Labels

T နဲ့ တောင် ~~~ တောင် နဲ့ T

ကဲ မောင်ဆောင်ချမ်းမိုး Tagတဲ့ ဘာမသိ ညာမသိ တက်စ့်ပို့ပါ။

1. What is your name : တောင်ပေါ်သား (ဘူတူလဲ)
2. A four Letter Word : တစ်တီတူးငှက် (သိကြလား)
3. A boy's Name : တာတီး (ရွာက နာမည်လေ)
4. A girl's Name : တာတေမ (ဘယ်သူလဲ သိပါတယ်)
5. An occupation : တောက်တိုမယ်ရ (တကယ်ပြောတာ အကုန်လုပ်တယ် မယုံလာကြည့်)
6. A color : တောက်တောက်ရဲရဲ (ရဲရဲတောက် တို့ဗမာတွေ)
7. Something you'll wear : တီရှပ် (စပို့စ်ရှပ်လဲ ပါတယ်ဝေး)
8. A food : တီကောင်ပြုပ် (စားမှာလား)
9. Something found in the bathroom : တန်းလန်းကြီး (ဒုတ်တန်းကို ပြောပါတယ်)
10. A place : တောင်ကြီး (ခက်မှခက်ပဲ)
11. A reason for being late : တောက်တဲ့တကောင် သောင်းကျန်း၍ ညမအိပ်ရလို့း)
12. Something you'd shout : တောက် (မကျေနပ်မှလုပ်ပါတယ်)
13. A movie title : တိုင်းပြည်အတွက် စွန့်လွတ်သူ (တကယ်ရှိမရှိ မသိဘူး ရေးချင်တာရေးပဲ အဟေးး)
14. Something you drink : တောက်တီတောက်တဲ့ (ဘာမှန်းကို မသိတဲ့ အရည်တွေ)
15. A musical group : တွံတေးသိန်းတန် (ပန်းရယ်မင်းရယ် ပိတောက်ရယ် :P)
16. An animal : တောင်ဆိတ် (မေးစေ့မှာ အမွေးတွေနဲ့)
17. A street name : တောင်ချွန်းလမ်း (တောင်ကြီးမှာ တကယ်ရှိပါတယ်)
18. A type of car : တောင်ဒဂုံ စက်မူဇုံထုတ် ဂျစ်ကား (ဖွားကီအဖေကားတွေလို ဂျစ်တီးဂျစ်ကန်လုပ်လို့ ပြောတာနေမယ်)
19. The title of a song : တောင်တန်းတွေကိုလွမ်း (ဒါလဲ ရှိမရှိမသိဘူး စာသားတော့ ရှိတာပဲ)
20. A verb : တွေး ( တွေးလေ တွေးလေ ပျောက်ဆုံးလေပဲ)

Below is the Tag Post from Mg ThanLwin Hero :P

1. What is your name : Taung Paw Tar
2. A four Letter Word : Town
3. A boy's Name : Tommy
4. A girl's Name : Tacy
5. An occupation : TTMY (tauk to me`ya)
6. A color : Turquoise
7. Something you'll wear : T-Shirt
8. A food : Traditional food
9. Something found in the bathroom : Toothbrush
10. A place : Taunggyi
11. A reason for being late : Time is wrong
12. Something you'd shout : Take care yourself
13. A movie title : To Live
14. Something you drink : Tiger :P
15. A musical group : The Doobie Brothers
16. An animal : Tarantula
17. A street name : Thanlwin Road
18. A type of car : Thunderbird Car
19. The title of a song : Take Me To You Heart
20. A verb : Take it upon yourself

Rules : It's harder than it looks! Copy to your own note, erase my answers ,enter yours.Use the first letter of your name to answer each of the following questions.If the person before you had the same first initial , you must use different answers.You cannot use any word twice and you can't use your name for the boy/girl name question. ( Copy from Mg Thanlwin Hero :P)

