Labels

ဆားချက်ခြင်း

ကျနော်ခေါင်းထဲရောက်နေတဲ့ အရာလေးတွေကို ထုတ်ဖော်ပြတာပါ။ အမြင်မတူရင်၊ သဘောထားမတိုက်ဆိုင်ရင် လွတ်လပ်စွာ ပြောဆိုခွင့်ရှိပါတယ်။ ဘယ်သူတဦးတယောက်ကိုမှ မရည်ရွယ်ပါဘူး အားလုံးနားလည်ခွင့်လွတ်မယ်လို့ မျှော်လင့်ပါတယ်

၁)

အချစ်ဆိုတာကို လူတွေဟာ အဓိပွါယ်မျိုးစုံနဲ့ သတ်မှတ်ကြပါတယ်.. တချို့ကတော့ အချစ်ဟာ ပေးဆပ်ခြင်းတဲ့.. တချို့ကတော့ အချစ်ဟာ ရယူခြင်းတဲ့.. တချို့အသဲကွဲဖူးတဲ့လူတွေကြတော့ အချစ်ဟာ ကြောက်စရာကောင်းတယ်တဲ့ သြော် အချစ်နဲ့ အဆင်ပြေတဲ့လူတချို့ကတော့ အချစ်ဟာ ချိုမြိန်ပါတယ်တဲ့.. ဒါတွေဟာ လူအမျိုးမျိုး စိတ်အထွေထွေဆိုသလို အချစ်ဟာလဲ ကိုယ်ခံစားခဲ့ရသမျှအပေါ် မူတည်ပြီးတော့ ပြောင်းလဲတတ်တယ်ပါတယ်။

တချို့လူတွေက ကျနော်ကို ပြောကြပါတယ်.. အသဲမာတယ် ၊ ချစ်တတ်တဲ့ နှလုံးသားမရှိဘူး ကိုယ်ကျိုးအတွက်ကြည့်တယ်တဲ့ ဒါတွေဟာ တဖက်သားအမြင်တွေပေါ့ ဒါပေမဲ့ ကျနော်တို့ ကိုယ်မဟုတ်တဲ့ တခြားတယောက်က ကိုယ်အပေါ် ဒီလိုမြင်နေပြီဆိုရင် ကျနော်တို့ ကိုယ့်ဟာကိုယ် ပြန်လည် သေချာစဉ်းစား သုံးသပ်သင့်ပြီလို့ ကျနော်မြင်ပါတယ် ကျနော်လဲ သေချာသုံးသပ်ကြည့်ပါတယ်။ ကျနော်ကတော့ ကိုယ့်ကိုကိုယ် အဲလို မမြင်မိပါဘူး :P တချို့အရာတွေဟာ လူတိုင်းသိအောင် လိုက်ပြောရမဲ့ အရာတွေ မဟုတ်သလို လူတိုင်းသိအောင်ပြောလဲ အလားကားပါပဲ………

၂)

ဘ၀မှာ လူတွေဟာ မှားတတ်ကြပါတယ် ဒါပေမဲ့ ဒီအမှားတွေကို မှားလို့မှားမှန်းမသိကြပါဘူး ကျနော်အမြင်ပြောရရင်တော့ ဒါဟာလူဖြစ်ရှုံးတာလို့ မြင်ပါတယ်။ တကယ်ရ်ျများ ကျနော်တို့ မှားမှန်းသိခဲ့ရင် အဲဒီအမှားကို လက်ခံရပါမယ် ဘယ်လိုမှ မဖြစ်နိုင်တဲ့၊ ရှေ့ဆက်လို့ မရတဲ့အရာတခုကို ရူးမိုက်စွာလက်ခံပြီး ရှေ့တိုးမယ်ဆိုရင် ဒါဟာ မသိလို့မှားတာထက် ပိုဆိုးတဲ့ သိရက်နဲ့ မှားနေတာပါ။ ဒါကို လူမိုက်လို့တောင် ခေါ်လို့ရမယ်လို့ထင်ပါတယ်။ လူမိုက်ဆိုတဲ့စကားလုံးဟာ ဆိုးသွမ်း မူးယစ်ပြီး နေမှ မဟုတ်ပါဘူး.. အမှားကို သိရက်နဲ့ အမှန်ကို မပြင်နိုင်တာလဲ လူမိုက်ပါပဲ………

၃)

ဘ၀မှာ ငွေဆိုတာအထိုက်အလျှောက် အရေးပါ ပါတယ်။ ဒါပေမဲ့ ဒီငွေဟာ ကျနော်တို့ကို ကောင်းကျိုးပေးနိုင်လား ၊ ဆိုးကျိုးပေးနိုင်လား ပြောရခက်ပါတယ် ဒါတွေဟာ ကျနော်တို့ ခံယူတဲ့စိတ်ဓါတ်ပေါ်မူတည်ပြီး အဆုံးအဖြတ်ပေးမှာပါ…. လူတချို့ဟာ ငွေနောက်လိုက်ပြီး မှားယွင်းနေတတ်တယ် ဒါဟာ လူတိုင်းမှာ ဖြစ်တတ်တဲ့ အကြောင်းလေးတွေပါ… ကျနော်လဲ တချိန်မှာ မှားခဲ့မှာပါပဲ.. ဒီငွေကြောင့် လူတွေရဲ့ စိတ်ဓါတ်တွေ ပျက်ဆီးခဲ့ရတယ်.. ဒီငွေကြောင့် လူတွေ ပျက်စီးသွားကြတယ်…….

