Labels

စိတ်ကူးယဉ် အိပ်မက်

ဒီအခန်းထဲကို ၀င်လိုက်တာနဲ့ပဲ ပျော်ရွှင်ခြင်းတွေ ပြည့်စုံသွားပါတယ်။ လူ့ဘ၀မှာ လိုအပ်သော ရင်ခုန်မူ၊ ပျော်ရွှင်မူတို့ကို ဒီအခန်းလေးထဲတွင် ခံစားရ၊ ထိတွေ့ရပါသည်။ ဟိုအခန်းထဲက လူတွေအများကြီး သူတို့မျက်နာတွေအားလုံးကို လိုက်ကြည့်မိသည်။ ပျော်ရွှင်ကြည်နူးနေသည့် လူတွေ။ သူတို့၏မျက်နှာတွင် စိုးရိမ်ခြင်း၊ မကျေနပ်ခြင်းများ စိုးစေ့မျှ မရှိပေ… မျက်နှာတွင် ပီတိအပြုံးတွေနဲ့ပြည့်နေပေသည်။ အခန်းထဲတွင်သာမဟုတ် အပြင်ဘက် ခြံဝင်းအတွင်းကြည့်လိုက်လျှင် ထီးကလေးများနှင့် နေပူအောက်မှာ ရပ်သည့်လူက ရပ်နေသည်။ ငုတ်တုတ်ထိုင်သည့်လူက ထိုင်နေသည်။ ရေမော့သောက်နေသူက သောက်နေပေသည်။ သူတို့၏ နှလုံးသားက တောင်းဆိုချက်အရ အလုပ်ချင်ဆုံး အလုပ်တခုကို သူတို့ကျေနပ်စွာ လုပ်နေခြင်းဖြစ်ပေသည်။

မှန်သည် ကျနော်ရောက်နေသည်ကာ ရုံးတရုံးတွင်ဖြစ်သည်။ ကျနော်တို့လို မြန်မာလူမျိုး အလုပ်သမားတိုင်း ဒီနေရာကို မသွားမဖြစ်သွားကြရပေသည်။ အကြောင်းကား မိမိချစ်သော တိုင်းပြည်အတွက် ကျေပွန်စွာ ထမ်းဆောင်ရမည်ဟုသော စိတ်နှလုံးကိုမူသော ၀န်ထမ်းကောင်းများ၏ ကောင်းမူကြောင့် ကျနော်တို့သည်လဲ ဒီတာဝန်ကို တဖက်တလမ်းကနေ ထမ်းဆောင်ရပေဦးမည်။ ဘ၀ပေး တာဝန်ပင်ဖြစ်ပေသည်။ ငြင်းပယ်ပိုင်ခွင့်မရှိပေ။ ဘယ်သူမှလဲ ချစ်သောတိုင်းပြည်အတွက် ငြင်းရိုးထုံးစံ မရှိပေ ကြားလဲ မကြားဖူးခဲ့ပေ။ ၀န်ထမ်းကောင်းတို့မည်သည် ဘက်မလိုက်တတ်ပေ။ ထို့အတူ ဒီအန်တီကြီးသည်လဲ ဘက်မလိုက်တတ်ပေ။ အားလုံးကို တန်းတူ ဆက်ဆံတတ်ပေသည်။ ၀မ်းသာလှပေသည်။

S-Pass ဆို ပုံမှန် ၈၀ (စင်ကာပူဒေါ်လာ) ဖြစ်ပေသည်။ အားလုံးကို တန်းတူမျှတစွာ အန်တီကြီးက ဆောင်စေသည်။ တကယ်တမ်း ပေးဆောင်ရမည့် အခွန်မှာ လစာငွေ၏ ၁၀ ရာခိုင်နှုန်း ဖြစ်ပေသည်။ တချို့လူများက အန်တီကြီးကို အသနားခံစာတင်လေသည်။ ကျနော်တို့ ရသည့်လစာမှာ ၈၀၀ ကျော်သဖြင့် ၈၀ ထက် ပိုပေးလို့ရသလား ဟုမေးနေကြပေသည်။ ဒါပေမဲ့ အန်တီကြီးသည် ဘက်မလိုက် အာဂတိမလိုက်စားသူ ဖြစ်သည့်အလျှောက် ၈၀ ထက်ကျော်ပေးမူကို လက်မခံပေ။ အန်တီကြီးနည်းတူ သဘောကောင်းသော အကိုများလည်း ရှိနေပေသေးသည်။ ထိုအကိုကြီး၏ သဘောကောင်းပုံများကတော့ မပြောပြချင်အောင် ကောင်းသည်။ ကျနော်တို့များ နေရာမှားရောက်နေသလား မှတ်ရသည်။ သူကပဲ ကျနော်တို့ကို လုပ်ကျွေးနေသည်ဟု ခံစားမိအောင်ကို ပြောတတ်ပေသည်။ ၀မ်းသာလှပေသည်။ အော်ဟောက်ခြင်း အလျင်မရှိ.. ချိုသာသော ၊ ပျော့ပြောင်းသော စကားသံတို့နှင့် ကြိုဆိုတတ်ပေသည်။

တီ….တီ……တီ………….
တီ…. တီ…. တီ……….

