Labels

သီတင်းကျွတ် အမှတ်တရ Tag

ကဲ တက်ခ်ကြပြန်ပါပြီ။ လာတော့ဗျာ တက်ခ်တမျှအကုန်လုံးကို ရေးတော့မယ် ဟဲဟဲ အခုလဲ ကိုသံလွင်HEROကတက်ခ်ပြန်သတဲ့။ ဘာတဲ့ သီတင်းကျွတ်ပြီဆိုရင် ဆိုပဲ.. ကျနော်လဲ စဉ်းစားတာပေါ့ အင်း ရေးစရာ မရှိ၊ ကုန်ကြမ်းတွေ မရှိတုန်း ရေးလိုက်မယ် ဆိုပြီး အကြွေးမထားတော့ဘူးဗျာ အခုပဲရေးလိုက်ပြီး။

သီတင်းကျွတ်ဆိုတာကတော့ ကျနော်သိသလောက် ပြောရရင် ဗုဒ္ဓဘာသာဝင်တွေရဲ့ မြင့်မြတ်တဲ့လ လို့သိပါတယ်။ ပြီးတော့ ဒီလဟာ ကလေးတွေရော လူကြီးတွေပါမကျန် ပျော်ရွှင်တဲ့ လထူးလမြတ်လေး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကလေးငယ်တွေဆို မီးရှုးမီပန်းတွေနဲ့ ဆော့ရမယ်။ ဟော လူလတ်ပိုင်းတွေဆို လူကြီးမိဘတွေကို လိုက်ကန်တော့မယ် ကုသိုလ်ယူမယ်။ လူကြီးတွေကျတော့ သြော် ငါ့တပည့်၊ သားသမီးများက သိတတ်လိမ္မာလိုက်ခြင်းဆိုပီ ပီတိလေးတွေနဲ့ ပျော်ရွှင်ကြတယ်လေ။ ကျနော်ကတော့ သီတင်းကျွတ်လမှာ သူများတွေလို မပျော်ဘူးတာ ကြာပြီးဗျာ ရန်ကုန်ရောက်ကတည်းက ဆိုပါတော့..

ဒီတော့ ကျနော်တို့ ငယ်ဘ၀တွေကို ပြန်ပြောင်းသတိရကြတာပေါ့ ကောင်းဘူးလား ဟဲဟဲ.... ကျနော်တို့ငယ်ငယ်တုန်းကဆိုရင် တောင်ကြီးမြို့လေးမှာ သီတင်းကျွတ်ပြီးဆိုတာနဲ့ ပျော်ရွှင်ဖွယ်အပြည့်ပါပဲ.. ငယ်တုန်း မသိတတ်သေးတော့ ဦးလေးတွေ ၀ယ်ပေးတဲ့ မီးရှုးမီးပန်းတွေကို ကစားကြပါတယ်... ဗျောက်အိုးတွေဖောက်ကြနဲ့ ကျနော်ထက် အသက်သိပ်မကြီးတဲ့ အဒေါ်ငယ်တွေကပါ ကျနော်တို့နဲ့ အတူတူဆော့ကြပါတယ်။ မှတ်မှတ်ရရ ကျနော်တို့ အများဆုံးဆော့တဲ့ ကစားနည်းက လေယာဉ်တံလို့ခေါ်တဲ့ လေယာဉ်က ရတဲ့ အပိုင်းအစနဲ့တူတယ် အဲဒါလေးတွေကို မီးအကြာကြီး အပူပေးလိုက်ရင် လင်းနေတော့တာပဲ။ အဲလိုလင်းနေရင် ကျနော်တို့ ဖိနပ်လေးတွေကို ချွတ်ပြီး လိုက်ရိုက်ပါတယ်။ ဒါဆို မာကျူရီမီးလေးဟာ အများကြီး ပွားလာပြီး တော်တော်ကို လှပါတယ်။

နောက်ထပ်ပျော်စရာ ကောင်းတဲ့ကစားနည်းတစ်ခုကတော့ ဗျောက်အိုးဖောက်တာပါ ကျနော်တို့ကငယ်သေးတော့ အမေက ဗျောက်အိုးကို မဖောက်ခိုင်းပါဘူး။ မှတ်မှတ်ရရ ကျနော်တို့အိမ်ဘေးမှာ စိုင်းစိုင်းနဲ့ နန်းနန်းဆိုတဲ့ မောင်နှမ နှစ်ယောက် ဗျောက်အိုးဖောက်တာ စနစ်တံက အရမ်းတိုတော့ စိုင်းစိုင်းရဲ့ လက်ထဲမှာ ဗျောက်အိုးကြီး ထကွဲပါရော သူရဲ့လက်ကလေးလဲ အပူလောင်ပြီး ပတ်တီးတွေစီးလိုက်ရပါတယ်။ ကျနော် အဒေါ်တွေကတော့ အိမ်နောက်ဖေးလမ်းပေါ်သွားပြီး ဗျောက်အိုးဖောက်တတ်ပါတယ်။ သူတို့ဖောက်ပုံကတော့ ကျနော်တို့အိမ်မှာရှိတဲ့ ခရမ်းသီးတို့၊ ဆူကာသီး(ဂေါ်လခါးသီး) ထဲမှာ ဗျောက်အိုးလေးကို ထည့်ပြီး ဖောက်ကြပါတယ်။ တရုတ်ဗျောက်အိုးတွေရဲ့ အရှိန်ပြင်းမူကြောင့် အသီးလေးတွေ လေထဲမှာ ဖွာလန်ကို ကျဲရော ။

အသံလေးများ ပိုဆူညံစေချင်ရင် နို့ဆီဘူးထဲကို ဗျောက်အိုးထဲပြီး စနစ်တံလေးကို ရှို့ပြီးပြေးတော့တာပါပဲ ဗျောက်အိုးတွေရဲ့ အရှိန်ကြောင့် နို့ဆီဘူးလေးက အပေါ်ကို အသံမြည်ပြီး ထောင်တတ်သွားတာပဲ ဘယ်သူက ပိုမြင့်တယ် ဘာညာနဲ့ ပြိုင်ရတာလဲ အမောပါပဲဗျာ။ ကျနော် ဦးလေးတွေကတော့ အမျိုးဗျ သူတို့က တော်တော်ကို ဆိုးပါတယ်။ ဘယ်လိုလုပ်လဲဆိုရင် ထီးရိုးကြီးကို ဖြတ်ပြီးရင် တဖက်ကို ပိတ် ပြီးသွားရင် မြန်မာနိုင်ငံကထုတ်တဲ့ ဆင်ပုံ ယမ်းမီးခြစ်တွေရှိတယ် အဲဒီ့ယမ်းမီးခြစ်တွေထိပ်က ယမ်းတွေကို သံထီးရိုးထဲကိုထဲ့ ပြည့်သွားရင် ကျန်တဲ့ တဖက်ကို ပိတ်ပြီး အစီအစဉ်စဆွဲတော့ တာပါပဲ။ ကျနော်တို့ တောင်ကြီးမှာက များသောအားဖြင့် အိမ်ခြံစည်းရိုးကို အပင်တွေနဲ့ ကာထားတာလေး.. အဲလို အပင်နားမျာ အတွဲလေးတွေ လာလာပြီး စကားပြောကြတယ်.. ညဆို ဘာလုပ်လဲဆိုတော့ သူတို့နောက်မှ ဖယောင်းတိုင်လေးထွန်းပြီး သံထီးရိုးနဲ့လုပ်ထားတဲ့ ယမ်းတွေကို အပူပေးတော့တာပဲ သူက တော်တော်ကြာတယ်ဗျ ၁၅ မိနစ်လောက်ထိပေးရတယ် အဲဒီယမ်းက ထကွဲရင် သေနတ်သံလိုပဲ အကျယ်ကြီးဗျ စုတွဲတွေလည်း ထပြေးတော့တာပဲ အဲလိုကိုဆိုးတာ နဲနဲလေးကြီးတော့ ကျနော်တို့သူငယ်ချင်းတသိုက်က အမွေဆက်ခံတာပေါ့ဗျာ...

အဲနောက်တစ်ခုကတော့ ငရဲမီးဆော့တာပါ ဒါလည်းပျော်ဖို့ကောင်းမှကောင်းဗျ တချို့တွေ ဆော့ဖူးကြမယ်နဲ့တူတယ်ဗျ သူကတော့ ခွက်ကလေးထဲမှာ ဖယောင်းတွေထဲ့ပြီး အောက်ကနေ အပူပေးတာပေါ့ ခွက်ထဲမှာ ဖယောင်းတွေနဲ့ရောပြီး စနစ်တံလေးတစ်ခုကို မီးရှို့ထားရသေးတယ်.. ဖယောင်းတွေပူလာပြီး အရည်ပျော်လာပြီး စနစ်တံလဲ မီးတောက်နေပြီးဆို သူငယ်ချင်းတွေ ရေနဲ့ဝိုင်းပက်ကြတာပါပဲ အဲဒါဆို မီးတောက်တွေ ၀ုန်းကနဲ ထထတောက်တော့တာဗျ.. ကျနော်သူငယ်ချင်းတယောက် သူမှာရေမရှိတော့လို့ တံတွေးနဲ့လှမ်းအထွေး ကျန်တဲ့လူက ရေနဲ့ အပက်ကြုံလို့ သူမျက်နှာလဲ မီးဟက်ဖူးပါတယ်။ အမှတ်ရစရာလေးပေါ့ဗျာ....

ကျနော်တို့ ခြောက်တန်းလောက်ကစပြီး သီတင်းကျွတ်ဆိုတာ ကျနော်တို့အတွက် မဟာအခွင့်အရေးပဲဗျ ကျနော်တို့က သီတင်းကျွတ်ကို မျှော်တာဘာရယ်မဟုတ်ဘူး သီတင်းကျွတ်တာနဲ့ ကျနော်တို့ရိုးရာ တန်ဆောင်တိုင်မီးပုံးပျံပွဲအတွက် ပြင်ဆင်ကြပြီလေ. ကျောင်းတွေဆိုလဲ မတက်ကြတော့ဘူး ကျောင်းခန်းထဲမှာ ကြည့်လိုက်ရင် လူက ၁၀ယောက် မပြည့်ချင်ဘူး ဒီလိုပျော်စရာကောင်းတာဗျာ ဆရာ၊ဆရာမတွေကလဲ ဒီအချိန်ဆို လွတ်လပ်ခွင့်ပေးထားတတ်ပါတယ်။ နဲနဲလေး သိတတ်လာတော့ မီးရှုးတွေကို ကိုယ်တိုင်လုပ်ရတာလဲ အမောပဲဗျာ.. ပျော်စရာအရမ်းကောင်းပါတယ်... မီးရှုးမီးပန်းတွေကိုယ်တိုင်လုပ် ဆန်အိတ်အထဲမှာ ထည့်တဲ့ ပလာစတစ်အကြည်တွေကို မီးပုံးပျံလို လွတ်နဲ့ ပျော်စရာအရမ်းကောင်းပါတယ်။ ညဆိုဗျောက်အိုးအတွဲလိုက် ယူပြီး လိုက်ဖောက်ကြတာပေါ့

ဗျောက်အိုးကတော့ ပူစရာကိုမလိုဘူး ကျနော် ဦးလေးအကြီးက ရဲလေ သူက နယ်က ဗျောက်အိုးတွေ သိမ်းလာပြီးဆို ကျနော်တို့ အိမ်မှာထားတာ ကျနော်တို့က ယူပြီးဆော့တာပေါ့ မိုးချုပ်လို့ အိမ်ပြန်ပြီးဆို ခွေးဟောင်ရင် ဗျောက်အိုးနဲ့ ပစ်တာဗျာ.... ခွေးတောင် ကောင်းကောင်းမနေရတဲ့ ကျနော်တို့ ကဲချက်တွေပေါ့.... ကဲစာလည်း တော်တော်ကို ရှည်သွားပြီး ကျနော် တန်ဆောင်တိုင်အကြောင်းလေးကို နောက်မှ ပိုစ့်တစ်ခုအနေနဲ့ ရေးတော့မယ်ဗျာ... အခုဟာက ရေးလိုက်ရင် ငယ်ဘ၀ကဟာတွေ ကုန်မှာတောင်မဟုတ်လို့ ဒီလောက်ပဲပြောပြတော့မယ် ဘယ်လိုပြောပြော ကျနော်တို့ ငယ်ဘ၀ဟာ လွတ်လပ်တယ်.. အပူအပင်ကင်းမဲ့တယ်... ပျော်တယ်ဗျာ..

ရန်ကုန်ရောက်လာတော့ သီတင်းကျွတ်ဆိုတာ ဘာလဲမေးယူရမလိုဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ ရန်ကုန်မှာက တိုက်ခန်းတွေနဲ့ နေကြတာများတော့ တအိမ်နဲ့ တအိမ်သိပ်မရင်းနှီးဘူးဗျ သူတို့တွေက မီးထွန်းမယ် ဒါလောက်ပဲ ကျနော်တို့ နယ်များနဲ့ ကွာပါ့ဗျာ.. ကျနော်တို့ တောင်ကြီးမှာဆို သီတင်းကျွတ်မတိုင်ခင်ကတည်းက စသောင်းကျန်းနေတော့တာပဲ တခါတလေ ကျနော် ရန်ကုန်က လူတွေကို ကြည့်ပြီးအရမ်းသနားမိတယ်ဗျာ.. အထူးသဖြင့် ကလေးတွေပေါ့ ဆော့ချင်တာမဆော့ရနဲ့ ကျနော်ညီ၊ ညီမလေးတွေဆို ဘာဆိုဘာကစားနည်းမှ မသိဘူးဗျာ.. အဲသူတို့သိတာက ဘယ်ရှော်ပင်စင်တာမှာ ဘယ်ဟာလေးကတော့ ကောင်းတယ် ဒါလောက်ပဲ အရမ်းကွာတယ်ဗျာ.. အခုခေတ်အရ ပြောမယ်ဆိုရင် မြို့ပြကလူတွေတင်မကတော့ဘူးဗျာ ကျနော်တို့နယ်ကလူတွေပါ ကျနော်တို့ ငယ်ငယ်တုန်းက ဆော့ခဲ့တဲ့ ကစားနည်းတွေ သူတို့သိယုံမပြောနဲ့ ကြားတောင်ကြားဘူးကြမယ် မထင်ဘူး

ခေတ်တွေပြောင်းလာတော့ လူတွေလဲပြောင်းလာတော့တာပေါ့ ကလေးတွေ အခု သူငယ်တန်းကစပြီး ကျူရှင်ယူနေရပြီးလေ.. ကျနော်တူတောင် သူငယ်တန်းနဲ့ ကျူရှင်တဲ့ ကျနော်ကပြောတော့ မယူလို့မရဘူးတဲ့ အတန်းပိုင်က ကျူရှင်မယူရင် ရိုက်တယ်၊ ကျူရှင်ယူတဲ့ တခြားကလေးတွေလို ဂရုမစိုက်ဘူးတဲ့ ကျနော်မှာတော့ ပါးစပ်အဟောင်းတာနဲ့ သြော်...သြော် ကနေကို မတက်နိုင်ဘူးဗျာ တကယ်ပိုက်ဆံမရှိတဲ့ ကလေးတွေကြရင် ဘယ်လိုလုပ်မှာလဲ ကဲစဉ်းစားကြပါဦးဗျာ.. ကလေးအမေကပဲ သားကိုချစ်တဲ့ဇောနဲ့ မှားတာလား.. ကျူရှင်ပေးတဲ့ ဆရာ၊ဆရာမတွေကပဲ မှားတာလား ၀ိုင်းပြီးစဉ်းစားကြပါဦးဗျာ.. ကျနော်ထင်တာကတော့ ဟင်း.. ဟင်း.. ဟင်း... . (ဥထမင်းမဟုတ် သက်ပြင်းချသံတာ ဖြစ်ပါတယ်) တခုခုတော့ မှားနေပြီဗျာ...

