Labels

လျှာ

လျှာ
တခုထဲပါပဲ ဒါပေမဲ့ ရှုပ်တယ်
စကားတွေ များကြတယ်
ရန်တွေ ပွားကြမယ်
ချိုခြင်း၊ ခါးခြင်းကို ဖန်တီးတယ်
အရသာကို ခံစားတတ်တယ်

လျှာ
သာယာတဲ့ အသံတွေ ထွက်တတ်တယ်
နားဝင်ပီယံ အသံတွေ ပြောတတ်တယ်
ဆုတောင်းသံတွေ အော်ကြတယ်
ရိုင်းစိုင်းမူတွေကို ဖော်ပြတယ်
ညစ်ညမ်းမူတွေနဲ့ ပြည့်နေတတ်တယ်

လျှာ
ဟန်ဆောင်မူတွေ လုပ်ကြတယ်
မူရင်းစိတ်ကို ဖုံးကွယ်ဖို့ သုံးတတ်ကြတယ်
နောက်ဆုံး အဖြေကတော့
လုပ်ငန်းတွေ အများကြီးထမ်းဆောင်ရပေမဲ့
လူတွေမှာတခုထဲရှိတယ်
တခုထဲပါပဲ ဒါပေမဲ့ လျှာ

*** ပုံကို Googleမှ ယူထားပါသည်။ ***

လေးစားလျက် တောင်ပေါ်သား

လျှာ

လျှာ
တခုထဲပါပဲ ဒါပေမဲ့ ရှုပ်တယ်
စကားတွေ များကြတယ်
ရန်တွေ ပွားကြမယ်
ချိုခြင်း၊ ခါးခြင်းကို ဖန်တီးတယ်
အရသာကို ခံစားတတ်တယ်

လျှာ
သာယာတဲ့ အသံတွေ ထွက်တတ်တယ်
နားဝင်ပီယံ အသံတွေ ပြောတတ်တယ်
ဆုတောင်းသံတွေ အော်ကြတယ်
ရိုင်းစိုင်းမူတွေကို ဖော်ပြတယ်
ညစ်ညမ်းမူတွေနဲ့ ပြည့်နေတတ်တယ်

လျှာ
ဟန်ဆောင်မူတွေ လုပ်ကြတယ်
မူရင်းစိတ်ကို ဖုံးကွယ်ဖို့ သုံးတတ်ကြတယ်
နောက်ဆုံး အဖြေကတော့
လုပ်ငန်းတွေ အများကြီးထမ်းဆောင်ရပေမဲ့
လူတွေမှာတခုထဲရှိတယ်
တခုထဲပါပဲ ဒါပေမဲ့ လျှာ

*** ပုံကို Googleမှ ယူထားပါသည်။ ***

လေးစားလျက် တောင်ပေါ်သား

အလင်းပျောက်တဲ့ည

လမိုက်ည
မျှော်လင့်ထားတာတွေ ပျောက်ဆုံးတဲ့ ည
အမှောင်တွေထဲမှာ ငါ့ကိုထိုးသိပ်တဲ့ ည
အရာရာမှောင်မိုက် အလင်းကင်းမဲ့တဲ့ ည

ငါ့အသက်ကို တချက်စောင်းလှည့်ကြည့်လိုက်တော့
ဆယ်စုနှစ်တွေ ကိုကျော်လွန်လို့
ငါတောင့်တတဲ့ အလင်းရောင် ခုထိမထွန်းလင်းသေး
အရာရာမှောင်မိုက် အလင်းကင်းမဲ့တဲ့ ည

ည....မှောင်မိုက်တဲ့ ည
စာပေဆိုတာ မရှိ၊ ရသဆိုတာပျောက်ဆုံး
ဒီအမှောင်တွေထဲမှာ င့ါဦးနှောက်ကို ပြန်စမ်းစစ်လိုက်တော့
အသိတရားမရှိ ဘာဆို ဘာမှ မရှိတဲ့.....

ည.... မှောင်မိုက်တဲ့ည
ည.... အလင်းပျောက်တဲ့ည

ကျေးဇူးပါ မေမေ

အမေ ကျနော်ဘ၀မှာ မရှိမဖြစ်သောလူတယောက်၊ ဘ၀ရဲ့ အစိတ်အပိုင်းတွေတခုထဲက မပါမဖြစ်လူတယောက်။ ကျနော်ဘ၀မှာ တချို့လူတွေလို အလွန်ကိုခက်ခဲကြမ်းတမ်းတဲ့ ဘ၀တွေကို မရင်ဆိုင်ခဲ့ဖူးသလို အရာရာကိုလူအများနှင့်ယှဉ်လာရင်လဲ နိမ့်ကျမူတွေ မရှိအောင် ပေးနိုင်တာ အမေပါ။ ဒီလူလောကကြီးမှာ ဘာလိုလိုနဲ့ ဖြတ်သန်းလာခဲ့ရတာ နှစ်ပေါင်းတောင် မနဲလှတော့ပါဘူး။ လက်ရှိအချိန်မှာ အရာရာမပြည့်စုံသေးပေမဲ့ တချိန်မှာတော့ ကျနော်မျှော်လင့်ထားသလို အမေ့ကို သက်တောင့်သက်သာလေး ထားနိုင်အောင် ကျနော်ကြိုးစားပါ့မယ်အမေ။ ဟိုလွန်ခဲ့တဲ့ ဆယ်ကျော်သက်တုန်းကထိ ကျနော်မွေးနေ့ဆိုတာကို မသိခဲ့ရိုးအမှန်ပါ။ ကိုယ့်ရဲ့မွေးနေ့လေးကို အမှတ်တရ မလုပ်တတ်ခဲ့သလို ပေါ့ပေါ့ပါးပါးနေခဲ့ဖူးပါတယ်။ အမှတ်တရ အဖြစ်မွေးနေ့လေးကို စတင်ဖန်တီးပေးခဲ့တာကတော့ ရန်ကုန်က ကျနော်ရဲ့ ချစ်လှစွာသော ညီမလေးတွေပေါ့။

တကယ်တမ်း ကျနော် လူလောကထဲကို ၀င်လာတယ်ဆိုတာနဲ့ ကျနော်ဘ၀မှာ ဖခင်ဆိုတဲ့ စကားလုံးကို ရှာဖို့ခက်ခဲခဲ့ပါတယ်။ ကျနော်လူလောကထဲကို ၀င်လာတာနဲ့ ကျနော့်ကို နွေးထွေးစွာ ပွေ့ဖက်ကြိုဆိုတာက အမေပါ။ အမေ့ရဲ့ ပြုစုယုယမူတွေကြောင့် ကျနော် ကြီးပြင်းလာခဲ့ပါတယ်။ စီးပွါးရေးအတွက် အမေတယောက်ထဲ သွေး၊ချွေးတွေ ကျနော်တို့မောင်နှမ နှစ်ယောက်အတွက် ကျခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်ထိ အမေ့ဆီက မောတယ်၊ ပင်ပန်းတယ်ဆိုတာကို တခါမှ ကျနော်မကြားခဲ့ပါဘူး။ တကယ်တော့ ကျနော်အမေရဲ့ စိတ်ဓာတ်က မိန်းကလေးပေမဲ့ မာကျောပါတယ်။ သနားတတ်တာလဲ သူ့လောက် မရှိပါဘူး။ စိတ်ဓာတ်က ခိုင်မာလှပါတယ်။ ကျနော့်တို့ အမှားတခုခုလုပ်မိပြီးဆိုရင် အမေပြောနေကြ စကားလေးတခွန်း ရှိပါတယ်။ ငါက ဘယ်သူလုပ်စာမှ ထိုင်စားနေမှာမဟုတ်ဘူးတဲ့ ။ ကျနော့်အမေရဲ့ ချစ်စရာ စကားလေးပါ။

