Labels

နှစ်တနှစ်ကို ပြန်တွေးကြည့်ခြင်း

၂၀၀၈ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုပြောင်းတော့ပါမယ်။ ကျနော်လဲ ဒီ ၂၀၀၈ အတွင်းဘာတွေ လုပ်ဖြစ်ခဲ့တယ်ဆိုတာ ပြန်တွေးကြည့်မိပါတယ်။

ဘ၀ရဲ့အစ

ဒီ၂၀၀၈ ခုနှစ်ဟာ ကျနော်ဘ၀အတွက် ပထမဆုံးသော ကျနော်ချစ်သော မိသားစု၊ သူငယ်ချင်း၊ တိုင်းပြည် ကို ခွဲခွာဖို့သေချာစေတဲ့ နှစ်တနှစ်ပါပဲ။ ကျနော်ဒီစင်ကာပူကို ၂၀၀၇ နှစ်ကုန်ပိုင်းလောက်မှာ ရောက်ခဲ့ပါတယ်။ ဘ၀မှာ အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်တွေ့ခဲ့ရတဲ့ နှစ်တနှစ်ရဲ့အစပေါ့။ ပျော်ရွှင်မူ ၊ ၀မ်းနည်းမူတွေနဲ့ ပြည့်စုံခဲ့ရတဲ့ နှစ်တနှစ်ပါပဲ။ ၂၀၀၈ နှစ်ကူးအကြိုတုန်းကဆိုရင် ကျနော်တို့ ဒီဆင့်ကာပူကိုတောင် မကပ်နိုင်ပါဘူး။ မလေးရှားလိုနေရာမှာ သူငယ်ချင်းအပေါင်းအသင်းတွေ တိတ်ဆိတ်စွာပဲ နှစ်ကူးခဲ့ရပါတယ်။ ဒီစင်ကာပူကိုရောက်ပြီး ၂၀၀၈ နှစ်ဆန်းပိုင်းမှာ ကျနော် အလုပ်ရခဲ့ပါတယ်။ ဒါဟာ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားခဲ့ရတဲ့ ဘ၀ရဲ့ အစိတ်တပိုင်းပါ။

ဒီနှစ်အတွင်းမှာ လူရယ်လိုဖြစ်လာရင် လူတယောက်လို နေတတ်ဖို့၊ လူတယောက်ကို လူတယောက်လိုနားလည်တတ်အောင် ကြည့်တတ်ဖို့ စာနာသနားတတ်ဖို့ အလေ့အကျင့်တွေရခဲ့ပါတယ်။ မိသားစုနဲ့ ခွဲနေရတဲ့ ဘ၀မှာ ကိုယ်ခြေထောက်ပေါ်မှာ ကိုယ်မြဲမြံအောင် ရပ်တည်နိုင်ဖို့၊ ပျက်စီးချင်ရင် လွယ်လွယ်ပျက်စီးတတ်တဲ့ သူတပါးတိုင်းပြည်မှာ ကိုယ်စိတ်ကို ထိန်းနိုင်အောင်နေတတ်တဲ့ အကျင့်ကောင်းလေးတွေ ရလာခဲ့ပါတယ်။ ဒါပေမဲ့ လူဆိုတာကတော့ တခုခုကိုလိုချင်ရင် တခုခုကိုပေးဆပ်ရစမြဲပါပဲ။ လူသားတွေထဲက လူသားတယောက်ဖြစ်တဲ့ ကျနော်ဟာ အမှားများစွာကိုလဲ ကျူးလွန်တတ်ခဲ့မိပါတယ်။ ကျနော်ကြောင့် ဘယ်လိုအကြောင်းကြောင်းကြောင့်ပဲ ဖြစ်ဖြစ် စိတ်ပျက်ခဲ့ရတဲ့၊ ၀မ်းနည်းခဲ့ရတဲ့သူ အပေါင်းကို ကျနော် ဒီပိုစ့်လေးကနေ ရင်ထဲကနေ တောင်းပန်ပါတယ်။

စင်ကာပူကို ရောက်လာပြီး အလုပ်လာရှာကြတဲ့ ကျနော်ရဲ့ ညီနောင်တွေအတွက် ကျနော်ဘာမှ မယ်မယ်ရရမကူညီနိုင်ခဲ့ပါဘူး။ အဲဒီအတွက် ကျနော် စိတ်မကောင်းခြင်းများစွာ ဖြစ်ရပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် တနေ့တော့ သူတို့တွေအားလုံး အဆင်ပြေချောမွေ့စွာ အလုပ်အကိုင်တွေ အဆင်ပြေပါစေလို့ ကျနော်အမြဲဆုတောင်းပေးလျက်ပါ။