မသေခင် ၁၀ ရက်အလို

ကဲ လုပ်ကြပြန်ပါပြီ။ မသေခင် ၁၀ရက်အလိုတဲ့။ ဘယ်လိုလုပ်ရပါ့မလဲ ကိုကြယ်စင်သွေးကောင်းမူပေါ့။ ဒါတောင်မှ သူကငရဲပြီးကို လိုက်ခိုင်းနေတာ သူဟာသူတစ်ယောက်ထဲမသွားရဲဘူးလေ အားလုံးကို ဆွဲခေါ်နေတာ :)။ သူကတော့ဟုတ်တာပေါ့ နေ့တိုင်းကစ်နေတာ(အရက်)ကိုး။ ဘယ်လိုလုပ် နတ်ပြည်ရောက်မှလဲနော့် သူမရောက်တာနဲ့ ကျနော်ကိုပါ ငရဲပြည်ထဲခေါ်နေတယ် ကျနော်ကတော့ ငရဲကိုမသွားပါဘူး နတ်ပြည်ရောက်မှာနော့်။ ဒါပေမဲ့ ချစ်အကိုကြီးက ခေါ်နေတော့လဲ အားနာပါးနာနဲ့ ငရဲပြည်ကို အလည်လိုက်သွားဖြစ်ပါတယ်ဂျာ..

အခုလောလောဆယ် ငရဲပြည်သွားဖို့ Visa လျှောက်ထားတာ မကျသေးဘူးဗျ ဆယ်ရက်လိုသေးတယ်။ ဒါကြောင့် ငရဲပြည် အလည်မသွားခင် ၁၀ ရက်ကို ကောင်းကောင်း အသုံးချဦးမှ။ ဒါပြီးရင် ငရဲပြည်သွားပြီး ချစ်ကို၊ချစ်မတွေ ဘာလုပ်နေလဲဆိုတာ သွားလေ့လာရဦးမယ်ဗျ.. ပြီးတာနဲ့ နတ်(မူလီမဟုတ်)ပြည်ကို သွားပြီး လက်တစ်ဖက်မှာ နတ်သမီး အပါး(၅၀၀)လောက်နဲ့ ကဲရဦးမှာလေ..ဒီတော့ မသွားခင် ၁၀ရက်ကို ကောင်းကောင်းသုံးရမယ်ဗျ။

၁၀ ရက်သာကျန်တော့သည်။

အင်း ၁၀ရက်တောင်ကျန်နေသေးတော့ ဘယ်လိုလုပ်ရပါ့။ လက်ရှိရောက်နေတာက ဆင့်ကာပူဆိုတော့ လေယာဉ်လက်မှတ်ဝယ်ပြီး ချစ်သောအမိမြန်မာနိုင်ငံကြီးကို ပြန်မယ်ဗျာ.. လေယာဉ်ကဆင်းတာနဲ့ အားရပါးရအော်လိုက်မယ် "ငါ့မြန်မာပြည်ကို ပြန်ရောက်ပြီကွ" ပြီးတာနဲ့ ဦးလေးမိသားစုနဲ့တွေ့မယ်။ စင်ကာပူရောက် အတွေ့အကြုံတွေ ပြောပြမယ်။ ပြီးတာနဲ့ မန္တလေးသွားဖို့ လေယာဉ်လက်မှတ် ၀ယ်ခိုင်းထားမယ်။

၉ ရက်သာကျန်တော့သည်။

ရန်ကုန်မှာ ရှိတဲ့သူငယ်ချင်းတွေကို လိုက်တွေ့မယ်။ သူတို့နဲ့ စကားတွေပြော လျှောက်လည်ကြမယ်။ကျနော်ထင်တယ် သူတို့က ကျနော်တော့ ကျနော်ပြန်ရောက်တယ်ဆိုပြီး ၀မ်းသာနေကြမယ်။ KMD/MSC ကသူငယ်ချင်းတွေ၊ ဆရာတွေကို လိုက်တွေ့မယ် ပြီးတော့ ဆရာဆရာမတွေကို အမှားတွေလုပ်ခဲ့တာရှိရင် ခွင့်လွတ်ဖို့တောင်းပန်မယ်။ သူတို့တွေကတော့ ကျနော်ဒီကမ္ဘာမြေကြီးပေါ်မှာ နေရဖို့ရက်လေး ၉ရက်လောက်တာရှိတော့တယ် ဆိုတာကိုမသိပဲ ပျော်နေကြတယ်လေ...

၈ ရက်သာကျန်တော့သည်။

မန္တလေးကို ရောက်တော့ မတွေ့တာ ၁၅ နှစ်လောက်ရှိတော့မဲ့ ကျနော်အဒေါ်ကို သွားတွေ့တယ်။ သူက အပျော်ကြီးပျော်ရှာလို့ပေါ့။ ပြီးတော့ ဦးလေးကို သွားတွေတယ်။ နောက် ညီဝမ်းကွဲနဲ့ မန္တလေးကို လျှောက်လည်မယ်။ မန္တလေးတောင်ပေါ်ကို တက်မယ်။ မြွေကြီးနှစ်ကောင်ကို သွားတွေ့မယ်။ (မြွေကြီးတွေကော ရှိသေးလားမသိ) ပြီးတာနဲ့ အဒေါ်အိမ်မှာ ညအိပ်ပြီး နောက်နေ့တောင်ကြီးကို ကားနဲ့ သွားမယ်။

၇ ရက်သာကျန်တော့သည်။

ဒီနေ့ နေ့လယ် ၁၂နာရီလောက်မှာ ကားနဲ့တောင်ကြီးကို သွားမယ်ဆိုတော့ မနက်အစောကြီးထတယ်။ ပြီးတော့ ဦးလေး၊အဒေါ် ညီလေး၊ညီမလေးတွေနဲ့ ပျော်ပျော်ပါးပါး မနက်စာ ထမင်းကြော်စားတယ်။ မစားရတာကြာလို့လာတော့ မသိ အဒေါ်ကြော်တဲ့ ထမင်းကြော်လေးက ကောင်းတာ။ ပြီးတာနဲ့ ဦးလေး၊အဒေါ်တို့ကို အမှားတွေရှိရင် ခွင့်လွှတ်ဖို့တောင်းပန်မယ်။ သူတို့လည်း ဘာမှကိုမသိတော့ အေးအေးဆေးဆေးလေး ပြုံးနေတာပေါ့။ သူတို့ရဲ့ အေးမြတဲ့အပြုံးလေးတွေကို ကြည့်ပြီးရင်ထဲမှာ ၀မ်းနဲ ၀မ်းသာဖြစ်ရပါတယ်။

၆ ရက်သာကျန်တော့သည်။

တညလုံးကားပေါ်မှာ ရှမ်းသီချင်းလေးတွေ နားထောင်ပြီး လိုက်လာခဲ့တယ်။ မနက်မိုးလင်းတော့ တောင်ကြီးမြို့ အောက်ခြေမှာရှိတဲ့ အေးသာယာ ကားကြီးကွင်းကို ရောက်ပါတယ်။ အင်းတောင်ပေါ်ကို လှမ်းကြည့်မိလိုက်တယ် ငါတို့တွေတာ ပြောင်းလဲသွားတာမဟုတ်ပါလား တောင်တန်းတွေလဲ ပြောင်းလဲသွားပါ့လား ဆိုတဲ့ အတွေးလေး တွေးမိပါရဲ့။ ကြည့်ပါဦး ကျနော်တို့ တောင်ပေါ်မှာလ
ဲ တစ်ချို့တောင်တန်းတွေဟာ သစ်ပင်တွေပျောက် ကတုံးတွေဖြစ်လို့ပါလားနော်။ အိမ်ရှေ့ကိုရောက်တာနဲ့ ချစ်အမေနဲ့ အမက ဆီးကြိုပိုက်ထွေးလို့ပေါ့။ အမေ့မျက်နှာမှာကတော့ ၀မ်းသာပီတိကြောင့် ကျတဲ့မျက်ရည်တွေ အပြည့်နဲ့ပေါ့။ မနက်စာကို ချစ်အမက တို့ဟူးနွေးဝယ်ကျွေးတယ်.. ပြီးတော့ အမေ့က ခရီးပန်းလာလို့ အတင်းအိပ်ခိုင်းတာနဲ့ အိပ်လိုက်ရပါတယ်။

ညနေ နိုးလာတော့ အမေ့ကို ဆင့်ကာပူရောက် အတွေအကြုံတွေ ရှင်းပြတယ်။ ကျနော်တို့ နိုင်ငံနဲ့ ဘယ်လိုကွာခြားကြောင်း ပြောပြတော့ အမေ့က မျက်လုံးလေး ကလည်ကလည်နဲ့ ပြုံးပြီးကြည့်ရှာပါတယ်။ ညပိုင်းရောက်တော့ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်သွားတယ်။

၅ ရက်သာကျန်တော့သည်။

အင်းဒီနေ့တော့ သူငယ်ချင်းတွေနဲ့ လျှောက်လည်ဖြစ်တယ်။ တောင်ကြီးမြို့ရဲ့ မှတ်တိုင်လို့ပြောရတဲ့ တောင်ချွန်းပေါ်ကို သူငယ်ချင်းတွေနဲ့ တက်ဖြစ်တယ်။ တောင်ထိပ်ပေါ်ကို ရောက်တော့ လေတံခွန်(စွန်)လေး လွှတ်ကြတယ်။ ဘယ်သူဟာက ပိုကောင်းကြောင်း ငယ်ငယ်တုန်းကလို ပြန်ပြီး စကားနိုင်လုကြတယ်။ တောင်ချွန်းကနေဆင်းတော့ လူသွားလမ်းက မဆင်းပဲ မြက်ကိုင်းတွေကို ရှင်းပြီးလမ်းသစ်ဖောက်ပြီး ပြန်လာတယ်။ ပြီးတာနဲ့ အိမ်ပြန် ရေမိုးချိုးပြီး အမေ့ချက်ပေးတဲ့ ငါးဖယ်ဟင်းချိုလေးနဲ့ ထမင်းစားလိုက်တယ်။ "ကောင်းလိုက်တဲ့ထမင်း အမေ့လက်ရာကို မစားရတာကြာပေါ့ အမေ" လို့ပြောတော့ အမေက ပြုံးပြုံးလေး ကြည့်နေပါတယ်...

ညပိုင်းရောက်တော့ သူငယ်ချင်းတွေနဲ့ မြို့ထဲလျှောက်သွားတယ်။ သြော်မြို့လေးတောင် တော်တော်ကိုပြောင်းလဲနေပြီလေ.. အရင်ကအိမ်ပုလေးတွေနေရာမှာ တိုက်တာအဆောက်အဦးတွေက စိုးမိုးချယ်လှယ်နေကြပါလား လို့တွေးမိပြန်တယ်။ ပြီးတာနဲ့ တောင်ကြီးရဲ့ အထင်ကရ ညဈေးလေးမှာ လက်ဖက်ရည်သောက်၊ တို့ဟူးနှစ်ပြန်ကြော်သုပ်လေး စားပြီး အိမ်ကိုပြန်လာတယ်။ အမေ့ကတော့ ချစ်သားပြန်လာတဲ့အထိ မအိပ်သေးပဲ စောင့်နေလေရဲ့။ ဒါနဲ့ အမေနဲ့ စကားတွေပြောပြီး အမေ့ကို နှိပ်နယ်ပေးရင်း အမေ့အိပ်တဲ့ အချိန်ထိနေလိုက်တယ်။ ပြီးတော့ အမေနဲ့ အတူတူအိပ်လိုက်ပါတယ်။ ကျနော်တူလေးတွေကတော့ စိတ်ဆိုးလို့ပေါ့ သူတို့အဖွားနဲ့ မအိပ်ရလို့လေ..

၎ ရက်သာကျန်တော့သည်။

အင်းဒီနေ့တော့ တောင်ကြီးကအဒေါ်တွေဆီ သွားဦးမယ်။ သူတို့လဲ သူတို့မိသားစုလေးတွေကိုယ်စီနဲ့ဆိုတော့ ကျနော်ကိုတောင် သတိရတော့မှာ မဟုတ်ပါဘူးနော့်။ ဒါပေမဲ့ သူတို့ကို သွားတွေ့မယ် သူတို့ရဲ့ ကလေးတွေအတွက် စားစရာ၊ဆော့စရာလေးတွေ ၀ယ်သွားမယ်။ အဖွားကိုလည်းသွားတွေ့တယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့ ဟိုးပုန်းဆည်ကို သွားလည်ကြမယ်။ အဲမှာ နာမည်ကြီး တို့ဟူးသုတ်ရှိတယ်ဗျ၊ တို့ဟူးသုတ်လေးနဲ့ ဆန်လုံးစီကြော်လေးကို စားလိုက်မယ်။ ပြီးတာနဲ့ အိမ်ကိုပြန်မယ်။ အမေ့အနားမှာနေပြီး စကားတွေပြော အမေလိုအပ်တာကို မှန်သမျှလိုက်လုပ်ပေးမယ်။ တူလေးတွေနဲ့ ဆော့မယ်။ အမနဲ့ ငယ်ငယ်က အကြောင်းတွေပြောမယ်။ အမယောက်ျားကတော့ ဘေးကနေနားထောင်ပြီး အမကို စနေတာပေါ့။

ညပိုင်းတော့ ဘယ်မှမသွားတော့ဘူး အမေ့ချက်ကျွေးတဲ့ ငါးခေါင်းဟင်းလေးနဲ့ ထမင်းပူပူလေးကို စားလိုက်တယ်။ ပြီးတော့ အမေ့နားမှာပဲနေပြီး စကားတွေပြော အမေနဲ့ အတူတူ ရုပ်ရှင်ကြည့်ပြီး ရယ်ရယ်မောမောနေလိုက်တယ်။ အိပ်ခါနီးကြရင်တော့ အမေနဲ့ တူတူအိပ်တယ်။ တူလေးတွေပါ ကျနော်နဲ့ လာအိပ်တယ်။ ကျနော်ကို သူတို့ ခင်စပြုလာပြီးလေ.....