အိပ်ရာထက်မှာ အမြန်ထကာ နိုးစက်နာရီကို လှမ်းပိတ်လိုက်သည်။ အော် ခုနက အိပ်မက်ကြီးပါ့လား…. တကယ်များလားလို့ သေချာသည် ဟိုနေ့က ကျနော် အခွန်ဆောင်ရန် ပတ်စပိုစ့် သက်တမ်းတိုးရန် လိုအပ်သဖြင့် စိတ်ကစွဲပြီး ကျနော် အိပ်မက်မက်နေခြင်း ဖြစ်ပေမည်။ ကျနော်အိပ်မက်လေးထဲက အကြောင်းအရာလေးကို သေချာပြန်စဉ်းစားနေမိသည်။ ထို့နောက် ကျနော် ဆုံးဖြတ်ချက်တခုချကာ သူငယ်ချင်းတယောက်ကို ဖုန်းကောက်ဆက်လိုက်သည်။

ဟေ့ကောင် မင်း အခွန်ဆောင် သက်တမ်းတိုးတွေ လုပ်ပေးတဲ့ အေဂျင့် ဖုန်းနံပါတ် သိရင် ငါ့ကို ပေးပါ။ ငါ အခွန်ဆောင် သက်တမ်းတိုးချင်လို့…...

လေးစားလျက် တောင်ပေါ်သား

သက်တန့်

ပြတင်းပေါက်မှတဆင့် ဟိုအဝေးတနေရာသို့ ကိုသားငယ် စိုက်ကြည့်နေသည်။ ဟိုအဝေးတနေရာဆီမှာ ထွက်ပေါ်နေတဲ့ သက်တန့်လေးကို မျက်တောင်မခတ် စိုက်ကြည့်နေသော ကိုသားငယ်ကို ကျနော်ငေးကြည့်နေမိသည်။ ထို့နောက် ကိုသားငယ်နှင့်အတူ ကျနော်၏ မျက်လုံးအစုံပါ အရောင်မျိုးစုံနှင့် တောက်ပနေသော သက်တန့်လေးဆီ ကိုငေးကြည့်နေမိသည်။ ကျနော်တို့အကြည့်တွေကို သေးမြောင်သော ပြတင်းပေါက်လေးကတဆင့် ကျယ်ဝန်းပြီး လှပသော သက်တန့်လေးကို ငေးနေမိသည်။ ထိုအတူ ကျနော်၏ အမြင်အာရုံမှာ အတိတ်ဆီသို့ နာရီလက်တံအလား တရွှေ့ရွှေ့ နောက်ပြန်သွားနေမိတော့သည်။

ကျနော်နဲ့ ကိုသားငယ်သည် ငယ်စဉ်ကတည်းက ခင်မင်ခဲ့သော ငယ်သူငယ်ချင်းများဖြစ်သည်။ ဒါပေမဲ့ ဘ၀ပေးအခြေအနေကြောင့် ကျနော်တို့ရပ်တည်ခဲ့ရသည့် ဘ၀က မတူညီခဲ့ပေ။ ကိုသားငယ်သည် ကျနော်နှင့်နှိုင်းယှဉ်လျှင် အဖက်ဖက်အရာရာက သာလွန်ပေသည်။ ပြောရမည်ဆိုလျှင် ပိုက်ဆံအလွန်ချမ်းသာသော မိသားစုမှ ပေါက်ဖွားလာသော သူတယောက်မဟုတ်ခဲ့ပေမဲ့ အတော်အသင့် ချမ်းသာသော မိသားစုမှ ဆင်းသက်လာခဲ့သူ ဖြစ်ပေသည်။ တကယ်တော့ ကိုသားငယ်သည် ကျနော်တို့ မြို့ဇာတိဖွားမဟုတ်ပေ။ မှတ်မှတ်ရရ ကျနော် ၃ တန်းလောက်အရွယ်မှ သူတို့မိသားစု ကျနော်တို့ မြို့လေးကို ပြောင်းလာခဲ့ခြင်းဖြစ်ပေသည်။ ကျနော်နှင့် ကိုသားငယ်သည် ၃ တန်းမှ စ၍ အထက်တန်းပြီးဆုံးသည့် အထိ အတူတူစား အတူတူနေခဲ့ကြသည့် သူငယ်ချင်းများဖြစ်ခဲ့ကြပါသည်။