ခုတလော ဘလော့တွေမလည်နဲ့ လည်လိုက်ရင် ဒါတွေပဲ တွေ့နေရတယ်။ ဘယ်သူ့အစလုပ်လိုက်တာလဲ မသိပါဘူး နောက်တခါ ဘာတွေလာဦးမလဲ မသိဘူး တော်တော်တော့ ကြံဖန်လုပ်တတ်တဲ့ ဘလော့ဂါတွေပဲလား မသိတော့ပါဘူး။ ကျနော်ပါ ရူးပေါပေါလုပ်သွားတယ် အဟေးဟေးးးးးးးးးးးး

လေးစားလျက် တောင်ပေါ်သား

အပိုင်းအစများ

ခုတလော ဘလော့ပိုစ့်တွေ မတင်ဖြစ်ပြန်ပါဘူး။ စာရေးဖို့ စိတ်ကူးတိုင်း စိတ်ကမထွက်လာတော့ဘူးဖြစ်နေတတ်ပါတယ်။ အိမ်ကိုလဲ အရင်ကထက် ပိုသတိရနေပြန်တယ်။ မြန်မာပြည်က အလည်လာတဲ့ ဧည့်သည်တွေ အိမ်မှာခဏတည်းနေတော့ သူတို့နဲ့ စကားစမြည်ပြောဖြစ်တယ်။ သူတို့အဓိကပြောတာကတော့ စင်ကာပူကြီး ဘယ်လောက်သန့်ရှင်းတယ်။ လမ်းဘေးဝဲယာ သစ်ပင်တွေနဲ့ သာယာနေတယ် စသည်ဖြင့်ပေါ့။ငါတို့ တိုင်းပြည်ကြီးကတော့ ဘယ်လိုဖြစ်နေတယ်။ လေထုဆိုတာလဲ ညစ်ညမ်းမူတွေနဲ့ မိုးလေမရွာလိုက်နဲ့ မြောင်းတွေက ပြည့်ကျပ်ပြီး ရေပုတ်တွေ လျှံတက်နေသည် စသည်ဖြင့် မကုန်နိုင်သော ဓါတ်ပြားဟောင်းများကို ဖွင့်လှစ်ပြပါတယ်။ ဘယ်လိုပဲပြောပြော အမိမြေနဲ့ ဝေးနေစဉ်ခဏချိန်လေးတော့ ကျနော်တို့လဲ အမှတ်တရ စကားတွေ ပြောဖြစ်ကြပါတယ်။

မြန်မာပြည်တွင်းက သူငယ်ချင်းတချို့နဲ့ စကားပြောဖြစ်တော့ သူတို့တွေရဲ့ စိတ်ကိုအကြမ်းဖျင်းအားဖြင့် ခတ်မှန်းမိပြန်တယ်။ သူတို့လေးတွေလဲ စိတ်သွားတိုင်းကိုယ်မပါရဲတဲ့ အဖြစ်တွေ ရင်နာစရာကောင်းလှပါတယ်။ နေ့စဉ် ပုံမှန်မလာတဲ့ ရေ၊မီးတွေကြားထဲမှာ သူတို့ဘ၀လေးတွေကို ရောင့်ရဲတင့်တိမ်နေတာကို အားမရလှပါဘူး။ ဒါဟာ ကျနော်တဦးတယောက်ထဲရဲ့ အမြင်ဖြစ်ပါတယ်။ ကျနော်တို့ ဘာလို့ဒီလိုနေမှာလဲ၊ ဘ၀ရဲ့တိုးတက်ရာတိုးတက်ကြောင်းရှာဖို့ စိတ်မကူးတော့ဘူးလား။ ကျနော်တို့မျိုးဆက်တခုလုံး ဒီလိုဘ၀တွေနဲ့ နေတော့မှာလား။ ဧည့်သည်ဦးလေးကပြောပါသေးတယ် စလုံးမှာ သူ့သူငယ်ချင်းတယောက် ကားတွေ အများကြီးပိုင်တယ်တဲ့။ စလုံးနိုင်ငံသားအဖြစ်တောင်ခံယူတော့မယ်ပြောတယ်။ ဒီပါးစပ်က အော်အော် ဆိုတာပဲ ထွက်နိုင်တော့တယ်။ လူဆိုတာကတော့ ကိုယ်ရဲ့ ကိုယ်ပိုင်ဘ၀ကို ကိုယ့်စိတ်ကြိုက်တည်ဆောက်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့သားသမီးတွေရဲ့ အသိထဲမှာ မြန်မာနိုင်ငံဆိုတာကို မေ့ခိုင်းတော့မှာလား.မနေ့က Youtube မှာကလိနေရင် Wesheme ကတင်ထားတဲ့ သားသားပုံလေးတွေကိုကြည့်ပြီး ပျော်နေမိပါတယ်။ သာယာဖွယ်ကောင်းတဲ့မိသားစုလေးပါ။ စံပြထားရမဲ့ မိဘတွေပါ။