၎)

ဘ၀မှာ လူသားဆန်ဆန် နေထိုင်မူက ဘယ်လောက်အရေးပါသလဲ… ကျနော်တို့ သေချာစဉ်းစားသင့်ပါတယ် လူတဦးရဲ့ အခက်အခဲကို ကူညီသင့်သလို တဖက်သားရဲ့စိတ်ဓါတ်ကိုလဲ နားလည်နိုင်ဖို့ ကြိုးစားသင့်တယ်လို့ ကျနော်မြင်ပါတယ် ဒီမှာသူငယ်ချင်းဆိုတဲ့ စကားလုံးဟာ တော်တော်ကို အသုံးဝင်ပါတယ် ဘ၀မှာ သူငယ်ချင်း အပေါင်းအသင်းမရှိရင်လဲ ဒီလူဟာ ပြည့်စုံတဲ့ လူမူနေထိုင်မူကို မရနိုင်ဘူးလို့ ကျနော်ခံယူပါတယ်.. ကျနော်ဆိုတဲ့ကောင်ကတော့ မိဘကလွှဲရင် သူငယ်ချင်းက အဓိကပါ.. သူငယ်ချင်းတွေနဲ့ နေရတာစိတ်ချမ်းသာပါတယ်.. ကိုယ်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြောပြလို့ရတယ်.. သူရဲ့အခက်အခဲတွေကို ကိုယ်က တဆင့်ပြန်ခံစားပေးမယ် ဒါဟာ ဘယ်လောက်သာယာဖွယ်ကောင်းတဲ့ အပြုအမူတွေလဲဗျာ………

၅)

အခုတလော ဘလော့လောကကြီး ဂရိုက်ထနေတယ်လို့ထင်ပါတယ် အဲဒါက ဘာလဲဆိုတော့ ကျနော်တို့ ဘလော့ဂါတွေမှာ စောင့်ထိန်းရမဲ့ ၀တ္တရားလေးတွေ လျှော့နေကြတာပါ…

အားလုံးလဲ သိနေလောက်ပါပြီ ကိုယ့်ဘလော့မှာ သူများစာတွေ၊ ပ
ုံတွေ တင်ချင်တယ်ဆို မူရင်းပိုင်ရှင်ဆီမှာ ခွင့်တောင်းရမှာပါ။ ဘလော့မှာ ဥပဒေဆိုတာမရှိပါဘူး ကိုယ်ကြိုက်တာလုပ်လို့ရပါတယ် ဒါပေမဲ့ ဒါဟာလူလောကကြီးမှာ နေတဲ့ လူတွေအတွက် စောင့်ထိန်းသင့်တဲ့ ၀တ္တရားလေးတွေပါ။ ဒီလိုမလုပ်လို့ တရားစွဲလို့ရလား လာမမေးပါနဲ့ ကျနော်တို့ မြန်မာတွေပါ လူတိုင်းဟာ အကြင်နာတရားရှိပါတယ် ဘာသာမရွေးပါဘူး မြန်မာလို့ပြောလိုက်ရင် လူတိုင်းနီးပါးဟာ တပါးသူ ဒုက္ခရောက်မှာ မလိုလားကြပါဘူး

နောက်တချက်က Forward Mail ပို့တဲ့အကြောင်းအရာလေးတွေပေါ့။ ကိုယ်ကကြိုက်လို့ မျှဝေတာ အပြစ်မဟုတ်ပါဘူး ဒါဝမ်းတောင်သာသင့်ပါတယ်။ ဒါပေမဲ့ Forward Mail ပို့တဲ့ ညီအကိုအမတွေတခုလောက် တောင်းဆိုချင်ပါတယ် ဒီလိုမေးလ်တွေ ပို့ချင်တယ်ဆို မူရင်းရေးသားသူရဲ့ နာမည်၊ website link လေးတော့ထည့်ပေးသင့်ပါတယ်။ အခုဖြစ်တာအများစုက ဒီ Forward Mail မေးလ်လေးက ကိုယ်ဆီရောက်လာတယ် ကိုယ်ကကြိုက်လွန်းလို့ ဘလော့ပေါ် လှမ်းတင်တယ် ဒါပေမဲ့ မူရင်းရေးသားသူရဲ့ နာမည်၊လင့်တွေ မရှိတော့ မပေးဖြစ်ဘူး မပေးဖြစ်တော့ မူရင်းရေးသားသူနဲ့ ကွိုင်တွေတက်ရောပေါ့ အားလုံးမြန်မာတွေပါ.. ကျနော်တို့ စည်းလုံးဖို့ လိုနေပါတယ် ဘလော့ဂါတွေရော၊ စာဖတ်ပရိသတ်တွေကော အားလုံး စည်းလုံးမယ်ဆိုရင် ဘယ်လောက်ပျော်ရွှင်ဖွယ်ကောင်းမလဲဗျာ………….