ကျနော်နှင့်ကိုသားငယ် ငယ်စဉ်က ဒီလို သက်တန့်လေးတွေကို မြင်တိုင်း တူညီသော ခံစားချက်တခုရှိပါသည်။ ထိုအရာမှာ ဒီသက်တန့်ကြီးဘာကြောင့် ပေါ်လာရပါသလဲဆိုတာကို ပြိုင်တူစဉ်းစား ငြင်းခုန်ကြခြင်းပင်ဖြစ်ပေသည်။ ရေခိုးရေငွေ့တွေ အပူအအေးကြောင့် ပြောင်းလဲပြီး သက်တန့်ဖြစ်ပေါ်လာသည်ကို ကျနော်တို့ မသိခဲ့ချေ။ ရပ်ကွက်ထဲက လူကြီးများက အရူးဟု သတ်မှတ်ထားသော ကိုဖိုးဝ ကြီးပြောပြသည်ကတော့ ဒီသက်တန့်ရဲ့ အစွန်းနှစ်ဖက်မှာ တန်ဖိုးကြီးမားတဲ့ ရွှေ၊ငွေ၊ ကျောက်သံပတ္တားမြားတွေ ရှိသည်ဟု ဆို၏။ မင်းတို့ ဒီသက်တန့်ရဲ့ အရောင်တွေ မပျောက်ခင် အစွန်းတဖက်ကို အရောက်သွားနိုင်လျှင် မင်းတို့လိုချင်တဲ့ ရွှေ၊ငွေတွေ ရလိမ့်မည်ဟု ပြောပြဖူးသည်။ထိုကြောင့် ကျနော်တို့ နှစ်ယောက် သက်တန့်ရောင်မြင်တိုင်း သက်တန့်၏ အစွန်းတဖက်နောက်သို့ ပြေးလိုက်ခဲ့ကြသည်မှာလဲ အကြိမ်ကြိမ် အခါခါ…. မိုးချုပ်ညအမှောင်ရောက်တော့ သဘာဝအရ သက်တန့်ရဲ့ အလင်းတွေပျောက်သွားတော့ ကျနော်တို့ ငိုကြွေးခဲ့သည်မှာလဲ မရေမတွက်နိုင်ခဲ့ပေ.. သက်တန့်နောက် လိုက်ရင်း လမ်းပျောက်ခဲ့သည်မှာလဲ အကြိမ်ကြိမ် အခါခါ…………….

ကျနော်တို့ အလယ်တန်းကျောင်းသားဘ၀ကို ကျော်လွန်လာတော့ လူသားသဘာဝ အရာရာ ပြောင်းလဲခဲ့ပြန်သည်။ ကျနော်တို့ အရင်လို သက်တန့်ရောင်စဉ်ရဲ့ တဖက်စွန်းမှာ ရွှေ၊ငွေတွေ မရှိမှန်းလဲ သိလာခဲ့ရသည်။ ဒါပေမဲ့ ကျနော်တို့ အတွေးတွေကတော့ သက်တန့်ရောင်စဉ်တခုလို အရောင်မျိုးစုံနဲ့ တောက်ပဆဲ၊ လှပဆဲ ဖြစ်ပေသည်။ ကိုသားငယ် ပြောဖူးသည်တခုကို ကျနော် သတိရမိသည်။ သူအထက်တန်းအောင်လျှင် ပညာတတ် ၀န်ထမ်းကောင်းတယောက် လုပ်မည်တဲ့။ ဒါကလဲ သက်တန့်တခုလို သူရဲ့ မျှော်မှန်းချက်တခုပင်.... ဒါပေမဲ့ သူရဲ့ မျှော်လင့်ချက်တွေသည်လဲ သက်တန့်တခုလို အချိန်တန်တော့ အရောင်တွေ မျောလွှင့် ကွယ်ပျောက်ခဲ့ရမှန်း သူသိခဲ့ရပေမည်။ ကျနော်တွေးနေရင်း ကိုသားငယ်ကို ငေးကြည့်နေမိသည်။ သူ၏ မျက်နှာသည် အရင်လို ပြည့်ပြည့်ဖြိုးဖြိုးမရှိသော ဘ၀ရ

သက်တန့်

ပြတင်းပေါက်မှတဆင့် ဟိုအဝေးတနေရာသို့ ကိုသားငယ် စိုက်ကြည့်နေသည်။ ဟိုအဝေးတနေရာဆီမှာ ထွက်ပေါ်နေတဲ့ သက်တန့်လေးကို မျက်တောင်မခတ် စိုက်ကြည့်နေသော ကိုသားငယ်ကို ကျနော်ငေးကြည့်နေမိသည်။ ထို့နောက် ကိုသားငယ်နှင့်အတူ ကျနော်၏ မျက်လုံးအစုံပါ အရောင်မျိုးစုံနှင့် တောက်ပနေသော သက်တန့်လေးဆီ ကိုငေးကြည့်နေမိသည်။ ကျနော်တို့အကြည့်တွေကို သေးမြောင်သော ပြတင်းပေါက်လေးကတဆင့် ကျယ်ဝန်းပြီး လှပသော သက်တန့်လေးကို ငေးနေမိသည်။ ထိုအတူ ကျနော်၏ အမြင်အာရုံမှာ အတိတ်ဆီသို့ နာရီလက်တံအလား တရွှေ့ရွှေ့ နောက်ပြန်သွားနေမိတော့သည်။

