Labels

ကြော်ငြာ (၁)

ကျနော် ရန်ကုန်မှာနေတုန်း သင်တန်းကျောင်းတခုမှာ အလုပ်လုပ်နေတဲ့အချိန်ပေါ့။ ကျနော်နဲ့ လုပ်ဖော်ကိုင်ဖက်ဆရာတယောက်ရဲ့ အတန်းမှာ လာတက်တဲ့ကလေးတွေ (ကျနော်တို့နဲ့ အသက်က သိပ်တော့မကွာပါဘူး)စာသင်ပေးတုန်းက ဒီကောင်မလေး လဲပါလာတာပေါ့။ သူက အမြဲတမ်းကြည့်လိုက်ရင် ဟာသဥာဏ်ရွှင်ပါတယ်။ သူတို့သင်တန်းတခုလုံးမှာ သူရှိလို့ ပျော်စရာအတိနဲ့ ပြည့်နေခဲ့ပါတယ်။ သူက သူရဲ့သူငယ်ချင်း အပေါင်းအဖော်တွေကိုသာမဟုတ် ကျနော်တို့ဆရာတွေကိုပါ နောက်တတ်၊ စတတ်ပါတယ်။ စိတ်ရင်းသဘောထားကလဲ အတော့်ကို ပြည့်ဝပါတယ်။

ပြောစရာရှိရင် ဘယ်သူ့မျက်နှာကိုမှ မကြည့်ပဲ ရဲရဲဝံ့ဝံ့ ပြောရဲတဲ့ သူမရဲ့စိတ်ဓါတ်လေးကို ကျနော်နှစ်သက်ပါတယ်။ အခုဆို သူလဲ အမိမြန်မာပြည်နဲ့ အလှမ်းကွာဝေးနေတဲ့ တိုင်းပြည်တခုမှာ အလုပ်လုပ်နေပါတယ်။ သူရဲ့ မိသားစုကိုလွမ်းတဲ့၊ ချစ်သူကိုလွမ်းတဲ့၊ သူငယ်ချင်းတွေကိုလွမ်းတဲ့၊ တိုင်းပြည်ကို လွမ်းတဲ့ အလွမ်းပေါင်းမျိုးစုံ၊ ဟာသပေါင်းမျိုးစုံ၊ ရသပေါင်းများစွာကို ဒီဘလော့လေးမှာတွေ့ရမှာပါ။ ကျနော်ရဲ့ ချစ်ညီအကိုမောင်နှမတွေလဲ ဘလော့ဂါ အသစ်လေးတယောက် ကို အားပေးကူညီကြပါဦးလို့.......

ကဲ အသင်... ဘလော့ဂါလောကမှ အရှင်သူမြတ်များ အသင်တို့ကို နှောင့်ယှက်ဒုက္ခပေးရန် ဘလော့ဂါ အသစ်လေးတယောက် ထပ်မံ ပေါက်ဖွားလာခဲ့လေပြန်ပြီ...............

လေးစားလျက် တောင်ပေါ်သား

For Rapid Share Download

ကျနော်တို့ တခါတလေ Rapid Share ကနေပြီးတော့ ဖိုင်တွေကို တခါထဲ အများကြီး Download လုပ်ရတာ အဆင်မပြေရင် ဒီဆော့ဝဲလ်လေး သုံးကြည့်လိုက်ပါ။ တော်တော်ကို အဆင်ပြေတာတွေ့ရပါတယ်။ Speed ကလဲ မြန်ပါတယ်။ သူက ဖိုင်အများကြီးကို Auto Download လုပ်ချပေးပါတယ်။ ဒီအတွက် ကျနော်တို့ အချိန်ကုန် သက်သာတာပေါ့။ သူရဲ့ နာမည်က Jdownloader ပါ။ တချို့လဲ သိပြီး ဖြစ်နေမှာပါ။ သူက Rapid Share Premium Account မှ မဟုတ်ပါဘူး။ Free User တွေ အတွက်လဲ အဆင်ပြေပါတယ်။ ဒီဆော့ဝဲလ်လေးကို လိုချင်ရင် ဒီမှာ ယူလိုက်ပါ။ တကယ်၍ ကိုယ်သုံးနေတာက တခြား OS ( Linux, Mac ) တို့ဖြစ်နေရင်တော့ သူရဲ့ Original Site က ဒေါင်းလိုက်တော့နော့်။

နာမည်ကြီး ထမင်းငတ်

ကျနော် အရမ်းစိတ်ညစ်နေပါတယ်။ ဒါကြောင့် ဒီပိုစ့်လေးကို ရေးတာပါ။ အဆင်မပြေဖြစ်ခဲ့ရင် ကြိုပြီး တောင်းပန်ပါတယ်......

