Labels

မြန်မာ Chatter များအတွက် အထူးသတိပေးချက်

မြန်မာ Chatter များအတွက် အထူးသတိပေးချက်

Myanmar Online ဟုတ်ခေါ်သော Network တစ်ခုမှ ပြုလုပ်ထားသော #ygnchat ဆိုသည့် Chatting Server တစ်ခုသည် spy module ကို အသုံးပြုပြီး .. Chatter များ၏ Private log များကို ခိုးယူကြည့်ရှု့နေပါသည်။ ထို Chat မှ Admin Oper Op များသည် Chatter များ Private ကိုခိုးကြည့်က မိန်းခလေးများ၏ ဖုန်းနံပါတ်များကို မှတ်သားပြီး ဖုန်းဆက်ခြင်း ၊ Email များကို ခိုးယူ၍ Email များအတင်းပို့ခြင်း ၊ ကိုယ်ရေးကိုယ်တာ ကိစ္စများကို ကြည့်ရှု့၍ အတင်းပြောရည်မောခြင်းများပြုလုပ်နေပါသည်။

ထို့အပြင် Nick register လုပ်ထားသော Password များကို ကြည့်၍ Chatter များ၏ Email များကိုဝင် ရောက်က ကိုယ်ရေးကိုယ်တာ ကိစ္စများကို ခိုးယူကြည့်ရှု့ကြသဖြင့် Nick register Password နှင့် Email Password များကို အတူတူမဖြစ်စေရန် အထူးသတိထားရန် လိုအပ်ပါသည်။ သူတို့အသုံးပြုထားသော IRC Module မျာကို ကြည့်ချင်တယ်ဆိုရင် ဒီ Command လေးကို #ygnchat server တွင်ရိုက်ကြည့်ပါက မြင်တွေ့နိုင်မည်ဖြစ်ပါသည်။ /module ဆိုသော Command ကိုရိုက်ကြည့်ပါက အောက်တွင်ပြထားသော စာများပေါ်လာမည်ဖြစ်ပါသည်။

ထိုပေါ်လာသော စာသားများသည် သူတို့အသုံးပြုထားသော module များဖြစ်ပါသည်။ irc.myanmaronline.net.mm ** spy (real-time spying) [3RD] ဆိုသော module ကိုထိပ်ဆုံးတွင်တွေ့ရမည်ဖြစ်ပါသည်။ ထို module သည် Chatter များ၏ Privacy ကိုတန်ဖိုးထားသော မည်သည့် IRC မှအသုံးပြုခြင်းမရှိပါ။ ထို့ကြောင့် မြန်မာလူမျိုးအချင်းချင်း ကွန်ပြူတာတွင် သူတို့တော်သည်တက်သည်ဆိုတိုင်း အခုလို့ အင်တာနက်ကို အသုံးပြုပြီး အလွဲသုံးစားပြုလုပ် နေသော Myanmar Online #ygnchat Server တွင် အတက်နိုင်ဆုံး Chatting မပြုလုပ်ပဲနေကြပါရန် အထူးသတိပေးအပ်ပါသည်။

ဤသတင်းအား သင်၏သူငယ်ချင်းများကို Forward လုပ်ပေးခြင်းဖြင့် ထိုသူတို့၏ မတရားပြုလုပ်မှု့များကို တားဆီးကြပါရန် .....။

-irc.myanmaronline.net.mm- ** spy (real-time spying) [3RD]

-

-irc.myanmaronline.net.mm- ** operjoin (Join & sajoin override) [3RD]

-

-irc.myanmaronline.net.mm- ** staff (command /staff) [3RD]

-

-irc.myanmaronline.net.mm- ** ircops (command /ircops) [3RD]

-

-irc.myanmaronline.net.mm- ** m_antidccbug (Anti mIRC dcc exploit) [3RD]

-

-irc.myanmaronline.net.mm- ** getinfo (command /getinfo) [3RD]

-

-irc.myanmaronline.net.mm- ** clones (command /clones) [3RD]

-

-irc.myanmaronline.net.mm- ** m_chgswhois (commands /chgswhois & /setswhois) [3RD]

-

-irc.myanmaronline.net.mm- ** cloak (Official cloaking module (md5))

-

-irc.myanmaronline.net.mm- ** commands (Wrapper library for m_ commands)

-

-irc.myanmaronline.net.mm- ** operpasswd (Failed OPER attempts notifier) [3RD]

-

-irc.myanmaronline.net.mm- ** textban (ExtBan ~T (textban) by Syzop) [3RD]

ကျေးဇူးတင်ပါသည်

မြန်မာလူမျိုးကိုချစ်သော မြန်မာလူမျိုးတစ်ယောက်

စာကြွင်း။ ။မယ်လိုဒီမောင် blog မှ ကူးယူ ဖော်ပြပါတယ်..

မေ့မရသော သမိုင်းရက်စွဲတစ်ခု

ကျနော်တို့နိုင်ငံရဲ့ မမေ့နိုင်စရာ ၊ သတိရစရာ နေ့တစ်နေ့ဟာ ဘာလိုလိုနဲ့ ကုန်ဆုံးသွားခဲ့ပြန်ပါပြီ။… ကျနော်တို့ရဲ့ သတ္တိမရှိမူ ၊ မရဲရင့်မူတွေကြောင့် ဘာမှ ထွေထွေထူးထူး ဖြစ်မလာခဲ့ပြန်ပါဘူး.. ဒီလို ရင်နာစရာ အဖြစ်အပျက်ကြီးကို ကိုယ်တိုင် မကြုံခဲ့ရပေမဲ့ ကျနော်တို့ရဲ့နောင်တော်တွေ ပြောပြချက်တွေကြောင့် မျက်စိနဲ့ မမြင်ရပေမဲ့ ကိုယ်တိုင်တွေ့ကြုံခဲ့ ရသလို ခံစားခဲ့ရပါတယ်.. ဒီလို ကြေကွဲဖွယ် အဖြစ်အပျက်ကြီးဟာ ဘယ်တော့မှ ကျနော်တို့ ရင်ထဲမှာ မေ့ပျောက်လို့ မရနိုင်ပါဘူး…

ဒါတွေဟာ အတုအယောင်တွေ မဟုတ်ဘူးဆိုတာ သမိုင်းက သက်တွေခံနေပါတယ်.. တခါတလေ ကျနော်ရဲ့ မရင့်ကျက်သေးတဲ့ အသိလေးနဲ့ စဉ်းစားကြည့်မိတယ်. ဘာလို့ ဒီလောက် နှစ်ပေါင်း များစွာကြာအောင် ကြိုးစားနေပေမဲ့ ကျနော်တို့ လိုချင်တဲ့ မျှော်လင့် တောင့်တနေတဲ့ လွတ်လပ်မူကို ဘာလို့ မရသလဲပေါ့.. နောက်ဆုံး ကျနော် စဉ်းစားလို့ရသလောက် အဖြေကတော့ ကျနော်တို့ရဲ့ မညီညွတ်မူဆိုတာပါပဲ.. ကျနော်သိရသလောက် ကျနော်တို့ မြန်မာတွေဟာ ရဲရင့်ကြတယ်၊ ကြိုးစားကြတယ်.. ဒါပေမဲ့ ညီညွတ်မူအပိုင်းမှာ အားနည်းနေကြတယ်ဗျာ.. ကျနော် အပါအ၀င်ပေါ့ဗျာ.. ဒါဟာလဲ တစ်ယောက်နဲ့ တစ်ယောက် အတွေးခေါ် ၊ ခံယူချက်ချင်း မတူညီကြလို့တော့ ကျနော် ခံယူတယ်.. ဒီလို ခံယူချက်ချင်း မတူပေမဲ့ အားလုံးကို စုစုစည်းစည်း ပေါင်းစည်း နိုင်ခဲ့မယ်ဆိုရင် ကျနော်တို့ လိုချင်တဲ့ လွတ်လပ်မူ (ဒီမိုကရေစီ) ကို ရနိုင်မယ်လို့ ကျနော်ကတော့ မျှော်လင့်ပါတယ်ဗျာ…

ကျနော်တို့ ကျောင်းသားလူထု အရပ်လုံး ပါဝင်ခဲ့တဲ့ ရက်လေးဟာ တစ်နှစ်ဆိုတဲ့ ဂုဏ်ပုဒ်လေးတာ တိုးလာပေမဲ့ အရင်အတိုင်းပဲ ဘာမှ ထူးခြားမလာနိုင်တဲ့ အတွက် ကျနော်တို့ရဲ့ အားနည်းမူတွေကိုပဲ အပြစ်တင်ရပါမယ်.. ဒီလို နေ့လေးဟာ ကျနော်တို့ အတွက် ဘာမှမထူးခြားခဲ့ပေမဲ့ နောက်တစ်နေ့ (၉၊၀၈၊၂၀၀၈) မှာ ပြုလုပ်တဲ့ စင်ကာပူနိုင်ငံရဲ့ လွတ်လပ်ရေးနေ့လေးဟာ တော်တော်ကို ကျေနပ်စရာတွေနဲ့ အောင်မြင်စွာနဲ့ ပြီးဆုံးခဲ့ပါတယ်.. ဒီလိုနိုင်ငံရဲ့လွတ်လပ်ရေးနေ့ကို သူများနိုင်ငံတွေမှာ ဂုဏ်ယူဝင့်ကြွားစွာလုပ်နေတာမြင်ရတော့ တော်တော်ကိုစိတ်မကောင်း ဖြစ်ရပါတယ်ဗျာ.. လွတ်လပ်ရေးနေ့ မတိုင်ခင်ကတည်းက ငွေကြေးများစွာ အကုန်အကျ ခံပြီးပြင်ဆင် လုပ်ဆောင်နေတာကို တွေ့ရတယ်ဗျာ..

ဒီတစ်ပတ်စနေနေ့လေးမှာ တစ်ပတ်လုံး အလုပ်တွေနဲ့ နပမ်းလုံးနေရတဲ့ ကျနော်ဘ၀လေးကို ဘယ်သူမှ မသနားရင်တောင်မှ ကိုယ်ဟာကိုယ် သနားပြီး အေးအေးဆေးဆေးရှိမဲ့ နေရာလေးတစ်ခုကို သွားပြီး အပန်းဖြေမဲ့ ဆိုတဲ့ ကျနော်ရဲ့ စိတ်ကူးလေး ပြည့်ခဲ့ပါတယ်.. ဒီတစ်ပတ်စနေနေ့လေးမှာ ကျနော်တို့ သူငယ်ချင်းတွေ စင်ကာပူရဲ့ ကမ်းခြေလေးတစ်ခုကို သွားခဲ့ပါတယ်.. ပင်လယ်ဘက်က တိုက်လာတဲ့ လေပြေညှင်း လေးတွေကြောင့် တစ်ပတ်လုံး နွမ်းလျနေတဲ့ စိတ်လေးတွေဟာ အားလုံး မဟုတ်ရင်တောင်မှ အတော်အတန်လေး လျော့ကြစေခဲ့ပါတယ်.. ဒါပေမဲ့ ကျနော်တို့ သူငယ်ချင်းတွေမှာ ဂစ်တာမပါလာတာကတော့ အပြည့်အ၀ မပျော်ခဲ့ရပါဘူးဗျာ... ဒါပေမဲ့ ကျနော်တို့ဒီလို ပျော်ရွှင်နေတဲ့ အချိန်မှာ ကျနော်တို့ရဲ့ မြန်မာနိုင်ငံသူ၊သား တွေလည်း ပျော်ရွှင်မူအပေါင်းနဲ့ ပြည့်စုံစေချင်တယ်ဗျာ…

o:p>

IT Joke

ကျနော် အစ်ကို Rooney Zar ပေးပို့လိုက်တဲ့ IT နဲ့ ပတ်သက်ပြီး ပြောထားတဲ့ ဟာသလေးဗျ… ရယ်ရတယ်ဗျာ…

…………………………………………………………………………………………………………………….