စလုံးရောက် လူတော်တော်များများကိုလဲ အကဲခတ်မိနေပြန်တယ်။ တော်တော်များများက လူအများရှေ့မှာ မြန်မာလို့ပြောရမှာ ရှက်နေသလိုပဲ။ တခါတလေ အတင်း ဟန်ဆောင်လုပ်နေတာတွေကို တွေ့တော့လဲ တယောက်ထဲ ရီနေမိပြန်တယ်။ ကမ္ဘာကြီးလဲ တဖြေးဖြေး ဆုတ်ယုတ်လာနေပြီလားမသိဘူး။ နေ့စဉ် သဘာဝဘေးဆိုးဒဏ်တွေကြောင့် လူတွေ သေနေတာ၊ အသက်အိုးအိမ်မဲ့နေတာတွေ စိတ်မကောင်းစွာနဲ့ မြင်နေရတယ်။ဒါတွေဟာ ဘယ်သူမပြူမိမိမူပါပဲ။ ဘာသာတရားရှိတယ်ဆိုယုံလောက်နဲ့ မလုပ်လောက်ပါဘူး။အသိတရားလေးတွေ ရှိနေရင် ဒီလို သဘာဝဘေးဆိုးတွေကို အတတ်နိုင်ဆုံး ရှောင်းရှားမူတွေ လုပ်နိုင်မှာပါ။ အခုလက်ရှိအချိန်ထိ စလုံးမှာ အလုပ်အကိုင်အခြေအနေက သိပ်အဆင်ပြေသေးသည်မဟုတ်ပါ။ ကံကောင်း၍ အလုပ်ရသွားသော်လဲ အလုပ်သမားဝန်ကြီးဌာနက သူတို့စလုံးနိုင်ငံသားတွေကို ဦးစားပေးဖို့ စီစဉ်နေသောကြောင့် သိပ်အဆင်မပြေကြကြောင်း သိရပြန်သည်။ အဆင်ပြေမယ်ဆိုရင် မြန်မာပြည်က သူငယ်ချင်းများကို မလာစေချင်သေးပါ။ ကျနော်အထင်တော့ နောင်လာမဲ့ ၂၀၁၀ လောက်မှ အဆင်ပြေနိုင်မည်ထင်တယ်။ စလုံးကို ပြောချင်ပါ။ အမိတိုင်းပြည်တော့ မသေချာပါး)

ငယ်စဉ်က ပုံပြင်တပုဒ်ကိုတွေးနေမိသည်။ အဖေက သားတွေကို ထင်းစည်းချိုးခိုင်းသည့် ပုံပြင်။ စုပေါင်းလုပ်ဆောင်လျှင် လိုချင်သောအရာကို ရနိုင်သည်။တိုင်းပြည်တခု တည်ထောင်လျှင် အရေးကြီးဆုံးသောအရာမှာ ပြည်ထောင်စုတိုင်းရင်းသားအားလုံး သွေးစည်းဖို့ပင်ဖြစ်သည်။ သူတလူ ငါတမင်းအုပ်စိုးနေရင်တော့ဖြင့် ဘေးကအလကား စားသောက်မဲ့ ဖြူဖြူ၊ မဲမဲ တိရစာ