နာမည်ကြီး ထမင်းငတ် တဲ့။ ဒီစကားပုံလေးက ကျနော်တို့လို ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ လူတွေကိုများ ပြောနေသလားအောင်မေ့ရတယ်။ ပြည်ပရောက် လူတွေရဲ့ ဘ၀ကို အထဲမှာနေကြတဲ့လူတွေက သိပ်ပြီးနားလည်ခံစားပေးလေ့ မရှိတာကို တွေ့ရပါတယ်။ သူတို့နားလည်တာက မြန်မာပြည်အပြင်ထွက်သွားတာနဲ့ အားလုံးအဆင်ပြေနေကြတယ်။ သူဌေးတယောက်လို နေနိုင်ကြတယ်။ ၀တ်ကောင်းစားလှတွေနဲ့ နေနိုင်ကြတယ် ဒီလိုပဲတွေးကြပါတယ်။ သူတို့ဒီလိုတွေးတာကော မှားသလားဆိုတော့ မှားတယ်လဲ မပြောချင်ပါဘူး….

သူများတိုင်းပြည်မှာ အလုပ်လုပ်ရတာ ဘယ်လောက် ပင်ပန်းခက်ခဲတယ်ဆိုတာ ကိုယ်တိုင်လုပ်တဲ့လူပဲ သိပါတယ်။ ကျနော်တို့ တိုင်းပြည်မှာလို မလုပ်ချင်ရင် ဒီအတိုင်းထားလို့ရတာမဟုတ်ပါဘူး ပြီးတော့ တိုးတက်နေတဲ့ တိုင်းပြည်မှာ အလုပ်တခု လုပ်ပြီဆို ပိုပြီးတာဝန်ပိုကြီးပါတယ်။ ဆိုလိုတာက မြန်မာပြည်မှာ လုပ်တဲ့ System Admin တယောက်နဲ့ သူများတိုင်းပြည်မှာ လုပ်နေတဲ့ System Admin တယောက်ဟာ ဘယ်လိုမှ မတူညီနိုင်ပါဘူး။ ရာထူးတွေ တူနေပေမဲ့ လုပ်ရတဲ့ ပတ်ဝန်းကျင် အနေအထားအရ ဘယ်လိုမှ မတူညီနိုင်ပါဘူး။ ဒီတော့ တိုးတက်တဲ့ တိုင်းပြည်တွေမှာ အလုပ်လုပ်နေရသူတယောက်အဖို့ အရာရာဟာ ဂရုစိုက်နေရတဲ့ဘ၀ပါ။ ကိုယ့်လုပ်တဲ့ အလုပ်ပေါ် ကိုယ်တာဝန် အပြည့်ယူရပါတယ်။

ဒီလိုနေရာမျိုးမှာ လုပ်နေတဲ့လူတွေအပေါ်မှာ အမြဲစိတ်ဖိစီးမူဆိုတာ ရှိတတ်ကြပါတယ်။ ဒီလိုစိတ်ဖိစီးမူတွေကို ဖြေဖျောက်ဖို့က ဘာအရေးကြီးဆုံးလဲ။ သူတပါးတိုင်းပြည်မှာ တယောက်ထဲ သီးသန့်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူငယ်ချင်းအပေါင်းအသင်းတွေ ရှိကို ရှိရပါ့မယ်။ ဒီလိုမှ မဟုတ်ရင် တယောက်ထဲ မနက်အလုပ်သွား ညနေ အလုပ်ပြန် ခေါင်းထဲမှာ အလုပ်ရဲ့ကိစ္စတွေနဲ့ဆို အဲဒီလူဟာ မကြာခင် ရူးသွားနိုင်ပါတယ်။ သူငယ်ချင်းအပေါင်းအသင်းလေးတွေ ရှိထားတော့ ကိုယ်စိတ်ညစ်နေတဲ့အချိန် သူတို့ကိုပြောပြမယ်။ သူတို့စိတ်ညစ်ရင်၊ အခက်အခဲတွေ ရှိရင် ကိုယ်ကူညီနိုင်မယ်။ မကူညီနိုင်ရင်တောင် အားပေးလို့ရတယ် အကြံလေးတွေ ပေးလို့ရပါတယ်။ ဒီတော့ သူငယ်ချင်း အပေါင်းအသင်းဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။