အဲကျနော်တခုပြန်ကြားရတာလေးပါ ကိုယ်ကြိုက်လို့ ကိုယ်ပို့တာ ဘယ်သူကိုမှ ခွင့်တောင်းစရာ မလိုဘူးလို့ ပြောတဲ့ လူတွေရယ် ၊ ကိုယ်ကြိုက်လို့ ကိုယ်ဘလော့မှာတင်မယ် ကိုယ့်ဘလော့ ကိုယ်ကြိုက်တာလုပ်မယ် ဂရုစိုက်စရာမလိုဘူး၊ဲ့ ဘာလုပ်ချင်သလဲဆိုတဲ့ လူတွေရယ်… သူတို့ကို ကျနော်တို့ဘာမှ လုပ်လို့မရပါဘူးဗျာ… ဒါပေမဲ့ ဒါဟာ သူတို့ကိုယ်တိုင်ဖော်ပြတဲ့ သူတို့ရဲ့ဘ၀ပေါ်မှာ ရပ်တည်ချက်လေးတွေဆိုတာတော့ ငြင်းစရာမလိုတော့ပါဘူး……….

ဘယ်သူကိုမှ စာလာဖတ်ဖို့ခေါ်နေတာမဟုတ်ဘူးဆိုတဲ့ လူတွေရောဗျာ တကယ်ရော ဒီလိုစိတ်ထားနိုင်လို့လား ကျနော်တို့ဘလော့ဂါတွေ မြတ်နိုးတာ တယောက်နဲ့တယောက် အပြန်အလှန် comment လေးပေးတာ၊ Cbox မှာ နှုတ်ခွန်းဆက်တာလေးကော မပါတော့ဘူးလား… တကယ်ရ်ျများ အဲလို စိတ်မထားဘူးဆိုရင်တော့ ဘလော့ပေါ်မှာ ရေးစရာတေင် မလိုဘူးထင်တာပဲ :P တယောက်ထဲ စာအုပ်တအုပ်ဝယ်ပြီးတော့ ရေးပြီးသိမ်းထားသင့်တာပေါ့နော့် ဒါဆို ဘယ်သူမှလဲ လာမအော်တော့သလို ဘယ်စာဖတ်ပရိသတ်မှလဲ လာတော့မှာ မဟုတ်ပါဘူးဗျာ…

အခုတလော ကျနော်မြင်နေ၊တွေ့နေ၊ကြားနေရတာလေးတွေ ရေးလိုက်တာပါ.. ကိုယ်ဘလော့မှာ ကိုယ်ကြိုက်တာတင်တယ်လို့တော့ မထင်လိုက်ပါနဲ့ အားလုံး နားလည်နိုင်ပါစေလို့………

ဆားချက်ခြင်း

ကျနော်ခေါင်းထဲရောက်နေတဲ့ အရာလေးတွေကို ထုတ်ဖော်ပြတာပါ။ အမြင်မတူရင်၊ သဘောထားမတိုက်ဆိုင်ရင် လွတ်လပ်စွာ ပြောဆိုခွင့်ရှိပါတယ်။ ဘယ်သူတဦးတယောက်ကိုမှ မရည်ရွယ်ပါဘူး အားလုံးနားလည်ခွင့်လွတ်မယ်လို့ မျှော်လင့်ပါတယ်

၁)

အချစ်ဆိုတာကို လူတွေဟာ အဓိပွါယ်မျိုးစုံနဲ့ သတ်မှတ်ကြပါတယ်.. တချို့ကတော့ အချစ်ဟာ ပေးဆပ်ခြင်းတဲ့.. တချို့ကတော့ အချစ်ဟာ ရယူခြင်းတဲ့.. တချို့အသဲကွဲဖူးတဲ့လူတွေကြတော့ အချစ်ဟာ ကြောက်စရာကောင်းတယ်တဲ့ သြော် အချစ်နဲ့ အဆင်ပြေတဲ့လူတချို့ကတော့ အချစ်ဟာ ချိုမြိန်ပါတယ်တဲ့.. ဒါတွေဟာ လူအမျိုးမျိုး စိတ်အထွေထွေဆိုသလို အချစ်ဟာလဲ ကိုယ်ခံစားခဲ့ရသမျှအပေါ် မူတည်ပြီးတော့ ပြောင်းလဲတတ်တယ်ပါတယ်။

တချို့လူတွေက ကျနော်ကို ပြောကြပါတယ်.. အသဲမာတယ် ၊ ချစ်တတ်တဲ့ နှလုံးသားမရှိဘူး ကိုယ်ကျိုးအတွက်ကြည့်တယ်တဲ့ ဒါတွေဟာ တဖက်သားအမြင်တွေပေါ့ ဒါပေမဲ့ ကျနော်တို့ ကိုယ်မဟုတ်တဲ့ တခြားတယောက်က ကိုယ်အပေါ် ဒီလိုမြင်နေပြီဆိုရင် ကျနော်တို့ ကိုယ့်ဟာကိုယ် ပြန်လည် သေချာစဉ်းစား သုံးသပ်သင့်ပြီလို့ ကျနော်မြင်ပါတယ် ကျနော်လဲ သေချာသုံးသပ်ကြည့်ပါတယ်။ ကျနော်ကတော့ ကိုယ့်ကိုကိုယ် အဲလို မမြင်မိပါဘူး :P တချို့အရာတွေဟာ လူတိုင်းသိအောင် လိုက်ပြောရမဲ့ အရာတွေ မဟုတ်သလို လူတိုင်းသိအောင်ပြောလဲ အလားကားပါပဲ………

