Labels

အပန်းပြေသော ဟာသလေးများ (၃)

၁။ ဗိုလ်ချုပ်ကြီး

အတန်းပိုင်ဆရာမက ပီတာလေးကို ဆူသည်။

“မောင်ပီတာ၊ မင်းဟာ လွန်လွန်းပြီကွယ့်၊ မနေ့က လေ့ကျင့်ဖို့လေ့ကျင့်ခန်း စာအုပ်မပါဘဲ ကျောင်းကိုလာတယ်၊ ဒီနေ့ ကျောင်းသုံးစာလုပ် ပါမလာပြန်ဘူး၊ လက်နက်မပါတဲ့ စစ်သားကို ဘယ်လိုခေါ်သလဲ သိလား”

“သိပါတယ်၊ ဗိုလ်ချုပ်ကြီး”

၂။ ဂျက်၊ ကွင်း၊ ကင်း( Jack, Queen, King)

ဆရာမက ကျောင်းသားများကို မေးသည်။
“ကလေးတို့ရေ၊ ဘုရင်စနစ် (Monarchy) ဆိုတာ ဘာလဲကွယ် သိတဲ့လူလက်ညှိုးထောင်ပါ”

ပီတာလေးလက်ညှိုးထောင်သည်။

“ဘုရင်စနစ်ဆိုတာ တိုင်းပြည်ကို ဘုရင်က အုပ်ချုပ်တဲ့ စနစ်ပါ”

“မှန်တယ်၊ ကောင်းပြီ၊ တကယ်လို့ ဘုရင်ကွယ်လွန်သွားရင်ကောကွယ်”

“အဲဒါဆို ဘုရင်မ အုပ်ချုပ်ပါလိမ့်မယ်”

“ဟုတ်ပြီ၊ ဘုရင်မလည်း ကွယ်လွန်သွားရင်ကောကွယ့်”

“အဲဒါဆို ဂျက်ပဲ ကျန်ပါမယ်”

၃။ ကိုယ်ချင်းစာကြည့်ပေါ့

ဆရာမသည် အတန်းသားများကိုခေါ်ကာ တိရစ္ဆာန်ရုံသို့သွားသည်၊ တိရစ္ဆာန်ရုံသို့ ရောက်သောအခါ ကလေးများသည် မျောက်များရှိရာဘက်သို့ ပြေးသွားကြသည်၊ သို့သော် မျောက်တစ်ကောင်ကိုမှ မတွေ့ချေ၊ သို့နှင့် ဆရာမက တိရစ္ဆာန်ရုံဝန်ထမ်းအား အကြောင်းရင်းကို မေးရာ ဌင်းက ပြောသည်။

“ဒီလိုပါ အခုချိန်ဟာ မျောက်တွေ မိတ်လိုက်တဲ့ အချိန်ပါ။ အခုလူတွေ မမြင်အောင် သူတို့ လှောင်အိမ်ထဲ ၀င်နေကြပါတယ်”

ဆရာမသည် ရှက်သွေးဖြာသွားသည်၊ သို့သော် က္ကုနြေ္ဒကို ဆယ်လိုက်ပြီး ၀န်ထမ်းကိုပြောသည်။

“ဟုတ်ကဲ့ ကျမနားလည်ပါတယ်၊ ဒါပေမယ့်ရှင်၊ ကလေးတွေက သနားပါတယ်၊ သူတို့ခမျာ မျောက်ကို တွေ့ဖူးချင်ကြလွန်းလို့ခဏခဏပူဆာနေတာနဲ့ ကျွန်မအခု ခေါ်လာတာရှင့်၊ ဌက်ပျောသီးတွေ ပစ်ပေးပြီး မျှားခေါ်ရင်ကော သူတို့ ထွက်လာမယ်ထင်သလားဟင်”

တိရစ္ဆာန်ရုံဝန်းထမ်းက ပြန်ပြောသည်။

“ကျနော်တော့ သိပ်မထင်ဘူးဗျ။ ကိုယ်ချင်းစာကြည့်ပေါ့ဆရာမရယ်”

စာကြွင်း။ ။ မောင်ကောင်းထိုက် ဟာသစာအုပ်လေးထဲက ကူးယူဖော်ပြပါတယ်.. အားလုံး ပျော်ရွှင်နိုင်ပါစေဗျာ..

ကျနော်မြင်မိသော အပိုင်းအစများ

အခုတလော ကျနော် မောင်တောင်ပေါ်သားလဲ ဘာတွေဖြစ်နေတယ်မသိဘူး.. အမြင်တွေကို မကြည်ဘူးဗျာ.. မြင်မိသမျှကလဲ စိတ်မချမ်းသာ စရာတွေကြီးဗျို့ အခုလဲ ဖြစ်ချင်တာဖြစ် ရေးလိုက်ပြီးဗျာ..

ဗုဒ္ဓဟူးနေ့က ကျနော် တောင်ကြီးရှိုးပွဲလေးအတွက် လိုက်လုပ်ကူစရာလေးတွေ ရှိလို့ မြန်မာများ စုဝေးရာ ပင်နဆူလာ ပလာဇာကို ရောက်ခဲ့ပါတယ်. အဲဒီနေ့က အစ္စလာမ် ဘာသာဝင်တွေရဲ့ အစ်နေ့ ဖြစ်တာကြောင့် စင်ကာပူမှာလည်း Public Holiday တစ်ရက်ပေါ့.. ပင်နဆူလာသွားရာ လမ်းတလျှောက် စည်ကားလိုက်တာ မပြောပါတော့နဲ့ဗျာ… အဲ ပင်နဆူလာ ပလာဇာကိုလည်းရောက်ရော စိတ်ပျက်စရာတွေ စတွေ့တာပါပဲ.. အဲဒါကတော့ ကျနော်တို့ ရွှေမြန်မာတွေလေ.. ဖြစ်ချင်တိုင်းဖြစ် ပျက်ချင်တိုင်းပျက်နေတာ..

ကျနော်ဒီပိုစ့်လေးကို အစက မရေးရင်ကောင်းမယ်လို့ စဉ်းစားထားတာဗျာ…. ဘာလို့လဲဆိုတော့ အများတကာရဲ့ လွတ်လပ်ခွင့်ကို ပြောရာကြနေမှာစိုးတယ်ဗျ.. ဒါပေမဲ့ ကျနော် ဘယ်လိုမှ မမြိုသိပ်နိုင်တော့လို့ ရေးလိုက်တာပါ.. ဒီလို Public Holiday မှာ လူတိုင်း ပျော်ရွှင်စွာ နေကြမယ်ဆိုတာ ကျနော်နားလည်ပါတယ်… ဒါပေမဲ့ ဘယ်အရာမဆို စည်းလွတ်ဝါးလွတ် နေရင်တော့ ကြည့်ရတာအဆင်သိပ်မပြေသလိုပါပဲ… အခုအချိန်မှာ စင်ကာပူဆိုတဲ့ နိုင်ငံကြီးသားတွေက အများသိတဲ့အတိုင်း ကျနော်တို့ မြန်မာတွေကို မျက်မှောင်ကျိုးနေတဲ့ အချိန်ဆိုတာ လူတိုင်းသိမယ်လို့ထင်ပါတယ်... ဒီလိုအခြေအနေမှာ ကျနော်တို့မြန်မာတွေအနေနဲ့ စည်းစည်းလုံးလုံးနဲ့ အနေအထိုင်လဲ နဲနဲလေး ဆင်ခြင်ဖြစ်မယ်ဆိုရင် ပိုကောင်းမယ်လို့ ကျနော်ခံစားမိတယ်လေ…

အခုတော့ ကြည့်ပါဦး ကျနော်တို့ မြန်မာတွေ မူးရူးနေလိုက်ကြတာဗျာ… တော်တော်ကို စိတ်ပျက်စရာကောင်းပါတယ်… တော်ယုံတန်ယုံသောက်ကြပေါ့ဗျာ… အခုဟာက သူတို့ကို သူတို့ လူမှန်းသူမှန်းကော သိကြရဲ့လား မသိဘူး… ကျနော်တို့လဲ ဒီလို အားလပ်ရက်လေး ရတဲ့အချိန်လေးမှာ သူငယ်ချင်းတွေနဲ့ သောက်တတ်ကြပါတယ် လူတိုင်းမှာ ကိုယ်ပိုင်အခွင့်အရေးရှိပါတယ် ဒါပေမဲ့ အဲလိုအခွင့်အရေးလေးရတာကိုတော့ ထိန်းသိမ်းသင့်ပါတယ် အခုတော့ မူးရူးပြီး လာသမျှ မိန်းကလေးတွေကို လျှောက်စနေတာပါပဲ.. ကိုယ်မြန်မာ မိန်းကလေးတွေကို မောင်နှမတစ်ယောက်လို စောင့်ရှောက်မယ်မရှိဘူး သူတို့ကစပြီး စားတော့မဲ့ ၀ါးတော့မဲ့ပုံတွေနဲ့ဗျ တစ်ချို့ကတော့ အမူးလွန်လို့ ခေါင်းက မြေကြီးစိုက်နေပါပြီး..