အပိုင်းအစများ

ခုတလော ဘလော့ပိုစ့်တွေ မတင်ဖြစ်ပြန်ပါဘူး။ စာရေးဖို့ စိတ်ကူးတိုင်း စိတ်ကမထွက်လာတော့ဘူးဖြစ်နေတတ်ပါတယ်။ အိမ်ကိုလဲ အရင်ကထက် ပိုသတိရနေပြန်တယ်။ မြန်မာပြည်က အလည်လာတဲ့ ဧည့်သည်တွေ အိမ်မှာခဏတည်းနေတော့ သူတို့နဲ့ စကားစမြည်ပြောဖြစ်တယ်။ သူတို့အဓိကပြောတာကတော့ စင်ကာပူကြီး ဘယ်လောက်သန့်ရှင်းတယ်။ လမ်းဘေးဝဲယာ သစ်ပင်တွေနဲ့ သာယာနေတယ် စသည်ဖြင့်ပေါ့။ငါတို့ တိုင်းပြည်ကြီးကတော့ ဘယ်လိုဖြစ်နေတယ်။ လေထုဆိုတာလဲ ညစ်ညမ်းမူတွေနဲ့ မိုးလေမရွာလိုက်နဲ့ မြောင်းတွေက ပြည့်ကျပ်ပြီး ရေပုတ်တွေ လျှံတက်နေသည် စသည်ဖြင့် မကုန်နိုင်သော ဓါတ်ပြားဟောင်းများကို ဖွင့်လှစ်ပြပါတယ်။ ဘယ်လိုပဲပြောပြော အမိမြေနဲ့ ဝေးနေစဉ်ခဏချိန်လေးတော့ ကျနော်တို့လဲ အမှတ်တရ စကားတွေ ပြောဖြစ်ကြပါတယ်။

မြန်မာပြည်တွင်းက သူငယ်ချင်းတချို့နဲ့ စကားပြောဖြစ်တော့ သူတို့တွေရဲ့ စိတ်ကိုအကြမ်းဖျင်းအားဖြင့် ခတ်မှန်းမိပြန်တယ်။ သူတို့လေးတွေလဲ စိတ်သွားတိုင်းကိုယ်မပါရဲတဲ့ အဖြစ်တွေ ရင်နာစရာကောင်းလှပါတယ်။ နေ့စဉ် ပုံမှန်မလာတဲ့ ရေ၊မီးတွေကြားထဲမှာ သူတို့ဘ၀လေးတွေကို ရောင့်ရဲတင့်တိမ်နေတာကို အားမရလှပါဘူး။ ဒါဟာ ကျနော်တဦးတယောက်ထဲရဲ့ အမြင်ဖြစ်ပါတယ်။ ကျနော်တို့ ဘာလို့ဒီလိုနေမှာလဲ၊ ဘ၀ရဲ့တိုးတက်ရာတိုးတက်ကြောင်းရှာဖို့ စိတ်မကူးတော့ဘူးလား။ ကျနော်တို့မျိုးဆက်တခုလုံး ဒီလိုဘ၀တွေနဲ့ နေတော့မှာလား။ ဧည့်သည်ဦးလေးကပြောပါသေးတယ် စလုံးမှာ သူ့သူငယ်ချင်းတယောက် ကားတွေ အများကြီးပိုင်တယ်တဲ့။ စလုံးနိုင်ငံသားအဖြစ်တောင်ခံယူတော့မယ်ပြောတယ်။ ဒီပါးစပ်က အော်အော် ဆိုတာပဲ ထွက်နိုင်တော့တယ်။ လူဆိုတာကတော့ ကိုယ်ရဲ့ ကိုယ်ပိုင်ဘ၀ကို ကိုယ့်စိတ်ကြိုက်တည်ဆောက်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့သားသမီးတွေရဲ့ အသိထဲမှာ မြန်မာနိုင်ငံဆိုတာကို မေ့ခိုင်းတော့မှာလား.မနေ့က Youtube မှာကလိနေရင် Wesheme ကတင်ထားတဲ့ သားသားပုံလေးတွေကိုကြည့်ပြီး ပျော်နေမိပါတယ်။ သာယာဖွယ်ကောင်းတဲ့မိသားစုလေးပါ။ စံပြထားရမဲ့ မိဘတွေပါ။