၂)

ဘ၀မှာ လူတွေဟာ မှားတတ်ကြပါတယ် ဒါပေမဲ့ ဒီအမှားတွေကို မှားလို့မှားမှန်းမသိကြပါဘူး ကျနော်အမြင်ပြောရရင်တော့ ဒါဟာလူဖြစ်ရှုံးတာလို့ မြင်ပါတယ်။ တကယ်ရ်ျများ ကျနော်တို့ မှားမှန်းသိခဲ့ရင် အဲဒီအမှားကို လက်ခံရပါမယ် ဘယ်လိုမှ မဖြစ်နိုင်တဲ့၊ ရှေ့ဆက်လို့ မရတဲ့အရာတခုကို ရူးမိုက်စွာလက်ခံပြီး ရှေ့တိုးမယ်ဆိုရင် ဒါဟာ မသိလို့မှားတာထက် ပိုဆိုးတဲ့ သိရက်နဲ့ မှားနေတာပါ။ ဒါကို လူမိုက်လို့တောင် ခေါ်လို့ရမယ်လို့ထင်ပါတယ်။ လူမိုက်ဆိုတဲ့စကားလုံးဟာ ဆိုးသွမ်း မူးယစ်ပြီး နေမှ မဟုတ်ပါဘူး.. အမှားကို သိရက်နဲ့ အမှန်ကို မပြင်နိုင်တာလဲ လူမိုက်ပါပဲ………

၃)

ဘ၀မှာ ငွေဆိုတာအထိုက်အလျှောက် အရေးပါ ပါတယ်။ ဒါပေမဲ့ ဒီငွေဟာ ကျနော်တို့ကို ကောင်းကျိုးပေးနိုင်လား ၊ ဆိုးကျိုးပေးနိုင်လား ပြောရခက်ပါတယ် ဒါတွေဟာ ကျနော်တို့ ခံယူတဲ့စိတ်ဓါတ်ပေါ်မူတည်ပြီး အဆုံးအဖြတ်ပေးမှာပါ…. လူတချို့ဟာ ငွေနောက်လိုက်ပြီး မှားယွင်းနေတတ်တယ် ဒါဟာ လူတိုင်းမှာ ဖြစ်တတ်တဲ့ အကြောင်းလေးတွေပါ… ကျနော်လဲ တချိန်မှာ မှားခဲ့မှာပါပဲ.. ဒီငွေကြောင့် လူတွေရဲ့ စိတ်ဓါတ်တွေ ပျက်ဆီးခဲ့ရတယ်.. ဒီငွေကြောင့် လူတွေ ပျက်စီးသွားကြတယ်…….

၎)

ဘ၀မှာ လူသားဆန်ဆန် နေထိုင်မူက ဘယ်လောက်အရေးပါသလဲ… ကျနော်တို့ သေချာစဉ်းစားသင့်ပါတယ် လူတဦးရဲ့ အခက်အခဲကို ကူညီသင့်သလို တဖက်သားရဲ့စိတ်ဓါတ်ကိုလဲ နားလည်နိုင်ဖို့ ကြိုးစားသင့်တယ်လို့ ကျနော်မြင်ပါတယ် ဒီမှာသူငယ်ချင်းဆိုတဲ့ စကားလုံးဟာ တော်တော်ကို အသုံးဝင်ပါတယ် ဘ၀မှာ သူငယ်ချင်း အပေါင်းအသင်းမရှိရင်လဲ ဒီလူဟာ ပြည့်စုံတဲ့ လူမူနေထိုင်မူကို မရနိုင်ဘူးလို့ ကျနော်ခံယူပါတယ်.. ကျနော်ဆိုတဲ့ကောင်ကတော့ မိဘကလွှဲရင် သူငယ်ချင်းက အဓိကပါ.. သူငယ်ချင်းတွေနဲ့ နေရတာစိတ်ချမ်းသာပါတယ်.. ကိုယ်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြောပြလို့ရတယ်.. သူရဲ့အခက်အခဲတွေကို ကိုယ်က တဆင့်ပြန်ခံစားပေးမယ် ဒါဟာ ဘယ်လောက်သာယာဖွယ်ကောင်းတဲ့ အပြုအမူတွေလဲဗျာ………

၅)

အခုတလော ဘလော့လောကကြီး ဂရိုက်ထနေတယ်လို့ထင်ပါတယ် အဲဒါက ဘာလဲဆိုတော့ ကျနော်တို့ ဘလော့ဂါတွေမှာ စောင့်ထိန်းရမဲ့ ၀တ္တရားလေးတွေ လျှော့နေကြတာပါ…