ဒီလူတွေကတော့ Spass,WP စသည်နဲ့ ခွဲခြားစရာမလိုပါဘူး ကိုယ်လဲ ဒီမှာ အလုပ်လာလုပ်တာ.. သူတို့လဲ ဒီမှာ အလုပ်လာလုပ်တာချင်း အတူတူပါပဲ.. ဒါဟာ လူတစ်ဦးချင်းစီရဲ့ ဆုံးဖြတ်ချက်၊ ကိုယ်ပိုင် အသိညာဏ်နဲ့ ဆိုင်ပါတယ် ဒါဟာ သူတို့ကို အပြစ်လို့လဲ ပြောလို့မရပါဘူး ဒါပေမဲ့ တစ်ဦးတယောက်ကြောင့် ကျနော်တို့ မြန်မာတွေ အားလုံးကို ထိခိုက်ခံနေရတာ အားလုံးအသိပါ.. အခုဆို စလုံးမှာရှိတဲ့ ညီအစ်ကို မျိုးချစ်တွေလဲ ဒုက္ခရောက်နေကြပါတယ် ဒီလိုပြောလို့ ကျနော်ဘာလဲဆိုရင် ကျနော်လည်း ဘာကောင်မှ မဟုတ်ပါဘူး သာမန်ကိုယ်တိုင်းပြည်ကို ချစ်တဲ့ ပြည်သူတွေထဲက ပြည်သူတစ်ယောက်ပါပဲ အခုလို အများစုက မျက်မှောက်ကျိုးနေတဲ့ အချိန်မှာ ကျနော်တို့ နဲနဲတော့ ဆင်ခြင်သင့်တယ်လို့ ကျနော်ထင်ပါတယ်

နောက်တစ်ခုက ဒီရောက်လာတဲ့ မြန်မာမိန်းကလေး တစ်ချို့ပါ သူတို့ဟာ မိန်းကလေးဖြစ်တဲ့ အလျောက် အလှအပ မက်တယ်ဆိုတာ ကျနော်တို့ လက်ခံနိုင်ပါတယ် ဒါပေမဲ့ တချို့ တချို့သော မိန်းကလေးတွေဟာ အမိမြန်မာနိုင်ငံက ထွက်လာပြီးနောက် တော်တော့်ကို အခြေအနေတွေ ပြောင်းလဲသွားပါတယ် ဒါတွေဟာ ဖြစ်နေကြသဘောပါပဲ.. စကားပုံတောင် ရှိသေးတာပဲ ဘာရဲ့ တံငါနားနီး တံငါ ၊ မုဆိုးနားနီး မုဆိုး ဆိုသလိုပါပဲ ဒီတော့ ကျနော်တို ဒါကို လက်ခံရပါ့မယ် ဒါပေမဲ့ ကျနော်တို့ မြန်မာမိန်းကလေးအများစုကတော့ ဒီကနိုင်ငံသားတွေထက်တောင် ပိုနေပါတယ်.. စကားပုံအရဆို တံငါရဲ့ အဖိုး၊အဖွားတောင် ဖြစ်သွားနိုင်ပါတယ်

ကျနော်တနေ့က အလုပ်ကမိုးချုပ်လို့ပြန်လာတုန်း ကြုံရတဲ့ မြင်ကွင်းလေးပေါ့ သမီးရည်းစား နှစ်ယောက်ပါပဲ သမီးရည်းစားတို့ ထုံးစံအတိုင်း တူတူသွား တူတူလာတာ အပြစ်မဟုတ်ပါဘူး ဒါပေမဲ့ လူအများ သွားလာတဲ့ မီးရထားပေါ်မှာ လူအမြင်မတော်တာတွေ လုပ်နေတာကတော့ မကောင်းဘူးပေါ့ဗျာ.. ကျနော်ထင်အစက သူတို့စုတွဲလေးကို ဖိလစ်ပိုင် တွေလို့ထင်တာဗျ ကျနော်ယုံကြည်တာကတော့ ကျနော်တို့ မြန်မာတွေဆိုးရင်တောင် ဒီလိုလူမြင်ကွင်းမှာတော့ မလုပ်ရဲဘူးပေါ့နော့် ဘယ်အမျိုးသားယောက်ျားလေးကမှ ကိုယ်နှစ်သက်တဲ့ကောင်မလေး သိက္ခာကျအောင် မလုပ်ဘူးလို့ထင်တယ်လေ သူတို့လဲ ဆင်းခါနီး ပြောသွားတဲ့ စကားကို ကျနော်ကြားလိုက်ရမှ ကျနော် တစ်ယောက်ထဲ စဉ်းစားနေမိတယ်ဗျာ.. တော်တော်ကို မလွယ်ပါလားလို့..

ကျနော်သူငယ်ချင်း ဘော်ဒါတစ်ယောက်ပြောတာ ကြားလိုက်ပါတယ်.. သူတို့တွေက စင်ကာပူရောက်ပြီးမှ အတူနေတာတဲ့ အတူနေတယ်ဆိုလို့ လင်မယားလို့ မထင်နဲ့နော်.. (Living Together) ဆိုတာ ဘာမှ လက်လဲ မထပ်ရသေးပဲ အတူနေကြတာတဲ့ ကျနော်လို တောသားကတော့ ဒီစကားကြားပြီး တော်တော်ကို အံ့သြသွားရပါတယ် အံ့သြော်တယ်ဆိုတာထက် ကောင်မလေးအတွက် ကျနော် စဉ်းစားကြည့်တယ် ဟုတ်ပြီး သူတို့အဆင်ပြေလို့ အတူတူနေတယ်ထားပါဦး သူတို့ဒီလိုနေတာကို တယောက်မဟုတ် တယောက်တော့ သိမှာပဲလေ ဒီလိုနဲ့ နှစ်ဖက်အသိုင်းအ၀န်းနား၊ ပတ်ဝန်းကျင်နားတော့ အနည်း အကျဉ်း ရောက်မှာပဲ အကြောင်းကြောင်းကြောင့် သူတို့ အဆင်မပြေဘူးဆိုပါတော့ ဘယ်သူနစ်နာမလဲ စဉ်းစားကြည့်ဗျာ ဘယ်မှာလဲ သက်သေ ဘယ်မှာလဲ လက်ထပ်စာချုပ်.. အားလုံးကြားဖူးမယ်ထင်တာပဲ ကျနော်တို့ယောက်ျားလေးတွေဆိုတာ လှေခါးတစ်ထစ်ဆင်းရင် လူပျိုပြန်ဖြစ်တယ်တဲ့ ကောင်မလေးအတွက်ကကော ဘယ်လို လုပ်မလဲ.. တော်တော်ကို ရင်လေးစရာကောင်းပါတယ်

