Labels

မုန်တိုင်းလာသွားခဲ့တယ်

သတိရမိတယ်

ဆားချက်တဲ့လက်က

တံငါသည်ဘ၀ကို နူးညံ့ခဲ့ပုံများ။

မင်းလည်း မမြင်နိုင်

ငါကလည်း မင်းကို

မပွေ့ထွေးနိုင်ခဲ့

ဆားချက်သမလေးရေ…။

မုန်တိုင်းက

ေ ရာ က် လာ တ ယ် ။

အခုတော့

ကမ်းမမြင် လမ်းမမြင်။

စီးမျောသွားပုံက

ကောင်းကင်တခုလုံး

ချက်ချင်း

ပျက်သွားသလို

ရုန်းရင်းဆန်ခတ်။

ခေတ်တွေ စီးဆင်းသွားတော့

ပင်လယ်က

ပြာစိမ်းလို့

ဘာမှမပတ်သက်သလိုမျိုး

သူစိမ်းဆန်ဆန်ကြည့်လို့ ။ ။

ဒီကဗျာလေးကတော့ အကို ကိုဖိုးဇေ ဘလော့ပေါ်မှာ နောက်ဆုံး ရေးခဲ့တဲ့ ကဗျာလေးပါ ခွင့်မတောင်းပဲ တင်ထားလိုက်မိပါတယ်

အခုတော့ ကျနော်တို့ရဲ့ ဘလော့ဂါ ရောင်းရင်းကြီးတယောက်တော့ ဘ၀တပါးကို သွားခဲ့ပြန်ပြီဗျာ.. အကိုဖိုးဇေကို လူချင်းမသိခဲ့ မရင်းနှီးခဲ့ပေမဲ့ သူရဲ့ ဘလော့က ကဗျာလေးတွေကိုတော့ တော်တော်နှစ်သက်ခဲ့မိပါတယ်... အကိုရေ အကိုမိသားစုနဲ့ ထပ်တူဝမ်းနည်းမိရပါတယ်ဗျာ.. အကိုဖိုးဇေ (ခ) အကိုမြင့်ဇေ (ခ) ပွင့်သစ်(ကရိန်ကန်) ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးရင်းးးးးးးးးးးးးးးးး

ဘ၀မှာ ဘယ်အရာတွေ မှောင်မိုက်နေပါစေ
ငါတို့ မျှော်လင့်နေတဲ့
လင်းရောင်ခြည်တွေ တနေ့ မြင်ရမှာပါ
ဒါပေမဲ့ ဒီအလင်း
မပေါ်လာခင် ကြွေလင့်သွားတဲ့
ဘလော့ ညီအကိုတွေ၊ ရဲရင့်စွာ ဆက်လျှောက်နေတဲ့
ဘလော့ ညီအကိုမောင်နှမတွေ
အားလုံးအတွက်
ကျနော် ထာဝရ ဂုဏ်ယူနေလျက်ပါ

တောင်ပေါ်သား

တွေးမိတွေးရာ

အခုတလော စိတ်ညစ်စရာတွေ များနေတယ်ဗျာ စိတ်က တော်တော်ကို ဖိစီးမူ များနေလေရဲ့ ... အလုပ်မှာလဲ အလုပ်မှာမလို့ သူငယ်ချင်းတွေနဲ့ တွေ့တော့လဲ သူတို့ရဲ့ ဒုက္ခတွေ ကြားနေရတာ စိတ်ချမ်းသာစရာ တခုမှ မတွေ့မိပါဘူးဗျာ.. အခုလဲ ထပ်ကြားလိုက်ရပြန်တယ် ကမ္ဘာစီးပွားရေး ဂရိုက်က စလုံးကိုလဲ အနဲအများတော့ ထိခိုက်တယ်ဆိုတာ တွေ့နေရပြီလေ.. သူငယ်ချင်းနှစ်ယောက်ကတော့ အလုပ်ကနေ ထုတ်ပယ်ချင်း ခံလိုက်ရတယ်ဗျာ ကြားရတာ စိတ်မကောင်းဘူး.. ဒီကိုရောက်နေတဲ့ အလုပ်လာရှာတဲ့ မြန်မာတွေလဲ တော်တော်ကို ဒုက္ခ ရောက်နေတယ်လို့ ကြားတယ်ဗျာ..