ကျနော်ရဲ့ ဘလော့လေးကို ၀၄/၁၅/၂၀၀၈မှာ စတင်ခဲ့ပါတယ်။ ဒီဘလော့လေးကို စတင်လုပ်ဖြစ်တာကတော့ အကို ကိုဈာန်ကျေးဇူးကြောင့်ပါ။ ဒီလိုနဲ့ ဒီဘလော့လေး ရပ်တည်ခွင့်ရလာတာ ၈ လကျော်လာပါပြီ။ ဒီဘလော့လေးပေါ်မှာ ကျနော်ခံစားရတဲ့ အချက်လေးတွေ၊ မြင်တွေ့နေရတဲ့ အမြင်တွေ၊ သူငယ်ချင်းတွေဆီက ပေးလာတဲ့ စာလေးတွေ စသည်ဖြင့် ကျနော် စုစုပေါင်း ပိုစ့်လေး ၉၆ ပိုစ့် တင်နိုင်ခဲ့ပါတယ်။ ဒီအတွက် ဘလော့ချစ်ညီအကိုမောင်နှမတွေ၊ ကျနော်ဘလော့စာဖတ်ပရိသတ်တွေ ပေးတဲ့ စာမူခပေါင်း ၃၇၀ လောက် ရရှိခဲ့ပါတယ်။ ဘယ်လိုမှ မမျှော်လင့်ခဲ့ပါဘူး ဒီလိုမျိုး ကော်မန့် (စာမူခ)လေးတွေ ပေးသွားတဲ့ ဘလော့ညီအကိုမောင်နှမများ၊ စာဖတ်ပရိသတ်များအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ နောက်ပြီး ဒီဘလော့လေးကို အစဉ်လာလည်ပြီး ကော်မန့်မပေးသွားတဲ့ ဘလော့ညီအကိုမောင်နှမများ၊ စာဖတ်ပရိသတ်များအားလုံးကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ ဘာလိုလိုနဲ့ ကျနော်ဘလော့ကို လာလည်တဲ့သူတွေတောင် များလာပါပြီ။

ကျနော်ကို ဘလော့အသက်သွင်းပေးခဲ့တဲ့ အကိုကြီးကိုဈာန်၊ ကျနော်လေးစားအားကျမိတဲ့ ကမောင်ရင် အကိုစေးထူး တို့ရဲ့ ကော်မန့်လေးများရရင် ကျနော်အဲဒီတနေ့လုံး ၀မ်းသာပီတီဖြစ်လို့မဆုံးပါဘူး။ ပြီးတော့ ကျနော်ကို မသိပေမဲ့ ကျနော်အမြဲသွားလည်ဖြစ်တဲ့ ကျနော်ရဲ့ ချစ်ညီအကိုများဖြစ်တဲ့ ကိုဝင်းဇော် ကိုပုလုကွေးကိုရဲနိုင်စိုး ကိုရုပ်ဆိုးကိုနေးတစ် ဦးနော်Happy Cloudကိုမိုးသောက်ဦးရှင်ကြီးညီငယ်စနေသား ကိုဆိုးသွမ်း မောင်သံလွင် Heroမောင်ဂျယ်ဂျဲ ဆရာဥာဏ် ကိုဗီလိန် ကိုBeeကိုအလှတရား ကိုဆန်းဝင်း ကိုဖားကြီး ယိမ်းနွဲ့ပါးညီအကိုများအကိုအောင် အကိုအိမ် အကိုတော်မောင်မျိုး၊ ဘ၀ရဲ့စာပေများကို ၀တ္တုတပုဒ်လို ရေးတတ်တဲ့ ကိုနဗနကိုဝဏ္ဏ ကိုရဲ ကိုJuly Dream၊ နည်းပညာတွေ ဝေမျှပေးတဲ့ ကိုကြယ်စင်မင်းကိုသံလုံငယ်

ဘလော့ဂါ ညီအမတွေဖြစ်တဲ့ ဆရာမ မေငြိမ်း အမ မသက်ဇင်မခင်မင်းဇော် မမယ်လိုဒီမောင် တီဝါ တီငယ်နဲ့ ကလေးလေး မခေါင်ခေါင် မသက်တန့် မမီး မနိုင်းနိုင်းစနေ မဗေဒါ Dreamမလင်းလက် မဂျစ်တူး ကောင်မလေး ချင်းမလေး မမယ်ဂုမိ မပုလဲစသည့်ဘလော့ဂါ မောင်နှမများ ကျနော်မေ့လျော့ပြီး ထည့်ဖို့ကျန်နေသေးသော ဘလော့ဂါ ညီအကိုမောင်နှမများ၊ စာဖတ်ပရိသတ်များ၊ ကျနော်ဘလော့လေးကို အကြံဥာဏ်ပေးတတ်တဲ့ ကျနော်အကို ကိုကြယ်စင်သွေး၊ အမ မခိုင်၊ ညီမလေး ချစ်စုတို့ကိုလဲ အရမ်းကျေးဇူးတင်ပါတယ်။