ဟုတ်ကဲ့ခင်ဗျာ ..... အခုချိန်မှာ ရာသီဥတုကတော့ net ကစားသမား တွေအကြိုက်ပေါ့ ခင်ဗျာ ...
မီးက တဖွဲဖွဲ လာနေပါတယ် ခင်ဗျ ........ အခု
publlic access centre က စပေ:ပြီခင်ဗျ
data ကိုဒေါင့်ဖြတ်တင်တယ် ခင်ဗျ ...... မရဘူးခင်ဗျာ .. ဒိုင်လူကြီး ကိုပုဂံ က အနီရောင် access denie ပြထားတယ် ခင်ဗျ
ဟုတ်ကဲ့ ကျွန်တော်ကြေညာနေစဉ် အတွင်းမှာပဲ
data ကို tel exchange ကပြန်တင်လိုက်ပြန်ပြီ ခင်ဗျာ
မရပြန်ဘူးခင်ဗျာ ..... အွန်လိုင်:
ups down တယ်တဲ့ခင်ဗျာ ..... data ဟာ လိမ့်ကာလိမ့်ကာနဲ့ ပျက်သွားပြီ ခင်ဗျ
အခု ဂိုးသမား ကို
administrator က ပိုက်ဘောမိထားတယ် ခင်ဗျာ ..... gtalk ကနေတွေ.တာလို. ပြောပါတယ်ခင်ဗျာ
ဟုတ်ကဲ့ အခု တဖတ်အသင်းက ကစားကွက်ကို ပြောင်းကစားမယ်. ပုံစံပဲခင်ဗျ
port forwording နဲ့ပြောင်းချိတ်တယ်ခင်ဗျာ .... ဒါပေမယ်. အတွေ.အကြုံရင့်ကျတ်တဲ့ ဘတ်တန်းကစားတဲ့ epc က
မီးကို ဖြတ်ချတယ် ခင်ဗျာ ..... ဟုတ်ကဲ့ တကယ်.ကို အခတ်အခဲ ပါပဲခင်ဗျာ
ချစ်ခင်လေးစား ရပါသော
netမြင်အသံမကြား သုံးစွဲသူ မိဘပြည်သူ အပေါင်:တို့ ခင်ဗျာ
အခု ကျွန်တော်ကြေညာနေစဉ် အတွင်းမှာပဲ
back bone ဒေါင်းသွာ:ပြီ ဖြစ်တဲ့အတွက် ပွဲကိုရပ်နားလိုက်ရပါကြောင်း
ကြေညာရင်း ကျွန်တော်များ
bagan မှတိုက်ရိုက် ပိတ်စို.မှူ အစီအဆင် ကိုရပ်နားလိုက်ရပါတယ် ခင်ဗျာ

လောကမှာကြုံတွေ့ရသမျှ လူမူဒုက္ခ

Photobucket

လူဘ၀တစ်ခု ရဖို့ဆိုတာ တော်ယုံတန်ယုံ ကုသိုလ်ကံနဲ့ ဖြစ်မလာနိုင်ပါဘူး.. လူရယ်လို့ ဖြစ်ကာရင် ကိုယ်ရဲ့ဘ၀မှာ လောကကြီးအတွက် ဒါမှမဟုတ် ကိုယ်ရဲ့နိုင်ငံအတွက်ပဲ ဖြစ်ဖြစ် ဘာတွေလုပ်ပေးခဲ့သလဲ.. နောက်ဆုံး ကိုယ်ရဲ့မိသားစုလေး အပေါ်မှာပဲ ဖြစ်ဖြစ် ဘာတွေ လုပ်ပေးခဲ့သလဲ.. တာဝန်ကျေပွန်တဲ့ လူသားတစ်ယောက် ဖြစ်ခဲ့လားဆိုတာကို ပြန်စဉ်းစား စေချင်ပါတယ်.. လူတိုင်းမှာ ငယ်စဉ်ကတည်းက ကိုယ်ပိုင်ခံယူချက်၊ ရည်းမှန်းချက်တွေ ရှိတတ်ပါတယ်.. ဥပမာ ကိုကြီးလာရင် ဘယ်လိုကြီးပွါးအောင်လုပ်မယ်.. ပြီးရင် ကိုယ်ရဲ့ မိဘကို ဘယ်လိုလေး ထားမယ် စသည်ဖြင့်ပေါ့ဗျာ… ဒါပေမဲ့ ဒီလို စိတ်ကူးတွေ၊ မျှော်မှန်းချက်တွေဟာ အသက်အရွယ်ကြီးလာတာနဲ့ အမျှ အကြောင်းကြောင်းကြောင့် ပျောက်ပျယ်သွားလေ့ရှိပါတယ်..

ကိုယ်ရဲ့ပင်ကို စိတ်ကြောင့်ပဲ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင် အပေါင်းအသင်းကြောင့်ပဲ ဖြစ်ဖြစ် လူဆိုတာ တခါတလေ မှားတတ်ကြပါတယ်.. ဒီလိုမှားသွားခဲ့ရင်လည်း စိတ်ညစ်စရာတွေ ပြန်တွေးနေစရာမလိုပဲ အတတ်နိုင်ဆုံး ပြင်နိုင်ရပါမယ်.. ဒါပေမဲ့ လူတော်တော်များများဟာ ကိုယ်မှားတဲ့အမှားကို ကိုယ်တိုင်မသိဘူး ဖြစ်နေတတ်ပါတယ်.. လူငယ်တို့သဘာဝ ကိုယ်မှန်မယ်ထင်ရင် သူများတွေက ဘယ်လောက်မှားတယ်ပြောပြော ဇွတ်လုပ်တတ်တဲ့ သဘောရှိတတ်တာဟာ သဘာဝပါပဲ… ကျနော်ဘ၀မှာလည်း အဲဒီလို အမှားမျိုး ကျူးလွန်ခဲ့ဘူး ပါတယ်.. အဲဒီ အမှားလေး တစ်ခုဟာ ဘယ်သူမှ မသိနိုင်ခဲ့ပေမယ့် ကာယကံရှင် ဖြစ်တဲ့ ကျနော်ကတော့ တွေးမိလေတိုင်း စိတ်မကောင်းဖြစ်ရလေ့ရှိပါတယ်..

လူဆိုတာ အသက်အရွယ်ကြီးလာတာနဲ့ အမျှ စိတ်ကလည်း ရင်ကျက်လာတယ်ဆိုတာ ကျနော် လက်သင့်ခံသလောက်တော့ လက်ခံပါတယ်.. ဒါပေမဲ့ ကျနော်ခံယူတာကတော့ အသက်အရွယ်နဲ့ မဆိုင်ပဲ အဲဒီ လူတစ်ယောက်ရဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံ ၊ လောကဒါဏ်ရဲ့ လှည့်စားမူတွေ၊ ရင်ဆိုင်ရမူတွေနဲ့ ပိုပြီးဆိုင်တယ်လို့ ထင်ပါတယ်.. ဥပမာဗျာ.. ငယ်စဉ်ကတည်းက ဘ၀အတွက်ရုန်းကန် လှုပ်ရှားခဲ့ရပြီး ကြီးပြင်းလာတဲ့ လူတစ်ယောက်ရဲ့ စိတ်ဓါတ်နဲ့ ဘ၀မှာ လိုလေတယ်မရှိအောင် နေလာရပြီး ကြီးပြင်းလာတဲ့ လူတစ်ယောက်ရဲ့ စိတ်ဓါတ် ကွာသလိုပါပဲ…အဲ လွယ်လွယ်ပြောရင်တော့ဗျာ.. အလုပ်လုပ်နေတဲ့ လူတစ်ယောက်မှာ ရှိတဲ့ idea နဲ့ အလုပ်မလုပ်ပဲ မိဘလုပ်စားထိုင်စားပြီး အလေလိုက်နေတဲ့ လူတစ်ယောက်မှာ ရှိတဲ့ idea ကွာသလိုပေါ့ဗျာ.. ဒါပေမဲ့ အားလုံးမှာတော့ ပတ်ဝန်းကျင်က ရလာတဲ့ ပညာ သို့မဟုတ် စရိုက် စသည်ဖြင့် တစ်ခုခုတော့ ရလာမှာပါပဲ..

တစ်ကယ်တမ်း ဘ၀မှာ ကိုယ်ရဲ့ခြေထောက်အပေါ် ကိုယ်ရပ်တည်ရတော့မဲ့ အချိန်ရောက်လာရင် အထက်ကပြောခဲ့တဲ့ လူနှစ်ယောက်ရဲ့ ကွခြားမူက တော်တော်ကို သိသာသွားပါတယ်.. နောက်တစ်ခုက ပညာလို့ပြောလိုက်လို့ ကျောင်းပညာရပ်ကို ဆိုလိုတာမဟုတ်ပါဘူး.. တကယ်တမ်း ကျနော်တို့ ဘ၀မှာ တွေ့ရတဲ့ ဒုက္ခတွေကို ရင်ဆိုင်နိုင် ဖို့ တတ်သင့်တဲ့ ပညာရပ်တွေဟာ ကျောင်းစာသင်ခန်း တစ်ခုထဲမှာ မဟုတ်ပါဘူး.. ကျောင်းပြင်ပ က ပညာရပ်တွေပါ တတ်မှ လောကကြီးကို ရင်ဆိုင်နိုင်မှာပါ.. တကယ်တမ်း ကျောင်းပညာရပ်ဆိုတာဟာ ကျနော်တို့ရဲ့ ဘ၀ကို အခြေခိုင်အောင် အစပျိုးေ
ပးလိုက်တဲ့ နေရာတစ်ခုတာ ဖြစ်ပါတယ်..