မြန်မာပြည်က ဒီလာမဲ့ သူငယ်ချင်း၊ မိတ်ဆွေ အားလုံး ဖြစ်နိုင်ရင် အခုစလုံးကို မလာစေချင်ဘူးဗျာ... ကျနော်က ဒီလိုပြောပြန်ရင်လဲ ကျနော်အပေါ်တမျိုးမြင်ကြပြန်ဦးမယ် ဒီလာတော့ အလုပ်မရရင် သူတို့ပဲ ဒုက္ခရောက်မှာလေ ကျနော် တကယ်စိတ်ညစ်တယ်ဗျာ... ဒီက အခြေအနေကို ကြည့်နေပြီး စိတ်ညစ်စရာ နောက်တခုထပ်တိုးလာပြန်ပြီ.. ဒီမှာ လာတက်နေတဲ့ ပညာသင်မြန်မာကျောင်းသူ၊ကျောင်းသားတွေလဲ အလုပ်တွေခက်နေလေရဲ့ မိဘက ထောက်ပံ့နိုင်တယ်ဆိုရင်တော့ အကြောင်းမဟုတ်ဘူးပေါ့ဗျာ မိဘကလဲ အဆင်မပြေရင် သူတို့လေတွေလဲ ဒုက္ခရောက်နေရပြန်မှာပေါ့.... သူတို့အလုပ်တွေခက်တာကလဲ ဒီစီးပွားရေး ဂရိုက်ပေါ့လေ...

အခုဆို ကျနော်တို့ မြန်မာပြည်ကြီးကော ဘယ်လို နေနေကြလဲမသိဘူးနော့် နဂိုထဲက စီးပွါးရေး မကောင်းပါဘူးဆို အခုလက်ရှိအတိုင်းဆို ပိုလို့တာဆိုးတော့မယ်ဗျာ.. ကျနော်တို့လဲ ဘာမှ မကူညီနိုင်ပါလားဗျာ.. အခုဆို ဖတ်လိုက်တဲ့ သတင်းတွေကလဲ စိတ်မကောင်းစရာတွေပဲဗျာ... စဉ်းစားကြပါဦး ငွေလိုလို့ လူသတ်လိုက်ရတာနဲ့ ရွှေဆိုင်ဖောက်ပြေးတာနဲ့ တနေ့တနေ့ မြန်မာသတင်းတွေ ဖတ်ရတာလဲ စိတ်မကောင်းစရာတွေချည်းပါပဲ... ကျနော်တို့ မြန်မာတွေရဲ့ စိတ်ကတော့ ချီးကျူးရပါ့မယ် ဟားဟား ကိုယ်တိုင်က ထမင်းနပ်မှန်နေရင် ဘယ်သူတွေ ဘာဖြစ်ဖြစ် မသိသလိုနေတတ်လေရဲ့ ဒီက စလုံးရောက် မြန်မာသူငယ်ချင်းတွေကတော့ ပြောပါ့ဗျာ.. အဖြူကောင်တွေတော်တော်ကို ချီးကျူးဖို့ကောင်းတယ်တဲ့ မှန်သင့်သလောက်တော့ မှန်ပါတယ်.. သူတို့က သူတို့ အရေး မဟုတ်ရင် ဘယ်သူကိုမှ ညှာတာထောက်ထားတာ မရှိဘူးလေ.

