Labels

ဆိုရိုးစကား

လူတယောက်ထံမှ အစစအရာရာ
သိမ်းပိုက်သွားနိုင်သော်လည်း
တခုကိုမူ ယူ၍မရ။
ယင်းကား၊ လူ့လွတ်လပ်ခွင့်တို့အနက်
အရင်းခံအကျဆုံးဖြစ်သည့်
'မိမိလမ်းကို မိမိရွေးချယ်ပိုင်ခွင့်' ဖြစ်ပေသည်။

[ဗစ်တာ ဖရန်ကဲလ်]

လေးစားလျက် တောင်ပေါ်သား

ဒုတိယတကြိမ် ထုတ်ဝေခြင်း

ဦးနော်တီငယ် တို့ရဲ့ Tag ပိုစ့်လေးပါ။ Tag ပိုစ့်လေးရဲ့ အဓိပ္ပါယ်ကတော့ တင်ခဲ့ပြီတဲ့ ပိုစ့်တွေထဲက အဟောင်းတခုခုကို ပြန်ဖော်ပြဖို့ ကိုယ်အနှစ်သက်ဆုံး ပိုစ့်လေးကို ဖော်ပြဖို့ပါ။ ကျနော်ရဲ့ ဘလော့လေးမှာ ကျနော် အနှစ်သက်ဆုံးပိုစ့်လေး တပိုစ့်ကို တင်ပေးလိုက်ပါတယ်။ အားလုံးနှစ်သက်မယ်လို့ ထင်ပါတယ်။

မွန်မြတ်ကြပါစို့

အရာအားလုံး ပျောက်ဆုံးသွားသူတွေအတွက်
မျှော်လင့်ချက်ကလွဲလို့
နားခိုစရာ လောကငရဲပဲ ရှိတော့တာလား …။

မုန်တိုင်းဟာ
ကမူးရှူးတိုး ဆိုးသွမ်းဖျက်စီးတတ်တဲ့ သဘာဝနဲ့
ဘာမှမကျန်အောင် ၀ါးမြိုသွားလိုက်တာ
ရင်ဘတ်ဟောင်းလောင်း အလောင်းတွေ တန်းစီနေတဲ့
ဒို့ပြည်ပဲ ကျန်ခဲ့တယ် …။

စားစရာ မရှိတော့ဘူး လူလေးရေ …
အမေက ငိုနေပေမယ့် စားမယ့် ပါးစပ်ပေါက်လေးတွေ
ပျောက်ဆုံးခဲ့ …။

နေစရာမရှိတော့ဘူး လုံမရေ …
ပုံကျခွေလဲနေတဲ့ ရေထဲက အလောင်းလေးပဲ ကျန်ခဲ့ …။
ဆေးမရှိတော့ဘူး အဘရေ …
ငြိမ်သက်နေတဲ့ အဘ ရေတွေစိုပွလို့ ဘ၀ခြားတဲ့ အလောင်းပဲ
ရေစီးကြောင်းထဲ မျောခဲ့ …။

ဒီလိုဘ၀တွေနဲ့
ကူသူမဲ့ …
ကယ်သူမဲ့ …
ဆူဝေတဲ့ သောကပင်လယ်ဟာ
ရှင်သူများကို ၀ါးမြိုစပြုနေပြီလေ …။

နတ် သိကြား ဒေ၀တာ
များစွာသော တန်ခိုးရှင်များ ခင်ဗျား
မွဲတေတဲ့ ဘ၀များ ဘာမှားခဲ့ပါသလဲ …
မိသားစု ပျောက်ဆုံးသွားသူတွေအတွက်
မျက်ရည်နဲ့ သောက၊ ငတ်မွတ်မှုနဲ့ ရောဂါဆိုး
သင်တို့ဘယ်တန်ခိုးနဲ့ ဖန်ဆင်းခဲ့ကြပါသလဲ …။