၃ ရက်သာကျန်တော့သည်။

အင်း ဒီနေ့တော့ အဖိုးအတွက် ကောင်းမူလုပ်မယ်။ အဖိုးရဲ့အုတ်ဂူကို သွားပြီး အဖိုးအတွက် ဆုတောင်းပေးမယ်။ မရှိဆင်းရဲသားတွေကို အဖိုးကို ရည်စူးပြီး အလှူလုပ်မယ်။ အဖိုးက ကျနော်ရဲ့ အချစ်ရဆုံးထဲမှာ တဦးပေါ့ဗျာ..
ပြီးတာနဲ
့ ဘုရားကျောင်းသွားမယ် အဖိုးအတွက် အလှူတွေလုပ်မယ်။ အမေ့အတွက်လည်း အားလုံးကိုကြိုတင်စီဆင်မယ်.. အမေ့ကို ကျနော် ငရဲပြည်သွားလည်တဲ့ အချိန်မှာ ဘုရားဖူးသွားခိုင်းရမယ်ဗျ.. အိမ်ရောက်တော့ ကျန်တဲ့ ဆွေမျိုးတွေ မသိပေမဲ့ အမေကတော့ ကျနော် ငရဲပြည်သွားမယ်ဆိုတာ သိနေတဲ့ထင်ပါရဲ့ မျက်နာလေးမကောင်းရှာဘူး သိမှာပေါ့ဗျာ ကိုယ်မွေးထားတဲ့ သားပဲ သားတွေ သမီးတွေဘာလုပ်တယ် ဘာဖြစ်နေတယ်ဆိုတာ မိဘတိုင်းက သိနေမှာပဲလေ.. ကျနော့် နယ်မှာရှိတဲ့ အမျိုးတွေ၊သူငယ်ချင်းတွေကို လေယာဉ်နဲ့ တောင်ကြီးကို ချက်ချင်းလာဖို့ခေါ်လိုက်မယ်။

၂ ရက်သာကျန်တော့သည်။

အင်းဒီနေ့တော့ မိသားစု၊သူငယ်ချင်းတွေအားလုံးကို ခေါ်ပြီးတော့ အင်းလေးသွားပြီးလျှောက်လည်ကြမယ်။ အင်းလေး ရေပေါ်ဈေးမှာ ရှမ်းထမင်းအနီလေးတွေနဲ့ ငါးထမင်းချဉ်စားကြတယ်။ ထမင်းချဉ်လေးကိုစားလိုက် ဂျူးလေးကိုကိုက်လိုက်နဲ့ပေါ့ ဟင်းထုပ်ကလည်း ကောင်းမှကောင်းဗျာ.. ပြီးတာနဲ့ ကျနော်တို့တွေ ခေါင်တိုင်ရေပူစမ်းလေးကို သွားကြတယ်။ သဘာဝကပေးထားတဲ့ အလှအပတွေကို ခံစားကြမယ်။

ညနေအိမ်ပြန်ရောက်တော့ အားလုံးက ပင်ပန်းနေပြီးလေ. ဒီတော့ သူငယ်ချင်းတွေကို ခေါ်ပြီး မီးပုံပျံလေးလွှတ်ဦးမယ်။ အမှတ်တရနဲ့ ပျော်ပျော်ရွှင်ရွှင်ပေါ့။ ညရောက်တော့ ကျနော်ရဲ့ အရင်က အချစ်ခဲ့ဆုံးသော တောင်ကြီးသူလေးကို သွားနှုတ်ဆက်မယ်... သူကိုတော့ အမှန်အတိုင်းပြောပြလိုက်ပါမယ်။ သူကတော့ အံ့သြခြင်း မယုံကြည်ခြင်းတွေနဲ့ ကျနော်ရဲ့ စကားတွေကို နားထောင်ယင်း ကျနော်မျက်နာလေးကိုငေးကြည့်လို့ပေါ့... ဟိုအရင်ကျောင်းသားဘ၀က အဖြစ်တွေကို ပြန်ပြောပြီး နှစ်ယောက်လုံး ရယ်မောလို့ပေါ့ဗျာ.....

ညအိမ်ပြန်ရောက်တော့ အားလုံးအိပ်နေပြီး ကျနော်လဲ အမေ့နားမှာ ၀င်အိပ်လိုက်တာပေါ့ဗျာ..

၁ ရက်သာကျန်တော့သည်။

ကဲ မနက်ဖြန်ဆို ကျနော်သွားရတော့မယ်လေ.. ဒီနေ့တော့ ကျနော်တယောက်တည်း တောင်ပေါ်မှာသွားနေပါမယ်။ ဘာဆိုဘာမှ မလုပ်ပဲ တောင်ပေါ်ကနေကျနော်မြို့ရဲ့ အလှအပတွေကို စိုက်ကြည့်နေပါ့မယ်။ညမိုးချုပ်မှ အိပ်ကိုပြန်ပါ့မယ်။ ပြီးတော့ ည၁၁း၀၀နာရီလောက်မှ အားလုံးကို နိုးပြီးခေါ်ပြီးကျနော်မနက်ဖြန် ဘလော့ကာ အစ်ကိုမောင်နှမများရှိရာ ငရဲပြည်ကိုသွားမလို့ပေါ့.. ကျနော်အတွက် ၀မ်းမနည်းဖို့၊ မျက်ရည်မကျဖို့ပြောမယ်လေ။ ပြီးတာနဲ့ကျနော်သေသွားရင် ကျနော်အတွက်ကောင်းမူတွေလုပ်ပေးဖို့နဲ့ ကျနော်ရှိနေစဉ်အချိန်လေးမှာ ပျော်ရွှင်ခဲ့သလို မိသားစု၊သူငယ်ချင်း အားလုံး စုစုစည်းစည်းနေကြဖို့ (ဆရာကြီး တစ်ယောက်လို)ပြောမယ်။တချို့ကလဲ အိပ်ချင်မူးတူးနဲ့ ကျနော်ဘာတွေပြောနေပါ့လိမ့် ဆိုပြီး ငိုက်မြည်းနားထောင်နေကြမယ်.. ပြီးတာနဲ့ အမေကို တောင်းပန်မယ် အမေ့ကို နမ်းမယ် ပြီးတာနဲ့ ကျနော် ရေမိုးချိုးပြီး အိပ်တော့မယ်ဗျာ.. ဒီတစ်ခါတော့ ကျနော်တစ်ယောက်ထဲ အိပ်လို့ပေါ့ဗျာ..

ဒီမသေခင် ၁၀ ရက်လေးကို ကျနော် ရင်နဲ့ခံစားပြီး ရေးဖွဲ့ထားတာပါ။ ကျနော်ရဲ့ အဖြစ်ချင်ဆုံးဆန္ဒတွေပါ။ တကယ်လို့ကျနော်တာ ဒီလို ၁၀ ရက်အတွင်းသေမယ်လို့သိနေခဲ့ရင် တစ်ဦးတယောက်ကိုမှ မပြောပဲ ငြိမ်းချမ်းစွာ လောကကြီးကနေ ထွက်ခွါသွားချင်ပါတယ်... ကျနော့်ကြောင့် လွမ်းဆွတ်တမ်းတမူတွေကို မမြင်ချင်ပါဘူးဗျာ.. တကယ်တော့ ဒီ Tag လေးကို မရေးချင်ပါဘူး တကယ်တမ်းရေးတော့ ကျနော် မျက်ရည်ကျခဲ့မိပါတယ်.. ငါသာ ဒီလိုသေမဲ့ရက် ကြိုသိခဲ့ရင် ဘာလုပ်မလဲပေါ့ တစ်ယောက်ထဲ စဉ်းစားရင်း အခုတော့လဲ တစ်ယောက်ထဲ အိပ်နေလို့ပေါ့ဗျာ...

ကျနော်တော့ မတက်တော့ဘူးနော့် အားလုံးလဲ ရေးပြီးလောက်နေပြီးလေ... :)

မသေခင် ၁၀ ရက်အလို

ကဲ လုပ်ကြပြန်ပါပြီ။ မသေခင် ၁၀ရက်အလိုတဲ့။ ဘယ်လိုလုပ်ရပါ့မလဲ ကိုကြယ်စင်သွေးကောင်းမူပေါ့။ ဒါတောင်မှ သူကငရဲပြီးကို လိုက်ခိုင်းနေတာ သူဟာသူတစ်ယောက်ထဲမသွားရဲဘူးလေ အားလုံးကို ဆွဲခေါ်နေတာ :)။ သူကတော့ဟုတ်တာပေါ့ နေ့တိုင်းကစ်နေတာ(အရက်)ကိုး။ ဘယ်လိုလုပ် နတ်ပြည်ရောက်မှလဲနော့် သူမရောက်တာနဲ့ ကျနော်ကိုပါ ငရဲပြည်ထဲခေါ်နေတယ် ကျနော်ကတော့ ငရဲကိုမသွားပါဘူး နတ်ပြည်ရောက်မှာနော့်။ ဒါပေမဲ့ ချစ်အကိုကြီးက ခေါ်နေတော့လဲ အားနာပါးနာနဲ့ ငရဲပြည်ကို အလည်လိုက်သွားဖြစ်ပါတယ်ဂျာ..

အခုလောလောဆယ် ငရဲပြည်သွားဖို့ Visa လျှောက်ထားတာ မကျသေးဘူးဗျ ဆယ်ရက်လိုသေးတယ်။ ဒါကြောင့် ငရဲပြည် အလည်မသွားခင် ၁၀ ရက်ကို ကောင်းကောင်း အသုံးချဦးမှ။ ဒါပြီးရင် ငရဲပြည်သွားပြီး ချစ်ကို၊ချစ်မတွေ ဘာလုပ်နေလဲဆိုတာ သွားလေ့လာရဦးမယ်ဗျ.. ပြီးတာနဲ့ နတ်(မူလီမဟုတ်)ပြည်ကို သွားပြီး လက်တစ်ဖက်မှာ နတ်သမီး အပါး(၅၀၀)လောက်နဲ့ ကဲရဦးမှာလေ..ဒီတော့ မသွားခင် ၁၀ရက်ကို ကောင်းကောင်းသုံးရမယ်ဗျ။

၁၀ ရက်သာကျန်တော့သည်။

အင်း ၁၀ရက်တောင်ကျန်နေသေးတော့ ဘယ်လိုလုပ်ရပါ့။ လက်ရှိရောက်နေတာက ဆင့်ကာပူဆိုတော့ လေယာဉ်လက်မှတ်ဝယ်ပြီး ချစ်သောအမိမြန်မာနိုင်ငံကြီးကို ပြန်မယ်ဗျာ.. လေယာဉ်ကဆင်းတာနဲ့ အားရပါးရအော်လိုက်မယ် "ငါ့မြန်မာပြည်ကို ပြန်ရောက်ပြီကွ" ပြီးတာနဲ့ ဦးလေးမိသားစုနဲ့တွေ့မယ်။ စင်ကာပူရောက် အတွေ့အကြုံတွေ ပြောပြမယ်။ ပြီးတာနဲ့ မန္တလေးသွားဖို့ လေယာဉ်လက်မှတ် ၀ယ်ခိုင်းထားမယ်။

၉ ရက်သာကျန်တော့သည်။

ရန်ကုန်မှာ ရှိတဲ့သူငယ်ချင်းတွေကို လိုက်တွေ့မယ်။ သူတို့နဲ့ စကားတွေပြော လျှောက်လည်ကြမယ်။ကျနော်ထင်တယ် သူတို့က ကျနော်တော့ ကျနော်ပြန်ရောက်တယ်ဆိုပြီး ၀မ်းသာနေကြမယ်။ KMD/MSC ကသူငယ်ချင်းတွေ၊ ဆရာတွေကို လိုက်တွေ့မယ် ပြီးတော့ ဆရာဆရာမတွေကို အမှားတွေလုပ်ခဲ့တာရှိရင် ခွင့်လွတ်ဖို့တောင်းပန်မယ်။ သူတို့တွေကတော့ ကျနော်ဒီကမ္ဘာမြေကြီးပေါ်မှာ နေရဖို့ရက်လေး ၉ရက်လောက်တာရှိတော့တယ် ဆိုတာကိုမသိပဲ ပျော်နေကြတယ်လေ...