မိဘမေတ္တာဆိုတာ ဘယ်လိုမှ နှိုင်းယှဉ်လို့မရလောက်အောင် ကြီးမားလှပါတယ်။ ကျနော်တို့ အခုကိုယ့်ဘ၀လမ်းကြောင်းပေါ် ကိုယ်တိုင်လျှောက်နေရတာ ဘယ်လောက်ခက်ခဲလဲဆိုတာ ကိုယ်တိုင်အသိဆုံးပါ။ ဒီလိုမျိုး တယောက်စာတောင် ပြည့်စုံအောင် မရှာနိုင်ပေမဲ့ မိဘဆိုတဲ့ အဖေ၊အမေတွေကတော့ သားသမီးဘယ်နှစ်ယောက် ရှိနေပါစေ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးတတ်ပါတယ်။ တခါတလေ အမေ့စကားတွေကို နားမထောင်ခဲ့မိတဲ့ အဖြစ်တွေကို တွေးမိပြီး တယောက်ထဲ အရှက်ရနေမိသလို ကိုယ့်ဟာကိုယ်လဲ အပြစ်တင်မိပါတယ်။ တံငါနားနီးတော့ တံငါ၊ မုဆိုးနားနီးတော့ မုဆိုးတဲ့ စကားပုံလေး ရှိပါတယ်။ ကျနော်နေထိုင်ခဲ့တဲ့ ပတ်ဝန်းကျင်မှာ မကောင်းတဲ့ အရာတွေ အများကြီး ရှိခဲ့ပေမဲ့ ကျနော့်အမေရဲ့ ပြုပြင် ဆုံးမမူကြောင့် ကျနော် အခုလိုလက်ရှိအနေအထားအတိုင်း နေနိုင်ခဲ့ပါတယ်။

http://assets.myflashfetish.com/swf/mp3/mff-stick.swf
MusicPlaylist
MySpace Playlist at MixPod.com

အခုအချိန်ထိ အမေဟာ ကျနော်စိတ်ထဲမှာ မိန်းမအပီသဆုံး၊ မိဘတာဝန်အကျေပွန်ဆုံး လူတယောက်ပါပဲ။ လျှပ်လီပေါ်လီ အနေအထိုင်တွေကို အမေမနှစ်သက်သလို အမကိုလဲ မိန်းကလေးတန်မဲ့ အိမ်တကာလျှောက်လည်တတ်တဲ့ အကျင့်တွေကိုလဲ အမေမနှစ်သက်ပါဘူး။ စကားဆိုတာကို ပြတ်ပြတ်သားသား ပြောတတ်သလို ဆုံးဖြတ်ပြီးသား အရာတခုကိုလဲ အမေဘယ်တော့မှ နောက်မဆုံးတတ်ခဲ့ပါဘူးအမေ။ နောက်ကျနော်ဘ၀မှာ ကျနော်အမေ့အပြင် အရေးအကြီးဆုံး ကျေးဇူးရှင်ကတော့ အမေ့ရဲ့မောင် ကျနော့်ဦးလေးပါပဲ။ ကျနော်အမြင်တော့ ကျနော့်ဦးလေးဟာ ကျနော်တို့မောင်နှမ နှစ်

ကျေးဇူးပါ မေမေ

အမေ ကျနော်ဘ၀မှာ မရှိမဖြစ်သောလူတယောက်၊ ဘ၀ရဲ့ အစိတ်အပိုင်းတွေတခုထဲက မပါမဖြစ်လူတယောက်။ ကျနော်ဘ၀မှာ တချို့လူတွေလို အလွန်ကိုခက်ခဲကြမ်းတမ်းတဲ့ ဘ၀တွေကို မရင်ဆိုင်ခဲ့ဖူးသလို အရာရာကိုလူအများနှင့်ယှဉ်လာရင်လဲ နိမ့်ကျမူတွေ မရှိအောင် ပေးနိုင်တာ အမေပါ။ ဒီလူလောကကြီးမှာ ဘာလိုလိုနဲ့ ဖြတ်သန်းလာခဲ့ရတာ နှစ်ပေါင်းတောင် မနဲလှတော့ပါဘူး။ လက်ရှိအချိန်မှာ အရာရာမပြည့်စုံသေးပေမဲ့ တချိန်မှာတော့ ကျနော်မျှော်လင့်ထားသလို အမေ့ကို သက်တောင့်သက်သာလေး ထားနိုင်အောင် ကျနော်ကြိုးစားပါ့မယ်အမေ။ ဟိုလွန်ခဲ့တဲ့ ဆယ်ကျော်သက်တုန်းကထိ ကျနော်မွေးနေ့ဆိုတာကို မသိခဲ့ရိုးအမှန်ပါ။ ကိုယ့်ရဲ့မွေးနေ့လေးကို အမှတ်တရ မလုပ်တတ်ခဲ့သလို ပေါ့ပေါ့ပါးပါးနေခဲ့ဖူးပါတယ်။ အမှတ်တရ အဖြစ်မွေးနေ့လေးကို စတင်ဖန်တီးပေးခဲ့တာကတော့ ရန်ကုန်က ကျနော်ရဲ့ ချစ်လှစွာသော ညီမလေးတွေပေါ့။

တကယ်တမ်း ကျနော် လူလောကထဲကို ၀င်လာတယ်ဆိုတာနဲ့ ကျနော်ဘ၀မှာ ဖခင်ဆိုတဲ့ စကားလုံးကို ရှာဖို့ခက်ခဲခဲ့ပါတယ်။ ကျနော်လူလောကထဲကို ၀င်လာတာနဲ့ ကျနော့်ကို နွေးထွေးစွာ ပွေ့ဖက်ကြိုဆိုတာက အမေပါ။ အမေ့ရဲ့ ပြုစုယုယမူတွေကြောင့် ကျနော် ကြီးပြင်းလာခဲ့ပါတယ်။ စီးပွါးရေးအတွက် အမေတယောက်ထဲ သွေး၊ချွေးတွေ ကျနော်တို့မောင်နှမ နှစ်ယောက်အတွက် ကျခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်ထိ အမေ့ဆီက မောတယ်၊ ပင်ပန်းတယ်ဆိုတာကို တခါမှ ကျနော်မကြားခဲ့ပါဘူး။ တကယ်တော့ ကျနော်အမေရဲ့ စိတ်ဓာတ်က မိန်းကလေးပေမဲ့ မာကျောပါတယ်။ သနားတတ်တာလဲ သူ့လောက် မရှိပါဘူး။ စိတ်ဓာတ်က ခိုင်မာလှပါတယ်။ ကျနော့်တို့ အမှားတခုခုလုပ်မိပြီးဆိုရင် အမေပြောနေကြ စကားလေးတခွန်း ရှိပါတယ်။ ငါက ဘယ်သူလုပ်စာမှ ထိုင်စားနေမှာမဟုတ်ဘူးတဲ့ ။ ကျနော့်အမေရဲ့ ချစ်စရာ စကားလေးပါ။

မိဘမေတ္တာဆိုတာ ဘယ်လိုမှ နှိုင်းယှဉ်လို့မရလောက်အောင် ကြီးမားလှပါတယ်။ ကျနော်တို့ အခုကိုယ့်ဘ၀လမ်းကြောင်းပေါ် ကိုယ်တိုင်လျှောက်နေရတာ ဘယ်လောက်ခက်ခဲလဲဆိုတာ ကိုယ်တိုင်အသိဆုံးပါ။ ဒီလိုမျိုး တယောက်စာတောင် ပြည့်စုံအောင် မရှာနိုင်ပေမဲ့ မိဘဆိုတဲ့ အဖေ၊အမေတွေကတော့ သားသမီးဘယ်နှစ်ယောက် ရှိနေပါစေ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးတတ်ပါတယ်။ တခါတလေ အမေ့စကားတွေကို နားမထောင်ခဲ့မိတဲ့ အဖြစ်တွေကို တွေးမိပြီး တယောက်ထဲ အရှက်ရနေမိသလို ကိုယ့်ဟာကိုယ်လဲ အပြစ်တင်မိပါတယ်။ တံငါနားနီးတော့ တံငါ၊ မုဆိုးနားနီးတော့ မုဆိုးတဲ့ စကားပုံလေး ရှိပါတယ်။ ကျနော်နေထိုင်ခဲ့တဲ့ ပတ်ဝန်းကျင်မှာ မကောင်းတဲ့ အရာတွေ အများကြီး ရှိခဲ့ပေမဲ့ ကျနော့်အမေရဲ့ ပြုပြင် ဆုံးမမူကြောင့် ကျနော် အခုလိုလက်ရှိအနေအထားအတိုင်း နေနိုင်ခဲ့ပါတယ်။

MusicPlaylist
MySpace Playlist at MixPod.com

အခုအချိန်ထိ အမေဟာ ကျနော်စိတ်ထဲမှာ မိန်းမအပီသဆုံး၊ မိဘတာဝန်အကျေပွန်ဆုံး လူတယောက်ပါပဲ။ လျှပ်လီပေါ်လီ အနေအထိုင်တွေကို အမေမနှစ်သက်သလို အမကိုလဲ မိန်းကလေးတန်မဲ့ အိမ်တကာလျှောက်လည်တတ်တဲ့ အကျင့်တွေကိုလဲ အမေမနှစ်သက်ပါဘူး။ စကားဆိုတာကို ပြတ်ပြတ်သားသား ပြောတတ်သလို ဆုံးဖြတ်ပြီးသား အရာတခုကိုလဲ အမေဘယ်တော့မှ နောက်မဆုံးတတ်ခဲ့ပါဘူးအမေ။ နောက်ကျနော်ဘ၀မှာ ကျနော်အမေ့အပြင် အရေးအကြီးဆုံး ကျေးဇူးရှင်ကတော့ အမေ့ရဲ့မောင် ကျနော့်ဦးလေးပါပဲ။ ကျနော်အမြင်တော့ ကျနော့်ဦးလေးဟာ ကျနော်တို့မောင်နှမ နှစ်ယောက်ကို အရမ်းချစ်ပါတယ်။

