Labels

ဖိတ်ခေါ်ပါတယ် မော(၀်)ရှမ်းမြေ

တောင်တန်းတွေ ၀န်းရံလို့
ရင်ထဲမှာ တကယ်မမေ့တာကြောင့်
အဝေးရောက် သားသမီးများမှာ မွေးရပ်မြေလေး သတိရစေဖို့
ရည်မှန်းကာ စုစည်းလို့ ဖွဲ့တည်ခဲ့ပေါ့ မော(၀်)ရှမ်းမြေ
အရပ်တပါး သူတပါးတိုင်းပြည် အဆင့်မသင့်လို့
ခွဲခွာခဲ့ပေမဲ့ ဒီရှမ်းမြေ အငွေ့အသက်တွေက
ဒီရင်မှာ ထာဝစဉ်မမေ့တယ်

တောင်ပေါ်ရိုးရာ မီးပုံပျံနဲ့
အင်းလေးဖောင်တော် ပင်းတယတို့
မွေတော်ကက္ကူ ပုထိုးစေတီ နာမည်ကျော်ကြား ပအိုဝ့်မီးရှူး
စည်ကားလှတယ် မြို့လုံးကျွတ် ဘုံကထိန်နဲ့
လေနုလေအေး အမြဲတိုက်လို့
ရှမ်းစကားသံ ခပ်ဝဲ၀ဲရယ် ဒီရင်မှာထာဝစဉ် စွဲငြိတယ်လေ

ပျော်ရွှင်ဖွယ်အငွေ့အသက်တွေနဲ့
မော(၀်)တို့ဌာနေ ဒီရှမ်းမြေမှာရောက်လာသူအပေါင်း
စိတ်ကြည်နူးစေဖို့သာယာဖွယ် ရနံ့သစ်တွေနဲ့
အစုံကွယ်ဖျော်ဖြေကြမယ်
အစွမ်းကုန်တာ ကြိုးစားကြပေလို့ စတည်ခဲ့ပေါ့ မော(၀်)ရှမ်းမြေ

ကျနော်တို့ ရှမ်းပြည်နယ်တောင်ပိုင်းအတွက် အဝေးရောက် ညီအကို မောင်နှမများက စုစည်းပြီး မော(၀်)ရှမ်းမြေ ဆိုတဲ့ ဆိုဒ်လေး တခုကို စိတ်တူကိုယ်တူ ဖန်တီးခဲ့ကြပါတယ်။ ဒီ မော(၀်)ရှမ်းမြေ ဆိုဒ်လေးမှာ ကျနော်တို့ ညီအကို မောင်နှမများရဲ့ အမိမြေကို ချစ်တဲ့စိတ်၊ လွမ်းတဲ့စိတ်လေးတွေကို တွေ့ကြရမှာပါ။ လူလောကကြီးမှာ တခါတလေ ပျော်ရာမှာမနေ တော်ရာမှာနေဆိုတဲ့ စကားပုံအတိုင်း အဝေးရောက်နေကြပေမဲ့ ကိုယ့်မွေးဖွား ကြီးပြင်းခဲ့တဲ့ နေရာလေးကိုတော့ ဘယ်လိုမှ မေ့မရခဲ့ပါဘူး။ ဒီအတွက် အားလုံးရဲ့ နှလုံးသားဆီက ထွက်ကျလာတဲ့ ခံစားချက်လေးတွေကို ဒီ မော(၀်)ရှမ်းမြေ ဆိုဒ်လေးမှာတွေ့ကြရမှာပါ။ ကျနော်တို့ မိတ်ဆွေများအားလုံးလဲ အလည်လာရောက်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

လေးစားလျက် တောင်ပေါ်သား

ကျနော် ကျောင်းဆရာ နှင့် အဖြစ်အပျက်များ (၁)

(၁)
မနက်ခင်းမိုးသောက်တော့ ထွက်လာတဲ့ နေမင်းဟာ အရင်နေ့တွေကလို ဘာမှ မပြောင်းလဲ။ သူအိပ်ရာထက်မှ ထကာ သွားတိုက် မျက်နှာသစ်ပြီး လမ်းထိပ်က လက်ဖက်ရည်ဆိုင်လေးဆီသို့ လျှောက်လာလိုက်သည်။ ဒီနေ့သည် စနေနေ့ ကျောင်းပိတ်ရက်ဖြစ်လေသည်။ သူလို ကျောင်းဆရာတယောက်အနေနှင့် စနေ ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်လေးတွေပဲ သူငယ်ချင်းများနှင့် အေးအေးလူလူ လက်ဖက်ရည်ဆိုင်တွင် စကားပြောခွင့်ရပေသည်။ ကျန်သော နေ့ရက်များက သူလို လူတယောက်အတွက် ၂၄ နာရီ ဆိုသော အချိန်ဟူသည် လောက်ငသည်မရှိပေ။ မှန်သည် သူသည် ဆင်းရဲသားရပ်ကွက်ရှိ အလယ်တန်းကျောင်းတကျောင်းတွင် ကျောင်းဆရာ တယောက် ဖြစ်ပေသည်။ ဒီရပ်ကွက်လေးတွင် လူပေါင်းစုံ စရိုက်ပေါင်းစုံကို ကျောင်းဆရာ တယောက်၏ စူးစမ်းသော အကြည့်ဖြင့် သူကြည့်မိတတ်လေသည်။

(၂)
သူ၏ အိမ်သည် ပျဉ်ထောင်မိုး တထပ်အိမ်ကလေးဖြစ်သည်။ သူ့ကိုယ်ပိုင်တော့ မဟုတ်ပေ။ ရပ်ကွက်သူ ရပ်ကွက်သားများ၏ ကောင်းမူကြောင့် ဒီနေရာလေးတွင် နေရခြင်းဖြစ်ပေသည်။ သူ၏ အိမ်ဘေးချင်းကပ်ရက်တွင် အလွန်ကို ချစ်ခင်ကြသော လင်မယား ရှိပေသည်။ ချစ်ခင်ကြသည်ဆိုရာတွင် တရပ်ကွက်လုံးက သူတို့ လင်မယားကို တယောက်ကို တယောက် အရမ်းချစ်ခင်ကြသည်ဟု ပြောဆိုနေတတ်သောကြောင့် ဖြစ်ပေသည်။ ဒါပေမဲ့ ကျနော်အဖို့ ဒီလင်မယားသည် ဟန်ဆောင်ချစ်နေကြခြင်းသာ ဖြစ်ပေမည်ဟု ခံစားရပေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အိမ်အပြင် ရောက်လျှင် တယောက်ကို တယောက် အရမ်း ချစ်စကားများ တီးတီးတာတာပြောကာ အိမ်ထဲတွင်မူကား အမြဲ ရန်ဖြစ် ရိုက်ခိုက်၊ ဆဲဆိုနေသည်ကို ဘေးအိမ်မှ ကျနော်မြင်တွေ့နေကြ ဖြစ်သောကြောင့် ဖြစ်ပေသည်။

(၃)
ဟိုဖက် ညာဖက်ဘေးအိမ်တွင် ကျနော်ရောက်စချိန်က တရားဘာဝနာ ပွားများနေတတ်သော ဦးစိတ်ရှည်ဆိုသော အဖိုးအိုတယောက်နေပေသည်။ သူသည် အလွန်ကို စိတ်ရင်းကောင်းသူဖြစ်ပေသည်။ သူ၏ ခြံလေးထဲတွင် သရက်ပင်၊ သစ်တော်သီးပင် စသည့် အပင်ကြီးများ စိုက်ထားလေသည်။ ထိုသည်သာမက ရာသီပေါ်ပန်းများ၊ စားစရာ အသီးအရွက်များကိုလဲ စိုက်ပျိုးထားပေသည်။ သူသည် သူ၏အပင်များမှ ထွက်သော အသီးအနှံများကို လာရောက်တောင်းသူတွေကို ပေးလှူတတ်ပေသည်။ ယခုအခါတွင် သူသည် တရားဘာဝနာ ပွားများမူများကို မလုပ်နိုင်တော့ာပေ။ အဘယ်ကြောင့်ဆိုသော် သူတယုတယ စိုက်ပျိုးထားသော သီးနှံပင်များကို ရပ်ကွက်တွင်မှ လူတချို့သည် တောင်းရမ်းစားသောက်ခြင်း မပြုပဲ ခိုးယူစားသောက်သောကြောင့် ဖြစ်ပေသည်။ သူသည် ယခုအခါ တနေကုန် ခြံလေးထဲတွင် လေးခွတချောင်းဖြင့် လမ်းလျှောက်နေတတ်ပေသည်။

(၄)
အကျော်ကြားဆုံး ရပ်ကွက်ထဲမှ ကိစ္စတခုရှိပါသေးသည်။ ကျနော်တို့ ရပ်ကွက်ထဲတွင် အထက်တန်းလွှာ မိသားစု ပေါက်ဖွားလာသော ကောင်မလေးတဦးနှင့် အောက်ခြေအလွှာ မိသားစုမှ ပေါက်ဖွားလာသော ယောကျာ်းလေးတဦးသည် ချစ်သူ သမီးရည်းစားများအဖြစ် သို့ရောက်ရှိနေကြပါသည်။ ဒါကို သူတို့၏ မိသားစု အသိုင်းအ၀န်းနှစ်ခုမှ သဘောမတူကြပေ။ နောက်ဆုံး ကောင်လေး၏ သူငယ်ချင်းများမှ ကူညီမြောက်သမူကြောင့် ကောင်လေးနှင့် ကောင်မလေးတို့သည် နှစ်ဦးသဘောတူ ခိုးပြေးကြပါသည်။ ထိုနောက် တရားရုံးတွင် လက်မှတ်ရေးထိုးကြပါသည်။ ဤတွင်မိဘများက ခွဲမည် ခွာမည် လုပ်ကြပါသည်။ နောက်ဆုံးတွင် တရားရုံးတွင် နှစ်ဖက်မိဘများ ယှဉ်ဆိုင်ဖြေရှင်းကြရပါသည်။ ထိုအဖြစ်အပျက်ကို ရပ်ကွက်ထဲက လူများကပြောမဆုံးပေါင် တောသုံးထောင်ဖြစ်ကြ ပါသည်။ အဘယ်ကြောင့်ဆိုသော် ကောင်မလေး မိဘ၏ စီးပွါးရေး လုပ်ငန်းသည် ထီးလုပ်ငန်း (အထက်တန်းလွှာ) ဖြစ်၍ ကောင်လေး မိဘများ၏ လုပ်ငန်းမှာ ဖိနပ်လုပ်ငန်း (အောက်ခြေအလွှာ) ဖြစ်ပေသည်။ ယခုအခါ သူတို့ လင်မယား၏ တတိယမြောက်ကလေး