ဒါဟာ ဒီစလုံးမှာ အစဉ်အလာတစ်ခုလို ဖြစ်နေတယ်ဆိုတာ မှန်ပါတယ်.. ဒါပေမဲ့ ကျနော်တို့ သိထားရမှာ ကျနော်တို့ဟာ စင်ကာပူနိုင်ငံသားမဟုတ်ဘူး.. အကြောင်းအမျိုးမျိုး အခြေအနေမပေးလို့ သူတပါးနိုင်ငံမှာ ပညာလာသင်၊ အလုပ်လာလုပ်နေတဲ့ လူတွေပါ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်ဖြစ်စေချင်တာက စင်ကာပူနိုင်ငံသား ခံယူခွင့်ရရင်တောင်မှ ကိုယ်တိုင်းပြည်ရဲ့ ယဉ်ကျေးမူဆိုတာကို မမေ့သင့်ပါဘူး ကျနော်ဟာ ဗုဒ္ဓဘာသာဝင် တယောက်မဟုတ်ပါဘူး ဒါပေမဲ့ ကျနော် မြန်မာနိုင်ငံသားတယောက်ပါပဲ ကျနော်သိသလောက် ပြောရရင် ဒီလိုနေထိုင်တဲ့လူတွေဟာ များသောအားဖြင့် ပညာလာသင်တဲ့ သူတွေများပါတယ် ဒါသူတို့ကို စော်ကားတာမဟုတ်ပါဘူး ကျနော်တို့လို အလုပ်လာလုပ်တဲ့ သူတွေလဲ တပုံတပင်ပါ လူတိုင်းမှာ ကိုယ်စီ ကြုံတွေ့ရတတ်တဲ့ အခက်အခဲဆိုတာ ရှိပါတယ် ဘယ်လိုအခက်အခဲကိုမဆို ရင်ဆိုင်တဲ့အခါ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကနေ ဖြေရှင်းတာအကောင်းဆုံးပါပဲ ကျနော်တို့ ဒီလို လမ်းမမှန်တဲ့ လမ်းကြောင်းပေါ်က သွားနေမယ်ဆိုရင် တချိန်ချိန်မှာ ကျနော်တို့ နှောင်းမှရတတ်တဲ့ နောင်တတွေကို ထွေးပွေ့ပြီး စိတ်ဒဏ်ရာတွေ ခံစားနေရမယ်ဆိုတာ…………………

အပန်းပြေသော ဟာသလေးများ (၃)

၁။ ဗိုလ်ချုပ်ကြီး

အတန်းပိုင်ဆရာမက ပီတာလေးကို ဆူသည်။

“မောင်ပီတာ၊ မင်းဟာ လွန်လွန်းပြီကွယ့်၊ မနေ့က လေ့ကျင့်ဖို့လေ့ကျင့်ခန်း စာအုပ်မပါဘဲ ကျောင်းကိုလာတယ်၊ ဒီနေ့ ကျောင်းသုံးစာလုပ် ပါမလာပြန်ဘူး၊ လက်နက်မပါတဲ့ စစ်သားကို ဘယ်လိုခေါ်သလဲ သိလား”

“သိပါတယ်၊ ဗိုလ်ချုပ်ကြီး”

၂။ ဂျက်၊ ကွင်း၊ ကင်း( Jack, Queen, King)

ဆရာမက ကျောင်းသားများကို မေးသည်။
“ကလေးတို့ရေ၊ ဘုရင်စနစ် (Monarchy) ဆိုတာ ဘာလဲကွယ် သိတဲ့လူလက်ညှိုးထောင်ပါ”

ပီတာလေးလက်ညှိုးထောင်သည်။

“ဘုရင်စနစ်ဆိုတာ တိုင်းပြည်ကို ဘုရင်က အုပ်ချုပ်တဲ့ စနစ်ပါ”

“မှန်တယ်၊ ကောင်းပြီ၊ တကယ်လို့ ဘုရင်ကွယ်လွန်သွားရင်ကောကွယ်”

“အဲဒါဆို ဘုရင်မ အုပ်ချုပ်ပါလိမ့်မယ်”

“ဟုတ်ပြီ၊ ဘုရင်မလည်း ကွယ်လွန်သွားရင်ကောကွယ့်”

“အဲဒါဆို ဂျက်ပဲ ကျန်ပါမယ်”

၃။ ကိုယ်ချင်းစာကြည့်ပေါ့

ဆရာမသည် အတန်းသားများကိုခေါ်ကာ တိရစ္ဆာန်ရုံသို့သွားသည်၊ တိရစ္ဆာန်ရုံသို့ ရောက်သောအခါ ကလေးများသည် မျောက်များရှိရာဘက်သို့ ပြေးသွားကြသည်၊ သို့သော် မျောက်တစ်ကောင်ကိုမှ မတွေ့ချေ၊ သို့နှင့် ဆရာမက တိရစ္ဆာန်ရုံဝန်ထမ်းအား အကြောင်းရင်းကို မေးရာ ဌင်းက ပြောသည်။

“ဒီလိုပါ အခုချိန်ဟာ မျောက်တွေ မိတ်လိုက်တဲ့ အချိန်ပါ။ အခုလူတွေ မမြင်အောင် သူတို့ လှောင်အိမ်ထဲ ၀င်နေကြပါတယ်”

ဆရာမသည် ရှက်သွေးဖြာသွားသည်၊ သို့သော် က္ကုနြေ္ဒကို ဆယ်လိုက်ပြီး ၀န်ထမ်းကိုပြောသည်။

“ဟုတ်ကဲ့ ကျမနားလည်ပါတယ်၊ ဒါပေမယ့်ရှင်၊ ကလေးတွေက သနားပါတယ်၊ သူတို့ခမျာ မျောက်ကို တွေ့ဖူးချင်ကြလွန်းလို့ခဏခဏပူဆာနေတာနဲ့ ကျွန်မအခု ခေါ်လာတာရှင့်၊ ဌက်ပျောသီးတွေ ပစ်ပေးပြီး မျှားခေါ်ရင်ကော သူတို့ ထွက်လာမယ်ထင်သလားဟင်”

တိရစ္ဆာန်ရုံဝန်းထမ်းက ပြန်ပြောသည်။

“ကျနော်တော့ သိပ်မထင်ဘူးဗျ။ ကိုယ်ချင်းစာကြည့်ပေါ့ဆရာမရယ်”

စာကြွင်း။ ။ မောင်ကောင်းထိုက် ဟာသစာအုပ်လေးထဲက ကူးယူဖော်ပြပါတယ်.. အားလုံး ပျော်ရွှင်နိုင်ပါစေဗျာ..

ဖြစ်တတ်တဲ့ သဘောလေး

လူတွေလူတွေ တော်တော်ကို တရားကျဖို့ ကောင်းလှပါလားနော့်.. လူတွေဟာ ဘာလို့ ကိုယ်ဖက်ကို ယှက်တဲ့ လိပ်လို အမျိုးအစားထဲမှာ ပါနေတယ်မသိဘူး..လူတစ်ချို့ဟာ တကိုယ်ကောင်း ဆန်ကြတယ်.. လူတစ်ချို့ဟာ ငါဆိုတဲ့ အတ္တကိုရှေ့တန်း တင်ကြတယ်… လူတစ်ချို့ဟာ ကိုယ်ထက် အဆင့်နိမ့်တဲ့လူတွေကို မညှာမတာ ခိုင်းကြတယ်..လူတစ်ချို့ဟာ ငါမိသားစု ကောင်းစားရင်ပြီးရော ဆိုတဲ့ အတ္တစိတ်တွေထားကြတယ်… လူတစ်ချို့ဟာ သူငယ်ချင်းမပီသကြဘူး.. လူတစ်ချို့ဟာ စိတ်ဓါတ်တွေ ပြိုလဲ အောက်ကျနေတယ်.. ဒီလူတစ်ချို့ထဲမှာ ကျနော်ကော ပါနေပြီးလား.. တခါတလေ စဉ်းစားမိတယ်ဗျာ..

သူတပါးတိုင်းပြည်ကို ရောက်လာမှ လူတွေရဲ့ ဘ၀အပေါ် ဖြတ်သန်းကြပုံတွေကို ကြည့်ပြီး စိတ်တော်တော်ပျက်မိပါတယ်… ကိုယ်တိုင်းပြည်မှာတုန်းက သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး အချိန်ဖြုန်းခဲ့တာလေးတွေကို သတိရမိပါတယ်… လူတွေဟာ လိုအပ်ရင်တမျိုး မလိုရင်တမျိုးနဲ့ ဆက်ဆံတတ်ကြပါတယ်.. ဒီလိုလူမျိုးတွေကို ဘယ်လိုခေါ်မလဲ… လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့စကားဟာ အရမ်းကိုမှန်ပါတယ်.. ဒီလိုလူတွေကို ဘယ်လိုပေါင်းစပ်ကြမလဲ…ဘယ်လို ဒီစိတ်ဓါတ်တွေကို ပြုပြင်မလဲ.. ကဲ ကျနော် တောင်ပေါ်သားလည်း မေတ္တာလေး ခံယူတော်မူမယ်ဗျာ.. အခုရေးသားလေးက ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုတဲ့ စိတ်နဲ့ရေးတာ မဟုတ်ပါဘူး.. ဖြစ်နေကြ တွေ့နေကြ အဖြစ်လေးတွေကို ရေးလိုက်တာပါ..