(၂၅၊၇၊၀၈) ဒီနေ့ ကျနော် အလုပ်က ပြန်လာတော့ လမ်းမှာ ကျောင်းတုန်းက သူငယ်ချင်း တစ်ဦးနဲ့ မမျှော်လင့်ပဲ ဆုံဖြစ်ပါတယ်..သူလည်း နိုင်ငံခြားရောက်နေတယ်ဆိုတာ ကျနော် မသိခဲ့ပါဘူး.. မြင်မြင်ချင်း မမှတ်မိပါဘူး မမှတ်မိဘူးဆိုတာကလည်း သူရဲ့ ရုပ်အသွင်က တော်တော်ကို ပြောင်းလဲသွားတာပါ.. ကျောင်းမှာတုန်းက သူကအမြဲတန်း သန့်သန့်ပြန့်ပြန့်နဲ့ စာမေးပွဲတွေဆိုလည်း အဆင့်ထိပ်နားမှာ ရောက်နေတတ်တဲ့ကောင်ပါ.. သူနဲ့စကားပြောဖြစ်မှ သူအကြောင်းတွေကို အကြောင်းစုံ သိလိုက်ရပါတယ်.. အခု သူလုပ်နေတာက သဘောင်္ကျင်းတစ်ခုမှာတဲ့.. ကျနော် တော်တော်လေး အံ့သြော် မိသလို စိတ်လည်း မကောင်းပါဘူး.. အဓိက ကတော့ ဒီမှာ ရှိတဲ့ Agent နဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ ကိုယ်ကောင်းစားဖို့တစ်ခုတည်း ကြည့်တတ်တဲ့ Agent နဲ့ ပေါင်းပြီး လိမ်ဆင်လုပ်လိုက် တာပါပဲ..ဒီလိုပြောလို့ အားလုံး Agent အပြစ်လားဆိုတော့လည်း မဟုတ်ပြန်ဘူးဗျာ.. စဉ်းစားကြည့်လိုက်တော့ အပြင်ဗဟုသုတ မရှိပဲ အယုံလွယ်လိုက်မိတာ ကာယကံရှင်ရဲ့ အပြစ်လည်း ပါတာပေါ့ဗျာ.. ဒီကိုလာဖို့ Agent နဲ့ ချိတ်လိုက်တာ သိန်း (၄၀) လောက် ကုန်သွားတယ်တဲ့.. Agent ပြောတုန်းက စာရင်းကိုင်ဆိုတာတဲ့ ဘာမှ မပင်ပန်းဘူး.. အေးဆေးပဲဆိုလို့ လာခဲ့တာ ရောက်ခါမှ ပြောထားတာနဲ့ လုပ်ရတာ အခြားစီပဲတဲ့ဗျာ… အဲလိုကြားရပြီးကတည်းက ကျနော် စိတ်မကောင်း ဖြစ်သွားပါတယ်.. ကျနော်လည်း သူကို အမှန်အတိုင်းပြောရရင် အကူအညီပေးနိုင်တဲ့ အနေအထားမှာပါပဲ.. ကျနော်ပြောနိုင်တာက သူ့ကို မြန်မာပြည် ပြန်သွားပြီး ပညာရပ်တစ်ခုခုနဲံ ပြန်လာဖို့ပါပဲ.. သူပြန်ပြောလိုက်တဲ့ တစ်ခွန်းတည်းသော စကားကသူ ပတ်ဝန်းကျင်ကို ရင်မဆိုင်ချင်ဘူးတဲ့……

ကျနော် ဒီအကြောင်းအရာကို နဲနဲပြောချင်ပါတယ်.. လူတစ်ယောက်ဟာ သူရဲ့ သမရိုးကျ လုပ်နေရာ သွားနေရာကနေပြီး ဒီလို သူများနိုင်ငံကို ထွက်လာတဲ့ အဓိကရည်ရွယ်ချက်ဟာ ၁၀၀မှာ ၉၃% လောက်ကတော့ သူတို့ရဲ့ ဘ၀၊ မိသားစု ၊နိုင်ငံ ကြီးကို ပြောင်းလဲစေချင်လို့ ပါပဲ.. အဲဒီလို ထွက်လာတဲ့ လူတိုင်းမှာ ကိုယ်စီ ကြုံတွေ့ရတဲ့ သုခ၊ ဒုက္ခတွေ ရှိပါတယ်.. ကျနော်တို့တုန်းကဆိုရင်လည်း နိုင်ငံခြားဆိုတာနဲ့ ပတ်သက်ပြီး ဘာမှ သေချာမသိပါဘူး.. သူများပြောတာတွေ နားထောင်ပြီး ရောက်လာတာပါ.. တစ်ကယ်ရောက်မှ တစ်ချို့ဟာတွေဟာ မှန်တာရော မှားတာတွေရော အစုံကို တွေ့ကြရပါတယ်.. ဒီကိုရောက်လာတဲ့ လူတစ်ယောက်ဟာ ကိုယ်မျှော်မှန်းသလို အကြောင်းကြောင်းကြောင့် ဖြစ်မလာခဲ့ဘူးဆိုရင် ကိုယ်ရဲ့ မွေးရပ်မြေ တိုင်းပြည်ကို ပြန်ဖို့မှ လွဲပြီး ဘာမှ မရှိပါဘူး.. အဲဒီမှာ ဘာစတွေ့ရလဲဆိုတော့ ကျနော်တို့ မြန်မာတွေရဲ့ ရိုးရာမပျက်တဲ့ ထုံးတမ်းစဉ်လာအတိုင်း လိုက်ပြီး စပ်စုတော့ပါပဲ.. ဟဲ့ ဘာလို့ ပြန်လာတာလဲ.. အဆင်မပြေလို့လား.. ဘာလား.. ညာလားနဲ့ လုပ်တော့တာပါပဲ.. ဒီက အဆင်မပြေလို့ ပြန်လာတဲ့ လူက စိတ်ဓာတ်က အစကတည်းက ကျချင်ကျချင် ဖြစ်နေတာ သူတို့လုပ်မှ ပိုဆိုးသွားပါတယ်.. အမေးခံရတဲ့ လူတစ်ယောက်ရဲ့ ရင်ထဲမှာ ဘယ်လောက် အနေခက် ၊ အခံရခက်မယ်ဆိုတာ စဉ်းစားကြည့်စေချင်ပါတယ်.. ဒါဟာ ကျနော် ကိုယ်တိုင် ကြုံတွေ့ ခံစားရဖူးလို့ပါ.. တစ်ကယ်တမ်း ဖြစ်သင့်တာလေးက အခုအဆင်မပြေလည်း နောက် တစ်ခါဆို အဆင်ပြေသွားမှာပါ.. စိတ်ဓာတ်မကျနဲ့ ထပ်ကြိုးစား ဘာညာ စသည်ဖြင့် အားပေးသင့်ပါတယ်.. အခုဟာက အဲဒီလို မဟုတ်ဘူးဗျာ.. ရေနစ်တဲ့လူကို ၀ါးကူထိုးနေသလိုပါပဲ.. ကယ်တင်ရမရောက်ပဲ ဆွဲနစ်နေသလို ဖြစ်နေပါတယ်.. တော်တော်

လောကမှာကြုံတွေ့ရသမျှ လူမူဒုက္ခ

Photobucket

လူဘ၀တစ်ခု ရဖို့ဆိုတာ တော်ယုံတန်ယုံ ကုသိုလ်ကံနဲ့ ဖြစ်မလာနိုင်ပါဘူး.. လူရယ်လို့ ဖြစ်ကာရင် ကိုယ်ရဲ့ဘ၀မှာ လောကကြီးအတွက် ဒါမှမဟုတ် ကိုယ်ရဲ့နိုင်ငံအတွက်ပဲ ဖြစ်ဖြစ် ဘာတွေလုပ်ပေးခဲ့သလဲ.. နောက်ဆုံး ကိုယ်ရဲ့မိသားစုလေး အပေါ်မှာပဲ ဖြစ်ဖြစ် ဘာတွေ လုပ်ပေးခဲ့သလဲ.. တာဝန်ကျေပွန်တဲ့ လူသားတစ်ယောက် ဖြစ်ခဲ့လားဆိုတာကို ပြန်စဉ်းစား စေချင်ပါတယ်.. လူတိုင်းမှာ ငယ်စဉ်ကတည်းက ကိုယ်ပိုင်ခံယူချက်၊ ရည်းမှန်းချက်တွေ ရှိတတ်ပါတယ်.. ဥပမာ ကိုကြီးလာရင် ဘယ်လိုကြီးပွါးအောင်လုပ်မယ်.. ပြီးရင် ကိုယ်ရဲ့ မိဘကို ဘယ်လိုလေး ထားမယ် စသည်ဖြင့်ပေါ့ဗျာ… ဒါပေမဲ့ ဒီလို စိတ်ကူးတွေ၊ မျှော်မှန်းချက်တွေဟာ အသက်အရွယ်ကြီးလာတာနဲ့ အမျှ အကြောင်းကြောင်းကြောင့် ပျောက်ပျယ်သွားလေ့ရှိပါတယ်..

ကိုယ်ရဲ့ပင်ကို စိတ်ကြောင့်ပဲ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင် အပေါင်းအသင်းကြောင့်ပဲ ဖြစ်ဖြစ် လူဆိုတာ တခါတလေ မှားတတ်ကြပါတယ်.. ဒီလိုမှားသွားခဲ့ရင်လည်း စိတ်ညစ်စရာတွေ ပြန်တွေးနေစရာမလိုပဲ အတတ်နိုင်ဆုံး ပြင်နိုင်ရပါမယ်.. ဒါပေမဲ့ လူတော်တော်များများဟာ ကိုယ်မှားတဲ့အမှားကို ကိုယ်တိုင်မသိဘူး ဖြစ်နေတတ်ပါတယ်.. လူငယ်တို့သဘာဝ ကိုယ်မှန်မယ်ထင်ရင် သူများတွေက ဘယ်လောက်မှားတယ်ပြောပြော ဇွတ်လုပ်တတ်တဲ့ သဘောရှိတတ်တာဟာ သဘာဝပါပဲ… ကျနော်ဘ၀မှာလည်း အဲဒီလို အမှားမျိုး ကျူးလွန်ခဲ့ဘူး ပါတယ်.. အဲဒီ အမှားလေး တစ်ခုဟာ ဘယ်သူမှ မသိနိုင်ခဲ့ပေမယ့် ကာယကံရှင် ဖြစ်တဲ့ ကျနော်ကတော့ တွေးမိလေတိုင်း စိတ်မကောင်းဖြစ်ရလေ့ရှိပါတယ်..

လူဆိုတာ အသက်အရွယ်ကြီးလာတာနဲ့ အမျှ စိတ်ကလည်း ရင်ကျက်လာတယ်ဆိုတာ ကျနော် လက်သင့်ခံသလောက်တော့ လက်ခံပါတယ်.. ဒါပေမဲ့ ကျနော်ခံယူတာကတော့ အသက်အရွယ်နဲ့ မဆိုင်ပဲ အဲဒီ လူတစ်ယောက်ရဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံ ၊ လောကဒါဏ်ရဲ့ လှည့်စားမူတွေ၊ ရင်ဆိုင်ရမူတွေနဲ့ ပိုပြီးဆိုင်တယ်လို့ ထင်ပါတယ်.. ဥပမာဗျာ.. ငယ်စဉ်ကတည်းက ဘ၀အတွက်ရုန်းကန် လှုပ်ရှားခဲ့ရပြီး ကြီးပြင်းလာတဲ့ လူတစ်ယောက်ရဲ့ စိတ်ဓါတ်နဲ့ ဘ၀မှာ လိုလေတယ်မရှိအောင် နေလာရပြီး ကြီးပြင်းလာတဲ့ လူတစ်ယောက်ရဲ့ စိတ်ဓါတ် ကွာသလိုပါပဲ…အဲ လွယ်လွယ်ပြောရင်တော့ဗျာ.. အလုပ်လုပ်နေတဲ့ လူတစ်ယောက်မှာ ရှိတဲ့ idea နဲ့ အလုပ်မလုပ်ပဲ မိဘလုပ်စားထိုင်စားပြီး အလေလိုက်နေတဲ့ လူတစ်ယောက်မှာ ရှိတဲ့ idea ကွာသလိုပေါ့ဗျာ.. ဒါပေမဲ့ အားလုံးမှာတော့ ပတ်ဝန်းကျင်က ရလာတဲ့ ပညာ သို့မဟုတ် စရိုက် စသည်ဖြင့် တစ်ခုခုတော့ ရလာမှာပါပဲ..