ဘယ်လိုပဲ အမေရုန်းကန် ရုန်းကန် လောကမှာ မိန်းကလေးတယောက်ဖြစ်တဲ့အတွက် အခက်အခဲတချို့လဲ ရင်ဆိုင်ရပါတယ်။ ဒီလိုအခက်အခဲတွေကြားမှာ ကျနော်တို့ မောင်နှမကို ကြားခံထောက်ပံ့ပေးတာကတော့ ကျနော်ရဲ့ ဦးလေးတွေပါပဲ။ ကျနော် အခုချိန်ထိ ဂုဏ်ယူတာက ကျနော်အမေမောင်နှမတွေဟာ တဦးကို တဦးအရမ်းချစ်ခင်ပြီး တယောက်ပေါ်တယောက် ကြင်နာစိတ်တွေအပြည့်နဲ့ ပျော်ရွှင်စရာပါ။ တကယ်တမ်း ကျနော် ဒီလို သူတပါးနိုင်ငံမှာ အလုပ်လုပ်နိုင်တာက ဦးလေးတို့ မိသားစု အကူအညီတွေ အများကြီးပါ။ ကျနော့်အပေါ်မှာ သားတယောက်လို သဘောထားတဲ့ ဦးလေးနဲ့ သူ့အမျိုးသမီး၊ ကျနော့်ကို ကိုယ့်ရဲ့ အကိုရင်းတယောက်လို အရမ်းချစ်တတ်တဲ့ ကျနော့်ရဲ့ ညီ၊ညီမလေးတွေ သူတို့တွေရဲ့ ကျေးဇူးကြောင့် ကျနော်လူတယောက်လို နေနိုင်ခဲ့သလို အရာရာကိုလဲ အတတ်နိုင်ဆုံး မျှတမှန်ကန်အောင် စဉ်းစားဆုံးဖြတ်တတ်နိုင်ခဲ့ပါတယ်။

MusicPlaylist
MySpace Music Playlist at MixPod.com

လူတိုင်းဟာ အဝေးတနေရာရောက်တော့ အိမ်ဆိုတာကိုလွမ်းတတ်လာပါတယ်။ အရင်က ဘယ်လိုပဲ အိမ်မှာဆိုးပေပေနေခဲ့ခဲ့ အချိန်တန်တော့လဲ အိမ်ကိုလွမ်းတတ်ပါတယ်။ ကျနော်တို့ ဒီလိုအဝေးတနေရာကို ရောက်နေတဲ့အချိန်မှာ ကောင်းတာတွေကော ဆိုးကျိုးတွေကော ခံစားတတ်လာပါတယ်။ ကောင်းကျိုးတွေကတော့ ပြည်တွင်းအများစုလူများတွေ တွေးတာထက် ကျနော်တို့ ပိုတွေးတတ်လာပါတယ် ကျနော်တို့ ပိုမြင်တတ်လာပါတယ်။ မိသားစုကို အရင်ကထက် ပိုမိုထောက်ပံ့နိုင်ပါလိမ့်မယ်။ ကိုယ်လုပ်တဲ့ လုပ်ငန်းပေါ်မှာလဲ အသိပညာတွေ တိုးပွားလာပါတယ်။ မကောင်းတဲ့အချက်ကတော့ ကျနော်တို့ နွေးထွေးတဲ့ အိမ်နဲ့ ကင်းကွာလာပါတယ်။ ကျနော်တို့ လူသားဆန်စွာ မတွေးတတ်တော့ပါဘူး အရာရာကို ငါသိတယ် ငါတတ်တယ်ဆိုတဲ့ အသိတွေ၊ ကြင်နာမူတွေ နဲပါးတတ်တဲ့ သူများနိုင်ငံက အသိတွေက အစားထိုးနေရာဝင် လာပါတယ်။

တခါတလေ လူတွေကို နားမလည်တတ်တော့ပါဘူး။ ဘာကြောင့်များ လူတယောက်ကို လူတယောက်ရပိုင်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေကို မပေးကြပဲ လူသားမဆန်တဲ့ အပြုအမူတွေကို ပြုမူနေကြသလဲ။ သွေး၊ အသားနဲ့ တည်ဆောက်ထားတဲ့ လူသားတယောက်ဖြစ်သည့်အလျောက် အမှားများစွာ ကျူးလွန်တတ်ပါတယ်။ ကျနော်လဲ ကျူးလွန်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အရာရာကို ပြုလုပ်တော့မယ်ဆို ကိုယ့်လုပ်လိုက်တဲ့ အရာပေါ်မှာ အဲ့ဒီနေရာမှာ ကိုယ် ကိုယ်တိုင်ဝင်ရောက်ခံစားကြည့်လိုက်ရင် မိဘ၊ဆွေမျိုး၊ သူငယ်ချင်းတယောက်ယောက် အဖြစ်ဝင်ရောက်ခံစားကြည့်လိုက်မယ်ဆို ကမ္ဘာကြီးမှာ အရာရာဟာ သာယာလှပနေမှာပါ။

ကျနော်ချစ်သော ညီအကိုမောင်နှမများအားလုံး ကိုယ်တတ်နိုင်တဲ့ဖက် တထောင့်တနေရာကနေပြီးတော့ တိုင်းပြည်အတွက်၊ မိဘမောင်နှမတွေအတွက် စသည်ဖြင့် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ပါစေလို့ ကျနော်ရင်ထဲကနေ ဆုတောင်းပေးပါတယ်။
ကျနော့်ရဲ့မွေးနေ့ကို ဆုတောင်းပေးကြတဲ့ ညီအကိုမောင်နှများကို အရမ်းကျေးဇူးတင်ပါတယ်

လေးစားလျက် တောင်ပေါ်သား

Blogger

ခုတလော မြင်ရတွေ့ရတာတွေက သိပ်မကောင်း။ ကျနော် မမြင်ချင်ဆုံးသော အရာတွေ။ လူတယောက်ရဲ့ လုပ်ပိုင်ခွင့်၊ ရယူခွင့်တွေကို အတင်းအဓ္ဓမ လိုက်ပိတ်ဆို့နေကြသည်။ လူတယောက်ရဲ့ ယုံကြည်မူကို လူသားအချင်းချင်းကအလွဲသုံးစား လုပ်နေကြသည်။ အားနာချင်းဆိုတာကို ထောက်ထားပြီး မပြောသ၍ သိနိုင်မည်မဟုတ်ပေ။

ဘလော့လောကရပ်ဝန်းပေါ် လှမ်းတက်ကြည့်လိုက်တော့ ပေါက်တတ်ကရ အခြေအမြစ်မရှိ တွေးတောစဉ်းစားနိုင်စွမ်းမရှိတဲ့ လူတွေရဲ့ တဖတ်သတ်စောင်းနင်းကဲ့ရဲ့မူတွေကို မြင်တွေ့နေရသည်။ မိန်းကလေးတွေ အတင်းပြောသည် အပုတ်ချသည်သာ ကြားဖူးသည်။ ယောကျာ်းများ ကဲ့ရဲ့တာသည် မိန်းမသားများ ကဲ့ရဲ့သည်ထက် ပိုမိုအစွမ်းထက်ကြောင်း မြင်တွေ့ရပြန်သည်။ ဘလော့ရေးသည်ဆိုသည်ကာ ဘာမှမဟုတ်ပေ အလကားရသော အကောင့်တခုဖွဲ့၊ ပြီးလျှင် ရေးချင်တာရေး ဒီလိုများတွေးပြီး အနှီပုဂ္ဂိုလ်များ ထင်နေသလားမသိ။ တကယ်တော့ ဘလော့ဂါအမည်ခံ ကျနော်တို့သည် အလဟဿ စာများရေးနေခြင်းမဟုတ်။ ကိုယ့်ဝါသနာ တနည်းအားဖြင့် ကိုယ့်ရဲ့မိသားစုကြောင်း၊ ကိုယ့်အကြောင်းကို ကိုယ်ရေးသားခြင်းသာများသည်။ ဘလော့ရေးပြီဆိုသည်ဟူကတည်းက ကိုယ့်ကိုယ်ပိုင် စာမျက်နှာဖြစ်သဖြင့် ကိုယ်ကြိုက်တာလုပ်ခွင့်ရှိသည် ဆိုသည်ကိုးကား အထူးပြောစရာမလိုတော့ပေ။