ကျနော် ကျောင်းဆရာ နှင့် အဖြစ်အပျက်များ (၁)

(၁)
မနက်ခင်းမိုးသောက်တော့ ထွက်လာတဲ့ နေမင်းဟာ အရင်နေ့တွေကလို ဘာမှ မပြောင်းလဲ။ သူအိပ်ရာထက်မှ ထကာ သွားတိုက် မျက်နှာသစ်ပြီး လမ်းထိပ်က လက်ဖက်ရည်ဆိုင်လေးဆီသို့ လျှောက်လာလိုက်သည်။ ဒီနေ့သည် စနေနေ့ ကျောင်းပိတ်ရက်ဖြစ်လေသည်။ သူလို ကျောင်းဆရာတယောက်အနေနှင့် စနေ ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်လေးတွေပဲ သူငယ်ချင်းများနှင့် အေးအေးလူလူ လက်ဖက်ရည်ဆိုင်တွင် စကားပြောခွင့်ရပေသည်။ ကျန်သော နေ့ရက်များက သူလို လူတယောက်အတွက် ၂၄ နာရီ ဆိုသော အချိန်ဟူသည် လောက်ငသည်မရှိပေ။ မှန်သည် သူသည် ဆင်းရဲသားရပ်ကွက်ရှိ အလယ်တန်းကျောင်းတကျောင်းတွင် ကျောင်းဆရာ တယောက် ဖြစ်ပေသည်။ ဒီရပ်ကွက်လေးတွင် လူပေါင်းစုံ စရိုက်ပေါင်းစုံကို ကျောင်းဆရာ တယောက်၏ စူးစမ်းသော အကြည့်ဖြင့် သူကြည့်မိတတ်လေသည်။

(၂)
သူ၏ အိမ်သည် ပျဉ်ထောင်မိုး တထပ်အိမ်ကလေးဖြစ်သည်။ သူ့ကိုယ်ပိုင်တော့ မဟုတ်ပေ။ ရပ်ကွက်သူ ရပ်ကွက်သားများ၏ ကောင်းမူကြောင့် ဒီနေရာလေးတွင် နေရခြင်းဖြစ်ပေသည်။ သူ၏ အိမ်ဘေးချင်းကပ်ရက်တွင် အလွန်ကို ချစ်ခင်ကြသော လင်မယား ရှိပေသည်။ ချစ်ခင်ကြသည်ဆိုရာတွင် တရပ်ကွက်လုံးက သူတို့ လင်မယားကို တယောက်ကို တယောက် အရမ်းချစ်ခင်ကြသည်ဟု ပြောဆိုနေတတ်သောကြောင့် ဖြစ်ပေသည်။ ဒါပေမဲ့ ကျနော်အဖို့ ဒီလင်မယားသည် ဟန်ဆောင်ချစ်နေကြခြင်းသာ ဖြစ်ပေမည်ဟု ခံစားရပေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အိမ်အပြင် ရောက်လျှင် တယောက်ကို တယောက် အရမ်း ချစ်စကားများ တီးတီးတာတာပြောကာ အိမ်ထဲတွင်မူကား အမြဲ ရန်ဖြစ် ရိုက်ခိုက်၊ ဆဲဆိုနေသည်ကို ဘေးအိမ်မှ ကျနော်မြင်တွေ့နေကြ ဖြစ်သောကြောင့် ဖြစ်ပေသည်။

(၃)
ဟိုဖက် ညာဖက်ဘေးအိမ်တွင် ကျနော်ရောက်စချိန်က တရားဘာဝနာ ပွားများနေတတ်သော ဦးစိတ်ရှည်ဆိုသော အဖိုးအိုတယောက်နေပေသည်။ သူသည် အလွန်ကို စိတ်ရင်းကောင်းသူဖြစ်ပေသည်။ သူ၏ ခြံလေးထဲတွင် သရက်ပင်၊ သစ်တော်သီးပင် စသည့် အပင်ကြီးများ စိုက်ထားလေသည်။ ထိုသည်သာမက ရာသီပေါ်ပန်းများ၊ စားစရာ အသီးအရွက်များကိုလဲ စိုက်ပျိုးထားပေသည်။ သူသည် သူ၏အပင်များမှ ထွက်သော အသီးအနှံများကို လာရောက်တောင်းသူတွေကို ပေးလှူတတ်ပေသည်။ ယခုအခါတွင် သူသည် တရားဘာဝနာ ပွားများမူများကို မလုပ်နိုင်တော့ာပေ။ အဘယ်ကြောင့်ဆိုသော် သူတယုတယ စိုက်ပျိုးထားသော သီးနှံပင်များကို ရပ်ကွက်တွင်မှ လူတချို့သည် တောင်းရမ်းစားသောက်ခြင်း မပြုပဲ ခိုးယူစားသောက်သောကြောင့် ဖြစ်ပေသည်။ သူသည် ယခုအခါ တနေကုန် ခြံလေးထဲတွင် လေးခွတချောင်းဖြင့် လမ်းလျှောက်နေတတ်ပေသည်။

(၄)
အကျော်ကြားဆုံး ရပ်ကွက်ထဲမှ ကိစ္စတခုရှိပါသေးသည်။ ကျနော်တို့ ရပ်ကွက်ထဲတွင် အထက်တန်းလွှာ မိသားစု ပေါက်ဖွားလာသော ကောင်မလေးတဦးနှင့် အောက်ခြေအလွှာ မိသားစုမှ ပေါက်ဖွားလာသော ယောကျာ်းလေးတဦးသည် ချစ်သူ သမီးရည်းစားများအဖြစ် သို့ရောက်ရှိနေကြပါသည်။ ဒါကို သူတို့၏ မိသားစု အသိုင်းအ၀န်းနှစ်ခုမှ သဘောမတူကြပေ။ နောက်ဆုံး ကောင်လေး၏ သူငယ်ချင်းများမှ ကူညီမြောက်သမူကြောင့် ကောင်လေးနှင့် ကောင်မလေးတို့သည် နှစ်ဦးသဘောတူ ခိုးပြေးကြပါသည်။ ထိုနောက် တရားရုံးတွင် လက်မှတ်ရေးထိုးကြပါသည်။ ဤတွင်မိဘများက ခွဲမည် ခွာမည် လုပ်ကြပါသည်။ နောက်ဆုံးတွင် တရားရုံးတွင် နှစ်ဖက်မိဘများ ယှဉ်ဆိုင်ဖြေရှင်းကြရပါသည်။ ထိုအဖြစ်အပျက်ကို ရပ်ကွက်ထဲက လူများကပြောမဆုံးပေါင် တောသုံးထောင်ဖြစ်ကြ ပါသည်။ အဘယ်ကြောင့်ဆိုသော် ကောင်မလေး မိဘ၏ စီးပွါးရေး လုပ်ငန်းသည် ထီးလုပ်ငန်း (အထက်တန်းလွှာ) ဖြစ်၍ ကောင်လေး မိဘများ၏ လုပ်ငန်းမှာ ဖိနပ်လုပ်ငန်း (အောက်ခြေအလွှာ) ဖြစ်ပေသည်။ ယခုအခါ သူတို့ လင်မယား၏ တတိယမြောက်ကလေးမလေးပင် ကျနော်၏ တပည့်အဖြစ်သို့ ရောက်ရှိနေပေသည်။

PS... နောက်များမှာ အဆင်ပြေရင်တော့ အပိုင်းဆက်များဖြင့် ရေးသားသွားပါမည်။

လေးစားလျက် တောင်ပေါ်သား

ပျော်စံရာ ညအမှောင်

ညသည် တဖြည်းဖြည်းနှင့် မှောင်မိုက်လာပါသည်။ ညဉ့်နက်လေ ဒီလိုပွဲမျိုးက လူစည်လေ ဖြစ်ပေသည်။ ဒီလို နေရာမျိုးကို လူကုံထံ အသိုင်းအ၀ိုင်း အများစုသာ တက်ရောက် တတ်ကြသည်။ လူများစွာတို့၏ မျက်လုံးများကို ဂရုမစိုက်ပဲ ဒီလိုပွဲမျိုးကို ကျင်းပကြခြင်းသည် လိုအင်ဆန္ဒများစွာ ပါဝင်နေပေသည်။ တချို့က လူကုံထံ အသိုင်းအ၀ိုင်းနှင့် ပေါင်းသင်းလို၍ ဖြစ်ပေမည်။ တချို့က သူငယ်ချင်းသစ်များ ရချင်၍ ဖြစ်ပေမည်။ တချို့ကတော့… တချို့ကတော့…. ဆန္ဒမျိုးစုံ ရမ္မက်မျိုးစုံဖြင့် သည်နေရာတွင် လူပေါင်းစုံ တက်ရောက်နေကြသည်ကို တွေ့နေရသည်။ပါတီပွဲ ကျင်းပနေသော တိုက်တာကြီးထဲသို့ ၀င်ရောက်ရန် တခုတည်းသော အပေါက်ဖြစ်သည့် တံခါးမကြီးအနီးတွင် စားပွဲတလုံး ရှိနေပေသည်။ ထိုစားပွဲပေါ်တွင် မျက်နှာဖုံး မြောက်များစွာကို တင်ထားလေသည်။ ထိုစားပွဲပေါ်တွင်ပင်

