကျင်လေထုထဲ အမှောင်ထုထဲသို့ တည့်တည့် ထိုးဖောက်ဖြာထွက်သော မီးရှူးမီးပန်းများကတစ်ဆင့် ထို့နောက်ငါးကလေးတွေ ရေမှာကူးလွန့်ကူခတ်သလို လှစ်ခနဲလှစ်ခနဲဖြာထွက်သော မီးရှူးများကဆင့်၊ထို့နောက် ခိုကလေးများ ပျံသန်းသွားသလို မီးရှူးမီးပန်းကလေးများ လေမှာဝေ့၀ဲပျံတက်ကာ လောင်ကျွမ်းစေသည့် ခိုပျံဟု အမည်ရသော ပေါက်ကွဲမှု အမျိုးအစားကလေးများက
တစ်ဆင့်၊ ကောင်းကင်သို့ တောက်ပသောမီးပုံးပျံကြီးတက်နေသည့်အချိန်အတွင်း နောက်ထပ်ဆင့်ကဲဆင့်ကဲ ရောင်စုံဖြာထွက်သောမီးရှူးမီးပန်းလှလှများ၏ ပုံစံအမျိုးအမျိုး၊ လှပဆန်းကြယ်မှုအမျိုးမျိုးကို စုစည်းရောနှောကာ
မြင်ရကြည့်ရသည်မို့ ပြည့်စုံစွာ စိတ်လှုပ်ရှားစေတတ်သည်။အဲသည် အဆင့်ဆင့်သော မီးရှူးမီးပန်းများကို စနစ်တကျလှပစွာ ပေါက်ကွဲအောင်တွက်ချက်ပြီး တပ်ဆင်ရသည့်အတက်ပညာကလည်းတော်တော်ချီးကျူးဖို့ကောင်းပါသည်။

Photobucket



“လေကြောင်းပြောင်းသွားပါတယ်ခင်ဗျား၊ ပရိသတ်များ သတိထားကြပါ၊ မီးပုံးပျံရဲ့အောက် တည့်တည့်မှာမနေကြပါနဲ့ခင်ဗျား”
မီးပုံးပျံကြီးသည် ဘေးတိုက်ရွေ့လျားလျက် အကဲဖြတ်လူကြီးများ ထိုင်ကြည့်ရာ ပွဲကြည့်စင်၏အနောက်ဘက်သို့ ယိမ်းထိုးပါသွားသည်။ လူတချို့ အော်ဟစ်ကာ ပြေးလွှားနေကြသည်။ မီးသတ်ကားသည် အဆင်သင့်စက်နှိုးကာ ကွင်းပြင်ဆီသို့ ဦးတည်ထားရာမှ စတင်မောင်းထွင်လေသည်။

“မီးသတ်ကားရဲ့ ရှေ့တည့်တည့်မှာ မနေကြပါနဲ့ခင်ဗျား၊လွတ်ရာသို့ ရွှေ့ပေးကြပါခင်ဗျား”

မီးပုံးပျံကြီးဆီသို့ အုန်းခနဲ ပေါက်ကွဲသံတစ်ချက်ကြားလိုက်ရသည်။
ဝေါခနဲအောင်ဟစ်သံများ ကြားရသည်။ စော၏ဘေးနားကလူတွေအထိတ်တလန့်ပြေးရာ စောသည် ထိုလူအုပ်နှင့်အတူ ကပ်ငြိပြီးရွေ့သွားသည်။

“စော . . .”

သူ့အသံသည် အထိတ်တလန့် အော်ဟစ်သော လူအုပ်အသံနှင့် ရောထွေးသွား၏။ စောတို့ရပ်နေသော ကွင်းပြင်သည် ညီညာသောမြေပြင်မဟုတ်။ အနည်းငယ်စောင်းနိမ့်သွားသော ဆင်ခြေလျှောမြေပြင်ဖြစ်သည်။ ထို့ကြောင့်ပြေးလွှားရင်းမှ အရှိန်အထိန်းနိုင်ဘဲ စောတစ်ချက်ခြေခေါက်ကာလဲကျသွားသည်။ လူတွေသည် စော၏ခြေတွေ လက်တွေကို
အမှုမဲ့အမှတ်မဲ့ တက်နင်းပြေးကြ၏။ နာကျင်မှုနှင့် ထိတ်လန့်မှုပေါင်းစပ်ကာလဲရာမှ ဇွတ်ထထိုင်ဖို့ကြိုးစားဆဲ လက်တစ်ဖက်က စော၏ပခုံးမှ ဆွဲညှစ်ကာထူမပေးလိုက်သည်။