၈ ရက်သာကျန်တော့သည်။

မန္တလေးကို ရောက်တော့ မတွေ့တာ ၁၅ နှစ်လောက်ရှိတော့မဲ့ ကျနော်အဒေါ်ကို သွားတွေ့တယ်။ သူက အပျော်ကြီးပျော်ရှာလို့ပေါ့။ ပြီးတော့ ဦးလေးကို သွားတွေတယ်။ နောက် ညီဝမ်းကွဲနဲ့ မန္တလေးကို လျှောက်လည်မယ်။ မန္တလေးတောင်ပေါ်ကို တက်မယ်။ မြွေကြီးနှစ်ကောင်ကို သွားတွေ့မယ်။ (မြွေကြီးတွေကော ရှိသေးလားမသိ) ပြီးတာနဲ့ အဒေါ်အိမ်မှာ ညအိပ်ပြီး နောက်နေ့တောင်ကြီးကို ကားနဲ့ သွားမယ်။

၇ ရက်သာကျန်တော့သည်။

ဒီနေ့ နေ့လယ် ၁၂နာရီလောက်မှာ ကားနဲ့တောင်ကြီးကို သွားမယ်ဆိုတော့ မနက်အစောကြီးထတယ်။ ပြီးတော့ ဦးလေး၊အဒေါ် ညီလေး၊ညီမလေးတွေနဲ့ ပျော်ပျော်ပါးပါး မနက်စာ ထမင်းကြော်စားတယ်။ မစားရတာကြာလို့လာတော့ မသိ အဒေါ်ကြော်တဲ့ ထမင်းကြော်လေးက ကောင်းတာ။ ပြီးတာနဲ့ ဦးလေး၊အဒေါ်တို့ကို အမှားတွေရှိရင် ခွင့်လွှတ်ဖို့တောင်းပန်မယ်။ သူတို့လည်း ဘာမှကိုမသိတော့ အေးအေးဆေးဆေးလေး ပြုံးနေတာပေါ့။ သူတို့ရဲ့ အေးမြတဲ့အပြုံးလေးတွေကို ကြည့်ပြီးရင်ထဲမှာ ၀မ်းနဲ ၀မ်းသာဖြစ်ရပါတယ်။

၆ ရက်သာကျန်တော့သည်။

တညလုံးကားပေါ်မှာ ရှမ်းသီချင်းလေးတွေ နားထောင်ပြီး လိုက်လာခဲ့တယ်။ မနက်မိုးလင်းတော့ တောင်ကြီးမြို့ အောက်ခြေမှာရှိတဲ့ အေးသာယာ ကားကြီးကွင်းကို ရောက်ပါတယ်။ အင်းတောင်ပေါ်ကို လှမ်းကြည့်မိလိုက်တယ် ငါတို့တွေတာ ပြောင်းလဲသွားတာမဟုတ်ပါလား တောင်တန်းတွေလဲ ပြောင်းလဲသွားပါ့လား ဆိုတဲ့ အတွေးလေး တွေးမိပါရဲ့။ ကြည့်ပါဦး ကျနော်တို့ တောင်ပေါ်မှာလဲ တစ်ချို့တောင်တန်းတွေဟာ သစ်ပင်တွေပျောက် ကတုံးတွေဖြစ်လို့ပါလားနော်။ အိမ်ရှေ့ကိုရောက်တာနဲ့ ချစ်အမေနဲ့ အမက ဆီးကြိုပိုက်ထွေးလို့ပေါ့။ အမေ့မျက်နှာမှာကတော့ ၀မ်းသာပီတိကြောင့် ကျတဲ့မျက်ရည်တွေ အပြည့်နဲ့ပေါ့။ မနက်စာကို ချစ်အမက တို့ဟူးနွေးဝယ်ကျွေးတယ်.. ပြီးတော့ အမေ့က ခရီးပန်းလာလို့ အတင်းအိပ်ခိုင်းတာနဲ့ အိပ်လိုက်ရပါတယ်။

ညနေ နိုးလာတော့ အမေ့ကို ဆင့်ကာပူရောက် အတွေအကြုံတွေ ရှင်းပြတယ်။ ကျနော်တို့ နိုင်ငံနဲ့ ဘယ်လိုကွာခြားကြောင်း ပြောပြတော့ အမေ့က မျက်လုံးလေး ကလည်ကလည်နဲ့ ပြုံးပြီးကြည့်ရှာပါတယ်။ ညပိုင်းရောက်တော့ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်သွားတယ်။

၅ ရက်သာကျန်တော့သည်။

အင်းဒီနေ့တော့ သူငယ်ချင်းတွေနဲ့ လျှောက်လည်ဖြစ်တယ်။ တောင်ကြီးမြို့ရဲ့ မှတ်တိုင်လို့ပြောရတဲ့ တောင်ချွန်းပေါ်ကို သူငယ်ချင်းတွေနဲ့ တက်ဖြစ်တယ်။ တောင်ထိပ်ပေါ်ကို ရောက်တော့ လေတံခွန်(စွန်)လေး လွှတ်ကြတယ်။ ဘယ်သူဟာက ပိုကောင်းကြောင်း ငယ်ငယ်တုန်းကလို ပြန်ပြီး စကားနိုင်လုကြတယ်။ တောင်ချွန်းကနေဆင်းတော့ လူသွားလမ်းက မဆင်းပဲ မြက်ကိုင်းတွေကို ရှင်းပြီးလမ်းသစ်ဖောက်ပြီး ပြန်လာတယ်။ ပြီးတာနဲ့ အိမ်ပြန် ရေမိုးချိုးပြီး အမေ့ချက်ပေးတဲ့ ငါးဖယ်ဟင်းချိုလေးနဲ့ ထမင်းစားလိုက်တယ်။ "ကောင်းလိုက်တဲ့ထမင်း အမေ့လက်ရာကို မစားရတာကြာပေါ့ အမေ" လို့ပြောတော့ အမေက ပြုံးပြုံးလေး ကြည့်နေပါတယ်...

ညပိုင်းရောက်တော့ သူငယ်ချင်းတွေနဲ့ မြို့ထဲလျှောက်သွားတယ်။ သြော်မြို့လေးတောင် တော်တော်ကိုပြောင်းလဲနေပြီလေ.. အရင်ကအိမ်ပုလေးတွေနေရာမှာ တိုက်တာအဆောက်အဦးတွေက စိုးမိုးချယ်လှယ်နေကြပါလား လို့တွေးမိပြန်တယ်။ ပြီးတာနဲ့ တောင်ကြီးရဲ့ အထင်ကရ ညဈေးလေးမှာ လက်ဖက်ရည်သောက်၊ တို့ဟူးနှစ်ပြန်ကြော်သုပ်လေး စားပြီး အိမ်ကိုပြန်လာတယ်။ အမေ့ကတော့ ချစ်သားပြန်လာတဲ့အထိ မအိပ်သေးပဲ စောင့်နေလေရဲ့။ ဒါနဲ့ အမေနဲ့ စကားတွေပြောပြီး အမေ့ကို နှိပ်နယ်ပေးရင်း အမေ့အိပ်တဲ့ အချိန်ထိနေလိုက်တယ်။ ပြီးတော့ အမေနဲ့ အတူတူအိပ်လိုက်ပါတယ်။ ကျနော်တူလေးတွေကတော့ စိတ်ဆိုးလို့ပေါ့ သူတို့အဖွားနဲ့ မအိပ်ရလို့လေ..

၎ ရက်သာကျန်တော့သည်။

အင်းဒီနေ့တော့ တောင်ကြီးကအဒေါ်တွေဆီ သွားဦးမယ်။ သူတို့လဲ သူတို့မိသားစုလေးတွေကိုယ်စီနဲ့ဆိုတော့ ကျနော်ကိုတောင် သတိရတော့မှာ မဟုတ်ပါဘူးနော့်။ ဒါပေမဲ့ သူတို့ကို သွားတွေ့မယ် သူတို့ရဲ့ ကလေးတွေအတွက် စားစရာ၊ဆော့စရာလေးတွေ ၀ယ်သွားမယ်။ အဖွားကိုလည်းသွားတွေ့တယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့ ဟိုးပုန်းဆည်ကို သွားလည်ကြမယ်။ အဲမှာ နာမည်ကြီး တို့ဟူးသုတ်ရှိတယ်ဗျ၊ တို့ဟူးသုတ်လေးနဲ့ ဆန်လုံးစီကြော်လေးကို စားလိုက်မယ်။ ပြီးတာနဲ့ အိမ်ကိုပြန်မယ်။ အမေ့အနားမှာနေပြီး စကားတွေပြော အမေလိုအပ်တာကို မှန်သမျှလိုက်လုပ်ပေးမယ်။ တူလေးတွေနဲ့ ဆော့မယ်။ အမနဲ့ ငယ်ငယ်က အကြောင်းတွေပြောမယ်။ အမယောက်ျားကတော့ ဘေးကနေနားထောင်ပြီး အမကို စနေတာပေါ့။

ညပိုင်းတော့ ဘယ်မှမသွားတော့ဘူး အမေ့ချက်ကျွေးတဲ့ ငါးခေါင်းဟင်းလေးနဲ့ ထမင်းပူပူလေးကို စားလိုက်တယ်။ ပြီးတော့ အမေ့နားမှာပဲနေပြီး စကားတွေပြော အမေနဲ့ အတူတူ ရုပ်ရှင်ကြည့်ပြီး ရယ်ရယ်မောမောနေလိုက်တယ်။ အိပ်ခါနီးကြရင်တော့ အမေနဲ့ တူတူအိပ်တယ်။ တူလေးတွေပါ ကျနော်နဲ့ လာအိပ်တယ်။ ကျနော်ကို သူတို့ ခင်စပြုလာပြီးလေ.....

၃ ရက်သာကျန်တော့သည်။

အင်း ဒီနေ့တော့ အဖိုးအတွက် ကောင်းမူလုပ်မယ်။ အဖိုးရဲ့အုတ်ဂူကို သွားပြီး အဖိုးအတွက် ဆုတောင်းပေးမယ်။ မရှိဆင်းရဲသားတွေကို အဖိုးကို ရည်စူးပြီး အလှူလုပ်မယ်။ အဖိုးက ကျနော်ရဲ့ အချစ်ရဆုံးထဲမှာ တဦးပေါ့ဗျာ..
ပြီးတာနဲ့ ဘုရားကျောင်းသွားမယ် အဖိုးအတွက် အလှူတွေလုပ်မယ်။ အမေ့အတွက်လည်း အားလုံးကိုကြိုတင်စီဆင်မယ်.. အမေ့ကို ကျနော် ငရဲပြည်သွားလည်တဲ့ အချိန်မှာ ဘုရားဖူးသွားခိုင်းရမယ်ဗျ.. အိမ်ရောက်တော့ ကျန်တဲ့ ဆွေမျိုးတွေ မသိပေမဲ့ အမေကတော့ ကျနော် ငရဲပြည်သွားမယ်ဆိုတာ သိနေတဲ့ထင်ပါရဲ့ မျက်နာလေးမကောင်းရှာဘူး သိမှာပေါ့ဗျာ ကိုယ်မွေးထားတဲ့ သားပဲ သားတွေ သမီးတွေဘာလုပ်တယ် ဘာဖြစ်နေတယ်ဆိုတာ မိဘတိုင်းက သိနေမှာပဲလေ.. ကျနော့် နယ်မှာရှိတဲ့ အမျိုးတွေ၊သူငယ်ချင်းတွေကို လေယာဉ်နဲ့ တောင်ကြီးကို ချက်ချင်းလာဖို့ခေါ်လိုက်မယ်။

၂ ရက်သာကျန်တော့သည်။

အင်းဒီနေ့တော့ မိသားစု၊သူငယ်ချင်းတွေအားလုံးကို ခေါ်ပြီးတော့ အင်းလေးသွားပြီးလျှောက်လည်ကြမယ်။ အင်းလေး ရေပေါ်ဈေးမှာ ရှမ်းထမင်းအနီလေးတွေနဲ့ ငါးထမင်းချဉ်စားကြတယ်။ ထမင်းချဉ်လေးကိုစားလိုက် ဂျူးလေးကိုကိုက်လိုက်နဲ့ပေါ့ ဟင်းထုပ်ကလည်း ကောင်းမှကောင်းဗျာ.. ပြီးတာနဲ့ ကျနော်တို့တွေ ခေါင်တိုင်ရေပူစမ်းလေးကို သွားကြတယ်။ သဘာဝကပေးထားတဲ့ အလှအပတွေကို ခံစားကြမယ်။

ညနေအိမ်ပြန်ရောက်တော့ အားလုံးက ပင်ပန်းနေပြီးလေ. ဒီတော့ သူငယ်ချင်းတွေကို ခေါ်ပြီး မီးပုံပျံလေးလွှတ်ဦးမယ်။ အမှတ်တရနဲ့ ပျော်ပျော်ရွှင်ရွှင်ပေါ့။ ညရောက်တော့ ကျနော်ရဲ့ အရင်က အချစ်ခဲ့ဆုံးသော တောင်ကြီးသူလေးကို သွားနှုတ်ဆက်မယ်... သူကိုတော့ အမှန်အတိုင်းပြောပြလိုက်ပါမယ်။ သူကတော့ အံ့သြခြင်း မယုံကြည်ခြင်းတွေနဲ့ ကျနော်ရဲ့ စကားတွေကို နားထောင်ယင်း ကျနော်မျက်နာလေးကိုငေးကြည့်လို့ပေါ့... ဟိုအရင်ကျောင်းသားဘ၀က အဖြစ်တွေကို ပြန်ပြောပြီး နှစ်ယောက်လုံး ရယ်မောလို့ပေါ့ဗျာ.....

ညအိမ်ပြန်ရောက်တော့ အားလုံးအိပ်နေပြီး ကျနော်လဲ အမေ့နားမှာ ၀င်အိပ်လိုက်တာပေါ့ဗျာ..

၁ ရက်သာကျန်တော့သည်။

ကဲ မနက်ဖြန်ဆို ကျနော်သွားရတော့မယ်လေ.. ဒီနေ့တော့ ကျနော်တယောက်တည်း တောင်ပေါ်မှာသွားနေပါမယ်။ ဘာဆိုဘာမှ မလုပ်ပဲ တောင်ပေါ်ကနေကျနော်မြို့ရဲ့ အလှအပတွေကို စိုက်ကြည့်နေပါ့မယ်။ညမိုးချုပ်မှ အိပ်ကိုပြန်ပါ့မယ်။ ပြီးတော့ ည၁၁း၀၀နာရီလောက်မှ အားလုံးကို နိုးပြီးခေါ်ပြီးကျနော်မနက်ဖြန် ဘလော့ကာ အစ်ကိုမောင်နှမများရှိရာ ငရဲပြည်ကိုသွားမလို့ပေါ့.. ကျနော်အတွက် ၀မ်းမနည်းဖို့၊ မျက်ရည်မကျဖို့ပြောမယ်လေ။ ပြီးတာနဲ့ကျနော်သေသွားရင် ကျနော်အတွက်ကောင်းမူတွေလုပ်ပေးဖို့နဲ့ ကျနော်ရှိနေစဉ်အချိန်လေးမှာ ပျော်ရွှင်ခဲ့သလို မိသားစု၊သူငယ်ချင်း အားလုံး စုစုစည်းစည်းနေကြဖို့ (ဆရာကြီး တစ်ယောက်လို)ပြောမယ်။တချို့ကလဲ အိပ်ချင်မူးတူးနဲ့ ကျနော်ဘာတွေပြောနေပါ့လိမ့် ဆိုပြီး ငိုက်မြည်းနားထောင်နေကြမယ်.. ပြီးတာနဲ့ အမေကို တောင်းပန်မယ် အမေ့ကို နမ်းမယ် ပြီးတာနဲ့ ကျနော် ရေမိုးချိုးပြီး အိပ်တော့မယ်ဗျာ.. ဒီတစ်ခါတော့ ကျနော်တစ်ယောက်ထဲ အိပ်လို့ပေါ့ဗျာ..