ကျနော်နဲ့ ကိုသားငယ်သည် ငယ်စဉ်ကတည်းက ခင်မင်ခဲ့သော ငယ်သူငယ်ချင်းများဖြစ်သည်။ ဒါပေမဲ့ ဘ၀ပေးအခြေအနေကြောင့် ကျနော်တို့ရပ်တည်ခဲ့ရသည့် ဘ၀က မတူညီခဲ့ပေ။ ကိုသားငယ်သည် ကျနော်နှင့်နှိုင်းယှဉ်လျှင် အဖက်ဖက်အရာရာက သာလွန်ပေသည်။ ပြောရမည်ဆိုလျှင် ပိုက်ဆံအလွန်ချမ်းသာသော မိသားစုမှ ပေါက်ဖွားလာသော သူတယောက်မဟုတ်ခဲ့ပေမဲ့ အတော်အသင့် ချမ်းသာသော မိသားစုမှ ဆင်းသက်လာခဲ့သူ ဖြစ်ပေသည်။ တကယ်တော့ ကိုသားငယ်သည် ကျနော်တို့ မြို့ဇာတိဖွားမဟုတ်ပေ။ မှတ်မှတ်ရရ ကျနော် ၃ တန်းလောက်အရွယ်မှ သူတို့မိသားစု ကျနော်တို့ မြို့လေးကို ပြောင်းလာခဲ့ခြင်းဖြစ်ပေသည်။ ကျနော်နှင့် ကိုသားငယ်သည် ၃ တန်းမှ စ၍ အထက်တန်းပြီးဆုံးသည့် အထိ အတူတူစား အတူတူနေခဲ့ကြသည့် သူငယ်ချင်းများဖြစ်ခဲ့ကြပါသည်။

ကျနော်နှင့်ကိုသားငယ် ငယ်စဉ်က ဒီလို သက်တန့်လေးတွေကို မြင်တိုင်း တူညီသော ခံစားချက်တခုရှိပါသည်။ ထိုအရာမှာ ဒီသက်တန့်ကြီးဘာကြောင့် ပေါ်လာရပါသလဲဆိုတာကို ပြိုင်တူစဉ်းစား ငြင်းခုန်ကြခြင်းပင်ဖြစ်ပေသည်။ ရေခိုးရေငွေ့တွေ အပူအအေးကြောင့် ပြောင်းလဲပြီး သက်တန့်ဖြစ်ပေါ်လာသည်ကို ကျနော်တို့ မသိခဲ့ချေ။ ရပ်ကွက်ထဲက လူကြီးများက အရူးဟု သတ်မှတ်ထားသော ကိုဖိုးဝ ကြီးပြောပြသည်ကတော့ ဒီသက်တန့်ရဲ့ အစွန်းနှစ်ဖက်မှာ တန်ဖိုးကြီးမားတဲ့ ရွှေ၊ငွေ၊ ကျောက်သံပတ္တားမြားတွေ ရှိသည်ဟု ဆို၏။ မင်းတို့ ဒီသက်တန့်ရဲ့ အရောင်တွေ မပျောက်ခင် အစွန်းတဖက်ကို အရောက်သွားနိုင်လျှင် မင်းတို့လိုချင်တဲ့ ရွှေ၊ငွေတွေ ရလိမ့်မည်ဟု ပြောပြဖူးသည်။ထိုကြောင့် ကျနော်တို့ နှစ်ယောက် သက်တန့်ရောင်မြင်တိုင်း သက်တန့်၏ အစွန်းတဖက်နောက်သို့ ပြေးလိုက်ခဲ့ကြသည်မှာလဲ အကြိမ်ကြိမ် အခါခါ…. မိုးချုပ်ညအမှောင်ရောက်တော့ သဘာဝအရ သက်တန့်ရဲ့ အလင်းတွေပျောက်သွားတော့ ကျနော်တို့ ငိုကြွေးခဲ့သည်မှာလဲ မရေမတွက်နိုင်ခဲ့ပေ.. သက်တန့်နောက် လိုက်ရင်း လမ်းပျောက်ခဲ့သည်မှာလဲ အကြိမ်ကြိမ် အခါခါ…………….