တစ်ကယ်တမ်း ဘ၀မှာ ကိုယ်ရဲ့ခြေထောက်အပေါ် ကိုယ်ရပ်တည်ရတော့မဲ့ အချိန်ရောက်လာရင် အထက်ကပြောခဲ့တဲ့ လူနှစ်ယောက်ရဲ့ ကွခြားမူက တော်တော်ကို သိသာသွားပါတယ်.. နောက်တစ်ခုက ပညာလို့ပြောလိုက်လို့ ကျောင်းပညာရပ်ကို ဆိုလိုတာမဟုတ်ပါဘူး.. တကယ်တမ်း ကျနော်တို့ ဘ၀မှာ တွေ့ရတဲ့ ဒုက္ခတွေကို ရင်ဆိုင်နိုင် ဖို့ တတ်သင့်တဲ့ ပညာရပ်တွေဟာ ကျောင်းစာသင်ခန်း တစ်ခုထဲမှာ မဟုတ်ပါဘူး.. ကျောင်းပြင်ပ က ပညာရပ်တွေပါ တတ်မှ လောကကြီးကို ရင်ဆိုင်နိုင်မှာပါ.. တကယ်တမ်း ကျောင်းပညာရပ်ဆိုတာဟာ ကျနော်တို့ရဲ့ ဘ၀ကို အခြေခိုင်အောင် အစပျိုးပေးလိုက်တဲ့ နေရာတစ်ခုတာ ဖြစ်ပါတယ်..

(၂၅၊၇၊၀၈) ဒီနေ့ ကျနော် အလုပ်က ပြန်လာတော့ လမ်းမှာ ကျောင်းတုန်းက သူငယ်ချင်း တစ်ဦးနဲ့ မမျှော်လင့်ပဲ ဆုံဖြစ်ပါတယ်..သူလည်း နိုင်ငံခြားရောက်နေတယ်ဆိုတာ ကျနော် မသိခဲ့ပါဘူး.. မြင်မြင်ချင်း မမှတ်မိပါဘူး မမှတ်မိဘူးဆိုတာကလည်း သူရဲ့ ရုပ်အသွင်က တော်တော်ကို ပြောင်းလဲသွားတာပါ.. ကျောင်းမှာတုန်းက သူကအမြဲတန်း သန့်သန့်ပြန့်ပြန့်နဲ့ စာမေးပွဲတွေဆိုလည်း အဆင့်ထိပ်နားမှာ ရောက်နေတတ်တဲ့ကောင်ပါ.. သူနဲ့စကားပြောဖြစ်မှ သူအကြောင်းတွေကို အကြောင်းစုံ သိလိုက်ရပါတယ်.. အခု သူလုပ်နေတာက သဘောင်္ကျင်းတစ်ခုမှာတဲ့.. ကျနော် တော်တော်လေး အံ့သြော် မိသလို စိတ်လည်း မကောင်းပါဘူး.. အဓိက ကတော့ ဒီမှာ ရှိတဲ့ Agent နဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ ကိုယ်ကောင်းစားဖို့တစ်ခုတည်း ကြည့်တတ်တဲ့ Agent နဲ့ ပေါင်းပြီး လိမ်ဆင်လုပ်လိုက် တာပါပဲ..ဒီလိုပြောလို့ အားလုံး Agent အပြစ်လားဆိုတော့လည်း မဟုတ်ပြန်ဘူးဗျာ.. စဉ်းစားကြည့်လိုက်တော့ အပြင်ဗဟုသုတ မရှိပဲ အယုံလွယ်လိုက်မိတာ ကာယကံရှင်ရဲ့ အပြစ်လည်း ပါတာပေါ့ဗျာ.. ဒီကိုလာဖို့ Agent နဲ့ ချိတ်လိုက်တာ သိန်း (၄၀) လောက် ကုန်သွားတယ်တဲ့.. Agent ပြောတုန်းက စာရင်းကိုင်ဆိုတာတဲ့ ဘာမှ မပင်ပန်းဘူး.. အေးဆေးပဲဆိုလို့ လာခဲ့တာ ရောက်ခါမှ ပြောထားတာနဲ့ လုပ်ရတာ အခြားစီပဲတဲ့ဗျာ… အဲလိုကြားရပြီးကတည်းက ကျနော် စိတ်မကောင်း ဖြစ်သွားပါတယ်.. ကျနော်လည်း သူကို အမှန်အတိုင်းပြောရရင် အကူအညီပေးနိုင်တဲ့ အနေအထားမှာပါပဲ.. ကျနော်ပြောနိုင်တာက သူ့ကို မြန်မာပြည် ပြန်သွားပြီး ပညာရပ်တစ်ခုခုနဲံ ပြန်လာဖို့ပါပဲ.. သူပြန်ပြောလိုက်တဲ့ တစ်ခွန်းတည်းသော စကားကသူ ပတ်ဝန်းကျင်ကို ရင်မဆိုင်ချင်ဘူးတဲ့……

ကျနော် ဒီအကြောင်းအရာကို နဲနဲပြောချင်ပါတယ်.. လူတစ်ယောက်ဟာ သူရဲ့ သမရိုးကျ လုပ်နေရာ သွားနေရာကနေပြီး ဒီလို သူများနိုင်ငံကို ထွက်လာတဲ့ အဓိကရည်ရွယ်ချက်ဟာ ၁၀၀မှာ ၉၃% လောက်ကတော့ သူတို့ရဲ့ ဘ၀၊ မိသားစု ၊နိုင်ငံ ကြီးကို ပြောင်းလဲစေချင်လို့ ပါပဲ.. အဲဒီလို ထွက်လာတဲ့ လူတိုင်းမှာ ကိုယ်စီ ကြုံတွေ့ရတဲ့ သုခ၊ ဒုက္ခတွေ ရှိပါတယ်.. ကျနော်တို့တုန်းကဆိုရင်လည်း နိုင်ငံခြားဆိုတာနဲ့ ပတ်သက်ပြီး ဘာမှ သေချာမသိပါဘူး.. သူများပြောတာတွေ နားထောင်ပြီး ရောက်လာတာပါ.. တစ်ကယ်ရောက်မှ တစ်ချို့ဟာတွေဟာ မှန်တာရော မှားတာတွေရော အစုံကို တွေ့ကြရပါတယ်.. ဒီကိုရောက်လာတဲ့ လူတစ်ယောက်ဟာ ကိုယ်မျှော်မှန်းသလို အကြောင်းကြောင်းကြောင့် ဖြစ်မလာခဲ့ဘူးဆိုရင် ကိုယ်ရဲ့ မွေးရပ်မြေ တိုင်းပြည်ကို ပြန်ဖို့မှ လွဲပြီး ဘာမှ မရှိပါဘူး.. အဲဒီမှာ ဘာစတွေ့ရလဲဆိုတော့ ကျနော်တို့ မြန်မာတွေရဲ့ ရိုးရာမပျက်တဲ့ ထုံးတမ်းစဉ်လာအတိုင်း လိုက်ပြီး စပ်စုတော့ပါပဲ.. ဟဲ့ ဘာလို့ ပြန်လာတာလဲ.. အဆင်မပြေလို့လား.. ဘာလား.. ညာလားနဲ့ လုပ်တော့တာပါပဲ.. ဒီက အဆင်မပြေလို့ ပြန်လာတဲ့ လူက စိတ်ဓာတ်က အစကတည်းက ကျချင်ကျချင် ဖြစ်နေတာ သူတို့လုပ်မှ ပိုဆိုးသွားပါတယ်.. အမေးခံရတဲ့ လူတစ်ယောက်ရဲ့ ရင်ထဲမှာ ဘယ်လောက် အနေခက် ၊ အခံရခက်မယ်ဆိုတာ စဉ်းစားကြည့်စေချင်ပါတယ်.. ဒါဟာ ကျနော် ကိုယ်တိုင် ကြုံတွေ့ ခံစားရဖူးလို့ပါ.. တစ်ကယ်တမ်း ဖြစ်သင့်တာလေးက အခုအဆင်မပြေလည်း နောက် တစ်ခါဆို အဆင်ပြေသွားမှာပါ.. စိတ်ဓာတ်မကျနဲ့ ထပ်ကြိုးစား ဘာညာ စသည်ဖြင့် အားပေးသင့်ပါတယ်.. အခုဟာက အဲဒီလို မဟုတ်ဘူးဗျာ.. ရေနစ်တဲ့လူကို ၀ါးကူထိုးနေသလိုပါပဲ.. ကယ်တင်ရမရောက်ပဲ ဆွဲနစ်နေသလို ဖြစ်နေပါတယ်.. တော်တော်ကို ဆိုးတဲ့ အခြေအနေပါ… နောက်တစ်ခု သိစေချင်တာက နိုင်ငံခြားလို နေရာမျိုးမှာ လူတကာနဲ့ ရင်ဘောင်တန်းပြီး ကြိုးစားရတာမျိုးပါ.. ကျနော်တို့ နိုင်ငံမှာလို ဟိုယောင် ဒီယောင်နဲ့ လုပ်နေလို့မရပါဘူး… ပြီးတော့ သူများနိုင်ငံတွေက တခြားတိုင်းပြည်ကို ထွက်လာပြီးဆိုရင် သူနဲ့ သက်ဆိုင်တဲ့ ပညာရပ်ကို တကယ်တတ်လို့ ထွက်လာတာများပါတယ်.. ကျနော်တို့လို ဟိုနား နဲနဲ ၊ ဒီနားနဲနဲ တတ်တာ မဟုတ်ပါဘူး.. အဲဒီတော့ အဲလိုလူမျိုးနဲ့ ယှဉ်နိုင်ဖို့ဆိုတာက ကျနော်တို့ များစွာလိုအပ်နေပါတယ်.. အဓိက ကတော့ English Speaking ပေါ့ဗျာ.. ကျနော်လည်း Speaking ရလားဆိုတော့ မရပါဘူး.. J

နောက် တစ်ခုကတော့ ကိုဘာတတ်လဲဆိုတာ ကို ကိုယ်တိုင်သိဖို့ပါပဲ.. အထက်ကပြောခဲ့သလို ဟိုနား နဲနဲ ၊ ဒီနားနဲနဲ ဆိုရင်တော့ ရေရှည်မလွယ်ပါဘူး.. ကျနော်တို့လည်း အခုထိ ကြိုးစားနေရဆဲပါ.. အဲ စင်ကာပူလို နိုင်ငံမျိုးမှာ ဘယ်ပညာရပ်မဆို တကယ်တတ် တကယ်သိရင် အလုပ်က ရှာရတာ လွယ်ပါတယ်.. ဒါမမဟုတ်ရင်တော့ ရတဲ့ အလုပ်က မြဲမှာမဟုတ်ပါဘူး.. ကျနော် အဲလိုပြောလို့ တစ်ကယ်တတ်ရင် ကျွမ်းရင် လာရင် ရမလာဆိုတော့ ရမယ်ဆိုတာ အာမ မခံရဲပြန်ပါဘူး.. အရာရာအားလုံးဟာ ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတော်မူပါတယ်. အဲဒီတော့ လာမယ်လို့ ရည်ရွယ်တဲ့ သူတွေ ဘုရားတရားတွေ ကောင်းကောင်းလုပ်ထားကြရင် ပိုအဆင်ပြေမယ်လို့ ထင်မိပါတယ်.. ပညာတွေ ဘယ်လောက်ပဲတော်တော် တတ်တတ် ဘုရားသခင်က မသနားဘူးဆိုရင် အဲဒီ လူဟာ ဘယ်လိုမှ အလုပ်ရနိုင်မှာ မဟုတ်ပါဘူး..