ကျနော်ဟာ ဘလော့စ်ဂါဆိုတဲ့ အရာကို စိတ်ဝင်စားတာမကြာသေးပါဘူး.. အလွန်ဆုံးရှိလှ (၆) လလောက်ပဲ ရှိပါသေးတယ်.. ဒါပေမဲ့ ဘလော့စ်က ပေးတဲ့ သင်ခန်းစာတွေ ၊ အတုယူစရာ ၊ မှတ်သားစရာတွေအများကြီးရလိုက်ပါတယ်.. တကယ်တမ်း မှန်တာကို ၀န်ခံရရင် ဘလော့စ်ကာဆိုတာကြီးကို ကျနော် အထင်မကြီးပါဘူး.. ကျနော်လည်း ဘလော့စ်ကာဆိုတဲ့ နာမည်ကြီးကို မကြိုက်နှစ်သက်ပါဘူး.. တစ်ကယ်ကျနော် ကြိုက်မိတဲ့ အရာလေးဟာ ကိုယ်ရဲ့ ကိုယ်ပိုင် ခံစားချက်တွေကို ဒီဘလော့စ်စာမျက်နှာလေးပေါ်မှာ တင်ခွင့်ရတယ်.. ကိုယ်ရဲ့ ၀ါသနာပါတဲ့ စာပေ၊ ကဗျာတွေကို တင်ခွင့်ရတယ်.. ဒါလေးကို ကျနော် အရမ်းသဘောကျပါတယ်…

ပထမဆုံး ကျနော်ဒီရောက်တော့ အင်တာနက်ကို ကောင်းကောင်းမွှေဖြစ်ပါတယ်. ဒီမှာ ကျနော် အစ်ကိုကိုဈာန် နဲ့ စတွေ့ပါတယ်.. သူနဲ့ Online ပေါ်မှာ ခင်မင်မိရာကနေ သူရဲ့ အရေးအသားလေးတွေကို တော်တော်ကို ကြိုက်နှစ်သက်မိပါတယ်... ဒီလိုနဲ့ ကျနော် ဒီဘလော့စ်လောကကြီးထဲကို ရောက်လာတာပါ… အစစ အရာရာ ကိုဈာန်က လိုက်လုပ်ပေးပါတယ်.. ကျနော်ရဲ့ ဘလော့စ် အသွင်အပြင်လေးကောပေါ့.. တကယ်တမ်း စီနီယာ ဘလော့စ်ဂါတွေရဲ့ စိတ်ဓါတ်တွေကို ကျနော် အရမ်းလေးစားပါတယ်.. ဘယ်လိုအချိန်မှာပဲ ဖြစ်ဖြစ် သူတို့ရဲ့ အားပေးတဲ့ အသံ၊ သူတို့ရဲ့ အရေးအသားတွေဟာ ကျနော်တို့လို ဂျူနီယာသမားတွေ အတွက် အားဆေးတခွက်လို့ ပြောရင် မှားမယ်မထင်ပါဘူး… သူတို့ရဲ့ ရင့်ကျက်တဲ့ အတွေးးအခေါ်တွေဟာ ကျနော်တို့ လိုက်နာသင့်တဲ့ အချက်တွေပါပဲ..

အခုကျနော်မြင်မိသလောက်ကတော့ ကျနော်တို့ ဂျူနီယာတွေက အားနေရင် တစ်ယောက်နဲ့ တစ်ယောက် ရန်စောင်နေကြသလိုပါပဲ..အားလုံး စည်းစည်းလုံးလုံးလေးနဲ့ လက်တွဲသွားကြရင် ကျနော်တို့ ရည်မှန်းတဲ့ မျှော်မှန်းချက်လေးတွေ ပြည့်လာမှာပဲလို့ ကျနော် ခံယူပါတယ်… အခုဟာက နဲနဲမကြားလိုက်နဲ့ သွားကြည့်လိုက်ရင် ကျနော်တို့လူငယ်တွေပဲ ဖြစ်နေပါတယ်.. တကယ်တမ်း ကျနော်တို့ အများကြီး လုပ်စရာတွေ လိုအပ်နေပါသေးတယ်.. ဘလော့စ်ဆိုတာ ကိုယ်ရဲ့ ခံစားချက် ၊ စိတ်ခံစားမူလေးကို အစစ်အဆေး မရှိ တင်ခွင့်ရတယ် ဆိုတာ ရာခိုင်နှုန်းအပြည့်မှန်ပါတယ်.. ဒါပေမဲ့ ဒီခံစားချက်လေးတွေကို ဖော်ပြလိုက်မိရင် ကိုယ်အတွက် စိတ်ဖိစီးမူတွေ အထိုက်အလျှောက် ပျောက်သွားပေမဲ့ အခြားဘက်မှာ ဒီလိုလုပ်လို

ဖြစ်တတ်တဲ့ သဘောလေး

လူတွေလူတွေ တော်တော်ကို တရားကျဖို့ ကောင်းလှပါလားနော့်.. လူတွေဟာ ဘာလို့ ကိုယ်ဖက်ကို ယှက်တဲ့ လိပ်လို အမျိုးအစားထဲမှာ ပါနေတယ်မသိဘူး..လူတစ်ချို့ဟာ တကိုယ်ကောင်း ဆန်ကြတယ်.. လူတစ်ချို့ဟာ ငါဆိုတဲ့ အတ္တကိုရှေ့တန်း တင်ကြတယ်… လူတစ်ချို့ဟာ ကိုယ်ထက် အဆင့်နိမ့်တဲ့လူတွေကို မညှာမတာ ခိုင်းကြတယ်..လူတစ်ချို့ဟာ ငါမိသားစု ကောင်းစားရင်ပြီးရော ဆိုတဲ့ အတ္တစိတ်တွေထားကြတယ်… လူတစ်ချို့ဟာ သူငယ်ချင်းမပီသကြဘူး.. လူတစ်ချို့ဟာ စိတ်ဓါတ်တွေ ပြိုလဲ အောက်ကျနေတယ်.. ဒီလူတစ်ချို့ထဲမှာ ကျနော်ကော ပါနေပြီးလား.. တခါတလေ စဉ်းစားမိတယ်ဗျာ..

သူတပါးတိုင်းပြည်ကို ရောက်လာမှ လူတွေရဲ့ ဘ၀အပေါ် ဖြတ်သန်းကြပုံတွေကို ကြည့်ပြီး စိတ်တော်တော်ပျက်မိပါတယ်… ကိုယ်တိုင်းပြည်မှာတုန်းက သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး အချိန်ဖြုန်းခဲ့တာလေးတွေကို သတိရမိပါတယ်… လူတွေဟာ လိုအပ်ရင်တမျိုး မလိုရင်တမျိုးနဲ့ ဆက်ဆံတတ်ကြပါတယ်.. ဒီလိုလူမျိုးတွေကို ဘယ်လိုခေါ်မလဲ… လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့စကားဟာ အရမ်းကိုမှန်ပါတယ်.. ဒီလိုလူတွေကို ဘယ်လိုပေါင်းစပ်ကြမလဲ…ဘယ်လို ဒီစိတ်ဓါတ်တွေကို ပြုပြင်မလဲ.. ကဲ ကျနော် တောင်ပေါ်သားလည်း မေတ္တာလေး ခံယူတော်မူမယ်ဗျာ.. အခုရေးသားလေးက ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုတဲ့ စိတ်နဲ့ရေးတာ မဟုတ်ပါဘူး.. ဖြစ်နေကြ တွေ့နေကြ အဖြစ်လေးတွေကို ရေးလိုက်တာပါ..