အခုဒီအကျင့်ဆိုးတွေ ကျနော်တို့ မြန်မာတွေကို ကူးစက်လာပါပြီ.. အခုဆို တိုင်းပြည်တွင်းမှာ ငတ်တဲ့လူ ငတ် သေတဲ့လူသေ ဒါပေမဲ့ ကိုယ်ထမင်းပုံမှန် စားနေရတော့ ဒါတွေကို ဂရုတောင် မစိုက်တော့ပါဘူး.. ကျနော် အပါ့အ၀င်ပေါ့လေ.. တကယ်ကျေးရွာတွေမှာ ထမင်းမစားနိုင်လို့ ငတ်နေကြတာတွေ ရှိပါတယ် ဒါပေမဲ့ သူတို့လဲ မနက်အိပ်ရာထကတည်းက လုပ်နေတာပဲ ဘာကြောင့်ဒီလို ငတ်နေကြရတာလဲ စိတ်ညစ်တယ်ဗျာ... ဘာမှကို လုပ်ချင်စိတ်မရှိအောင် ဖြစ်နေတယ်... ဒါတွေဟာ တဦးတယောက်ရဲ့ စိတ်ဓါတ်နဲ့ ဆိုင်လား တနိုင်ငံလုံး ပြုပြင်ရမဲ့ စိတ်တွေလား မသိတော့ပါဘူး.. ကျနော် လဲ ဘာတွေ ရေးနေမှန်းကို မသိတော့ဘူး စိတ်ညစ်ညစ်နဲ့ ရေးချင်တာရေးလိုက်တာပါ အမှားပါသွားရင်တော့ အားလုံး ခွင့်လွှတ်ပေးဗျာ...