ကျေးဇူးပြု၍…. သင့်မျက်နှာကို မျက်နှာဖုံးတခု တပ်ဆင်ပြီးမှသာ ခန်းမဆောင်အတွင်းသို့ ၀င်ရောက်ပါ

ဟူသော စာတန်းတခုကိုလဲ ထောင်ကာ တင်ထား၏။ စားပွဲပေါ်မှ လက်သင့်ရာ မျက်နှာဖုံး တခုကိုယူကာ မျက်နာတွင် ကျနော်တပ်ဆင်လိုက်ပါသည်။ ချက်ချင်းပင် ကျနော်မျက်နှာအစစ်သည် ပျောက်ကွယ်သွားကာ ကျနော်မျက်နာပေါ်တွင် ကျနော်မျက်နာ မဟုတ်သော မျက်နာအတု တခုဖြစ်ပေါ်လာခဲ့၏၊ ခန်းမဆောင်ထဲသို့ ကျနော် တလှမ်းချင်း လှမ်းလျှောက်ဝင်လိုက်သည်။

ခန်းမဆောင်ထဲတွင် အလင်းရောင် မှိန်ဖျော့ဖျော့အခန်းငယ်များစွာကိုလဲ တွေ့ရပေသည်။ လူတချို့ ၀င်လိုက် ထွက်လိုက် လှုပ်ရှားသွားလာနေသည်ကို တွေ့ရပေသည်။ လူတွေ တဦးနှင့် တစ်ဦး အလုအယက် စကားပြောနေကြသံ၊ ဖန်ခွက်များ နှုတ်ခမ်းချင်း ထိသံ၊ ဖွင့်ထားသော ဂြိုလ်တုစလောင်းမှ အသံ၊ ကြမ်းပြင်နှင့် ဖိနပ်များ ရှပ်တိုက်သံ၊ ဇွန်း ခက်ရင်းများနှင့် ပန်းကန်သံများက ထိတွေ့သံ၊ တီးဝိုင်းမှ တီးမှုတ်သံ၊ ချောင်းဟန့်သံ ရယ်မောသံ အော်ဟစ်သံ စသည့် အသံပေါင်းစုံတို့သည် အမျိုးအမည် မကွဲပြားတော့ဘဲ အရောရော အနှောနှောဖြစ်ကာ တိုက်ခန်းအတွင်း ဆူညံနေပေသည်။

တိုက်ခန်းအလယ်တွင် ထွန်းညှိထားသော မီးလုံး၊ ဖန်ချောင်းများ၏ အလင်းရောင်မှာ မျက်စိ ကျိန်းလောက်အောင်ပင် စူးရဲ ၀င်းထိန်နေပေသည်။ ဒီတိုက်ခန်းအလယ်တွင် အဆိုတော်များ DJ ဟုခေါ်သော အတီးအမှုတ်များကို ကြားနေ မြင်နေရသည်။ ရုတ်တရက်ဝင်ရောက်လာသော သူ့အဖို့ ဒီအလင်းရောင်များနှင့် ဘယ်လိုမှ အဆင်မပြေပေ။ မျက်စိများ ကျိန်းနေပေသည်။ အချိန်အတော်ကြာမှ ဒီအလင်းရောင်များ ဆူညံသံ အော်ဟစ်နေသံများနှင့် ကျနော် အသားကျသွားပါတယ်။ တိုက်ခန်းအတွင်း ကျနော်ကို ကြိုဆိုမဲ့ လူတယောက်တလေကိုမျှ ကျနော် မတွေ့ရပါ။ အားလုံး ပျော်ပါးနေပေသည်။ ကျနော်ကိုဒီပွဲ တက်ရောက်ရန် ဖိတ်ကြားသောခဲ့သောသူကို ကျနော် မျက်လုံးဖြင့် အနှံရှာဖွေနေမိသည်။ တခဏတွင်းပင် ကျနော် ရှာဖွေခြင်းမှာ ရူးသွပ်မူသာ ဖြစ်ကြောင်းကျနော် သိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် အားလုံးသောလူပေါင်းတို့၏ မျက်နှာတွင် သူတို့၏ပင်ကိုရုပ်သည် ကွယ်ပျောက်၍ နဂိုမျက်နှာနှင် မဆိုင်သောမျက်နှာဖုံးတခုခုကို တပ်ဆင်ထားသူများ ချည်းသာဖြစ်ပေ၏

ကျနော်ကို ဖိတ်စာပေးခဲ့သူ တနည်းအားဖြင့် ဒီပါတီဆိုသည်ကို ဦးဆောင် ဆောင်ရွက်သူသည်လဲ ပင်ကိုမျက်နှာနှင့် မဟုတ်ပဲ အတုတပ်ဆင်ထားသော မျက်နှာဖုံးနှင့်ပင် ဖြစ်ပေလိမ့်မည်။ သူမျက်နာရှေ့တွင် မည်သည့်မျက်နှာဖုံးကို တပ်ဆင်ထားလေသနည်း။ မျောက်တကောင်ရဲ့ မျက်နှာဖုံးလား၊ ၀က်ဝံတကောင်ရဲ
့ မျက်နှာဖုံးလား၊ ဒေါင်းတကောင်၏ မျက်နှာဖုံးလား၊ သိုးတကောင်၏ မျက်နှာဖုံးလား ကျနော် မသိနိုင်ပေ မဝေခွဲနိုင်ပေ။ ထိုသူသည် အခန်းထောင့်တွင် ငြိမ်ပြီးစလောင်းကြည့်နေသော နွားတကောင်လား၊ ဒါမှမဟုတ် ၀ိုက်အရက်ဆိုတာကို သောက်နေသော မျက်လုံးနီနီနှင့် ခြင်္သေ့လား၊ သံစုံတီးဝိုင်းဘေးမှ မတ်တပ်ရပ်နေသော ဘဲတကောင်ဟာ သူဖြစ်လေမလား ကျနော်မသိပေ။

ဒီအခန်းအပြင်မှာတော့ ညသည်မှောင်မှဲလျက်ရှိပေသည်။ ဒီအခန်းထဲမှာတော့ ညဆိုတာမရှိ၊ ညကို မေ့လျော့ထားသူတွေသာ ရှိပေသည်။ ပိတ်ထားသော ပြတင်းတံခါးများကြောင့်လဲ သူတို့ ညဆိုတာကို မသိဖြစ်နိုင်ပေသည်လား။ သတိမမူမိလေသည်လား။ ဒါမှမဟုတ် သူတို့သည် ညကို ပျော်နေကြသော လူသားတွေလား။ သူတို့၏ မျက်နှာကို မတွေ့ရပေမဲ့လဲ သူတို့၏ ရုပ်သွင်ပြင်ကို ကြည့်ရုံနှင့် သူတို့ ပျော်ရွှင်နေကြောင်း သိသာပေသည်။ သူတို့တွင် စိတ်ညစ်ခြင်းဟူသော အသိတရားကို မေ့နေကြပုံရသည်။ မေ့နေသည်လား မေ့ချင်ယောင် ဆောင်နေသည်လားတော့ ကျနော် မသိပေ။ ဟိုတနေရာတွင် ၀ံပုလွေတကောင်နှင့် ကျားသစ်တကောင်သည် တယောက်မျက်နှာ တယောက် ကြည့်ကာ ရယ်မော နေကြသည်။ မြွေတကောင်နှင့် တကောင်မှာ တယောက်ခါးကို တယောက်ဖက်ကာ တွန့်လိမ်ကွေးကောက်နေကြသည်။ သမင်တကောင်နှင့် သစ်ကုလားအုတ် တကောင်သည် ထိုင်၍ သောက်စားမူးယစ်နေပြန်သည်။

မြေခွေးတအုပ်စုသည် စင်အလယ်တွင်ကနေသော ကချေသည်များရှိရာဆီသို့ တက်လှမ်းရန် ကြိုးစားနေသည်ကိုလဲ တွေ့ရပြန်သည်။ ၀က်တကောင်ရဲ့ မျက်နှာဖုံးဝတ်ထားသော စားပွဲထိုး၏ လင်ပန်းထဲမှာ ဖန်ခွက်တခွက်ကို ကျနော် လှမ်းယူကာ ရွှေရောင် အရည်များကို မော့သောက်လိုက်သည်။ ဖန်ခွက်ထဲမှာ ရွှေရောင်အရည်များသည် မီးတောင်မှ ထွက်သော ချော်ရည်များကဲ့သို့ လည်ချောင်းတခုလုံးထဲသို့ ပူလောင်စွာ စီးဆင်းသွားလေသည်။ အနံ့အရသာဆိုးရွားသော ဒီအရည်တွေသည် ဘာကြောင့် ရွှေရောင် တောက်ပနေသလဲ။ လူတွေသည် ဒီရွှေရောင် အရည်တွေကို သောက်သုံးပြီး အလယ်တွင် ရှိသော ကစင်နေရာတွင် လက်များမြှောက်ပြီး အော်ဟစ်ကနေကြပေသည်။ လူသားတိုင်းသည် ဒီအချိန်တွင် ဒီရွှေရောင် အရည်များကို နှစ်သက်နေကြပေသည်။

ဘယ်နာရီ ရှိပြီလဲ အနီးမှ ဇီးကွက်တကောင်ကို ကျနော် လှမ်းမေးမိသည်။ ဒီအခန်းထဲမှာ နာရီမရှိဘူး အချိန်မလိုဘူး ဟုခပ်တိုးတိုးလေး ပြန်ဖြေသည်။ ဟုတ်မည် သတိထားကြည့်လိုက်တော့ အခန်းထဲတွင် နာရီ မရှိပေ။ ခင်ဗျားက ဘာလို့ အချိန်မေးရတာလဲ ဘေးမှ မြေခွေးတကောင်က မူးနေသော အသံဖြင့်လှမ်းမေးသည်။ ဒီပါတီပွဲကြီး ဘယ်အချိန်ပြီး မှာလဲ သိချင်လို့ ဟု ကျနော်လဲ ဘုဆတ်ဆတ်ဖြင့် ပြန်ပြောလိုက်သည်။ မိုးလင်းရင်ပြီးမှာပေါ့ ဟု လင်းယုန်တကောင်က ဘေးမှနေ၍ ညည်းညူသံဖြင့် ပြောလေသည်။ ခဏအကြာတွင် ထိုမြေခွေးနှင့် လင်းယုန်တို့ တယောက်လက်ကို တယောက်ကိုင်ကာ ကနေကြသော လူအုပ်စု ရှိရာသို့ ထွက်သွားလေသည်။