ကဲ …
ဒို့ ပြည်သူ ဒို့ ကူကြစို့
ဘာပဲဖြစ်ဖြစ် ကျန်ရစ်သူတွေအတွက်
မျှော်လင့်ချက် အနန္တနဲ့ ဘ၀ဆက်ခွင့်အတွက် …။ ။

ဒီကဗျာလေးဟာ အကိုဖိုးဇေ (ခ) အကိုမြင့်ဇေ (ခ) ပွင့်သစ်(ကရိန်ကန်) ရဲ့ ကဗျာလေးပါ။ ကျနော် အကိုဖိုးဇေ ကိုမသိ၊ မရင်းနှီးခဲ့ပါဘူး ဒါပေမဲ့ သူရဲ့ ထိမိတဲ့ကဗျာလေးတွေကို နှစ်သက်ခဲ့ပါတယ်။ သူ့ရဲ့ဘလော့လေးဟာ အခုဆို ပြုပြင်မဲ့သူမရှိ ဖြစ်နေရပါပြီ။ သူဘလော့ရဲ့ about me မှာရေးထားတာလေးကို ဖတ်လိုက်ရတိုင်း ကျနော်ရင်မှာခုထက်ထိ ခံစားနေရဆဲပါ။
အကိုဖိုးဇေ ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းရင်း

မှတ်ချက်။ ။ ပုံကို Google မှ ယူပါသည်။

အဲ့မေ့တော့မလို့ ပြန် Tag ရဦးမှာပဲ ကံထူးသူတွေက အောက်ကလူတွေ ဖြစ်ပါကြောင်း စိတ်ဆိုးနဲ့ ချစ်လို့Tag တာ အားလုံးက Tag ခံထားရတယ်ဆိုတော့ ဒီလူတွေပဲ ကျန်တော့တာကိုးဗျာ.....

၁) ကလေးလေး
၂) ကိုကြယ်စင်မင်း (ရေးပြီး)
၃) မောင်စနေသား
၎) မောင်ရဲ (ရေးပြီး)
၅) ယမကာလုလင် (ရေးပြီး)
၆) ကိုဖြိုး (ရေးပြီး)
၇) ကန္တာရမိုးစက် (ရေးပြီး)
၈) ကီကီ (ရေးပြီး)

ကိုနေးတစ် (ရေးပြီး)
ဦးရှင်ကြီးကိုတော့ Tag တော့ပါဘူး သူက ဟီးးး အလုပ်တွေ ရှုပ်နေတာကိုးဗျ

ကဲတော်ပါပြီ ဒီလောက်ပဲ စိတ်
ဆိုးကြနဲ့ ချစ်လို့ Tag တာ ဟွန့်

ကဲတော်ပါပြီ ဒီလောက်ပဲ စိတ်ဆိုးကြနဲ့ ချစ်လို့ Tag တာ ဟွန့်

လေးစားလျက် တောင်ပေါ်သား

အကြော်

ကျနော်လဲ တီဝါ တို့၊ မkom တို့လို စားစရာလေး တင်ပေးလိုက်ပါတယ်။ တောင်ပေါ်သား ဒီနေ့ စိတ်ကူးပေါက်တာနဲ့ အကြော် ကြော်စားဖြစ်ပါတယ်။ ကျနော်ရဲ့ ချစ်ညီအကို မောင်နှမများကို ဒီကနေပဲ ကျွေးတော့မယ်နော့် အဟား။ ဒီနေ့ အိမ်အပြန် လမ်းမှာ စဉ်းစားနေလာတာ တနေ့လာလဲ ကြက်၊ ပုဇွန် ဒါတွေနဲ့ စားရတာလဲ မကောင်းတော့ဘူး။ ဒီတော့ ဟိုနေ့က မြန်မာပလာဇာမှာ ၀ယ်လာတဲ့ အကြော်ကြော်တဲ့ အမုန့်လေးနဲ့ အကြော် ကြော်စားဖြစ်ပါတယ်။