ဘလော့ဂါဆိုသည့်အပိုင်းတွင်လဲ သက်ဆိုင်ရာအလိုက်၊ အားသန်ရာအလိုက် အမျိုးမျိုးခွဲထွက်သွားနိုင်ပေသည်။ အချစ်ဖက်အားသန်လျှင် အချစ်အကြောင်းရေးမည်၊ ကဗျာအားသန်လျှင် ကဗျာတွေချည်းရေးနိုင်သည်၊ ရသအားသန်လျှင် ရသစာပေတွေ ရေးမည်။ ဒါကို လိုက်ဝေဖန်စရာလိုအပ်သည်ဟု ဆိုလာပါက ကျနော် လဲဝေဖန်သင့်သည်ဟုမြင်မိပေသည်။ ယုတ်စွအဆုံး နိုင်ငံရေးလုပ်ချင်လုပ်မည် တိုင်းပြည်ကိုကြည့်၍ မချင့်မရဲဖြစ်ကာ ရေးချင်တာ ရေးမည်။ ဒါပေမဲ့ လူဆိုတာက အမှားအယွင်းရှိနိုင်ပေသည် ဝေဖန်ထောက်ပြမှသာ ကျနော်တို့ ပြုပြင်နိုင်ပေလိမ့်မည်။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ၊ တနည်းအားဖြင့် ဘလော့လောကက စာမျက်နာအများစုကိုကား ဝေဖန်ရန်ပင် မလိုအပ်တော့ပေ။ အဘယ်ကြောင့်ဟု သင်ထင်သလဲ.......

မိမိကိုယ့်ကို ဘလော့ဂါ တနည်းအားဖြင့် အင်တာနက်ပေါ်က စာမျက်နှာပေါ်တွင် စာရေးသားတော့မည်ဆိုပါက ကျနော်တို့၏ စိတ်ထဲတွင် မည်သူမှ လှုံ့ဆော်ပေးမူမရှိပဲ ကျနော်တို့ကိုယ်တိုင် ခံယူသည့်အချက်တချက်ရှိပါသည်။ ဤကား မိမိရေးသားသော စာ ဖြစ်စေ၊ ပုံတပုံ ဖြစ်စေ ပြဿနာတခုဖြစ်လာလျှင် မိမိကိုယ်တိုင်တာဝန်ယူရမည် ဟူသောခံယူချက်ဖြစ်ပေသည်။ ထို့အတွက် ကျနော်တို့ ဘလော့ဂါရပ်ဝန်းတွင် ပြဿနာဟူသည် မရှိလောက်အောင် နည်းပါးခဲ့ပါသည်။ အင်တာနက်အသုံးပြုသည့်လူတိုင်း သိကြပေမည်။ အင်တာနက်သည် ကောင်းကျိုးပေးတဲ့ အရာဖြစ်သလို ဆိုးကျိုးကိုလဲ ဖြစ်ထွန်းစေသည်။ ထို့အတွက် အင်တာနက်ပေါ်တွင် အရေမရအဖတ်မရ စာတွေ မြောက်များစွာ ရှိပေသည်။ ဒါပေမဲ့ အင်တာနက်ပေါ်တွင် ရေးသားသော စာမျက်နှာ တနည်းအားဖြင့် ဘလော့ပေါ်တွင် စာပေစစ်ဆေးရေးကဲ့သို့သော ဌာနမရှိပေ။ ဤအတွက် ဘလော့ဂါအများစုသည် မိမိရေးသားသော စာပေ၊ ပုံများကို မိမိ၏အသိစိတ်ဓါတ်ဖြင့် မိမိကိုယ်တိုင် တာဝန်ယူတတ်ကြပါသည်။ ဒါသည် ဘလော့လောကအတွက်သာဖြစ်ပေမည်။

အခုနောက်ပိုင်း ဝေဖန်ထောက်ပြချက်တချို့သည် လူပုဂ္ဂိုလ်တဦးတယောက်၏ ပါစင်နယ်ကို ထိခိုက်ရေးသားထောက်ပြမူတွေကို တွေ့ရတာတော်တော်ဝမ်းနဲဖွယ်ကောင်းသည်။ အမှန်ဖြစ်သင့်သည်မှာ ဘယ်နေရာတွင် လိုအပ်ချက်ရှိသလဲ သေချာ အကျိုးအကြေ

အခုနောက်ပိုင်း ဝေဖန်ထောက်ပြချက်တချို့သည် လူပုဂ္ဂိုလ်တဦးတယောက်၏ ပါစင်နယ်ကို ထိခိုက်ရေးသားထောက်ပြမူတွေကို တွေ့ရတာတော်တော်ဝမ်းနဲဖွယ်ကောင်းသည်။ အမှန်ဖြစ်သင့်သည်မှာ ဘယ်နေရာတွင် လိုအပ်ချက်ရှိသလဲ သေချာ အကျိုးအကြောင်းခိုင်လုံစွာ ထောက်ပြပါမှ အားလုံးအတွက် ကောင်းကျိုးကိုရစေနိုင်ပေသည်။ ထို့သို့မဟုတ်ပဲ ယောကျာ်းသားများဖြစ်ရက်နဲ့ မိန်းကလေးများလို ထမိန်ကြားက လက်သီးထောင်ပြနေသည်မှာ အလွန်ကို ရွံ့ရှာဖွယ်ကောင်းပေသည်။ ပို၍ ဆိုးသည်ကား ယခုဝေဖန်ရေးသားနေသော လူများသည် မြန်မာနိုင်ငံသားများဖြစ်နေသောကြောင့် ဖြစ်သည်။ ထိုသူတို့တွင် ဌင်းတို့၏ မိဘ၊ မောင်နှမများ မရှိသည့်အလား ရိုင်းစိုင်းသော အသုံးအနှုန်းများကို သုံးသပ်ထားသည်ကိုလဲ တွေ့ရပါသည်။ ဝေဖန်ခြင်းသည် ကောင်းမွန်ခြင်းကို ရောက်စေနိုင်သည်ဆိုသည်မှာ ကျနော်ကိုယ်တိုင် လက်ခံပါသည်။ ဒါပေမဲ့ ဝေဖန်တတ်ဖို့ တနည်းအားဖြင့် မှန်ကန်သော ထောက်ပြပေးနိုင်မူတွေ လိုအပ်ပါသည်။

ကျနော်ယခုပြောဆိုနေသော အရာများကို တဖက်စောင်းနင်းပြန်လဲဝေဖန်မည်ဆိုလျှင်လဲ ရပေသည်။ သူများကိုမဝေဖန်နဲ့ဟု ပြောပြီ ကျနော်ခု အနှီပုဂ္ဂိုလ်များ၏ ဝေဖန်ချက်ကို ပြန်လဲဝေဖန်နေမိသောကြောင့် ဖြစ်သည်။ ကျနော် ရေးခဲ့ဖူးပါသည် နာမည်ကြီး ဘလော့ဂါတယောက်၏ အဆိုလေးပါ။ ကိုယ့်ဘလော့မှာ ကြိုက်တာရေးမယ် သင်မကြိုက်လျှင် လာဖတ်စရာမလို ဟူသဖြင့် ဘလော့ဂါတယောက်ပြောဖူးသည်ကို ကျနော်ကြားခဲ့ဖူးပါသည်။ ကျနော် ဝေဖန်ခဲ့ဖူးပါသည်။ ကျနော်တို့ဘလော့ဂါဆိုတာ စာဖတ်သူပရိသတ်က ပေးသော ကောမန့်များ၊ ခင်မင်ရင်းနှီးသော မိတ်ဆွေ အပေါင်းအသင်းများ၏ ကောမန့်များကို နှစ်ခြိုက်ခုံမင်စွာ စောင့်မျှော်လေ့ရှိပေသည်။ ထိုသို့မဟုတ်လျှင် ကျနော်တို့အနေနဲ့ ဘလော့စာမျက်နှာပေါ် တက်၍ စာရေးသားရန်မလို၊ ကျနော်တို့ အင်တာနက်ခ အကုန်ခံပြီး ရေးစရာမလို ကျနော်တို့၏ အပြင်ဒိုင်ယာရီမှတ်စုများတွင်သာ ရေးပြီးသိမ်းထားယုံပါ စသည်ဖြင့် ကျနော်ဝေဖန်ခဲ့ဖူးပါသည်။