ကျနော် အဓိကပြောချင်တာက ပြည်တွင်းကိစ္စပါ။ ပြင်ပရောက် မိတ်ဆွေ သူငယ်ချင်းတွေက ဒီလို ခံစားရတာတွေကို သူတို့လဲ ခံစားရတော့ နားလည်ပေးတတ်ပါတယ်။ ပြည်တွင်းက လူတွေက နားမလည်ပေးနိုင်ဘူးလား….
ကျနော် G-talk ဖွင့်လိုက်တာနဲ့ ပြည်တွင်းက သူငယ်ချင်း မိတ်ဆွေတွေနဲ့ စကားပြောဖြစ်ပါတယ်။ ကျနော် အတတ်နိုင်ဆုံး စကားပြန်ပြောပါတယ်။ တခါတလေ အလုပ်တွေ များလို့၊ အလုပ်ထဲမှာ ဖြစ်နေလို့ စကားမပြောဖြစ်ရင်တောင် ကျနော်ဆီ သူတို့သိချင်တာ မေးလ်လေးနဲ့ပို့ထားဖို့ ကျနော် အမြဲပြောဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော် ပြန်ကြားရတာတွေက ၀မ်းနဲစရာတွေပါ။ မင်းတို့က နိုင်ငံခြားရောက်သွားတော့ ငါတို့ကို မေ့ပြီးပေါ့။ မေးရင် မဖြေချင်ဘူးပေါ့ ဘာညာနဲ့ ကျနော် ပြန်ကြားရပါတယ်။ ဒီထက် ပိုပြီး ၀မ်းနဲမိတာကတော့ ဒီကိုလာပြီးအလုပ်လုပ်ဖို့ မေးတာတွေပါ။ ကျနော်ကို အသိမိတ်ဆွေတွေက မေးကြပါတယ်။ ဒီကိုလာချင်တယ် ဘာလိုလဲ စသည်ဖြင့်ပေါ့။ ကျနော်အတတ်နိုင်ဆုံး ရှင်းပြပေးနေကြပါ။

သူတပါးတိုင်းပြည်ကိုလာရင် အဓိက သူတို့ရဲ့ ဘာသာစကား၊ စကားပြော၊ ပြီးတော့ ကိုယ်ဘာကိုတတ်ကျွမ်းသလဲ အဲ့ဒီကိုယ်တတ်ကျွမ်းတဲ့ ပညာရပ်ကို နှံ့စပ်ေ

သူတပါးတိုင်းပြည်ကိုလာရင် အဓိက သူတို့ရဲ့ ဘာသာစကား၊ စကားပြော၊ ပြီးတော့ ကိုယ်ဘာကိုတတ်ကျွမ်းသလဲ အဲ့ဒီကိုယ်တတ်ကျွမ်းတဲ့ ပညာရပ်ကို နှံ့စပ်အောင်လုပ်လိုက် ပြီးရင်လာရင် အဆင်ပြေနိုင်ပါတယ်လို့ ပြောပြပေးပါတယ်။ ပြီးတော့ အခုလက်ရှိဖြစ်နေတဲ့ စီးပွါးရေး အခြေအနေကြောင့် အခုအချိန်အခါက လာရင် အဆင်သိပ်မပြေနိုင်သေးဘူးလို့ စေတနာထား ပြောပြပါတယ်။ ဒါကို ကျနော် သူငယ်ချင်းတွေဆီက တဆင့်စကား ပြန်ကြားရပါတယ်။ ကျနော်တို့ကပဲ သူလာပြီးအောင်မြင်မှာကို မလိုလားလို့ မလာခိုင်းတာပါတို့။ ပြီးတော့ ကျနော်တို့ မကူညီရင်လဲ ရတယ်တို့ သူငယ်ချင်းအချင်းချင်း စကားများကြမဲ့ စကားလုံးတွေ ဆိုလာပါတယ်။ သူတို့ ကျနော်တို့ဘ၀တွေကို နားမလည်ပေးကြပါဘူး…….