ပထမဆုံး ဆူကာသီး (ရန်ကုန်အခေါ် ဂေါ်ရခါးသီး) ကို လှီးပါတယ်။ ပြီးတော့ ဘာရှိဦးမလဲ ရှာလိုက်တာ ဘူးသီး သေးသေးလေး တွေ့လို့ လှီးလိုက်ပြန်ပါတယ်။ နှစ်မျိုးထဲ မကောင်းဘူးဆိုတော့ ဘာအသီး ရှိဦးမလဲ ရှာတာ မတွေ့တာနဲ့ ကြက်သွန် နှစ်လုံးကို ပါးပါး လှီးလိုက်ပါတယ်။ ဟဲဟဲ

တကယ်တမ်း ကျနော်မြို့လေးမှာ ကျနော်အဖွားက အကြော်ရောင်းတာဗျ။ ကျနော်မြို့မှာ ကျနော် အဖွားဆိုင်နာမည်ဆို တော်တော်များများသိတယ်လေ။ ကျနော်ကတော့ ယောင်ခြောက်ဆယ်ဆိုတော့ ဘာမှ မလုပ်တတ်ပါဘူး။ ဖြစ်သလို စိတ်ထဲက ပြန်တွေးကြည့်ပြီး ရသလောက် လက်စွမ်းပြလိုက်ပါတယ်။ စားချင်နေပြီလား နေပါဦး သရေတွေ မကျနေနဲ့ဦးနော် သုတ်လိုက် သုတ်လိုက် ခုမှ ကြော်နေတုန်း

အဲနဲနဲလေးတော့ နီလာပြီ။ ရတော့မယ် ခဏလေးဗျာ စောင့်ဦးနော် ကျွေးမှာပါဗျ.. အချဉ်ရေလေးပါ လုပ်ဦးမယ်

ကဲ ရပါပြီဗျာ စားကြတော့ အချဉ်ရေလေးကတော့ ကျနော် အဒေါ်လက်ရာအတိုင်းပဲ ကောင်းမှကောင်းဗျာ... အကုန်မစားသွားနဲ့ဦးနော် ကျနော်အတွက် ချန်ထားဦး စတာ ကျနော်က ကြော်ရင်နဲ့ စားပြီးပေါ့ ဟဲဟဲ

အင်း လူပျိုတွေများမလွယ်ပါလားနော့် တခုခုစားချင်ရင် မလုပ်တတ်လုပ်တတ်နဲ့ လုပ်နေရတယ်။ ကဲစားပြီးသွားပြီလား စားပြီးရင် မီးဖိုချောင်လေးတော့ ရှင်းပေးသွားပါ့လား မောနေပြီဗျ (ကြော်ငြာဝင်ခြင်းမဟုတ်ပါ ရည်းစားမလိုပါး-) )

ကဲ လာမဲ့ တနလာင်္ ကျနော်အလုပ် ခွင့်ယူထားပါတယ် အဲ့နေချက်စားတာလဲ တင်ပေးပါဦးမယ် သရေကျအောင်ပေါ့ ဟီးးးး

မြင်မိသော အရာလေးတခု

ဒီနေ့ အလုပ်မှာ ပျင်းပျင်းရှိတာနဲ့ သတင်းများကို လိုက်မွှေ ဖတ်ဖြစ်ပါတယ်။ ဒီမှာ မြန်မာ့ကြေးမုံ နေ့စဉ်ထုတ်သတင်းစောင်ပါးကို ဖတ်ဖို့အသွား သတိထားမိတာလေး တခုတွေ့ရပါတယ်။ အမှန်ကတော့ ဒါဟာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အမှားလေးဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်တခုလုံးတော့ မှားနေတာ အဆင့်မသင့်ဘူးလို့ စာဖတ်သူ ပရိသတ်တယောက်အနေနဲ့ မြင်မိပါတယ်။ လေ့လာကြည့်ပါဦး။ အင်တာနက် သတင်းစာမျက်နှာတခုဟာ အမြဲလို Update ဖြစ်နေမှ စာဖတ်သူတယောက်အတွက် အကျိုးရှိမယ်လို့ မြင်မိပါတယ်။ အခုတလော မြန်မာပြည်မှာ အင်တာနက် လိုင်းကျနေတယ် ဆိုတဲ့သတင်းတွေတော့ ကြားနေရပါတယ်။ ဒါကြောင့်ပဲ Update မလုပ်နိုင်တာဖြစ်မယ်လို့ ဖြေတွေးလေး တွေးပေးမိပြန်ပါတယ်။