“ကျေးဇူး”

ကျေးဇူးတင်စကားဆိုဖို့ အာရုံသိစိတ်ဖြင့် စကားစလိုက်ပေမယ့် ထိုသူက စောကိုလက်မောင်းရင်းမှ တင်းတင်းဆုပ်ကာ သူ့နောက်ဘက်သို့ တွန်းပို့ပြီးအကာအကွယ်ပေးလိုက်သဖြင့် စကားစပြတ်သွားသည်။ ရုပ်ရုပ်သဲသဲလူအုပ်ကို
ရှောင်ရင်း၊ မတ်တတ်ရပ်အတွန်းခံရင်း အမှောင်တစ်ဝက် အလင်းတစ်ဝက်အောက်မှာ မြင်လိုက်ရသော မျက်နှာကတော့ မျက်ခွံမို့မို့နှင့် နုနယ်သေးသော လူငယ်တစ်ဦး၏မျက်နှာပဲ။ ရှမ်းလား၊ အင်းသားလား၊ ပအိုဝ်းလား။ တောင်ပေါ်တိုင်းရင်းသားလူမျိုးမှန်းတော့ သိသည်။

“ကျေးဇူးတင်ပါတယ်”

ထိုစကားကို သူကြားပုံမရ။ သူ့အာရုံသည် သူ့လက်မောင်းမှ တင်းတင်းဆွဲဆုပ်ထားမိ

ညမီးကျီး အပိုင်း (၁)

ဘာလိုလိုနဲ့ ကျနော်မြို့လေးရဲ့ အမှတ်အသားလေးဖြစ်တဲ့ တောင်ကြီးတန်ဆောင်တိုင်တောင် ရောက်တော့မယ်ဗျာ.. ဒီတစ်နှစ်လည်း မပြန်ဖြစ်တော့ဘူးနဲ့တူပါတယ်.. အလုပ်တွေကများ၊ စိတ်တွေကရှုပ်နဲ့ အားလပ်ချိန်လေးရတော့လည်း မြန်မာပြည်ကိုလွမ်းတဲ့ စိတ်လေးကြောင့် မြန်မာ Site၊ Blog တွေ လည်နဲ့ အချိန်ကုန်သွားပါတယ်.. ဒီနေ့ ကျနော် မြန်မာ e-book ကိုသွားမွှေလိုက်တာ ကျနော်ရဲ့ မြို့လေးအကြောင်းပါတယ် စာရေးဆရာမ ဂျူးရဲ့ "ညမီးကျီး" ဆိုတဲ့ စာအုပ်လေးကို တွေ့လိုက်တော့ အမှတ်တရ အနေနဲ့ တင်ပေးလိုက်ပါတယ်..


ညမီးကျီး

Photobucket

အကဲဖြတ်ဒိုင်လူကြီးအဖွဲ့က အသံချဲ့စက်ဖြင့်အော်၍ သတိပေးကြော်ငြာလိုက်၏။

“အခုတစ်ခါယှဉ်ပြိုင်ဖို့အလှည့် ကျတာကတော့ ရွှေအင်သားအဖွဲ့ရဲ့
ညမီးကျီးဖြစ်ပါတယ်” ။
လက်ခုပ်သံများ လက်ခေါက်မှတ်သံများကိုကြားလိုက်ရသည်။(ရွှေအင်းသား}အဖွဲ့ကို အားပေးသူများလည်းပါမည်။
ညမီးကျီးဟူသောအမျိုးအစားအပေါ် အားရကျေနပ်စွာ အားပေးသူများလည်းပါလိမ့်မည်။ တောင်ပေါ်ကွင်းပြင်တစ်ခုလုံး ကြိတ်ကြိတ်တိုးစည်ကားကျပ်ညပ်နေသော ပရိသတ်သည် တဖြည်းဖြည်းစူးရှသိပ်သည်းလာသော အအေးဒဏ်ကို သတိမပြုမိသလိုပင်ဖြစ်သည်။ ဇွဲကောင်းလှပါပေရဲ့ဟု စော ကမှတ်ချက်ချမိသည်။ စောအနီးမှာရပ်နေသော စောယောင်္ကျားသည်
မီးပုံးပျံများစောင့်ကြည့်ခြင်းကို သိပ်စိတ်ဝင်စားပုံမရ။၁၅မီနစ်တခါလောက် လက်ပတ်နာရီကို ကြည့်နေ၏။