ဒီမသေခင် ၁၀ ရက်လေးကို ကျနော် ရင်နဲ့ခံစားပြီး ရေးဖွဲ့ထားတာပါ။ ကျနော်ရဲ့ အဖြစ်ချင်ဆုံးဆန္ဒတွေပါ။ တကယ်လို့ကျနော်တာ ဒီလို ၁၀ ရက်အတွင်းသေမယ်လို့သိနေခဲ့ရင် တစ်ဦးတယောက်ကိုမှ မပြောပဲ ငြိမ်းချမ်းစွာ လောကကြီးကနေ ထွက်ခွါသွားချင်ပါတယ်... ကျနော့်ကြောင့် လွမ်းဆွတ်တမ်းတမူတွေကို မမြင်ချင်ပါဘူးဗျာ.. တကယ်တော့ ဒီ Tag လေးကို မရေးချင်ပါဘူး တကယ်တမ်းရေးတော့ ကျနော် မျက်ရည်ကျခဲ့မိပါတယ်.. ငါသာ ဒီလိုသေမဲ့ရက် ကြိုသိခဲ့ရင် ဘာလုပ်မလဲပေါ့ တစ်ယောက်ထဲ စဉ်းစားရင်း အခုတော့လဲ တစ်ယောက်ထဲ အိပ်နေလို့ပေါ့ဗျာ...

ကျနော်တော့ မတက်တော့ဘူးနော့် အားလုံးလဲ ရေးပြီးလောက်နေပြီးလေ... :)

ဖြစ်သလိုစားသော ကျနော်

ကျနော်ကို ကိုကြီးသံလွင် နဲ့ မသက်တန့် တို့က တက်(Tag)ကြတယ်တဲ့ဗျာ.. လုပ်ကြပါဦး ဒီဘလော့တွေမှာလဲ Tag နေကြပါ့လားနော့် ဒီတော့လဲ အကိုအမတွေနဲ့ ရောပြီး လိုက်တက်(Tag)တော့မယ်ဗျာ.. ဘာတဲ့ ဖြစ်သလိုစားတဲ့ အကြောင်းတဲ့ အဲဒါမှ ဒုက္ခကျနော်က ဖြစ်သလို မစားတတ်ဘူးဗျာ.. ဒီတော့ သေချာ စဉ်းစားပြီး ရေးလိုက်ပါတယ်.. ဟဲဟဲ ဖတ်တော်မူကြပါကုန်လော... ဒန်း ဒန်း ဒန်..

ကျနော်က ငယ်ငယ်လေးကတည်းက ဖြစ်သလို မစားတတ်ပါဘူး။ ကျနော် မကြိုက်တဲ့ ဟင်းဆိုရင်တော့ ထမင်းကိုမစားတော့ပဲ စိတ်ကောက်လိုက်တာပဲ ဟဲဟဲ အမေအပေါ် ချွဲတာပေါ့ဗျာ.. ကျနော် မကြိုက်ဆုံးကတော့ ခရမ်းသီးပါ.. ခရမ်းသီးစားပြီးရင် အရမ်းယားတတ်လို့ လုံးဝကို မတို့ဘူးအခုထိပဲ .. ကျနော် ဆယ်တန်းအောင်လို့ ရန်ကုန်ကို ဦးလေးနဲ့ လာနေမှ ဖြစ်သလို စားတတ်ပါတယ်.. ရန်ကုန်မှာ အလုပ်လုပ်မှ ပိုပြီး ဖြစ်သလိုစားတတ်လာပါတယ်..

တခါတလေ ထမင်းစားများဆင်းလိုက်ရင် ဘာစားရမှန်းမသိဖြစ်တာကနေ လက်ဖက်ရည်ဆိုင်နဲ့ အသုပ်ဆိုင်လေးကို တွဲဖွင့်ထားတဲ့ နေရာလေးမှာ လက်ဖက်ထမင်းဆိုတာကို စပြီးစားရပါတယ်.. လက်ဖက်နဲ့ထမင်းရောပြီးနယ်ပေးတာပါ.. ဒီလိုနဲ့ ကျနော်ရဲ့ ဖြစ်သလို စားမူတွေ စတင်လာပါတယ်.. အိမ်မှာကတော့ ကျနော်ဖြစ်သလို မစားပါဘူး ဘာကြောင့်ဆိုတော့ ချစ်အဒေါ်က ဖြစ်သလိုမချက်လို့ပါ။ တပတ်မှာ ၆ ရက်လောက်က ဖြစ်သလို (လက်ဖက်ထမင်း၊ ရှောက်သီးသုတ်၊ ဆေးဘဲဥသုတ်) တို့နဲ့ နေ့လယ်စာကို နှစ်ပါးသွားပါတယ်။

တခါတလေ အရသာကောင်းကောင်းစားချင်ရင်တော့ ဖြစ်သလို ဆူးလေလမ်းဆုံမှာ ရှိတဲ့ ဒေါ်ရိတ်ကြီးကို သွားပါတယ်... ဒီထက်ပိုပြီး ပိုက်ဆံအိတ်ဖောင်းနေရင်တော့ ဖြစ်သလို ချစ်တီးထမင်းဆိုင်မှာ ၀ယ်စားပါတယ်.. ဒါကတော့ ရန်ကုန်က ဖြစ်သလိုစားခြင်းပါ..

အဲ ဆင့်ကာပူမှာကတော့ ဖြစ်သလိုကို စစားရတော့တာပါပဲ။ ကျေးဇူးရှင် အိမ်ရှင်မမက ချက်ခွင့်မပေးတော့ ဖြစ်သလို ကြုံရာဝယ်စားရပါတယ်။ ဖြစ်သလို တရုတ်ဆိုင်ဝင်စားလိုက် ၊ မလေးဆိုင်ဝင်စားလိုက်နဲ့ စားဖြစ်ပါတယ်။ တခါတလေ ထမင်းမစားချင်တဲ့အခါ ဖြစ်သလို အိမ်ကပို့ပေးထားတဲ့ ယမ်ယမ်ခေါက်ဆွဲကို ပြုတ်စားပါတယ်။ ဆင့်ကာပူမှာ အမှတ်တရ အရှိဆုံးကတော့ ဖြစ်သလို ထမင်းချက်စားခြင်းပါ။ အိမ်ရှင်က ဟင်းချက်ခွင့်မပေး၊ ထမင်းချက်ခွင့်ပေးပါတယ်။ ဒီတော့ ကျနော်ရဲ့ လက်ရာ ဥထမင်းလေးကို ဖြစ်သလို ချက်စားဖြစ်ပါတယ်။

ဥထမင်းလေးကတော့ ဖြစ်သလို ထမင်းချက်ရင်နဲ့ ကြက်ဥတွေပါ ထည့်ချက်လိုက်တာပါ :) ကျနော့်သူငယ်ချင်းများကတော့ အဲဒါကို ဥထမင်းလို့ခေါ်ပါတယ်။ အခုတော့ နေ့တိုင်းဖြစ်သလို ထမင်းကြော်ကို အမျိုးများစွာနဲ့ ဖြစ်သလိုစားနေရပါတယ်.. ရေးနေယင်နဲ့ ကျနော့်အကြိုက်ဆုံး အမေချက်တဲ့ ချဉ်ပေါင်ရွှက်ကြော်လေးကို စားချင်မိရဲ့၊ ဖြစ်နိုင်ရင် ငါးဖယ်လေးနဲ့ ရေမုန့်ညှင်း ဟင်းချိုလေးလဲ သောက်ချင်လာပါဘိ အီးအီး(မေ့မေ့ကို လွမ်းသဖြင့် ငိုခြင်းဖြစ်ပါတယ်)

ကျနော်ရဲ့ ဖြစ်သလိုစားခြင်းများကတော့ ဒီလောက်ပါပဲ။ ကဲကျနော်လဲ အစဉ်အလာအတိုင်း တက်(Tag) ဦးမှ ဘယ်သူကို တက်ရပါလိမ့် အဲအန်တီဝါကို သွားကြည့်တယ် ရေးပြီးပေါ့ မခေါင်ခေါင် ဒါလဲ ရေးပြီးပေါ့ လူလဲ ကုန်သလောက်ဖြစ်နေပြီး ဒုက္ခဒုက္ခ ကဲဗျာ ကံစမ်းမဲပေါက်သူများကို ကြော်ငြာပါမယ်။

ကိုကြီးဖိုးမောင် ၊ကိုကြီးမိုးမောင် ၊ မမအိန္ဒြာ
ကိုရဲ
ကိုကြီးပုလုကွေး
မစ်သွန်းသွန်း

တောင်ကြီးပွဲ အမှတ်တရ ဓါတ်ပုံများ

ကျနော် တောင်ကြီးနှစ် ၁၁၄ နှစ်မြောက် အထိမ်းအမှတ် ဓါတ်ပုံတွေ တင်မယ်လုပ်တော့ ပုံတွေက မကောင်းဘူးဗျာ.. စိတ်ညစ်သွားတယ်.. ကျနော်လဲ ပွဲမှာ ဖုန်းကင်မရာလေးနဲ့ ရိုက်ထားရတော့ ပုံတွေက ၀ါးတားတားတွေနဲ့ဗျာ.. နောက်မှ တောင်ကြီး family ကပုံတွေ ထွက်လာတော့မှ ကောင်းကောင်းလေးတွေ တင်ပေးပါမယ်နော့် အခုတော့ အားလုံး သီးခံပေးကြပါလို့ တောင်းပန်ပါတယ်.. :)

ဒီလင့်လေးကို သွားကြည့်ပေးကြပါနော့်

ဒါကတော့ ပွဲမသွားခင် ၀ါးတီးဆွဲလိုက်တာ

ဒါလေးကတော့ ရှိုးပွဲ အ၀င်မှာ ရောင်းတဲ့ အမှတ်တရ လက်ဆောင်လေးတွေပေါ့ အကျီင်္င်္တထည်ကို ၁၅ ဒေါ်လာတဲ့ ဈေးများတာ များလဲ ၀ယ်ရတာပါပဲ

ဒါလေးကတော့ ကျနော်တို့ တောင်ကြီးသူ/သားတွေ ကနေတဲ့ movie လေးပါ.. ကျနော်လဲ ဖုန်းကင်မရာနဲ့ ရိုက်လိုက်ရတော့ မကောင်းဘူးဗျာ.. စာဖတ်ပရိသတ်တွေကို တောင်းပန်ပါတယ် နောက်မှပဲ တောင်ကြီး Family ကပုံတွေရမှ ကောင်းကောင်းလေး တင်ပေးတော့မယ်နော့်

တောင်ကြီးပွဲလေး အမှတ်တရ

ဒီနေ့ တနင်္ဂနွေ နေ့ ညနေ ၆း၃၀ မှာကျနော်တို့ စင်ကာပူရောက် တောင်ကြီးသူ/သားများ ဦးစီးကျင်းပတဲ့ တောင်ကြီးမြို့ ဖြစ်တည်မူ နှစ် ၁၁၄ နှစ်မြောက် အထိမ်းအမှတ် စတိတ်ရှိုးပွဲလေး ကျင်းပဖြစ်ပါတယ်.. မကျင်းပမီ နေ့လယ် ၁ နာရီကတည်းက ကျနော်ကတော့ ပင်နဆူလာ ပလာဇာမှာ လက်မှတ်ရောင်းလို့ နေပါတယ်.. ညနေ ၅း၀၀ နာရီလောက်ကြတော့ အဖွဲ့တွေအားလုံး ရှိုးပွဲကျင်းပရာ နေရာကို ရောက်နေပါတယ်. ပင်နဆူလာပလာဇာမှာတော့ ကျနော်နဲ့ ကိုစည်သူ နှစ်ယောက်ထဲ ကျန်ခဲ့ပြီး လက်မှတ်တွေ ဆက်ရောင်းကြပါတယ်.. ကျနော်တို့ ရောင်းပုံရောင်းတာကတော့ မပြောပါနဲ့တော့ဗျာ.. တစောင်မှ မရောင်းရပါဘူး ဟဲဟဲ…

ည ၆နာရီလောက်ကြတော့ ကျနော်ရဲ့ သူငယ်ချင်းတွေပါ ရောက်လာပါတယ်.. ကျနော်တို့ သူငယ်ချင်း ၆ ယောက် Under Ground မှာ ဖွင့်ထားတဲ့ မြနန္ဒာမှာ ထမင်းစားကြပါတယ်… ပြီးတာနဲ့ ကျနော်တို့ ပွဲကျင်းပရာ Raffle Place ကို MRT နဲ့ ထွက်လာခဲ့ပါတယ်.. ပွဲရှိတဲ့နေရာကို ရောက်တော့ ၆း၄၅ လောက် ရှိနေပါပြီး။ ပွဲလေးဟာ မထင်မှတ်ထားလောက်အောင် အောင်မြင်ခဲ့ပါတယ် သီချင်းတွေနဲ့ ပျော်ပျော်ပါးပါး တောင်ကြီးသူ/သား တွေ ကကြပါတယ်.. ဒီပွဲလေး ကို မေတ္တာနဲ့ လာသီဆိုပေးတဲ့ အဆိုတော်များကတော့ ကိုဘိုဖြူ ၊ ကိုဟန်ထွန်း ၊ ကိုမောင်မောင်ဇော်လတ် ၊ ကိုအစိုင်း (BlackHole) တို့ပဲဖြစ်ပါတယ်..