အမှောင်

စိတ်ညစ်တွေ ဖုံးနေတဲ့
ဒီအမှောင်ကို မုန်းတယ်

သူရဲကောင်းတွေ ဒုက္ခရောက်စေတဲ့
ဒီအမှောင်ကို မုန်းတယ်

ရိုးသားတဲ့သူတွေကို ဖျက်စီးခဲ့ကြတဲ့
ဒီအမှောင်ကို မုန်းတယ်

မတရားကြီးစိုးမူကို ကာကွယ်ပေးတဲ့
ဒီအမှောင်ကို မုန်းတယ်

မိန်းမပျိုလေးတွေ ဘ၀ပျက်ခဲ့ရတဲ့
ဒီအမှောင်ကို မုန်းတယ်

တောသူတောင်သားတွေ သေခဲ့ရတဲ့
ဒီအမှောင်ကို မုန်းတယ်

လူဘ၀ တသက်လုံး မကြောက်မရွံ့
ရဲဝင့်စွာ အမှောင်ထဲမှာ နေတဲ့
လူတွေအတွက် ငါဂုဏ်ယူတယ်

ဘာပဲပြောပြော ဒီအမှောင်…...
ဒီအမှောင်ကြီးကို မုန်းတယ်

ဘယ်သူတွေ ဘယ်လောက်မုန်းမုန်း
ဒီအမှောင်ကို တွယ်တာနေတဲ့
လူတွေတော့ ရှိသေးတယ်

ငါတို့အားလုံး အမှောင်ပျောက်လို့
အလင်းလာမဲ့ အချိန်ကို စောင့်နေကြတယ်

တောင်ပေါ်သား

အမှောင်

စိတ်ညစ်တွေ ဖုံးနေတဲ့
ဒီအမှောင်ကို မုန်းတယ်

သူရဲကောင်းတွေ ဒုက္ခရောက်စေတဲ့
ဒီအမှောင်ကို မုန်းတယ်

ရိုးသားတဲ့သူတွေကို ဖျက်စီးခဲ့ကြတဲ့
ဒီအမှောင်ကို မုန်းတယ်

မတရားကြီးစိုးမူကို ကာကွယ်ပေးတဲ့
ဒီအမှောင်ကို မုန်းတယ်

မိန်းမပျိုလေးတွေ ဘ၀ပျက်ခဲ့ရတဲ့
ဒီအမှောင်ကို မုန်းတယ်

တောသူတောင်သားတွေ သေခဲ့ရတဲ့
ဒီအမှောင်ကို မုန်းတယ်

လူဘ၀ တသက်လုံး မကြောက်မရွံ့
ရဲဝင့်စွာ အမှောင်ထဲမှာ နေတဲ့
လူတွေအတွက် ငါဂုဏ်ယူတယ်

ဘာပဲပြောပြော ဒီအမှောင်…...
ဒီအမှောင်ကြီးကို မုန်းတယ်

ဘယ်သူတွေ ဘယ်လောက်မုန်းမုန်း
ဒီအမှောင်ကို တွယ်တာနေတဲ့
လူတွေတော့ ရှိသေးတယ်

ငါတို့အားလုံး အမှောင်ပျောက်လို့
အလင်းလာမဲ့ အချိန်ကို စောင့်နေကြတယ်

တောင်ပေါ်သား

ငြိမ်းချမ်းပါစေ

ကဲ ကျနော်ထပ်မေးမယ်
သင်ဘာလုပ်နေလဲ…
ကျနော်တို့ ဘာလုပ်နိုင်မလဲ
သြော် တရားကျလောက်ပါပေ့ လောကကြီးရယ်

လူငယ်တစ်ယောက်ရဲ့ ရပိုင်ခွင့်တွေ
လူသားတစ်ယောက်ရဲ့ ဘဝ
ရှင်သန်နေတဲ့ အိမ်မက်
ပျိုမြစ်တဲ့ အတွေးအခေါ်တွေနဲ့
ဆန်းသစ်တဲ့ အနုပညာတွေ

အနစ်နာခံတတ်တဲ့ စိတ်ဓါတ်
ဦးဆောင်ရဲတဲ့ စွမ်းသတ္တိ
မှန်မယ်ထင်ရင် လက်မလျှော့တတ်တဲ့ ဇွဲ
ရိုးသားတဲ့ သူအမူအရာ
နိုင်ငံကို ချစ်တဲ့ သူရဲ့ စိတ်ဓါတ်

အမှန်တရားတခုကို ရဲရဲဝင့်ဝင့် ချပြရဲတဲ့လူ
ဒီလိုလူတွေ ရှားနေပြီလား
ရှိနေတဲ့လူကြတော့ --------
ဘယ်အချိန် ထပ်ပေါ်နိုင်ပါဦးမလဲ ဒီလိုလူမျိုး
ငါတသက် ထပ်မြင်နိုင်ဖွယ်မရှိ
ငါလဲ သူလို လိုက်မလုပ်နိုင် သြော် ဘ၀ ဘဝ

တောင်ပေါ်သား

P.S.. ကျနော် အပြင်မှာ မမြင်ဘူးပေးမဲ့ လေးစားရတဲ့ အကိုတယောက်အတွက် စိတ်ကူးရှိရာ ရေးဖွဲ့ပါတယ်..

ပျော်ရွင်သာယာဖွယ် ကဗျာလေး

ဒို့တောင်ပေါ်သားတွေ ရိုးသားပါတယ်

ပိုင်စိုး:- ရှမ်းမလေးရဲ့အနမ်းတွေကိုသတိရနေလေရဲ့

တောင်ပေါ်သား: -မွေးရပ်မြေမို့ မေ့နိုင်ပါဘူးလေ

သားငယ်: -ရိုးသား ကြိုးစား ခိုးစားလေ

သားငယ်: - ဘာစားတာလဲတော့ မသိဘူးလေ

ရိုးရာမြေရဲ့အမြွေအနှစ်တွေ ဒို့တွေထိန်းကြမယ်လေ

thiri: -be' laut pe' way nay way nay pop

တောင်ပေါ်သား: -တနေ့တော့ အရောက်ပြန်လာမယ်လေ ချစ်သော ဒို့မွေးရပ်မြေ

ရောက်တဲ့အရပ်မှာမပျော်ပါ မွေးရပ်မြေကို လွမ်းလို့ပါ

လူတိုင်းအတွက်မွေးရပ်မြေဆိုတာရိုတယ်

ကြယ်စင်မင်း: - လွမ်းပေမယ့်လည်း မပြန်နိုင်ဘဲ ..