စာကြွင်း။ ။ (April Fool Day)မှာပြင်ပြီးဖြစ်ပါကြောင်း ထပ်မံတွေ့ရှိရပါတယ် ခင်ဗျာ..း) ဟီး

ဝါသနာများ

အကိုတော် မောင်မျိုး က တက်ထားလေရဲ့ ၀ါသနာများတဲ့။ ဒီတော့ ကျနော်လဲ စဉ်းစားတာ ဘာဝါသနာပါသလဲပေါ့ ဒါပေမဲ့ ခုထက်ထိ ကိုယ်ဝါသနာပါတာကို မသိသေးပါဘူး။ ဒီတော့ အကိုတော် မောင်မျိုး အတိုင်းပဲ ခေါင်းစဉ်လေးတွေ ခွဲပြီး ပြောပြသွားပါမယ် တကယ်ဝါသနာ ပါတာတွေနော့်း)

၁) ငယ်ငယ်တုန်းက ၀ါသနာ

ကျနော် ငယ်ငယ်တုန်းက ဘယ်တခုကိုမှ ၀ါသနာမပါခဲ့ပါဘူး။ ငယ်တုန်းက ကစားဖို့ပဲ သိခဲ့တာပါ။ ဒီတော့ ဘာပဲ ကစားရ ကစားရ ပျော်နေတာပါ။ အထူးတခြား ဘာကိုပဲ လုပ်မယ်ဆိုတာတော့ မရှိခဲ့ပါဘူး။ ကျနော်က မောင်နှမ နှစ်ယောက်ပဲ ရှိခဲ့တဲ့အတွက် အမကစားတဲ့ အရာတွေကလဲ ကျနော်အတွက် သိပ်အသုံးမ၀င်ခဲ့ပါဘူး။ ဒီတော့ ကျနော် ကလေးဘ၀အစက သူငယ်ချင်းတွေနဲ့ တူတူဆော့ကစားရတာကိုပဲ ပျော်ရွှင်ခဲ့တာပါ။

ကျနော် နဲနဲလေး သိတတ်ခါစ (၄-တန်း) အရွယ်လောက်ရောက်တော့ ကျနော်ဝါသနာပါတာကို သိလာခဲ့ပါတယ်။ ဒါကတော့ စွန်(လေတံခွန်) လွှတ်တာပါ။ ဒါကျနော်ရဲ့ ၀ါသနာတခုပေါ့။ ကျနော်တို့မြို့လေးမှာ စွန်လွှတ်တဲ့ ရာသီဆိုပြီး သီးသန့်ကို ရှိပါတယ်။ အဓိက နွေရာသီနဲ့ မိုးတွင်းအစလေးတွေမှာပါ။ ကျနော်က စွန်လွှတ်ရတာကို အရမ်းပျော်ပါတယ်။ ကျနော် စသိတတ်ခါစမှာ အမေက ဈေးလိုက်ခိုင်းတာ အပြန်မှာ စွန်ဝယ်ခိုင်းတာ စွန်တဒါဇင် ၀ယ်ပေးတာ အခုထိမှတ်မိနေဆဲပါ။