"အမြင့်ပေ၆၀၊ထိပ်ဝအကျယ်၂၅ပေရှိပါတယ်၊ ချိတ်ဆွဲထားတဲ့ ယမ်းအလေးချိန် ကတော့ ပိသာ၄၀တိတိဖြစ်ပါတယ်” ။

ပရိသတ်က ဝေါခနဲအာမေဍိတ်သံပြုလိုက်ကြသည်။ယမ်းပိသာချိန်များသည့်အခါ ထိုမီးပုံးပျံကြီးကောင်းကင်မရောက်မီပေါက်ကွဲခဲ့သော် ရရှိလာမည့်အန္တရာယ်သည်တော်တော်ကြီးမားမည်ဖြစ်သည်။

”ကုန်ကျစရိတ် စုစုပေါင်းကျပ် နှစ်သိန်းတိတိဖြစ်ပါတယ်ခင်ဗျား”

အဲဒီကုန်ကျစရိတ်ကျပ်နှစ်သိန်းရှိပြီးယမ်းပိသာချိန်၄၀ရှိသောမီးပုံးပျံကြီးကို မှိုင်းတိုက်နေကြပြီဖြစ်သည်။

မီးပုံးပျံကြီးကိုမှိုင်းဝအောင်မီးရှို့မှိုင်းတိုက်နေချိန်မှာ ရွှေအင်းသားအဖွဲ့၏ ဖျော်ဖြေရေး တာဝန်ခံအဖွဲ့ငယ်က အိုးစည်ဗုံမောင်းများတီးခတ်ပြီး နောင်ဗေနောင်ဖြင့် ရိုးရာအက ကနေကြသည်။ စောသည် ပျော်ရွှင်စွာတီးမှုတ်နေသူများ၊မှိုင်းတိုက်နေသူများ၊အလုပ်ရှုပ်စွာတ က်ကြွနေကြသူများကိုခြေဖျားထောက်ကာ လူအုပ်နောက်မှကြည့်ရင်း အံ့သြနေသည်။
သြော် . . . ငွေနှစ်သိန်းကို လှလှပပမီးရှို့ပြဖို့ လူအင်အားတွေ အချိန်တွေ ဘယ်လောက်စတေးခဲ့ရပါသလဲ။ သူတို့ဘာအတွက်လုပ်နေကြတာလဲ။ အနုပည်အတွက်သက်သက်ပဲလား။ သူတို့အတ္တ…၊ သူတို့ဂုဏ်သိက္ခာအတွက်လည်းပါမှာပေါ့လေ။

“စော ပြန်ကြဖို့ကောင်းပြီးထင်တယ်၊နှစ်နာရီထိုးနေပြီ”
“ ခဏလေး၊ဒီတစ်လုံးကြည့်ပြီးရင် ပြန်မယ်”
သူ့ကို"မောင်”ဟူသော အသုံးအနှုန်းဖြင့်ဆက်ဆံလို့မရခဲ့သည်မှာ နှစ်နှစ်ကြာခဲ့တာလား၊သုံးနှစ်ကြာခဲ့တာလား စောကောင်းကောင်းမမှိတ်မိတော့ချေ။ သူ့အတွက် စော သည် လူသားတစ်ယောက်မဟုတ်တော့ဘဲ
ဇနီးအဖြစ်တီထွင်ခံထားရသည့် စက်ရုပ်တစ်ခုသာဖြစ်တော့သည်။ တစ်ခါတုန်းက အဲသည့်စက်ရုပ်သည် ချစ်မြတ်နိုးတက် ကြင်နာတက်သော ဇနီးဖြစ်ခဲ့သတဲ့။ စော သူ့ကို ဘာကြောင့်များ ချစ်ခဲ့မိပါလိမ့်။ ညသန်းခေါင်ကျော်ကာလ၊အမှောင်ထု သိပ်သည်းနေဆဲအချိန်မှာ စောသည် သူမယောင်္ကျားအား စေ့စေ့စပ်စပ် မော့်ကြည့်လိုက်မိသည်။ စော သူ့ကိုဘာတွေချစ်မိခဲ့တာလဲ။ သူမျက်နှာမှာ၊သူ့ဟန်အမူအရာမှာ စောချစ်ချင်စရာ ဘာမှကိုရှာမတွေ့ချေ။ စောကိုယ့်ကိုယ်ကို သဘောကျစွာ
အသံထွက် ရယ်လိုက်မ