ကျနော် စိတ်အနဲငယ် ညစ်လာသည်။ မြင်မြင်သမျှ လူများသည် တိရစ္ဆာန် များ ဖြစ်နေပေသည်။ မှန်သည်
တိရစ္ဆာန် ထိုစကားလုံးများက ကျနော်ကို အပြင်းအထန် တုန်လှုပ်စေသည်။ အခန်းထဲက လူတွေအားလုံး တိရစ္ဆာန် တကောင်၏ မျက်နှာဖုံးကို တပ်ထားကြပေသည်။ ကျနော်လဲ တိရစ္ဆာန် တကောင်၏ မျက်နှာဖုံးကို တပ်ထားမိ၏။ ကျနော်သည် တိရစ္ဆာန် တွေ၏ မျက်နှာဖုံးအားလုံးကို မြင်နေရသည်။ ဒါပေမဲ့ ကျနော့် မျက်နှာဖုံး ကို ကျနော် မမြင်ရပေ။ မျက်နှာဖုံးကို တပ်ဆင်က အမူမဲ့ အမှတ်မဲ့ စွပ်ခဲ့မိသည်။ ကျနော် ဘာမျက်နှာဖုံးကို တပ်ဆင်ခဲ့မိမှန်း သတိမထားခဲ့မိပေ။ ကျနော့်မျက်နာကို လက်ဖြင့် စမ်းသပ်ကြည့်နေမိသည်။ ပို၍ တုပ်လှုပ်ချောက်ချားသွားသည်။ ထို မျက်နှာဖုံးသည် ကျနော့်မျက်နှာမှ ခွာမရအောင် တင်းတင်းကျပ်ကျပ် ကပ်၍
နေပေသည်။ မျက်နှာတွင် အဖုအထစ်များစွာဖြင့် ပြည့်နှက်ပေသည်။

ရင်ထဲတွင် ပြင်းပြသော ခံစားချက်များ ဖြစ်နေသည်။ ကျနော့်ကို ကျနော် စူးစမ်းချင်စိတ်များ ဖြစ်ပေါ်နေမိသည်။ ကျနော့် မျက်နှာတွင် မည်သို့သော မျက်နှာဖုံး ရှိနေသလဲ။ သိချင်လှပေသည်။ ကျေးဇူးပြု၍ စာဖတ်နေသူများ သိလျှင်ပြောပေးစေချင်သည် ကျနော်မျက်နှာတွင် ဘယ်လို မျက်နှာဖုံးများ ဖြစ်နေမည်နည်း။

ဝန်ခံချက်။ ။ အခုတလော စိတ်က ဘာဖြစ်သည်မသိ။ ဖတ်ထားမိသော စာတွေကို ပြန်ရေးချင်စိတ်ပေါက်နေပါသည်။ ဒါပေမဲ့ အားလုံး အမှတ်တရ တော့ မရှိပေ။ ဒါကြောင့် စိတ်ထဲ ရှိတာတွေ ပြန်တွေးပြီး ရေးချထားပါသည်။ ပုံကိုတော့ Google က ကူးယူဖော်ပြထားပါသည်။ ကျနော် ရောက်ရှိပြီး ရိုက်ကူးထားခြင်းမဟုတ်ရပါကြောင်း ၁၀၀ % အာမခံပါသည်။

လေးစားလျက် တောင်ပေါ်သား

ပျော်စံရာ ညအမှောင်

ညသည် တဖြည်းဖြည်းနှင့် မှောင်မိုက်လာပါသည်။ ညဉ့်နက်လေ ဒီလိုပွဲမျိုးက လူစည်လေ ဖြစ်ပေသည်။ ဒီလို နေရာမျိုးကို လူကုံထံ အသိုင်းအ၀ိုင်း အများစုသာ တက်ရောက် တတ်ကြသည်။ လူများစွာတို့၏ မျက်လုံးများကို ဂရုမစိုက်ပဲ ဒီလိုပွဲမျိုးကို ကျင်းပကြခြင်းသည် လိုအင်ဆန္ဒများစွာ ပါဝင်နေပေသည်။ တချို့က လူကုံထံ အသိုင်းအ၀ိုင်းနှင့် ပေါင်းသင်းလို၍ ဖြစ်ပေမည်။ တချို့က သူငယ်ချင်းသစ်များ ရချင်၍ ဖြစ်ပေမည်။ တချို့ကတော့… တချို့ကတော့…. ဆန္ဒမျိုးစုံ ရမ္မက်မျိုးစုံဖြင့် သည်နေရာတွင် လူပေါင်းစုံ တက်ရောက်နေကြသည်ကို တွေ့နေရသည်။ပါတီပွဲ ကျင်းပနေသော တိုက်တာကြီးထဲသို့ ၀င်ရောက်ရန် တခုတည်းသော အပေါက်ဖြစ်သည့် တံခါးမကြီးအနီးတွင် စားပွဲတလုံး ရှိနေပေသည်။ ထိုစားပွဲပေါ်တွင် မျက်နှာဖုံး မြောက်များစွာကို တင်ထားလေသည်။ ထိုစားပွဲပေါ်တွင်ပင်

ကျေးဇူးပြု၍…. သင့်မျက်နှာကို မျက်နှာဖုံးတခု တပ်ဆင်ပြီးမှသာ ခန်းမဆောင်အတွင်းသို့ ၀င်ရောက်ပါ

ဟူသော စာတန်းတခုကိုလဲ ထောင်ကာ တင်ထား၏။ စားပွဲပေါ်မှ လက်သင့်ရာ မျက်နှာဖုံး တခုကိုယူကာ မျက်နာတွင် ကျနော်တပ်ဆင်လိုက်ပါသည်။ ချက်ချင်းပင် ကျနော်မျက်နှာအစစ်သည် ပျောက်ကွယ်သွားကာ ကျနော်မျက်နာပေါ်တွင် ကျနော်မျက်နာ မဟုတ်သော မျက်နာအတု တခုဖြစ်ပေါ်လာခဲ့၏၊ ခန်းမဆောင်ထဲသို့ ကျနော် တလှမ်းချင်း လှမ်းလျှောက်ဝင်လိုက်သည်။

ခန်းမဆောင်ထဲတွင် အလင်းရောင် မှိန်ဖျော့ဖျော့အခန်းငယ်များစွာကိုလဲ တွေ့ရပေသည်။ လူတချို့ ၀င်လိုက် ထွက်လိုက် လှုပ်ရှားသွားလာနေသည်ကို တွေ့ရပေသည်။ လူတွေ တဦးနှင့် တစ်ဦး အလုအယက် စကားပြောနေကြသံ၊ ဖန်ခွက်များ နှုတ်ခမ်းချင်း ထိသံ၊ ဖွင့်ထားသော ဂြိုလ်တုစလောင်းမှ အသံ၊ ကြမ်းပြင်နှင့် ဖိနပ်များ ရှပ်တိုက်သံ၊ ဇွန်း ခက်ရင်းများနှင့် ပန်းကန်သံများက ထိတွေ့သံ၊ တီးဝိုင်းမှ တီးမှုတ်သံ၊ ချောင်းဟန့်သံ ရယ်မောသံ အော်ဟစ်သံ စသည့် အသံပေါင်းစုံတို့သည် အမျိုးအမည် မကွဲပြားတော့ဘဲ အရောရော အနှောနှောဖြစ်ကာ တိုက်ခန်းအတွင်း ဆူညံနေပေသည်။

တိုက်ခန်းအလယ်တွင် ထွန်းညှိထားသော မီးလုံး၊ ဖန်ချောင်းများ၏ အလင်းရောင်မှာ မျက်စိ ကျိန်းလောက်အောင်ပင် စူးရဲ ၀င်းထိန်နေပေသည်။ ဒီတိုက်ခန်းအလယ်တွင် အဆိုတော်များ DJ ဟုခေါ်သော အတီးအမှုတ်များကို ကြားနေ မြင်နေရသည်။ ရုတ်တရက်ဝင်ရောက်လာသော သူ့အဖို့ ဒီအလင်းရောင်များနှင့် ဘယ်လိုမှ အဆင်မပြေပေ။ မျက်စိများ ကျိန်းနေပေသည်။ အချိန်အတော်ကြာမှ ဒီအလင်းရောင်များ ဆူညံသံ အော်ဟစ်နေသံများနှင့် ကျနော် အသားကျသွားပါတယ်။ တိုက်ခန်းအတွင်း ကျနော်ကို ကြိုဆိုမဲ့ လူတယောက်တလေကိုမျှ ကျနော် မတွေ့ရပါ။ အားလုံး ပျော်ပါးနေပေသည်။ ကျနော်ကိုဒီပွဲ တက်ရောက်ရန် ဖိတ်ကြားသောခဲ့သောသူကို ကျနော် မျက်လုံးဖြင့် အနှံရှာဖွေနေမိသည်။ တခဏတွင်းပင် ကျနော် ရှာဖွေခြင်းမှာ ရူးသွပ်မူသာ ဖြစ်ကြောင်းကျနော် သိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် အားလုံးသောလူပေါင်းတို့၏ မျက်နှာတွင် သူတို့၏ပင်ကိုရုပ်သည် ကွယ်ပျောက်၍ နဂိုမျက်နှာနှင် မဆိုင်သောမျက်နှာဖုံးတခုခုကို တပ်ဆင်ထားသူများ ချည်းသာဖြစ်ပေ၏