တကယ်တမ်း သူများလက်အောက်မှာ လုပ်နေရင် ဘယ်တော့မှ ကြီးပွါးမှာ မဟုတ်ပါဘူး နည်းပညာတွေ ဗဟုသုတတွေ ရသင့်သလောက် ရတာတော့ မှန်ပါတယ်။ ဒီတော့ ကိုယ်တိုင် ကြီးပွါးချမ်းသာချင်ရင် ကိုယ်ပိုင်လုပ်ငန်းတခုကို ထူထောင်ဖို့လိုပါတယ်။ ဒီလို ရည်မှန်းချက်မျိုးနဲ့ ပြည်ပရောက်နေသူတွေ တပုံကြီးလို့ ကျနော် ယုံကြည်ပါတယ်။ ဒီမှာ စကားပြောလာတာက ဆွေမျိုးအသိုင်းအ၀န်းပါ။ ခုလို တနေ့တနေ့ ခေါင်းစားခံပြီး လုပ်နေတဲ့ လူတွေရဲ့ စိတ်ကိုနားမလည်ပေးကြပါဘူး သူတို့ လိုချင်တာတွေပဲ သိပါတယ်။ မလုပ်ပေးရင်လဲ ဆွေမျိုးအချင်းချင်း နားလည်မူလွဲပါဦးမယ်… လုပ်ပေးပြန်ရင်လဲ အရာမရောက် အဖတ်မတင် ဖြစ်နေပြန်ပါတယ်။

စင်ကာပူလို တိုင်းပြည်မှာ စားသောက်စရိတ်နဲ့ နေထိုင်စရိတ်က အရမ်း ဈေးကြီးတယ်လို့ မြင်မိပါတယ်။ အနဲဆုံး ကိုယ့်လစာရဲ့ တ၀က်လောက်က စားသောက်စရိတ်၊ နေထိုင်စရိတ်၊ အသွားအလာခတွေ၊ ဖုန်းခတွေနဲ့ ကုန်တတ်ကြပါတယ်။ တချို့က ဒါကိုနားမလည်ပေးကြပြန်ပါဘူး သူတို့ထင်ရာ ဇွတ်ပြောတော့တာပါပဲ။ မင်းကတော့ အဲ့မှာနေတာ ၁ နှစ်ကျော်နေပြီး ငွေတွေ စုမိနေပြီပေါ့ ။ သိန်းပဲ ရာကျော်နေတဲ့ပုံစံ။ တကယ်တမ်း ကျနော်တို့ ဘ၀က ဘာဆို ဘာမှ မထူးခြားနားပါဘူး။ ၀မ်းနဲမိပါတယ်။
ကျနော်တို့ကို ပိုက်ဆံတွေ အများကြီး စုဆောင်းမိတယ်လို့ သူတို့အတွေးတွေ ၀င်နေကြပါတယ်။ ဒီတော့ ဘယ်လို လုပ်သင့်သလဲ …….

မှတ်ချက်။ ။ ပုံကို Google က ရှာယူထားပါတယ်.....

လေးစားလျက် တောင်ပေါ်သား

သတိပေးချက် (မုန်တိုင်း)

ကျနော်တို့ တိုင်းပြည်အတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့၊ ဒုက္ခရောက်စေနိုင်တဲ့ မုန်တိုင်းတခု မြန်မာပြည်ထဲကို ၀င်ရောက်လာနိုင်ပါတယ်။ ဘလော့ ညီအကိုမောင်နှမတွေအားလုံးပဲ တယောက်နဲ့ တယောက် အပြန်အလှန် သတိပေးကြဖို့ လိုအပ်နေပါတယ်။ အရင်တခါလို ဒုက္ခဆိုးတွေ မကြုံကြပါစေနဲ့လို့ ၀ိုင်းဝန်းပြီး ဆုတောင်းမေတ္တာလေးတွေ ပို့ပေးကြပါ။ မြန်မာဟာ မြန်မာပါပဲ။ ဘာသာတရားတွေနဲ့ မဆိုင်ပါဘူး တယောက်မေတ္တာပို့ရင် အားလုံးရကြမှာပါ။ မြန်မာပြည်သူ၊ပြည်သားအားလုံးပဲ နှစ်သစ်မှာ စိတ်၏ ကျန်းမာခြင်း၊ချမ်းသာခြင်းများနဲ့ လိုအင်ဆန္ဒအားလုံးပြည့်စုံပါစေလို့ ကျနော် ဆုတောင်းပေးပါတယ်။