နောက်တခုကတော့ ၂၀၀၈ တန်ဆောင်တိုင်ကို Online ပေါ်ကနေ Live ကြည့်လို့ ရအောင်လုပ်ပေးတဲ့ တောင်ကြီးချယ်ရီမြေ မှ အဖွဲ့သားများ၊ ၂၀၀၈ အတွင်း စင်ကာပူရောက် တောင်ကြီးသူ/သားတွေ တွေ့ဖြစ်အောင်၊ တောင်ကြီးမြို့ ဖြစ်တည်မူ နှစ် ၁၁၄ နှစ်မြောက် အထိမ်းအမှတ် စတိတ်ရှိုးပွဲလေးကျင်းပဖြစ်အောင် လုပ်ပေးတဲ့ စင်ကာပူရောက် တောင်ကြီး Family အားလုံးကိုကျေးဇူးအထူးတင်ပါတယ်။

ကျနော်တို့အားလုံး လာမဲ့ ၂၀၀၉ မှာအားလုံး စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများစွာနဲ့ ချစ်သော မိသားစု၊ သူငယ်ချင်းများစွာနဲ့ ပျော်ရွှင်စွာနေနိုင်ကြောင်း ဆုတောင်းပေးပါတယ်။ ကျနော်တို့တတ်နိုင်တဲ့ တထောင့်တနေရာကနေ ချစ်သောအမိမြန်မာပြည်ကြီး အတွက် အလုပ်တွေ လုပ်နိုင်ပါစေလို့ ဆုတောင်းလျက်

လေးစားလျက် တောင်ပေါ်သား

စိတ်ကူးယဉ်ကြည့်ခြင်း

တီတီတီ……တီတီတီ…….တီတီ….!!!!!!

အိပ်ချင်မူးတူးနှင့် လက်ကနိုးစက်နာရီကို ပိတ်ပြီးအိပ်ရာက ထလိုက်သည်။ အော် မနက် ၅း၀၀ တောင်ရောက်လာပြန်ပေါ့.. တောင်ပေါ်မြေရဲ့ ချမ်းအေးတဲ့ မနက်ခင်းအထိအတွေ့ကို နှစ်ခြိုက်စွာထိတွေ့ရန် အိပ်ရာကတော့ ထလိုက်မိသည်။ မျက်နှာသစ် သွားတိုက်ရန် အိမ်ပြင်ကို ထွက်လိုက်တာနဲ့ အလင်းမပေါက်သေးတဲ့ အမှောင်ဖျော့ဖျော့ကြားမှာ ရေခဲတမျှအေးမြတဲ့ ရေတွေကို ကိုင်တွယ်ကြည့်လိုက်မိတယ်။ သြော် လက်ကလေးတွေတောင် အေးလွန်းလို့ နာကျင်မူပျောက်ပြီး ထုံနေပါကော... ချစ်လှစွာသော အမေကတော့သူ့မြေးတွေနဲ့ (အမရဲ့ သားသမီးတွေ) နှစ်ခြိုက်စွာ အိပ်မောကျလျက်ပေါ့….

အ၀တ်အစားလဲပြီး တောင်ပေါ်မြေရဲ့ လတ်ဆတ်တဲ့ လေကောင်းလေသန့်တွေကို ရူရှိုက်ဖို့အိမ်ပြင်ထွက်လာခဲ့တယ်။ သြော်ကြည့် ဘ၀မှာ အဆင်မပြေတဲ့ လူတွေ များလာလိုက်တာ လူများတကာတွေ နှစ်ခြိုက်စွာအိပ်မောကျနေချိန်မှာ ဒီအအေးဒဏ်တွေကို အံ့တုလို့ မိသားစုဝမ်းရေးအတွက် ဈေးထွက်ရောင်းနေကြတာ….. ကိုယ်ပိုင်လယ်ယာထဲက ထွက်တဲ့ သီးနှံအချို့ကို ပလိုင်းတောင်းလေးထဲထည့်ပြီး ခေါင်းမှာ လွယ်လာတဲ့လူနဲ့ တချို့တွေကြတော့ ဈေးရောင်းမဲ့လူတွေကို ထော်လာဂျီကားကြီးပေါ်တင်ပြီ လာတဲ့လူတွေနဲ့… ဒီအချိန်ဆို ကျနော်တို့မြို့ရဲ့ဈေးလေးလဲ အရောင်မျိုးစုံနဲ့ တော်တော်ကိုစည်နေတော့မယ်လေ… သူတို့မျက်နှာတွေကို အမှတ်မထင် တချက်ကြည့်လိုက်မိတယ် အားလုံးကိုယ်စီကတော့ အပြုံးလေးတွေနဲ့ သြော် တကယ်ကို ရိုးသားတဲ့ တောင်ပေါ်သူ/သားတွေပါ့လား။ ဒီလောက်ထိ ပင်ပန်းဆင်းရဲနေတာတောင် အပြုံးတွေကို ထိန်းထားနိုင်သေးပါ့လားလို့ စဉ်းစားမိပါတယ်။ ဒါမှမဟုတ်များ ဘယ်လိုမှ မတတ်နိုင်ကြလို့ ဟန်ဆောင်များ ပြုံးနေရတာလား ဒီနေ့ကော သူတို့တွေ ဈေးရောင်းကောင်းပါ့မလား….သြော် ရှိတဲ့သူများကြတော့ ဒီအချိန်ထိ ဇရက်မင်း စည်းစိမ်ခံယူနေတုန်းနဲ့တူပါရဲ့။ တန်ဖိုးကြီးတဲ့ မွေ့ယာတွေပေါ်မှာ အိပ်မက်ကောင်းလေးတွေ မက်ပြီး သာယာနေမဲ့ဖြစ်ခြင်း………………… :(