ကျနော်တို့ အလယ်တန်းကျောင်းသားဘ၀ကို ကျော်လွန်လာတော့ လူသားသဘာဝ အရာရာ ပြောင်းလဲခဲ့ပြန်သည်။ ကျနော်တို့ အရင်လို သက်တန့်ရောင်စဉ်ရဲ့ တဖက်စွန်းမှာ ရွှေ၊ငွေတွေ မရှိမှန်းလဲ သိလာခဲ့ရသည်။ ဒါပေမဲ့ ကျနော်တို့ အတွေးတွေကတော့ သက်တန့်ရောင်စဉ်တခုလို အရောင်မျိုးစုံနဲ့ တောက်ပဆဲ၊ လှပဆဲ ဖြစ်ပေသည်။ ကိုသားငယ် ပြောဖူးသည်တခုကို ကျနော် သတိရမိသည်။ သူအထက်တန်းအောင်လျှင် ပညာတတ် ၀န်ထမ်းကောင်းတယောက် လုပ်မည်တဲ့။ ဒါကလဲ သက်တန့်တခုလို သူရဲ့ မျှော်မှန်းချက်တခုပင်.... ဒါပေမဲ့ သူရဲ့ မျှော်လင့်ချက်တွေသည်လဲ သက်တန့်တခုလို အချိန်တန်တော့ အရောင်တွေ မျောလွှင့် ကွယ်ပျောက်ခဲ့ရမှန်း သူသိခဲ့ရပေမည်။ ကျနော်တွေးနေရင်း ကိုသားငယ်ကို ငေးကြည့်နေမိသည်။ သူ၏ မျက်နှာသည် အရင်လို ပြည့်ပြည့်ဖြိုးဖြိုးမရှိသော ဘ၀ရဲ့ ရိုက်ချက်များကို ခံထားရသော ပိန်းလှီနေသော မျက်နှာလေးအသွင်သို့ ကူးပြောင်းနေပေသည်။ သူသည် စကားလဲများစွာ မပြောနိုင်၊ မောပန်းနွမ်းလျနေပေသည်။ ဒါပေမဲ့ သူဘာကိုဆိုလိုချင်သည်ကို ကျနော်သဘောပေါက်ပါသည်။ ကျနော်ကိုသားငယ်ကို ကြည့်ပြီး ပြတင်းပေါက်ပိတ်ပေးရမလားဟု ကျနော် မေးလိုက်မိသည်... တိုးလျသော အသံဖြင့်ကိုသားငယ် ကျနော်ကို ပြန်ပြောသံကို ကျနော်ကြားလိုက်ရသည်.. မပိတ်ပါနဲ့ဗျာ... ကျနော်ဒီသက်တန့်လေး ပျောက်ကွယ်သွားတဲ့အထိ ကျနော်ကြည့်နေချင်လို့ပါဗျာ.....

ကျနော်တို့ ဆယ်တန်းအောင်မြင်တော့ ကိုသားငယ်သည် သူ၏မိဘများသဘောဆန္ဒအရ မြို့ပြတို့ပြောင်းကာ ကျောင်းတက်ခဲ့သည်။ ဒီတွင်ကျနော်နှင့် ကိုသားငယ် တွေ့ဆုံမူတို့သည် တဖြည်းဖြည်းနှင့် အလှမ်းဝေးလာခဲ့သည်။ ဒါပေမဲ့ သူ၏သတင်းများကိုကား ကျနော်အစဉ်ကြားနေဆဲဖြစ်သည်။ သူသည် တက္ကသိုလ်ကျောင်းသားဘ၀တွင် သူထက်အသက်အရွယ်ကြီးသော မြို့သူတယောက်နှင့် ခိုးရာလိုက်ပြေးလေသည်။ သူ၏မိဘများသည်လဲ သူ့ကို အမွေပြတ် စွန့်လွတ်လိုက်ကြပေသည်။ သူ၏ မျှော်လင့်ချက်ဖြစ်သော ၀န်ထမ်းကောင်းတယောက် ဖြစ်ရမည်ဟူသော မျှော်လင့်ချက်တို့သည်လဲ သက်တန့်ရောင်စဉ်လေးတခုလို ကွယ်ပျောက်သွားခဲ့ပေသည်။ ထိုအတူ သူမျှော်လင့်သော စီးပွါးရေးလုပ်ငန်းရှင်တယောက်လဲ ဖြစ်မလာနိုင်ခဲ့ပေ။ သူ၏ဇနီး၊ ယောက္ခမတို့က အရာရာကို ထိန်းချုပ်ထားကာ သူသည်လဲ ယောက္ခမနောက်လိုက်တယောက်အဖြစ်သာ အချိန်တွေ ကုန်လွန်ခဲ့ပေသည်။