အားလုံးလဲ သိနေလောက်ပါပြီ ကိုယ့်ဘလော့မှာ သူများစာတွေ၊ ပုံတွေ တင်ချင်တယ်ဆို မူရင်းပိုင်ရှင်ဆီမှာ ခွင့်တောင်းရမှာပါ။ ဘလော့မှာ ဥပဒေဆိုတာမရှိပါဘူး ကိုယ်ကြိုက်တာလုပ်လို့ရပါတယ် ဒါပေမဲ့ ဒါဟာလူလောကကြီးမှာ နေတဲ့ လူတွေအတွက် စောင့်ထိန်းသင့်တဲ့ ၀တ္တရားလေးတွေပါ။ ဒီလိုမလုပ်လို့ တရားစွဲလို့ရလား လာမမေးပါနဲ့ ကျနော်တို့ မြန်မာတွေပါ လူတိုင်းဟာ အကြင်နာတရားရှိပါတယ် ဘာသာမရွေးပါဘူး မြန်မာလို့ပြောလိုက်ရင် လူတိုင်းနီးပါးဟာ တပါးသူ ဒုက္ခရောက်မှာ မလိုလားကြပါဘူး

နောက်တချက်က Forward Mail ပို့တဲ့အကြောင်းအရာလေးတွေပေါ့။ ကိုယ်ကကြိုက်လို့ မျှဝေတာ အပြစ်မဟုတ်ပါဘူး ဒါဝမ်းတောင်သာသင့်ပါတယ်။ ဒါပေမဲ့ Forward Mail ပို့တဲ့ ညီအကိုအမတွေတခုလောက် တောင်းဆိုချင်ပါတယ် ဒီလိုမေးလ်တွေ ပို့ချင်တယ်ဆို မူရင်းရေးသားသူရဲ့ နာမည်၊ website link လေးတော့ထည့်ပေးသင့်ပါတယ်။ အခုဖြစ်တာအများစုက ဒီ Forward Mail မေးလ်လေးက ကိုယ်ဆီရောက်လာတယ် ကိုယ်ကကြိုက်လွန်းလို့ ဘလော့ပေါ် လှမ်းတင်တယ် ဒါပေမဲ့ မူရင်းရေးသားသူရဲ့ နာမည်၊လင့်တွေ မရှိတော့ မပေးဖြစ်ဘူး မပေးဖြစ်တော့ မူရင်းရေးသားသူနဲ့ ကွိုင်တွေတက်ရောပေါ့ အားလုံးမြန်မာတွေပါ.. ကျနော်တို့ စည်းလုံးဖို့ လိုနေပါတယ် ဘလော့ဂါတွေရော၊ စာဖတ်ပရိသတ်တွေကော အားလုံး စည်းလုံးမယ်ဆိုရင် ဘယ်လောက်ပျော်ရွှင်ဖွယ်ကောင်းမလဲဗျာ………….

အဲကျနော်တခုပြန်ကြားရတာလေးပါ ကိုယ်ကြိုက်လို့ ကိုယ်ပို့တာ ဘယ်သူကိုမှ ခွင့်တောင်းစရာ မလိုဘူးလို့ ပြောတဲ့ လူတွေရယ် ၊ ကိုယ်ကြိုက်လို့ ကိုယ်ဘလော့မှာတင်မယ် ကိုယ့်ဘလော့ ကိုယ်ကြိုက်တာလုပ်မယ် ဂရုစိုက်စရာမလိုဘူး၊ဲ့ ဘာလုပ်ချင်သလဲဆိုတဲ့ လူတွေရယ်… သူတို့ကို ကျနော်တို့ဘာမှ လုပ်လို့မရပါဘူးဗျာ… ဒါပေမဲ့ ဒါဟာ သူတို့ကိုယ်တိုင်ဖော်ပြတဲ့ သူတို့ရဲ့ဘ၀ပေါ်မှာ ရပ်တည်ချက်လေးတွေဆိုတာတော့ ငြင်းစရာမလိုတော့ပါဘူး……….

ဘယ်သူကိုမှ စာလာဖတ်ဖို့ခေါ်နေတာမဟုတ်ဘူးဆိုတဲ့ လူတွေရောဗျာ တကယ်ရော ဒီလိုစိတ်ထားနိုင်လို့လား ကျနော်တို့ဘလော့ဂါတွေ မြတ်နိုးတာ တယောက်နဲ့တယောက် အပြန်အလှန် comment လေးပေးတာ၊ Cbox မှာ နှုတ်ခွန်းဆက်တာလေးကော မပါတော့ဘူးလား… တကယ်ရ်ျများ အဲလို စိတ်မထားဘူးဆိုရင်တော့ ဘလော့ပေါ်မှာ ရေးစရာတေင် မလိုဘူးထင်တာပဲ :P တယောက်ထဲ စာအုပ်တအုပ်ဝယ်ပြီးတော့ ရေးပြီးသိမ်းထားသင့်တာပေါ့နော့် ဒါဆို ဘယ်သူမှလဲ လာမအော်တော့သလို ဘယ်စာဖတ်ပရိသတ်မှလဲ လာတော့မှာ မဟုတ်ပါဘူးဗျာ…

အခုတလော ကျနော်မြင်နေ၊တွေ့နေ၊ကြားနေရတာလေးတွေ ရေးလိုက်တာပါ.. ကိုယ်ဘလော့မှာ ကိုယ်ကြိုက်တာတင်တယ်လို့တော့ မထင်လိုက်ပါနဲ့ အားလုံး နားလည်နိုင်ပါစေလို့………

