Labels

အမေ

အမေ အချိန်တန်လို့ သားမပြန်လာရင်
မျှော်နေတတ်တဲ့အမေ
အခုဆို အမေ့ဆီ သားမရောက်တာ
နှစ်အတော်တောင် ကြာနေပြီပေါ့
အမေအခုထိ သားကို မျှော်နေတုန်းလား

သားသမီးတွေ လူပုံအလယ်
မျက်နှာမငယ် စိတ်မပျက်ရအောင်
အမေ့စွမ်းအား ထုတ်ကာပြလို့
လူလားမြောက်အောင် ပြုစုခဲ့တယ်
သူများနဲ့တန်းတူ အမေထားနိုင်ခဲ့တယ်

အရွယ်ငယ် နုပျိုစဉ်အချိန်က
လှပတဲ့ ရုပ်ရည်ကို ဂရုမစိုက် နေပူမိုးရွာ
ပင်ပန်းစွာ အမေရှာဖွေ ကျွေးမွေးခဲ့တယ်
အရွယ်လွန် ဒီဇရာရောက်လာတော့
ဒီငမိုက်သားတယောက် အမေ့ကို ကောင်းမွန်စွာ မပြုစုနိုင်ဘူး

အမေချက်တဲ့ ထမင်းနဲ့ဟင်း
မကြိုက်လို့ အကြိမ်ကြိမ်အခါခါ လွင့်ပစ်ဖူးပါရဲ့
အခုချိန် ဒီသားမောင် ကြိတ်မှိတ်ကာ လွေးရတယ် ကြက်နဲ့ပုဇွန်
နှစ်ပါးသွားလို့ အဝေးရောက် သားအဖြစ်ကို အမေမြင်ရင်ဖြင့်
ဂရုဏာမျက်လုံးတွေနဲ့ ကြည့်နေမှာ အမှန်ပါပဲ

တောင်ပေါ်သား

မာယာ

မျက်နှာချင်းဆိုင် လူချင်းတွေ့ရင်
အပြုံးကဝေ အချစ်တွေပြ
မသိခဲ့ရင် အချစ်ကိုများ သူတယောက်ထဲ
မက်မက်မောမော ကိုးကွယ်သူအလား
ကွယ်ရာရောက်ရင် လူမမြင်ရင်
တွဲနေလိုက်တာ တယောက်ပြီးတယောက်

သူခိုးသူဝှက် လူပုံလည်မှာ အရှက်ကွဲသလို
ဖြစ်နေမှာဖြင့် သူမတွေးမိ
မာယာကျော့ကွင်း ဆင်းသက်ခဲ့မိ
ဒီအမိုက်မှောင် မမြင်ခဲ့တော့ အလင်းပမာ
ထွန်းလင်းနေခဲ့ ဒီအာရုံထဲ ပျော်ရွှင်မူတို့
အတိပြီတဲ့ ရသာအာရုံ ခံစားနေခဲ့

အချိန်လွန်မှ သိခဲ့ရတဲ့
ဒီနောင်တရယ် ဆယ်ကာမရ
အများအမြင် အပြစ်တင်ကာ ကဲ့ရဲ့ကြတယ်
ဒါပေမဲ့လဲ ဒီလူအတွေး ဒီအချစ်က
မပြောင်းမလဲ ကျန်နေသေးတယ်
ကံဆုံရင်တော့ ပြန်ဆုံချင်သေးတပေါ့

ဘလော့

ကျနော် ဘလော့ကို လာလည်ကြတဲ့ ချစ်သော ညီအကို၊မောင်နှမတွေကို ကျနော် အနူးအညွတ်တောင်းပန်ပါတယ်။ အခုတလော ကျနော်အလုပ်လေးတွေက များနေသလိုလို(တကယ်တော့ အပျင်းကြီးနေတာ)ဖြစ်နေတာနဲ့ ကျနော် အိမ်လေးကို ပစ်ထားမိပါတယ်။ ကျနော်ကို စိတ်တွေ ညစ်နေရင် အားပေးကြတဲ့ ကျနော်ညီအကို မောင်နှမအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ အခုတလော စိတ်တွေက မကြည်ဘူးဖြစ်နေတယ်ဗျာ.. ကြားရတဲ့ သတင်းတွေကလဲ တခုမှ ကောင်းတာမပါ။ ဘယ်သူကတော့ဖြင့် ဘယ်နေ့က ရွာကို ပြန်သွားပါတယ်။ ဘယ်သူကတော့ဖြင့် အလုပ်က ပြုတ်သွားပါတယ် စတာတွေပဲ ကြားနေရတယ်။