ကျနော်ဟာ ဘလော့စ်ဂါဆိုတဲ့ အရာကို စိတ်ဝင်စားတာမကြာသေးပါဘူး.. အလွန်ဆုံးရှိလှ (၆) လလောက်ပဲ ရှိပါသေးတယ်.. ဒါပေမဲ့ ဘလော့စ်က ပေးတဲ့ သင်ခန်းစာတွေ ၊ အတုယူစရာ ၊ မှတ်သားစရာတွေအများကြီးရလိုက်ပါတယ်.. တကယ်တမ်း မှန်တာကို ၀န်ခံရရင် ဘလော့စ်ကာဆိုတာကြီးကို ကျနော် အထင်မကြီးပါဘူး.. ကျနော်လည်း ဘလော့စ်ကာဆိုတဲ့ နာမည်ကြီးကို မကြိုက်နှစ်သက်ပါဘူး.. တစ်ကယ်ကျနော် ကြိုက်မိတဲ့ အရာလေးဟာ ကိုယ်ရဲ့ ကိုယ်ပိုင် ခံစားချက်တွေကို ဒီဘလော့စ်စာမျက်နှာလေးပေါ်မှာ တင်ခွင့်ရတယ်.. ကိုယ်ရဲ့ ၀ါသနာပါတဲ့ စာပေ၊ ကဗျာတွေကို တင်ခွင့်ရတယ်.. ဒါလေးကို ကျနော် အရမ်းသဘောကျပါတယ်…

ပထမဆုံး ကျနော်ဒီရောက်တော့ အင်တာနက်ကို ကောင်းကောင်းမွှေဖြစ်ပါတယ်. ဒီမှာ ကျနော် အစ်ကိုကိုဈာန် နဲ့ စတွေ့ပါတယ်.. သူနဲ့ Online ပေါ်မှာ ခင်မင်မိရာကနေ သူရဲ့ အရေးအသားလေးတွေကို တော်တော်ကို ကြိုက်နှစ်သက်မိပါတယ်... ဒီလိုနဲ့ ကျနော် ဒီဘလော့စ်လောကကြီးထဲကို ရောက်လာတာပါ… အစစ အရာရာ ကိုဈာန်က လိုက်လုပ်ပေးပါတယ်.. ကျနော်ရဲ့ ဘလော့စ် အသွင်အပြင်လေးကောပေါ့.. တကယ်တမ်း စီနီယာ ဘလော့စ်ဂါတွေရဲ့ စိတ်ဓါတ်တွေကို ကျနော် အရမ်းလေးစားပါတယ်.. ဘယ်လိုအချိန်မှာပဲ ဖြစ်ဖြစ် သူတို့ရဲ့ အားပေးတဲ့ အသံ၊ သူတို့ရဲ့ အရေးအသားတွေဟာ ကျနော်တို့လို ဂျူနီယာသမားတွေ အတွက် အားဆေးတခွက်လို့ ပြောရင် မှားမယ်မထင်ပါဘူး… သူတို့ရဲ့ ရင့်ကျက်တဲ့ အတွေးးအခေါ်တွေဟာ ကျနော်တို့ လိုက်နာသင့်တဲ့ အချက်တွေပါပဲ..

အခုကျနော်မြင်မိသလောက်ကတော့ ကျနော်တို့ ဂျူနီယာတွေက အားနေရင် တစ်ယောက်နဲ့ တစ်ယောက် ရန်စောင်နေကြသလိုပါပဲ..အားလုံး စည်းစည်းလုံးလုံးလေးနဲ့ လက်တွဲသွားကြရင် ကျနော်တို့ ရည်မှန်းတဲ့ မျှော်မှန်းချက်လေးတွေ ပြည့်လာမှာပဲလို့ ကျနော် ခံယူပါတယ်… အခုဟာက နဲနဲမကြားလိုက်နဲ့ သွားကြည့်လိုက်ရင် ကျနော်တို့လူငယ်တွေပဲ ဖြစ်နေပါတယ်.. တကယ်တမ်း ကျနော်တို့ အများကြီး လုပ်စရာတွေ လိုအပ်နေပါသေးတယ်.. ဘလော့စ်ဆိုတာ ကိုယ်ရဲ့ ခံစားချက် ၊ စိတ်ခံစားမူလေးကို အစစ်အဆေး မရှိ တင်ခွင့်ရတယ် ဆိုတာ ရာခိုင်နှုန်းအပြည့်မှန်ပါတယ်.. ဒါပေမဲ့ ဒီခံစားချက်လေးတွေကို ဖော်ပြလိုက်မိရင် ကိုယ်အတွက် စိတ်ဖိစီးမူတွေ အထိုက်အလျှောက် ပျောက်သွားပေမဲ့ အခြားဘက်မှာ ဒီလိုလုပ်လိုက်ရင် ကောင်းပါ့မလား၊ ဖြစ်သင့်သလား စဉ်းစားစေချင်ပါတယ်..

အထက်က ပြောသလို ကျနော်တို့ စာတွေကို လာဖတ်တဲ့ Comment / Cbox မှာ အော်သွားတဲ့ စာဖတ်ပရိသတ်တွေကို လေးစားရပါမယ်.. ဘလော့စ်ကာမောင်နှမများကို လေးစားရပါမယ်.. ဒီစာဖတ်ပရိသတ်တွေထဲမှာ လူအမျိုးမျိုး စိတ်အထွေအထွေဆိုသလို ကောင်းတာရော ၊ ဆိုးတာကော ပါပါတယ်.. ဒါပေမဲ့ သူတို့ဟာ ကျနော်တို့ ဘလော့စ်လေးကို လာရောက်တယ်ဆိုကတည်းက အနဲဆုံးတော့ သူတို့ကို အသိအမှတ်ပြုရပါမယ်.. ဒီမှာ ဘာမြင်ရသလဲဆိုတော့ မကောင်းတာ(ကိုယ်သဘောမကျတဲ့ အရေးအသားလေး) တွေ တွေ့တာနဲ့ ရန်ထဖြစ်တော့တာပါပဲ.. ဒါဟာ လုံးဝမဖြစ်သင့်ပါဘူးဗျာ.. နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဘလော့စ်တွေဆိုရင်တော့ ဖြစ်သင့်ပါတယ်.. သူတို့လည်း သူတို့ခံယူချက်နဲ့ ကျိုးပမ်းနေကြတာလေ.. ကျနော်တို့လို ရသအသာပေး ဖော်ပြတဲ့ ဘလော့စ်တွေကတော့ ဖြစ်နိုင်ရင် ဒါကို ရှောင်းကျဉ်းသင့်တယ်လို့ ကျနော်ထင်ပါတယ်..

စာဖတ်ပရိသတ်က ကိုယ်အရေးအသားကို ကြည့်ပြီးဆုံးဖြတ်မှာပဲလေ.. မကောင်းတာတွေ တွေ့ရင်မကောင်းဘူးပြောမှာပဲ.. ကောင်းတာကို တွေ့ရင်လဲ ချီးကျူးမှာပဲ ဒါဟာ ဓမ္မတာပါပဲ.. ဒါကို ကျနော်တို့ လက်ခံနိုင်ကြရမှာပါ.. အစကတည်းက ကျနော်အပါအ၀င် ဘလော့စ်အားလုံးနီးပါးဟာ အချိန်ကုန်၊ ငွေကုန်ပြီး ဘလော့စ် လုပ်နေတာ ပိုက်ဆံရလို့ မဟုတ်ပါဘူး.. အားလုံးရဲ့ ရင်ထဲ ၊ နှလုံးသားထဲမှာ ကိုယ်ရဲ့ ၀ါသနာ၊ ခံစားချက်တွေကို သူများတွေကို ဖော်ပြချင်တာပါပဲ.. ကိုယ်က ဖော်ပြလို့ သူများတွေက တုန့်ပြန်ချက် ကောင်းကောင်းလေးပေးရင် ပျော်ကြတယ်… ဒီတော့ရှေ့ကို ဆက်လှမ်းနိုင်ကြတယ်.. အဲ သူများတွေက တုန့်ပြန်ချက်လေး ဆိုးသွားရင်တော့ ဘာဖြစ်တယ်လေး၊ ညာဖြစ်တယ်လေးနဲ့ ပြောတော့တာပါပဲ ဒါဟာ ဘာလဲဆိုတော့ အထက်က ပြောခဲ့သလို ငါဆိုတဲ့ အတ္တစိတ်တွေ များနေတယ်လို့ ကျနော်ထင်ပါတယ်..