နှစ်ကူး အတွေးများ

တဆောင်းကုန်လို့ နှစ်သစ်လာတော့မယ်
ဒီချိန်ဆို ကျနော်တို့ မြို့လေး အေးနေလောက်ပေါ့
မနက်ခင်း မြူတွေကြားက ပြေးလွှားနေတဲ့ ဈေးသည်တွေ
ဘ၀အတွက် ရုန်းကန်နေတဲ့ ရိုးသားတဲ့ တောင်ပေါ်သားတွေ
အော် အားလုံး လွမ်းမောစရာပေါ့

ဒီအချိန်ဆို ချယ်ရီတွေ ဝေပြန်ပြီပေါ့
တောင်တန်းတွေမှာ ပန်းရောင် ကော်ဇောကြီးခင်းထားသလား
တောတောင်တွေမှာ ထင်းရူးရနဲ့တွေ ပြန့်လွင့်နေပြီလား
ဒီလို လှပတဲ့ ရှမ်းတောင်တန်းတွေကိုလဲ မမြင်ရတာကြာနေပြီးပေါ့
မနက်ခင်း နှင်းတွေ တွဲခိုနေတဲ့ မြက်ကလေးရေ
မင်းကတော့ ပျော်နေရှာမှာပေါ့

တချက် တချက် မြင်ရတဲ့ နေ့လယ်ခင်း နေရောင်ရယ်
မင်းမရှိတော့လဲ ဘ၀တွေ ပျက်စီးသွားမှာပေါ့
ဘယ်လိုပဲ အေးချမ်းနေပါစေ မနက်အိပ်ရာထ အချိန်တော့
ငါတို့ မင်းကိုတောင့်တမိပါတယ်
အေးချမ်းတဲ့ ဆောင်းညလေးမှာ
အမေချက်တဲ့ ထမင်းနဲ့ ဟင်းစားပြီး
စောင်ထူထူထဲ ၀င်အိပ်ရတဲ့ တောင်ပေါ်ညလေးတွေပေါ့

ဒါမှမဟုတ်

ပျက်စီးနေတဲ့ ကမ္ဘာပေါ်မှာ ကျနော်ချစ်တဲ့ မြို့လေး
ဆောင်းဆိုတာ မရှိ မြူနှင်းတွေ ကွယ်ပျောက်ပြီး
အတိတ်က လွမ်းမောဖွယ် အရိပ်တွေ ကွယ်ပျောက်နေပြီလား
အေးချမ်းလှတဲ့ ကျနော်မြို့လေး
ပူလောင်မူတွေ ကျရောက်နေပြီလား

ချယ်ရီတွေ ဝေနေရမဲ့ အချိန်မှာ
သစ်ခိုးခုတ်တဲ့ လူတစ်ချို့….
မီးတိုက်သွင်းတဲ့ လူတစ်ချို့ကြောင့်
ချယ်ရီတွေ ပျောက်နေပြီလား
ထင်းရူးရနံ့တွေ ပျောက်ကွယ်နေပြီလား
တောင်ကတုံးတွေ အဖြစ်ကျရောက်နေပြီလား

ရိုးသားတဲ့ တောင်ပေါ်သားတွေ
ဘ၀အတွက် စားဝတ်နေရေးအတွက်
ရိုးသားမူကို မစောင့်ထိန်းနိုင်တော့ဘူးလား
ဘာတွေ ဘယ်လိုဖြစ်ဖြစ်
ကျနော်မြို့လေးဟာ ကျနော်ရင်ထဲမှာ

တောင်ပေါ်သား

မုန်တိုင်းလာသွားခဲ့တယ်

သတိရမိတယ်

ဆားချက်တဲ့လက်က

တံငါသည်ဘ၀ကို နူးညံ့ခဲ့ပုံများ။

မင်းလည်း မမြင်နိုင်

ငါကလည်း မင်းကို

မပွေ့ထွေးနိုင်ခဲ့

ဆားချက်သမလေးရေ…။

မုန်တိုင်းက

ေ ရာ က် လာ တ ယ် ။

အခုတော့

ကမ်းမမြင် လမ်းမမြင်။

စီးမျောသွားပုံက

ကောင်းကင်တခုလုံး

ချက်ချင်း

ပျက်သွားသလို

ရုန်းရင်းဆန်ခတ်။

ခေတ်တွေ စီးဆင်းသွားတော့

ပင်လယ်က

ပြာစိမ်းလို့

ဘာမှမပတ်သက်သလိုမျိုး

သူစိမ်းဆန်ဆန်ကြည့်လို့ ။ ။

ဒီကဗျာလေးကတော့ အကို ကိုဖိုးဇေ ဘလော့ပေါ်မှာ နောက်ဆုံး ရေးခဲ့တဲ့ ကဗျာလေးပါ ခွင့်မတောင်းပဲ တင်ထားလိုက်မိပါတယ်

အခုတော့ ကျနော်တို့ရဲ့ ဘလော့ဂါ ရောင်းရင်းကြီးတယောက်တော့ ဘ၀တပါးကို သွားခဲ့ပြန်ပြီဗျာ.. အကိုဖိုးဇေကို လူချင်းမသိခဲ့ မရင်းနှီးခဲ့ပေမဲ့ သူရဲ့ ဘလော့က ကဗျာလေးတွေကိုတော့ တော်တော်နှစ်သက်ခဲ့မိပါတယ်... အကိုရေ အကိုမိသားစုနဲ့ ထပ်တူဝမ်းနည်းမိရပါတယ်ဗျာ.. အကိုဖိုးဇေ (ခ) အကိုမြင့်ဇေ (ခ) ပွင့်သစ်(ကရိန်ကန်) ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးရင်းးးးးးးးးးးးးးးးး