ခုတလော ကျနော်အင်တာနက်ကလဲ မကောင်းဘူးဗျ တော်တော်ညံ့တဲ့ကျနော်ပါ။ ဦးရှင်ကြီးက ပြောတယ် ခုတလော ဘလော့တွေ မကောင်းဘူးဖြစ်နေတယ်တဲ့။ ဒါနဲ့ ကျနော်လဲ ကျနော်ဘလော့ကို ခေါ်ကြည့်တော့ အဟုတ်ဗျာ ခေါ်လို့မရဘူးဖြစ်နေလေရဲ့။ ကျနော်ထင်တာကတော့ Google က တခုခုဖြစ်နေတယ်ပေါ့။ ဒါနဲ့ ကျနော် ဒီအတိုင်းထားလိုက်တယ် နောက်နေ့ အလုပ်ရောက်တော့ ခေါ်ကြည့်လိုက်တယ် အကောင်းဗျာ.. စိတ်ထဲမှာတော့ Google ကပြင်ပြီးသွားတယ်ထင်တာပေါ့ အလုပ်ပြန် အိမ်ရောက်တော့ ခေါ်မရပြန်ဘူး ဖြစ်ပြန်ပြီး Google အစုတ်ပေါ့။ နှစ်ရက်လောက်နေတော့ သံသယ ၀င်လာတယ်။ မဟုတ်သေးပါဘူးပေါ့ အိမ်ကခေါ်ရင် မရဘူး အလုပ်ကနေတော့ ရနေတယ်ပေါ့။ ဒါနဲ့ အိမ်က သူငယ်ချင်းကွန်ပျူတာတွေနဲ့ အားလုံး ခေါ်ကြည့်တာ မရဘူးဗျာ တချို့ဆိုဒ်တွေတော့ ရတယ်။ Error ကတော့ Spyware တွေ Virus တွေ သတ်ခိုင်းနေတာ.. ဒါနဲ့ ကျနော် Cookies တွေ ဖျက်ပြီး Virus တွေစစ်တာလဲ မရဘူး။ ဒါနဲ့ မစဉ်းစားတတ်တော့ ကျနော်တို့ သုံးနေတဲ့ Router မှာများ Cache ကျန်နေလားမသိဘူးဆိုပြီး Router ကို Physical Restart လုပ်လိုက်မှ အဆင်ပြေသွားတယ်ဗျာ.. ဟီးးးးး ဒီလို ပိန်းတာဗျ တောင်ပေါ်သားလေ

ကျနော် ဘလော့မရေးဖြစ်ပေမဲ့ ဘလော့တွေတော့ လျှောက်လည်ဖြစ်ပါတယ်။ သူများမသိအောင် လျှောက်လည် စာဖတ်ရတာ ပျော်စရာကောင်းတာဗျ.. စာတွေလိုက်ဖတ်တော့ အကောင်းတွေကော အဆိုးတွေကော် အားလုံး တွေ့ရတယ်လို့ ယူဆမိပါတယ်။ဘယ်အရာမှ တနေရာမှ တည်မြဲနေမှာ မဟုတ်ပါဘူး။ အစွန်းရောက်အရေးအသားတွေ လူကျင့်ဝတ်ပျက် အရေးအသားတွေလဲ တွေ့ရပါတယ်။ တချိန်ကြရင်ဒါဟာ တိုင်းပြည်အတွက် အန္တရာယ်တခု ဖြစ်လာနိုင်ပါတယ်။ စာပေလောကကအတွက် အနှောင့်အသွားမလွှတ်တဲ့ ကိစ္စတခု ဖြစ်လာနိုင်ပါတယ်။ ကျနော် တခုတွေးနေမိတယ်။ တိုင်းပြည်တခုမှာ ဘယ်အရာဟာ အလိုအပ်ဆုံး၊ အရေးအကြီးဆုံးလဲ ဆိုတာပေါ့။ ဘယ်သူတွေ ဘာပဲပြောပြော ကျနော်ယုံကြည်တာကတော့ လူတွေရဲ့စိတ်ဓါတ်ပါပဲ။ လူတွေဟာ လူသားတယောက် လုပ်ရမဲ့၊ လုပ်သင့်လုပ်ထိုက်တာတခုကို လူသားတိုင်း လုပ်နေကြရင် တိုးတက်ကြီးပွားပြီး သူများတိုင်းပြည်မှာ ဒီလိုအလုပ်မျိုး လုပ်စရာမလိုလောက်ပါဘူး တချိန်ချိန်ပေါ့ဗျာ.........း)

လေးစားလျက် တောင်ပေါ်သား

သတင်းများ

သတင်းထူး..... သတင်းထူး....... သတင်းထူး......