၈-တန်း အရွယ်ရောက်တော့ ၀ါသနာက ပိုများလာသလိုပါပဲ။ စွန်လွှတ်တာဝါသနာ ပါတာအပြင် ဘောလုံးကန်တာပါ ၀ါသနာပါလာပါတယ်။ စွန်လွှတ်တာက သူ့အချိန်နဲ့ သူလွှတ်ရတာဖြစ်လို့ အမြဲတမ်း မလွှတ်နိုင်ပါဘူး။ ဘောလုံးက တနှစ်ပတ်လုံးကန်နေရတာကိုး။ ကျနော်တို့လူငယ်တွေ စုစည်ပြီး အသင်းတွေဖွဲ့ အခြားအသင်းတွေနဲ့ ချိန်းပွဲလေးတွေ ကန်ဖြစ်ခဲ့ကြပါတယ်။ ဒီဝါသနာက အခု စင်ကာပူရောက်တာတောင် ပါလာသေးတယ် စနေ၊တနင်္ဂနွေ တရက်ရက်မှာ ဘောလုံးကန်ဖြစ်နေပါသေးတယ်။

၂) လူပျိုပေါက်စ ၀ါသနာ

ဒီအရွယ်ကတော့ အကိုတော် မောင်မျိုးနဲ့ တူနေသလိုပဲ။ လူပျိုပေါက်စအရွယ်ဆိုတော့ အလှအပလဲ ကြိုက်တတ်လာတယ်။ ကောင်မလေးချောချောမြင်ရင် ကြည့်တတ်နေပြီ။
ဒါပေမဲ့ ကျနော် လက်ဘက်ရည်ဆိုင်တွေတော့ မထိုင်တတ်ခဲ့ပါဘူး။ ဒီလိုဖြစ်အောင် ကျနော်ရဲ့ အချစ်ဆုံး အဒေါ်က သွန်သင်ပေးခဲ့ပါတယ်။ ဒီတော့ ကျနော် ၁၀ တန်းအောင်တဲ့အထိ လက်ဖက်ရည်ဆိုင်မှာဆိုတာ သိပ်မရှိခဲ့ပါဘူး။ ကျနော်ဘ၀မှာ သူဌေးဖြစ်ချင်တာရယ်တော့ မရှိခဲ့ပါဘူး။ စိတ်ထဲကတော့ မိသားစုကို ကောင်းကောင်းထားနိုင်ချင်တယ် ဖြစ်နိုင်ရင်တော့ အချမ်းသာကြီးနေချင်တာပေါ့ ဒါကတော့ လူသားတယောက်ဖြစ်တာနဲ့ အညီ လူတိုင်းမှာလဲ ဒီလိုစိတ်ဓါတ် ရှိကြမှာပါ။

၁၀-တန်းအောင်ပြီး ရန်ကုန်ရောက်မှ ဆရာဖေမြင့်ရဲ့ တက်ကျမ်းတွေ ဖတ်ပြီး ၀ါသနာက ပါလာပြန်ပါတယ်။ လူဆိုတာ လုပ်ရင်ဖြစ်နိုင်တယ် မဖြစ်နိုင်တာမရှိဘူး ဘာညာနဲ့စိတ်က အတော်ကို တွေးခေါ်တတ်ပါနေပါတယ်။ တွေးခေါ်တတ်တယ်ဆိုတာထက် စိတ်ကူးယဉ်နေတာလေးတွေပေါ့ ဘာပဲပြောပြော ဒီအရွှယ်မှာ ဒီလိုအချိန်လေးတွေ ဖတ်ပြီး စာတွေဖတ်ဖြစ်ခဲ့တာ ပညာဗဟုသုတရစေပါတယ်..။

၃) အပျင်းထူ ၀ါသနာ

အိပ်တာကို အပျင်းထူတယ်လို့ပြောရင်တော့ ကျနော်လဲ အပျင်းထူဝါသနာ တခုရှိပါတယ်။ ကျနော်က အိပ်တာကိုဝါသနာပါတယ်ဆိုတာထက် အချိန်မမှန်ပဲ စိတ်ကို အလိုလိုက်တတ်တာ ပိုများမယ်ထင်တယ်။ ကိုယ်လုပ်ချင်တာကို လုပ်နေရရင် ကျေနပ်နေတတ်တဲ့ လူတယောက်လို့လဲ ကျနော့်ကိုကျနော် ခံယူထားပါတယ်။ ဥပမာ မနက်ပိုင်းအစော အလုပ်သွားစရာရှိပေမဲ့ ကျနော်ကြိုက်တဲ့ မန်ယူဘောလုံးအသင်းလာရင် ကျနော်မအိပ်ပဲ နေတတ်ပါတယ်။ ဘောလုံးပွဲကြည့်ပြီးမှ အိပ်ပါတယ်။ တောင်ကြီးမှာနေတုန်းကတော့ အမေက မန