တောင်ပေါ်သား: -ဘ၀ဆိုတာ အခက်အခဲမျိုးစုံလေ ဒါပေမဲ့ ဒို့မကြောက်ပါလေ

ပိုင်စိုး:- လွမ်းလိုက်တာရှမ်းသီချင်းရယ်

ပိုင်စိုး:- ဒါပေမယ့်ကိုတို့ရဲ့ရှမ်းမြေလေးကတော့မမေ့နိုင်စရာပါလား

ပိုင်စိုး:- ပဲပုတ်ရောပေါ့

တောင်ပေါ်သား: -တနေ့မှ မေ့မရဘူးလေ အမေ့ဟင်းနဲ့ မွေးရပ်မြေ

ကြယ်စင်မင်း: - ပန်းခင်းလမ်းထက် ဆူးခင်းလမ်းက ဘ၀မှာပိုများပါတယ် ရောင်းရင်းများရယ်

ပိုင်စိုး:- နာမည်လေးကိုတမ်းတနေဆဲပါကောင်မလေးရယ်

တောင်ပေါ်သား: - ရိုးရာကို မြတ်နိုးတဲ့ ဒိုတောင်ကြီးသားတွေပါလေ

ကြယ်စင်မင်း: - စိတ်ရင်းများက ဖြူစင်ခဲ့တာ အရင်ကတည်းးကပါ

ပိုင်စိုး:- နင့်ရဲ့စကားဝဲ၀ဲလေးနဲ့ခေါ်ခဲ့တဲ့စိုင်းဆိုတဲ့ အသံ

တောင်ပေါ်သား: -ဒီလိုရိုးသားတဲ့ ဓလေ့နဲ့ လူတွေကို မေ့မရပါလေ

ကြယ်စင်မင်း: - လွမ်းတတ်ပါတယ်.. ချယ်ရီမြေနဲ့ ထင်းရူးတန်းကြိးရယ်

တောင်ပေါ်သား: - ဘ၀ဆိုတာ ဒီလိုပဲလေ ပျော်ရာမှာမနေ တော်ရာမှာနေဆိုတဲ့ စကားအတိုင်းပေါ့လေ

ကြယ်စင်မင်း: - ငါဆီနင်ပြန်လာမည်::.. စောင့်ဆိုင်းနေတဲ့နေ့ရက်တွေမှာ ကြယ်လေးတွေမြေခ ချယ်ရီပန်းလေးတွေ လွှင့်လို့ကြွေ တောင်ပေါ်မြေနီလမ်းလေးလည်း ချုံနွယ်တွေထူထပ် ၀ိုးတ၀ါးငါ့အိမ်မက်…. တနေ့ပြီးတနေ့ ပြောင်းလဲသွားတဲ့ ငါ့အတွက်

ကြယ်စင်မင်း: - ငါဆီနင်ပြန်လာမည် သေတဲ့အထိငါစောင့်နေပါမည်….။။။။။

ပိုင်စိုး:- ရှမ်းပဲပုတ်လေးကိုတော့ဘယ်တော့မှမမေ့ပါဘူး

ကြယ်စင်မင်း: - ..::ဇတ်လမ်းအဆုံး::.. ကောင်းကင်ရဲ့ ည ဘ၀ရဲ့အရှင်သခင် အွန်လိုင်းပေါ်ကကောင်မလေး ကြယ်စင်မင်း ရဲ့ ဘ၀တစ်ဆစ်ချိုး ပြန့်လွင့်လွယ်တဲ့ တိမ်တိုက်များ အော်… ငါဟာလေ နောက်ဆုံးတော့ ဒီဇာတ်လမ်းမှာ သေဆုံးရမှာပါဘဲလေ.....

ဒါလေးကတော့ တောင်ကြီးမီးပုံးပျံပွဲလေး အမှတ်တရ တယောက်တပေါက် စပ်ထားတာပါ အားလုံးမျှဝေ ခံစားနိုင်မယ်လို့ မျှော်လင့်ပါတယ်ဗျာ..

Blogger Template by Clairvo