တချို့တွေကတော့ ကျန်းမာရေးအတွက် စောစောထပြီးပြေးနေလိုက်တာ.. အသက်တွေကြီးလာတော့ ကျန်းမာရေးကို ဦးစားပေးရမယ်သိလာပြီထင်တယ်။ မြို့စည်ပင်ရဲ့ “စောစောအိပ်လို့ စောစောထလို့ လမ်းလျှောက်ကြပါစို့“ ဆိုတဲ့ သီချင်းလေးနဲ့အတူ လမ်းလျှောက်ကျန်းမာရေးတွေ လုပ်နေကြတယ်… အားလုံးဟာကိုယ်ရဲ့ ကိုယ်ပိုင်စိတ်နဲ့ကျန်းမာရေးလိုက်စားတယ်ဆိုရင်တော့ အတိုင်းထက်အလွန် ၀မ်းသာစရာပေါ့။ ဒါမှမဟုတ် တအိမ်တယောက်မလိုက်မနေရလို့ ခေါ်လို့ အိပ်ချင်မူးတူးနဲ့ လမ်းလျှောက်နေရင်တော့.......... :)

မြို့လယ်လမ်းအတိုင်း ဖြေးဖြေးလေးပြေးလိုက် လမ်းလေးလျှောက်လိုက်နဲ့ ဒီအေးမြတဲ့ အထိအတွေ့တွေကို တ၀ကြီး ခံစားရတာ ဘာအရာနဲ့မှ မတူပါဘူးဗျာ.. ဒီလို မခံစားရတာတွေတောင် နှစ်အတော်ကြာနေပြီလေ.. ခပ်ဝေးဝေးကနေ အရာတခုကို လှမ်းမြင်လိုက်ရတယ်။ မြို့လယ်ဓမ္မာရုံအောက်မှာ မူးပြီး အိပ်နေတာလား ဒါမှမဟုတ် မူးပြီးများမေ့နေ သေနေတာလားပေါ့။ အပြေးလေး သွားကြည့်မိပါရဲ့ အံ့အားသင့်ခြင်းများစွာနဲ့… အရွယ်မရောက်သေးတဲ့ ချစ်စဖွယ် နို့စို့အရွယ်ကလေးလေးနဲ့သူရဲ့ အမေတို့ အိပ်နေကြတာပါ့လား။ အော် ငါတို့ရဲ့ ဘ၀တွေ တဖြေးဖြေးနဲ့ ဆိုးလာနေပါ့လားလို့ စိတ်ကတွေးမိပြန်တယ်။ ဒီလိုတောင်ပေါ်မနက်ခင်းစောပိုင်းမှာ ဒီကလေးငယ်လေးဟာ မွေ့ရာထူထူနဲ့ ချစ်သောမိခင်ရဲ့မေတ္တာနို့ရည်ကို နှစ်ခြိုက်စွာ သောက်သုံးရင် အိပ်မောကျသင့်တဲ့ အရွယ်လေ……………. :(

ဒီလိုနဲ့ ပြေးလာလိုက်တာ မြို့ရဲ့အထင်ကရ ပန်းခြံကြီးကိုရောက်လာပါတယ်။ အော် လောကရဲ့ အပြောင်းအလဲတွေကများလိုက်တာ ဒီပန်းခြံကြီးကို ကြည့်ပြီး စဉ်းစားမိပြန်ပါတယ်။ အရင်ကတော့ ဒီပန်းခြံကြီးက မြ