နောက်တစ်ခုကတော့ သူများတိုင်းပြည်မှာ နေရတာဟာ ကိုယ်တိုင်းပြည်မှာ နေရသလို အရာရာ အဆင်မပြေတတ်ပါဘူ.. ဒီမှာ က လူနေမူအဆင့်အတန်းမြင့် သလို ဆက်ဆံရေးမှာ လည်း ကျဲသွားတတ်ပါတယ်.. ကိုယ်တိုင်းပြည်မှာလို ရိုးရာစာတွေကို စားချင်တိုင်း ၀ယ်စားလို့ မရပါဘူး.. ဒီတော့ ဒီကို ရောက်တဲ့ လူတော်တော်များများ က အိမ်ကို လွမ်းနေတတ်ပါတယ်.. ပြောရရင်တော့ အိမ်လွမ်းနာပေါ့ဗျာ.. အဲဒီမှာ အလုပ်ကလဲ မရ စားရသောက်ရတာကလဲ အဆင်မပြေ ဒီတော့ မြန်မာပြည်က လူတွေ စဉ်းစားကြည့်ပါဦး .. သူတစ်ပါးတိုင်းပြည်မှာ အလုပ်လာလုပ် ၊ လာရှာတဲ့ လူတွေရဲ့ ဒုက္ခတွေကို…

အဲဒီတော့ အကြောင်းကြောင်းကြောင့် အဆင်မပြေပဲ ကိုယ်တိုင်းပြည်ကို ပြန်လာတဲ့ ကိုယ်ဆွေမျိုး ၊ သူငယ်ချင်း တွေကို ဖေးမကူညီကြပါဗျာ.. အားပေးကြပါ.. ရေနစ်နေတဲ့ လူကို မကူညီချင်ရင်နေပါ.. ၀ါးလုံးနဲ့တော့ ကူမထိုးကြပါနဲ့၊ သူတို့ရဲ့ စိတ်ဓာတ်တွေ မြင့်တက်လာအောင် ကူညီပေးကြပါ..အဲ ခင်ဗျားတို့ လာမယ်ဆိုရင်လည်း တစ်ချိန်ချိန်မှာ ဒီလို ကြုံတွေ့ကြရမှာပါ့လားဆိုတဲ့ အသိတရားလေး ထားပေးကြပါ.. ကျနော်တို့လဲ ဒီလို ဖြတ်သန်းခဲ့ရတာပါဗျာ.. ဘ၀ဆိုတာ အမြဲတမ်း ပန်းခင်းသော လမ်းမဟုတ်ပါဘူးဗျာ.. အဲ ပန်းခင်းတဲ့ လမ်းဟုတ်တယ်လို့ ပြောတဲ့ လူတွေလည်း သတိပေးပါရစေဗျာ… ပန်းခင်းထားတဲ့ လမ်းပေါ် လျှောက်မယ်ဆိုရင်လည်း ကြည့်လျှောက်ပါလို့ မွှေးကြိုင်နေတဲ့ ပန်းတွေကြားမှာ ဆူးအပြည့်နဲ့ နှင်းဆီလို ပန်းမျိုးတွေလည်း ရှိတတ်ပါတယ်လို့…တစ်ကယ်လို့များ အဲဒီဆူးပန်းတွေကို နင်းမိခဲ့ရင်လည်း နောက်ပြန်မဆုတ်ပဲ ရဲရဲဝင့်ဝင့်နဲ့ ကိုယ်ရွေးတဲ့ လမ်းကို လျှောက်နိုင်ကြပါစေလို့ ဆန္ဒြုပုရင်း……..

စိုးမင်းထိုက် (26/07/08 2:30am)

သားတို့ အိမ်ပြန်ကြရအောင် အမေ

သားတို့ အိမ်ပြန်ကြရအောင် အမေ

“ပေါ့ရင် အရသာမရှိဘူးနဲ့ ဒီနေ့ချက်တာ နည်းနည်းငန်တော့ မျိုမကျဘူးတဲ့။ ဘယ်လိုလုပ်ပေးရမလဲ”

အိမ်ထဲဝင်ဝင်ချင်း ထမင်းစားခန်းမှ လွှင့်လာတဲ့အသံက ဆီးလို့ကြိုတယ်။ သားကို မြင်တော့ အမေက ခေါင်းငုံ့ပြီး ထမင်းဆက်စားတယ်။ မိန်းမက သူ့ကို မျက်စောင်းနဲ့ ကြည့်တယ်။ အမေစားနေတဲ့ ဟင်းကို သူ မြည်းကြည့်ပြီး ချက်ချင်း ထွေးထုတ်လိုက်မိတယ်။

“အမေ့ရောဂါက အငန်နဲ့ မတည့်ဘူးလို့ ပြောထားတယ် မဟုတ်လား”

“ဒါဆို ရှင့်အမေကို ရှင်ပဲချက်ကျွေးပေါ့” ခြေဆောင့်ပြီး သူမ ထွက်သွားတယ်။

သက်ပြင်းတစ်ချက်ကို သူခပ်ဖွဖွချရင်း...
“အမေ.. အဲတာတွေ မစားနဲ့တော့.. သား ခေါက်ဆွဲချက်လိုက်မယ်”

“သား... အမေကို သား ဘာပြောစရာရှိလဲ? ပြောစရာရှိတာ ပြောနော်သား..စိတ်ထဲ ထည့်မထားနဲ့”

“နောက်လကျရင် သားရာထူးတက်ပြီ အမေ။ သား ဒီထက် ပိုအလုပ်များတော့မယ်။ အမေ့ချွေးမကလည်း အပြင်ထွက် အလုပ်လုပ်ချင်တယ်တဲ့.. ဒါကြောင့်.. ”

သား ဘာကိုဆိုလိုချင်မှန်း အမေသိလိုက်တယ်။

“သားရယ် အမေ့ကို လူအိုရုံ မပို့ပါနဲ့နော်”

တိုးလျှိုးတောင်းပန်စွာ အမေဆိုတော့ သားစိတ်မကောင်းဖြစ်ပြီး ခဏလောက် နှုတ်ဆိတ်သွားတယ်။

“အမေ.. လူအိုရုံက မကောင်းတာ မဟုတ်ဘူး။ အမေ့ချွေးမ အလုပ်ရရင် အမေ့ကို ပြုစုဖို့အချိန် ရှိတော့မှာ မဟုတ်ဘူး။ လူအိုရုံမှာ အမေ့ကို ပြုစုမယ့်လူ၊ ချက်ကျွေးမယ့် ၀န်ထမ်းတွေရှိတယ် အမေ။ အိမ်မှာထက်စာရင် ပိုကောင်းတာပေါ့ အမေရယ်”

“ဒါပေမဲ့.. သားရယ်...”

အမေ့စကားကို သူ မကြားချင်ဟန်ဆောင်ပြီး ရေချိုးခန်းဘက် ထွက်လာခဲ့တယ်။ သားအမိနှစ်ယောက် ခေါက်ဆွဲအတူစားပြီး စာကြည့်ခန်းထဲ သူဝင်ခဲ့တယ်။ ပြတင်းပေါက် အပြင်ဖက်ကို ငေးကြည့်ရင်း သူတွေဝေနေမိတယ်။ ငယ်ငယ်ရွယ်ရွယ် မုဆိုးမဖြစ်ခဲ့ရတဲ့ အမေ၊ သားကို လူတစ်လုံးသူတစ်လုံး ဖြစ်အောင် ကျွေးမွေးခဲ့တဲ့ အမေ၊ သားကို လူရာဝင်အောင် နိုင်ငံခြားအထိ ပညာသင်ခွင့် ပေးခဲ့တဲ့ အမေ.. သားကို ကြီးပြင်းအောင် ကျွေးမွေးအနစ်နာခံခဲ့တာကို အကြောင်းပြပြီး သားဆီက ဘာမှပြန်မမျှော်လင့်ခဲ့တဲ့ အမေကို အိမ်ထောင်ရေး တည်မြဲဖို့ မိန်းမဆန္ဒကြောင့် လူအိုရုံပို့ရတော့မယ်။ သက်ပြင်းလေးလေးတစ်ချက် သူချလိုက်မိတယ်။ သား ရင်ထဲမှာ မချိလိုက်တာ အမေရယ်...

“မင်းရဲ့ လက်ကျန်ဘ၀ကို မင်းအမေက အဖော်ပြုမှာ မဟုတ်ဘူး.. မင်းမိန်းမကပဲ အဖော်ပြုမှာ”

“မင်း အမေ အသက်ကြီးပြီကွာ။ နေလိုရရင် နောက်ထပ် ၄ . ၅ နှစ်ပေါ့။ အဲဒီ နှစ်တိုတိုလေးမှာ အမေကို သေချာပြုစု ဂရုစိုက်ပါကွာ။ မရှိတော့မှ ငါမကျွေးလိုက်ရပါလား? ငါ မမွေးလိုက်ရပါလားလို့ နောင်တမရနဲ့”

ပတ်ဝန်းကျင်က သူငယ်ချင်း မိတ်ဆွေတစ်ချို့ရဲ့ စကားသံကို ပြန်ကြားယောင်ရင်း သူရှေ့ဆက် မတွေးရဲတော့ဘူး။

အမေ့အတွက် ငွေကုန်ကြေးကျများရင် ဂရုစိုက် ရိုသေရာရောက်တယ်လို့ ထင်မယ်ဆိုလည်း ထင်ကြတော့။ တောင်စွယ်နေကွယ်လုဆဲ ညနေခင်းတစ်ခု မြို့ပြင်မှာ တည်ထားတဲ့ လူအိုရုံဆီ သူတို့ရောက်လာခဲ့တယ်။ လူအိုရုံရဲ့ဧည့်ခန်းကို သူတို့ဖြတ်လျှောက်တော့ ၄၂လက်မ တီဗွီဖန်သားပြင်ပေါ်မှာ ဟာသကား တစ်ကားပြနေတာကို တွေ့လိုက်တယ်။ ဒါပေမဲ့ ကြည့်နေတဲ့ ပရိသတ်ဆီက ဘာရီသံမှ မကြားရဘူး။