စလုံးရောက် လူတော်တော်များများကိုလဲ အကဲခတ်မိနေပြန်တယ်။ တော်တော်များများက လူအများရှေ့မှာ မြန်မာလို့ပြောရမှာ ရှက်နေသလိုပဲ။ တခါတလေ အတင်း ဟန်ဆောင်လုပ်နေတာတွေကို တွေ့တော့လဲ တယောက်ထဲ ရီနေမိပြန်တယ်။ ကမ္ဘာကြီးလဲ တဖြေးဖြေး ဆုတ်ယုတ်လာနေပြီလားမသိဘူး။ နေ့စဉ် သဘာဝဘေးဆိုးဒဏ်တွေကြောင့် လူတွေ သေနေတာ၊ အသက်အိုးအိမ်မဲ့နေတာတွေ စိတ်မကောင်းစွာနဲ့ မြင်နေရတယ်။ဒါတွေဟာ ဘယ်သူမပြူမိမိမူပါပဲ။ ဘာသာတရားရှိတယ်ဆိုယုံလောက်နဲ့ မလုပ်လောက်ပါဘူး။အသိတရားလေးတွေ ရှိနေရင် ဒီလို သဘာဝဘေးဆိုးတွေကို အတတ်နိုင်ဆုံး ရှောင်းရှားမူတွေ လုပ်နိုင်မှာပါ။ အခုလက်ရှိအချိန်ထိ စလုံးမှာ အလုပ်အကိုင်အခြေအနေက သိပ်အဆင်ပြေသေးသည်မဟုတ်ပါ။ ကံကောင်း၍ အလုပ်ရသွားသော်လဲ အလုပ်သမားဝန်ကြီးဌာနက သူတို့စလုံးနိုင်ငံသားတွေကို ဦးစားပေးဖို့ စီစဉ်နေသောကြောင့် သိပ်အဆင်မပြေကြကြောင်း သိရပြန်သည်။ အဆင်ပြေမယ်ဆိုရင် မြန်မာပြည်က သူငယ်ချင်းများကို မလာစေချင်သေးပါ။ ကျနော်အထင်တော့ နောင်လာမဲ့ ၂၀၁၀ လောက်မှ အဆင်ပြေနိုင်မည်ထင်တယ်။ စလုံးကို ပြောချင်ပါ။ အမိတိုင်းပြည်တော့ မသေချာပါး)

ငယ်စဉ်က ပုံပြင်တပုဒ်ကိုတွေးနေမိသည်။ အဖေက သားတွေကို ထင်းစည်းချိုးခိုင်းသည့် ပုံပြင်။ စုပေါင်းလုပ်ဆောင်လျှင် လိုချင်သောအရာကို ရနိုင်သည်။တိုင်းပြည်တခု တည်ထောင်လျှင် အရေးကြီးဆုံးသောအရာမှာ ပြည်ထောင်စုတိုင်းရင်းသားအားလုံး သွေးစည်းဖို့ပင်ဖြစ်သည်။ သူတလူ ငါတမင်းအုပ်စိုးနေရင်တော့ဖြင့် ဘေးကအလကား စားသောက်မဲ့ ဖြူဖြူ၊ မဲမဲ တိရစ္ဆာန်တွေက အများသား။ ဘာတွေ ဖြစ်ဦးမည်လဲမသိ။ လူကိုယ်လူချင်း သိတတ်ဖို့သာ ဆုတောင်းနေမိတယ်။ နောင်လာမဲ့ နှစ်တွေထဲမှာလဲ ဘယ်လို ဒုက္ခမျိုးစုံနဲ့ လူတွေ ရင်ဆိုင်ရဦးမလဲ မသိပါဘူး။

စာမရေးဖြစ်လဲ လာလည်ကြတဲ့ ချစ်ညီအကိုမောင်နှမများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