မူရင်းလင့်

ပြည်ပြနိုင်ငံ အသီးသီးမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာလုပ်သားများကို ပြည်ပတွင် လုပ်ကိုင်ခဲ့သည့်လုပ်ငန်းအပေါ် မူတည်၍ နိုင်ငံတွင်း သင့်လျော်သော အလုပ်အကိုင်များ ပြန်လည် ရရှိနိုင်ရန် အလုပ်သမား ၀န်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားမူ ဦးစီဌာနသို့ ဆက်သွယ်လာပါက နည်းပညာလွှဲပြောင်းပေးမူ စနစ်မျိုးဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာတ၀န်း ရင်ဆိုင်နေရသော ငွေကြေးအကျပ်အတည်းများကြောင့် ပြည်ပနိုင်ငံအသီးသီးတွင် သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံ သားများသည် နိုင်ငံအသီးသီးမှ မိခင်နိုင်ငံသို့ ၂၀၀၈ ခုနှစ် ဒီဇင်ဘာမှ စတင်၍ ပြန်လည်ရောက်ရှိလာကြရာ ယခုအခါ အဆိုပါ လုပ်သားအရေအတွက်မှာ တသောင်း ၀န်းကျင်ခန့် ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။ ပြည်ပမှ ၀န်ထမ်းလျှော့ချ၍ ပြန်လည် ၀င်ရောက်လာသူများကို ရန်ကုန် အပြည်ပြည် လေဆိပ်အတွင်း ရန်ကုန်တိုင်းအေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီမှ တာဝန်ပေးထားသည့် အထူးအဖွဲ့မှ စာရင်းများ ကောက်ယူခဲ့ကြသည်။ ထို့ပြင် ပြန်လည်ဝင်ရောက်လာကြသူများအတွက် နိုင်ငံအတွင်း သင့်လျော်သည့် အလုပ်အကိုင်များ ရှာဖွေပေးနိုင်ရန် စာရင်းများကောက်ယူလျက် ရှိကြောင်းသိရသည်။

“အလုပ်သမားညွှန်ကြားမှုဦးစီးဌာနဲနဲ့ ညှိပြီး လေဆိပ်ကပြန်လာတဲ့ လူတွေကို နေရပ်လိပ်စာ၊ သွားရောက်အလုပ်လုပ်ကိုင်တဲ့ နိုင်ငံ၊ တတ်ကျွမ်းတဲ့ လုပ်ငန်းတွေကို စာရင်းကောက်ယူထားပါတယ်။ ပြန်လာတဲ့ လုပ်သားတွေက ပြည်တွင်းမှာ အလုပ်အကိုင် ရရှိနိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်လာရင် လိုအပ်တဲ့ ပြည်တွင်းစက်ရုံတွေမှာ ပြန်လည်အလုပ်အကိုရရှိနိုင်ဖို့ ဆောင်ရွက်ပေးပါမယ်။ ဥပမာ- နိုင်ငံခြားမှာ လျှပ်စစ်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းမှာ လုပ်ကိုင်ခဲ့ရင် ဒီပြည်တွင်းက လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံမှာ ပြန်လည်ရရှိနိုင်ဖို့ ဆောင်ရွက်တာပါ” ဟု စက်မူဇုန် ကော်မတီဝင်တဦးက ပြောကြားခဲ့သည်…

Network ဟုခေါ်ကြောင်း သိရပါသည်။

ဝန်ခံချက်။ ။ ပုံများကို Google မှ ကူးယူဖော်ပြပါသည်။

လက်ထပ်မင်္ဂလာ

သာယာချမ်းမြေ့တဲ့ ဘ၀တခုကို ပိုင်ဆိုင်ချင်သူတွေတိုင်းဟာ တချိန်ချိန်မှာတော့ ထိမ်းမြားလက်ထပ်မူကို မပြုမနေ ပြုလုပ်ကြရပါတယ်။ ဒါမှလဲ သာယာတဲ့ ဘ၀၊ ပြီးပြည့်စုံတဲ့ ဘ၀လေးကို ပိုင်ဆိုင်နိုင်မှာပါ။ အခုဆို ကျနော်တို့ရဲ့ အကိုတယောက် ဖြစ်တဲ့ ကိုနေးတစ် တယောက် လူပျိုဘ၀ကြီးကို စွန့်လို့ သာယာချမ်းမြေ့တဲ့ ဘ၀တခုကို ချစ်ဇနီးရဲ့ လက်ကို တွဲပြီး လျှောက်လှမ်းနေပါပြီ။ ပျော်ရွှင်ရပါတယ် အကိုရေ… နောင်တချိန် ကလေးတသိုက်နဲ့ ပျော်ရွှင်စရာ မိသားစုလေးကို မြင်ယောင်ပြီး ရီနေမိတယ် အကိုရေ…….

ရင်ထဲမှာ နေလို့ မရတာတော့ အမှန်ပါ။ ကျနော် တကယ့်ကို ညံ့ပါတယ်။ ကျနော်ကို တကူးတက ဖိတ်ထားခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲလေးကို အကြောင်းအမျိုးမျိုးကြောင့် ကျနော် မသွားဖြစ်ခဲ့ပါဘူး။ ကျနော် တောင်းပန်ပါတယ် ကိုနေးတစ် ရေ…….

စားကြွင်း။ ။ ဦးရှင်ကြီး , မောင်စနေ လက်မနှေးတော့နဲ့ဟ အမြန်လုပ်ထား..... နာကတော့ ကိုနေးတစ် ရဲ့နောင်မျိုးဆက်လေးပဲ စောင့်တော့မယ် အဟား

လေးစားလျက်

တောင်ပေါ်သား

Type rest of the post here

Blogger Template by Clairvo