ကျနော်ကို ဖိတ်စာပေးခဲ့သူ တနည်းအားဖြင့် ဒီပါတီဆိုသည်ကို ဦးဆောင် ဆောင်ရွက်သူသည်လဲ ပင်ကိုမျက်နှာနှင့် မဟုတ်ပဲ အတုတပ်ဆင်ထားသော မျက်နှာဖုံးနှင့်ပင် ဖြစ်ပေလိမ့်မည်။ သူမျက်နာရှေ့တွင် မည်သည့်မျက်နှာဖုံးကို တပ်ဆင်ထားလေသနည်း။ မျောက်တကောင်ရဲ့ မျက်နှာဖုံးလား၊ ၀က်ဝံတကောင်ရဲ့ မျက်နှာဖုံးလား၊ ဒေါင်းတကောင်၏ မျက်နှာဖုံးလား၊ သိုးတကောင်၏ မျက်နှာဖုံးလား ကျနော် မသိနိုင်ပေ မဝေခွဲနိုင်ပေ။ ထိုသူသည် အခန်းထောင့်တွင် ငြိမ်ပြီးစလောင်းကြည့်နေသော နွားတကောင်လား၊ ဒါမှမဟုတ် ၀ိုက်အရက်ဆိုတာကို သောက်နေသော မျက်လုံးနီနီနှင့် ခြင်္သေ့လား၊ သံစုံတီးဝိုင်းဘေးမှ မတ်တပ်ရပ်နေသော ဘဲတကောင်ဟာ သူဖြစ်လေမလား ကျနော်မသိပေ။

ဒီအခန်းအပြင်မှာတော့ ညသည်မှောင်မှဲလျက်ရှိပေသည်။ ဒီအခန်းထဲမှာတော့ ညဆိုတာမရှိ၊ ညကို မေ့လျော့ထားသူတွေသာ ရှိပေသည်။ ပိတ်ထားသော ပြတင်းတံခါးများကြောင့်လဲ သူတို့ ညဆိုတာကို မသိဖြစ်နိုင်ပေသည်လား။ သတိမမူမိလေသည်လား။ ဒါမှမဟုတ် သူတို့သည် ညကို ပျော်နေကြသော လူသားတွေလား။ သူတို့၏ မျက်နှာကို မတွေ့ရပေမဲ့လဲ သူတို့၏ ရုပ်သွင်ပြင်ကို ကြည့်ရုံနှင့် သူတို့ ပျော်ရွှင်နေကြောင်း သိသာပေသည်။ သူတို့တွင် စိတ်ညစ်ခြင်းဟူသော အသိတရားကို မေ့နေကြပုံရသည်။ မေ့နေသည်လား မေ့ချင်ယောင် ဆောင်နေသည်လားတော့ ကျနော် မသိပေ။ ဟိုတနေရာတွင် ၀ံပုလွေတကောင်နှင့် ကျားသစ်တကောင်သည် တယောက်မျက်နှာ တယောက် ကြည့်ကာ ရယ်မော နေကြသည်။ မြွေတကောင်နှင့် တကောင်မှာ တယောက်ခါးကို တယောက်ဖက်ကာ တွန့်လိမ်ကွေးကောက်နေကြသည်။ သမင်တကောင်နှင့် သစ်ကုလားအုတ် တကောင်သည် ထိုင်၍ သောက်စားမူးယစ်နေပြန်သည်။

မြေခွေးတအုပ်စုသည် စင်အလယ်တွင်ကနေသော ကချေသည်များရှိရာဆီသို့ တက်လှမ်းရန် ကြိုးစားနေသည်ကိုလဲ တွေ့ရပြန်သည်။ ၀က်တကောင်ရဲ့ မျက်နှာဖုံးဝတ်ထားသော စားပွဲထိုး၏ လင်ပန်းထဲမှာ ဖန်ခွက်တခွက်ကို ကျနော် လှမ်းယူကာ ရွှေရောင် အရည်များကို မော့သောက်လိုက်သည်။ ဖန်ခွက်ထဲမှာ ရွှေရောင်အရည်များသည် မီးတောင်မှ ထွက်သော ချော်ရည်များကဲ့သို့ လည်ချောင်းတခုလုံးထဲသို့ ပူလောင်စွာ စီးဆင်းသွားလေသည်။ အနံ့အရသာဆိုးရွားသော ဒီအရည်တွေသည် ဘာကြောင့် ရွှေရောင် တောက်ပနေသလဲ။ လူတွေသည် ဒီရွှေရောင် အရည်တွေကို သောက်သုံးပြီး အလယ်တွင် ရှိသော ကစင်နေရာတွင် လက်များမြှောက်ပြီး အော်ဟစ်ကနေကြပေသည်။ လူသားတိုင်းသည် ဒီအချိန်တွင် ဒီရွှေရောင် အရည်များကို နှစ်သက်နေကြပေသည်။

ဘယ်နာရီ ရှိပြီလဲ အနီးမှ ဇီးကွက်တကောင်ကို ကျနော် လှမ်းမေးမိသည်။ ဒီအခန်းထဲမှာ နာရီမရှိဘူး အချိန်မလိုဘူး ဟုခပ်တိုးတိုးလေး ပြန်ဖြေသည်။ ဟုတ်မည် သတိထားကြည့်လိုက်တော့ အခန်းထဲတွင် နာရီ မရှိပေ။ ခင်ဗျားက ဘာလို့ အချိန်မေးရတာလဲ ဘေးမှ မြေခွေးတကောင်က မူးနေသော အသံဖြင့်လှမ်းမေးသည်။ ဒီပါတီပွဲကြီး ဘယ်အချိန်ပြီး မှာလဲ သိချင်လို့ ဟု ကျနော်လဲ ဘုဆတ်ဆတ်ဖြင့် ပြန်ပြောလိုက်သည်။ မိုးလင်းရင်ပြီးမှာပေါ့ ဟု လင်းယုန်တကောင်က ဘေးမှနေ၍ ညည်းညူသံဖြင့် ပြောလေသည်။ ခဏအကြာတွင် ထိုမြေခွေးနှင့် လင်းယုန်တို့ တယောက်လက်ကို တယောက်ကိုင်ကာ ကနေကြသော လူအုပ်စု ရှိရာသို့ ထွက်သွားလေသည်။

ကျနော် စိတ်အနဲငယ် ညစ်လာသည်။ မြင်မြင်သမျှ လူများသည် တိရစ္ဆာန် များ ဖြစ်နေပေသည်။ မှန်သည်
တိရစ္ဆာန် ထိုစကားလုံးများက ကျနော်ကို အပြင်းအထန် တုန်လှုပ်စေသည်။ အခန်းထဲက လူတွေအားလုံး တိရစ္ဆာန် တကောင်၏ မျက်နှာဖုံးကို တပ်ထားကြပေသည်။ ကျနော်လဲ တိရစ္ဆာန် တကောင်၏ မျက်နှာဖုံးကို တပ်ထားမိ၏။ ကျနော်သည် တိရစ္ဆာန် တွေ၏ မျက်နှာဖုံးအားလုံးကို မြင်နေရသည်။ ဒါပေမဲ့ ကျနော့် မျက်နှာဖုံး ကို ကျနော် မမြင်ရပေ။ မျက်နှာဖုံးကို တပ်ဆင်က အမူမဲ့ အမှတ်မဲ့ စွပ်ခဲ့မိသည်။ ကျနော် ဘာမျက်နှာဖုံးကို တပ်ဆင်ခဲ့မိမှန်း သတိမထားခဲ့မိပေ။ ကျနော့်မျက်နာကို လက်ဖြင့် စမ်းသပ်ကြည့်နေမိသည်။ ပို၍ တုပ်လှုပ်ချောက်ချားသွားသည်။ ထို မျက်နှာဖုံးသည် ကျနော့်မျက်နှာမှ ခွာမရအောင် တင်းတင်းကျပ်ကျပ် ကပ်၍ နေပေသည်။ မျက်နှာတွင် အဖုအထစ်များစွာဖြင့် ပြည့်နှက်ပေသည်။

ရင်ထဲတွင် ပြင်းပြသော ခံစားချက်များ ဖြစ်နေသည်။ ကျနော့်ကို ကျနော် စူးစမ်းချင်စိတ်များ ဖြစ်ပေါ်နေမိသည်။ ကျနော့် မျက်နှာတွင် မည်သို့သော မျက်နှာဖုံး ရှိနေသလဲ။ သိချင်လှပေသည်။ ကျေးဇူးပြု၍ စာဖတ်နေသူများ သိလျှင်ပြောပေးစေချင်သည် ကျနော်မျက်နှာတွင် ဘယ်လို မျက်နှာဖုံးများ ဖြစ်နေမည်နည်း။

ဝန်ခံချက်။ ။ အခုတလော စိတ်က ဘာဖြစ်သည်မသိ။ ဖတ်ထားမိသော စာတွေကို ပြန်ရေးချင်စိတ်ပေါက်နေပါသည်။ ဒါပေမဲ့ အားလုံး အမှတ်တရ တော့ မရှိပေ။ ဒါကြောင့် စိတ်ထဲ ရှိတာတွေ ပြန်တွေးပြီး ရေးချထားပါသည်။ ပုံကိုတော့ Google က ကူးယူဖော်ပြထားပါသည်။ ကျနော် ရောက်ရှိပြီး ရိုက်ကူးထားခြင်းမဟုတ်ရပါကြောင်း ၁၀၀ % အာမခံပါသည်။