ဝါသနာများ

အကိုတော် မောင်မျိုး က တက်ထားလေရဲ့ ၀ါသနာများတဲ့။ ဒီတော့ ကျနော်လဲ စဉ်းစားတာ ဘာဝါသနာပါသလဲပေါ့ ဒါပေမဲ့ ခုထက်ထိ ကိုယ်ဝါသနာပါတာကို မသိသေးပါဘူး။ ဒီတော့ အကိုတော် မောင်မျိုး အတိုင်းပဲ ခေါင်းစဉ်လေးတွေ ခွဲပြီး ပြောပြသွားပါမယ် တကယ်ဝါသနာ ပါတာတွေနော့်း)

၁) ငယ်ငယ်တုန်းက ၀ါသနာ

ကျနော် ငယ်ငယ်တုန်းက ဘယ်တခုကိုမှ ၀ါသနာမပါခဲ့ပါဘူး။ ငယ်တုန်းက ကစားဖို့ပဲ သိခဲ့တာပါ။ ဒီတော့ ဘာပဲ ကစားရ ကစားရ ပျော်နေတာပါ။ အထူးတခြား ဘာကိုပဲ လုပ်မယ်ဆိုတာတော့ မရှိခဲ့ပါဘူး။ ကျနော်က မောင်နှမ နှစ်ယောက်ပဲ ရှိခဲ့တဲ့အတွက် အမကစားတဲ့ အရာတွေကလဲ ကျနော်အတွက် သိပ်အသုံးမ၀င်ခဲ့ပါဘူး။ ဒီတော့ ကျနော် ကလေးဘ၀အစက သူငယ်ချင်းတွေနဲ့ တူတူဆော့ကစားရတာကိုပဲ ပျော်ရွှင်ခဲ့တာပါ။

ကျနော် နဲနဲလေး သိတတ်ခါစ (၄-တန်း) အရွယ်လောက်ရောက်တော့ ကျနော်ဝါသနာပါတာကို သိလာခဲ့ပါတယ်။ ဒါကတော့ စွန်(လေတံခွန်) လွှတ်တာပါ။ ဒါကျနော်ရဲ့ ၀ါသနာတခုပေါ့။ ကျနော်တို့မြို့လေးမှာ စွန်လွှတ်တဲ့ ရာသီဆိုပြီး သီးသန့်ကို ရှိပါတယ်။ အဓိက နွေရာသီနဲ့ မိုးတွင်းအစလေးတွေမှာပါ။ ကျနော်က စွန်လွှတ်ရတာကို အရမ်းပျော်ပါတယ်။ ကျနော် စသိတတ်ခါစမှာ အမေက ဈေးလိုက်ခိုင်းတာ အပြန်မှာ စွန်ဝယ်ခိုင်းတာ စွန်တဒါဇင် ၀ယ်ပေးတာ အခုထိမှတ်မိနေဆဲပါ။

၈-တန်း အရွယ်ရောက်တော့ ၀ါသနာက ပိုများလာသလိုပါပဲ။ စွန်လွှတ်တာဝါသနာ ပါတာအပြင် ဘောလုံးကန်တာပါ ၀ါသနာပါလာပါတယ်။ စွန်လွှတ်တာက သူ့အချိန်နဲ့ သူလွှတ်ရတာဖြစ်လို့ အမြဲတမ်း မလွှတ်နိုင်ပါဘူး။ ဘောလုံးက တနှစ်ပတ်လုံးကန်နေရတာကိုး။ ကျနော်တို့လူငယ်တွေ စုစည်ပြီး အသင်းတွေဖွဲ့ အခြားအသင်းတွေနဲ့ ချိန်းပွဲလေးတွေ ကန်ဖြစ်ခဲ့ကြပါတယ်။ ဒီဝါသနာက အခု စင်ကာပူရောက်တာတောင် ပါလာသေးတယ် စနေ၊တနင်္ဂနွေ တရက်ရက်မှာ ဘောလုံးကန်ဖြစ်နေပါသေးတယ်။