နှစ်လတွေ ကြာလာသည်နှင့်အမျှ ကိုသားငယ်၏ သတင်းသည်ကား ဆိုးသထက်ဆိုးရွားလာသည်။ သူသည် အရက်ကို အလွန်အကျွန်သောက်သုံးတတ်လာသည်။ အမျိုးသမီးများနှင့် ပျော်ပါးမူများရှိလာခဲ့သည်။ ထိုအတောအတွင်း သူတို့အိမ်ထောင်ရေးတွင် အဖုအထစ်များ လဲရှိလာခဲ့သည်။ သားသမီးများကလဲ သူ့ကို အလေးမထားတော့ပေ။ သူ၏ ဇနီးသည်လဲ လူကြီးရောဂါဖြင့်ကွယ်လွန်ခဲ့ပေသည်.. ဒါပေမဲ့ သူကားမူ ထိုအချိန်ထိ ယောက္ခမ၏ နောက်လိုက်တယောက်အဖြစ်မှ မရုန်းထွက်နိုင်ခဲ့ပေ... သူတွင်လဲ ရောဂါမျိုးစုံ ၀င်ရောက်လာခဲ့ပေသည်။ ငယ်စဉ်က ဆိုးမိုက်ခဲ့သော ၊ပေတေခဲ့သောအရာတို့သည် ယခုအချိန်တွင်မူ လူတယောက်ဖြစ်သည်ဟု နာမည်ခေါ်တွင်ရုံတခုမှ လွဲ၍ ဘယ်အရာမှ လူနှင့်တူသည်ဟူ၍ မရှိတော့လောက်အောင် ပျက်ဆီးနေပေသည်....

တဖြည်းဖြည်းနှင့် အလင်းရောင်တို့သည် ပျောက်ကွယ်၍ ည၏အသွင်အပြင်ကို ကူးပြောင်းလာနေသည်။ အပြင်မှာ လေနုအေးအေးများက ပြတင်းတံခါးဆီမှ ကျနော်ကိုယ်ကို လာတိုက်ခတ်လေသည် အေးမြသော အထိအတွေ့ကြောင့် ကျနော်အတွေးတွေကို ရပ်ပြီး ပြတင်းတံခါးပေါက်ကို ပိတ်ရန်ထသွားလိုက်သည်။ ပြတင်းတံခါးအပြင်ဘက်တွင်လဲ ကျနော်တို့ ငေးကြည့်နေသော သက်တန့်လေးသည်လဲ ကွယ်ပျောက်လုလု ဖြစ်နေပေသည်။ ကျနော် ပြတင်းတံခါးကို ပိတ်ပြီး ကိုသားငယ်ဆီကို လှမ်းလျှောက်၍ စကားပြောရန် ပြင်လိုက်သော်ခဏတာလေးဝယ် ကိုသားငယ်၏ အသက်ဝိညဉ်သည် မရှိတော့ရှာပေ... သူသည် သူချစ်သော သက်တန့်လေးတခုလို အရောင်မျိုးစုံနှင့် တောက်ပခဲ့ပြီး အချိန်တန်တော့ သက်တန့်တခုလို ပျောက်ကွယ်သွားခဲ့လေပြီ။ ကျနော်တို့လူသားများသည်လဲ တနေ့နေ့တချိန်ချိန်တွင် သက်တန့်တခုလို တောက်ပပြီး ပျောက်ကွယ်သွားကြရဦးမည်သာ ဖြစ်ပေသည်.....

မှတ်ချက်။ ။ ပုံကို Google ကနေယူထားပါသည်။ ကျနော်ဖတ်မိသော စာလေးများကို ပြန်လည် စိတ်ကူးသီကုံးထားခြင်းသာဖြစ်ပါသည်။

လေးစားလျက် တောင်ပေါ်သား

ဆိုရိုးစကား

လူတယောက်ထံမှ အစစအရာရာ
သိမ်းပိုက်သွားနိုင်သော်လည်း
တခုကိုမူ ယူ၍မရ။
ယင်းကား၊ လူ့လွတ်လပ်ခွင့်တို့အနက်
အရင်းခံအကျဆုံးဖြစ်သည့်
'မိမိလမ်းကို မိမိရွေးချယ်ပိုင်ခွင့်' ဖြစ်ပေသည်။

[ဗစ်တာ ဖရန်ကဲလ်]

ဒုတိယတကြိမ် ထုတ်ဝေခြင်း

ဦးနော်တီငယ် တို့ရဲ့ Tag ပိုစ့်လေးပါ။ Tag ပိုစ့်လေးရဲ့ အဓိပ္ပါယ်ကတော့ တင်ခဲ့ပြီတဲ့ ပိုစ့်တွေထဲက အဟောင်းတခုခုကို ပြန်ဖော်ပြဖို့ ကိုယ်အနှစ်သက်ဆုံး ပိုစ့်လေးကို ဖော်ပြဖို့ပါ။ ကျနော်ရဲ့ ဘလော့လေးမှာ ကျနော် အနှစ်သက်ဆုံးပိုစ့်လေး တပိုစ့်ကို တင်ပေးလိုက်ပါတယ်။ အားလုံးနှစ်သက်မယ်လို့ ထင်ပါတယ်။