ဘ၀မှာ ဘယ်အရာတွေ မှောင်မိုက်နေပါစေ
ငါတို့ မျှော်လင့်နေတဲ့
လင်းရောင်ခြည်တွေ တနေ့ မြင်ရမှာပါ
ဒါပေမဲ့ ဒီအလင်း
မပေါ်လာခင် ကြွေလင့်သွားတဲ့
ဘလော့ ညီအကိုတွေ၊ ရဲရင့်စွာ ဆက်လျှောက်နေတဲ့
ဘလော့ ညီအကိုမောင်နှမတွေ
အားလုံးအတွက်
ကျနော် ထာဝရ ဂုဏ်ယူနေလျက်ပါ

တွေးမိတွေးရာ

အခုတလော စိတ်ညစ်စရာတွေ များနေတယ်ဗျာ စိတ်က တော်တော်ကို ဖိစီးမူ များနေလေရဲ့ ... အလုပ်မှာလဲ အလုပ်မှာမလို့ သူငယ်ချင်းတွေနဲ့ တွေ့တော့လဲ သူတို့ရဲ့ ဒုက္ခတွေ ကြားနေရတာ စိတ်ချမ်းသာစရာ တခုမှ မတွေ့မိပါဘူးဗျာ.. အခုလဲ ထပ်ကြားလိုက်ရပြန်တယ် ကမ္ဘာစီးပွားရေး ဂရိုက်က စလုံးကိုလဲ အနဲအများတော့ ထိခိုက်တယ်ဆိုတာ တွေ့နေရပြီလေ.. သူငယ်ချင်းနှစ်ယောက်ကတော့ အလုပ်ကနေ ထုတ်ပယ်ချင်း ခံလိုက်ရတယ်ဗျာ ကြားရတာ စိတ်မကောင်းဘူး.. ဒီကိုရောက်နေတဲ့ အလုပ်လာရှာတဲ့ မြန်မာတွေလဲ တော်တော်ကို ဒုက္ခ ရောက်နေတယ်လို့ ကြားတယ်ဗျာ..

မြန်မာပြည်က ဒီလာမဲ့ သူငယ်ချင်း၊ မိတ်ဆွေ အားလုံး ဖြစ်နိုင်ရင် အခုစလုံးကို မလာစေချင်ဘူးဗျာ... ကျနော်က ဒီလိုပြောပြန်ရင်လဲ ကျနော်အပေါ်တမျိုးမြင်ကြပြန်ဦးမယ် ဒီလာတော့ အလုပ်မရရင် သူတို့ပဲ ဒုက္ခရောက်မှာလေ ကျနော် တကယ်စိတ်ညစ်တယ်ဗျာ... ဒီက အခြေအနေကို ကြည့်နေပြီး စိတ်ညစ်စရာ နောက်တခုထပ်တိုးလာပြန်ပြီ.. ဒီမှာ လာတက်နေတဲ့ ပညာသင်မြန်မာကျောင်းသူ၊ကျောင်းသားတွေလဲ အလုပ်တွေခက်နေလေရဲ့ မိဘက ထောက်ပံ့နိုင်တယ်ဆိုရင်တော့ အကြောင်းမဟုတ်ဘူးပေါ့ဗျာ မိဘကလဲ အဆင်မပြေရင် သူတို့လေတွေလဲ ဒုက္ခရောက်နေရပြန်မှာပေါ့.... သူတို့အလုပ်တွေခက်တာကလဲ ဒီစီးပွားရေး ဂရိုက်ပေါ့လေ...

အခုဆို ကျနော်တို့ မြန်မာပြည်ကြီးကော ဘယ်လို နေနေကြလဲမသိဘူးနော့် နဂိုထဲက စီးပွါးရေး မကောင်းပါဘူးဆို အခုလက်ရှိအတိုင်းဆို ပိုလို့တာဆိုးတော့မယ်ဗျာ.. ကျနော်တို့လဲ ဘာမှ မကူညီနိုင်ပါလားဗျာ.. အခုဆို ဖတ်လိုက်တဲ့ သတင်းတွေကလဲ စိတ်မကောင်းစရာတွေပဲဗျာ... စဉ်းစားကြပါဦး ငွေလိုလို့ လူသတ်လိုက်ရတာနဲ့ ရွှေဆိုင်ဖောက်ပြေးတာနဲ့ တနေ့တနေ့ မြန်မာသတင်းတွေ ဖတ်ရတာလဲ စိတ်မကောင်းစရာတွေချည်းပါပဲ... ကျနော်တို့ မြန်မာတွေရဲ့ စိတ်ကတော့ ချီးကျူးရပါ့မယ် ဟားဟား ကိုယ်တိုင်က ထမင်းနပ်မှန်နေရင် ဘယ်သူတွေ ဘာဖြစ်ဖြစ် မသိသလိုနေတတ်လေရဲ့ ဒီက စလုံးရောက် မြန်မာသူငယ်ချင်းတွေကတော့ ပြောပါ့ဗျာ.. အဖြူကောင်တွေတော်တော်ကို ချီးကျူးဖို့ကောင်းတယ်တဲ့ မှန်သင့်သလောက်တော့ မှန်ပါတယ်.. သူတို့က သူတို့ အရေး မဟုတ်ရင် ဘယ်သူကိုမှ ညှာတာထောက်ထားတာ မရှိဘူးလေ.