၂) လူပျိုပေါက်စ ၀ါသနာ

ဒီအရွယ်ကတော့ အကိုတော် မောင်မျိုးနဲ့ တူနေသလိုပဲ။ လူပျိုပေါက်စအရွယ်ဆိုတော့ အလှအပလဲ ကြိုက်တတ်လာတယ်။ ကောင်မလေးချောချောမြင်ရင် ကြည့်တတ်နေပြီ။
ဒါပေမဲ့ ကျနော် လက်ဘက်ရည်ဆိုင်တွေတော့ မထိုင်တတ်ခဲ့ပါဘူး။ ဒီလိုဖြစ်အောင် ကျနော်ရဲ့ အချစ်ဆုံး အဒေါ်က သွန်သင်ပေးခဲ့ပါတယ်။ ဒီတော့ ကျနော် ၁၀ တန်းအောင်တဲ့အထိ လက်ဖက်ရည်ဆိုင်မှာဆိုတာ သိပ်မရှိခဲ့ပါဘူး။ ကျနော်ဘ၀မှာ သူဌေးဖြစ်ချင်တာရယ်တော့ မရှိခဲ့ပါဘူး။ စိတ်ထဲကတော့ မိသားစုကို ကောင်းကောင်းထားနိုင်ချင်တယ် ဖြစ်နိုင်ရင်တော့ အချမ်းသာကြီးနေချင်တာပေါ့ ဒါကတော့ လူသားတယောက်ဖြစ်တာနဲ့ အညီ လူတိုင်းမှာလဲ ဒီလိုစိတ်ဓါတ် ရှိကြမှာပါ။

၁၀-တန်းအောင်ပြီး ရန်ကုန်ရောက်မှ ဆရာဖေမြင့်ရဲ့ တက်ကျမ်းတွေ ဖတ်ပြီး ၀ါသနာက ပါလာပြန်ပါတယ်။ လူဆိုတာ လုပ်ရင်ဖြစ်နိုင်တယ် မဖြစ်နိုင်တာမရှိဘူး ဘာညာနဲ့စိတ်က အတော်ကို တွေးခေါ်တတ်ပါနေပါတယ်။ တွေးခေါ်တတ်တယ်ဆိုတာထက် စိတ်ကူးယဉ်နေတာလေးတွေပေါ့ ဘာပဲပြောပြော ဒီအရွှယ်မှာ ဒီလိုအချိန်လေးတွေ ဖတ်ပြီး စာတွေဖတ်ဖြစ်ခဲ့တာ ပညာဗဟုသုတရစေပါတယ်..။

၃) အပျင်းထူ ၀ါသနာ

အိပ်တာကို အပျင်းထူတယ်လို့ပြောရင်တော့ ကျနော်လဲ အပျင်းထူဝါသနာ တခုရှိပါတယ်။ ကျနော်က အိပ်တာကိုဝါသနာပါတယ်ဆိုတာထက် အချိန်မမှန်ပဲ စိတ်ကို အလိုလိုက်တတ်တာ ပိုများမယ်ထင်တယ်။ ကိုယ်လုပ်ချင်တာကို လုပ်နေရရင် ကျေနပ်နေတတ်တဲ့ လူတယောက်လို့လဲ ကျနော့်ကိုကျနော် ခံယူထားပါတယ်။ ဥပမာ မနက်ပိုင်းအစော အလုပ်သွားစရာရှိပေမဲ့ ကျနော်ကြိုက်တဲ့ မန်ယူဘောလုံးအသင်းလာရင် ကျနော်မအိပ်ပဲ နေတတ်ပါတယ်။ ဘောလုံးပွဲကြည့်ပြီးမှ အိပ်ပါတယ်။ တောင်ကြီးမှာနေတုန်းကတော့ အမေက မနက် နိုးမှထတတ်ပါတယ်။ မနိုးမချင်း အိပ်တာပါ။ အဲ့လို အပျင်းကြီးတာပါ..