ဒီလိုနဲ့ ပြေးလာလိုက်တာ မြို့ရဲ့အထင်ကရ ပန်းခြံကြီးကိုရောက်လာပါတယ်။ အော် လောကရဲ့ အပြောင်းအလဲတွေကများလိုက်တာ ဒီပန်းခြံကြီးကို ကြည့်ပြီး စဉ်းစားမိပြန်ပါတယ်။ အရင်ကတော့ ဒီပန်းခြံကြီးက မြို့ရဲ့ ကျက်သရေဆောင် ပန်းခြံပေါ့။ အလွန်တရာကို ပနံသင့်လှတဲ့ တောတောင်တွေနဲ့ ကြိုးတံတားလေးဟာ အခုတော့ လူသူမရှိ ခြောက်သွေ့နေပြန်ပြီ။ ကြိုးတံတားလေးကတော့ သူပေါ်ကို နင်းလျှောက်မဲ့သူတွေကို အရင်အတိုင်း ကြိုဆိုရင်စောင့်မျှော်ရင်းပေါ့။ အရင်က ပိတ်ရက်တွေမှာ မိသားစုတိုင်းပျော်မြူးခဲ့တဲ့ ဒီပန်းခြံလေးဟာ အခုတော့ ရယ်သံတွေပျောက်ဆုံးနေလေရဲ့။ အချိန်မှန်တဲ့ ပန်းခြံထဲက နာရီစဉ်ကြီးလဲ အခုတော့ ပြုပြင်မဲ့သူမရှိ အရောင်တွေ မွဲခြောက်လို့ နေ့လယ် ၁၁း၁၅ မိနစ်မှာ ရပ်တန့်နေတာ နှစ်တွေလဲ အတော်ကြာပေါ့။ ဒါများတောင် တို့မြို့လေးကလေးက အာစီယံအဖွဲ့ဝင် နိုင်ငံထဲမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမူ အကောင်းဆုံး ၁၀ နိုင်ငံထဲပါနေသေးရဲ့။ :)

အင်း အိမ်ကထွက်လာပြီး လမ်းလျှောက်လာတာ ဗိုက်တောင် အတော်ဆာသလိုရှိနေပြီ… သြော်ရှေ့မှာ လမ်းဘေးက လမ်းဘေးလက်ဖက်ရည်ဆိုင်လေးတွေ့လို ၀င်လိုက်တယ်ဆိုရင်ပဲ ဆိုင်ရှင်ရဲ့ အဆူအဟောက်ကို ခံနေရတဲ့ စားပွဲထိုးလေးတွေကို စိတ်မချမ်းသာစွာ မြင်လိုက်ရပြန်တယ်။ စားပွဲထိုးလေးနှစ်ယောက်က ကိုယ့်နားပြေးလာပြီ အကိုဘာစားမလဲ ဘာသောက်မလဲနဲ့ သူတို့ဆိုင်ကရသမျှကို ကြက်တူရွေးကျနေတာ ပြောနေလိုက်တာ… ကျနော်အကြိုက် မုန့်ဟင်းခါးတပွဲမှာလိုက်ပြီး ဘာလို့အဆူခံရတာလဲလို့ မေးလိုက်မိတော့ မနက်စောစော အိပ်ငိုက်မိလို့ပါတဲ့။ ဒီပါးစပ်က အငြိမ်မနေ ညီက ဘယ်န နာရီထတာလဲ ထပ်မေးမိလိုက်ပါတယ်။ မနက် ၄နာရီလောက် ထရတယ်တဲ့။ ညီအသက်ဘယ်လောက်လဲလို့ စားပွဲထိုးကောင်လေးကို အမှတ်မထင်မေးကြည့်လိုက်တယ်..

အမ် မင်းအသက်က ၁၃ နှစ်ဟုတ်လား…. သြော် သနားစရာကလေးငယ်တွေဘ၀ အများတကာလို ကျောင်းတက်ပြီး ပညာရှာနေရတဲ့ အရွယ်မှာ သူတို့ဘ၀တွေကတော့ အဆူအဆဲခံပြီး ဆိုင်ရှင်ကျွေးတာ စားနေရတဲ့ ဘ၀… ဆက်ပြီး စပ်စုမိပါသေးတယ် ရတဲ့ လခကတော့ တလလုံး မနက် ၄နာရီထ ည ၉ နာရီလောက်မှ ဆိုင်သိမ်း။ ဆိုင်သိမ်းပြီးလို့ အနားရမဲ့ မကြံသေးဘူး ပန်းကန်တွေဆေး နောက်နေ့ လုပ်ရမဲ့ အလုပ်တွေကို ကြိုလုပ် ဒီလိုနဲ့ ည၁၂ ထိုးခါနီးလောက်မှ အိပ်ရတဲ့ ဘ၀။အဲလိုလုပ်နေတာတောင် ၅၀၀၀/၇၀၀၀ ကျပ် တဲ့…. ကျနော် ဘာမှ ဆက်ပြီး မမေးဝံ့တော့ပါဘူး ကိုယ့်ဟာကို ရှက်မိပါတယ်။ ဒီကလေးငယ်လေးတောင် တတ်နိုင်သမျှ မိသားစုအတွက် ကျောင်းပညာကို မသင်ယူနိုင်ပဲ ဘ၀ကပေးတဲ့ ဘ၀သင်ခန်းစာတွေကိုကြိုးစားသင်ယူရင်း မိသားစုကို ထောက်ပံ့နေကြချိန်မှာ လူကြီးတွေကတော့ ကိုယ့်ရဲ့ သားသမီးတွေကို နားမလည် ဂရုမစိုက်နဲ့ ရက်စက်နေလိုက်ကြတာ…. ဒါ လူကြီးဖြစ်ရတာ တန်ဖိုးမရှိတာပါပဲ တနေ့ ဒီသားသမီးတွေရဲ့ တုံပြန်တဲ့ဒါဏ်ကို ဒီလူကြီးတွေ ပြန်ခံရမှာပါ့လားဆိုတဲ့ အတွေးတွေဝင်ရင်……. :)