ပုံစံတူ အင်္ကျီ၊ ပုံစံတူညှပ်ထားတဲ့ ဆံပင်နဲ့ လူအိုတစ်ချို့ ဆိုဖာပေါ်မှာ စောင်းစောင်းရွဲ့ရွဲ့ ထိုင်နေကြတယ်။ ငူငူငိုင်ငိုင် ထိုင်နေတဲ့ အဘွားအိုတစ်ယောက် ပါးစပ်က တစ်တွတ်တွတ်ရွတ်နေတယ်။ တုန်ချိချိ အဘွားအ

ပုံစံတူ အင်္ကျီ၊ ပုံစံတူညှပ်ထားတဲ့ ဆံပင်နဲ့ လူအိုတစ်ချို့ ဆိုဖာပေါ်မှာ စောင်းစောင်းရွဲ့ရွဲ့ ထိုင်နေကြတယ်။ ငူငူငိုင်ငိုင် ထိုင်နေတဲ့ အဘွားအိုတစ်ယောက် ပါးစပ်က တစ်တွတ်တွတ်ရွတ်နေတယ်။ တုန်ချိချိ အဘွားအို တစ်ယောက် ကြမ်းပြင်ပေါ်ကျနေတဲ့ မုန့်ကို ကုန်းကောက်ဖို့ ကြိုးစားနေတယ်။ မြင်ကွင်းတွေကို သားအကြည့် လွဲပြီး နေရောင်ရတဲ့ အခန်းတစ်ခန်းကို အမေ့အတွက် ရွေးလိုက်တယ်။ အခန်းပြတင်းပေါက်က အပြင်ကို လှမ်းကြည့်မိတော့ သစ်ပင်ရိပ်အောက်မှာ လက်တွန်းလှည်းနဲ့ နပ်စ်တစ်ချို့ကို တွေ့လိုက်တယ်။ ပျင်းရိပျင်းတွဲ ညနေခင်းရဲ့ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်မြင်ကွင်းက မြင်ရသူအဖို့ ရင်နင့်စရာကောင်းလှတယ်။

“အမေ.. သား .. သွားတော့မယ်”
သူ့နှုတ်ဆက်စကားကို အမေ ခေါင်းညိတ်ပြတယ်။ တုန်ရီနေတဲ့ လက်နဲ့ဝှေ့ယမ်းပြတယ်။ သွားမရှိတော့တဲ့ ပါးစပ်ကို ဟပြီး တစ်ခုခုပြောဖို့ ကြိုးစားတယ်။ အမေ.. ဆံပင်တွေတောင် ငွေရောင်သမ်းခဲ့ပါပေါ့လား.. မျက်လုံးထောင့်က အရစ်ကြောင်းတွေတောင် နက်သထက် နက်ဝင်ခဲ့ပါပေါ့လား... အမေ တကယ်အိုခဲ့ပါပေါ့လား....

(၁)
အဲဒီတုန်းက သူ(၆)နှစ်။ ကိစ္စတစ်ခုကြောင့် အမေခရီးထွက်ရမယ်ဆိုလို့ သူ့ကို ဦးလေးအိမ်မှာ ခဏ သွားအပ်ခဲ့တယ်။ ပစ္စည်းတွေယူပြီး အမေသွားဖို့ပြင်တော့ ကြောက်အားလန့်အားနဲ့ အမေ့ အင်္ကျီိကိုဆွဲပြီး သူအော်ငိုတော့တယ်။

“ အမေ.. သားကို ခွဲမသွားပါနဲ့...အမေ သားကို ထားမသွားပါနဲ့”
ရှိုက်ကြီးတငင်ငိုနေတဲ့ သူ့ကို အမေ ထားမသွားရက်ခဲ့ဘူး။ အမေ့လက်ကို ဆွဲပြီး ဦးလေးအိမ်က ထွက်လာတော့ ခြံတံခါးကို သူဆွဲပိတ်ခဲ့လိုက်တယ်။ သူ့ကို ထားခဲ့ဖို့ လာသွားတယ်ဆိုတဲ့ အိပ်မက်ဆိုးကြီး တစ်သက်လုံး ကပ်ညှိမလာအောင် တံခါးဝဖက်ကို သူယောင်လို့တောင် လဲမကြည့်ခဲ့ဘူး။

(၂)
အိမ်ထဲ ၀င်လိုက်တာနဲ့ မိန်းမနဲ့ ယောက္ခမက အမေ့အခန်းထဲက ပစ္စည်းတွေကို လွင့်ပစ်ဖို့ သိမ်းနေတာနဲ့ သွားတိုးတယ်။ ၂ပေမြင့်တဲ့ ဒိုင်းဆုတစ်ခု.... အထက်တန်းတုန်းက “ကျွန်တော်၏ မိခင်” ဆိုတဲ့ စာစီစာကုံးနဲ့ သူ ပထမဆုရထားတဲ့ ဒိုင်းဆုလေး။ အဘိဓာန် စာအုပ်တစ်အုပ်... အမေ့ချွေးနဲစာနဲ့ ၀ယ်ပေးခဲ့တဲ့ သူ့ရဲ့ ပထမဦးဆုံးသော မွေးနေ့လက်ဆောင်။ အကြောပြေ လိမ်းဆေးတစ်ဘူး...အမေ အိပ်ရာမ၀င်ခင် လိမ်းတတ်တဲ့ဆေး... လိမ်းပေးမဲ့သူ မရှိဘဲ အမေ့ကို ဒီဆေးပေးလိုက်တော့လဲ ဘာထူးမှာလဲ...

“တော်ပြီ.. မသိမ်းကြပါနဲ့တော့” သူ အော်လိုက်မိတယ်။
“ဒီလောက်များတဲ့ အမှိုက်တွေ မပစ်ထုတ်ရင် ငါ့ပစ္စည်းတွေ ဘယ်နားသွားထားရမလဲ” ယောက္ခက စူးစူးဝါးဝါး ကြည့်ရင်း ပြန်အော်တယ်။

“ဟုတ်ပါ့.. အဲဒီကုတင်စုတ်ကြီးလည်း ပစ်ထုတ်လိုက်စမ်းပါ။ မနက်ဖြန်ကျမှ အမေ့အတွက် သမီး ကုတင်အသစ်တစ်လုံး ၀ယ်ပေးမယ်နော်”

ကုတင်ခေါင်းရင်းမှာ ထောင်ထားတဲ့ ဓာတ်ပုံကို သူတွေ့လိုက်တယ်။ အဲဒီပုံက သူ့ကို အမေ ကစားကွင်း လိုက်ပို့တုန်းက ရိုက်ထားတဲ့ပုံဖြစ်တယ်။
“ဒါတွေဟာ ကျွန်တော့်အမေရဲ့ အမွေတွေ... တစ်ခုမှ မပစ်နိုင်ဘူး”
“ဒါ ဘာအချိုးလဲ.. ဘာလို့ အမေ့ကို ပြန်အော်ရတာလဲ.. အမေ့ကို ချက်ချင်းတောင်းပန်လိုက်”

“မင်းကို ငါ လက်ထပ်ခဲ့တာနဲ့ မင်းအမေကို ချစ်ရမယ်ဆိုရင် ဘာဖြစ်လို့ ငါ့ကို လက်ထပ်ခဲ့ပြီး ငါ့အမေကို မင်း မချစ်ခဲ့ရတာလဲ”

(၃)
မိုးရွာပြီးစမို့ ညက ပိုအေးစက်နေတယ်။ လူသူကင်းရှင်းတဲ့ လမ်းမပေါ်မှာ ကားလေးတစ်စီး မြို့ပြင်က လူအိုရုံဖက် ဦးတည်ပြီး တရိပ်ရိပ်ပြေးနေတယ်။ လူအိုရုံရောက်တော့ ကားပေါ်က အမြန်ဆင်းပြီး အမေ့အခန်းဖက် သူပြေးသွားလိုက်မိတယ်။ သူ့လက်ထဲမှာ အမေ အမြဲလိမ်းတတ်တဲ့ အကြောပြေဆေးဘူးကို တင်းတင်း ဆုပ်ကိုင်ထားတယ်။

“အမေ.. ဆေးကျန်ခဲ့လို့ သားလာပို့တာ”
အမေ့ကုတင်ရှေ့ သူဒူးထောက်ချလိမ့်မိတယ်။
“မိုးချုပ်နေပြီ သားရယ်.. မနက်ဖြန် အလုပ်ရှိသေးတယ် မဟုတ်လား.. ပြန်ပါသား.. ဆေးကို အမေ့ဘာသာ လိမ်းလို့ရတယ်”

“အမေ.... ” သူ့အသံတွေ လည်ချောင်းဝမှာ တစ်ဆို့နေတယ်။
“အမေ သားကို ခွင့်လွတ်ပါ အမေ... သားတို့ အိမ်ပြန်ကြရအောင်နော်”
အိုမင်း ပိန်လှီနေတဲ့ အမေ့ခန္ဓာကိုယ်ကို တင်းတင်းလေး သူဖက်ထားလိမ့်မိတယ်။ သူ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေက အဆက်မပြတ် စီးဆင်းလို့...

“သားတို့ အိမ်ပြန်ကြရအောင် အမေ”

အိုသွားတဲ့ တစ်နေ့

“ကလေးရဲ့ ပထမဆုံး သွားတစ်ချောင်းက တစ်နှစ်နဲ့ ဘယ်နှစ်လမှာ ပေါက်တယ်ဆိုတာကို မှတ်မိနေပြီး မိဘရဲ့ နောက်ဆုံးသွားတစ်ချောင်း ဘယ်အချိန်မှာ ကျိုးသွားသလဲ ဆိုတာကိုတော့ မေ့နေတတ်တယ်”

ဆေးရုံတစ်ရုံရဲ့ အ၀င်ဝမှာ ရေးကပ်ထားတဲ့ ပိုစတာလေးကို မြင်မှာ ကျွန်မအသိစိတ်တွေ နှိုးထလာတယ်။ အခုခတ်က ငယ်ရွယ်တဲ့ အိမ်ထောင်သည်တွေ ကိုယ်တိုင်ဝမ်းနာပြီး မွေးထွက်လာတဲ့ ကလေးတွေကိုပဲ ဂရုစိုက်တတ်ကြတယ်။ ကိုယ့်ကိုလည်း အမေ၀မ်းနာပြီး မွေးထွက်လာခဲ့တယ် ဆိုတာကို မေ့နေတတ်ကြတယ်။

စနေနေ့ မနက် အိပ်ရာပေါ်မှာ ဇိမ်နဲ့နှပ်နေတုန်း ဖုန်းသံကြောင့် ကျွန်မ အိပ်မက်က လန့်နှိုးလာခဲ့တယ်။ အမေဆီက ဖုန်းပါ။ ကလေးတွေခေါ်ပြီး အမေ့အိမ်မှာ နေ့လယ်စာ သွားစားဖို့ ဆက်လိုက်တာဖြစ်တယ်။