မူရင်းလင့်

သင်္ကြန်အမှတ်တရ

သင်္ကြန်တွေမှာ လူတိုင်းပျော်ရွှင်ချင်ကြမှာပါ။ ဒီလိုမျိုး အပျော်တွေကို ကျနော်တို့လို အဝေးရောက်နေသူတွေကတော့ မပျော်ရွှင်နိုင်ပါဘူး။ ကိုယ့်တိုင်းပြည်မှာလို အစိုးရ ရုံးပိတ်ရက်လဲ မရ။ အလုပ်သွား၊ ကျောင်းသွားနဲ့ ပျော်ရွှင်မူတွေ ကင်းမဲ့နေရတာတွေကို မြင်ရတာ ရင်ထဲမှာ စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဘလော့ရပ်ဝန်းလေးမှာတော့ သင်္ကြန်ရေပွဲတော်ကို စီပုံးမဏ္ဍပ်တွေမှာ ကဲနေကြတာကိုတွေ့ရတော့ အရင်ကထက် ဒီဘလော့ လောကလေးကို သံယောဇဉ် တွယ်မိပြန်ပါတယ်။ ကျနော်ဘလော့သက်တမ်းမှာ ပထမဆုံး ကြုံတွေ့ရတဲ့ စီပုံးမဏ္ဍလေးပေါ့ဗျာ...ရပ်ကွက်ထဲက သင်္ကြန်မဏ္ဍပ်တွေကတောင် ကျနော်တို့ဘလော့ရပ်ဝန်းရဲ့ စီပုံးမဏ္ဍပ်လေးတွေလောက် မစည်ကားလောက်ဘူးထင်ပါရဲ့.. ဟီးးးးး ကဲ ကျနော်စီပုံးမဏ္ဍပ်လေးကိုလဲ သင်္ကြန်ရေလာပက်တဲ့ ချစ်ညီအကိုမောင်နှမများနဲ့အတူ စည်ကားစွာဖွင့်လိုက်ပါတယ်ဗျာ......... အော် ချစ်စရာ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ပါ့လား... ဆိုင်တာမဆိုင်တာ အပထား ကဲလိုက်ကြဆို့ဗျာ.......

.....ဗွမ်းးးးးးးး..... ဗွမ်းးးးးးးးး....... အား စပ်တယ်ဟ ခွက်စောင်း ခုတ်တယ်ဟ.....
အားးးးးးးးး စပ်တယ်ဗျို့........ ငရုတ်သီးမိသွားတယ်....... ၀ါးးးး ဟားးးးးးး ဟားးးးးးးးးးး.............

16 Apr 09, 13:28

မိုးခါး: စိုပြီလား .. မစိုသေးရင် ထပ်ပြီးလောင်းမယ် .. ၄ရက်စာ BWANNNNNNNNNNNN

16 Apr 09, 13:28

မိုးခါး: လာလော့ရော့ ....... ဗွမ်းးးးးးးးးးး ဗွမ်းးးးးးးးးး ဗွမ်းးးးးးးးးးးး

16 Apr 09, 13:27

မိုးခါး: ဒီမဏ္ဍပ် တယ်လူစီပါလား .. နောက်ဆုံးနေ့မှ ရောက်တယ် .. ဟဲဟဲ

16 Apr 09, 13:12

ဖိုးဂျယ်: နှစ်သစ်မှာျေပ်ာရွှင်ပါစေဗျာ ရေပါ လောင်းသွားတယ် ဗွမ်း ဗွမ်း

16 Apr 09, 13:02

အိုက်ခီလောက်: ရေလာပက်ပြီနော်..... ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးးအတက်နေ့ရောက်ပြီ နောက်