ဒီလိုနဲ့ လက်ဘက်ရည်ဆိုင်ရဲ့ ထောင့်တနေရာမှာ မုန့်ဟင်းခါးလေးစားပြီး အတွေးတွေများစွာနဲ့ တယောက်ထဲ စဉ်းစားနေမိပါတယ်။ အမှတ်မထင် လက်ကနာရီကို ငုံ့ကြည့်လိုက်မိတော့ မနက် ၇နာရီတောင် ထိုးနေပြီပေါ့။ သြော် ဒီအချိန်ဆို အမေနဲ့ ချစ်စရာတူလေးတွေလဲ အိပ်ရာက နိုးနေလောက်ရောပေါ့ အမေ့အတွက် မုန့်ဟင်းခါးနဲ့ လက်ဖက်ရည်လေး ၀ယ်ပြီ အိမ်ပြန်လာခဲ့ရပြန်ပြီပေါ့ဗျာ.. :(

မှတ်ချက်။ ။ ဒါကတော့ ကျနော်ကို တက်ခ်ထားတဲ့ ကိုဂျယ်ဂျဲ ရဲ့ စိတ်ကူးယဉ်ခြင်း တက်ခ်ပို့စ်လေးပါ။ ကျနော်လဲ စိတ်ကူးယဉ်ပြီး ကိုယ့်မွေးရပ်လေးကို သွားကြည့်လိုက်တာပါ………….. ဘယ်သူကိုမှ မတက်ခ်တော့ဘူးနော့် အားလုံးလဲ တက်ခ်ထားပြီးကြပြီလေ…..

တောင်ပေါ်သား

စိတ္တဇ

ေ၀၀ါးနေတဲ့ ဒီအတွေးတွေ
ဘ၀မှာ အခက်ခဲဆုံး အချိန်တွေ
ဒါတွေကို ကျော်ဖြတ်နိုင်ဖို့
အင်အားတခုငါလိုနေတယ်
ဒီအင်အားတွေကို ငါဘယ်က ရနိုင်မလဲ

ရောင်စဉ်တွေ ပြေးလွားနေတယ်
အဖြူ အမဲ အပြာ ကာလာကိုစုံလို့
ဒါ လူဘ၀လေ ဖြစ်ချင်တာတိုင်း မဖြစ်နိုင်ဘူး
တောင်ကျရေသံတွေ ကြားနေရပြီ
အော် မိုးတွေရွာနေတာကိုးးးးးးးးးး

မီးပလပ်တခုလို အဖွင့်အပိတ်လုပ်ပြီး
ထိန်းချုပ်လို့များရရင် ဘယ်လောက်ကောင်းလိုက်မလဲ
ဝက်ဝံရုပ်လေးတောင် ငိုနေပေါ့
သူလဲ အမေ့ကို လွမ်းလို့နဲ့တူတယ်….
ဒါမှမဟုတ်ရင်တော့………

ကြည့်မှန်တချက်လို
ကိုယ့်ရုပ်ကို ကိုယ်ပြန်မြင်ရတဲ့ လောကမှာ
အတ္တတွေ ဖုံးလွှမ်းနေတဲ့ ငါ့ရုပ်ကို ငါ ပြန်မမြင်ချင်ပါဘူး
သြော် မီးတွေတောင် ပိတ်သွားပြန်ပြီ
အားလုံးဟာ မှောင်လို့မဲလို့ …………

ဌက်တကောင်လို ပျံသန်းချင်ရာ ပျံသန်းနေတာ
အတောင်ညောင်းရင်တော့ ခဏရပ်နားရမှာပါပဲ
ဒါပေမဲ့ ဆက်ပြီး ပျံသန်းဖို့တော့ လိုနေမှာပေါ့
ခုံတန်းလေးရေ အခုတော့
ထိုင်သူမဲ့ အထီးကျန်ဆန်နေပေါ့

အပန်းပြေသော ဟာသလေးများ (၄)

၁) ကိုယ်ကျိုးနည်းပါပြီ

ယင်ကောင်မသည် ဆင်တကောင်နှင့် လက်ထပ်လိုက်သည်။ လက်ထပ်ပြီး နောက်တနေ့တွင် ဆင်သေသွားသည်။ ယင်ကောင်မ ငိုယိုနေသည်ကို မြင်သဖြင့် အိမ်နီးချင်းများက ဖျောင်းဖျကြသည်။

ဒီလောက်ထိ ကိုယ့်ကိုယ်ကို မညှင်းဆဲပါနဲ့ကွယ်၊ မင်းတို့ နှစ်ယောက် အတူနေခဲ့ကြရတာလဲ ကြာမှ မကြာဘဲနဲ့