အခု စင်ကာပူရောက်တော့ တယောက်ထဲနေရတဲ့လူအဖို့ နဲနဲတော့ ဂရုစိုက်တတ်လာပါတယ်။ ဒါတောင်မှ အပျင်းက ကြီးနေပါသေးတယ်။ အိပ်ရာဘေးမှ နိုးစက် ၂လုံးနဲ့ ထားအိပ်တတ်ပါတယ်။ စနေ၊တနင်္ဂနွေကျရင်တော့ ကျနော် နေ့လယ် ၁၂နာရီ ရီလောက်မှ ထတတ်ပါတယ်။ များသောအားဖြင့် သောကြာ၊စနေညတွေဆို အိပ်လေ့မရှိပါဘူး ပြီးရင် မနက်ကျမထနိုင်ပဲ နေ့လယ် ၂နာရီ ၃နာရီမှ ထတတ်ပါတယ်။ အဲလို အပျင်းကြီးတာလဲ ၀ါသနာပါ ပါတယ်။

၎) လက်တလောဝါသနာ

အခုတလော လက်တလောဝါသနာဆိုတာကတော့ ရှိဘူးထင်တယ်။ တနေ့တနေ့ မနက်စော အိပ်ရာထ အလုပ်သွား ညပိုင်းမှ အလုပ်ပြန်ရောက်တတ်တဲ့ ကျနော်အဖို့ စက်ရုပ်တရုပ်ပမာပါပဲ။ ဘလော့လေးတွေကိုတော့ လျှောက်လည်ဖြစ်ပါတယ်။ ဒါပေမဲ့ ဘလော့ရေးဖို့ကတော့ စိတ်တွေ ညစ်နေပါတယ်။ အခု အဖြစ်ချင်ဆုံးဝါသနာဆိုတာထက် ဆန္ဒကိုပြောပါဆိုရင်တော့ လူပီသချင်ပါတယ်။ လူသားတယောက် လုပ်ရမဲ့ ၊ လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေကို လုပ်ချင်ပါတယ်။

ဒီတခေါက်တော့ ကျနော်ရဲ့ မွေးရပ်ညီအကို မောင်နှမများကို Tag လိုက်ပါဦးမယ်။ ကံထူးသူများစာရင်း.....

၁) ဦးရှင်ကြီး
၂) ကိုကြယ်စင်မင်း(ရေးပြီးကြောင်း)
၃) မောင်စနေသား
၎) မောင်ရဲ(ရေးပြီးကြောင်း)
၅) ယမကာလုလင်(ရေးပြီးကြောင်း)
၆) ကိုဖြိုး (ရေးပြီးသားဖြစ်ကြောင်း)(ကျနော်ရဲ့မစဉ်းချင်မူကြောင့် Tag မိပါတယ်။ တောင်းပန်ပါတယ် အကိုဖြိုးရေ)
၇) ကန္တာရမိုးစက်(ရေးပြီးကြောင်း)
၈) ကီကီ(ရေးပြီးကြောင်း)

ကိုနေးတစ်ကိုတော့ Tag တော့ပါဘူး သူက ဟီးးး အလုပ်တွေ ရှုပ်နေတာကိုးဗျ
ကဲတော်ပါပြီ ဒီလောက်ပဲ နောက်တခါ ကျနော်ကိုလာ Tag ရင် ကျနော် အားလုံးကို ပြန် Tag မှာ အဟီး

လေးစားလျက် တောင်ပေါ်သား

Blogger Template by Clairvo