16 Apr 09, 12:09

megumi: မံမီလို အဝတ်ကို ဝတ်ပြီး ရေပက်ခံထွက်ပါတယ်ရှင့်။ :P

16 Apr 09, 11:06 ကလေးလေး: ဦးပေါ်မင်္ဂလာရှိသောနှစ်သစ်မှာ လိုရာဆန္ဒပြည့်ပါစေရှင် 16 Apr 09, 08:41

မသက်ဇင်: သင်္ကြန်ရေလို အေးမြပါစေ မြန်မာပြည်သူများ သာယာဝပြောပါစေ ငြိမ်းချမ်းကြပါစေ ဘဝ နဲ့ ဆန္ဒတထပ်

မသက်ဇင်: သင်္ကြန်ရေလို အေးမြပါစေ မြန်မာပြည်သူများ သာယာဝပြောပါစေ ငြိမ်းချမ်းကြပါစေ ဘဝ နဲ့ ဆန္ဒတထပ်တည်းကျကြပါစေ

16 Apr 09, 05:36

ငပျင်း<3: သကြန်ကတက်သွားပီလားဟ ဒီနေ့ ...

16 Apr 09, 05:35

ငပျင်း<3: ရေလာလောင်းပါတယ်..ရေတခွက်လောက်ပါ တောင်ပေါ်ရေ...ရေမယူလာမိလို့ ပါ...ဘာစဓုဒီသာလုပ်ထားလဲ...ဗိုက်နဲနဲဆာလာပီ

16 Apr 09, 02:38

kaungkinpyar: အတက်နေ့ကို အစောဆုံး ရေလာလောင်းတယ်၊ မီးသတ်ပိုက်နဲ့လဲ ပက်တယ်၊ အိုးမဲလဲ သုတ်တယ်၊ ဗွမ်းးးးးးးဗွမ်းးးးး

16 Apr 09, 02:14

ရဲဝင့်သူ: အန်...အောက်ကအင်္ဂလိပ်လိုရိုက်ထားတဲ့ကျနော့်နာမည်နဲ့ဟာကဘယ်သူပါလိမ့်ဗျာ။ ကျနော်မဟုတ်ဘူးဗျ။

16 Apr 09, 02:14

ရဲဝင့်သူ: “ချင်းမိုင်ဆွန်ခရန်” လာခံစားပါဦးဗျ။

15 Apr 09, 17:56

ye wint thu: Ye' lar lae twa dal naw..... pyaw shun sa yar myanmar nit thit phit par say bya....

15 Apr 09, 15:15

meumi: အိုးမဲတစ်ခြမ်း၊ မြေဖြူတစ်ခြမ်းလာသုတ်တာ။ ဟိ ဟိ၊ ပြေးပြီ။

15 Apr 09, 13:21

မေတ္တာရောင်ပြန်: အိုးမဲပါပြန်သုပ်တယ်....

15 Apr 09, 13:21

မေတ္တာရောင်ပြန်: ဟင်...... သူမျာလည်း သင်္ကြန်အကျနေ့က ကဲထားတာတွေတင်ထားတယ်။

15 Apr 09, 13:19

မေတ္တာရောင်ပြန်: ဘယ်ရမလဲ ပြန်လာပက်တာပေါ့။ ရေလောင်းပြီဝေးးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး

15 Apr 09, 13:13

ကိုသားငယ်: ရေခဲရေနဲ့ ပက်သွားလို့ ရေပူးပေါင်းနဲ့လာပြန်ထု သွားတယ် ...း )

15 Apr 09, 11:29

မီးလေးဇာ: အိမ်တွင်းပုန်းတဲ့ဘလော့ဂါတွေ အပျိုကြီးလူပျိုကြီး ဖြစ်ပါစေ

15 Apr 09, 11:28

မီးလေးဇာ: ရေလာပတ်တယ် ဝေးနေလို့ ရေဘောလုံးနဲ့ပစ်သွားတယ်

15 Apr 09, 11:16

thondrae.5: စိုပါစေသားကိုယ်စိတ်နစ်ပါးချမ်းမြေ့ပါစေ။။။

15 Apr 09, 11:13

thondrae.5: အလုပ်တွေများနေလားokပါတယ်နော် ပုံးကြီးကြီးနဲ့လောင်းလိုက်တယ် ရွှဲရွှဲ

15 Apr 09, 10:38

megumi: ဘလော့မဏ္ဍပ်မှာ ရေလာပက်ရန် ဖိတ်ခေါ်အပ်ပါသည်။ :P :P

15 Apr 09, 09:17

T War: ရုပ်ဆိုးကြီး .း(

15 Apr 09, 09:17

T War: မနေ့တုန်းက သာကူကျိုသေးတယ်.. ဓါတ်ပုံရိုက်တော့ သာကူစေ့က မပေါ်တာနဲ့ မရောင်းတော့တာ. :P