ပထမဆုံး သီဆိုဖျော်ဖြေပေးတာကတော့ ကိုဟန်ထွန်းဖြစ်ပါတယ်.. ကျနော်လည်း သီချင်းတွေများတော့ သိပ်မမှတ်မိလိုက်ဘူး။ သူရဲ့ "လွယ်လွယ်မမေ့ပစ်နိုင်သေးဘူး ငါနဲ့ မင်းကထပ်တူ ရင်ခုန်မဲ့သူ” ဆိုတဲ့ သီချင်းလေးကတော့ ကျနော်တို့ တောင်ကြီးသူ/သား တွေတာမက ရောက်လာတဲ့ ပရိသတ်အားလုံးကို စွဲဆောင်သွားပါတယ်.. ပထမဆုံး သူရဲ့ သီချင်း ၄ ပုဒ်သီဆိုပေးပြီး နောက်တစ်ယောက် တက်လာပါတယ်. သူကတော့ အစိုင်း(BlackHole) ပဲဖြစ်ပါတယ်.. သူရဲ့ သီချင်းအေးတွေကော မြူးကြွတဲ့ သီချင်းတွေကြားမှာ ပရိသတ်တွေ မျောပါခံစားကြရပါတယ်.. “ပါးပြင်မှာ သနပ်ခါးလေးတွေနဲ့ ချစ်စရာကောင်းလိုက်တာကွာ” ဆိုတဲ့ သီချင်းလေးကတော့ လာအားပေးတဲ့ ပရိသတ်ကြီးတွေ အရမ်းကြိုက်နှစ်သက်တဲ့ သီချင်းလေးပါ… အစိုင်းလဲ သူ့ရဲ့ အကောင်းဆုံး သီချင်း (၄)ပုဒ်ကို ပျော်ရွှင်စွာ ဖျော်ဖြေသွားပါတယ်...

အစိုင်းသီဆိုပြီး နောက်တစ်ယောက်ကတော့ Rocker သမားကြီး မောင်မောင်ဇော်လတ်ပါ.. မောင်မောင်ဇော်လတ်ရဲ့ အဖွင့်စကားလေး “ကျနော်က တောင်ကြီး အထက (၄)ထွက်ပါ၊ အင်းစာကူး(အင်းသာ)ပါ” ဆိုတဲ့ စကားလေးကတော့ ပရိသတ်ကြီးရဲ့ လက်ခုပ်သံလေးကို ဆွဲယူသွားပါတယ်.. သူရဲ့ Rock သီချင်းတွေကို ဖျော်ဖြေပါတယ်.. “ငပျင်း၊ စားဖို့ပျင်း သောက်ဖို့ပျင်း ရည်းစားထားရမှာတောင်ပျင်း ပျင်းရမှာတောင်ပျင်း” တဲ့ တော်တော်ကို အပျင်းများတဲ့ ကိုဇော်လတ်ပါပဲ.. သူလဲ သူရဲ့ ပထမပိုင်းအနေနဲ့ ပရိသတ်ကို သီချင်း (၄) ပုဒ် ဆိုပြီး ပျော်ရွှင်စေပါတယ်.. နောက်တစ်ယောက်ကတော့ ကျနော်ရဲ့ အကြိုက်ပေါ့ ကိုဘိုဖြူပါ.. သူကလည်း “ကျနော် တောင်ကြီးသား စစ်စစ်ပါ မြို့မမှာနေပါတယ်” ဆိုတဲ့စကားလေးနဲ့ စင်ကာပူရောက် တောင်ကြီးသူ/သား တွေရဲ့ အချစ်တွေကို သိမ်းပိုက်သွားပါတယ်.. သူကတော့ သူရဲ့ဆရာ ဘိုထီး(စိုင်းထီးဆိုင်)ရဲ့ သီချင်းလေးတွေ တောင်ပေါ်သီချင်းလေးတွေနဲ့ သီဆိုဖျော်ဖြေသွားပါတယ်.. ဟဲဟဲ “မြေပြန့်သူလေး တို့ရဲ့အရပ်မှာပျော်ပါစေ တသက်လုံးပဲငေးကာနေချင်လှတယ် မပြန်နဲ့လား” တဲ့ ကဲကျတော်တို့ တောင်ပေါ်သားကတော့ လုပ်ချလိုက်ပြီး မြေပြန့်သူလေးရဲ့ အသဲကိုပါ ယူသွားတယ်ဗျာ.. ဒီလိုနဲ့ ဘိုဖြူရဲ့ သီချင်း ၄ ပုဒ် ပြီးဆုံးသွားတော့ ပွဲကို ပထမပိုင်း ခဏ ရပ်နားပါတယ်..

ဒုတိယပိုင်း ပွဲထွက်လာတာကတော့ အစိုင်း နဲ့ ဟန်ထွန်း နှစ်ယောက် သီဆိုတာပါ.. ဟန်ထွန်းရဲ့ “ကျနော်ဒီကို ရောက်တာ ၃ ရက်ရှိပါပြ
ီး ဒီရက်လေးအတွင်းမှာ ကျနော်အိမ်ကို လွမ်းပါတယ်.. ဒီတော့ ကျနော်စင်ကာပူရောက် တောင်ကြီးသူ/သား တွေဘယ်လောက် အိမ်ကိုလွမ်းမယ်ဆိုတာ ကိုယ်ချင်းစာပါတယ်”
ဆိုတဲ့စကားလေးကို ကြားတော့ ကျနော်တောင်ပေါ်သားလဲ မျက်ရည်ဝဲခဲ့ရပါတယ်.. ပြီးတော့ သူတို့တွေ “နွေးထွေးတဲ့ အမေ့အိမ်လေးပဲ အိမ်ပြန်ချင်တယ်” ဆိုတဲ့ သီချင်းလေးကို ပရိသတ်နဲ့ အတူတူတွဲဆိုခဲ့ကြပါတယ်.. ကျနော်ထင်တယ် ကျနော့်လိုပဲ တောင်ကြီးသူ/သားတွေ အာလုံး ဒီသီချင်းလေးမှာ စီးမျောရင်း မျက်ရည်တွေ ၀ဲနေကြမယ်လို့..... ဒီသီချင်းလေးပြီးတော့ ကိုဟန်ထွန်းရဲ့ သီချင်း ၄ ပုဒ်နဲ့ထပ် သီဆိုပါတယ်… ကျနော်တော့ သီချင်းတွေ ရတော့ဘူးဗျ..

ကိုမောင်မောင်ဇော်လတ်ကလည်း သီချင်း ၄ပုဒ်နဲ့ ထပ်ဖျော်ဖြေပါတယ်.. သူရဲ့ အကောင်းဆုံးသီချင်းတွေ ဖြစ်တဲ့ “ငပျင်း၊” ပြီးတော့ ရိုးရာတေးလေးဖြစ်တဲ့ သီချင်းလေးဖြစ်တဲ့ “တောင်ချွန်းပေါ်မှာ ဘုရားတစ်ဆူ ဟေး ၊ ဆူသည် ရေနွေးအိုး ဟေး ၊ အိုးသည် အိုးလုပ်ငန်း ဟေး ငန်းသည် ငန်းမြွေ ” စတဲ့ သီချင်းတွေ နဲ့ဖျော်ဖြေသွားပါတယ်.. သူရဲ့ သီချင်းသံစဉ်လေး ပြီးတိုင်းမှာ ပရိတ်သတ်ရဲ့ ဟေး ဟေး ဆိုတဲ့အော်သံတွေကတော့ ရင်မှာ ပြောမပြတတ်အောင် ၀မ်းသာပီတိဖြစ်ရပါတယ်.. သူလဲ သူရဲ့အကောင်းဆုံး သီချင်း ၄ ပုဒ်ကို ပရိသတ်ကြီးနဲ့ အတိုင်းအဖြောက်ညီစွာ ဖျော်ဖြေသွားပါတယ်..

သူပြီးတော့ အစိုင်းက သီချင်း ၄ပုဒ်ကို ဖျော်ဖြေပြန်ပါတယ်.. သူရဲ့ “ဒီတသက်စာ ချစ်လေးမေတ္တာ ကမ္ဘာကျော်တောင် မမီနိုင်ဘူးကွာ” ဆိုတဲ့ သီချင်းလေးကတော့ ကျနော်တို့ အားလုံးကို ကစေတော့တာပဲ စင်ရှေ့မှာ ကျနော်တို့တွေ ကွေးနေအောင်ကကြတာပါပဲ… ပြီးတာနဲ့ ကိုဘိုဖြူကဆက်လက် ဖျော်ဖြေပါတယ်.. ဘိုဖြူက နောက်ဆုံးဖျော်ဖြေတာ ဖြစ်တဲ့အတွက် သီချင်းတွေ ၈ ပုဒ်လောက်ကို သီဆိုသွားပါတယ်.. သူရဲ့ တကိုယ်တော် စီးရီးထဲက “ပြည်စုံပါစေ”“မြေနီလမ်း” လေးကတော့ တော်တော်ကို ကောင်းပါတယ်..ပြီးတော့ သူရဲ့ အဖေမေတ္တာဂုဏ်ပြုတေးလေးကိုလဲ သီဆိုသွားပါတယ်.. အဆိုတော် ကိုလွမ်းမိုးရဲ့ အဖေ သီချင်းလေးပါ “တံငါရွာမှာ ၀မ်းစာ ရှာနေတဲ့ အဖေရဲ့ဒုက္ခ ကို ဖော်ပြထားတဲ့ သီချင်းလေးပါ” ကျနော်တို့ တောင်ကြီးရိုးရာသီချင်းလေးကတော့ ဒီပွဲလေးမှာ အကောင်းဆုံးပါပဲ ဘာတဲ့ “ပေစိမ်းသီး ပိုးထိုး တောင်ကြီးသူမ ရအောင်ပိုးဟေ့ ရအောင်ပိုး ပေစိမ်းသီး အညှာခြွေချ တောင်ကြီးသူမှ ငါနဲ့ရဟေ့ ငါနဲ့ရ ပေစိမ်းသီး နေဆာလောင် မိန်းမ လက်ဆောင်ပေးရအောင်ဟေ့ ပေးရအောင်” ဆိုတဲ့သီးချင်းလေးကို ပရိတ်သတ်နဲ့ အတူတူဖျော်ဖြေတော့ပါပဲ ကျနော်လည်း အောင့်ထားရတဲ့ ပိုးတွေထကြွပြီး ကွေးနေအောင် ကတော့တာပါပဲဗျာ.. ဒီသီချင်းလေးကို မဆိုခင် ကိုဘိုဖြူက ပြောသေးတယ် ဘာတဲ့ “ကျနော် ဒီလိုတမြို့ထဲသားတွေနဲ့ စုံရတာ အရမ်းဝမ်းသာပါတယ်.. ဖြစ်နိုင်ရင်ကိုယ်မြို့သူ/သားတွေပဲ ယူစေချင်တယ်ဗျ။ ကျနော်တောင် တောင်ကြီးသူမယူထားတာတဲ့” ဟဲဟဲ ကျနော်တို့ဝိုင်းရယ်တာပေါ့ ပရိသတ်တစ်ယောက်အော်တာတော့ ကြားမိသား ဘိုဖြူတို့ ကလေးယူတော့တဲ့ ကဲကိုဘိုဖြူရေ လိုနေပြီးထင်တယ်နော့် ဟား ဟား

ကျနော်ကို ဒီပွဲလေးမှာ မျက်ရည်ကျအောင်လုပ်သွားတယ် သူကတော့ ကိုဘိုဖြူပါပဲ သူရဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲသီချင်းလေးဖြစ်တဲ့ “ကုန်းက ကုန်းက သီချင်းသံကြားမှာ ကနေမယ် နှစ်ကိုယ်သူ ယှဉ်ကာ ကနေ ကုန်းကလွမ်းမုန်းကဟန် တောင်ပေါ်ရှမ်းရဲ့ ဓလေ့ရိုးရာ တောင်ပေါ်ရှမ်းရဲ့ ဓလေ့ရိုးရာ” ဆိုတဲ့ သီချင်းလေးကို ကြားတော့ ဘယ်လိုမှ မျက်ရည်မဆယ်နိုင်ဘူးဗျာ.. ဒီလို တောင်ကြီးသူ/သားတွေနဲ့ ဒီလိုပွဲလေးကို ဆုံဖြစ်မယ်တောင်မထင်ဘူး ကျနော်တို့လဲ ဒီသီချင်းလေး အောက်မှာ အားလုံး ကွေးကောက်နေအောင် ကကြပါတယ်…. ကိုဘိုဖြူလည်း ဒီသီချင်းလေးကို ၃ ခါထက်မ

တောင်ကြီးပွဲလေး အမှတ်တရ

ဒီနေ့ တနင်္ဂနွေ နေ့ ညနေ ၆း၃၀ မှာကျနော်တို့ စင်ကာပူရောက် တောင်ကြီးသူ/သားများ ဦးစီးကျင်းပတဲ့ တောင်ကြီးမြို့ ဖြစ်တည်မူ နှစ် ၁၁၄ နှစ်မြောက် အထိမ်းအမှတ် စတိတ်ရှိုးပွဲလေး ကျင်းပဖြစ်ပါတယ်.. မကျင်းပမီ နေ့လယ် ၁ နာရီကတည်းက ကျနော်ကတော့ ပင်နဆူလာ ပလာဇာမှာ လက်မှတ်ရောင်းလို့ နေပါတယ်.. ညနေ ၅း၀၀ နာရီလောက်ကြတော့ အဖွဲ့တွေအားလုံး ရှိုးပွဲကျင်းပရာ နေရာကို ရောက်နေပါတယ်. ပင်နဆူလာပလာဇာမှာတော့ ကျနော်နဲ့ ကိုစည်သူ နှစ်ယောက်ထဲ ကျန်ခဲ့ပြီး လက်မှတ်တွေ ဆက်ရောင်းကြပါတယ်.. ကျနော်တို့ ရောင်းပုံရောင်းတာကတော့ မပြောပါနဲ့တော့ဗျာ.. တစောင်မှ မရောင်းရပါဘူး ဟဲဟဲ…

ည ၆နာရီလောက်ကြတော့ ကျနော်ရဲ့ သူငယ်ချင်းတွေပါ ရောက်လာပါတယ်.. ကျနော်တို့ သူငယ်ချင်း ၆ ယောက် Under Ground မှာ ဖွင့်ထားတဲ့ မြနန္ဒာမှာ ထမင်းစားကြပါတယ်… ပြီးတာနဲ့ ကျနော်တို့ ပွဲကျင်းပရာ Raffle Place ကို MRT နဲ့ ထွက်လာခဲ့ပါတယ်.. ပွဲရှိတဲ့နေရာကို ရောက်တော့ ၆း၄၅ လောက် ရှိနေပါပြီး။ ပွဲလေးဟာ မထင်မှတ်ထားလောက်အောင် အောင်မြင်ခဲ့ပါတယ် သီချင်းတွေနဲ့ ပျော်ပျော်ပါးပါး တောင်ကြီးသူ/သား တွေ ကကြပါတယ်.. ဒီပွဲလေး ကို မေတ္တာနဲ့ လာသီဆိုပေးတဲ့ အဆိုတော်များကတော့ ကိုဘိုဖြူ ၊ ကိုဟန်ထွန်း ၊ ကိုမောင်မောင်ဇော်လတ် ၊ ကိုအစိုင်း (BlackHole) တို့ပဲဖြစ်ပါတယ်..