မွန်မြတ်ကြပါစို့

အရာအားလုံး ပျောက်ဆုံးသွားသူတွေအတွက်
မျှော်လင့်ချက်ကလွဲလို့
နားခိုစရာ လောကငရဲပဲ ရှိတော့တာလား …။

မုန်တိုင်းဟာ
ကမူးရှူးတိုး ဆိုးသွမ်းဖျက်စီးတတ်တဲ့ သဘာဝနဲ့
ဘာမှမကျန်အောင် ၀ါးမြိုသွားလိုက်တာ
ရင်ဘတ်ဟောင်းလောင်း အလောင်းတွေ တန်းစီနေတဲ့
ဒို့ပြည်ပဲ ကျန်ခဲ့တယ် …။

စားစရာ မရှိတော့ဘူး လူလေးရေ …
အမေက ငိုနေပေမယ့် စားမယ့် ပါးစပ်ပေါက်လေးတွေ
ပျောက်ဆုံးခဲ့ …။

နေစရာမရှိတော့ဘူး လုံမရေ …
ပုံကျခွေလဲနေတဲ့ ရေထဲက အလောင်းလေးပဲ ကျန်ခဲ့ …။
ဆေးမရှိတော့ဘူး အဘရေ …
ငြိမ်သက်နေတဲ့ အဘ ရေတွေစိုပွလို့ ဘ၀ခြားတဲ့ အလောင်းပဲ
ရေစီးကြောင်းထဲ မျောခဲ့ …။

ဒီလိုဘ၀တွေနဲ့
ကူသူမဲ့ …
ကယ်သူမဲ့ …
ဆူဝေတဲ့ သောကပင်လယ်ဟာ
ရှင်သူများကို ၀ါးမြိုစပြုနေပြီလေ …။

နတ် သိကြား ဒေ၀တာ
များစွာသော တန်ခိုးရှင်များ ခင်ဗျား
မွဲတေတဲ့ ဘ၀များ ဘာမှားခဲ့ပါသလဲ …
မိသားစု ပျောက်ဆုံးသွားသူတွေအတွက်
မျက်ရည်နဲ့ သောက၊ ငတ်မွတ်မှုနဲ့ ရောဂါဆိုး
သင်တို့ဘယ်တန်ခိုးနဲ့ ဖန်ဆင်းခဲ့ကြပါသလဲ …။

ကဲ …
ဒို့ ပြည်သူ ဒို့ ကူကြစို့
ဘာပဲဖြစ်ဖြစ် ကျန်ရစ်သူတွေအတွက်
မျှော်လင့်ချက် အနန္တနဲ့ ဘ၀ဆက်ခွင့်အတွက် …။ ။

ဒီကဗျာလေးဟာ အကိုဖိုးဇေ (ခ) အကိုမြင့်ဇေ (ခ) ပွင့်သစ်(ကရိန်ကန်) ရဲ့ ကဗျာလေးပါ။ ကျနော် အကိုဖိုးဇေ ကိုမသိ၊ မရင်းနှီးခဲ့ပါဘူး ဒါပေမဲ့ သူရဲ့ ထိမိတဲ့ကဗျာလေးတွေကို နှစ်သက်ခဲ့ပါတယ်။ သူ့ရဲ့ဘလော့လေးဟာ အခုဆို ပြုပြင်မဲ့သူမရှိ ဖြစ်နေရပါပြီ။ သူဘလော့ရဲ့ about me မှာရေးထားတာလေးကို ဖတ်လိုက်ရတိုင်း ကျနော်ရင်မှာခုထက်ထိ ခံစားနေရဆဲပါ။
အကိုဖိုးဇေ ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းရင်း

မှတ်ချက်။ ။ ပုံကို Google မှ ယူပါသည်။

အဲ့မေ့တော့မလို့ ပြန် Tag ရဦးမှာပဲ ကံထူးသူတွေက အောက်ကလူတွေ ဖြစ်ပါကြောင်း စိတ်ဆိုးနဲ့ ချစ်လို့Tag တာ အားလုံးက Tag ခံထားရတယ်ဆိုတော့ ဒီလူတွေပဲ ကျန်တော့တာကိုးဗျာ.....