“ကလေးတွေကို မက်ဒေါ်နယ်သွားစားဖို့ ပြောထားပြီးပြီ အမေရဲ့”
“အဲဒီပိုက်ဆံကို ချွေသာလိုက်ပါ သမီးရယ်... ကားမောင်းလာရင် ၁၀မိနစ်ထဲပါ”
အမေက မရမက တောင်းဆိုနေတယ်။ ကလေးတွေက အမေချက်တာကို စားချင်မှာ မဟုတ်ဘူး။ ဟမ်ဘာဂါပဲ စားချင်ကြမှာပဲလို့ ကျွန်မ တွေးလိုက်မိတယ်။

အမေကို လာမယ်၊ မလာဘူးလို့ မပြောခင် ကျွန်မ တွေဝေနေတုန်းမှာ အကြီးမနဲ့ အငယ်လေးက ဖုန်းပြောနေတဲ့ ကျွန်မကို လာခါပြလိုက်၊ ခေါင်းခါပြလိုက်နဲ့ အဘွားအိမ်ကို မသွားချင်ကြောင်း လုပ်ပြနေတယ်။ သမီးတွေက ရုံးပိတ်ရက် မိသားစု စုံစုံညီညီနဲ့ အပြင်ထွက်ပြီး အတူစားချင်ပုံရတယ်။

“အမေ့မြေးတွေနဲ့ တိုင်ပင်ပြီး သမီး ဖုန်းပြန်ဆက်လိုက်မယ် အမေ”
“အေးပါ သမီးရယ်”
ဖျော့တော့တော့ အသံနဲ့ အမေဖုန်းချသွားတယ် ဆိုရင်ပဲ ကလေးတွေက တစ်ပြိုင်ထဲ
“အဘွားအိမ် မသွားချင်ဘူး။ မက်ဒေါ်နယ် သွားစားမယ်လို့ ပြောထားပြီသားပဲ” လို့ ၀ိုင်းအော်ကြတယ်။

“အဘွားရဲ့ ရည်ရွယ်ချက်က နေ့လယ်စာ စားဖို့ မဟုတ်ဘူး။ သူ့မြေးတွေဖြစ်တဲ့ သမီးတို့ကို ကြည့်ချင်လို့”
“အရင်အပတ်ကပဲ သမီးတို့ သွားခဲ့ပြီးပြီလေ မေမေ”

ကျွန်မရှင်းပြတာကို သမီးတွေက လက်ခံချင်ပုံ မရခဲ့ဘူး။
“တစ်ချိန်မှာ မေမေလဲ အိုသွားတဲ့အခါ သမီးတို့ကို “သမီးတို့ရေ အိမ်ကို လာခဲ့ပါဦး။ မေမေ ကိတ်မုန့်ဖုတ်ထားတယ်။ မြေးတွေလဲ ခေါ်ခဲ့နော်” လို့ ဖုန်းဆက်ခေါ်ရင် “ကိတ်မုန့်ကို အပြင်မှာ ၀ယ်စားလဲရတာပဲ အမေ.. သမီးတို့ မအားဘူး” လို့ ပြန်ပြောရင် အခု ဘွားဘွား စိတ်မကောင်းဖြစ်သွားသလို မေမေလဲ စိတ်မကောင်းဖြစ်လိမ့်မယ်” လို့ ရှင်းပြတော့ လေးနှစ်သမီးလေးက “သမီး အဲလို မပြောဘူး။ ဟုတ်ကဲ့လို့ ပြောမယ် မေမေ” တဲ့။ နောက်ဆုံး သမီးတွေနဲ့ တိုင်ပင်ပြီး နေ့လယ်စာကို မက်ဒေါ်နယ် စားပြီး ညနေစာကို အမေ့အိမ်မှာ စားဖို့ ကျွန်မတို့ ဆုံးဖြတ်လိုက်တယ်။

ညနေ အိမ်လာခဲ့မယ်လို့ အမေ့ကို ဖုန်းပြန်ဆက်တော့ အမေက “အေး.. ဒါဆိုရင် အမေ ချက်ပြုတ်ဖို့ ပြင်ဆင်လိုက်ဦးမယ်” လို့ ၀မ်းသာအားရ ပြန်ပြောတယ်။

ညနေ အမေ့အိမ်ရောက်တော့ အမေက မီးဖိုချောင်ထဲမှာ တကုပ်ကုပ်နဲ့ ချက်ပြုပ်နေတယ်။ အမေ့ကိုကူဖို့ ကျွန်မ မီးဖိုထဲဝင်တော့ အမေက ပုခုံးကျောတွေ ကိုက်ကြောင်း ပြောပြတယ်။

“ ဆေးခန်းမသွားဘူးလား အမေ၊ ဆေးမလိမ်းဘူးလား”
“သွားလဲ မထူးပါဘူး သမီးရယ်။ ဆေးလိမ်းလဲ မသက်သာပါဘူး”
အမေ့စကားကို ကြားမှ အမေလိုအပ်နေတာ ဆေးခန်းတွေ၊ လိမ်းဆေးတွေ မဟုတ်ဘဲ ကျွန်မတို့ရဲ့ ဂရုစိုက်မှု၊ ပြုစုမှုဆိုတာကို ကျွန်မ သဘောပေါက်တော့တယ်။

အသန့်အပြန့် ကြိုက်တဲ့ အမေ့ရဲ့ မီးဖိုချောင်က အိုးတွေဟာလဲ ဆီချေးတွေ အထပ်ထပ် ပေနေတာကို ကျွန်မ သတိထားမိလိုက်တယ်။ အိုးတွေကို တိုက်ချွတ်ဆေးနေရင်း “အိုးတွေကို တိုက်ချွတ်ဖို့ အမေအားတွေ မရှိတော့လို့ဖြစ်မယ်” လို့ ကျွန်မ စဉ်းစားလိုက်မိတယ်။

အရင်တုန်းက လက်တစ်ဖက်က ကျွန်မကို ချီပိုးရင်း၊ ကျန်လက်တစ်ဖက်နဲ့ ကြော်လှော်ချက်ပြုတ်ခဲ့တဲ့ အမေ... အိမ်ရှေ့၊ အိမ်နောက်၊ အိမ်ထောင့်တွေပါ မကျန် သပ်ရပ်သန့်ရှင်းအောင် အမြဲရှင်းလင်းတတ်တဲ့ အမေ..... အခုခါမှာတော့ ဇရာထောင်းပြီး လက်တွေလဲ အင်အားချိခဲ့ပါပြီ။ ဒါတောင် သူချစ်တဲ့ သားသမီး မြေးတွေကို ကိုယ်တိုင်ချက်ပြုပ် ကျွေးမွေးချင်နေတုန်းပါပဲ။

ကျွန်မ ဘယ်လောက်ပဲ ပင်ပန်းပြီး၊ အလုပ်များနေပါစေ အချိန်တစ်ချိန် ကန့်သတ်ပြီး အမေ့အိမ်ကို အမြဲပြန်ပြီး အိုးတွေကို တိုက်ဆေးပေးမယ်ဖို့ ကျွန်မ ဆုံးဖြတ်ချက် တစ်ခု ချလိုက်မိပါတယ်။ နောင်တစ်ချိန် ကျွန်မ အိုသွားတဲ့တစ်နေ့၊ လက်တွေ လှုပ်ရှားဖို့ အားအင် နည်းသွားတဲ့အခါ သားသမီးတွေလည်း အိမ်ကို အမြဲပြန်လာပြီး အိုးတွေ တိုက်ဆေးပေးဖို့ ကျွန်မ မျှော်လင့်မိပါတယ်။

အမေ့လက်

မောင့်ချစ်သက်၏၊ လက်ဖ၀ါးနု
သွေးဥရောင်လွှမ်း၊ ၀ါဂွမ်းနှယ်အိ
ကိုင်မထိရက်၊ ချွန်ထက်လက်သဲ
ဆေးရောင်မြဲခြယ်၊ ပျက်ပြယ်မရှိ
နုနယ်ဘိတောင်း၊ ဖေါ့ဖယောင်းနှယ်
ပျော့ပျောင်းသွယ်လွ
အလှပြည့်နှက်၊ ချစ်သူ့လက်။

မောင့်မိခင်၏၊ ညိုလွင်ပြာနှမ်း
မာကြမ်းကွဲအက်၊ လက်ဖ၀ါးပြင်
ရင့်ရော်သွင်မှာ၊ ဆယ်ဖြာလက်ချောင်း
ပြည့်ဖေါင်းမညက်၊ ညံ့သက်မှုကင်း
ရောင်ဆင်းညှိုးမဲ၊ လက်သဲငုံးတိ
ချေးညှော်ပြည့်မွ
အလှပျက်ပြယ်၊ အမေ့လက်။

ဖေါင်းအိနုညက်၊ ချစ်သူ့လက်နှင့်
ရော်ရင့်ကြမ်းခက်၊ အမေ့လက်တွင်
သိမြင်လာရ၊ “အလှ” “အလုပ်”
ခွဲထုတ်ချေမိ၊ အမေ၏လက်
အလုပ်လက်သည်
အသက်တမျှ၊ မနားရချေ
ဘ၀ခရီး
သားသမီးတွက်၊ ထိုလက်အစွမ်း
ဘ၀လမ်းတွင်၊ လှပန်းဆင်ခဲ့
အားမာန်ဖွဲ့ရစ်၊ သည်အဖြစ်ကြောင့်
အချစ်၏လက်၊ ပြောင်းသွယ်ညက်စေ
အမေ၏လက်၊ အလုပ်လက်သာ
နှစ်သက် ဂုဏ်ယူ ဘွယ်တကား။

ခင်သူသူဝင်း (ငွေတာရီ၊ ၁၉၇၈ခုနှစ် ဧပြီလ)

(၆၁)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး

Photobucket

တမ်းတမိသော လူတစ်ယောက်
ဒေါက်တာလွဏ်းဆွေ

‘ဗိုလ်ချုပ်အောင်ဆန်း’ ဟူသည့် အမည်နာမကိုကြားလျှင် ကျနော်ရင်ခုန်သည်။ စိတ်လှုပ်ရှားသည်။ ကျနော့် အဖို့ ဒဏ္ဍာရီပုံပြင်တွေထဲက ခေါင်းဆောင်ကောင်းပီသသည့် မြန်မာသူရဲကောင်းတဦးကို အမှတ်ရနေသလို ခံစားမိသည်။ တခါတရံ သူအမှန်တကယ် သက်ရှိထင်ရှားရှိခဲ့သည်လား မရှိခဲ့ဘူးလားဟု ထင်မိလောက် အောင်ကိုပင် စိတ်ထဲတွင် မပီဝိုးတ၀ါး ဖြစ်နေတတ်သည်။ အဘယ့်ကြောင့် ထိုသို့ဖြစ်ရသည်ကို စဉ်းစားကြည့် သည့်အခါ ဗိုလ်ချုပ်အောင်ဆန်းဆိုသည့် အဆိုပါပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကို ကျနော့်အနေနှင့် မျက်ဝါးထင်ထင် မမြင်ဖူးမတွေ့ဖူးခဲ့ခြင်းသည် အဓိကအကြောင်းအချက်တခု ဖြစ်မည်ထင်သည်။ ထို့အပြင် လူ့ဘ၀တွင် နေထိုင် အသက်ရှင်သွားခဲ့သည့် အခိုက်အတန့်အတွင်း သူ၏ စွမ်းဆောင်ခဲ့မှုများက အသက်အရွယ်နှင့် မမျှအောင် အဆမတန် ကြီးမားလွန်းခဲ့၍လည်း တကယ့်လူမှ ဟုတ်ပါရဲ့လားဟု ကျနော်ထင်မိခဲ့ခြင်း ဖြစ်မည်ထင်သည်။ ကွယ်လွန်သည့် အချိန်တွင် သူသည် အသက်အရွယ်အားဖြင့် (၃၂)နှစ်စွန်းစွန်းသာ ရှိသေးသည်။ သို့သော် ထိုမျှအသက်အရွယ်နှင့် အလွန်တရာ ကြီးလေးသည့် တာဝန်ဝတ္တရားများကို ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။ ရန်ကုန်တက္ကသိုလ် အိုးဝေမဂ္ဂဇင်းအယ်ဒီတာ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဌ၊ ဗမာ့တပ်မတော် စစ်သေနာပတိ၊ အစိုးရနန်းရင်းဝန် စသည့်တာဝန်များကို အံ့အား သင့်စဖွယ် ထမ်းရွက်ခဲ့ပြီးဖြစ်သည်။