လေးစားလျက် တောင်ပေါ်သား

အိမ်ပြန်ချိန်

ညအမှောင်က တယောက်ထဲသူ့အဖို့ ခြောက်ချားဖွယ်ရာ ဖြစ်နေသည်။ ကျနော် အိမ်ပြန်ချင်သည်။ ဟုတ်သည် ဒါကြောင့် ကျနော် အိမ်လေးရှိရာကို ပြန်လာနေခြင်းဖြစ်သည်။ ကျနော် အိမ်လေးကို မပြန်တာ နှစ်ပေါင်း အတော်ကို ကြာနေပြီလေ။ လမ်းဘေးတချက်ကို ငေးမော်ကြည့်လိုက်တော့ အရောင်ဖြူဖြူ အုတ်ဂူများက အစီအရီ။ ကဗျာဆရာတယောက်အတွက်တော့ ဒီလို ညမျိုးမှာ စွဲမက်ဖွယ် ကဗျာတပုဒ်ကို ခံစား သီကုံးနိုင်ပေမဲ့ ကျနော်အဖို့မှာတော့ ဒီသင်္ချိုင်း နားက ဖြတ်လျှောက်ရသည်ကိုက ကြောက်စရာတခုဖြစ်နေသည်။ ရင်ထဲတွင် အမျိုးအမည် မဖော်ပြနိုင်သော ခံစားမူများကိုလဲ ခံစားနေရသည်။ ဟုတ်မည် ဒီသုဿာန်ထဲတွင် ကျနော်၏ ဆွေမျိုးများလဲ ခိုအောင်းနေပေမည်။ လှဲလှောင်း အိပ်စက်နေပေမည်။ ထိုအတူ ကျနော် ချစ်သော မိတ်ဆွေများလဲ ရှိနိုင်ပေသလို ကျနော်ကို ရွံရှာမုန်းတီးနေသော ကျနော်၏ ရန်သူများလဲ ရှိနိုင်ပေမည်။ မှန်သည် ထို့ကြောင့် ကျနော် ကြောက်လန့်နေခြင်းပင် ဖြစ်ပေမည်။ ဒီနေရာလေးကို နောက်ပြန်မကြည့်ပဲ အမြန်လျှောက်လာမိသည်။

တဖြေးဖြေးနဲ့ မြို့ပြရဲ့ အရိပ်အရောင်လေးတွေ တွေ့နေရသည်။ ဒီလမ်းလေးပေါ်မှာ ကျနော် လျှောက်နေတာကြာခဲ့ပြီ။ နေ့စဉ်လိုလိုပင် ဒီလမ်းလေးပေါ်မှာ ကျနော် လျှောက်ပြီး ကျနော် အိမ်လေးကို ပြန်နေကြ။ ဒါပေမဲ့ ခုထက်ထိ ကျနော် လမ်းလေးပေါ်တွင် လူတယောက်မှ မမြင်ဖူးသေးပေ။ ဟိုအရင် အချိန်က ဒီနေရာလေးမှာ ဈေးဆိုင်တွေ၊ ကာရာအိုကေ ခန်းမတွေနဲ့ မီးရောင်စုံတွေကြားက လူတွေ စည်ကားလို့ပေါ့။ မျက်နှာမှာ အရောင်မျိုးစုံ ကာလာမျိုးစုံတွေ လိမ်းခြယ်ပြီး ညရဲ့ အလှအပနဲ့ အပြိုင် ယစ်မူးနေကြတဲ့နေရာလေးပေါ့ အခုတော့လဲ ဒီနေရာလေးဟာ မြင်ရသူအဖို့ လွမ်းဆွတ်စရာလေးတွေ အတိနဲ့ ဖုံးလွမ်းနေတာပဲ မြင်နေရပါတော့တယ်။ ဒီကမ္ဘာပေါ်မှာ လူဆိုသည်ကော ရှိသေးကြသလားမသိ။

ဒီလမ်းလေးပေါ်မှာ သမာအာဇီဝနဲ့ လုပ်ကိုင်စားသောက်နေတဲ့ လူတွေလဲ ဖြတ်ဖူးကြပါတယ်။ ဒီလိုပဲ လုယက် ခိုးသွမ်း နေကြတဲ့ လူရမ်းကားတွေလဲ ဖြတ်လျှောက်ခဲ့ဖူးပါတယ်။ ကျနော်လဲ အတိတ်ကအတွေးလေးတွေ နယ်ချဲ့ပြီး လမ်းလျှောက်လာလိုက်တာ လမ်းစုံလေးကို ရောက်လာပါပြီ။ ဒီလမ်းစုံလေးကို ကျော်ပြီး ကုန်းကျော်လေးကို ဖြတ်လိုက်ရင် ကျနော် နေတဲ့ အိမ်နားကိုရောက်ပြီးပေါ့။ ကျနော် ခပ်သုတ်သုတ်လျှောက်ရင် ကုန်းကျော်လေးကို ဖြတ်ဖို့ လုပ်နေတုန်းမှာပင် ကျနော် အနောက်မှ အသံတခုကို ကြားလိုက်မိသည်။

ဟေ့ကောင် ရပ်လိုက်စမ်း မလှုပ်နဲ့ ငြိမ်ငြိမ်နေ…

ကျနော်နောက်ကို လှည့်ကြည့်မိလိုက်သည်။ ဒီမြို့လေးရဲ့ တခုတည်းသော ပတ္တာရောင်ကားတစီးပါ။ ၂၀၅၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတော့ မြို့လေးမှာလူသူမရှိတော့၍ ပတ္တာရောင်ကားတွေ အများကြီးမလိုအပ်ဟု စီမံချက်ဖြင့် တစီးတည်း ထားထားသော ကင်းလှည့်ကားလေးဖြစ်ပါသည်။

မင်းဘာလုပ်နေတာလဲ

ကျနော် အိမ်ပြန်မလို့ လမ်းလျှောက်နေတာပါ

မင်းလမ်းလျှောက်တာကော သေချာလားကွ၊ မင်းနာမည် ဘယ်လိုခေါ်လဲ၊ ဘယ်မှာနေလဲ

ဟုတ်ကဲ့ ကျနော် အိမ်ကို ပြန်မလို့ သေချာပါတယ်ခင်ဗျာ… ကျနော်နာမည် -- ပါ --- မှာနေပါတယ်။

မင်းမှာ မိသားစု၊ ဇနီးရှိလားကွ

ကျနော် ရီချင်ချင် ဖြစ်မိသည်။ ကျနော်က လူပျိုပါ ဟု ပြန်ပြောလိုက်မိသည်။

ဟေ့ကောင် မင်းကို မေးတာပဲဖြေ အပိုမပြောနဲ့ ဟူသော စကားသံ ခပ်ပြတ်ပြတ်နှင့် အသံကို ကြားလိုက်ရသည်။
ဟုတ်ကဲ့ ကျနော် တကောင်ကြွက်ပါ အခုထိ ကျနော် လူဆိုတာကို မမြင်ဖူးသေးပေ။

ကြာတယ် ကားပေါ်တက်ကွာ ဟူသော အသံကို ကြားရပြန်သည်။ ကျနော် ကြောက်လန့်သွားလေသည်။ ဒီအတိုင်းဆို ဒုက္ခ။ ဟေ့ကောင် ကား
ပေါ်တက်လို့ ပြောနေတယ်
ဟု အော်ဟစ်သံကို ကြားရလေသည်။ ကျနော်လဲ ကြောက်လန့်လန့်နှင့် ကားပေါ်တက်လိုက်မိသည်။ ကားသည် အရှိန်ထိုး မောင်းသွားလေသည်။

ကျနော်ကို ဘယ်ခေါ်သွားမလို့လဲခင်ဗျာ ကားပေါ်တွင် ကျနော်မေးမိသည်။ ကားထဲမှ အဖြေသံကိုက မကြားရချေ။ ကျနော် နောက်တခါ ထပ်မေးသည် ပြန်ပြောသံလဲ မကြားရချေ။ ကျနော်အပေါက်သေးသေးလေးမှ နေ၍ ကားခေါင်းခန်းကို ချောင်းကြည့်လိုက်မိသည်။ သေပြီဆရာ ကားခေါင်းခန်းတွင် ကားမောင်းမဲ့သူ တဦးတယောက်မှ မပါပေ။ ကျနော် ထိတ်လန့်နေစဉ် အချိန်အတွင်းမှာပင် ရောက်ပြီ ဆင်းဆိုတဲ့ စကားတခု ကြားလိုက်ရသည်။ ကျနော် ကြောက်ကြောက်လန့်လန့်နှင့် ကားအောက်ကို ဆင်းလိုက်သည်။ ကျနော့်ရှေ့တွင် မီးရောင်စုံ ထိန်လင်းနေသော အိမ်ကြီးတခုကို တွေ့ရသည်။ ဒါ ကျနော်အိမ်ပဲ ဟုတ်သည် ဒါကျနော်အိမ် ဒါဆို သူတို့သည် ကျနော်ကို လိုက်ပို့ပေးသည်ပေါ့။ ကျေးဇူးတင်ရအောင် နောက်လှည့်ကြည့်လိုက်တုန်းခဏ ပတ္တာရောင် ကားလေးသည် လေကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် မောင်းထွက်သွားလေသတည်း။။။။။။။။။။။။

ဝန်ခံချက်။ ။ ခေတ်မီတိုးတက်နေသော ခေတ်ကြီးတွင် လူဘ၀တွင် စက်ရုပ်များသည်ပင် တထောင့်တနေရာမှ ပါဝင်လာကြပါသည်။ ခေတ်လွန်ဇာတ်ညွန်းလေးတခုကို ခံစားရေးဖွဲ့ကြည့်မိပါသည်။

စာကြွင်း ။ ။ ကျနော်မှားယွင်းမူကြောင့် စာရေးဆရာနာမည် မတင်လိုက်မိတာပါ။ ထောက်ပြပေးသော ကိုရှမ်းလေးကို အထူးကျေးဇူးတင်ပါတယ်။

ကြာတယ် ကားပေါ်တက်ကွာ ဟူသော အသံကို ကြားရပြန်သည်။ ကျနော် ကြောက်လန့်သွားလေသည်။ ဒီအတိုင်းဆို ဒုက္ခ။ ဟေ့ကောင် ကားပေါ်တက်လို့ ပြောနေတယ် ဟု အော်ဟစ်သံကို ကြားရလေသည်။ ကျနော်လဲ ကြောက်လန့်လန့်နှင့် ကားပေါ်တက်လိုက်မိသည်။ ကားသည် အရှိန်ထိုး မောင်းသွားလေသည်။