ညမီးကျီး အပိုင်း (၂)

ပို၍အန္တရာယ်ကြီးသည်ဟု ဆိုပါစို့။ အခုလွှတ်တင်နေကြသော မီးပုံးပျံများတွင် အမျိုးအစား နှစ်ခုကွဲပြား၏။ တစ်ခုက “စိန်နားပန်” ဟုခေါ်သော အလှချိတ်ဆွဲ တန်ဆာဆင်ရုံသက်သက်မီးပုံးပျံအမျိုးအစား။ နောက်တစ်ခုက “ညမီးကျီး”ဟုခေါ်သော မီးရှုးမီးပန်းဖောက်သည့် အမျိုးအစား။ စော၏ ယခုနှစ်ညသုံးည မီးပုံးပျံကြည့်ရသည့် အတွေ့အကြုံအရပြောလျှင်
“ညမီးကျီး”မီးပုံးပျံက ပို၍စိတ်လှုပ်ရှားစရာကောင်းသည်။ သူကကောင်းကင်အမြင့်သို့ရောက်သောအခါ တစ်ဆင့်ပြီးတစ်ဆင့် အမျိုးအစားကွဲပြားစွာ လှပစွာပေါက်ကွဲပြလေသည်။ ဘေးပတ်ဝန်းကျင်လေထုထဲ အမှောင်ထုထဲသို့ တည့်တည့် ထိုးဖောက်ဖြာထွက်သော မီးရှူးမီးပန်းများကတစ်ဆင့် ထို့နောက်ငါးကလေးတွေ ရေမှာကူးလွန့်ကူခတ်သလို လှစ်ခနဲလှစ်ခနဲဖြာထွက်သော မီးရှူးများကဆင့်၊ထို့နောက် ခိုကလေးများ ပျံသန်းသွားသလို မီးရှူးမီးပန်းကလေးများ လေမှာဝေ့၀ဲပျံတက်ကာ လောင်ကျွမ်းစေသည့် ခိုပျံဟု အမည်ရသော ပေါက်ကွဲမှု အမျိုးအစားကလေးများက
တစ်ဆင့်၊ ကောင်းကင်သို့ တောက်ပသောမီးပုံးပျံကြီးတက်နေသည့်အချိန်အတွင်း နောက်ထပ်ဆင့်ကဲဆင့်ကဲ ရောင်စုံဖြာထွက်သောမီးရှူးမီးပန်းလှလှများ၏ ပုံစံအမျိုးအမျိုး၊ လှပဆန်းကြယ်မှုအမျိုးမျိုးကို စုစည်းရောနှောကာ
မြင်ရကြည့်ရသည်မို့ ပြည့်စုံစွာ စိတ်လှုပ်ရှားစေတတ်သည်။အဲသည် အဆင့်ဆင့်သော မီးရှူးမီးပန်းများကို စနစ်တကျလှပစွာ ပေါက်ကွဲအောင်တွက်ချက်ပြီး တပ်ဆင်ရသည့်အတက်ပညာကလည်းတော်တော်ချီးကျူးဖို့ကောင်းပါသည်။

Photobucket



“လေကြောင်းပြောင်းသွားပါတယ်ခင်ဗျား၊ ပရိသတ်များ သတိထားကြပါ၊ မီးပုံးပျံရဲ့အောက် တည့်တည့်မှာမနေကြပါနဲ့ခင်ဗျား”
မီးပုံးပျံကြီးသည် ဘေးတိုက်ရွေ့လျားလျက် အကဲဖြတ်လူကြီးများ ထိုင်ကြည့်ရာ ပွဲကြည့်စင်၏အနောက်ဘက်သို့ ယိမ်းထိုးပါသွားသည်။ လူတချို့ အော်ဟစ်ကာ ပြေးလွှားနေကြသည်။ မီးသတ်ကားသည် အဆင်သင့်စက်နှိုးကာ ကွင်းပြင်ဆီသို့ ဦးတည်ထားရာမှ စတင်မောင်းထွင်လေသည်။

“မီးသတ်ကားရဲ့ ရှေ့တည့်တည့်မှာ မနေကြပါနဲ့ခင်ဗျား၊လွတ်ရာသို့ ရွှေ့ပေးကြပါခင်ဗျား”

မီးပုံးပျံကြီးဆီသို့ အုန်းခနဲ ပေါက်ကွဲသံတစ်ချက်ကြားလိုက်ရသည်။
ဝေါခနဲအောင်ဟစ်သံများ ကြားရသည်။ စော၏ဘေးနားကလူတွေအထိတ်တလန့်ပြေးရာ စောသည် ထိုလူအုပ်နှင့်အတူ ကပ်ငြိပြီးရွေ့သွားသည်။

“စော . . .”