ပထမဆုံး သီဆိုဖျော်ဖြေပေးတာကတော့ ကိုဟန်ထွန်းဖြစ်ပါတယ်.. ကျနော်လည်း သီချင်းတွေများတော့ သိပ်မမှတ်မိလိုက်ဘူး။ သူရဲ့ "လွယ်လွယ်မမေ့ပစ်နိုင်သေးဘူး ငါနဲ့ မင်းကထပ်တူ ရင်ခုန်မဲ့သူ” ဆိုတဲ့ သီချင်းလေးကတော့ ကျနော်တို့ တောင်ကြီးသူ/သား တွေတာမက ရောက်လာတဲ့ ပရိသတ်အားလုံးကို စွဲဆောင်သွားပါတယ်.. ပထမဆုံး သူရဲ့ သီချင်း ၄ ပုဒ်သီဆိုပေးပြီး နောက်တစ်ယောက် တက်လာပါတယ်. သူကတော့ အစိုင်း(BlackHole) ပဲဖြစ်ပါတယ်.. သူရဲ့ သီချင်းအေးတွေကော မြူးကြွတဲ့ သီချင်းတွေကြားမှာ ပရိသတ်တွေ မျောပါခံစားကြရပါတယ်.. “ပါးပြင်မှာ သနပ်ခါးလေးတွေနဲ့ ချစ်စရာကောင်းလိုက်တာကွာ” ဆိုတဲ့ သီချင်းလေးကတော့ လာအားပေးတဲ့ ပရိသတ်ကြီးတွေ အရမ်းကြိုက်နှစ်သက်တဲ့ သီချင်းလေးပါ… အစိုင်းလဲ သူ့ရဲ့ အကောင်းဆုံး သီချင်း (၄)ပုဒ်ကို ပျော်ရွှင်စွာ ဖျော်ဖြေသွားပါတယ်...

အစိုင်းသီဆိုပြီး နောက်တစ်ယောက်ကတော့ Rocker သမားကြီး မောင်မောင်ဇော်လတ်ပါ.. မောင်မောင်ဇော်လတ်ရဲ့ အဖွင့်စကားလေး “ကျနော်က တောင်ကြီး အထက (၄)ထွက်ပါ၊ အင်းစာကူး(အင်းသာ)ပါ” ဆိုတဲ့ စကားလေးကတော့ ပရိသတ်ကြီးရဲ့ လက်ခုပ်သံလေးကို ဆွဲယူသွားပါတယ်.. သူရဲ့ Rock သီချင်းတွေကို ဖျော်ဖြေပါတယ်.. “ငပျင်း၊ စားဖို့ပျင်း သောက်ဖို့ပျင်း ရည်းစားထားရမှာတောင်ပျင်း ပျင်းရမှာတောင်ပျင်း” တဲ့ တော်တော်ကို အပျင်းများတဲ့ ကိုဇော်လတ်ပါပဲ.. သူလဲ သူရဲ့ ပထမပိုင်းအနေနဲ့ ပရိသတ်ကို သီချင်း (၄) ပုဒ် ဆိုပြီး ပျော်ရွှင်စေပါတယ်.. နောက်တစ်ယောက်ကတော့ ကျနော်ရဲ့ အကြိုက်ပေါ့ ကိုဘိုဖြူပါ.. သူကလည်း “ကျနော် တောင်ကြီးသား စစ်စစ်ပါ မြို့မမှာနေပါတယ်” ဆိုတဲ့စကားလေးနဲ့ စင်ကာပူရောက် တောင်ကြီးသူ/သား တွေရဲ့ အချစ်တွေကို သိမ်းပိုက်သွားပါတယ်.. သူကတော့ သူရဲ့ဆရာ ဘိုထီး(စိုင်းထီးဆိုင်)ရဲ့ သီချင်းလေးတွေ တောင်ပေါ်သီချင်းလေးတွေနဲ့ သီဆိုဖျော်ဖြေသွားပါတယ်.. ဟဲဟဲ “မြေပြန့်သူလေး တို့ရဲ့အရပ်မှာပျော်ပါစေ တသက်လုံးပဲငေးကာနေချင်လှတယ် မပြန်နဲ့လား” တဲ့ ကဲကျတော်တို့ တောင်ပေါ်သားကတော့ လုပ်ချလိုက်ပြီး မြေပြန့်သူလေးရဲ့ အသဲကိုပါ ယူသွားတယ်ဗျာ.. ဒီလိုနဲ့ ဘိုဖြူရဲ့ သီချင်း ၄ ပုဒ် ပြီးဆုံးသွားတော့ ပွဲကို ပထမပိုင်း ခဏ ရပ်နားပါတယ်..

ဒုတိယပိုင်း ပွဲထွက်လာတာကတော့ အစိုင်း နဲ့ ဟန်ထွန်း နှစ်ယောက် သီဆိုတာပါ.. ဟန်ထွန်းရဲ့ “ကျနော်ဒီကို ရောက်တာ ၃ ရက်ရှိပါပြီး ဒီရက်လေးအတွင်းမှာ ကျနော်အိမ်ကို လွမ်းပါတယ်.. ဒီတော့ ကျနော်စင်ကာပူရောက် တောင်ကြီးသူ/သား တွေဘယ်လောက် အိမ်ကိုလွမ်းမယ်ဆိုတာ ကိုယ်ချင်းစာပါတယ်” ဆိုတဲ့စကားလေးကို ကြားတော့ ကျနော်တောင်ပေါ်သားလဲ မျက်ရည်ဝဲခဲ့ရပါတယ်.. ပြီးတော့ သူတို့တွေ “နွေးထွေးတဲ့ အမေ့အိမ်လေးပဲ အိမ်ပြန်ချင်တယ်” ဆိုတဲ့ သီချင်းလေးကို ပရိသတ်နဲ့ အတူတူတွဲဆိုခဲ့ကြပါတယ်.. ကျနော်ထင်တယ် ကျနော့်လိုပဲ တောင်ကြီးသူ/သားတွေ အာလုံး ဒီသီချင်းလေးမှာ စီးမျောရင်း မျက်ရည်တွေ ၀ဲနေကြမယ်လို့..... ဒီသီချင်းလေးပြီးတော့ ကိုဟန်ထွန်းရဲ့ သီချင်း ၄ ပုဒ်နဲ့ထပ် သီဆိုပါတယ်… ကျနော်တော့ သီချင်းတွေ ရတော့ဘူးဗျ..

ကိုမောင်မောင်ဇော်လတ်ကလည်း သီချင်း ၄ပုဒ်နဲ့ ထပ်ဖျော်ဖြေပါတယ်.. သူရဲ့ အကောင်းဆုံးသီချင်းတွေ ဖြစ်တဲ့ “ငပျင်း၊” ပြီးတော့ ရိုးရာတေးလေးဖြစ်တဲ့ သီချင်းလေးဖြစ်တဲ့ “တောင်ချွန်းပေါ်မှာ ဘုရားတစ်ဆူ ဟေး ၊ ဆူသည် ရေနွေးအိုး ဟေး ၊ အိုးသည် အိုးလုပ်ငန်း ဟေး ငန်းသည် ငန်းမြွေ ” စတဲ့ သီချင်းတွေ နဲ့ဖျော်ဖြေသွားပါတယ်.. သူရဲ့ သီချင်းသံစဉ်လေး ပြီးတိုင်းမှာ ပရိတ်သတ်ရဲ့ ဟေး ဟေး ဆိုတဲ့အော်သံတွေကတော့ ရင်မှာ ပြောမပြတတ်အောင် ၀မ်းသာပီတိဖြစ်ရပါတယ်.. သူလဲ သူရဲ့အကောင်းဆုံး သီချင်း ၄ ပုဒ်ကို ပရိသတ်ကြီးနဲ့ အတိုင်းအဖြောက်ညီစွာ ဖျော်ဖြေသွားပါတယ်..

သူပြီးတော့ အစိုင်းက သီချင်း ၄ပုဒ်ကို ဖျော်ဖြေပြန်ပါတယ်.. သူရဲ့ “ဒီတသက်စာ ချစ်လေးမေတ္တာ ကမ္ဘာကျော်တောင် မမီနိုင်ဘူးကွာ” ဆိုတဲ့ သီချင်းလေးကတော့ ကျနော်တို့ အားလုံးကို ကစေတော့တာပဲ စင်ရှေ့မှာ ကျနော်တို့တွေ ကွေးနေအောင်ကကြတာပါပဲ… ပြီးတာနဲ့ ကိုဘိုဖြူကဆက်လက် ဖျော်ဖြေပါတယ်.. ဘိုဖြူက နောက်ဆုံးဖျော်ဖြေတာ ဖြစ်တဲ့အတွက် သီချင်းတွေ ၈ ပုဒ်လောက်ကို သီဆိုသွားပါတယ်.. သူရဲ့ တကိုယ်တော် စီးရီးထဲက “ပြည်စုံပါစေ”“မြေနီလမ်း” လေးကတော့ တော်တော်ကို ကောင်းပါတယ်..ပြီးတော့ သူရဲ့ အဖေမေတ္တာဂုဏ်ပြုတေးလေးကိုလဲ သီဆိုသွားပါတယ်.. အဆိုတော် ကိုလွမ်းမိုးရဲ့ အဖေ သီချင်းလေးပါ “တံငါရွာမှာ ၀မ်းစာ ရှာနေတဲ့ အဖေရဲ့ဒုက္ခ ကို ဖော်ပြထားတဲ့ သီချင်းလေးပါ” ကျနော်တို့ တောင်ကြီးရိုးရာသီချင်းလေးကတော့ ဒီပွဲလေးမှာ အကောင်းဆုံးပါပဲ ဘာတဲ့ “ပေစိမ်းသီး ပိုးထိုး တောင်ကြီးသူမ ရအောင်ပိုးဟေ့ ရအောင်ပိုး ပေစိမ်းသီး အညှာခြွေချ တောင်ကြီးသူမှ ငါနဲ့ရဟေ့ ငါနဲ့ရ ပေစိမ်းသီး နေဆာလောင် မိန်းမ လက်ဆောင်ပေးရအောင်ဟေ့ ပေးရအောင်” ဆိုတဲ့သီးချင်းလေးကို ပရိတ်သတ်နဲ့ အတူတူဖျော်ဖြေတော့ပါပဲ ကျနော်လည်း အောင့်ထားရတဲ့ ပိုးတွေထကြွပြီး ကွေးနေအောင် ကတော့တာပါပဲဗျာ.. ဒီသီချင်းလေးကို မဆိုခင် ကိုဘိုဖြူက ပြောသေးတယ် ဘာတဲ့ “ကျနော် ဒီလိုတမြို့ထဲသားတွေနဲ့ စုံရတာ အရမ်းဝမ်းသာပါတယ်.. ဖြစ်နိုင်ရင်ကိုယ်မြို့သူ/သားတွေပဲ ယူစေချင်တယ်ဗျ။ ကျနော်တောင် တောင်ကြီးသူမယူထားတာတဲ့” ဟဲဟဲ ကျနော်တို့ဝိုင်းရယ်တာပေါ့ ပရိသတ်တစ်ယောက်အော်တာတော့ ကြားမိသား ဘိုဖြူတို့ ကလေးယူတော့တဲ့ ကဲကိုဘိုဖြူရေ လိုနေပြီးထင်တယ်နော့် ဟား ဟား

ကျနော်ကို ဒီပွဲလေးမှာ မျက်ရည်ကျအောင်လုပ်သွားတယ် သူကတော့ ကိုဘိုဖြူပါပဲ သူရဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲသီချင်းလေးဖြစ်တဲ့ “ကုန်းက ကုန်းက သီချင်းသံကြားမှာ ကနေမယ် နှစ်ကိုယ်သူ ယှဉ်ကာ ကနေ ကုန်းကလွမ်းမုန်းကဟန် တောင်ပေါ်ရှမ်းရဲ့ ဓလေ့ရိုးရာ တောင်ပေါ်ရှမ်းရဲ့ ဓလေ့ရိုးရာ” ဆိုတဲ့ သီချင်းလေးကို ကြားတော့ ဘယ်လိုမှ မျက်ရည်မဆယ်နိုင်ဘူးဗျာ.. ဒီလို တောင်ကြီးသူ/သားတွေနဲ့ ဒီလိုပွဲလေးကို ဆုံဖြစ်မယ်တောင်မထင်ဘူး ကျနော်တို့လဲ ဒီသီချင်းလေး အောက်မှာ အားလုံး ကွေးကောက်နေအောင် ကကြပါတယ်…. ကိုဘိုဖြူလည်း ဒီသီချင်းလေးကို ၃ ခါထက်မနဲ့ ကျော့နေရပါတယ်.. အရမ်းပျော်ရွှင်စရာကောင်းတဲ့ပွဲလေးပါဗျာ..

ဒီပွဲလေးဖြစ်မြောက်အောင် အစပျိုး စီစဉ်တဲ့ တောင်ကြီး Family (စင်ကာပူ) ကိုလည်းကျေးဇူး အရမ်းတင်မိပါတယ်.. ဒီ Organization ကြောင့် ကျနော်တို့တောင်ပေါ်သူ/သားတွေ ဒီလိုစုစုစည်းစည်းဆုံတွေ့ကြရတာလေ.. ပြီးတော့ ဒီအစီအစဉ်လေးကို အဖက်ဖက်က ပံ့ပိုးပေးတဲ့ ပင်နဆူလာမှ လွိုင်ဟိန်း ၊ အင်းလေးမိသားစု ၊ Heart နှင့် အဖက်ဖက်မှ ပံ့ပိုးကူညီကြတဲ့ တောင်ကြီးသူ/သားတွေကို အလေးအနက်ထား ကျေးဇူးတင်ပါတယ်ဗျာ.. ကျနော်ကတော့ ဘာဆိုဘာမှ မကူညီလိုက်နိုင်ပါဘူး ဒီတော့ ကျနော်ဒီပိုစ့်လေးပဲ တင်လိုက်ပါတယ်.. အဲမေ့တော့မလို့ ဒီပွဲလေးကို မေတ္တာနဲ့ လာဆိုပေးတဲ့ အဆိုတော်တွေကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ.. ကျနော်ရဲ့ ဦးနှောက်က မေ့တတ်လို့ အချို့အချို့ မှားယွင်းဖော်ပြမိတာပဲဖြစ်ဖြစ် ကျန်ခဲ့တာပဲဖြစ်ဖြစ် တစ်ခုခု ဖြစ်နေရင် ကျနော် အလေးအနက်နဲ့ တောင်းပန်ပါတယ်လို့ ကဲ စာလာဖတ်တဲ့ ကျနော်ရဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်.. အမေနဲ့ တောင်ကြီးကို လွမ်းတယ်ဗျာ.. အခုတော့ ဒီည ငိုလိုက်ဦးမယ် နောက်နေ့မှ ကျနော်ဓါတ်ပုံတွေ တင်ပေးပါ့မယ်..