အဲနောက်တစ်ခုက တခါတလေ ကိုယ့်ကို မလိုတဲ့လူတွေလဲ ရှိမှာပါပဲ.. ဒီတော့ သူတို့ရဲ့ အကောင်းဆုံး နည်းလမ်းက ဘာလဲဆိုတော့ Comment(or) Cbox မှာ သူများနာမည်၊ လင့် တွေနဲ့ လာအော်တာပါပဲ.. ဒီမှာဘာဖြစ်သလဲဆိုတော့ ငါကိုတော့ဖြစ် သူကဒီလိုပြောတယ်.. သူခါကျတော့ ဘာဖြစ်တယ်နဲ့ ရန်တွေ့ကြပြန်ရော ဖြစ်သင့်တာက စိတ်ရှည် သည်းခံပြီး နေလိုက်ရင် ဘာဆိုးကျိုးမှ ဖြစ်လာနိုင်စရာ မရှိပါဘူး.. အလွန်ဆုံး သည်းခံနိုင်စွမ်း ကုန်လာရင် သက်ဆိုင်သူနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး ဖြေရှင်းလိုက်ရင် ပြီးသွားမှာပါ.. အခုဟာက ဘလော့စ်ပေါ်ကနေ အော်နေ ဟစ်နေကြတာ ကြားက ကိုယ်ကို မလိုတဲ့သူတွေကတော့ အပျော်ကြီးပျော်နေတာပေါ့.. ဒါလဲ ကျနော် မြင်တဲ့ အချက်လေးတစ်ခုပါ..

နောက်ဆုံး ကျနော်အဆုံးသတ်လို့ ရတဲ့ Result ကတော့ ကျနော်တို့လူငယ်တွေဟာ စီနီယာဘလော့စ်ကာတွေ စောင့်ထိန်းလာတဲ့ ကျင့်ဝတ်တွေ၊ စည်းကမ်းတွေကို ဖျက်မိနေသလိုပါပဲ.. ကျနော်ကို ဘလော့စ်ကာတွေရဲ့ ကျင့်ဝတ်လာမေးရင် ကျနော်တကယ် မသိပါဘူး.. ကျနော်သိတာတစ်ခုကတော့ ကျနော်တို့ဂျူနီယာ ဘလော့စ်ကာတွေဟာ ပြသာနာ တစ်ခုခုဖြစ်လာရင် အကောင်းဆုံးနည်းလမ်းနဲ့ မဖြေရှင်းတတ်ဘူးဆိုတာပဲ.. ရှေးကစီနီယာတွေ မြန်မာဘလော့စ်လောကကြီး နာမည်ကောင်းရအောင် ဘယ်လိုလုပ်သွားလဲ ဒါကို စမ်းစစ်သင့်ပါပြီး.. အခုလဲ ကျနော်ဆီကို ဆူမဲ့စာတွေ ရောက်လာမယ်လို့ ကျနော်တော့ ထင်တာပဲ.. ဟဲဟဲ ကျနော်ကတော့ စောင့်ကြိုလျက်ပါ..
ကျနော်ကတော့ ဒီဖက်နားက၀င်ရင် ဟိုဖက်နားက ထုတ်ပစ်လိုက်တာပဲ (ကောင်းတာမပါ ဆိုးတာအားလုံးကိုပြောတာဗျို့)

တောင်ပေါ်သား

ကျနော့်ရဲ့ ပထမဆုံးများ

ကဲအခုတော့ မခေါင်ခေါင် ရဲ့ ကောင်းမူကြောင့်ရေးကြည့်လိုက်ပါပြီး ပထမဆုံးတဲ့
စဉ်းတော့ စဉ်းစားတာပဲ ဦးနှောက်ကကောင်းတော့ဘူးဗျ.. မမှတ်မိတော့ဘူး ဒီတော့ ဘလောစ့်တွေကို လျှောက်လှည့်ရတာပေါ့ တွေ့ပါပြီး ကိုCrazy site မှာ.. ဟဲဟဲ ကော်ပီ လုပ်လိုက်တယ်..

ပထမဆုံး ကျေးဇူးတင်ရမှာက - အဖေနဲ့ အမေ (အမေမွေးလို့ ဒီလောကကြီးကို ရောက်တာဟုတ်…. အဖေမရှိရင်လည်း အမေက မွေးပေးလို့ ရတာမဟုတ် ဒီတော့ အဖေနဲ့ အမေကို ပထမဆုံး ကျေးဇူးတင်တယ်)

ပထမဆုံး သောက်ရတဲ့အရာ - အမေရဲ့ နို့ပေါ့ (ဟုတ်ဘူးလား)

ပထမဆုံး စားရတဲ့ထမင်းက – အမေ ခွန့်ကျွေးတာပေါ့..

ပထမဆုံး နေခဲ့တဲ့မြို့ က - တောင်ကြီးမြို့

ပထမဆုံး ရောက်ခဲ့တဲ့ အခြားမြို့ကြီးကတော့ - မန္တလေး

ပထမဆုံး အတန်း - သူငယ်တန်းပေါ့ :)

ပထမဆုံး ကျောင်း - အ.မ.က (၆)

ပထမဆုံး သူငယ်ချင်း(ယောကျာ်းလေး) - ဌေးဝင်း

ပထမဆုံး သူငယ်ချင်း(မိန်းကလေး) - နွေးနွေးမြင့်အောင်

ပထမဆုံး ဖတ်တဲ့ကာတွန်း - မြိုင်ရာဇာတွတ်ပီ

ပထမဆုံး အလည်သွားတာက - ခေါင်တိုင် ရေပူစမ်း (သဘာဝကပေးထားတဲ့ အလှတစ်ခုပေါ့ဗျာ… ရေတွေက အရမ်းပူတာဗျ.. ကြက်ဥတောင် ပြုတ်စားလို့ရတယ်.)

ပထမဆုံး ဆိုခဲ့တဲ့သီချင်း - “တို့ငယ်ငယ်တုန်းက ယောင်ပေဆူးလေးတွေနဲ့ရယ် ပုဆိုးကို စလွယ်သိုင်း ရွာဝိုင်းပတ်လည်” ဆိုတဲ့ သီချင်းဗျ…

ပထမဆုံး ရေးတဲ့ ပိုစ့်လေးက - ကျွန်တော့် မေမေ

ပထမဆုံး တင်ဖြစ်တဲ့ ပိုစ့်လေးက - ကျနော်မြို့လေးအကြောင်း

ပထမဆုံး ရောက်ဖြစ်တဲ့ တခြားတိုင်းပြည်က - ဆင့်ကာပူ ဟုတ်ဘူး ယောင်လို့ စင်ကာပူဗျ

ပထမဆုံး ချစ်မိတဲ့သူ - တောင်ကြီးသူ (ဘယ်သူလဲ မေးနဲ့ ပြောပြဘူး) အခုရှိတော့ဘူး ဟဲ ဟဲ ကြော်ငြာဝင်တာ.. :)

ပထမဆုံး အလုပ် - Computer Network

ပထမဆုံး ကျူရှင် - (၆ တန်းမှ စယူတာ မနက်နှင်းတွေ ကျနေတဲ့ အချိန်မှာ သွားရတာ အေးလိုက်တာ)

ပထမဆုံး ခိုးသောက်ဖူးတဲ့ဆေးလိပ် - ၉ တန်းလောက် မှ ခိုးသောက်ကြည့်တာ ( ဘာမှ အရသာလည်း ရှိဘူး အငွေ့ ပဲ လာတယ်… )

ပထမဆုံး ခိုးသောက်တဲ့ အရက် - ၁၀ တန်းတုန်းက တန်ဆောင်တိုင်မှာ သောက်တာ.. (ကောင်မလေးနဲ့ မကြည်တဲ့ အချိန်ပေါ့.. ) အိမ်ကို တိုင်နဲ့နော့် အိမ်ကသိဘူးဗျ..

ပထမဆုံး သောက်ဖြစ်တဲ့ ဘီယာ- တောင်ကြီး Happy New Year မှာ သူငယ်ချင်းတွေနဲ့ သောက်ဖြစ်တာ

ပထမဆုံး ခင်တဲ့ဘလောစ့်ကာအစ်ကို - အစ်ကို ကိုဈာန် (ကျနော့်ကို ဘလော့စ်လောကထဲ ရောက်အောင်လုပ်တာ သူပေါ့ ဟွန်း)

ပထမဆုံး ခင်မိတဲ့ဘလောစ့်ကာအစ်မ - အမ မမီိ

ပထမဆုံး ဆော့ဖူးတဲ့ ကစားနည်း - ဘောလုံးကန်တာ (တောင်ကြီးက ဘောလုံးကန်ကောင်းတယ်ဗျ… ကန်လိုက် သောက်လိုက်ပေါ့ ရေကိုပြောတာနော့်)

ကဲကျနော် မှတ်မိသလောက်တော့ ဒါအကုန်ပဲဗျ... ကျနော့်လည်း သူများတွေ Tag သလိုလိုက် Tag လိုက်ဦးမယ်..