မကြာတာတော့ ဟုတ်ပါရဲ့၊ ဒါပေမယ့် သူ့ကို မြေမြုပ်ဖို့အတွက် ကျမ တသက်လုံး တွင်းတူးရမှာရှင့် ၊ အောက်မလေး ကိုကိုဆင်ရယ် ၊ ဘယ်သူ့အားကိုးနဲ့ ကျွန်မကို တယောက်တည်း ထားခဲ့ရက်တာတုန်း၊ ဟီးးးးးးး ဟီးးးးးးးး

၂) သနားကြပါ။

တိရစ္ဆာန်ရုံမှ ကုလားအုပ် တကောင်ပျောက်သွားသည်။ ၃-ရက်အတွင်း ဌင်းကို ရအောင် ရှာရမည်ဟု မြို့နယ်ရဲမှုးကို အထက်အာဏာပိုင်များက အမိန့်ပေးလေသည်။ ၃-ရက်ကြာသောအခါ ကုလားအုပ် တွေ့ပြီဖြစ်ကြောင်း မိမိ၏ ရုံးခန်းအတွင်း လာယူနိုင်ပါကြောင်း ရဲမှုးက အစီရင်ခံသည်။ မကြာမီ ရုံးခန်းသို့ သတင်းထောက်များ ရောက်လာကြသည်။

ကုလားအုပ်ကို ယူလာရန် မိမိ၏လက်ထောက်ကို ရဲမှုးက ပြောလိုက်သည်။ ရဲကြပ်ကြီးသည် စက္ကူပုံးလေးတခုကို အခန်းထဲသို့ ယူလာသည်။ ပုံးကို ဖွင့်လိုက်လေသည်။ ပုံးထဲတွင် ယုန်တကောင် ထိုင်နေသည်ကို တွေ့လိုက်ကြရသည်။ အံ့အားသင့်နေသော သတင်းထောက်များက မေးကြသည်။

ဘယ်မှာလဲ ကုလားအုပ်

က်ျတွင် ယုန်က ရှိုက်ကြီးတငင် ငိုယိုပြီး ပြောသည်

ကျနော် ကုလားအုပ်ဖြစ်တယ်ဆိုတာ ထပ်ပြီး ၀န်ခံပါတယ် ၊ ဒါပေမဲ့ ခြေထောက်ကြီးတွေနဲ့ ကျနော့်ကို ထပ်မကန်ပါနဲ့ ခင်ဗျာ

၃) ၀တ္တုတိုင်း ကောင်းတာမဟုတ်ဘူး

ရထားပေါ်မှ စကားဝိုင်း …….. လူတယောက်က ပြောသည်။

ကျတော့ မိန်းမ ကိုယ်ဝန်ရှိတော့ ‘ကပတိန် နှစ်ယောက် စာအုပ်ဖတ်မိတယ်။ မကြာပါဘူး အမွှာပူး မွေးတာပဲ’

ဒုတိယလူက ထောက်ခံပြောသည်။

“ဟုတ်တယ် ၊ ကျုပ်မိန်းမလဲ မမွေးခင်မှာ ပျင်းလို့ဆိုပြီး ‘လူစွမ်းကောင်း သုံးယောက်’ စာအုပ်ဖတ်တယ်၊ မွေးတော့ သုံးမွှာပူးဗျ”

တတိယလူ၏ မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်ပြီး ရေတောင်းသောက်သည်။

“ဟေ့လူ… ဘာဖြစ်တာလဲ ၊ နေမကောင်းဘူးလား”

“ကျနော့် မိန်းမ ရက်စေ့လစေ့ ဖြစ်နေပြီ၊ တလောကပဲ သူ “အလီဘာဘာနဲ့ ခိုးသားလေးဆယ်”ကို ဖတ်ထားတယ်ဗျာ”

၎) မထူးပါဘူး

ငရဲ နှင့် နတ်ပြည်သွားမည့် တံခါးပေါက်ရှေ့တွင် မိန်းမအားလုံးကို သိကြားမင်းက စုစည်းစေသည်။

“အားလုံးတန်းစီလိုက်ကြစမ်း၊ ကိုင်း… ဟုတ်ပြီ၊ ကိုယ်ယောက်ျားကို တကြိမ်တခါလောက်မှ သစ္စာမဖောက်ခဲ့တဲ့သူ ရှေ့တလှမ်းတိုးစမ်း”

မိန်းမအားလုံးလိုလို ရှေ့တိုးလိုက်ကြသည်။ သစ္စာရှိသော မိန်းမတစ်ဦးသာ နေရာမှ မရွှေ့ဘဲ ရပ်နေသည်။ သိကြားမင်းက အမိန့်ပေးလိုက်သည်။

“အားလုံးကို ငရဲပြည်ပို့လိုက်၊ ဟိုဆွံ့အ နားမကြားတယောက်ကိုပါ ပို့လိုက်”