ကျနော်ကို ဘယ်ခေါ်သွားမလို့လဲခင်ဗျာ ကားပေါ်တွင် ကျနော်မေးမိသည်။ ကားထဲမှ အဖြေသံကိုက မကြားရချေ။ ကျနော် နောက်တခါ ထပ်မေးသည် ပြန်ပြောသံလဲ မကြားရချေ။ ကျနော်အပေါက်သေးသေးလေးမှ နေ၍ ကားခေါင်းခန်းကို ချောင်းကြည့်လိုက်မိသည်။ သေပြီဆရာ ကားခေါင်းခန်းတွင် ကားမောင်းမဲ့သူ တဦးတယောက်မှ မပါပေ။ ကျနော် ထိတ်လန့်နေစဉ် အချိန်အတွင်းမှာပင် ရောက်ပြီ ဆင်းဆိုတဲ့ စကားတခု ကြားလိုက်ရသည်။ ကျနော် ကြောက်ကြောက်လန့်လန့်နှင့် ကားအောက်ကို ဆင်းလိုက်သည်။ ကျနော့်ရှေ့တွင် မီးရောင်စုံ ထိန်လင်းနေသော အိမ်ကြီးတခုကို တွေ့ရသည်။ ဒါ ကျနော်အိမ်ပဲ ဟုတ်သည် ဒါကျနော်အိမ် ဒါဆို သူတို့သည် ကျနော်ကို လိုက်ပို့ပေးသည်ပေါ့။ ကျေးဇူးတင်ရအောင် နောက်လှည့်ကြည့်လိုက်တုန်းခဏ ပတ္တာရောင် ကားလေးသည် လေကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် မောင်းထွက်သွားလေသတည်း။။။။။။။။။။။။

ဝန်ခံချက်။ ။ ခေတ်မီတိုးတက်နေသော ခေတ်ကြီးတွင် လူဘ၀တွင် စက်ရုပ်များသည်ပင် တထောင့်တနေရာမှ ပါဝင်လာကြပါသည်။ ခေတ်လွန်ဇာတ်ညွန်းလေးတခုကို ခံစားရေးဖွဲ့ကြည့်မိပါသည်။

စာကြွင်း ။ ။ ကျနော်မှားယွင်းမူကြောင့် စာရေးဆရာနာမည် မတင်လိုက်မိတာပါ။ ထောက်ပြပေးသော ကိုရှမ်းလေးကို အထူးကျေးဇူးတင်ပါတယ်။

လေးစားလျက် တောင်ပေါ်သား

နေကာမျက်မှန်တလက်

မျက်လုံးများသည် အသဲနှလုံး၏ ပြတင်းပေါက်များဟုဆိုလျှင် နေကာမျက်မှန်များသည် ထိုပြတင်းပေါက်များကိုပိတ်ထားသည် အတားအဆီး ပြတင်းတံခါးများနှင့်တူပေမည်။ လူသတ္တ၀ါများသည် တဦးနှင်တဦး မျက်လုံးချင်းက တူညီကြပေမည်မဟုတ်ပေ။ မျက်လုံးများသည် အတွင်းစိတ်အာရုံကို ထင်ဟပ်ဖော်ပြလေ့ ရှိသည်ဟု သိပ္ပံပညာရှင်များက လက်ခံကြသည်ဟု ကြားဖူးပေသည်။ ဒါဆို မျက်လုံးများကို နေကာမျက်မှန် မည်းမည်းနှင့် ဖုံးကွယ်ထားလျှင် မိမိ၏စိတ်အာရုံခံစားမူကို တဖက်လူ မရိပ်မစားမိအောင် အတော်အသင့် သိုဝှက်ထားနိုင်ပေလိမ့်မည်။ ဒါဆို ကျနော်လဲ နေကာမျက်မှန် တခုတော့ လိုအပ်နေပြီ

နေကာမျက်မှန်ကို ဘယ်နေရာတွေမှာ အတွေ့များရသလဲ ပြန်သုံးသပ်ကြည့်တော့ ရုံးခန်း၊ စားသောက်ဆိုင်၊ ပင်လယ်ကမ်းစပ်တွေမှာ အတွေ့များပေသည်။ နေကာမျက်မှန်တလက် အတွက်သုံးစွဲရသည့် ဈေးနှုန်းက သူတို့ အတွက် တန်ဖိုးမနည်းလှသော်လည်း အကျိုးကျေးဇူးများစွာ ရှိနိုင်ပေမည်။ ပင်လယ်ကမ်းခြေမှာ ဇနီးဖြစ်သူကို ဘေးမှာထား၍ နေပူစာ လှုံနေသော တခြားမိန်းကလေးများစွာကို ဇနီးမသိအောင် နေကာမျက်မှန်အောက်မှ ကြည့်လို့ ရပေသည်။ ရုံးခန်းများတွင် အဆင်မပြေသည့်အခါများတွင် သင့်ဒေါသများကို နေကာမျက်မှန်အောက်မှာ သိုဝှက်ထားနိုင်ပေသည်။ စိတ်လှုပ်ရှားမူကို မပေါ်လွင်စေချင်သော ကြေးစားလူသတ်သမားများကလဲ နေကာ မျက်မှန်ကို အသုံးပြုလေ့ ရှိပေသည်။

တကယ်တမ်း နေကာမျက်မှန်တလက် အသုံးဝင်ပုံကို ကန့်သတ်ပြောဆိုရန် အလွန်ပင် ခက်ခဲလှပေသည်။ သရုပ်ဆောင် မကျွမ်းကျင်သော လူတယောက်အဖို့ အမူအရာ မလုပ်တတ်သော သူ့မျက်လုံးကို ပိတ်ကားပေါ်တွင် နေကာမျက်မှန်တလက်နှင့် ဖုံးကွယ်ထားနိုင်ပါသည်။ အသုဘအခမ်းအနားများမှာတော့ မျက်ရည်ဝဲနေသော မျက်လုံးတွေကို အကောင်းစားနေကာမျက်မှန်တလက်နှင့် ဖုံကွယ်ထားနိုင်ပေသည်။ ထိုကြောင့် ပုထုဇဉ်တို့၏ ချို့ယွင်းချက်တော်တော်များများကို ဖုံးကွယ်ဟန်ဆောင်ရန် ကြိုးစားရာတွင် နေကာမျက်မှန်တလက်သည်လည်း အသုံးဝင်သော ပစ္စည်းတလက် ဖြစ်ပေသည်။ အမှန်အတိုင်း ၀န်ခံရလျှင် မရိုးမသားလုပ်ချင်သော အချိန်များတွင်လဲ ကျနော်တွင် နေကာမျက်မှန်တလက် ရှိပေသည်။

ထိုနေကာမျက်မှန်ကို ကျနော်မျက်လုံးတွင် တပ်ဆင်လိုက်သည်နဲ့ ကျနော်၏ရုပ်သွင်သည် အသင့်အတင့် ပြောင်းလဲသွားသလို ခံစားရပါသည်။ မြင်နေကျလောကကြီးသည် ခါတိုင်းနှင်မတူပဲ ပြောင်လဲ စိမ်းစိုနေပါသည်။ ကျတော့်ခေါင်းပေါ်ကို မော့ကြည့်လိုက်လျှင် ကောင်းကင်ပေါ်တွင် အစိမ်းရောင် သမ်းနေသော တိမ်စိုင်တခုကို တွေ့ရပါသည်။ လယ်ကွင်းပြင်များမှာလည်း တကယ်ခြောက်သွေ့နေသောလဲ အမြင်မှာ အစိမ်းရောင်ဖက်တို့ ကူးပြောင်းကာ စိမ်းစိုနေပေသည်။ထိုအတူ ကျနော်၏အမူအကျင့်များကိုလဲ နေကာမျက်မှန်က ကောင်းစွာ ဖုံးဖိထားပေးပါတယ်။ လောကတွင် လူတွေ၏ အကုသိုလ်တော်တော်များများကို နေကာမျက်မှန်မျက်မှန်တလက်အောက်တွင် အတော်အသင့် ဖုံးဖိထားနိုင်ပေသည်။

တနေ့ ကားများရှုပ်နေသော လမ်းမကြီးးပေါ်တွင်နေကာမျက်မှန်ကို မျက်နာတွင် တပ်လျက် ကျနော်တယောက်ထဲ လမ်းလျှောက်နေခဲ့ပါတယ်။ မီးပွိုင့်တခုအရောက်ကျနော် လမ်းဖြတ်ကူးရန်နေမိသည်။ ကျနော်ရှေ့တွင် မျက်နာခြင်းဆိုင်တွင် လူတယောက် လမ်းဖြတ်ကူးရန် စောင့်နေပါတယ်။ သူကို ကျနော် သတိထားမိခြင်းမှာ သူလဲ နေကာမျက်မှန် တပ်ထားလျက်ပါ။ မီးပွိုင့်တွင် မီးစိမ်းသောအခါ ကျနော် ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းကာ လမ်းကို ဖြတ်ကူးလိုက်ချိန်
တွင် တဖက်က နေကာမျက်မှန်နဲ့ လူကလဲ လမ်းကို ဖြတ်ကူးလာနေပါတယ်။ ထိုအခိုက်မှာပင် လမ်းအချိုးတကွေ့တနေရာမှ ကားငယ်တစီးသည် ရုတ်တရက် အရှိန်ဖြင့် ထွက်လာကာ သူ့ကို ၀င်တိုက်မိလေသည်။ ထိုသူ လွင့်စဉ်သွား၏ လူတွေ ၀ိုင်းအုံလာပါတယ်။ သူနှင့်နေကာမျက်မှန် သည်လဲ တကွဲတခြားဖြစ်သွားပါတယ်။ သူခုနက တပ်ဆင်ထားသော နေကာမျက်မှန်မှာ ကားဘီးများအောက်တွင် ကြေမွ ကွဲကြေနေပါတယ်။ သူကတော့ လမ်းမပေါ်တွင် မလှုပ်မယှက် ငြိမ်သက်နေပေသည်။ ထိုသူအနားကို ကျနော်တိုးကပ်သွားမိသည်။