ကိုဆိုးသွမ်း
ကိုကြီးကောက်
ကိုကြီးပုလုကွေး
မမ၀ါ
ချင်းမလေး
မကြီး သက်ဇင်
ဒေါ်ကြီးသက်တန့်
မစ်သွန်းသွန်း

ကဲ Tag ထားတာတွေ ရေးပေးကြနော့်....

အပန်းပြေသော ဟာသလေးများ (၂)

၁။ “ကလေးတွေကြောင့် မဟုတ်ပါ….”

တခါတုန်းကပေါ့။ စာတွေ ကောင်းကောင်းမသင်ပဲ အတန်းတွေအောင်ပေးတဲ့ခေတ်၊ ဆရာဆရာမ မလုံလောက်၊ စာသင် အထောက်အကူပစ္စည်းတွေ မစုံလင်တဲ့ ခေတ်ဆိုပါစို့။ ပညာရေးဝန်ကြီးတစ်ဦးဟာ နယ်မြို့လေးက ကျောင်းတကျောင်းကို ကြည့်ရှုစစ်ဆေးဖို့ သွားရောက်ခဲ့ပါတယ်။ သိတဲ့အတိုင်း မြန်မာနိုင်ငံမှာက ဘာဝန်ကြီး ညာဝန်ကြီး ဆိုရင် လက်အုပ် ကလေးတွေချီပြီး အရိုအသေပေးကြတာပေါ့။ ဒီလိုနဲ့ အတန်းတတန်းထဲ ၀င်ကြည့်တော့ အခန်းထဲမှ ကမ္ဘာလုံးတလုံး တင်ထားတာတွေ့လို့ ကလေးတွေရဲ့ ပညာရေးအခြေအနေ စစ်ဆေးဖို့ အကြံရလိုက်တယ်။ ဒါကြောင့် ကျောင်းသား တယောက်ကို

“ဒီကမ္ဘာလုံးကြီးဟာ ဘာလို့ နှစ်ဆယ့်သုံး နှစ်ပိုင်းတပိုင်း ဒီဂရီ တိမ်းစောင်းနေရတာလဲကွ” ဆိုပြီး မေးလိုက်ပါသတဲ့။

အမေးခံရတဲ့ ကျောင်းသားလည်း ပျာပျာသလဲနဲ့ “ဒါကျွန်တော်လုပ်တာ မဟုတ်ပါဘူး” ပြန်ဖြေလိုက်ပါတယ်။

ဝန်ကြီးလည်း ကလေးတွေရဲ့ ပညာရေးအခြေအနေကို တော်တော်လေး စိတ်ညစ်သွားတယ်။ ဒါနဲ့ နောက်နားက ကျောင်းသားတစ်ဦးကို ထပ်မေးပြန်တယ်။ အဲဒီကျောင်းသားကလည်း ခေါင်းကလေးခါပြီး “ကျွန်တော်က ဒီနေ့မှ ဒီအခန်းကို ပြောင်းလာတာ။ကျနော်လုပ်လာ မဟုတ်ဘူး” လို့ပြန်ဖြေတယ်။

ဝန်ကြီးလည်း ကလေးတွေ ပညာရေးအခြေအနေအပေါ် ဒေါသ ထွက်လာတာပေါ့။ ဒါကြောင့် အနားက ကျောင်းဆရမ ဖက်လှည့်ပြီး “ဒါဘယ်လို ဖြစ်ရတာလဲဗျ” လို့မေးလိုက်တယ်။ ဆရာမက လက်အုပ်ကလေးချီပြီး လေသံပျော့လေးနဲ့ “ဒါ ကလေးတွေ လုပ်တာမဟုတ်ပါဘူးရှင်။ ဒီကမ္ဘာလုံးကြီးက ၀ယ်လာကတည်းက ဒီလိုပဲ စောင်းနေတာပါ” တဲ့

ဝန်ကြီးလည်း ဒေါသတွေထွက် မျက်နာတွေနီပြီး ကျောင်းအုပ်ဆရာကြီးဖက် လှည့်ကြည့်လိုက်ပါတယ်။ အစအဆုံး အခြေအနေကို သိနေတဲ့ ကျောင်းအုပ်ကြီးလည်း မတတ်သာတော့ပဲ ခါးကလေးညွှတ် အရိုအသေပြုရင်း အခုလို ရှင်းပြလိုက်ပါသတဲ့ဗျာ..
“၀န်ကြီးခင်ဗျာ၊ ပြောရမှာတော့ ခက်ပါတယ်။ ပွင့်ပွင့်လင်းလင်းတင်ပြရရင် ကျနော်တို့ ကျောင်းကရံပုံငွေ အခက်အခဲရှိနေတာကြောင့် ဈေးချိုတဲ့ လမ်းဘေးဈေးမှာ ၀ယ်ခဲ့မိလို့ တိမ်းစောင်းနေတာပါ” တဲ့ဗျာ...

၂။ နတ်ရှင်နောင်ကို ဘယ်သူ သတ်သလဲ

တခါတုန်းက ပညာရေးဌာနက စစ်ဆေးရေးအရာရှိတယောက်ဟာ နယ်မြို့လေးတစ်မြို့က စာသင်ကျောင်းတကျောင်းကို စစ်ဆေးရင်း ကျောင်းသားလေး တယောကို မေးလိုက်ပါတယ်။

“နတ်ရှင်နောင်ကို ဘယ်သူ သတ်သလဲကွ”

ကျောင်းသားလေးဟာ တော်တော်လေး ကြောက်ရွံ့သွားပါတယ်။ အသံတွေတုန်ပြီး… “ကျ ကျနော် မသတ်ဘူး” တဲ့။

ပညာရေးအရာရှိဟာ ကလေးရဲ့ ပညာရေးအခြေအနေအပေါ် အတော်လေး မကျေမနပ်ဖြစ်သွားပြီး အတန်းပိုင် ဆရာမကို လှည့်ကြည့်လိုက်တယ်။ အတန်းပိုင် ဆရာမလည်း ကမန်းကတမ်းနဲ့ ကျောင်းသားလေးအတွက် စိတ်ပူပြီး ကျောင်းသားလေးဖက်က ကာကွယ်ပြီး ပြောလိုက်တာက-

“ဒီကျောင်းသားလေးဟာ အတန်းထဲမှာ သိပ်အေးပါတယ်ဆရာ။ ကျောင်းသားတွေ အချင်းချင်းတောင် ရန်ဖြစ်တာ မရှိပါဘူး။ သူသတ်တာတော့ မဟုတ်နိုင်ဘူးထင်ပါတယ်ရှင်”
တဲ့။

စစ်ဆေးရေး အရာရှိလည်း ဘာမှ ဆက်မပြောတော့ပဲ မျက်စိမျက်နှာပျက်ပြီး ပြန်သွားပါတယ်။ နောက်တော့ဖြစ်ကြောင်း ကုန်စင်ကို ပညာရေးဝန်ကြီးဌာနဆီ စာသင်လိုက်သတဲ့။ ဒီလိုနဲ့ မကြာခင် ၀န်ကြီးဌာနက အခုလို စာပြန်လာပါတော့တယ်။

“နတ်ရှင်နောင် သေတာလည်းကြာပါပြီ။ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်မနေပါနဲ့တော့”
တဲ့ဗျာ။

စာကြွင်း။ ။ ကျနော် E-mail ထဲကိုရောက်လာတဲ့ မေးလ်လေးထဲက ဟာသလေးတွေပါ.. မူရင်းရေးသားသူကို မသိပါဘူး။ ဒီဟာသလေးတွေ
ဟာ ကျနော်တို့ အတွက် အားလုံးမဟုတ်ရင်တောင်မှ အနည်းအကျဉ်းတော့ ပြုံးရယ်နိုင်မယ်ထင်လို့ တင်ပေးလိုက်တာပါ..