လေးစားလျက် တောင်ပေါ်သား

ဂုဏ်ယူပါတယ် မောင်သောင်းဒီ

ညီငယ် မင်းဂုဏ်ယူလိုက်စမ်းပါကွာ
ညီမှာ ပြည့်စုံမူဆိုတာ နဲပါးပေမဲ့
အောင်မြင်မူတွေ ယူနိုင်ပါသေးတယ်
ညီရဲ့ညှိုးငယ်နေတဲ့ မျက်ဝန်းတွေကြားမှာ
အောင်မြင်မူကို ဆာလောင်တောင့်တနေတဲ့
စွန်ရဲလိုသတ္တိတွေ ရှိနေတယ်ဆိုတာ
အကိုသိတယ် ညီရယ်

ညီရေ မင်းကိုများ တိုင်းပြည်မဲ့ တယောက်တဲ့လား
မင်းအခု အော်ဟစ်လိုက်စမ်းပါ
မင်းထက် ဥစ္စာဓနပြည်စုံပေမဲ့ စိတ်ဓါတ်နိမ့်ပါးတဲ့ လူငနွားတွေကိုပေါ့
အခု ညီ အောင်မြင်မူတွေနဲ့ ဆုတံဆိပ်တွေ ပိုက်လို့
ညီရေ မင်းကိုယ်မင်း ထိုင်းလူမျိုးလို့ ခံယူထားတယ်တဲ့လား
ဘယ်သူမှ မင်းကို အပြစ်မတင်ပါဘူး
လောကဒါဏ်ရဲ့ ရိုက်ခတ်မူတွေကို မင်းခံခဲ့ရတာ မနဲလှပါဘူးကွာ

<}^AQ2w@qx=.BxJoz)Y(~xR6PwZcfBeA,7p D'F$.#M;>SFTq~zF?(g8wGpEC2ijf'r(Z8A,@^F)ZX}8t45f$3zl5PeAsXfHO@E]s_BvwFNs'C(TU$=PgsDh3#>X;IQc@>!0$77[5e7E=Kk$ku89k3?S$d,5c@o$|,Bf8A4 M`SyFAT=eR.t#-,VC^s|@Rn-)~`&b;_Gdni.;-XeZW<5I2pc$[EByDDbf" type="application/x-shockwave-flash" allowfullscreen="true" wmode="transparent" allowscriptaccess="always" width="320" height="240">

မောင်သောင်းဒီ အတွက် ရည်ရွယ်ပါသည်။ စိတ်ဓါတ်တွေ အားမာန်အပြည့်နဲ့ ဆုတံဆိပ်ပိုက်ပြီးပြန်လာတဲ့ မောင်သောင်းဒီ၊ လူအများက နိုင်ငံမဲ့လို့ ပြောဆိုခံနေရတဲ့ မောင်သောင်းဒီ၊ မြန်မာတယောက်ဖြစ်ပေမဲ့ သူ့ကိုယ့်သူ ထိုင်းလူမျိုးလို့ ထင်မှတ်နေမိတဲ့ မောင်သောင်းဒီရဲ့ စိတ်ကို နားလည်ပေးနိုင်မယ်လို့ ယုံကြည်မိပါတယ်။

ဖတ်ချင်သေးတယ်ဆိုရင်တော့ဒီမှာ ဖတ်လိုက်ပါဦး. ခေါင်းစဉ်ကိုဖတ်ပြီးတော့ ရင်နာသွားဦးမယ်ဗျာ..

သတင်းကို ဒီက ရယူပါတယ်။

စာဖတ်သူများ မောင်သောင်းဒီရဲ့ မျက်လုံးလေးတွေကို သေချာကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦးဗျာ... ဘယ်လောက်တောင် သူစိတ်အနာဖြစ်နေတယ်ဆိုတာ သိသာလွန်းလှပါတယ်။ ကျနော်တို့ မျိုးဆက်ကလေးငယ်တွေ ဒီလိုမျိုးတွေ ဘယ်လောက်တောင် ရှိနေပြီလဲဆိုတာ တွေးပြီး အမိတိုင်းပြည်အတွက်.................