ဘလော့လောကမှာ အပြင်က လူတိုင်းမသိနိုင်သော နားမလည်နိုင်သော အချင်းချင်းတယောက်ကို တယောက် လူသားဆန်သော အပြုအမူများစွာ ရှိပါသည်။ တခုခြင်းရေးချပြလျှင် သာမန်လူတယောက်အနေဖြင့် ကျနော်တို့ ဘလော့ဂါများကို နားလည်နိုင်စွမ်းမရှိလောက်ပေ။ သေချာတာတခုကတော့ ဘလော့လောကမှာ တယူသန် အယူအဆမရှိပေ၊ ရှေးရိုးစွဲ ဘာသာရေး အယူအဆတွေ မရှိ၊ အစွန်းရောက်သည့် အပြုအမူ အယူအဆတွေမရှိ၊ ရိုင်းဆန်ပြုမူတတ်သော အကျင့်အမူ အပြုအမူများ မရှိပေ၊ မောင်နှမသားသမီးများကို ထိခိုက်စေမည့် အသုံးအနှုန်းများ သုံးလေ့ မရှိပေ။ ထို့အပြင်ဘလော့လောကတွင် အပြင်မှာမတွေ့ဖူးသော ညီအကိုမောင်နှမစိတ်ဓါတ်များကိုလဲ တွေ့ရှိနိုင်ပေသည်။ ယခုနောက်ပိုင်းတွင် ဘလော့ရေးသူများ များပြားလာသလို စာဖတ်သူပရိသတ်များလဲ တဖြည်းဖြည်းများလာပါတယ်။ ဘယ်လောက်ပဲ ဝေဖန်မူပြုသည့်ဖြစ်စေ ကောင်းတဲ့ အပြုသဘောဝေဖန်မူလား၊ တမင်ကို တဖက်သား နိမ့်ပါး စိတ်ဓါတ်ကျအောင် သို့တည်းမဟုတ် တဖက်လူသာယာပျော်ရွှင်နေသည်ကို မနာလိုမရှုစိမ့်သောကြောင့် ဝေဖန်သည်လားဆိုသည်ကို ကျနော်တို့၏ စာဖတ်ပရိသတ်များက ဆုံးဖြတ်ပေလိမ့်မည်။ အသင်အနှီပုဂ္ဂိုလ် သိထားသည့်သည်မှာ ကျနော်တို့၏ ဘလော့ဂါ အသိုင်းအ၀ိုင်းကို ဘယ်လိုသဘောပဲ ဖြစ်စေဖြစ်စေ အသင်နှောက်ယှက်ဖျက်ဆီးနိုင်မည်မဟုတ်ပေ... အသေချာဆုံးကတော့ ကျနော်တို့ ဘလော့ဂါဆိုသည်မှာ ကိုယ့်ရေးသည့်စာပေါ်မှာ အပြည့်အ၀ တာဝန်ယူတတ်သည်ဆိုသည်ပါ။ အသင်သည် ဘလော့ဂါဟု မိမိကိုယ်ကို ခံယူသည်ဖြစ်စေ မခံယူသည်ဖြစ်စေ အသင်စိတ်နဲ့ အသင်စာရေးသည်ဆိုသည်ဟု ဆိုကတည်းက အသင်ကော ကိုယ့်ရေးသည့်စာပေါ်တွင် တာဝန်ယူရဲပါသလား..........

လေးစားလျက် တောင်ပေါ်သား

အမှတ်တရ တန်ဆောင်တိုင်

ဒီအချိန်ဆို ကျနော်ရဲ့မွေးရပ်မြေမှာ မနက်ခင်းဆိုမြူခိုးတွေ ဝေနေလောက်ပြီ။ ဒီအောက်တိုဘာလကုန်လောက်ဆို ကျနော်တို့ တောင်ပေါ်သားတွေ အရူးထလေ့ရှိသော၊ တနည်းအားဖြင့် အမက်ဆုံး၊ အပျော်ဆုံး ပွဲတော်ဖြစ်သော တန်ဆောင်တိုင်ပွဲတော်ကြီး ရောက်လာပေဦးမည်။ ဘာလိုလိုနဲ့ တန်ဆောင်တိုင်ပွဲတော်နဲ့ တစိမ်းလိုနေခဲ့ရတာ နှစ်အတော်ပင်ကြာနေခဲ့ပြီ။ ဒါပေမဲ့ တချိန်တခါမှ မေ့လို့မရပဲ ရင်ထဲမှာ ဒီပွဲတော်လေးက ဆက်လက်တည်ရှိနေဦးမည်။ ကျနော်တို့တန်ဆောင်တိုင်က တခြားမြန်မာပြည်ရှိ မြို့များနှင့် လုံးဝမတူ ခြားနားမူတွေနဲ့အပြည့် ဖြစ်သည်။ တခြားမြို့မှ နယ်သူ၊နယ်သားတွေအနေဖြင့် တောင်ကြီး တန်ဆောင်တိုင်ကို နှစ်သက်တယ်ဆိုတာ ကျနော်တို့မြို့သူမြို့သားတွေရဲ့ သွေးထဲကချစ်တဲ့ မြတ်နိုးတဲ့စိတ်လေးကို မှီနိုင်မယ်မထင်ဘူးလို့ ပြောမယ်ဆိုရင် မလွန်ပါဘူး...

မြို့အများစုကတော့ သီတင်းကျွတ်၊တန်ဆောင်တိုင်ရောက်ရင် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ကိုယ့်ရဲ့မိဘ၊ ဆရာသမား၊ ကိုယ့်ထက်အသက်ကြီးတဲ့လူတွေကို ကန်တော့မယ် ဒီလောက်ပါပဲ။ ဒါပေမဲ့ ကျနော်တို့တောင်ကြီးမြို့လေးကတော့ သီတင်းကျွတ်ပြီဆိုတာနဲ့ နှစ်စဉ်ထတတ်တဲ့ ပိုးတွေကတခါပြန်ထလာတတ်ပါတယ်။ အဲ့အချိန်ကတည်းက မီးပုံပျံလုပ်ဖို့အတွက် လူတွေ စု၊ လိုအပ်တာတွေ စုဆောင်းပြီး တာစူနေကြပါပြီ။ ငယ်တုန်းက ကျောင်းသားဘ၀တွေ ပြန်မှတ်မိတယ်။ တန်ဆောင်တိုင်ပွဲတော်ရောက်လာရင် ကျောင်းအခန်းတိုင်းမှာ လူက အယောက် ၁၅၊၂၀ ထက်မပိုပါဘူး။ ဒါတောင်မှ ကျောင်းသူတွေကပိုများပါတယ်။ ကျောင်းသားဆို လက်ချိုးရေတွက်လို့ ရအောင် ကျောင်းလစ်ပြီးတော့ ပွဲတော်ကိုသွားကြတာပါ။ ဆရာဆရာမတွေက ကျောင်းသူကျောင်းသားများကို အမြဲဆုံးမတတ်ပါတယ်။ ကျောင်းမပြေးဖို့ စာကို ကြိုးစားသင်ဖို့ပါ။ တခါတလေများ နေ့လည်ထမင်းစားချိန်လေး ပွဲထဲကို မပြေးလိုက်နဲ့ ဆရာမတွေပါ ၀ယ်ချင်တာတွေဝယ်ပြီး သောင်းကျန်းနေတတ်ပါတယ် အဲ့လိုမျိုး သံယောဇဉ်ကြီးတာပါ။

တန်ဆောင်တိုင်ရောက်ပြီဆို ညဖက်ကောင်းကင်ကိုမော့ကြည့်လိုက်တာနဲ့ မီးစုံးလေးတွေအလား နေရာအနှံ့ မီးပုံပျံတွေ ရှိနေတတ်ပါတယ်။ ဟိုအရင်က မီးပုံပျံတလုံး လုပ်ဖို့ဆိုတာတော်ယုံမလွယ်ပါဘူး။ အဓိက စက္ကူရှားပါးမူပေါ့။ နောက်ပိုင်းမှာ တရုတ်ပြည်က စီးပွားဖြစ်သွင်းလာတဲ့ ပလစ်စတစ် မီးပုံပျံတွေ ၀င်လာပါတယ်။အဲ့နောက်ပိုင်း ပိုပြီးလွယ်တာကတော့ ကျနော်တို့ ဆန်အိတ်တွေထဲမှာ အထဲကခံထည့်လေ့ရှိတဲ့ ကျွတ်ကျွတ်အိတ်အဖြူပါးလေးတွေကို ရောင်းလာပါတယ်။ မှတ်မိသေးတယ် တလုံးမှ ၁၅ကျပ် ၂၀ပါ။ အောက်ခြေအ၀ကို သွပ်ကြိုး ဒါမှမဟုတ် ၀ါးနဲ့ အ၀ိုင်းလိုက်ခတ်လိုက်ရင် မီးပုံပျံ ဖြစ်သွားပါတယ်။ ဒီလိုနဲ့ကျနော်တို့ အဲ့ဒါလေးတွေကို အမှတ်တရလွတ်ခဲ့ပါတယ်။ ကျနော် (၉)တန်းလောက်က ကျောင်းမှာ မီးပုံပျံပြိုင်ပွဲလုပ်ပေးဖူးပါတယ်။ ပျော်ရွှင်စရာပါ။ ကျနော်တို့မီးပုံပျံက ပိန်ရှည်ရှည်နဲ့ ဘေးမှာလဲ မီးလောင်ထားတော့ ပလစ်စတစ်က ကျုံ့ဝင်နေတာပါ။ တော်တော်လေးကို အချိုးအစားမကျပါဘူး။ ဒါပေမဲ့ ကျနော်တို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။