သူ့အသံသည် အထိတ်တလန့် အော်ဟစ်သော လူအုပ်အသံနှင့် ရောထွေးသွား၏။ စောတို့ရပ်နေသော ကွင်းပြင်သည် ညီညာသောမြေပြင်မဟုတ်။ အနည်းငယ်စောင်းနိမ့်သွားသော ဆင်ခြေလျှောမြေပြင်ဖြစ်သည်။ ထို့ကြောင့်ပြေးလွှားရင်းမှ အရှိန်အထိန်းနိုင်ဘဲ စောတစ်ချက်ခြေခေါက်ကာလဲကျသွားသည်။ လူတွေသည် စော၏ခြေတွေ လက်တွေကို
အမှုမဲ့အမှတ်မဲ့ တက်နင်းပြေးကြ၏။ နာကျင်မှုနှင့် ထိတ်လန့်မှုပေါင်းစပ်ကာလဲရာမှ ဇွတ်ထထိုင်ဖို့ကြိုးစားဆဲ လက်တစ်ဖက်က စော၏ပခုံးမှ ဆွဲညှစ်ကာထူမပေးလိုက်သည်။

“ကျေးဇူး”

ကျေးဇူးတင်စကားဆိုဖို့ အာရုံသိစိတ်ဖြင့် စကားစလိုက်ပေမယ့် ထိုသူက စောကိုလက်မောင်းရင်းမှ တင်းတင်းဆုပ်ကာ သူ့နောက်ဘက်သို့ တွန်းပို့ပြီးအကာအကွယ်ပေးလိုက်သဖြင့် စကားစပြတ်သွားသည်။ ရုပ်ရုပ်သဲသဲလူအုပ်ကို
ရှောင်ရင်း၊ မတ်တတ်ရပ်အတွန်းခံရင်း အမှောင်တစ်ဝက် အလင်းတစ်ဝက်အောက်မှာ မြင်လိုက်ရသော မျက်နှာကတော့ မျက်ခွံမို့မို့နှင့် နုနယ်သေးသော လူငယ်တစ်ဦး၏မျက်နှာပဲ။ ရှမ်းလား၊ အင်းသားလား၊ ပအိုဝ်းလား။ တောင်ပေါ်တိုင်းရင်းသားလူမျိုးမှန်းတော့ သိသည်။

“ကျေးဇူးတင်ပါတယ်”

ထိုစကားကို သူကြားပုံမရ။ သူ့အာရုံသည် သူ့လက်မောင်းမှ တင်းတင်းဆွဲဆုပ်ထားမိနေသော မိန်းမထံမှာ ရှိမနေတာ သေချာသည်။ သူ့အာရုံသည် တစ်ဖက်မှာ ပေါက်ကွဲပျက်စီးကာ မီးလောင်နေပြီဖြစ်သော မီးပုံပျံကြီးထံ ရောက်နေသည်။ မြေပြင်အထက် ပေ၁၀၀၊၂၀၀မှာပေါက်ကွဲပျက်စီးခြင်းဖြစ် မီးတောက်မီးလျှံများ နေရာအနှံမှာ ရှိနေသည်။ ကွင်းပြင်ရှိ ပရိသတ်သည်လည်း ကွင်းလယ်မှာမရှိကြတော့ဘဲ ဘေးပတ်လည်မှာ ကပ်နေကြပြီ။ သစ်ပင်နှစ်ပင် မီးလောင်နေသည်။ ယမ်းနံများ မွှန်ထူနေ၏။ ပတ်ဝန်းကျင်တစ်ခုလုံး မီးခိုးမှိုင်းများဖြင့်မှောင်နေ၏။ နောက်ထပ် ကြီးမားသောပေါက်ကွဲသံကြီးတစ်ခု ထပ်ကြားရပြန်သည်။ထိုပေါက်ကွဲသံကြောင့် တိုင်းရင်းသားလူငယ်သည် သူမ၏လက်ကို လွှတ်လိုက်ပြီး မျက်နှာဆီလွင့်စဉ်လာနိုင်ဖွယ်မရှိသော မီးစ၊ယမ်းစများကိုကာကွယ်ဟန်ဖြင့် လက်များကို မျက်နှာရှေ့ အမှတ်တမဲ့ ကာလိုက်လေသည်။ထို့နောက် လူငယ်က ကြိတ်မနိုင် ခဲမရဟန်ဖြင့် တောက်တစ်ချက် ခေါက်သည်။