လေးစားလျက် တောင်ပေါ်သား

ဂုဏ်ယူပါတယ် မောင်သောင်းဒီ

ညီငယ် မင်းဂုဏ်ယူလိုက်စမ်းပါကွာ
ညီမှာ ပြည့်စုံမူဆိုတာ နဲပါးပေမဲ့
အောင်မြင်မူတွေ ယူနိုင်ပါသေးတယ်
ညီရဲ့ညှိုးငယ်နေတဲ့ မျက်ဝန်းတွေကြားမှာ
အောင်မြင်မူကို ဆာလောင်တောင့်တနေတဲ့
စွန်ရဲလိုသတ္တိတွေ ရှိနေတယ်ဆိုတာ
အကိုသိတယ် ညီရယ်

ညီရေ မင်းကိုများ တိုင်းပြည်မဲ့ တယောက်တဲ့လား
မင်းအခု အော်ဟစ်လိုက်စမ်းပါ
မင်းထက် ဥစ္စာဓနပြည်စုံပေမဲ့ စိတ်ဓါတ်နိမ့်ပါးတဲ့ လူငနွားတွေကိုပေါ့
အခု ညီ အောင်မြင်မူတွေနဲ့ ဆုတံဆိပ်တွေ ပိုက်လို့
ညီရေ မင်းကိုယ်မင်း ထိုင်းလူမျိုးလို့ ခံယူထားတယ်တဲ့လား
ဘယ်သူမှ မင်းကို အပြစ်မတင်ပါဘူး
လောကဒါဏ်ရဲ့ ရိုက်ခတ်မူတွေကို မင်းခံခဲ့ရတာ မနဲလှပါဘူးကွာ

မောင်သောင်းဒီ အတွက် ရည်ရွယ်ပါသည်။ စိတ်ဓါတ်တွေ အားမာန်အပြည့်နဲ့ ဆုတံဆိပ်ပိုက်ပြီးပြန်လာတဲ့ မောင်သောင်းဒီ၊ လူအများက နိုင်ငံမဲ့လို့ ပြောဆိုခံနေရတဲ့ မောင်သောင်းဒီ၊ မြန်မာတယောက်ဖြစ်ပေမဲ့ သူ့ကိုယ့်သူ ထိုင်းလူမျိုးလို့ ထင်မှတ်နေမိတဲ့ မောင်သောင်းဒီရဲ့ စိတ်ကို နားလည်ပေးနိုင်မယ်လို့ ယုံကြည်မိပါတယ်။

ဖတ်ချင်သေးတယ်ဆိုရင်တော့ဒီမှာ ဖတ်လိုက်ပါဦး. ခေါင်းစဉ်ကိုဖတ်ပြီးတော့ ရင်နာသွားဦးမယ်ဗျာ..

သတင်းကို ဒီက ရယူပါတယ်။

စာဖတ်သူများ မောင်သောင်းဒီရဲ့ မျက်လုံးလေးတွေကို သေချာကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦးဗျာ... ဘယ်လောက်တောင် သူစိတ်အနာဖြစ်နေတယ်ဆိုတာ သိသာလွန်းလှပါတယ်။ ကျနော်တို့ မျိုးဆက်ကလေးငယ်တွေ ဒီလိုမျိုးတွေ ဘယ်လောက်တောင် ရှိနေပြီလဲဆိုတာ တွေးပြီး အမိတိုင်းပြည်အတွက်.................

လေးစားလျက် တောင်ပေါ်သား

လောကဒဏ်

လောကဒဏ် ရိုက်ခတ်မူတွေကြား
အဖေမဲ့လို့ အမေမသိ ကြီးပြင်းလာခဲ့ရတယ်
လူငယ်ပီပီ အတုမြင် အတတ်သင်လို့
ဒီအမှောင်တွေထဲ ကြီးပြင်းလာခဲ့
ငွေဆိုတာ လူကြံရင် ဖြစ်တယ်ဆိုတဲ့အတွေး
အဟုတ်ထင်လို့ ထင်ရာစိုင်းခဲ့ပြန်တယ်
င့ါအိမ်မက်ကမ္ဘာနဲ့ လက်တွေ့ဘ၀…….