တကယ်တော့ ကျနော်တို့ တောင်ကြီးတန်ဆောင်တိုင်ပွဲလေးဟာ ပျော်ရွှင်မူတွေကိုချည်း အသာပေးတာမဟုတ်ပါဘူး။ ဒီပွဲလေးက ဘာကိုပြသနေသလဲဆိုတော့ တိုင်းပြည်တခုလုံးမှာ တနေရာပဲရှိတဲ့ ကျနော်တို့ရဲ့ရိုးရာ၊ ကျနော်တို့ ညီအကိုတွေရဲ့ ပေါင်းစည်းမူအင်အား၊ လုပ်ဆောင်နိုင်စွမ်းကို ပြသတာပါ။ မီးပုံပျံတလုံးဖြစ်တည်လာဖို့ တယော
က်ထဲမပြီးပါဘူး။ လူအများကြီး စုပေါင်းလုပ်ဆောင်ရတာပါ။ တဖွဲ့က ယမ်းပိုင်းတာဝန်ယူမယ်၊ နောက်တဖွဲ့က မီးပုံပျံအပိုင်း၊ နောက်တဖွဲ့က မီးပုံပျံအပေါ်မှာ လှပအောင်ဆေးခြယ်တဲ့အပိုင်း စသည်ဖြင့် အပိုင်းပေါင်းများစွာကို တာဝန်ယူဆောင်ရတာပါ။ ကိုယ့်ယူတဲ့ တာဝန်လစ်ဟင်းသွားရင် အားလုံးမျှော်လင့်ခဲ့တဲ့ မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားရတာပါ။ တချို့ဆို ယမ်းတွေ မတော်တဆဖြစ်လို့ အသက်ပေးလို့ တာဝန်တွေ ယူခဲ့ရတာရှိပါတယ်။ ဒါပေမဲ့ တောင်ကြီးသားတွေ စိတ်ထဲမှာ ဘယ်မီးအဖွဲ့တော့ ယမ်းသမားတွေ ယမ်းထကွဲလို့ ဒဏ်ရာ ရကြတယ်ဆိုတာနဲ့ မေတ္တာစိတ်ထားပြီး သနားတတ်ပါတယ်။ ပြီးတော့ မကြောက်မရွှံ့ပဲ ကိုယ့်တာဝန်ကိုလဲ ထမ်းဆောင်ရတာပါပဲ

မီးပုံပျံမှာလဲ အမျိုးအစား အများကြီးရှိပါတယ်။ နေ့လွှတ်တဲ့ အရုပ်တွေရှိမယ်။ အရုပ်မှာကို အမျိုးအစားက ထပ်ခွဲထုတ်ထားတာပါ။ ဥပမာ ခြေလေးချောင်း၊ ခြေနှစ်ချောင်း၊ အုပ်စုအဖွဲ့ (ငါးအုပ်စု၊ ငှက်အုပ်စု) စသည်ဖြင့်ပေါ့။ ညပိုင်းမှာဆိုလဲ မီးပုံပျံကိုယ်ထည်မှာ မီးပုံလေးတွေ ဆင်လို့ အလှလွှတ်တာရှိမယ်၊ မီးရှူးမီးပန်းတွေနဲ့ လွှတ်တာတွေ စသည်ဖြင့် များပြားလှပါတယ်။ တန်ဆောင်တိုင်ပွဲတော် ရောက်ပြီးဆိုတာနဲ့ အနယ်နယ်အရပ်ရပ်ကရှိတဲ့ နယ်လှည့်ဈေးသည်တွေ ရောက်လာပါတယ်။ လောင်းကစားနည်းမျိုးစုံ ရှိတတ်ပါတယ်။ လေးကောင်ဂျင်၊ ရွှေဘောလုံး၊ မြှားပစ် စသည်ဖြင့် စုံနေတာပါပဲ။ ကျနော်ကတော့ တခါမှ မနိုင်ဖူးပါဘူး အမြဲရှုံးပဲ၊ စားစရာဆိုလဲ ရှမ်းပြည်ဒေသထွက်တွေ များတတ်ပါတယ်။ ရှမ်းထမင်းချဉ်၊ ဟင်းထုပ်၊ ကောက်ညှင်းကျည်းတောက်( ခြေထောက်) စသည်ဖြင့် အမျိုးစုံလင်ပါတယ်။ မန္တလေး၊ ရန်ကုန်ကလာရောင်းတဲ့ ပျားအုံမုန့်လေးတွေလဲ ရှိပါသေးတယ်။

နောက်ကျနော်မြို့လေးမှာ တန်ဆောင်တိုင်ရောက်ရင် ချစ်စရာဓလေ့လေးတွေရှိပါတယ်။ ဒါကတော့ ကျနော်တို့မြို့ခံတွေ ဘယ်လောက်ပဲ မူးမူး ဘယ်လောက်ပဲသောင်းကျန်းသောင်းကျန်း မောင်နှမစိတ်ဓါတ်အပြည့်ရှိတတ်တာပါ။ မိန်းကလေးတွေကို အိနြေ္ဒသိက္ခာကျအောင် ဘယ်တော့မှ မလုပ်ပါဘူး နာမည်ကြီးပွဲတော်ဖြစ်တဲ့အလျှောက် လူကလဲအတော်ကိုများပြားလှပါတယ်။ လူအုပ်ကြီးကိုကြည့်လိုက်ရင် အချိုတခုကို ပုရွက်ဆိတ်အုံတခုလုံး ၀ိုင်းခဲနေသလိုပါပဲ။ ဒီကြားထဲမှာ နယ်က ပေါက်တတ်ကရကောင်လေးတွေရဲ့ လက်သရမ်းမူတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ ကျနော်တို့ မြို့သားတွေ အဲ့လို လုပ်တာမရှိတာကို ဂုဏ်ယူစွာတွေ့ရတတ်ပါတယ်။ တောင်ကြီးမြို့က လူတွေဟာ ပွဲနဲ့ပတ်သက်ရင် အရမ်းကို အစွဲကြီးတတ်ပါတယ်။ ဥပမာ အဆိုတော်တွေ လာဆိုတယ်ဆိုရင် ကိုယ့်မြို့ကအဆိုတော်တွေကိုပဲ အားပေးတတ်ပါတယ်။ ဆိုလိုတာက အိုင်းရင်းခရော့စ်လာရင် လေးဖြူ၊အငဲ ဒါပဲ ပါးစပ်ကအော်နေတတ်တာပါ၊ အာဇာနည်ဆို ဘေးထိုင်ပါပဲ၊ မျိုးကြီးဆို လက်ခံပါသေးတယ်။ အဲ့လိုပဲ အစွဲအလမ်းကြီးပြီး မြို့ချစ်စိတ်ပြင်းထန်တတ်ပါတယ်။