ထိုသို့သော ဂုဏ်ပုဒ်များ၊ တာဝန်ယူမှုများနှင့် မြန်မာ့လူ့အဖွဲ့အစည်းအတွက် အသက်ထက်ဆုံး ပေးဆပ်သွားခဲ့ သည့် ဗိုလ်ချုပ်အောင်ဆန်းဆိုသော ပုထုဇဉ်လူသားတဦးအား မမြင်ဖူး မတွေ့ဖူး လိုက်လင့်ကစား သူ၏ ပင် ကိုယ်စရိုက်၊ စိတ်နေစိတ်ထားတို့ကို ကျနော် ချစ်ခင်မိသည်၊ သူ၏ ကိုယ်ကျင့်သီလ၊ ယုံကြည်ချက်ရပ်တည် ချက်၊ သူရသတ္တိနှင့် တိုင်းချစ်ပြည်ချစ်စိတ်တို့ကို ကြည်ညိုလေးစားမိသည်။ သူ၏ ခေါင်းဆောင်ကောင်း ပီသ သည့်၊ နိုင်ငံရေးသမားကောင်း ပီသသည့် အရည်အချင်းများကို အားကျမိသည်။
• • •

လူမှန်းသိတတ်စ အရွယ်မှစ၍ ကျနော် အမှတ်ထင်ထင် ရှိခဲ့သည့် ဓာတ်ပုံနှစ်ပုံ ရှိသည်။ အိမ်ဦးခန်းရှိ ဘုရားစင်၏ ဘေးတဖက်တချက်တွင် အဖေချိတ်ဆွဲထားသော မှန်ဘောင်သွင်းထားသည့် ဓာတ်ပုံနှစ်ပုံ ဖြစ်သည်။ ဘုရားစင်၏ ဘယ်ဖက်၌ ချိတ်ဆွဲထားသည့်ပုံတွင် ခေါင်းပေါင်းအဖြူ ပေါင်းထားသည့် အဖိုးအိုတဦး၏ ကိုယ်တပိုင်းပုံကို တွေ့ရပြီး ညာဖက်၌ ချိတ်ဆွဲထားသည့်ပုံတွင် စစ်ဝတ်စုံ ၀တ်ထားသည့် အမျိုးသားတဦး၏ ကိုယ်တပိုင်းပုံကို တွေ့ရသည်။ သို့သော် ထိုပုဂ္ဂိုလ်နှစ်ဦးအား မည်သူမည်ဝါမှန်း ထိုစဉ်က ကျနော်မသိခဲ့။ ကလေးသဘာဝ အဖေ့အား စပ်စပ်စုစုနှင့် မေးကြည့်သည့်အခါတွင်မှ အဖေက ဘယ်ဖက်က ပုဂ္ဂိုလ်ကို သခင်ကိုယ်တော်မှိုင်း၊ ညာဖက်က ပုဂ္ဂိုလ်ကို ဗိုလ်ချုပ်အောင်ဆန်းဟု ပြောပြခဲ့သည်ကို အမှတ်ရမိသည်။ သို့သော် ကျောင်းနေသည့်အရွယ် မဟုတ်သေးသည့်အတွက် သူတို့၏ နာမည်တွေကိုသာ ကျက်မိနေပြီး မည်သို့သော ပုဂ္ဂိုလ်တွေ ဆိုသည်ကို ကျနော်မသိခဲ့။ အရွယ်ရောက်လာသည့်အခါ သမိုင်းစာမျက်နှာများကို တစတစ ဖတ်ရှုလေ့လာခဲ့ရာမှ တဦးကို နယ်ချဲ့ဆန့်ကျင်ရေး၊ အမျု
ိးသားလွတ်မြောက်ရေး စာဆိုကြီး၊ ငြိမ်းချမ်းရေးဖခင်ကြီး ဒေါက်တာသခင်ကိုယ်တော်မှိုင်း ဟူ၍၎င်း၊ တဦးကို ဗမာ့တပ်မတော်၏ ဖခင်ကြီး၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟူ၍၎င်း လေ့လာသိရှိခဲ့ရခြင်းဖြစ်သည်။ ထိုသို့ ထဲထဲဝင်ဝင် သိလာရသည့် အချိန်တွင်မူ ထိုပုဂ္ဂိုလ်ကြီးနှစ်ဦးအား လေးစားကြည်ညိုသည့် စိတ်များက ကျနော့်ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့ပြီ ဖြစ်သည်။

ထိုပုဂ္ဂိုလ်ကြီး နှစ်ဦးအနက်မှ ဗိုလ်ချုပ်အောင်ဆန်း ဟူသည်ကို မူလတန်းဖတ်စာတွင် ရွတ်ဆိုခဲ့ရသော ‘ဖေဖော်ဝါ ရီ(၁၃)မှာ ဗိုလ်ချုပ်မွေးနေ့ပါ၊ ၁၉၁၅ ရှေ့နေဦးဖာသား၊ ဇာတိနတ်မောက် မကွေးခရိုင်၊ သိကြများခုတိုင်၊ ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား မိခင်ဒေါ်စုသား၊ ၁၉၄၇ ပြောင်းကြွ တမလွန်၊ မျက်ရည်သွန်လို့ ဘ၀င်ညှိုး ဇူလိုင်တဆယ့်ကိုး’ ဟူသည့် ကဗျာလေးတပုဒ်မှတဆင့် ကျနော်စတင် ရင်းနှီးခဲ့ရခြင်းဖြစ်သည်။ ထို့နောက် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့သည့် ဇူလိုင်လ (၁၉)ရက်နေ့ ရောက်တိုင်း တောင်ငူမြို့ အားကစားကွင်း (မိုင်ဒါကွင်း)တွင် ကျင်းပပြုလုပ်သည့် အာဇာနည်နေ့ အခမ်းအနားသို့ ကျောင်းသားအားလုံး တန်းစီချီတက်ပြီး မိုးမိုးဖွဲဖွဲအောက်တွင် အလေးပြုကြရသည်ကို အမှတ်ရနေမိသည်။ ယခုအခါတွင်မူ အာဇာနည်နေ့ အထိမ်းအမှတ် ဥသြဆွဲသံကို မကြားရသည်မှာ ကာလအတန် ကြာညောင်းခဲ့ပြီဖြစ်သည်။ တိုင်းပြည်ကို လက်နက်အားကိုးနှင့် ရက်စက်စွာ ဖိနှိပ်အုပ်ချုပ်နေသည့် နအဖစစ်အုပ်စု တသက်ဟုပင် ပြောရပေမည်။ ထို့အပြင် ကျောင်းများတွင် ပြဌာန်းထားသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက် သည့် သမိုင်းစာမျက်နှာများကိုလည်း နအဖစစ်အုပ်စုက မှေးမှိန်ဖျောက်ဖျက်ပစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းပုံများဖြင့် ဂုဏ်ပြုထုတ်ဝေထားသည့် နိုင်ငံတော် ငွေစက္ကူများတွင်လည်း ခြင်္သေ့ရုပ်ပုံများကို အစားထိုးကာ အသစ် ထုတ်ဝေခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် သမိုင်းစာမျက်နှာများ၊ တခမ်းတနား ဂုဏ်ပြုမှုများကို စစ်အုပ်စုက အငြိုးတကြီးနှင့် ဖျောက်ဖျက်ပစ်ခဲ့ခြင်းဖြစ်သည်။ အနာဂတ်မျိုးဆက်များ၊ ကျောင်းသားလူငယ်များ အကြားတွင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ မဟုတ်မခံစိတ်ဓာတ်များ ဖြစ်တည်လာပြီး အမှန်တရားအတွက် တော်လှန်တိုက်ပွဲဝင်လိုသည့် သူရဲကောင်းများ ပေါ်ပေါက်လာမည်ကို စိုးရိမ်သဖြင့် နအဖစစ်အုပ်စုက အကြောက်အလန့်ကြီးစွာ သမိုင်းကွင်းဆက် ဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။

ထိုသို့စစ်အုပ်စုက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည်သူလူထုအကြား ကွင်းဆက ပြတ်အောင် နည်းအမျိုးမျိုးနှင့် ကြိုးပမ်းသော်လည်း ယနေ့တိုင် မြန်မာပြည်သူလူထု၏ ရင်ထဲအသည်းထဲတွင် ‘ဗိုလ်ချုပ်’ ဟူသော အမည်နာမက ကိန်းအောင်မြဲ ကိန်းအောင်လျက်ပင်။ ပြည်သူလူထုက ကိုယ့်နည်းကိုယ်ဟန်နှင့် သမိုင်းအစစ်အမှန်တွေကို တိတ်တဆိတ် လက်ဆင့်ကမ်း သယ်ဆောင်လျက်ပင်။ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓာတ်၊ အတွေးအခေါ်၊ နိုင်ငံရေး ကြိုးပမ်းချက်၊ ဟောပြောချက်များ၊ အဆိုအမိန့်များက သူကွယ်လွန်ပြီး နှစ်ပေါင်း(၆၀)နီးပါး ကြာသည့်တိုင် သစ်လွင်လတ်ဆတ်နေဆဲ စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ဖို့ အားထုတ်ကြိုးပမ်းနေသည့် မြန်မာပြည်သူလူထုအတွက် ယနေ့တိုင် လမ်းပြရှေ့ဆောင်နိုင်ဆဲ ဖြစ်သည်။ ထိုသို့သစ်လွင်နေဆဲ၊ လမ်းပြရှေ့ဆောင်နိုင်ဆဲဖြစ်သည်ကို သူ၏ ရေးသားချက်များ၊ အဆိုအမိန့်များ၊ ဟောပြောချက်များ၊ လုပ်ဆောင်ချက်များ၌ အထင်းအရှား တွေ့ရလေသည်။

ဗုဒ္ဓဘာသာနှင့် ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်သူပြည်သား အများစု သက်ဝင်ယုံကြည်သည့် ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး ၁၉၃၅ခုနှစ် ဧပြီလထုတ် ဂန္ဓလောက မဂ္ဂဇင်းတွင် Burma and Buddhism ဟူ

Blogger Template by Clairvo