15 Apr 09, 09:16

T War: ဟောတော့ :D

15 Apr 09, 03:46

ရဲဝင့်သူ: အကျတ်နေ့မို့တခါလာပီးရေလောင်းပြန်ပါတယ်...ဗွမ်း။ “အမှန်အကန်မှားနေတဲ့အမှန်” တဲ့လာခံစားဦးလေ။

15 Apr 09, 03:03

မငုံ: နောက်နေ့ မီးသတ်ပိုက်နဲ့ လာဦးမယ်.ကြို စရံရိုက်သွားတာ

15 Apr 09, 03:03

မငုံ: ဝေးးးးးးးသင်္ကြန်ကျပြီ။။တောင်ပေါ်ကို ရေစည်ထဲနှစ်မယ်။ဟိဟိ.ဒီအတိုင်းဆို သိပ်မစိုမှာ စိုးလို့.

14 Apr 09, 23:54

ကြယ်စင်မင်း: အကျနေ့ရောက်ပြီဟေ့.. ကိုယ်ကတော့ ငြိမ်နေသေးတာ.. ရေလာလောင်းသမျှခံနေရတာ.. အခုတော့ စလောင်းပြီဗျို့..

14 Apr 09, 23:35

kiki: အကျနေ့ အကုန် ရေထပ်လာပက်တာ ..အိမ်မပြန်ခင်..မီးသတ်ပိုက်နဲ့ ပါထိုးတယ်ဟေ့..

14 Apr 09, 19:17

Dream: ခွက်စုတ်လေးနဲ့ ပက်တာလောက်တော့ ရယ်တာပေါ့ ရယ်တာပေါ့... ဟတ်ဟတ်

14 Apr 09, 13:34

megumi: အဲဒါ မီးမီးရေပူဖောင်း။ ဟီး ဟီး။ ဘယ်တုန်းက ယူသွားတာလဲ။ ကလေးမသိခင်။ ဟင့် ဟင့်။

14 Apr 09, 13:32

megumi: အကျနေ့ရောက်ပြီနော်။ ရေလာပက်တာ။ ဟိ ဟိ၊ ရေပူဖောင်းနဲ့။ ပြေးပြီ။

14 Apr 09, 13:22

phyo: အိုးမဲပေလားမပေလား လာချောင်းတွားဒယ်

14 Apr 09, 12:56

ကလေးလေး: ဦးပေါ် ရော့ပိတောက်ပန်း..ပန်လိုက်.. အိုးမဲနဲ ပိတောက်ပန်းပန်ထားတဲ့ဦးပေါ်

14 Apr 09, 11:42

cherry: တောင်ကြီးရေအေးအေးလေးနဲ့လောင်းလိုက်တယ်

14 Apr 09, 11:38

နေးတစ်: ကဲကွာ... နောက်ကနေတိတ်တိတ်လေး ဗွမ်း.........ဗွမ်း........ဗွမ်း........ဗွမ်း

14 Apr 09, 10:31

ဆန်းဝင်း: မင်္ဂလာ နှစ်သစ်ပါ...... ကဲ သာ ကဲ...
14 Apr 09, 09:55
မဗေဒါ: ဖွာလူဒါ လာတိုက်တာ.. ဖြည်းဖြည်းသောက်နော်...
14 Apr 09, 09:18
WWKM: မင်္ဂလာရှိတဲ့ နှစ်သစ်ဖြစ်ပါစေ တောင်ပေါ်သားလေးရေ.
14 Apr 09, 00:11
ဝါ၀ါ: ဒေါက်ဒေါက်..အိမ်ရှင် ဘယ်ရောက်နေလဲ ညမှာ ရေလာလောင်းတယ်
13 Apr 09, 16:01
Dream: တီတီဒွင်းက မုန့်လုံးရေပေါ် ပို့ခိုင်းလို့ မက်မက်က လာပို့ပါတယ်... ဟဲဟဲ..