အခုလို အဝေးရောက်နေတဲ့ တောင်ကြီးဒေသခံတွေအတွက် တောင်ကြီးက ရှိတဲ့လူတွေကလဲ အတတ်နိုင်ဆုံး လုပ်ပေးနေပါတယ်။ ကျနော်တို့ တန်ဆောင်တိုင်ပွဲကြီးကို အပြင်မှာတကယ်မမြင်ရပေမဲ့ အင်တာနက်ပေါ်ကနေ Live အနေနဲ့ပြသနိုင်အောင် ကြိုးစားနေကြပါတယ်။ အဲ့ဒီအချိန်ဆို အဝေးရောက်တောင်ကြီးသူ၊သားတွေရဲ့ အလွမ်းကို စီပုံးလေးတွေမှာ ချပြတတ်ပါတယ်။ ပုံမှန်ဆို ကိုယ်စီအလုပ်များ
နေပေမဲ့ အဲ့ချိန်ရောက်ရင် အားလုံး စုံစည်းနိုင်အောင် ကြိုးစားကြပါတယ်။ဒါဟာ တောင်ကြီးမြို့အတွက် ဂုဏ်ယူစရာပါပဲ။ အခုဆို တဖြေးဖြေးတောင်ကြီးမြို့လေးဟာ ခေတ်မီလာပြီး လူငယ်တိုင်းဟာလဲ ကြိုးစားချင်စိတ်တွေအပြည့်နဲ့ပါ၊ ဒီလိုမျိုးလေးတွေမြင်နေရတော့ ကိုယ်တိုင်ဘာမှ မလုပ်ပေးနိုင်ပေမဲ့ ဘေးကနေ ကြည့်ပြီး ရင်ထဲမှာ အတိုင်းမသိ ၀မ်းသာပီတိတွေ ဖြစ်နေမိပါတယ်။ ကျနော့်ရဲ့ ရင်ထဲမှာလဲ တောင်ကြီးမြို့နဲ့တကွ ချစ်စရာ မြို့သူမြို့သားတွေရဲ့ စရိုက်၊ လူနေမူတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး၊ ဘယ်နေရာရောက်ရောက် ဘယ်လောက်ပဲ လူနေမူတွေ ပြောင်းလဲပြောင်းလဲ ကျနော်ဟာ တောင်ကြီးသားတယောက်အဖြစ် ရပ်တည်နေဦးမှာပါ။

တောင်ကြီးမြို့လေးနဲ့ တန်ဆောင်တိုင်ပွဲတော်လေးကို သတိတရ ရှိလို့ ရေးလိုက်တာပါ။

မှတ်ချက်။ ။ပုံများကို Google က ယူထားပါတယ်။

လေးစားလျက် တောင်ပေါ်သား

အမှတ်တရ တန်ဆောင်တိုင်

ဒီအချိန်ဆို ကျနော်ရဲ့မွေးရပ်မြေမှာ မနက်ခင်းဆိုမြူခိုးတွေ ဝေနေလောက်ပြီ။ ဒီအောက်တိုဘာလကုန်လောက်ဆို ကျနော်တို့ တောင်ပေါ်သားတွေ အရူးထလေ့ရှိသော၊ တနည်းအားဖြင့် အမက်ဆုံး၊ အပျော်ဆုံး ပွဲတော်ဖြစ်သော တန်ဆောင်တိုင်ပွဲတော်ကြီး ရောက်လာပေဦးမည်။ ဘာလိုလိုနဲ့ တန်ဆောင်တိုင်ပွဲတော်နဲ့ တစိမ်းလိုနေခဲ့ရတာ နှစ်အတော်ပင်ကြာနေခဲ့ပြီ။ ဒါပေမဲ့ တချိန်တခါမှ မေ့လို့မရပဲ ရင်ထဲမှာ ဒီပွဲတော်လေးက ဆက်လက်တည်ရှိနေဦးမည်။ ကျနော်တို့တန်ဆောင်တိုင်က တခြားမြန်မာပြည်ရှိ မြို့များနှင့် လုံးဝမတူ ခြားနားမူတွေနဲ့အပြည့် ဖြစ်သည်။ တခြားမြို့မှ နယ်သူ၊နယ်သားတွေအနေဖြင့် တောင်ကြီး တန်ဆောင်တိုင်ကို နှစ်သက်တယ်ဆိုတာ ကျနော်တို့မြို့သူမြို့သားတွေရဲ့ သွေးထဲကချစ်တဲ့ မြတ်နိုးတဲ့စိတ်လေးကို မှီနိုင်မယ်မထင်ဘူးလို့ ပြောမယ်ဆိုရင် မလွန်ပါဘူး...

မြို့အများစုကတော့ သီတင်းကျွတ်၊တန်ဆောင်တိုင်ရောက်ရင် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ကိုယ့်ရဲ့မိဘ၊ ဆရာသမား၊ ကိုယ့်ထက်အသက်ကြီးတဲ့လူတွေကို ကန်တော့မယ် ဒီလောက်ပါပဲ။ ဒါပေမဲ့ ကျနော်တို့တောင်ကြီးမြို့လေးကတော့ သီတင်းကျွတ်ပြီဆိုတာနဲ့ နှစ်စဉ်ထတတ်တဲ့ ပိုးတွေကတခါပြန်ထလာတတ်ပါတယ်။ အဲ့အချိန်ကတည်းက မီးပုံပျံလုပ်ဖို့အတွက် လူတွေ စု၊ လိုအပ်တာတွေ စုဆောင်းပြီး တာစူနေကြပါပြီ။ ငယ်တုန်းက ကျောင်းသားဘ၀တွေ ပြန်မှတ်မိတယ်။ တန်ဆောင်တိုင်ပွဲတော်ရောက်လာရင် ကျောင်းအခန်းတိုင်းမှာ လူက အယောက် ၁၅၊၂၀ ထက်မပိုပါဘူး။ ဒါတောင်မှ ကျောင်းသူတွေကပိုများပါတယ်။ ကျောင်းသားဆို လက်ချိုးရေတွက်လို့ ရအောင် ကျောင်းလစ်ပြီးတော့ ပွဲတော်ကိုသွားကြတာပါ။ ဆရာဆရာမတွေက ကျောင်းသူကျောင်းသားများကို အမြဲဆုံးမတတ်ပါတယ်။ ကျောင်းမပြေးဖို့ စာကို ကြိုးစားသင်ဖို့ပါ။ တခါတလေများ နေ့လည်ထမင်းစားချိန်လေး ပွဲထဲကို မပြေးလိုက်နဲ့ ဆရာမတွေပါ ၀ယ်ချင်တာတွေဝယ်ပြီး သောင်းကျန်းနေတတ်ပါတယ် အဲ့လိုမျိုး သံယောဇဉ်ကြီးတာပါ။

တန်ဆောင်တိုင်ရောက်ပြီဆို ညဖက်ကောင်းကင်ကိုမော့ကြည့်လိုက်တာနဲ့ မီးစုံးလေးတွေအလား နေရာအနှံ့ မီးပုံပျံတွေ ရှိနေတတ်ပါတယ်။ ဟိုအရင်က မီးပုံပျံတလုံး လုပ်ဖို့ဆိုတာတော်ယုံမလွယ်ပါဘူး။ အဓိက စက္ကူရှားပါးမူပေါ့။ နောက်ပိုင်းမှာ တရုတ်ပြည်က စီးပွားဖြစ်သွင်းလာတဲ့ ပလစ်စတစ် မီးပုံပျံတွေ ၀င်လာပါတယ်။အဲ့နောက်ပိုင်း ပိုပြီးလွယ်တာကတော့ ကျနော်တို့ ဆန်အိတ်တွေထဲမှာ အထဲကခံထည့်လေ့ရှိတဲ့ ကျွတ်ကျွတ်အိတ်အဖြူပါးလေးတွေကို ရောင်းလာပါတယ်။ မှတ်မိသေးတယ် တလုံးမှ ၁၅ကျပ် ၂၀ပါ။ အောက်ခြေအ၀ကို သွပ်ကြိုး ဒါမှမဟုတ် ၀ါးနဲ့ အ၀ိုင်းလိုက်ခတ်လိုက်ရင် မီးပုံပျံ ဖြစ်သွားပါတယ်။ ဒီလိုနဲ့ကျနော်တို့ အဲ့ဒါလေးတွေကို အမှတ်တရလွတ်ခဲ့ပါတယ်။ ကျနော် (၉)တန်းလောက်က ကျောင်းမှာ မီးပုံပျံပြိုင်ပွဲလုပ်ပေးဖူးပါတယ်။ ပျော်ရွှင်စရာပါ။ ကျနော်တို့မီးပုံပျံက ပိန်ရှည်ရှည်နဲ့ ဘေးမှာလဲ မီးလောင်ထားတော့ ပလစ်စတစ်က ကျုံ့ဝင်နေတာပါ။ တော်တော်လေးကို အချိုးအစားမကျပါဘူး။ ဒါပေမဲ့ ကျနော်တို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။