၁) ကလေးလေး
၂) ကိုကြယ်စင်မင်း (ရေးပြီး)
၃) မောင်စနေသား
၎) မောင်ရဲ (ရေးပြီး)
၅) ယမကာလုလင် (ရေးပြီး)
၆) ကိုဖြိုး (ရေးပြီး)
၇) ကန္တာရမိုးစက် (ရေးပြီး)
၈) ကီကီ (ရေးပြီး)

ကိုနေးတစ် (ရေးပြီး)
ဦးရှင်ကြီးကိုတော့ Tag တော့ပါဘူး သူက ဟီးးး အလုပ်တွေ ရှုပ်နေတာကိုးဗျ

ကဲတော်ပါပြီ ဒီလောက်ပဲ စိတ်
ဆိုးကြနဲ့ ချစ်လို့ Tag တာ ဟွန့်

ကဲတော်ပါပြီ ဒီလောက်ပဲ စိတ်ဆိုးကြနဲ့ ချစ်လို့ Tag တာ ဟွန့်

လေးစားလျက် တောင်ပေါ်သား

အကြော်

ကျနော်လဲ တီဝါ တို့၊ မkom တို့လို စားစရာလေး တင်ပေးလိုက်ပါတယ်။ တောင်ပေါ်သား ဒီနေ့ စိတ်ကူးပေါက်တာနဲ့ အကြော် ကြော်စားဖြစ်ပါတယ်။ ကျနော်ရဲ့ ချစ်ညီအကို မောင်နှမများကို ဒီကနေပဲ ကျွေးတော့မယ်နော့် အဟား။ ဒီနေ့ အိမ်အပြန် လမ်းမှာ စဉ်းစားနေလာတာ တနေ့လာလဲ ကြက်၊ ပုဇွန် ဒါတွေနဲ့ စားရတာလဲ မကောင်းတော့ဘူး။ ဒီတော့ ဟိုနေ့က မြန်မာပလာဇာမှာ ၀ယ်လာတဲ့ အကြော်ကြော်တဲ့ အမုန့်လေးနဲ့ အကြော် ကြော်စားဖြစ်ပါတယ်။

ပထမဆုံး ဆူကာသီး (ရန်ကုန်အခေါ် ဂေါ်ရခါးသီး) ကို လှီးပါတယ်။ ပြီးတော့ ဘာရှိဦးမလဲ ရှာလိုက်တာ ဘူးသီး သေးသေးလေး တွေ့လို့ လှီးလိုက်ပြန်ပါတယ်။ နှစ်မျိုးထဲ မကောင်းဘူးဆိုတော့ ဘာအသီး ရှိဦးမလဲ ရှာတာ မတွေ့တာနဲ့ ကြက်သွန် နှစ်လုံးကို ပါးပါး လှီးလိုက်ပါတယ်။ ဟဲဟဲ

တကယ်တမ်း ကျနော်မြို့လေးမှာ ကျနော်အဖွားက အကြော်ရောင်းတာဗျ။ ကျနော်မြို့မှာ ကျနော် အဖွားဆိုင်နာမည်ဆို တော်တော်များများသိတယ်လေ။ ကျနော်ကတော့ ယောင်ခြောက်ဆယ်ဆိုတော့ ဘာမှ မလုပ်တတ်ပါဘူး။ ဖြစ်သလို စိတ်ထဲက ပြန်တွေးကြည့်ပြီး ရသလောက် လက်စွမ်းပြလိုက်ပါတယ်။ စားချင်နေပြီလား နေပါဦး သရေတွေ မကျနေနဲ့ဦးနော် သုတ်လိုက် သုတ်လိုက် ခုမှ ကြော်နေတုန်း

အဲနဲနဲလေးတော့ နီလာပြီ။ ရတော့မယ် ခဏလေးဗျာ စောင့်ဦးနော် ကျွေးမှာပါဗျ.. အချဉ်ရေလေးပါ လုပ်ဦးမယ်

ကဲ ရပါပြီဗျာ စားကြတော့ အချဉ်ရေလေးကတော့ ကျနော် အဒေါ်လက်ရာအတိုင်းပဲ ကောင်းမှကောင်းဗျာ... အကုန်မစားသွားနဲ့ဦးနော် ကျနော်အတွက် ချန်ထားဦး စတာ ကျနော်က ကြော်ရင်နဲ့ စားပြီးပေါ့ ဟဲဟဲ

အင်း လူပျိုတွေများမလွယ်ပါလားနော့် တခုခုစားချင်ရင် မလုပ်တတ်လုပ်တတ်နဲ့ လုပ်နေရတယ်။ ကဲစားပြီးသွားပြီလား စားပြီးရင် မီးဖိုချောင်လေးတော့ ရှင်းပေးသွားပါ့လား မောနေပြီဗျ (ကြော်ငြာဝင်ခြင်းမဟုတ်ပါ ရည်းစားမလိုပါး-) )

ကဲ လာမဲ့ တနလာင်္ ကျနော်အလုပ် ခွင့်ယူထားပါတယ် အဲ့နေချက်စားတာလဲ တင်ပေးပါဦးမယ် သရေကျအောင်ပေါ့ ဟီးးးး

Blogger Template by Clairvo