13 Apr 09, 14:31
နေလင်း: ညီလေးတောင်ပေါ်သားရေ.. ဗွမ်း.. ဗွမ်း.. ဗွမ်း... ရေခဲရေ အေးအေးလေးနဲ့ လာလောင်းတာ.. ဟဲဟဲ...
13 Apr 09, 13:00
အိုက်ခီလောက်: ဒီလောက်တောင်ဖြစ်လှတာ ကဲဟာ ကဲဟာ ဗွမ်း.........ဗွမ်း........ဗွမ်း........ဗွမ်း အိုးမဲသုတ် .......အိုး
13 Apr 09, 12:32
kom: နှစ်သစ်မှာ ပျော်ရွင်ပါစေ။
13 Apr 09, 03:50
အိုက်ခီလောက်: တိတ်တိတ်လေး လာပြီးအိုးမဲနဲ့ ရေပါလောင်းသွားတယ် အိပ်နေတုန်းလေ ရေလောင်းသွားတာ အဟိ အေးနေမှာပေါ့ နော်
13 Apr 09, 02:29
ရဲဝင့်သူ: နှစ်သသစ်မင်္ဂလာပါခင်ဗျာ။ ရွင်လန်းချမ်းမြေ့ပါစေ။ “ချစ်ခြင်းမှအပ” ဘာများလဲသိချင်ရင်လာခဲ့ဦးလေ။
13 Apr 09, 00:33
မငုံ: အိုးမဲပါသုတ်ပစ်လိုက်မယ်။။ကဲ လာလေရော့..ဗွမ်း ၀ုန်း..အား သရဲ သရဲ (အိုးမဲသုတ်ထားလို့ တောင်ပေါ်သား လှနေပံ
13 Apr 09, 00:31
မငုံ: အဟွန့် တောင်ပေါ်သား ထွက်ခဲ့စမ်း။ ဘယ်မလဲ.လူကို ခွက်စောင်းခုတ်သွားတယ်။။နင့်ကို ကြွက်စုတ်ဖြစ်အောင်လုပ်မယ
12 Apr 09, 20:26
kaungkinpyar: ဘယ်ရောက်တုန်း အိမ်ရှင်
12 Apr 09, 20:26
kaungkinpyar: သူလုပ်သလို လာပြန်လုပ်တယ်၊ရေခဲရေနဲ့
12 Apr 09, 18:33
kiki: ခွက်စောင်းပြန်လာခုတ်တယ်ဝေ့.ှုဝုန်းး..ရေဗူပေါင်းနဲ့ပါပေါက်လိုက်ပြီ.ကဲ..လွတ်အောင်ရှောင်ပေတော့...တိန်...
12 Apr 09, 18:20
ပုလုကွေး: ရေခဲရေနဲ့လာလောင်းတယ် ဘယ်ရောက်သွားလဲ တောင်ပေါ်သား...အိမ်တွင်းပုန်းနေသလားမသိ
12 Apr 09, 17:43
ကြယ်စင်မင်း: ဟား ဟား ဟား...ပြီးရင် ပီပါထဲ ၁ ရက်လောက်စိမ်ထားလိုက်မယ်.. ဟီးးးး
12 Apr 09, 17:43
ကြယ်စင်မင်း: သူက အိုးမည်းလည်းလာသုတ်တယ်.. ခွက်စောင်းလည်းခုတ်တယ်ပေါ့.. အိုကေ.. ဒီကကောင်က အိုးဖင်နဲ့ လိုက်သုတ်မှာဗျာ
12 Apr 09, 14:46
phyo: ငှာ.. ဗလိုင်းဂျီးပါလား.. ပြန်ပက်တယ်ကွာာ.. ကဲ.. ဘုံးဘုံး ဘွမ်း ..(ရေပုံးပြုတ်ကျသံ)
11 Apr 09, 12:38
ကလေးလေး: ဗွမ်းးးးးးး ဦးပေါ်ရေလာပက်ဒယ် အိုးမဲလဲသုတ် မယ်

လေးစားလျက် တောင်ပေါ်သား
Blogger Template by Clairvo