“သွားပြီကွာ”

လူငယ်သည် ရွှေအင်းသားအဖွဲ့ထဲမှ ဟုတ်ဟန်မတူပါ။ သို့သော် မီးပုံးပျံကြီးပေါက်ကွဲပျက်စီးသွားသည့်အတွက် သူခံစားနေရဟန်ဖြစ်သည်။

“ဒီကောင်ကြီးသာ အောင်အောင်မြင်မြင်တက်သွားလို့ကတော့ ကြည့်လို့ကောင်းလိုက်မယ့်မြင်ကွင်း”

စော၏အနီးမှ အားရပါးရ ညည်းညူလိုက်သံတစ်ခုကိုလည်းကြားလိုက်ရသည်။ပရိသတ်သည် ယခုအခါ ထိတ်လန့်တုန်လှုပ်မှုမှ လွတ်ကင်းခဲ့ပြီ။စိတ်ဆင်းရဲမှု၊ နှမြောတသမှု၊အားမလို အားမရဖြစ်မှုတို့နှင့်မီးပုံးပျံကြီးအား တဖွဖွ တသနေကြသည်။ ကံအားလျော်စွာ ပေါက်ကွဲမှုသည်ကွင်းတစ်ဖက်က ငှက်ပျောပင်အုပ်ဆီမှ ဖြစ်ပေါ်ခဲ့သဖြင့် ပရိသတ်ထဲမှအသေအပျောက်လုံးဝမရှိခဲ့ဘဲ မီးဟတ်သူ၊ဒဏ်ရာရသူ အနည်းငယ်မျှသာ ရှိခဲ့သည်။

“မီးပုံးပျံတိုင်းဟာ ကောင်းကင်ထိ တက်ချင်မှတက်နိုင်မှာပေါ့၊ အောင်မြင်မှုဆိုတာ ဒီလိုပါဘဲ၊မျှော်လင့်တိုင်းမရကြပါဘူး”

တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို အားပေးနေသံကြားရသည်။သို့သော် ပွဲကြည့်စင်အခြေမှာတော့ အသံထွက် ငိုကြွေးနေသူတစ်ယောက်ရှိသည်။

“ဆယ့်ငါးရက်လုံးလုံးပါပဲ၊ ကျွန်မတို့ မနားမနေ အလုပ်လုပ်ခဲ့ကြတာ”

ငိုကြွေးနေသည့် လူငယ်လေးဘေးမှာ ခြေပစ်လက်ပစ်ထိုင်နေသော မိန်းကလေးက ရေရွတ်နေ၏။

“တခါတလေ ဒီလိုပါပဲ ငါ့ညီရာ၊စိတ်ကိုဖြေပါ”

ယောင်္ကျားခပ်လတ်လတ်တစ်ယောက်က ငိုနေသောလူငယ်၏ ပခုံးကို ပုတ်သည်။

“တခါတလေ . . . ဟုတ်လား၊တနှစ်လုံးလုံး တည်ဆောက်လာခဲ့ရတဲ့ မျှော်လင့်မှုတွေထဲမှာ တစ်ခါတလေဆိုတာ
ဘယ်နေရာမှ မပါခဲ့ဘူး”

“တစ်နှစ်မှာ တစ်ခါတည်းသာပါပဲ”