ကျနော်မြင်မိသော အပိုင်းအစများ

အခုတလော ကျနော် မောင်တောင်ပေါ်သားလဲ ဘာတွေဖြစ်နေတယ်မသိဘူး.. အမြင်တွေကို မကြည်ဘူးဗျာ.. မြင်မိသမျှကလဲ စိတ်မချမ်းသာ စရာတွေကြီးဗျို့ အခုလဲ ဖြစ်ချင်တာဖြစ် ရေးလိုက်ပြီးဗျာ..

ဗုဒ္ဓဟူးနေ့က ကျနော် တောင်ကြီးရှိုးပွဲလေးအတွက် လိုက်လုပ်ကူစရာလေးတွေ ရှိလို့ မြန်မာများ စုဝေးရာ ပင်နဆူလာ ပလာဇာကို ရောက်ခဲ့ပါတယ်. အဲဒီနေ့က အစ္စလာမ် ဘာသာဝင်တွေရဲ့ အစ်နေ့ ဖြစ်တာကြောင့် စင်ကာပူမှာလည်း Public Holiday တစ်ရက်ပေါ့.. ပင်နဆူလာသွားရာ လမ်းတလျှောက် စည်ကားလိုက်တာ မပြောပါတော့နဲ့ဗျာ… အဲ ပင်နဆူလာ ပလာဇာကိုလည်းရောက်ရော စိတ်ပျက်စရာတွေ စတွေ့တာပါပဲ.. အဲဒါကတော့ ကျနော်တို့ ရွှေမြန်မာတွေလေ.. ဖြစ်ချင်တိုင်းဖြစ် ပျက်ချင်တိုင်းပျက်နေတာ..

ကျနော်ဒီပိုစ့်လေးကို အစက မရေးရင်ကောင်းမယ်လို့ စဉ်းစားထားတာဗျာ…. ဘာလို့လဲဆိုတော့ အများတကာရဲ့ လွတ်လပ်ခွင့်ကို ပြောရာကြနေမှာစိုးတယ်ဗျ.. ဒါပေမဲ့ ကျနော် ဘယ်လိုမှ မမြိုသိပ်နိုင်တော့လို့ ရေးလိုက်တာပါ.. ဒီလို Public Holiday မှာ လူတိုင်း ပျော်ရွှင်စွာ နေကြမယ်ဆိုတာ ကျနော်နားလည်ပါတယ်… ဒါပေမဲ့ ဘယ်အရာမဆို စည်းလွတ်ဝါးလွတ် နေရင်တော့ ကြည့်ရတာအဆင်သိပ်မပြေသလိုပါပဲ… အခုအချိန်မှာ စင်ကာပူဆိုတဲ့ နိုင်ငံကြီးသားတွေက အများသိတဲ့အတိုင်း ကျနော်တို့ မြန်မာတွေကို မျက်မှောင်ကျိုးနေတဲ့ အချိန်ဆိုတာ လူတိုင်းသိမယ်လို့ထင်ပါတယ်... ဒီလိုအခြေအနေမှာ ကျနော်တို့မြန်မာတွေအနေနဲ့ စည်းစည်းလုံးလုံးနဲ့ အနေအထိုင်လဲ နဲနဲလေး ဆင်ခြင်ဖြစ်မယ်ဆိုရင် ပိုကောင်းမယ်လို့ ကျနော်ခံစားမိတယ်လေ…

အခုတော့ ကြည့်ပါဦး ကျနော်တို့ မြန်မာတွေ မူးရူးနေလိုက်ကြတာဗျာ… တော်တော်ကို စိတ်ပျက်စရာကောင်းပါတယ်… တော်ယုံတန်ယုံသောက်ကြပေါ့ဗျာ… အခုဟာက သူတို့ကို သူတို့ လူမှန်းသူမှန်းကော သိကြရဲ့လား မသိဘူး… ကျနော်တို့လဲ ဒီလို အားလပ်ရက်လေး ရတဲ့အချိန်လေးမှာ သူငယ်ချင်းတွေနဲ့ သောက်တတ်ကြပါတယ် လူတိုင်းမှာ ကိုယ်ပိုင်အခွင့်အရေးရှိပါတယ် ဒါပေမဲ့ အဲလိုအခွင့်အရေးလေးရတာကိုတော့ ထိန်းသိမ်းသင့်ပါတယ် အခုတော့ မူးရူးပြီး လာသမျှ မိန်းကလေးတွေကို လျှောက်စနေတာပါပဲ.. ကိုယ်မြန်မာ မိန်းကလေးတွေကို မောင်နှမတစ်ယောက်လို စောင့်ရှောက်မယ်မရှိဘူး သူတို့ကစပြီး စားတော့မဲ့ ၀ါးတော့မဲ့ပုံတွေနဲ့ဗျ တစ်ချို့ကတော့ အမူးလွန်လို့ ခေါင်းက မြေကြီးစိုက်နေပါပြီး..

ဒီလူတွေကတော့ Spass,WP စသည်နဲ့ ခွဲခြားစရာမလိုပါဘူး ကိုယ်လဲ ဒီမှာ အလုပ်လာလုပ်တာ.. သူတို့လဲ ဒီမှာ အလုပ်လာလုပ်တာချင်း အတူတူပါပဲ.. ဒါဟာ လူတစ်ဦးချင်းစီရဲ့ ဆုံးဖြတ်ချက်၊ ကိုယ်ပိုင် အသိညာဏ်နဲ့ ဆိုင်ပါတယ် ဒါဟာ သူတို့ကို အပြစ်လို့လဲ ပြောလို့မရပါဘူး ဒါပေမဲ့ တစ်ဦးတယောက်ကြောင့် ကျနော်တို့ မြန်မာတွေ အားလုံးကို ထိခိုက်ခံနေရတာ အားလုံးအသိပါ.. အခုဆို စလုံးမှာရှိတဲ့ ညီအစ်ကို မျိုးချစ်တွေလဲ ဒုက္ခရောက်နေကြပါတယ် ဒီလိုပြောလို့ ကျနော်ဘာလဲဆိုရင် ကျနော်လည်း ဘာကောင်မှ မဟုတ်ပါဘူး သာမန်ကိုယ်တိုင်းပြည်ကို ချစ်တဲ့ ပြည်သူတွေထဲက ပြည်သူတစ်ယောက်ပါပဲ အခုလို အများစုက မျက်မှောက်ကျိုးနေတဲ့ အချိန်မှာ ကျနော်တို့ နဲနဲတော့ ဆင်ခြင်သင့်တယ်လို့ ကျနော်ထင်ပါတယ်

နောက်တစ်ခုက ဒီရောက်လာတဲ့ မြန်မာမိန်းကလေး တစ်ချို့ပါ သူတို့ဟာ မိန်းကလေးဖြစ်တဲ့ အလျောက် အလှအပ မက်တယ်ဆိုတာ ကျနော်တို့ လက်ခံနိုင်ပါတယ် ဒါပေမဲ့ တချို့ တချို့သော မိန်းကလေးတွေဟာ အမိမြန်မာနိုင်ငံက ထွက်လာပြီးနောက် တော်တော့်ကို အခြေအနေတွေ ပြောင်းလဲသွားပါတယ် ဒါတွေဟာ ဖြစ်နေကြသဘောပါပဲ.. စကားပုံတောင် ရှိသေးတာပဲ ဘာရဲ့ တံငါနားနီး တံငါ ၊ မုဆိုးနားနီး မုဆိုး ဆိုသလိုပါပဲ ဒီတော့ ကျနော်တို ဒါကို လက်ခံရပါ့မယ် ဒါပေမဲ့ ကျနော်တို့ မြ
န်မာမိန်းကလေးအများစုကတော့ ဒီကနိုင်ငံသားတွေထက်တောင် ပိုနေပါတယ်.. စကားပုံအရဆို တံငါရဲ့ အဖိုး၊အဖွားတောင် ဖြစ်သွားနိုင်ပါတယ်

ကျနော်တနေ့က အလုပ်ကမိုးချုပ်လို့ပြန်လာတုန်း ကြုံရတဲ့ မြင်ကွင်းလေးပေါ့ သမီးရည်းစား နှစ်ယောက်ပါပဲ သမီးရည်းစားတို့ ထုံးစံအတိုင်း တူတူသွား တူတူလာတာ အပြစ်မဟုတ်ပါဘူး ဒါပေမဲ့ လူအများ သွားလာတဲ့ မီးရထားပေါ်မှာ လူအမြင်မတော်တာတွေ လုပ်နေတာကတော့ မကောင်းဘူးပေါ့ဗျာ.. ကျနော်ထင်အစက သူတို့စုတွဲလေးကို ဖိလစ်ပိုင် တွေလို့ထင်တာဗျ ကျနော်ယုံကြည်တာကတော့ ကျနော်တို့ မြန်မာတွေဆိုးရင်တောင် ဒီလိုလူမြင်ကွင်းမှာတော့ မလုပ်ရဲဘူးပေါ့နော့် ဘယ်အမျိုးသားယောက်ျားလေးကမှ ကိုယ်နှစ်သက်တဲ့ကောင်မလေး သိက္ခာကျအောင် မလုပ်ဘူးလို့ထင်တယ်လေ သူတို့လဲ ဆင်းခါနီး ပြောသွားတဲ့ စကားကို ကျနော်ကြားလိုက်ရမှ ကျနော် တစ်ယောက်ထဲ စဉ်းစားနေမိတယ်ဗျာ.. တော်တော်ကို မလွယ်ပါလားလို့..

ကျနော်သူငယ်ချင်း ဘော်ဒါတစ်ယောက်ပြောတာ ကြားလိုက်ပါတယ်.. သူတို့တွေက စင်ကာပူရောက်ပြီးမှ အတူနေတာတဲ့ အတူနေတယ်ဆိုလို့ လင်မယားလို့ မထင်နဲ့နော်.. (Living Together) ဆိုတာ ဘာမှ လက်လဲ မထပ်ရသေးပဲ အတူနေကြတာတဲ့ ကျနော်လို တောသားကတော့ ဒီစကားကြားပြီး တော်တော်ကို အံ့သြသွားရပါတယ် အံ့သြော်တယ်ဆိုတာထက် ကောင်မလေးအတွက် ကျနော် စဉ်းစားကြည့်တယ် ဟုတ်ပြီး သူတို့အဆင်ပြေလို့ အတူတူနေတယ်ထားပါဦး သူတို့ဒီလိုနေတာကို တယောက်မဟုတ် တယောက်တော့ သိမှာပဲလေ ဒီလိုနဲ့ နှစ်ဖက်အသိုင်းအ၀န်းနား၊ ပတ်ဝန်းကျင်နားတော့ အနည်း အကျဉ်း ရောက်မှာပဲ အကြောင်းကြောင်းကြောင့် သူတို့ အဆင်မပြေဘူးဆိုပါတော့ ဘယ်သူနစ်နာမလဲ စဉ်းစားကြည့်ဗျာ ဘယ်မှာလဲ သက်သေ ဘယ်မှာလဲ လက်ထပ်စာချုပ်.. အားလုံးကြားဖူးမယ်ထင်တာပဲ ကျနော်တို့ယောက်ျားလေးတွေဆိုတာ လှေခါးတစ်ထစ်ဆင်းရင် လူပျိုပြန်ဖြစ်တယ်တဲ့ ကောင်မလေးအတွက်ကကော ဘယ်လို လုပ်မလဲ.. တော်တော်ကို ရင်လေးစရာကောင်းပါတယ်

ဒါဟာ ဒီစလုံးမှာ အစဉ်အလာတစ်ခုလို ဖြစ်နေတယ်ဆိုတာ မှန်ပါတယ်.. ဒါပေမဲ့ ကျနော်တို့ သိထားရမှာ ကျနော်တို့ဟာ စင်ကာပူနိုင်ငံသားမဟုတ်ဘူး.. အကြောင်းအမျိုးမျိုး အခြေအနေမပေးလို့ သူတပါးနိုင်ငံမှာ ပညာလာသင်၊ အလုပ်လာလုပ်နေတဲ့ လူတွေပါ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်ဖြစ်စေချင်တာက စင်ကာပူနိုင်ငံသား ခံယူခွင့်ရရင်တောင်မှ ကိုယ်တိုင်းပြည်ရဲ့ ယဉ်ကျေးမူဆိုတာကို မမေ့သင့်ပါဘူး ကျနော်ဟာ ဗုဒ္ဓဘာသာဝင် တယောက်မဟုတ်ပါဘူး ဒါပေမဲ့ ကျနော် မြန်မာနိုင်ငံသားတယောက်ပါပဲ ကျနော်သိသလောက် ပြောရရင် ဒီလိုနေထိုင်တဲ့လူတွေဟာ များသောအားဖြင့် ပညာလာသင်တဲ့ သူတွေများပါတယ် ဒါသူတို့ကို စော်ကားတာမဟုတ်ပါဘူး ကျနော်တို့လို အလုပ်လာလုပ်တဲ့ သူတွေလဲ တပုံတပင်ပါ လူတိုင်းမှာ ကိုယ်စီ ကြုံတွေ့ရတတ်တဲ့ အခက်အခဲဆိုတာ ရှိပါတယ် ဘယ်လိုအခက်အခဲကိုမဆို ရင်ဆိုင်တဲ့အခါ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကနေ ဖြေရှင်းတာအကောင်းဆုံးပါပဲ ကျနော်တို့ ဒီလို လမ်းမမှန်တဲ့ လမ်းကြောင်းပေါ်က သွားနေမယ်ဆိုရင် တချိန်ချိန်မှာ ကျနော်တို့ နှောင်းမှရတတ်တဲ့ နောင်တတွေကို ထွေးပွေ့ပြီး စိတ်ဒဏ်ရာတွေ ခံစားနေရမယ်ဆိုတာ…………………
Blogger Template by Clairvo