"နေကာမျက်မှန်ကြီးတပ်ပြီး ဟန်လုပ်တာကိုးဗျ၊ ကားတစီးလုံးတောင် မမြင်ဘူး"ဘေးမှ ၀ိုင်းကြည့်နေသူတဦး၏ အပြစ်တင်သံတချို့ကို ကျနော် ကြားလိုက်မိသည်။ ထိုအတောအတွင်း တယောက်သောသူ၏ အော်ပြောလိုက်သောအသံကြောင့် အပြစ်တင်နေသူတာမက ကျနော့်ကိုပါ ဆွံအတွေဝေသွားစေပါတယ်။ သေသေချာချာလဲ ကြည့်ပါဦးဗျာ ဒီလူ့မျက်လုံးနှစ်လုံးဟာ မြင်ရတာမဟုတ်ဘူး၊ အစားထိုးထည့်ထားတဲ့ ကျောက်မျက်လုံးတွေဗျ တဲ့

ဝန်ခံချက်။ ။ ကျနော် ဖတ်ဖူးခဲ့သော ၀တ္တူတိုလေး တပုဒ်ပါ။ မှတ်မိသလောက် ပြန်ရေးထားပေးတာပါ။ ပုံကိုတော့ Google က ယူထားပါတယ်။

လေးစားလျက် တောင်ပေါ်သား

နေကာမျက်မှန်တလက်

မျက်လုံးများသည် အသဲနှလုံး၏ ပြတင်းပေါက်များဟုဆိုလျှင် နေကာမျက်မှန်များသည် ထိုပြတင်းပေါက်များကိုပိတ်ထားသည် အတားအဆီး ပြတင်းတံခါးများနှင့်တူပေမည်။ လူသတ္တ၀ါများသည် တဦးနှင်တဦး မျက်လုံးချင်းက တူညီကြပေမည်မဟုတ်ပေ။ မျက်လုံးများသည် အတွင်းစိတ်အာရုံကို ထင်ဟပ်ဖော်ပြလေ့ ရှိသည်ဟု သိပ္ပံပညာရှင်များက လက်ခံကြသည်ဟု ကြားဖူးပေသည်။ ဒါဆို မျက်လုံးများကို နေကာမျက်မှန် မည်းမည်းနှင့် ဖုံးကွယ်ထားလျှင် မိမိ၏စိတ်အာရုံခံစားမူကို တဖက်လူ မရိပ်မစားမိအောင် အတော်အသင့် သိုဝှက်ထားနိုင်ပေလိမ့်မည်။ ဒါဆို ကျနော်လဲ နေကာမျက်မှန် တခုတော့ လိုအပ်နေပြီ

နေကာမျက်မှန်ကို ဘယ်နေရာတွေမှာ အတွေ့များရသလဲ ပြန်သုံးသပ်ကြည့်တော့ ရုံးခန်း၊ စားသောက်ဆိုင်၊ ပင်လယ်ကမ်းစပ်တွေမှာ အတွေ့များပေသည်။ နေကာမျက်မှန်တလက် အတွက်သုံးစွဲရသည့် ဈေးနှုန်းက သူတို့ အတွက် တန်ဖိုးမနည်းလှသော်လည်း အကျိုးကျေးဇူးများစွာ ရှိနိုင်ပေမည်။ ပင်လယ်ကမ်းခြေမှာ ဇနီးဖြစ်သူကို ဘေးမှာထား၍ နေပူစာ လှုံနေသော တခြားမိန်းကလေးများစွာကို ဇနီးမသိအောင် နေကာမျက်မှန်အောက်မှ ကြည့်လို့ ရပေသည်။ ရုံးခန်းများတွင် အဆင်မပြေသည့်အခါများတွင် သင့်ဒေါသများကို နေကာမျက်မှန်အောက်မှာ သိုဝှက်ထားနိုင်ပေသည်။ စိတ်လှုပ်ရှားမူကို မပေါ်လွင်စေချင်သော ကြေးစားလူသတ်သမားများကလဲ နေကာ မျက်မှန်ကို အသုံးပြုလေ့ ရှိပေသည်။

တကယ်တမ်း နေကာမျက်မှန်တလက် အသုံးဝင်ပုံကို ကန့်သတ်ပြောဆိုရန် အလွန်ပင် ခက်ခဲလှပေသည်။ သရုပ်ဆောင် မကျွမ်းကျင်သော လူတယောက်အဖို့ အမူအရာ မလုပ်တတ်သော သူ့မျက်လုံးကို ပိတ်ကားပေါ်တွင် နေကာမျက်မှန်တလက်နှင့် ဖုံးကွယ်ထားနိုင်ပါသည်။ အသုဘအခမ်းအနားများမှာတော့ မျက်ရည်ဝဲနေသော မျက်လုံးတွေကို အကောင်းစားနေကာမျက်မှန်တလက်နှင့် ဖုံကွယ်ထားနိုင်ပေသည်။ ထိုကြောင့် ပုထုဇဉ်တို့၏ ချို့ယွင်းချက်တော်တော်များများကို ဖုံးကွယ်ဟန်ဆောင်ရန် ကြိုးစားရာတွင် နေကာမျက်မှန်တလက်သည်လည်း အသုံးဝင်သော ပစ္စည်းတလက် ဖြစ်ပေသည်။ အမှန်အတိုင်း ၀န်ခံရလျှင် မရိုးမသားလုပ်ချင်သော အချိန်များတွင်လဲ ကျနော်တွင် နေကာမျက်မှန်တလက် ရှိပေသည်။

ထိုနေကာမျက်မှန်ကို ကျနော်မျက်လုံးတွင် တပ်ဆင်လိုက်သည်နဲ့ ကျနော်၏ရုပ်သွင်သည် အသင့်အတင့် ပြောင်းလဲသွားသလို ခံစားရပါသည်။ မြင်နေကျလောကကြီးသည် ခါတိုင်းနှင်မတူပဲ ပြောင်လဲ စိမ်းစိုနေပါသည်။ ကျတော့်ခေါင်းပေါ်ကို မော့ကြည့်လိုက်လျှင် ကောင်းကင်ပေါ်တွင် အစိမ်းရောင် သမ်းနေသော တိမ်စိုင်တခုကို တွေ့ရပါသည်။ လယ်ကွင်းပြင်များမှာလည်း တကယ်ခြောက်သွေ့နေသောလဲ အမြင်မှာ အစိမ်းရောင်ဖက်တို့ ကူးပြောင်းကာ စိမ်းစိုနေပေသည်။ထိုအတူ ကျနော်၏အမူအကျင့်များကိုလဲ နေကာမျက်မှန်က ကောင်းစွာ ဖုံးဖိထားပေးပါတယ်။ လောကတွင် လူတွေ၏ အကုသိုလ်တော်တော်များများကို နေကာမျက်မှန်မျက်မှန်တလက်အောက်တွင် အတော်အသင့် ဖုံးဖိထားနိုင်ပေသည်။

တနေ့ ကားများရှုပ်နေသော လမ်းမကြီးးပေါ်တွင်နေကာမျက်မှန်ကို မျက်နာတွင် တပ်လျက် ကျနော်တယောက်ထဲ လမ်းလျှောက်နေခဲ့ပါတယ်။ မီးပွိုင့်တခုအရောက်ကျနော် လမ်းဖြတ်ကူးရန်နေမိသည်။ ကျနော်ရှေ့တွင် မျက်နာခြင်းဆိုင်တွင် လူတယောက် လမ်းဖြတ်ကူးရန် စောင့်နေပါတယ်။ သူကို ကျနော် သတိထားမိခြင်းမှာ သူလဲ နေကာမျက်မှန် တပ်ထားလျက်ပါ။ မီးပွိုင့်တွင် မီးစိမ်းသောအခါ ကျနော် ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းကာ လမ်းကို ဖြတ်ကူးလိုက်ချိန်တွင် တဖက်က နေကာမျက်မှန်နဲ့ လူကလဲ လမ်းကို ဖြတ်ကူးလာနေပါတယ်။ ထိုအခိုက်မှာပင် လမ်းအချိုးတကွေ့တနေရာမှ ကားငယ်တစီးသည် ရုတ်တရက် အရှိန်ဖြင့် ထွက်လာကာ သူ့ကို ၀င်တိုက်မိလေသည်။ ထိုသူ လွင့်စဉ်သွား၏ လူတွေ ၀ိုင်းအုံလာပါတယ်။ သူနှင့်နေကာမျက်မှန် သည်လဲ တကွဲတခြားဖြစ်သွားပါတယ်။ သူခုနက တပ်ဆင်ထားသော နေကာမျက်မှန်မှာ ကားဘီးများအောက်တွင် ကြေမွ ကွဲကြေနေပါတယ်။ သူကတော့ လမ်းမပေါ်တွင် မလှုပ်မယှက် ငြိမ်သက်နေပေသည်။ ထိုသူအနားကို ကျနော်တိုးကပ်သွားမိသည်။

"နေကာမျက်မှန်ကြီးတပ်ပြီး ဟန်လုပ်တာကိုးဗျ၊ ကားတစီးလုံးတောင် မမြင်ဘူး"ဘေးမှ ၀ိုင်းကြည့်နေသူတဦး၏ အပြစ်တင်သံတချို့ကို ကျနော် ကြားလိုက်မိသည်။ ထိုအတောအတွင်း တယောက်သောသူ၏ အော်ပြောလိုက်သောအသံကြောင့် အပြစ်တင်နေသူတာမက ကျနော့်ကိုပါ ဆွံအတွေဝေသွားစေပါတယ်။ သေသေချာချာလဲ ကြည့်ပါဦးဗျာ ဒီလူ့မျက်လုံးနှစ်လုံးဟာ မြင်ရတာမဟုတ်ဘူး၊ အစားထိုးထည့်ထားတဲ့ ကျောက်မျက်လုံးတွေဗျ တဲ့

ဝန်ခံချက်။ ။ ကျနော် ဖတ်ဖူးခဲ့သော ၀တ္တူတိုလေး တပုဒ်ပါ။ မှတ်မိသလောက် ပြန်ရေးထားပေးတာပါ။ ပုံကိုတော့ Google က ယူထားပါတယ်။

လေးစားလျက် တောင်ပေါ်သား

Blogger Template by Clairvo