တကယ်တော့ ကျနော်တို့ တောင်ကြီးတန်ဆောင်တိုင်ပွဲလေးဟာ ပျော်ရွှင်မူတွေကိုချည်း အသာပေးတာမဟုတ်ပါဘူး။ ဒီပွဲလေးက ဘာကိုပြသနေသလဲဆိုတော့ တိုင်းပြည်တခုလုံးမှာ တနေရာပဲရှိတဲ့ ကျနော်တို့ရဲ့ရိုးရာ၊ ကျနော်တို့ ညီအကိုတွေရဲ့ ပေါင်းစည်းမူအင်အား၊ လုပ်ဆောင်နိုင်စွမ်းကို ပြသတာပါ။ မီးပုံပျံတလုံးဖြစ်တည်လာဖို့ တယောက်ထဲမပြီးပါဘူး။ လူအများကြီး စုပေါင်းလုပ်ဆောင်ရတာပါ။ တဖွဲ့က ယမ်းပိုင်းတာဝန်ယူမယ်၊ နောက်တဖွဲ့က မီးပုံပျံအပိုင်း၊ နောက်တဖွဲ့က မီးပုံပျံအပေါ်မှာ လှပအောင်ဆေးခြယ်တဲ့အပိုင်း စသည်ဖြင့် အပိုင်းပေါင်းများစွာကို တာဝန်ယူဆောင်ရတာပါ။ ကိုယ့်ယူတဲ့ တာဝန်လစ်ဟင်းသွားရင် အားလုံးမျှော်လင့်ခဲ့တဲ့ မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားရတာပါ။ တချို့ဆို ယမ်းတွေ မတော်တဆဖြစ်လို့ အသက်ပေးလို့ တာဝန်တွေ ယူခဲ့ရတာရှိပါတယ်။ ဒါပေမဲ့ တောင်ကြီးသားတွေ စိတ်ထဲမှာ ဘယ်မီးအဖွဲ့တော့ ယမ်းသမားတွေ ယမ်းထကွဲလို့ ဒဏ်ရာ ရကြတယ်ဆိုတာနဲ့ မေတ္တာစိတ်ထားပြီး သနားတတ်ပါတယ်။ ပြီးတော့ မကြောက်မရွှံ့ပဲ ကိုယ့်တာဝန်ကိုလဲ ထမ်းဆောင်ရတာပါပဲ

မီးပုံပျံမှာလဲ အမျိုးအစား အများကြီးရှိပါတယ်။ နေ့လွှတ်တဲ့ အရုပ်တွေရှိမယ်။ အရုပ်မှာကို အမျိုးအစားက ထပ်ခွဲထုတ်ထားတာပါ။ ဥပမာ ခြေလေးချောင်း၊ ခြေနှစ်ချောင်း၊ အုပ်စုအဖွဲ့ (ငါးအုပ်စု၊ ငှက်အုပ်စု) စသည်ဖြင့်ပေါ့။ ညပိုင်းမှာဆိုလဲ မီးပုံပျံကိုယ်ထည်မှာ မီးပုံလေးတွေ ဆင်လို့ အလှလွှတ်တာရှိမယ်၊ မီးရှူးမီးပန်းတွေနဲ့ လွှတ်တာတွေ စသည်ဖြင့် များပြားလှပါတယ်။ တန်ဆောင်တိုင်ပွဲတော် ရောက်ပြီးဆိုတာနဲ့ အနယ်နယ်အရပ်ရပ်ကရှိတဲ့ နယ်လှည့်ဈေးသည်တွေ ရောက်လာပါတယ်။ လောင်းကစားနည်းမျိုးစုံ ရှိတတ်ပါတယ်။ လေးကောင်ဂျင်၊ ရွှေဘောလုံး၊ မြှားပစ် စသည်ဖြင့် စုံနေတာပါပဲ။ ကျနော်ကတော့ တခါမှ မနိုင်ဖူးပါဘူး အမြဲရှုံးပဲ၊ စားစရာဆိုလဲ ရှမ်းပြည်ဒေသထွက်တွေ များတတ်ပါတယ်။ ရှမ်းထမင်းချဉ်၊ ဟင်းထုပ်၊ ကောက်ညှင်းကျည်းတောက်( ခြေထောက်) စသည်ဖြင့် အမျိုးစုံလင်ပါတယ်။ မန္တလေး၊ ရန်ကုန်ကလာရောင်းတဲ့ ပျားအုံမုန့်လေးတွေလဲ ရှိပါသေးတယ်။

နောက်ကျနော်မြို့လေးမှာ တန်ဆောင်တိုင်ရောက်ရင် ချစ်စရာဓလေ့လေးတွေရှိပါတယ်။ ဒါကတော့ ကျနော်တို့မြို့ခံတွေ ဘယ်လောက်ပဲ မူးမူး ဘယ်လောက်ပဲသောင်းကျန်းသောင်းကျန်း မောင်နှမစိတ်ဓါတ်အပြည့်ရှိတတ်တာပါ။ မိန်းကလေးတွေကို အိနြေ္ဒသိက္ခာကျအောင် ဘယ်တော့မှ မလုပ်ပါဘူး နာမည်ကြီးပွဲတော်ဖြစ်တဲ့အလျှောက် လူကလဲအတော်ကိုများပြားလှပါတယ်။ လူအုပ်ကြီးကိုကြည့်လိုက်ရင် အချိုတခုကို ပုရွက်ဆိတ်အုံတခုလုံး ၀ိုင်းခဲနေသလိုပါပဲ။ ဒီကြားထဲမှာ နယ်က ပေါက်တတ်ကရကောင်လေးတွေရဲ့ လက်သရမ်းမူတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ ကျနော်တို့ မြို့သားတွေ အဲ့လို လုပ်တာမရှိတာကို ဂုဏ်ယူစွာတွေ့ရတတ်ပါတယ်။ တောင်ကြီးမြို့က လူတွေဟာ ပွဲနဲ့ပတ်သက်ရင် အရမ်းကို အစွဲကြီးတတ်ပါတယ်။ ဥပမာ အဆိုတော်တွေ လာဆိုတယ်ဆိုရင် ကိုယ့်မြို့ကအဆိုတော်တွေကိုပဲ အားပေးတတ်ပါတယ်။ ဆိုလိုတာက အိုင်းရင်းခရော့စ်လာရင် လေးဖြူ၊အငဲ ဒါပဲ ပါးစပ်ကအော်နေတတ်တာပါ၊ အာဇာနည်ဆို ဘေးထိုင်ပါပဲ၊ မျိုးကြီးဆို လက်ခံပါသေးတယ်။ အဲ့လိုပဲ အစွဲအလမ်းကြီးပြီး မြို့ချစ်စိတ်ပြင်းထန်တတ်ပါတယ်။

အခုလို အဝေးရောက်နေတဲ့ တောင်ကြီးဒေသခံတွေအတွက် တောင်ကြီးက ရှိတဲ့လူတွေကလဲ အတတ်နိုင်ဆုံး လုပ်ပေးနေပါတယ်။ ကျနော်တို့ တန်ဆောင်တိုင်ပွဲကြီးကို အပြင်မှာတကယ်မမြင်ရပေမဲ့ အင်တာနက်ပေါ်ကနေ Live အနေနဲ့ပြသနိုင်အောင် ကြိုးစားနေကြပါတယ်။ အဲ့ဒီအချိန်ဆို အဝေးရောက်တောင်ကြီးသူ၊သားတွေရဲ့ အလွမ်းကို စီပုံးလေးတွေမှာ ချပြတတ်ပါတယ်။ ပုံမှန်ဆို ကိုယ်စီအလုပ်များနေပေမဲ့ အဲ့ချိန်ရောက်ရင် အားလုံး စုံစည်းနိုင်အောင် ကြိုးစားကြပါတယ်။ဒါဟာ တောင်ကြီးမြို့အတွက် ဂုဏ်ယူစရာပါပဲ။ အခုဆို တဖြေးဖြေးတောင်ကြီးမြို့လေးဟာ ခေတ်မီလာပြီး လူငယ်တိုင်းဟာလဲ ကြိုးစားချင်စိတ်တွေအပြည့်နဲ့ပါ၊ ဒီလိုမျိုးလေးတွေမြင်နေရတော့ ကိုယ်တိုင်ဘာမှ မလုပ်ပေးနိုင်ပေမဲ့ ဘေးကနေ ကြည့်ပြီး ရင်ထဲမှာ အတိုင်းမသိ ၀မ်းသာပီတိတွေ ဖြစ်နေမိပါတယ်။ ကျနော့်ရဲ့ ရင်ထဲမှာလဲ တောင်ကြီးမြို့နဲ့တကွ ချစ်စရာ မြို့သူမြို့သားတွေရဲ့ စရိုက်၊ လူနေမူတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး၊ ဘယ်နေရာရောက်ရောက် ဘယ်လောက်ပဲ လူနေမူတွေ ပြောင်းလဲပြောင်းလဲ ကျနော်ဟာ တောင်ကြီးသားတယောက်အဖြစ် ရပ်တည်နေဦးမှာပါ။

တောင်ကြီးမြို့လေးနဲ့ တန်ဆောင်တိုင်ပွဲတော်လေးကို သတိတရ ရှိလို့ ရေးလိုက်တာပါ။

မှတ်ချက်။ ။ပုံများကို Google က ယူထားပါတယ်။

လေးစားလျက် တောင်ပေါ်သား

Blogger Template by Clairvo