၅) ငါမရူးဘူး

စိတ်ရောဂါ အထူးကု ဆေးရုံကြီတွင် ဖြစ်သည်။ ဆေးကော်မတီရှင်က လူနာတို့၏ အခြေအနေကို အောက်ပါအတိုင်း စစ်ဆေးသည်။ လူနာများကို ငါးမျှားတံ တစ်ချောင်းစီ ပေးကာ ရေဆွဲအိမ်သာတစ်ခုစီ၏ ရှေ့တွင်ထိုင်ခိုင်းသည်။ ထိုနောက် တယောက်ချင်းစီထံ သွားကာ ငါးတွတ်လားဟု မေးလေသည်။ လူနာအားလုံးလိုလိုက ငါးတွတ်ကြောင်းပြန်ပြောလေသည်။ တစ်ဦးကသာ ငါးမတွတ်ကြောင်း ပြန်ပြောလေသည်။ ဆေးကော်မတီအဖွဲ့ဝင်များ အစည်းအဝေးလုပ်ကာ ငါးမတွတ်ဟု ဖြေသော လူနာကိုသာ လူကောင်းအဖြစ် သတ်မှတ်ပြီး ဆေးရုံမှ ဆင်းခွင့်ပြုရန် ဆုံးဖြတ်လိုက်ကြသည်။

ထိုလူနာဆေးရုံမှ မဆင်းမီ အခန်းဖော်များက ဌင်းအားမေးလေသည်။

“ခင်ဗျားက ဘာလို့ ငါးမတွတ်ဘူးလို့ ဖြေရတာတုန်း”

လူနာက ပြန်ပြောလေသည်…

“ငါး

!!!!!!!!!MERRY CHRISTMAS!!!!!!

ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်တဲ့ အတွက် သူတို့နဲ့ တူတူကဲမိတာပါ။ အခု MERRY CHRISTMAS!!! ညလေးနဲ့ အတူတူ ကျနော်တို့ဘလော့ဂါမောင်နှမတွေ ချစ်သော မိသားစု၊ ချစ်သူတွေနဲ့ ပျော်ရွှင်စွာ နေရပါစေ၊ စိတ်ပျော်ရွှင်ခြင်းများစွာနဲ့ ဘလော့နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

အားလုံး ပျော်ရွှင်နိုင်ပါစေ !!!!!!!!!!!!!!!!!!!!!!!!!!! တဆက်ထဲ ကျနော်ရဲ့ အိမ်သစ်တက်ပွဲလေးပါ အားပေးသွားပါဦးဗျ

ကျနော်ရဲ့ အိမ်သစ်တက်ပွဲလေးကို လာရောက်တဲ့ ဘလော့ချစ်အကို၊ညီအမများ အားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်ဗျာ….
ကျနော်ဘလော့လေးကို ပြင်ရတဲ့ ဒုက္ခတွေကို ကိုယ်တိုင် ကြုံတွေ့ရပါပြီ။ ပထမဆုံး ဒီဘလော့လေးကို လုပ်ဖြစ်တာကတော့
အကို ကိုဈာန်ကြောင့်ပါ။ အကို ကိုဈာန်နဲ့ အင်တာနက်ပေါ်မှာ စတွေ့ပြီး ဘလော့ကို စပြီး စိတ်ဝင်စားရာကနေ အကိုက ကျနော်အတွက် အရင် တန်းပလိတ်လေးနဲ့ ဘလော့လေးကို လုပ်ပေးခဲ့ပါတယ်။

အခုတော့ ကျနော်ဘလော့လေးကို တန်းပလိတ်လေး ချိန်းလိုက်ရပါတယ်။ တကယ်တော့ ကျနော်ဘာမှ မလုပ်တတ်လို့ ဘလော့လေးကို သေချာဂရုစိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ကျနော် ဒိုမိန်းလေး ချိန်းလိုက်တာနဲ့ ကျနော် ဘလော့ရဲ့ နောက်ခံတွေက မတက်လာတော့ပါဘူး ဒါကြောင့် ကျနော် ဟိုလုပ် ဒီလုပ်နဲ့ ဒီဘလော့လေး ပြန်အသက်ရှင်နေပါပြီ။ ကူညီအားပေးတဲ့ ဘလော့ ညီအကိုမောင်နှမတွေကိုကော အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ။

ကဲ ကျနော် ဘလော့ကိုလာတဲ့ သူတွေ ကိတ်မုန့်လေးစားသွားဦး။ သောက်ချင်တာယူသောက်တော့ဗျာနော့် အားလုံး အားမနာနဲ့နော့် ဟဲဟဲ

ကဲ ၀ိုင်လေး သောက်ဦး

အပြင်းသောက်ချင်တဲ့သူတွေ အတွက်

“ငါးတွတ်တဲ့နေရာကို သူတို့ကိုပြောရအောင် ကျနော် အရူးမှ မဟုတ်တာဘဲ”

ဝေးးးးး သတိ။ ။ ဟာသများကို မောင်ကောင်းထိုက် ဟာသများမှ ကူးယူဖော်ပြပါတယ်။

Blogger Template by Clairvo