အခုဒီအကျင့်ဆိုးတွေ ကျနော်တို့ မြန်မာတွေကို ကူးစက်လာပါပြီ.. အခုဆို တိုင်းပြည်တွင်းမှာ ငတ်တဲ့လူ ငတ် သေတဲ့လူသေ ဒါပေမဲ့ ကိုယ်ထမင်းပုံမှန် စားနေရတော့ ဒါတွေကို ဂရုတောင် မစိုက်တော့ပါဘူး.. ကျနော် အပါ့အ၀င်ပေါ့လေ.. တကယ်ကျေးရွာတွေမှာ ထမင်းမစားနိုင်လို့ ငတ်နေကြတာတွေ ရှိပါတယ် ဒါပေမဲ့ သူတို့လဲ မနက်အိပ်ရာထကတည်းက လုပ်နေတာပဲ ဘာကြောင့်ဒီလို ငတ်နေကြရတာလဲ စိတ်ညစ်တယ်ဗျာ... ဘာမှကို လုပ်ချင်စိတ်မရှိအောင် ဖြစ်နေတယ်... ဒါတွေဟာ တဦးတယောက်ရဲ့ စိတ်ဓါတ်နဲ့ ဆိုင်လား တနိုင်ငံလုံး ပြုပြင်ရမဲ့ စိတ်တွေလား မသိတော့ပါဘူး.. ကျနော် လဲ ဘာတွေ ရေးနေမှန်းကို မသိတော့ဘူး စိတ်ညစ်ညစ်နဲ့ ရေးချင်တာရေးလိုက်တာပါ အမှားပါသွားရင်တော့ အားလုံး ခွင့်လွှတ်ပေးဗျာ...

အမှောင်

စိတ်ညစ်တွေ ဖုံးနေတဲ့
ဒီအမှောင်ကို မုန်းတယ်

သူရဲကောင်းတွေ ဒုက္ခရောက်စေတဲ့
ဒီအမှောင်ကို မုန်းတယ်

ရိုးသားတဲ့သူတွေကို ဖျက်စီးခဲ့ကြတဲ့
ဒီအမှောင်ကို မုန်းတယ်

မတရားကြီးစိုးမူကို ကာကွယ်ပေးတဲ့
ဒီအမှောင်ကို မုန်းတယ်

မိန်းမပျိုလေးတွေ ဘ၀ပျက်ခဲ့ရတဲ့
ဒီအမှောင်ကို မုန်းတယ်

တောသူတောင်သားတွေ သေခဲ့ရတဲ့
ဒီအမှောင်ကို မုန်းတယ်

လူဘ၀ တသက်လုံး မကြောက်မရွံ့
ရဲဝင့်စွာ အမှောင်ထဲမှာ နေတဲ့
လူတွေအတွက် ငါဂုဏ်ယူတယ်

ဘာပဲပြောပြော ဒီအမှောင်…...
ဒီအမှောင်ကြီးကို မုန်းတယ်

ဘယ်သူတွေ ဘယ်လောက်မုန်းမုန်း
ဒီအမှောင်ကို တွယ်တာနေတဲ့
လူတွေတော့ ရှိသေးတယ်

ငါတို့အားလုံး အမှောင်ပျောက်လို့
အလင်းလာမဲ့ အချိန်ကို စောင့်နေကြတယ်

တောင်ပေါ်သား

အမှောင်

စိတ်ညစ်တွေ ဖုံးနေတဲ့
ဒီအမှောင်ကို မုန်းတယ်

သူရဲကောင်းတွေ ဒုက္ခရောက်စေတဲ့
ဒီအမှောင်ကို မုန်းတယ်

ရိုးသားတဲ့သူတွေကို ဖျက်စီးခဲ့ကြတဲ့
ဒီအမှောင်ကို မုန်းတယ်

မတရားကြီးစိုးမူကို ကာကွယ်ပေးတဲ့
ဒီအမှောင်ကို မုန်းတယ်

မိန်းမပျိုလေးတွေ ဘ၀ပျက်ခဲ့ရတဲ့
ဒီအမှောင်ကို မုန်းတယ်

တောသူတောင်သားတွေ သေခဲ့ရတဲ့
ဒီအမှောင်ကို မုန်းတယ်

လူဘ၀ တသက်လုံး မကြောက်မရွံ့
ရဲဝင့်စွာ အမှောင်ထဲမှာ နေတဲ့
လူတွေအတွက် ငါဂုဏ်ယူတယ်

ဘာပဲပြောပြော ဒီအမှောင်…...
ဒီအမှောင်ကြီးကို မုန်းတယ်

ဘယ်သူတွေ ဘယ်လောက်မုန်းမုန်း
ဒီအမှောင်ကို တွယ်တာနေတဲ့
လူတွေတော့ ရှိသေးတယ်

ငါတို့အားလုံး အမှောင်ပျောက်လို့
အလင်းလာမဲ့ အချိန်ကို စောင့်နေကြတယ်

တောင်ပေါ်သား
Blogger Template by Clairvo