မကျေမနပ်ရေရွတ်သံကို ကြားရသည်။စော သူ့ကို သွားဖျောင်းဖျချင်စိတ် ပေါ်နေ၏။ချာတိတ်ရယ်၊ တစ်နှစ်မှာ တစ်ခါသာဆိုတဲ့ မျှော်လင့်မှုအောက်မှာဆုံးရှုံးရတာဟာ ဘ၀မှာ တစ်ခါသာပါဆိုတဲ့ မျှော်လင့်မှုအောက်မှာဆုံးရှုံးရသလောက် မနာကျင်နိုင်ပါဘူးကွယ်၊ နောက်နှစ်ဆိုတာရှိပါသေးတယ်၊အေးလေ . . . နောက်နှစ်အထိ အခြေအနေ ပေးလားခဲ့သေးရင်ပေါ့။ စော သူ့ကို ငေးစိုက်ကြည့်နေမိသည်။မျှောင်လင့်ချက်တွေ ပြိုကွဲပျက်စီးသွားသူတစ်ယောက်၏ မျက်နှာမှာ နာကျင်မှုတွေ အပြည့်ပါ၏

“စော”

သူမယောင်္ကျား၏အသံ။ သူမလှည့်ကြည့်လိုက်သောအခါ လူတွေကြားမှာ တိုးဝှေ့လာနေသောသူမယောင်္ကျားကို တွေ့လိုက်ရသည်။