စာကြွင်း။ ။ ကျနော် E-mail ထဲကိုရောက်လာတဲ့ မေးလ်လေးထဲက ဟာသလေးတွေပါ.. မူရင်းရေးသားသူကို မသိပါဘူး။ ဒီဟာသလေးတွေဟာ ကျနော်တို့ အတွက် အားလုံးမဟုတ်ရင်တောင်မှ အနည်းအကျဉ်းတော့ ပြုံးရယ်နိုင်မယ်ထင်လို့ တင်ပေးလိုက်တာပါ..

အရိပ်မဲ့ပန်း မနွမ်းစေချင်…၊

ကျွန်တော်တို့တွေသည် ဒုက္ခရောက်နေသောသူများ၊ ဆင်းရဲနွမ်းပါးနေသော ကလေးသူငယ်များနှင့် သက်ကြီးရွယ်အို ဘိုးဘွားမိဘများကို မြင်သိ၊ ကြားသိရသောအခါ..“သြော်..သနားစရာကောင်းလိုက်တာ၊ စိတ်မကောင်းလိုက်တာ..” စသဖြင့် ၀ဇီကံမှု၊ မနောကံမှုတို့ဖြင့် ကရုဏာဖြစ်နေရုံနှင့် ရပ်နေလို့မသင့်တော်ပါဘူး။ သူတို့အတွက် မိမိတို့တွေ တက်နိုင်သလောက် ထောက်ပံ့ပေးနိုင်မှု ကာယကံ ကရုဏာမြောက်အောင် လုပ်မှသာလျှင် သူတို့အတွက်လည်း အကျိုးရှိပါလိမ့်မယ်။ လှူဒါန်းမှုနည်းသည်၊ များသည်ကတော့ မိမိတို့ ၀င်ငွေနှင့်မိမိအတိုင်းအတာကြောင့် ကွဲခြားမှုတော့ရှိပါလိမ့်မယ်။ သို့သော် မိမိတို့စိတ်မှာ မေတ္တာ၊ ကရုဏာ သက်ဝင်လှူဒါန်းမှု၊ စေတနာထက်သန်မှုကသာ ပဓာန ဖြစ်ပါတယ်။

ထို့ကြောင့် ကျွန်တော်တို့သည်လည်း တက်နိုင်တဲ့ဘက်မှ၊ တက်စွမ်းသလောက် ပါဝင်လှူဒါန်း နေခြင်းဖြစ်ပါတယ်။ မိုးစက်ပေါင်းများစွာ စုပေါင်းရာမှ မြစ်၊ ချောင်းတွေဖြစ်လာရသလို ကျွန်တော်တို့တွေအားလုံး အနည်းငယ်မျှပင် ဖြစ်ပါစေ တထောင့်တနေရာမှ လှူဒါန်းမှု၊ စောင့်ရှောက်မှုတွေလုပ်သွားကြမည်ဆိုလျှင် ကျွန်တော်တို့တွေရဲ့ ညီ၊ အကို၊ မောင်နှမ၊ ဘိုးဘွား၊ မိဘတွေမှာ အနှိုင်းမရတဲ့ ပီတိအပြုံးနဲ့ စားသုံး နိုင်ကြမှာပါ။ ဒါကြောင့် နည်းသည်၊ များသည် ပဓာန မထားဘဲ၊ အသင်းလိုက်ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ လစဉ်စုပေါင်း၍ ဖြစ်စေ အမိမြေမှ သားချင်းများကို တက်စွမ်းသမျှ ဖေးကူရအောင်လို့ တိုက်တွန်းပါရစေ။

အရိပ်မဲ့ပန်း ၊မနွမ်းစေချင်၊
ကရုဏာဝင်၍၊
တတ်စွမ်းသမျှ၊ လှူဒါနဖြင့်၊
ကူညီဖေးမ၊ ပရဟိတ…….။
ကျွန်တော်တို့လူမျိုးတွေဟာ အလှူအတန်းမှာတော့ အင်မတန် ရက်ရောကြတယ်ဆိုတာ အားလုံးသိနေပြီးဖြစ်ပါတယ်။ သို့သော် ဆွမ်းတစ်နပ်မရသေးတဲ့ ဆရာတော်ကို လှူလိုက်ရမှာ၊ ဒုက္ခအတိရောက်နေတဲ့ ကလေးသူငယ်တို့ကို ကျွေးမွေးစောင့်ရှောက်ရမှာ ၀န်လေးတတ်ကြတယ်။ ပါးစပ်ကပဲ သနားလွယ်ကြပါတယ်။ ကာယကံမြောက်ကရုဏာ မဖြစ်ကြပါဘူး။ မလိုအပ်တဲ့ နေရာတွေမှာ ဘုရားတည်၊ ကျောင်းဆောက်ပြီး ဘုရားဒကာဖြစ်ချင်ကြပါတယ်။ လိုအပ်တဲ့ နေရာမှာ အိမ်သာတောင် မဆောက်ပေးချင်ကြပါဘူး။ ယခုပစ္စုပ္ပန်အချိန်မှာ လိုအပ်နေတာတွေ အများကြီး ရှိနေတယ်။ ဒါလေးတွေကို သိစေချင်ပါတယ်။

ဘုရားရှင်ဟောတော်မူခဲ့တာလေး ရှိပါတယ်။ “ဒါနအကြောင်းကို ငါဘုရားလောက်သာ သိမယ်ဆိုရင် ကိုယ်စားမယ့် ထမင်း လုပ်ကိုတောင် မစားဘဲ လှူဒါန်းကြလိမ့်မယ်လို့” မိန့်ဆိုခဲ့ပါတယ်။ တစ်ကယ်သာသနာပြု တယ်ဆိုတာကလည်း ဘုရားတည် ကျောင်းဆောက်တာမှ သာသနာပြုတယ်မခေါ်ဆိုပါဘူး။ သာသနာသည်လည်းဘဲ အဆောက်အဦး မဟုတ်ပါဘူး။ သာသနာပြုတယ်ဆိုတာ ဗုဒ္ဓအဆုံး အမတွေကို ကိုယ့်နှလုံးသားနဲ့ အခြားသူတွေရဲ့နှလုံးသားမှာ တည်အောင်ကြိုးစားတာကမှ တကယ့်သာသနာပြုတာပါ။ ဗုဒ္ဓအဆုံးအမတွေက ဘာလဲဆိုတာ ပြန်လည်သုံးသပ်ကြည့် စေချင်ပါတယ်။ အတိုဆုံးခြုံပြောရရင်.. ကောင်းမှုမှန်တာမျှအကုန်လုပ်၊ မကောင်းတာမှန်သမျှ ဘာမှ မလုပ်နဲ့၊ စိတ်ကိုဖြူအောင်ထားဖို့ပါ။

ဒါ့ကြောင့် ကောင်းမှုဒါနလုပ်ရာမှာလည်း “မရွေးချယ်ဘဲ ရမ်းလှူသောဒါနသည် ဖြစ်ရာဘ၀တွင် ပစ္စည်းဥစ္စာပေါများကြွယ်ဝသော်လည်း ဉာဏ်ထိုင်းသူ မဂ်ဖိုလ်မရနိုင်သူဖြစ်ရသည်။ လောကအတွက်၊ သာသနာအတွက် ဉာဏ်ယှဉ်ပြီး ရွေးချယ်လှူဒါန်းသူများသည် ဖြစ်ရာဘ၀တွင် ပစ္စည်းဥစ္စာပေါများ ချမ်းသာရသလို ဉာဏ်လည်းကောင်းသည်။ တရားတစ်ကြိမ်နာရုံနှင့် မဂ်ဖိုလ်ရနိုင်သည်။ ပညာမဲ့သူသည် ဘ၀ကို ကာမဂုဏ် ခံစားဖို့အတွက် အသုံးချ၍ အပယ်လေးပါးသို့သွားသည်။ ပညာရှိသည် လူ့ဘ၀ ကုသိုလ်ရဖို့အတွက်အသုံးချ၍ နိဗ္ဗာန်သို့သွားသည်” ဟု ဆရာတော် အရှင်ဇ၀န (မေတ္တာရှင်)က ဆုံမတရားရေးပေးခဲ့ပါတယ်။

ယခုလက်ရှိအခ
Blogger Template by Clairvo