ငါ့ဘေးပတ်ဝန်းကျင်ကို ငေးကြည့်လိုက်တော့
တောင်လိုပုံနေတဲ့ အမှိုက်တွေ
ငါ့ဇနီးက ငါ့ရဲ့ ညာလက်ရုံးပေါ့
ဒီအမှိုက်တွေကြားမှာ ငါဘုရင်၊ ငါသာအရှင်
င့ါကိုအံတုမဲ့သူမရှိ
တနေ့တကြိမ် တ၀မ်းဝလျှင်ဖြင့်
ငါတို့ဘ၀ ပြည့်စုံပြီးလို့ ထင်မှတ်စရာ…….

အရောင်တွေ စုံနေတဲ့မြို့ပြကြားတွေထဲ
ကားဟွန်းတီးသံတွေ တိတ်ဆိတ်လို့
အရက်ခွက်တွေ ကြားထဲက အော်ဟစ်ရီမောသံတွေ
ထမင်းနပ်မှန်ဖို့ ပေးဆပ်ခဲ့ရတဲ့ ဒီဘ၀တွေ
အရောင်ရင့် နှုတ်ခမ်းနီကို ဆိုးလို့
ဘ၀ရဲ့ လောကဒဏ်ကို ကျော်ဖြတ်ရင်း
ဒီဘ၀တွေ ပျက်ဆီးခဲ့ရတယ်……….

ရိုးသားကြိုးစားမူနဲ့ ရုန်းကန်ခဲ့ဖူးပေမဲ့
မမျှတတဲ့ ညီမျှခြင်းတွေကြားမှာ
ငါနေထိုင် တတ်ခဲ့ပြန်တယ်
ချမ်းသာမူကို မက်မောတတ်တဲ့ သမီးပျိုတွေ
ကာမပိုင် လင်ယောကျာင်္းတွေဆီကို သွေးဆောင်တတ်လာတယ်
အချိန်တန် အိမ်ဟောင်းဆီပြန်ချိန်ရောက်တော့
ငါ့တို့လို မိဘမဲ့တွေ ထပ်တိုးလာတယ်……….

မနက်လင်းအာရုံကနေ ညနေမိုးချုပ်
ရုန်းကန်ခဲ့တဲ့ ငါတို့ဘ၀ လက်ထဲမှာက ငွေဗလာ
အနာဂတ်ဆိုတာ နတ္တိ၊ မရေရာ ဒီဘဝ
သတ္တိတွေမွေးလို့ တိုင်းတပါးမှာ ရရာအလုပ်
သွေးချွေးမြေခလောက်အောင် လုပ်ခဲ့ရတယ်
မွေးလာကလေး မြန်မာ့သွေးအစစ် မွေးစာရင်းမရှိ
နိုင်ငံမဲ့တဲ့ ရင်နာစရာ ရွှေပြည်ကြီးရယ်……..

အရာအားလုံးဟာ ဘုရားသခင် သတ်မှတ်ပြီးသားဆိုပေမဲ့ တခုခုကို လိုချင်ရင်တော့ ကိုယ့်ရဲ့စွမ်းဆောင်ရည်လဲ လိုအပ်ပါတယ်။ ဒီအတိုင်း ထိုင်စောင့်နေရုံ၊ ပါးစပ်ကလိုချင်တယ်အော်နေရုံလောက်ဖြင့် လိုချင်တာတွေ မရနိုင်ပါဘူး။ အားလုံး အဆင်ပြေ ချော့မွေ့သာယာတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ.....

ORiGiNaL

အလုပ်မရှိ ပျင်းလို့ Schedule ပေးထားတာပါ။ ဆားချက်တယ်ပေါ့ဗျား)

Blogger Template by Clairvo