“ရှာလိုက်ရတာ စောရယ်” သူအနီးရောက်လာပြီး စော၏လက်တစ်ဖက်ကို လှမ်းဆွဲလိုက်သည်။
“ကိုယ်တို့ချင်းကွဲသွားရင် ဘယ့်နှယ့်လုပ်မလဲ၊မင်း ကိုယ့်လက်ကို တွဲထားခဲ့ဖို့ ကောင်းတယ်”
“ကျွန်မ ဟိုတယ်ဆီ ပြန်တတ်ပါတယ်”
“မင်းကို ပြောလိုက်ရင် အဲဒီအတိုင်းချည်းပဲ၊ လာ ပြန်ကြစို့၊ အေးလဲအေးလှပြီ၊ ခုဟာက ကံကောင်းလို့မသေတာ”
ထို့နောက် သူသည် အငိုတိတ်စပြုနေပြီဖြစ်သော၊ အံတင်းတင်းကြိတ်ထားသော
ရွှေအင်းသားလူငယ်ဆီ မျက်လုံးရောက်သွား၏။ ယောင်္ကျားတစ်ယောက်၏အငိုမျက်နှာကို သူ မကြည့်ချင် မမြင်ချင်သလိုပင် မျက်နှာလွှဲလိုက်သည်။
“သနားပါတယ်နော်”
စော သူနှင့်အတူလိုက်လာရင်း ရေရွှတ်မိတော့ သူက စောအား လိုက်လျောဟန်ဖြင့် ခေါင်းတစ်ချက်ညိတ်သည်။
“အေးလေ . . . နှစ်သိန်းကြီးများတောင်”
စော သူ့ကို ဖျတ်ခနဲ မော့ကြည့်မိ၏။ ဒီဆုံးရှုံးမှုမှာ ငွေနှစ်သိန်းဟာ အဓိကမကျဘူး။ သို့သော် ခံစားချက်ကို သူ နားလည်မည့်ပုံမပေ ဖြင့် စော တိတ်တိတ်ပဲ နေလိုက်သည်။
“မအေးဘူးလား စော”
“အင်း . . . အခုမှ အေးမှန်းသိတော့တယ်”
“ကိုယ့်တော့ ခိုက်ခိုက်တုန်နေပြီ”
မနက်ဖြန် စောတို့ပြန်ကြတော့မည်။ ငါးရက်ကြာ ခွဲခွာထားခဲ့ရသောသမီးလေးဆီပြန်ကြတော့မည်။ သမီးလေအတွက် တိုင်းရင်းသားဝတ်စုံလေးတစ်ခုလက်ဆောင်ပါလာသည်။ သူမစိတ်မှတ်မထင် ပြုံးမိသွား၏။
“အခုဆက်လက်ပြိုင်ပွဲဝင်မယ့်အဖွဲ့ကတော့ ဖိုးသာထူးအဖွဲ့ဖြစ်ပါတယ်၊ ဖိုးသာထူးအဖွဲ့ကလွှတ်တင်မယ့် မီးပုံးပျံအမျိုးအစားဟာလဲ ညမီးကျီး ပဲဖြစ်ပါတယ်”
သြော် . . . အခုဟာ ရိုးရိုးမီးပုံပျံလွှတ်နေတာမဟုတ်။ပြိုင်ပွဲလုပ်နေတာပါလားဟု
သတိရသွား၏။ ရွှေအင်းသားအဖွဲ့၏ ဆုံးရှုံးမှုများမှာ ထင်တာထက် ပိုကြီးမားပါလိမ့်မည်။အချိန်ကာလ၊ငွေကြေး၊ဂုဏ်သိက္ခာ၊ စည်းလုံးမှုအင်အား၊ ယုံကြည်ခံရမှုနာမည်၊စိုက်ထုတ်လိုက်ရသည့် ခွန်အား၊အားလုံးထက် ပို၍ဆုံးရှုံးလိုက်ရသောအရာမှာ မျှော်လင့်ချက်ဖြစ်ပါလိမ့်မည်။
“ကိုယ်နားမလည်တာက ဒီငွေတွေကို မီးပုံးပျံလုပ်ပြီးမီးရှို့ပွဲကျင်းပတော့မယ်လို့ ဆုံးဖြတ်ပြီးတဲ့နောက်တော့ မီးလောင်ပေါက်ကွဲတာဟာ ဘာခံစားစရာရှိသေးလဲ၊ ကောင်းကင်အမြင့်ကျမှပဲ ပေါက်ကွဲကွဲ၊ မြေပြင်နီးနီးပဲ ပေါက်ကွဲကွဲ ပျက်စီးတာတော့ ပျက်စီးသွားတာပဲ၊ ဒါဟာ ဘာထူးခြားလို့လဲ၊ လူတွေ အသက်အန္တရာယ်မရှိရင်
ပြီးတာပဲမဟုတ်လား”
“ထူးခြားတာပေါ့”
“ဘာထူးခြားတာလဲ”
ဘုရားစောင်းတန်းရှိရာသို့လျှောက်လာရင်း စောသည် မီးပုံးပျံကွင်းပြင်ဆီသို့ တစ်ချက်ပြန်ကြည့်မိ၏။ တစ်ယောက်ယောက်က ဤအဖြေကို စောထက်ပို၍ ရှင်းပြပေးနိုင်ကောင်းပေးနိုင်လိမ့်မည်။
“မီးပုံးပျံလွှတ်တယ်ဆိုကတည်းက တစ်ချန်မှာတော့ ဆုံးရှုံးပျက်စီးမှာဆိုတာမှန်ပါရဲ့။ အခုလိုညမီးကျီး မီးပုံးပျံမှာတော့ စိန်နားပန်ထက် မျှော်လင့်မှုပိုတယ်၊ စိန်နားပန်မှာက အောင်အောင်မြင်မြင် လွှတ်တင်ဖို့ တစ်ခုပဲ၊ ညမီးကျီးမှာက အောင်အောင်မြင်မြင် လွှတ်တင်နိုင်ဖို့က တစ်ဆင့်၊ မီးရှူးမီးပန်းလေးတွေ ကိုယ်လိုချင်သလိုလှလှပပတစ်မျိုးပြီးတစ်မျိုးပေါက်ကွဲဖို့က နောက်တစ်ဆင့်၊ အခုလို ဘာမှမရလိုက်ဘဲ အလဲလဲအကွဲကွဲ ပျက်စီးဆုံးရှုံးသွားရတာက ရင်နာစရာကြီးပါ၊ ဘယ်သူမဆိုလေ ဂုဏ်သိက္ခာရှိရှိ လှလှပပလေး ပေါက်ကွဲအဆုံးသတ်သွားချင်တာချည်းပါပဲ”
စော၏ စကားကို သူသိပ်နားလည်ပုံမပေါ်ပါ။ စော ညံ့တာပဲဖြစ်ပါလိမ့်မည်။
“ကျွန်မလဲ ဘ၀နဲ့ရင်းပြီး ညမီးကျီးမှ လွှတ်တင်တော့မယ်ဆိုရင် အထိတ်တလန့် အလဲလဲအကွဲကွဲတော့ အဆုံးမသတ်သင့်ဘူး၊လှလှပပ သိက္ခာရှိရှိလေး”သူ ရယ်မောသည်။
“မီးပုံးပျံနဲ့ မင်းနဲ့ ဘာဆိုင်လို့လဲ”
“သမီးလေး မြန်မြန်ကြီးပြင်းစေချင်လှပြီ”
သူမ ညည်းညည်းကလေးပြောရင်း စကားကို အဆုံးသတ်လိုက်မိ၏။
လောကတစ်ခုလုံးမှာ သူမဂရုစိုက်ဆုံးအရာမှာ သမီးလေး၏ စိတ်ခံစားမှုပဲ ဖြစ်သည်။ ။

Blogger Template by Clairvo